နည်းစနစ်ပွားယူခြင်း
Vol. 22 Ch. 322
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ဝက်ကြာသွားသည်။
ချီမင်၏ဆွေးနွေးချက်ကိုကြားတော့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ မြင့်မြတ်ကောင်းကင် ရွှေအင်မော်တယ်သုံးပါးက တာအိုနားလည်သုံးသပ်သည့် အခြေအနေသို့ဝင်ရောက်သွား၏။ သူတို့က ယခုထိတိုင် မနိုးထသေးချေ။
ရှေးဟောင်းအင်မော်တယ်ဂိုဏ်းထဲမှ သက်ရှိအားလုံးက တာအိုနားလည်သည့်အခြေအနေသို့ ဝင်ရောက်သွားသည်။ နှစ်တစ်ဝက်ကြာပြီးနောက်မှာ အပြင်စည်းဂိုဏ်း အင်မော်တယ် အနည်းငယ်နိုးထလာကြသည်။
ချီမင်က တာအိုဆွေးနွေးခြင်းမှရရှိသောအကျိုးအမြတ်များကို အပြည့်အဝချေ ဖျက်ပြီး နားလည်မပြီးသည်အထိ ရှေးဟောင်းအင်မော်တယ်တာအိုနန်းတော်တွင် နှစ်ဝက်ကြာ နေခဲ့သည်။
သူက ခေတ္တလောက်စဉ်းစားကာ ရှေးဟောင်းအင်မော်တယ် ဆန်းကြယ်ကောင်းကင်နှင့် ကျန်သောသူများကိုကြည့်လိုက်သည်။ သူက လက်ချောင်းများဖြင့် ကောင်းကင်လျှို့ဝှက်ချက်များကို တွက်ချက်လိုက်သည်။"ဒီလိုသာဆိုရင် ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်တို့ နိုးထဖို့ အချိန်အတော်ကြာ လိုသေးတယ်။"
"အင်မော်တယ်တွေက နှစ်တစ်ရာကျော်တံခါးပိတ်ကျင့်ကြံဝင်ရောက်နိုင်တဲ့အချိန် မြင့်မြတ်ကောင်းကင်တွေကတော့ နှစ်ရာကျော်ကျင့်ကြံနိုင်ကြတယ်။"
"ထားလိုက်တော့။"
ချီမင်က ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အမွေအနှစ်ခန်းမတည်ရှိသည့်နေရာကိုတွက်ချက်ပြီး သူလိုချင်သည့် အချက်အလက်များကို ရယူလိုက်သည်။ သူက ပြုံးကာဆိုသည်။"ဒီလိုဆို ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်တို့မနိုးခင် ငါ့ဘာသာပဲ သွားကြည့်လိုက်မယ်။"
သူက ပျံသန်းကာ ရှေးဟောင်းအင်မော်တယ်တာအိုခန်းမကို ချန်ခဲ့လိုက်သည်။ သူက လေထုကိုဖြတ်သန်းလျက် အနားက တပည့်များ၊အကြီးအကဲများကို လျစ်လျူရှုလျက် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းအမွေအနှစ်ခန်းမရှိရာသို့ ဦးတည်လိုက်သည်။
မျက်စိတမှိတ်အတွင်းမှာ ချီမင်က အမွေအနှစ်တောင်သို့ ရောက်ရှိသွားပါ၏။
ချီမင်သည် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မြင့်မြတ်ကောင်းကင်များဖြင့်ထိုင်ကာ တာအိုဆွေးနွေးခြင်းက ထူးခြားဖြစ်စဉ်များ ဖြစ်လာစေသည်။ သူ့ဟောပြောချက်များက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏သက်ရှိများကို တာအိုသဘောတရားကိုနားလည်သွားစေ၏။
အမွေအနှစ်တောင်က လက်ရှိတွင် အင်မော်တယ်များဖြင့်ဖြင့် စောင့်ကြပ်မနေကြချေ။ အမွေအနှစ်တောင်ကိုစောင့်ကြပ်နေကြသည့် မဟာအကြီးအကဲများသည် လက်ရှိတွင် အမွေအနှစ်တောင်ထိပ်ပေါ်၌ တင်ပျဉ်ခွေချိတ်ထိုင်နေကြသည်။ တာအိုနားလည်ခြင်းအခြေအနေတွင် သူတို့က လောလောဆယ်တော့ မနိုးကြသေးချေ။
အမွေအနှစ်တောင်တွင် အင်မော်တယ်အစီအရင်များ တပ်ဆင်ထားကြပေမဲ့ ချီမင်၏မျက်လုံးထဲတွင်တော့ ဘာမှမဟုတ်ပေ။ အသေးစားကောင်းကင် ကြယ်တာရာအစီအရင်ဖြင့်ယှဉ်လျှင် ထိုအစီအရင်များက အားနည်းချက်များ ပြည့်နှက်နေသည်။
"ငါရောက်လာပြီ။”
ချီမင်က တာအိုကိုနားလည်ဆင်ခြင်နေသည့် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတပည့်များအနားတွင် ရပ်ကာ တစ်ချက်ကြည့်လိုက်သည်။ သူက ထိုသူတို့ကို မနှောင့်ယှက်ပေ။ ထိုတပည့်များက တာအိုကိုနားလည်ဆင်ခြင်မှုထဲ နစ်မြှုပ်နေပြီး ချီမင်၏တည်ရှိမှုကို လျစ်လျူရှုထားကြသည်။
သူက အမွေအနှစ်အင်မော်တယ်တောင်ကို ကာကွယ်ထားသည့် အင်မော်တယ်အစီအရင်ကို အလွယ်တကူဖြတ်ကျော်သွားသည်။ အလွှာပါးတစ်ခုကိုကျော်ဖြတ်နေရသည့်အလား သူ့ကို ဘယ်အရာမှမတားဆီးနိုင်ပေ။
ချီမင်က အသက်ပြင်းပြင်းရှုကာ အမွေအနှစ်တောင်ပေါ်လမ်းကြောင်းလေး အတိုင်းတက် သွားလိုက်သည်။ တောင်လမ်းတစ်ဖက်တစ်ချပ်စီတွင် စိမ်းလန်းသည့် အင်မော်တယ်သစ်ပင်များဖြင့် ပြည့်နှက်နေသည်။
သူက တောင်ထိပ်ကိုရောက်ရှိလာ၏။
ချီမင်၏မျက်လုံးများက ဟောခန်းမတစ်ခုကို မြင်လိုက်ရသည်။ ဟောခန်းမက မလှပသလို ထူးခြားမှုလည်းရှိမနေပေ။ သို့ပေမဲ့ ချီမင်က ဂရုတစိုက်ကြည့်လိုက်တော့ ပုံရိပ်ယောင်အစီအရင်တစ်ခု၊သတ်ဖြတ်ခြင်းအစီအရင်၊ခုခံရေးအစီအရင်တို့ကို မြင်လိုက်ရသည်။ဟောခန်းမကို အစီအရင်သုံးခုဖြင့် ဖွဲ့စည်းထားသည့် ပေါင်းစပ်အင်မော်တယ်အစီအရင်ဖြင့် ဖွဲ့စည်းထားသည်။
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ရောက်လာရင်တောင် ထိုပေါင်းစပ်အစီအရင်ကို ချိုးဖြတ်ဖို့ခက်ခဲပေသည်။ အားစိုက်ထုတ်မှု အချိန်တို့များစွာလိုအပ်သည်။သို့ပေမဲ့ ချီမင်ကိုတော့ မတားဆီးနိုင်ချေ။
ပထမဆုံး ချီမင်က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို နားလည်ထားသည်။ ထိုအစီအရင်က အင်မတန်နက်နဲသည်။ ချီမင်တိုက်ပွဲပြီးတော့ သူ့၏တာအိုအစီအရင်များကို နားလည်တာက ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်ထိ ရောက်ရှိသွားသည်။
သူက အင်မော်တယ်အစီအရင်များစုကို မြင်နိုင်သည်။
ချီမင်က အံ့ဖွယ်စွမ်းအားကို လည်ပတ်ရင်း ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်လိုက်သည်။ သူက အင်မော်တယ်အစီအရင်ထဲမှ အားနည်းချက်များကိုတောင် ရှာနိုင်သည်။ စွမ်းရည်နှစ်ခုပေါင်းစပ်ပြီးသောအခါ ချီမင်က အားနည်းချက်ကို လျင်မြန်စွာဖြင့် တွေ့လိုက်ရ၏။
“ပြီးပြီ။”
ချီမင်က ပြုံးပြီး တာအိုကိုနားလည်ဆင်ခြင်နေသည့် မဟာအကြီးအကဲကို ကြည့်လိုက်သည်။ သူက မနှောင့်ယှက်တော့ဘဲ အမွေအနှစ်ခန်းမဆီသို့ ဦးတည်လိုက်သည်။
အမွေအနှစ်ခန်းမ၏အပြင်ဘက် ပေါင်းစပ်အင်မော်တယ်အစီအရင်က အလင်းတန်းများ တောက်ပလာပြီး လှိုင်းဂယက်များ ပေါ်လာ၏။ သို့ပေမဲ့ ချီမင်က ပေါင်းစပ်အင်မော်တယ်အစီအရင်ကို အလွယ်တကူဖြတ်ကျော်သွားကာ အစီအရင်၏စွမ်းအားကိုတောင် အသက်မဝင်စေလိုက်ပေ။
ဘုန်း
အမွေအနှစ်ခန်းမက အနည်းငယ်လှုပ်ခါသွားပြီး တံခါးပွင့်လာ၏။
ချီမင်က လျှောက်ဝင်လာလိုက်သည်။
နောက်တခဏမှာ ချီမင်၏ရှေ့တွင် လင်းလက်သွား၏။ ကျောင်းတော်သားပုံစံအစိမ်းရောင်ဝတ်အမျိုးသားတစ်ဦးက စာအုပ်တစ်အုပ်ကိုင်ကာ သူ့ရှေ့တွင် ပေါ်လာ၏။
"ခင်ဗျားက ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့တပည့်မဟုတ်သလို အကြီးအကဲလည်းမဟုတ်ဘူး။"
ကျောင်းတော်သားပုံစံအမျိုးသားက ချီမင်ကိုတားဆီးလိုက်ပြီး သူက အသံနက်ကြီးဖြင့်ပြောကာ စိုက်ကြည့်လိုက်၏။"ခင်ဗျားက အမွေအနှစ်ခန်းမကို ဝင်ဖို့ အရည်အချင်းမပြည့်မှီဘူး။"
ချီမင်က သူ့ရှေ့က ကျောင်းတော်သားပုံစံအမျိုးသားကို ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံနဲ့ ချီမင်က တစ်ဖက်သူ၏နောက်ခံနှင့်သရုပ်မှန်ကို တွေ့လိုက်၏။"ခင်ဗျားက အမွေအနှစ်ခန်းမရဲ့စိတ်ဝိညာဉ်ပဲ။"
"ဟုတ်တယ်။" ကျောင်းတော်သားက ပြောလိုက်၏။"ကျွန်တော်က ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့အမွေအနှစ်ခန်းမစိတ်ဝိညာဉ် ချင်ယွီပဲ။ အဲ့ဒါကြောင့် အမြန်ထွက်သွားပါ။"
ချီမင်က ခေါင်းခါလိုက်၏။ သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်ရင်း မြေချုပ်နှောင်ခြင်းအံ့ဖွယ်စွမ်းအားကို သုံးလိုက်၏။ သူက လေဟာနယ်ထဲတွင် စက်ဝိုင်းတစ်ခုကိုဆွဲကာ ချင်ယွီ၏ခြေထောက်ကို ပစ်လွှတ်လိုက်သည်။
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း အမွေအနှစ်ခန်းမ၏စိတ်ဝိညာဉ်ချင်ယွီက ထိတ်လန့်သွားသည်။ သူက စက်ဝိုင်းသေးလေးထဲ၌ ပိတ်မိနေပြီး ထွက်လို့မရတော့ချေ။
ပိုပြီးအရေးကြီးသည်က။
ချင်ယွီ၏ဓမ္မစွမ်းအားများနှင့် တာအိုနားလည်ထားမှုက ချီမင်၏မြေချုပ်နှောင်ခြင်းကို မချိုးဖြတ်နိုင်ပေ။
"ခင်ဗျား..."ချင်ယွီက ချက်ချင်းပဲ ထိတ်လန့်သွား၏။ သူက ဘယ်လိုနည်းစနစ်မျိုးသုံးထားလို့ အမွေအနှစ်ခန်းမကို ခိုးဝင်လာနိုင်ရတာလဲ။ စဉ်းစားနေဖို့ မလိုချေ။ သူက သတိထားကာ မေးလိုက်၏။"ဘယ်သူလဲ။"
ချီမင်က ဆိုလိုက်သည်။"ဒီမှာပဲ အေးဆေးနေ။ ငါ့ကို သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ဧည့်သည့်အဖြစ် ဖိတ်ထားလို့။ ငါ ရှေးဟောင်းအင်မော်တယ်တာအိုခန်းမမှာထိုင်ပြီး တာအိုရောင်းရင်းသုံးယောက်နဲ့ (၄၉)ရက်ကြာ တာအိုကိုဆွေးနွေးနေခဲ့တာ။"
"အခု သူတို့သုံးယောက်က ကောင်းချီးလုံလောက်ပြီး အခွင့်အရေး တစ်ခုရထားတယ်။ သူတို့က တာအိုနားလည်ခြင်းအခြေအနေထဲဝင်ရောက်ပြီး နားလည်ဆင်ခြင်အားထုတ်နေကြတယ်။ ငါ အစတည်းက ဒီနေရာကိုမလာခင် သူတို့သုံးယောက်ဆီက ခွင့်ပြုချက်ကိုရပြီးပြီ။"
"ခင်ဗျား နားလည်ပြီလား။" ချီမင်က ချင်ယွီကို ကြည့်လိုက်၏။
"ငါသိပြီ။"
ချင်ယွီက ကြောင်အသွား၏။ သူက ဟောခန်းစိတ်ဝိညာဉ်ဆိုပေမဲ့ သက်ရှိတစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် သူကလည်း ချီမင်နှင့်ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်တို့၏ဆွေးနွေးပွဲကို ကြားလိုက်ရသည်။
ကံမကောင်းချင်တော့ ချင်ယွီသည် ဟောခန်းစိတ်ဝိညာဉ်ဖြစ်တော့ ဉာဏ်အလင်းပွင့်သည့် အခြေအနေထဲသို့ ဝင်မရောက်နိုင်ချေ။
"စီနီယာကို အရိုအသေပြုပါတယ်။"
ချင်ယွီက တုန့်ပြန်လိုက်သည်။ သူသည် ယခုတော့ သူ့ရှေ့ကသူက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ဘိုးဘေးသုံးပါးနှင့် တာအိုဆွေးနွေးခဲ့သည့်သူမှန်းသိသွားတော့၏။ သူက ဘိုးဘေးသုံးပါးကိုတောင် တာအိုရောင်းရင်းဟုခေါ်နိုင်သူဖြစ်သည်။"ကျွန်တော် စီနီယာရဲ့ သရုပ်မှန်ကိုမသိခဲ့လို့ပါ။ ကျွန်တော် စီနီယာကို စော်ကားမိသွားပါတယ်။ စီနီယာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"
"မသိလို့ လုပ်တာက အပြစ်မရှိဘူး။" ချီမင်သည် ညာဘက်လက်ကိုဝေ့ယမ်းပြီး အံ့ဖွယ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။"သွားတော့။ငါ့ကို လာမနှောင့်ယှက်နဲ့တော့။"
"ဟုတ်။" ချင်ယွီက ခေါင်းညိတ်လိုက်ပါ၏။"စီနီယာပြောတဲ့အတိုင်း လုပ်ပါ့မယ်။ စီနီယာမှာ ခိုင်းစရာရှိရင် ကျွန်တော့်ကို ပြောပါ။ ကျွန်တော်လုပ်ပေးပါ့မယ်။"
"မလိုပါဘူး။” ချီမင်က ဆက်ပြောသည်။
"ဟုတ်။" ချင်ယွီ၏အမူအရာက အနည်းငယ်စိတ်ပျက်သွားဟန်ရသည်။ ခေါင်းညိတ်လိုက်ပြီးတော့ လေးစားစွာဖြင့် နောက်ဆုတ်သွားတော့၏။ သူ့ပုံရိပ်ကပျောက်ကွယ်သွားပြီး အမွေအနှစ်ခန်းမထဲတွင် ချီမင်သာ ကျန်ခဲ့တော့သည်။
ထို့နောက်မှာ ချီမင်က ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အမွေအနှစ်ခန်းမအခြေအနေကို အကဲဖြတ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။
ပထမဆုံး ရှေးဟောင်းအင်မော်တယ်ဂိုဏ်းအမွေအနှစ်ခန်းမကို ခြောက်ထပ်ခွဲထားသည်။ အပြင်စည်းဂိုဏ်း၊အဓိက၊အမွေခံ၊အကြီးအကဲ၊မဟာအကြီးအကဲနှင့် မြင့်မြတ်ကောင်းကင်ဟူ၍ဖြစ်သည်။
အပြင်စည်းဂိုဏ်းက အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များ၊အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်၊လက်နက်သန့်စင်ခြင်းနည်းစနစ်များ အစရှိသဖြင့်ရှိသည်။ အဓိကအထပ်တွင်တော့ ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်နှင့် အံ့ဖွယ်စွမ်းအားများရှိကြသည်။ အမွေခံအထပ်တွင်တော့ ဆန်းကြယ်အင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်နှင့်အံ့ဖွယ်စွမ်းအားများရှိကြသည်။ အကြီးအကဲအထပ်တွင်တော့ မဟာဆန်းကြယ်အင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်နှင့် အံ့ဖွယ်စွမ်းအားများရှိသည်။ မဟာအကြီးအကဲအထပ်တွင်တော့ ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်နှင့် အံ့ဖွယ်စွမ်းအားများရှိသည်။
မြင့်မြတ်ကောင်းကင်အထပ်တွင်တော့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့် ကျင့်ကြံခြင်း နည်းစနစ်များနှင့် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းသိမ်းဆည်းထားသည့် အသေးစားအံ့ဖွယ်စွမ်းအားကိုးခု ရှိသည်။
ချီမင်က လက်ရှိ အပြင်စည်းဂိုဏ်းအထပ်တွင်ရောက်နေသည်။
သူက လက်ချောင်းများဖြင့် ခဏလောက်တွက်ချက်လိုက်သည်။ အပြင်စည်းဂိုဏ်းအထပ်တွင်တော့ သူလိုအပ်သည့် ကျင့်ကြံခြင်းနည်းစနစ်များမရှိပေ။ ချီမင်က အကြည့်အနည်းငယ်စွန့်ကြဲပြီး အဓိကအထပ်ကို ဦးတည်လိုက်၏။
တူညီစွာပဲ ချီမင်က တွက်ချက်လိုက်ကြည့်ပြန်သည်။ သူလိုအပ်သည့် ကျင့်ကြံခြင်းနည်းစနစ်မရှိတော့ချေ။ သူက အမွေခံအထပ် တတိယမြောက်ထပ်ကိုရောက်တော့ ကျင့်ကြံခြင်းနည်းစနစ်နှင့်အံ့ဖွယ်စွမ်းအားပမာဏက လျော့ကျသွားပြီဖြစ်၏။ ဆန်းကြယ်အင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်များသာ သိမ်းဆည်းထားသည်။ သူက တွက်ချက်ကြည့်တော့ သူလိုအပ်တဲ့အရာမရှိပေ။
သိပ်မကြာခင်မှာပဲ ချီမင်က စတုတ္ထမြောက်အထပ်အကြီးအကဲအထပ်ကိုရောက်လာ၏။
"ဟုတ်ပြီ။မဆိုးဘူး။"
ချီမင်က အကြီးအကဲအထပ်၏အခြေအနေကို ပတ်ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်က မှောင်မိုက်နေသည်။ ကြယ်ပွင့်လေးများသဖွယ် အလင်းစက်လေးများလည်း ရှိနေသည်။
ထိုအလင်းစက်များက မဟာဆန်းကြယ်အင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်နှင့် အံ့ဖွယ်စွမ်းအားများဖြစ်ကြသည်။ ထိုအရာက ချီမင်လိုအပ်တာများဖြစ်သည်။
"စလိုက်ရအောင်။”
ထို့နောက် ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းကာ ပစ္စည်းစာရင်းထဲမှ တာအိုကျောက်စိမ်းကို ထုတ်ယူလိုက်သည်။
ပြောရမည်ဆိုလျှင်။
တာအိုကျောက်စိမ်းက အထက်ကမ္ဘာတွင် ကျင့်ကြံခြင်းနည်းစနစ်ကျောက်စိမ်းစလစ်ထုတ်ရာတွင် အဓိကသုံးသည့် အထူးကုန်ကြမ်းတစ်ခုဖြစ်သည်။
နည်းစနစ်များက အလွယ်တကူသင်ယူလိုမရချေ။
သူသာ အထက်ကမ္ဘာကျင့်ကြံခြင်းနည်းစနစ်များကို ပွားယူချင်ပါက တာအိုကျောက်စိမ်းသို့မဟုတ်ပိုပြီးတန်ဖိုးကြီးသည့် တခြားအဖိုးတန် အထူးကုန်ကြမ်းတစ်ခုကို သုံးရမည်ဖြစ်သည်။ မဟုတ်ရင် အထက်ကမ္ဘာကျင့်ကြံခြင်းနည်းစနစ်ကို သိမ်းဆည်းဖို့မလွယ်ကူပေ။ သူသိမ်းဆည်းပြီးတာနဲ့ ပြာအဖြစ်ပြောင်းလဲသွားတော့၏။
ချီမင်သည် အကြီးအကဲအထပ်က ကျင့်ကြံခြင်းနည်းစနစ်များကို စတင်ပွားယူကာ တာအိုကျောက်စိမ်းများကို တစ်ခုပြီးတစ်ခုထုတ်လိုက်သည်။ နှစ်ကာလတွေမှာ ချီမင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းများစွာကို ရှင်းလင်းခဲ့သည်။ ထို့ကြောင့် သူတွင် ပွားယူဖို့ တာအိုကျောက်စိမ်းအလုံအလောက်ရှိပေသည်။
အချိန်ကုန်ဆုံးသွားသည်။
တစ်နာရီအကြာမှာ။
ချီမင်က အကြီးအကဲအထပ် ကျင့်ကြံခြင်းနည်းစနစ်အားလုံးကို ပွားယူပြီးသွားခဲ့သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်များသာ ကူးခဲ့ပေသည်။တခြား အံ့ဖွယ်စွမ်းအား သို့မဟုတ်သန့်စင်နည်းလမ်းများကို မယူခဲ့ပေ။
ချီမင်က တခြားအံ့ဖွယ်စွမ်းအား သို့မဟုတ်သန့်စင်နည်းလမ်းများကို မလိုအပ်ပေ။
ချီမင်က အထက်ကမ္ဘာကျင့်ကြံခြင်းနည်းစနစ်များကို ဖရိုဖရဲမဟာတာအိုကျမ်းတွက်ချက်ဖို့သာလိုအပ်၏။
အကြီးအကဲအထပ်တွင် ချီမင်က မတူညီသည့် မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်(၁၃၀၀)ကို ကူးယူခဲ့သည်။ ကျင့်ကြံခြင်းနည်းစနစ်များက အရမ်းများလွန်းပြီး ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်ဖို့ လုံလောက်ပေသည်။
"အရမ်းကောင်းတယ်။”
ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူက အတော်လေးကျေနပ်သွားသည်။
မျက်စိတမှိတ်အတွင်းမှာ ချီမင်က မဟာအကြီးအကဲအထပ်သို့ ရောက်ရှိသွား၏။ ထိုအထပ်တွင် ရွှေအင်မော်တယ်အဆင့်နည်းစနစ်များ သိမ်းဆည်းထားသည်။ အရေအတွက်က တတိယအထပ်ထက်နည်းပေသည်။
" ဆက်လုပ်မယ်။"
ချီမင်က ညာဘက်လက်ဖြင့်လက်ချိတ်စည်းများကို ဖွဲ့စည်းလိုက်ပြီး ဓမ္မစွမ်းအားများသုံးကာ တာအိုကျောက်စိမ်းများကို ထုတ်ယူလိုက်သည်။ သူက မဟာအကြီးကဲထပ်က ကျင့်ကြံခြင်းနည်းစနစ်များကို အမြန်ဆုံးနှုန်းဖြင့် ကူးယူလိုက်သည်။
စုစုပေါင်း ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်(၃၈၀)ရှိပေ၏၊။
ချီမင်က မြင့်မြတ်ကောင်းကင်အလွှာသို့ တက်ဖို့စီစဉ်လိုက်ပေမဲ့ ချင်ယွီက ပေါ်လာပြန်ပြီး တာဆီးလိုက်သည်။ မြင့်မြတ်ကောင်းကင်အလွှာတွင် မြင့်မြတ်ကောင်းကင် ရွှေအင်မော်တယ်အဆင့်နည်းစနစ်များနှင့် အသေးစားအံ့ဖွယ်စွမ်းအားကိုးခုကို သိမ်းဆည်းထားသည်။ ထိုအရာများက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အခြေခံဖြစ်သည်။
ထို့ကြောင့်လည်း ချင်ယွီကချီမင်ကိုတားဆီးဖို့ပေါ်လာခြင်းဖြစ်သည်။
"စီနီယာ" ချင်ယွီက အသံငယ်လေးဖြင့်ရှင်းပြလိုက်သည်။"စီနီယာ ဒီအလွှာကိုတော့ တကယ်ဝင်လို့မရပါဘူး။ စီနီယာ နားလည်မယ်လို့ မျှော်လင့်ပါတယ်။ဘိုးဘေးသုံးပါးရဲ့လူကိုယ်တိုင် ခွင့်ပြုချက် မပါဘဲ ကျွန်တော် စီနီယာကို ဒီမြင့်မြတ်ကောင်းကင်အလွှာကို ဝင်ခွင့်ပေးလို့မရပါဘူး။"