ဖိတ်ကြားချက်!
Vol. 22 Ch. 320
ချီမင်က ခေါင်းအနည်းငယ်မော့ကာ မြင့်မြတ်ကောင်းကင်အဆင့်ငါးဦးကို ကြည့်လိုက်သည်။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တွေပေါ်လာတိုင်းကောင်းကင်နှင့်မြေကြီး၏ထူးခြားဖြစ်စဉ်များပါ ဝန်းရံလာတတ်သည်။ အင်မတန်ကို ဆန်းကြယ်တာပဲဟု ပြောနိုင်သည်။
ယင်းအစား ကမ္ဘာဦးနတ်ဆိုးဂိုဏ်း၏အမွေခံအကြီးအကဲ သုံးဦးပေါ်လာရင်တော့ သူတို့က နှိမ့်ချပြီး ထိန်းထိန်းသိမ်းသိမ်းနေကြ၏။ သူတို့က အရှိန်အဝါများကို ဖုံးကွယ်ထားသောကြောင့် လှုပ်လှုပ်ရှားရှားဆူဆူညံညံများ ဖြစ်မလာပေ။
ထို့ပြင် ချီမင်က ဂရုတစိုက် အာရုံခံမိခဲ့သည်။
တကယ်တော့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးဦးရောက်နေတာဖြစ်သည်။
ချီမင်အာရုံခံမိတာတော့ နောက်ဆုံးပေါ်လာသည့် ရှေးဟောင်းအင်မော်တယ်မြို့အရှင်က အသန်မာဆုံးဖြစ်သည်။
တခြား မြင့်မြတ်ကောင်းကင်လေးယောက်ကတော့ အရမ်းကို သာမန်ဆန်လေသည်။
"တာအိုမိတ်ဆွေတို့"
မြူခိုးဝါတို့မှာ ရှေးဟောင်းအင်မော်တယ်မြို့အရှင်နားတွင်ပျောက်ကွယ်သွားသောကြောင့် ပုံစံအမှန်ပေါ်လာတော့၏။ သူက သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်ကာ ခမ်းနားသည့်ဝတ်စုံကိုဝတ်ဆင်ထားပြီး အတော်လေးချမ်းသာဟန်ရသည်။ အနည်းငယ်ဝပြီး ပဲစေ့အရွယ်အစိမ်းရောင်မျက်လုံးများ ရှိသည်။ သူ့ရဲ့မျက်နှာသွင်ပြင်ကြောင့် အတော်လေး ရင်းနှီးဖော်ရွေဖွယ်ဟန်ရသည်။
"မြို့အရှင် ဝူချန်"
ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်များသည် ငွေတောင်ပံမြင့်မြတ်ကောင်းကင်အနားတွင် စုစည်းသွားသည်။ သူ့တွင်ငွေရောင်ဆံပင်များပိုင်ဆိုင်ထားပြီး ချောမောသည့်မျက်နှာသွင်ပြင်ရှိသည်။သို့ပေမဲ့ သူနောက်တွင်တော့ ငွေတောင်ပံဘီလူးမျိုးနွယ်၏ထင်ရှားသည့် ငွေတောင်ပံတစ်စုံတော့ရှိမနေခဲ့ပေ။"မတွေ့ရတာကြာပြီ။ ကြည့်ရတာ ခင်ဗျားရဲ့ကျင့်ကြံခြင်းက တိုးတက်လာတယ်ထင်တယ်။"
“ဟားဟား..."
မြို့အရှင်ဝူချန်က အကြိမ်အနည်းငယ်လောက်ရယ်မောလိုက်၏။"မဟုတ်ရပါဘူး။ကျွန်တော်က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကလွှတ်လိုက်တဲ့ မြို့အရှင်သေးသေးလေးရယ်ပါ။ ကျွန်တော်က ဘယ်လိုများ တာအိုအရှင်တို့နဲ့ ယှဉ်ရဲမှာလဲ။"
"ခင်ဗျားတို့လေးယောက်ဘာလို့များ ဒီနေရာမှာ တစ်ချိန်တည်းပေါ်လာကြတာလဲဆို သိခွင့်ရှိမလား။" မြို့အရှင်ဝူချန်က ပွင့်လင်းစွာမေးလိုက်သည်။
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်လေးယောက်က ချီမင်ကို ကြည့်နေတော့ မြို့အရှင်ဝူချန်ကပါ လိုက်ကြည့်လိုက်ရ၏။ လူတိုင်းက လှမ်းကြည့်နေကြ၏။
ချီမင်က သဘာဝအတိုင်း အားလုံး၏အာရုံစိုက်ရာဖြစ်လာသည်။
"နှုတ်ခွန်းဆက်ပါတယ်။ တာအိုရောင်းရင်းတို့။"
ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးနှင့် ရင်ဆိုင်လိုက်ရတော့ ဖိအားကို အမှန်တကယ်ခံစားလိုက်ရ၏။ ကိစ္စသေးသေးလေးတော့ မဟုတ်ပေ။ သာမန်ရွှေအင်မော်တယ်တစ်ယောက်သာဆိုရင် သေချာပေါက် ချွေးပြန်နေလောက်ပြီ။
သို့ပေမဲ့ သူကတော့ အင်မတန်တည်ငြိမ်ပေသည်။
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ငါးပါးဖိအားက ပြိုင်ဘက်ကင်းဖြစ်နေတာကြာပြီဖြစ်တဲ့ ချီမင်ကို မသက်ရောင်နိုင်ချေ။
"တာအိုမိတ်ဆွေတို့"
"နှုတ်ခွန်းဆက်ပါတယ်။ တာအိုရောင်းရင်းတို့။"
“…”
ချက်ချင်းပဲ ချီမင်ကို အဖြေပြန်မပေးခင် ငွေတောင်ပံမြင့်မြတ်ကောင်းကင်၊သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်၊ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်နှင့် မြို့အရှင်ဝူချန်တို့က ခဏမျှစဉ်းစားလိုက်ရ၏။
ငွေတောင်ပံမြင့်မြတ်ကောင်းကင်နှင့်ကျန်သောသူများ၏အမြင်ထဲတွင် ချီမင်က အပေါ်ယံတွင် ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ဆိုပေမဲ့ သူက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို ခုနလေးတင်သတ်ဖြတ်ထားတာဖြစ်၏။ထိုအရာက ငွေတောင်ပံမြင့်မြတ်ကောင်းကင်နှင့်ကျန်သူများကို အာရုံစိုက်မိလာစေပြီး သူ့ကိုတာအိုမျိုးဆက်တူခြင်းအဖြစ်သတ်မှတ်သွားစေ၏။
လူတိုင်း၏မျက်လုံးထဲတွင်တော့ ချီမင်ထိုသို့ပြောလိုက်ခြင်းက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဖြစ်တိုက်ရိုက်ဝန်ခံလိုက်ခြင်းဖြစ်သည်။သူတို့အားလုံး ထိတ်လန့်သွားကြရ၏။
"ထင်ထားတဲ့အတိုင်းပဲ။"
"သူက တကယ်ကြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ပဲ။"
"ဟုတ်တယ်။"
“…”
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံတို့က တွေးနေခဲ့ကြသည်။
"တာအိုမိတ်ဆွေတို့" ချီမင်က ပွင့်ပွင့်လင်းလင်းမေးလိုက်၏။"ခင်ဗျားတို့ ကျွန်တော့်ကို ဘာလို့လာရှာကြတာလဲ။"
"အဟွတ်...ဟွတ်.."ငွေတောင်ပံမြင့်မြတ်ကောင်းကင်က ငြင်သာစွာချောင်းဟန့်လိုက်ကြသည်။"ခင်ဗျားရဲ့ နာမည်က ဘာများပါတုန်း။တာအို ရောင်းရင်း။"
"ကောင်းကင်ဉာဏ်အလင်း"
ချီမင်က ခဏလောက်တွေးမိကာ နာမည်အရင်းကို မပြောလိုက်ပေ။ ထို့ပြင် သူတို့ကို အမှန်တိုင်းပြောဖို့လည်း မလိုပေ။ သူ့နာမည်ရင်းကို ပြောလိုက်ရင် အန္တရာယ်ကိုတောင် ဆွဲဆောင်မိနိုင်သည်။
ဥပမာအနေဖြင့်။
ချီမင်နားလည်ဆုပ်ကိုင်ထားသည့် လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်က ရန်သူ၏နာမည်အစစ်ကို သိသွားလျှင် တိုက်ရိုက်သတ်ပစ်လို့ရပေ၏။
အထက်ကမ္ဘာတွင် လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်ကဲ့သို့ နည်းစနစ်မျိုးရှိပေလိမ့်မည်။ သူက မတော်တဆလှည့်စားပြီးကျိန်စာတိုက်ခံရလျှင် သေလုနီးပါးဖြစ်သွားပေလိမ့်မည်။
ချီမင်က အဆင့်နိမ့်ကမ္ဘာ၏ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းနာမည်ကို သုံးလိုက်သည်။
"ဒါဆို တာအိုရောင်းရင်း ကောင်းကင်ဉာဏ်အလင်းပေါ့။" ငွေတောင်ပံမြင့်မြတ်ကောင်းကင်က ပြောလိုက်သည်။
ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်က မျက်နှာလေးထောင့်ဖြင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်သည်။ သူက လက်ပိုက်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့်ပြောသည်။"တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်း အထက်ကမ္ဘာမှာ ကျွန်တော်တို့က နှစ်(၁၂၉၆၀၀)တိုင်း ကမ္မကပ်ဘေးဒုက္ခကို ကြုံတွေ့ ရတယ်။"
"ကမ္မကပ်ဘေးဒုက္ခတွေမှာ အင်မော်တယ်တွေက ကုသိုလ်ကောင်းချီးမလုံလောက်ရင် ကပ်ဘေးဒုက္ခထဲမှာပဲ အကုသိုလ်တွေကြောင့် သေဆုံးသွားလိမ့်မယ်။"
"ဒီတစ်ကြိမ်တော့ ကမ္မကပ်ဘေးဒုက္ခက အခုထိကြာနေတယ်။ ခင်ဗျားပေါ်လာတာက ကပ်ဘေးဒုက္ခအတွင်းမှာ ကြီးကြီးမားမားပြောင်းလဲသွားတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ခင်ဗျားဒီအခြေအနေကို ဝင်မနှောက်ယှက်ဖို့ မျှော်လင့်ပါတယ်။"
"ဟုတ်တယ်။" သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ဒီကိုလာတာက တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းကို ကျွန်တော့်နေရာကို ဧည့်သည်အဖြစ်လာဖို့ ဖိတ်ခေါ်ဖို့ပါ။ ပြီးတော့ ကျွန်တော်ကြားတာ တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းက ကျင့်ကြံခြင်းနည်းစနစ်တွေအများကြီးကို စုနေတာဆို။"
ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်က ပြောလိုက်သည်။"ကောင်းတယ်။ ကျွန်တော်လည်း ခရမ်းအိမ်တော်ဂိုဏ်းမှာ ကျင့်ကြံခြင်းနည်းစနစ်တွေကို စုဆောင်းထားတယ်။" တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းသာစိတ်ဝင်စားရင် ခင်ဗျားစိတ်ကြိုက်ဖတ်လိုရပါတယ်။'
ချီမင်က မျက်ခုံးပင့်သွား၏။ သူက မမျှော်လင့်ထားချေ။
မြို့အရှင်ဝူချန်က သက်ပြင်းခပ်ပြတ်ခပ်ပြတ်ချလိုက်သည်။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များရုတ်တရက်ပေါ်လာသည်။ ချီမင်က ဂိုဏ်းကြီးလေးခုရဲ့အင်မော်တယ်များစွာ သတ်ခဲ့တော့ သူက တိုက်ပွဲကြီးတစ်ခုကို အစပျိုးလိုက်မိပြီထင်တာဖြစ်သည်။ အမြို့အရှင်ဝူချန်က အလျင်အမြန်ပေါ်လာပြီး တိုက်ပွဲဖြစ်နိုင်ချေကို လာတားရခြင်းပေ။
ဒီနေရာတွင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များတိုက်ခိုက်လာပါက ရှေးဟောင်းအင်မော်တယ်မြို့တော်၏တစ်ဝက်ကျော်လောက်က ဖျက်ဆီးခံရလိမ့်ပေမည်။ပိုပြီးကြီးမားသည့် ကပ်ဘေးဒုက္ခဖြစ်လာပေမည်။
မြို့အရှင်ဝူချန်က တုန့်ပြန်လိုက်သည်။ သူ့ရှေ့က တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းက ကိစ္စသေးသေးလေးမဟုတ်တာကို သတိရသွား၏။ အပေါ်ယံမှာတော့ သူကပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ဆိုပေမဲ့ သူကအတော်လေးစွမ်းအားကြီးပြီး စွမ်းအားကြီးဗုဒ္ဓအံ့ဖွယ်စွမ်းအားကိုတောင် ဖမ်းဆုပ်နားလည်ထားသည်။ သူ့နောက်ခံက အတော်လေးထူးခြားပြီး ဒုတိယအထက်ကမ္ဘာ၏ရွှေရောင်ဗုဒ္ဓတစ်ပါးတောင်ဖြစ်နေနိုင်သည်။
ဒီလိုသာဆိုရင် သူက တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းနှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်နိုင်ပြီး ဒုတိယအထက်ကမ္ဘာဖြင့် ဆက်သွယ်နိုင်လောက်သည်။သူက အကျိုးအမြတ်များစွာ ရရှိနိုင်ပါ၏။
ကံမကောင်းတာက လူတိုင်းအထင်က မှားယွင်းသွား၏။
ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ဦးမဟုတ်ပေ။ သူ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်မှာဖြစ်သည်။ ချီမင်က ရွှေရောင်ဗုဒ္ဓတစ်ပါးမဟုတ်သလို ဒုတိယအထက်ကမ္ဘာနှင့်မဆက်စပ်ပေ။
သူက ရှင်းပြဖို့လည်းရည်ရွယ်ချက်မရှိပေ။ သူတို့ဘာသာတွေးကြပါစေ။ ဂိုဏ်းပေါင်းများစွာသည် ချီမင်၏အထောက်အထားကို ရှုပ်ထွေးစွာတွေးလေ သူ့အတွက်ပိုအကျိုးလေဖြစ်သည်။
"တကယ်တော့ ရှေးဟောင်းအင်မော်တယ်မြို့တော်မှာလည်း ကျမ်းစာတိုက်တစ်ခုရှိတယ်။" မြို့အရှင်ကဆက်ပြောသည်။"တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းစိတ်ဝင်စားရင် ကျွန်တော်ကျမ်းစာတိုက်ကို လိုက်ပို့ပေးမယ်။"
"ကျမ်းစာတိုက်" ချီမင်က မျက်ခုံးပင့်လိုက်ရပြန်၏။
"အဟွတ်..ဟွတ်"ငွေတောင်ပံမြင့်မြတ်ကောင်းကင်က ချောင်းဟန့်ကာပြောလိုက်သည်။"တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်း တကယ်တော့ ကျွန်တော်တို့ ငွေတောင်ပံဘီလူးမျိုးနွယ်ကလည်း ကျင့်ကြံခြင်းနည်းစနစ်တွေအမျာကြီး စုဆောင်းထားပါတယ်။မျိုးနွယ်အသီးသီးရဲ ကျင့်ကြံခြင်းနည်းလမ်းတွေလည်းရှိပါတယ်။"
"ဘာလို့ ကျွန်တော်တို့ ငွေတောင်ပံဘီလူးမျိုးနွယ်ကို မလာတာလဲ။"
"ဟီးဟီး"
ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်က အေးစက်စွာနှာခေါင်းရှုပ်လိုက်သည်။"ငွေတောင်ပံဘီလူးမျိုးနွယ်မှာ ကျင့်ကြံခြင်းနည်းစနစ်ကောင်းတွေရှိသွားတယ်ပေါ့။ တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်း ခင်ဗျား ကျွန်တော်တည်ထောင်ထားတဲ့ ဖုန်းမျိုးနွယ်ကို လာသင့်တယ်။ ဒါဆို ကျွန်တော်တို့ ကျင့်ကြံခြင်းကျမ်းစာတွေကို ဖတ်ပြီးတာအိုကိုဆွေးနွေးလို့ရပြီ။ မကောင်းဘူးလား။"
"အရမ်းကောင်းတယ်။" ချီမင်၏မျက်နှာပေါ်တွင်အပြုံးတစ်ခုပေါ်လာသည်။
ချီမင်က မူလက တံခါးပိတ်ကျင့်ကြံခြင်းကနေထွက်ဖို့ စီစဉ်ထားတာဖြစ်၏။ သူက ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်ဖို့ ကျင့်ကြံခြင်းနည်းစနစ်များကိုစုဆောင်းဖို့ ပြင်ဆင်ထားတာဖြစ်သည်။ ယခု ဖုန်းမျိုးနွယ်၊ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်းနှင့် ရှေးဟောင်းအင်မော်တယ်မြို့တော်တို့က သူတို့တံခါးကိုဖွင့်ပြီး ချီမင်ကို ဧည့်သည်အဖြစ်ဖိတ်ကြားလာကြသည်။ သူတို့စုစည်းထားသည့် ကျင့်ကြံခြင်းနည်းစနစ်ကို ဖတ်ရှုဖို့ ဆန္ဒရှိနေကြသည်။
ထိုသို့ဖြင့် ချီမင်က နေရာတိုင်းကနေ ကျင့်ကြံခြင်းနည်းစနစ်တွေကို ပင်ပင်ပန်းပန်းရှာစရာမလိုတော့ပေ။ သူက အင်မော်တယ်သလင်းကျောက်တော်တော်များကို ချွေတာနိုင်ပေလိမ့်မည်။သူအင်မော်တယ်သလင်းကျောက်များကို ဂရုမစိုက်ပေမဲ့ပေါ့။
သူအတွက်အချိန်သက်သာပေမည်။
တူညီစွာဖြင့်ပဲ ချီမင်က ရှေးဟောင်းအင်မော်တယ်မြို့တော်၊ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်းနှင့်ဖုန်းမျိုးနွယ်တို့ထံတွင် ကံကြွေးတင်သွားပေလိမ့်သည်။ ဒါက ရှောင်လွှဲလို့မရပေ။ အသင်္ချေကမ္ဘာပေါင်းများ၏သက်ရှိဖြစ်နေသရွေ့ သူတို့က ကျိန်းသေပေါက် ကမ္မကြောင့်ချည်နှောင်ခံရပေမည်။ ရှောင်လွှဲလို့မရနိုင်ပေ။
ဂိုဏ်းလေးခုက ချီမင်ကို ရှေးဟောင်းအင်မော်တယ်မြို့တော်၏ကမ္မကပ်ဘေးဒုက္ခကို ဆက်လက်မနှောင့်ယှက်စေချင်တာပေ။ သူကလည်း သဘာဝအတိုင်းသဘောတူပေ၏။ သူက ကပ်ဘေးဒုက္ခကို ဝင်စွက်ဖက်ဖို့ အစီအစဉ်မရှိချေ။
သို့ပေသော်လည်း ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်တို့က ကိုယ့်ဟာကိုယ်လာအသေခံကြတာဖြစ်၏။ ချီမင်က ရွေးချယ်စရာ မရှိပေ။
"တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်း"
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က လှပချောမောပေသည်။ သူမက ခမ်းနားသည့်အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကျော့ရှင်းသည့်အရှိန်အဝါမျိုးရှိသည်။ သူမကိုယ်ဟန်က မြင့်မြတ်ခမ်းနားသည်။ သူမမျက်နှာက ပိုပြီးတောင်ထူးခြားလှပကာ ချို့ယွင်းချက်မရှိပေ။ သူမပြုံးလိုက်ရင် ပန်းပေါင်းတစ်ရာပွင့်လန်းလာသည့်အလားပင်။
"ရှေးဟောင်းအင်မော်တယ်မြို့တော်မှာ အသန်မာဆုံးပထမတန်းစားဂိုဏ်းအနေနဲ့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက သမိုင်းကြောင်းရော ရင်းမြစ်ရော အင်အားရော ကျန်တဲ့ပထမတန်းစားဂိုဏ်းသုံးခုထက် ကျော်တယ်။"
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ငွေတောင်ပံမြင့်မြတ်ကောင်းကင်နှင့်ကျန်သောသူများကို မျက်နှာသာမပေးချေ။ ထိုစကားကိုကြားတာနဲ့ သူတို့အမူအရာများက မည်းမှောင်သွားကြ၏။
သူတို့က တကယ်မပျော်ပေ။
သို့ပေမဲ့ သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်ပြောတာကမှန်ပေသည်။ သူတို့ငြင်းလို့မရတာက ပိုပြီးတောင် သက်တောင့်သက်သာမဖြစ်စေသည်။
"တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းသာ ကျင့်ကြံခြင်းနည်းစနစ်အမျိုးမျိုးကို တကယ်စုဆောင်းဖို့ စိတ်ဝင်စားရင် ရှင်ကျွန်မတို့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းကို လုံးဝလာသင့်တယ်။ ကျွန်မတို့ ရှင့်ကို နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။"
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ဆက်ပြောသည်။"ကျွန်မတို့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းမှာ ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်နဲ့ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်ဆိုတဲ့ နောက်ထပ်မြင့်မြတ်ကောင်းကင်နှစ်ယောက်ရှိသေးတယ်။ကျွန်မတိုက မြင့်မြတ်တောင်ကနေ တာအိုရောင်းရင်းကို စောင့်နေပါ့မယ်။"
"ကျွန်မတို့ တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းကို ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့ဧည့်သည့်အဖြစ် ဖိတ်ကြားပါတယ်။"
ချီမင်က ပြုံးကာ တိုက်ရိုက်သဘောတူလိုက်သည်။ သူက လျှို့ဝှက်စွာဖြင့် အံ့ဖွယ်စွမ်းအားကိုတွက်ချက်ပြီး ကောင်းကင်လျှို့ဝှက်ချက်ကို ပြောင်းလဲလိုက်သည်။ သူက ရှေးဟောင်းအင်မော်တယ်မြို့တော်ကို သွားဖို့ အန္တရာယ်ရှိတယ်လို့ မခံစားရပေ။
ကောင်းတာတစ်ခုခုတောင်ဖြစ်လာလိမ့်ပေမည်။
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်မှန်ကန်ပေသည်။ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အခြေခံက သေချာပေါက် တခြားသော ဂိုဏ်းအဖွဲ့အစည်းများထက်သာ၍ ကျင့်ကြံခြင်းနည်းစနစ်များကလည်း များစွာပိုရှိပေသည်။
" ကျွန်တော် ဖိတ်ကြားချက်ကို လက်ခံပါတယ်။"
ချီမင်က ပြောလိုက်သည်။"ကျွန်တော်သာငြင်းလိုက်ရင် ခင်ဗျားတို့ရဲ့မျက်နှာသာပေးမှုကို နားမလည်သလိုဖြစ်သွားလိမ့်မယ်။"
"သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင် ကျေးဇူးပြုပြီး လမ်းပြပေးပါ။"
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူမအပြုံးက လှပပေသည်။
"တာအိုရောင်းရင်းကျွန်တော်နောက်တစ်ခေါက်မှပဲ လာလည်ပါတော့မယ်။" ချီမင်က ငွေတောင်ပံမြင့်မြတ်ကောင်းကင်နှင့်ကျန်သောသူများကို ပြောပြလိုက်သည်။
ငွေတောင်ပံမြင့်မြတ်ကောင်းကင်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်တို့ တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းကို သေချာပေါက်ကြိုဆိုပါ့မယ်။" ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်ကို ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊” ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်က ပြန်ဖြေလိုက်သည်။
“ကောင်းပြီ၊ကောင်းပြီ၊” မြို့အရှင်ဝူချန်ကလည်း ခေါင်းညိတ်လိုက်သည်။
"ပြန်လာခဲ့" ချီမင်က ညာဘက်လက်ကို ဝေ့ယမ်းကာ ဓမ္မစွမ်းအားများကို လှည့်ပတ်လိုက်၏။ သူက အသေးစားကောင်းကင်ကြယ်တာရာအစီအရင်နှင့် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကို ဖယ်ရှားလိုက်တော့ အလင်းတန်းများအသွင်ပြောင်းသွားကာ ချီမင်၏လက်ဝါးထဲသို့ ဝင်ကာ ပျောက်ကွယ်သွားတော့၏။
ခြံဝင်းထဲက အစေခံများကိုလည်း အစေခံစနစ်ထဲသို့ ပြန်ထည့်လိုက်သည်။
အင်မော်တယ်သားရဲခြောက်ကောင်ကလည်း ဝိညာဉ်သားရဲနေရာထဲသို့ ပြန်ဝင်သွားကြ၏။
“ကျေးဇူးပြုပြီး။” သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က သူမလက်ကိုမြှောက်ကာ ဖိတ်ခေါ်လိုက်သည်။
ချီမင်ကခေါင်းညိတ်ပြီး လျင်မြန်စွာဖြင့်လိုက်သွားသည်။ သူတို့က အလင်းတန်းများအဖြစ်ပြောင်းလဲပြီး နေရာကနေပျောက်ကွယ်သွားကာ ငွေတောင်ပံမြင့်မြတ်ကောင်းကင်နှင့်ကျန်သောသူများကို ချန်ထားခဲ့သည်။