← Chapters

တာအိုဆွေးနွေးခြင်း

Vol. 22 Ch. 321

တာအိုဆွေးနွေးခြင်း

Vol. 22 Ch. 321

ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက တကယ်တော့ ရှေးဟောင်းအင်မော်တယ်မြို့တော်နှင့် အရမ်းမဝေးချေ။ ချီမင်နှင့်သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က အလင်းတန်းများပမာ ကောင်းကင်ကိုအမြန်နှုန်းအပြည့်ဖြင့် ဖြတ်သန်သွားသည်။

အချိန်တိုအတွင်းမှာ ချီမင်က သန့်စင်ကြာပန်းနောက်လိုက်မှီသွားကာ သူတို့က ရှေးဟောင်းအင်မော်တယ်ဂိုဏ်းသို့ ဦးတည်လိုက်ကြ၏။

" တာအိုရောင်းရင်း ကောင်းကင်ဉာဏ်အလင်း။"

သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ရပ်တန့်သွား၏။ သူမက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏တောင်တံခါးရှေ့မှာ ရပ်ကာ ပြုံးလိုက်သည်။ သူမက အတော်လေးကိုလှပပြီး ညှို့ယူစွဲမက်ဖွယ်ကောင်းပါ၏။"ဒါက ရှေးဟောင်းအင်မော်တယ်ဂိုဏ်းပါ။ ကျွန်မတို့ ရောက်ပြီ။"

ချီမင်က ခေါင်းအသာညိတ်ကာ လှမ်းကြည့်လိုက်၏။

သူမျက်လုံးထဲတွင် လွင့်မြောနေသည့် တောင်များဖြင့်ဖွဲ့စည်းထားသည့် ဂိုဏ်းကြီးကို တွေ့လိုက်ရ၏။ တောင်ထွတ်ပေါင်း(၁၈၀၀)ရှိသည်။ တောင်ထွတ်တိုင်းက နေရာလွတ်တစ်ခုကို ဖွဲ့စည်းထားပြီး နတ်ဘုံနတ်နန်းအလားပင်။

ဂိုဏ်းကာကွယ်ရေးအစီအရင်ဖြင့်လည်း ကာကွယ်ထားသည်။

သိပ်သည်းသည့်အင်မော်တယ်ချီများ ဝန်းရံနေသည်။

ခမ်းနားကြီးကျယ်လွန်းလှပေသည်။ တကယ့်ကို အင်မော်တယ်ဂိုဏ်းတစ်ခုဖြစ်သည်။ အင်မော်တယ်များက ဂိုဏ်းထဲတွင် ဝေ့ဝဲပျံသန်းနေကြပြီး ကြည့်ရတာ အသက်ဝင်နေသည့်အလားပင်။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက ပထမတန်းစားဂိုဏ်းများအကြားတွင် အားမနည်းပေ။ ချီမင်ယခင်မြင်ဖူးသည့် လေတိမ်တိုက်ဂိုဏ်းထက်အနည်းငယ်သန်မာသည်။

ပုံရိပ်နှစ်ခုက လေထုထဲတွင်ပေါ်ပေါက်လာပြီး ချီမင်ရှေ့ကို ရပ်လာကြသည်။ သူတို့က အရှိန်အဝါကို ကန့်သတ်ထားကြတော့ သူတို့ရောက်လာတာနဲ့ ထူးခြားဖြစ်စဉ်တော့ ပေါ်မလာပေ။

သူတို့ကတခြားသော မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှစ်ဦးဖြစ်သည့် ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်နှင့် ကောင်းကင်ခိုးယူခြင်း ဆန်းကြယ်ကောင်းကင်တို့ဖြစ်ကြ၏။

ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်တွင် မြင့်မြတ်သည့်အရှိန်အဝါရှိသည်။ သူက တကယ့်ကိုအမတတစ်ပါးအလားပင်။"တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်း ခင်ဗျားရှေးဟောင်းအင်မော်တယ်ဂိုဏ်းကိုလာရောက်လည်ပတ်တာက တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ။"

"သန့်စင်ကြာပန်းက ကျွန်တော်တို့ကို အသံလွှင့်ပြီးအကြောင်းကြားပြီးသားပါ။"

ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ချီမင်ကို ရင်းနှီးဖော်ရွေဟန်ဖြင့် ပြုံးပြလိုက်သည်။"ကြိုဆိုပါတယ်။တာအိုရောင်းရင်း"

"နှုတ်ဆက်ပါတယ် တာအိုရောင်းရင်းရှေးဟောင်းအင်မော်တယ်၊ တာအိုရောင်းရင်း ကောင်းကင်ခိုးယူခြင်း"

ချီမင်က အသက်ပြင်းပြင်းရှုကာ ခေါင်းအနည်းငယ်ငုံ့ကာ တုန့်ပြန်လိုက်သည်။"လာနှောင့်ယှက်ရတာတဲ့အတွက်စိတ်မကောင်းပါဘူး။"

"တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်း ခင်ဗျား နောက်နေတာပဲဖြစ်ရမယ်။" ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ပြုံးကာဆိုသည်။"ကျွန်တော်တို့သုံးယောက်က တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းရဲ့အကြောင်းကို သိလိုက်ရတည်းက ခင်ဗျားရောက်လာမှာကို အရမ်းကြိုဆိုချင်နေတာပါ။ အဲ့ဒါကြောင့် နှောင့်ယှက်သလို မခံစားရပါဘူး။"

နောက်တော့ ချီမင်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်သုံးပါးဖြင့် စကားလက်ဆုံကျနေခဲ့သည်။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များ၏စိတ်အားထက်သန်စွာ ဖိတ်ကြားပေးမှုအောက်မှာ ချီမင်က ရှေးဟောင်းမြင့်မြတ်တောင်ကို ရောက်လာခဲ့သည်။

ရှေးဟောင်းမြင့်မြတ်တောင်ပေါ်တွင် ရှေးဟောင်းအင်မော်တယ်တာအိုခန်းမရှိသည်။

သူက ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်၊ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင် နှင့် သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်တို့ဖြင့် ရှေးဟောင်းအင်မော်တယ်တာအိုခန်းမတွင် ကောင်းကင်နှင့်မြေကြီးဥပဒေသအမှန်တရားများကို ဆွေးနွေးနေခဲ့သည်။

ပိုပြီးအရေးကြီးသည်က။

ချီမင်နှင့်မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များက တာအိုကိုဆွေးနွေးနေစဉ်မှာပဲ သူတို့က ကမ္ဘာကြီး၏အမှန်တရားကို ပြောဆိုနေကြခြင်းကြောင့် အနှစ်သာရများကို ထိတွေ့မိခဲ့ကြသည်။

သူတို့ဆွေးနွေးနေတုန်း ကောင်းကင်နှင့်မြေကြီး၏ထူးခြားဖြစ်စဉ်များစွာ ဖြစ်ပေါ်လာသည်။

သိပ်မကြာလိုက်ခင်မှာပဲ ရှေးဟောင်းအင်မော်တယ်မြင့်မြတ်တောင်ကို ဗဟိုပြုကာ။

တာအိုစာလုံးများလည်ပတ်ပြီး ဥပဒေသများ အဖြစ်ပြောင်းလဲသွားသည်။ ထင်ရှားသည့် ထူးခြားဖြစ်စဉ်များပေါ်ပေါက်လာပြီး ကောင်းကင်မှပန်းများကျဆင်းလာကာ ရွှေကြာပန်းများမြေပြင်ပေါ်မှတိုးထွက်လာပြီး ရေမီးမြေဓာတ်သဘာဝတို့ တဟုန်ထိုးထွက်ပေါ်လာ၏။

ချက်ချင်းဆိုသလိုပဲ ထူးခြားဖြစ်စဉ်က နိယာမဆိုင်ရာအမှန်တရားအဖြစ်ပြောင်းလဲသွားတော့သည်။

ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်၏ထူးခြားဖြစ်စဉ်သည် ကောင်းကင်ပေါ်တွင် ကောင်းကင်ပန်း၊ရွှေကြာပန်းများဖြင့် ပြည့်နှက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ မှုန်ဝါးဝါးအင်မော်တယ်အရှင်တစ်ပါး၏ပုံရိပ်က အင်မော်တယ်ချီများဝန်းရံလျက် ဖြစ်ပေါ်လာသည်။ ရှေးဟောင်းမြင့်မြတ်မှုနှင့် တာအိုဥပဒေသစွမ်းအားများပါဝင်နေသည့် ချိန်းကြိုးများအဖြစ်ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်၏ထူးခြားဖြစ်စဉ်လည်း ပေါ်ပေါက်လာသည်။ ဥပဒေသစွမ်းအားများက မွေးရာပါပါ့ကွားအဖြစ်ပြောင်းလဲသွားသောကြောင့် အဆုံးမဲ့နက်နဲသည့်နိယာမဖြစ်စဉ်များဖြစ်သွားတော့၏။

သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်တွင်လည်း နက်နဲသည့်ကောင်းကင်နှင့်မြေကြီး ထူးခြားဖြစ်စဉ်များ ဖြစ်လာတော့သည်။ အစိမ်းရောင်ကြာပန်းများသည် တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာသည်။ ကြာပန်းစိမ်းများမှာ ဆယ့်နှစ်လွှာရှိကာ များစွာသော နက်နဲသည့်ဥပဒေသများသည် စီးဆင်းပျော်ဝင်နေသည်။

ဤသည်ကနေကြည့်လျှင် သိသာပါ၏။

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်သည် ဥပဒေသများကို ဖမ်းဆုပ်နားလည်ထားသည်။ တကယ်တော့ အထက်ကမ္ဘာအင်မော်တယ်များက ဥပဒေသတစ်ခုတည်းကိုသာ လေ့လာကြသည်။ ထိုအစား သူတို့ကတော့ ဥပဒေသများကို လေ့လာဆင်ခြင်ကာ မတူညီသည့် ဥပဒေသများကိုပေါင်းစပ်ပြီး စွမ်းအားကြီးအံ့ဖွယ်စွမ်းအားများကို ဖန်တီးကြသည်။

အဆင့်တူရင်တောင် ဥပဒေသတစ်ခုပြီးနားလည်ထားသူက ပိုပြီးသန်မာသည်။ သန်မာသည့်အံ့ဖွယ်စွမ်းအားကို နားလည်ထားလေ ပိုပြီးသန်မာလေဖြစ်သည်။ အင်မော်တယ်ရတနာက ပိုပြီးအားကောင်းလေ တိုက်ပွဲဝင်ခွန်အားက ပိုပြီးသန်မာလေဖြစ်သည်။

အထက်ကမ္ဘာတွင် ဂိုဏ်းများ၏အင်အားကိုဆုံးဖြတ်ရာတွင် ကျင့်ကြံခြင်းအဆင့်၊အံ့ဖွယ်စွမ်းအား၊နားလည်ထားသည့် ဥပဒေသနှင့်စည်းမျဉ်းအရေအတွက်၊ အံ့ဖွယ်စွမ်းအားသန်မာမှုနှင့် အင်မော်တယ်ရတနာတို့ပါဝင်သည်။

ယင်းအကြောင်းအရာများသည် လူတစ်ဦး၏အင်အားကို အကျိုးသက်ရောက်စေသည်။

တခြားသော အချက်များဖြစ်သည့် တိုက်ပွဲအတွေ့အကြုံ၊ကံကောင်းမှုနှင့် တခြားသော အရာများလည်းရှိသေးသည်။ ထိုအရာများက တိုက်ပွဲရလဒ်ကို အနည်းငယ်သက်ရောက်ပေသည်။

ဥပမာအနေဖြင့် ယင်းအခြေအနေအောက်တွင် ဥပဒေသကျင့်ကြံသူနှစ်ဦးထွက်ပေါ်လာပြီး ကျင့်ကြံခြင်းအဆင့်ကလည်း တူညီနေသည်ဆိုပါက နှစ်ဖက်က သူတို့ ၏ကိုယ်ပိုင် အင်မော်တယ်ရတနာ၊အံ့ဖွယ်စွမ်းအား၊နားလည်ထားသည့်ဥပဒေသအရေအတွက်ဖြင့်သာ ယှဉ်ပြိုင်တိုက်ခိုက်ရ၏။ သူတို့တိုက်ပွဲအခြေအနေကလည်း ထိုအခြေအနေများထံမှ သက်ရောက်ခံရသည်။

ချီမင်က ကျင့်ကြံခြင်းအဆင့်အတန်း၏ထိပ်ဆုံးသို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူက မဟာတာအိုကိုကျင့်ကြံပြီး ကျင့်ကြံခြင်းအဆင့်အတန်း၌ အသန်မာဆုံးဖြစ်သည်။ သူက သက်ရှိအားလုံးနီးပါး၏အထက်တွင်ရှိကာ သူတို့ကို ငုံ့ကြည့်နိုင်သည်။

ထိုအခိုက်တွင် ချီမင်က တာအိုကို ဖြေးဖြေးချင်းဆွေးနွေးလျက်ဖြင့် အမှန်တရားများ၊နက်နဲမှုများကို ရှင်းပြနေခဲ့သည်။ထူးခြားဖြစ်စဉ်များစွာသည် ပိုပြီးကြီးမားကျယ်ပြန့်လာသည်။

ချီမင်သည် မဟာတာအိုကိုကျင့်ကြံသည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏အမှန်တရားနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်ဆင်ခြင်နေခဲ့သည်။ ချီမင်၏အမြင်တွင် ဥပဒေသများ၏လျှို့ဝှက်ဆန်းကြယ်မှုများဆိုသည်က လွယ်ကူမြင်သာသည့်အရာများဖြစ်၏။

သူက ကမ္ဘာကြီးထဲမှ ဥပဒေသစွမ်းအားများကို အလွယ်တကူ ဖော်ပြစုစည်းနိုင်သည်။ အသင်္ချေကမ္ဘာများတွင် မရေမတွက်နိုင်သောသက်ရှိများရှိပေမဲ့ ဥပဒေသကတော့ အကန့်အသတ်ရှိသည်။

ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ဆင်ခြင်နားလည်ခဲ့၍ ဥပဒေသများကို နားလည်နိုင်သည်။

ဥပဒေသအရေအတွက်က.....

ဥပဒေသ(၁၂၉၆၀၀)ရှိသည်။

ဘာတွေပဲပြောင်းလဲသွားပါစေ ထိုအရာကတော့ ယခင်အတိုင်းသာ ကျန်သည်။ စုစုပေါင်း (၁၂၉၆၀၀)မျိုးရှိသည်။

ဥပဒေသ၏အထက် စည်းမျဉ်းများကိုတော့ ချီမင်က အပြည့်အဝနားမလည်နိုင်သေးချေ။သူက ကောင်းကင်နှင့်မြေကြီးမဟာတာအို ကိုနက်ရှိုင်းစွာ နားမလည်သေး၍ သူက စည်းမျဉ်းများ၏လျှို့ဝှက်ဆန်းကြယ်မှုများကို အပြည့်အဝနားမလည်ပေ။

ချီမင်က ကမ္ဘာကြီးထဲမှ စည်းမျဉ်းစွမ်းအားများကိုတော့ အလွယ်တကူ ထုတ်သုံးနိုင်ပါသေး၏။

ကောင်းကင်တာအိုစည်းမျဉ်းကတော့ သူက အထက်ကမ္ဘာ၏အခြေခံကို ထိတွေ့မိနေပြီဖြစ်သည်။ ချီမင်က ကောင်းကင်တာအိုစွမ်းအားကိုသုံးဖို့ အတော်လေးခက်ခဲနေသေးပေမဲ့ သူကသုံးနိုင်သေးသည်။ သို့ပေမဲ့ အထက်ကမ္ဘာကောင်းကင်တာအိုက သတိပြုမိသွားနိုင်သည်။

သူ့အသန်မာဆုံးအင်အားက ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားဖြစ်သည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်ကို နားလည်ထားသည့်အတွက် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားကို စုစည်းအသုံးပြုနိုင်သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုက နေရာတိုင်းတွင်ရှိပြီး လေဟာနယ်စကြဝဠာတစ်ခုလုံးကို ကိုယ်စားပြုသည်။ အရာအားလုံး၏အရင်းအမြစ်ဖြစ်သည်။ ဖော်ပြဖို့နားလည်နိုင်ဖို့တော့ မလွယ်ပေ။

ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားကို သူ့လှုပ်ရှားမှု၊အံ့ဖွယ်စွမ်းအားများထဲသို့ ပေါင်းစပ်နိုင်သောကြောင့် ရန်သူကိုအဆင့်ကျော်တိုက်ခိုက်နိုင်သည်။

ထို့ပြင် ချီမင်က စွမ်းအားကြီးမဟာအံ့ဖွယ်စွမ်းအားကိုနားလည်ထားသည်။အထွတ်အထိပ်အံ့ဖွယ်စွမ်းအားနှင့် စွမ်းအားကြီးအင်မော်တယ်ရတနာများက သူ့ကိုအထောက်အပံ့ပေးသည်။

ရှေးဟောင်းအင်မော်တယ်မြင့်မြတ်တောင်နားတွင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်သုံးပါးဖြင့် တာအိုဆွေးနွေးရင်းဖြစ်ပေါ်လာသည့် ထူးခြားဖြစ်စဉ်က ပိုပြိးခမ်းနားကြီးကျယ်လာသည်။

ထိုကြီးမားသည့် လှုပ်ခါမှုက ရှေးဟောင်းအင်မော်တယ်ဂိုဏ်းကို သတိထားမိသွားစေသည်။ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏တောင်ထွတ်(၁၈၀၀)မှ ပုံရိပ်များ ပျံသန်းထွက်ပေါ်လာသည်။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ရွှေအင်မော်တယ်အားလုံးထွက်လာကြသည်။ သူတို့က ခေါင်းမော့ကာ ထူးခြားဖြစ်စဉ်များကို စူးစိုက်ကြည့်နေကြ၏။

"ပြောပြလို့ရတဲ့ တာအိုဟာထာဝရတာအိုမဟုတ်ဘူး..."

"အကြီးအကဲအရှင်က တံခါးပိတ်ကျင့်ကြံပြီး စကားခုနစ်လုံးကို ဖန်တီးခဲ့တယ်။ သူက ရုပ်ခန္ဓာပုံစံနဲ့ နတ်ဘုရားခန္ဓာအကြောင်းကို ချမှတ်ပေးတယ်။ ခန္ဓာတစ်ခုစီမှာ ဝိညာဉ်အမှတ်တွေအများကြီးရှိတယ်။"

"သက်ရှည်ခြင်းကလည်း တခဏပါပဲ။ ဓာတ်ငါးပါးက မူလရင်းမြစ်ခြင်းတူညီတယ်။ ဓာတ်ငါးပါးက အတူတကွအလုပ်လုပ်ရင် ဘယ်သူကများ မြင့်မြတ်မှုကို ဆန့်ကျင်နိုင်မလဲ။"

“…”

တစ်နည်းနည်းနဲ့ ချီမင်ပြောလိုက်သည့် ကောင်းကင်နှင့်မြေကြီးအမှန်တရားများက ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်၏လွှမ်းမိုးမှုအောက်တွင် တာအိုကျမ်းအင်မော်တယ်နည်းစနစ်အဖြစ်ပြောင်းလဲသွားသည်။ တာအိုသံစဉ်များမှာ လူတိုင်းကိုရှင်းပြနေသည့်အလား ပဲ့တင်ထပ်နေခဲ့သည်။

ထိုအခိုက်တွင်ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏သက်ရှိများ အင်မော်တယ်များအပါအဝင် လူသူပရိတ်သတ်အပေါင်းမှာ ချီမင်၏သဘောတရားနှင့်စစ်မှန်ရည်ရွယ်ချက်များကို ကြားပြီး ဉာဏ်အလင်းရသွားကြတော့သည်။

ရွှေအင်မော်တယ်အဆင့်များပဲမဟုတ်ပေ။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အကြီးအကဲနှင့်တပည့်များ၊မဟာဆန်းကြယ်အင်မော်တယ်၊ဆန်းကြယ်အင်မော်တယ်၊ပြီးပြည့်စုံခြင်းအင်မော်တယ်အပြင် သာမန်အင်မော်တယ်များက ဂရုတစိုက်နားထောင်နေကြသည်။

အချိန်ကုန်ဆုံးသွားသည်။

ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုအကြောင်းကို အနည်းငယ်သာရှင်းပြရသေး၏။သို့ပေမဲ့ ထိုအရာကပဲ ကောင်းကင်နှင့်မြေကြီးကို ကြီးမားစွာလှုပ်ခါသွားစေသည်။

သိပ်မကြာခင်မှာပဲ ချီမင်၏နောက်တွင် ပုံရိပ်သုံးခုပေါ်လာသည်။ ယင်းပုံရိပ်များက လျင်မြန်စွာကြီးမားလာပြီး ဓမ္မရုပ်တုသုံးခုပေါ်လာသည်။ ၎င်းတို့က ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ် အဖြစ်ပြောင်းလဲသွားပြီး သန့်စင်ခြင်းသုံးပါးတာအိုဘိုးဘေးကိုယ်ပွားများ ဖြစ်သွားသည်။

သန့်စင်ခြင်းသုံးပါးတာအိုဘိုးဘေးကိုယ်ပွားထံမှ ကျမ်းစာရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။ သူတို့က ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတစ်ခုလုံးကို ပဲ့တင်ထပ်ဝန်းရံလျက် သက်ရှိအားလုံးကို ဉာဏ်အလင်းပွင့်သွားစေသည်။

ချီမင်နှင့်အနီးစပ်ဆုံးဖြစ်သည့် ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်၊ ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်နှင့်သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်တို့က အများဆုံးနားလည်သဘောပေါက်ကာ အကျိုးအမြတ်အရဆုံးဖြစ်ကြသည်။

အချိန်ကုန်ဆုံးသွားသည်။

ချီမင်က (၄၉)ရက်ကြာ ဟောကြားခဲ့ပြီး ရပ်တန့်လိုက်သည်။ သူက ရပ်တန့်ကာ မျက်စိဖွင့်လိုက်သည်။ သူက ခေါင်းအသာမော့ကာ ရှေးဟောင်းအင်မော်တယ်မြင့်မြတ်တောင်အနားမှ ထူးခြားဖြစ်စဉ်များကို မြင်လိုက်ရသည်။

"ပြန့်ကျဲ"

ချီမင်က ညွှန်ကြားလိုက်သည်။ သူပြောနေတုန်းပဲ ကောင်းကင်နှင့်မြေကြီးမှ တုန့်ပြန်လာသည်။ ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်များ ပျောက်ကွယ်သွားပြီး ကောင်းကင်ကြီးလည်း တိတ်ဆိတ်သွားသည်။

"ဉာဏ်အလင်းပွင့်နေကြတာလား။"

ချီမင်က ဥပဒေသအလင်းများဝန်းရံနေသည့် တင်ပျဉ်ခွေချိတ်ကာထိုင်နေကြသော သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်နှင့်ကျန်သောသူများကိုကြည့်လိုက်သည်။ သူက ခဏလောက်စဉ်းစားလိုက်သည်။"ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့ မြင့်မြတ်ကောင်းကင် ရွှေအင်မော်တယ်သုံးယောက်က ကောင်းကင်နဲ့မြေကြီး ဥပဒေသတွေကို နားလည်ဆင်ခြင်နေတာလား။ သူတို့ကျင့်ကြံခြင်းက ငါ့ထက်အများကြီးကအများကြီးမြင့်ပေမဲ့ ကောင်းကင်နဲ့မြေကြီး နားလည်မှုအပေါ်မှာတော့ ငါ့ထက်နိမ့်နေသေးတယ်။ သူတို့က ဥပဒေသတွေကိုပဲ နားလည်တာ။တာအိုနဲ့မဟာတာအိုရဲ့သိမ်မွေ့နက်နဲမှုကို နားမလည်နိုင်ကြဘူး။"

တာအိုဆွေးနွေးတာပြီးဆုံးသွားတာနဲ့ သန့်စင်ကြာပန်းတို့မှာ ထင်ထားသည့်အတိုင်း အကျိုးအမြတ်များစွားရသွားကြသည်။

သေချာတာကတော့ ချီမင်လည်း အကျိုးရသွားပါ၏။

ပထမဆုံး ချီမင်သည် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်များကို ရှာဖွေလေ့လာရမည်ဖြစ်သည်။ မြင့်မြတ်ကောင်းကင်တို့ဖြင့်ဆွေးနွေးပြောဆိုထားသည့်အတိုင်း သူက ဘယ်လမ်းကိုသွားရမည်ကို အခြေခံအားဖြင့်သိသွားပြီး နောက်ပိုင်းအဆင့်များ၏ဆန်းကြယ်မှုများကို နားလည်သွားသည်။

ထိုအရာက ချီမင်ကို ဖရိုဖရဲမဟာတာအိုကျမ်းကိုတွက်ချက်ဖို့ အထောက်အကူ အနည်းငယ်ပေးနိုင်သည်။

ထိုအခိုက်တွင် ချီမင်သည် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတစ်ခုလုံး အပေါ်ကနေအောက် မဟာအကြီးအကဲမှ အပြင်စည်းတပည့်၊ ရွှေအင်မော်တယ်မှအင်မော်တယ်အဆင့်ထိ တာအိုဆွေးနွေးခြင်းကနေ တာအိုနားလည်ခြင်းအဆင့်သို့ဝင်ရောက်နေခြင်းကို သတိထားမိသွား၏။

အင်မော်တယ်ချီများသည် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတစ်ခုလုံးတွင် မြင့်တက်ဖြစ်ပေါ်နေပြီး သဘာဝဥပဒေသများမှာ ဝန်းရံလျက်ရှိသည်။ ဆန်းကြယ်ထူးခြားသည့် အင်အားများမှာ များပြားသည့်အလင်းတန်းများ မြင့်တက်ဖြစ်ပေါ်နေသည်။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်းသည် တာအိုဆွေးနွေးခြင်းမှ အကျိုးအမြတ်များစွာ ရလိုက်သည်။

စုစုပေါင်းအင်အားက သိသိသာသာတိုးတက်သွားပေလိမ့်မည်။

All Chapters