ဖရိုဖရဲမဟာတာအိုကျမ်း:မဟာဆန်းကြယ်အင်မော်တယ်အပိုင်း
Vol. 22 Ch. 323
ချီမင်က သဘာဝအတိုင်း ချင်ယွီပြောတာကိုနားထောင်မည်မဟုတ်ပါ။ ထိုအစား သူက လုံးဝကိုလျစ်လျူရှုကာ အာရုံထဲမထည့်ပေ။
သူက ညာဘက်လက်ကိုဝေ့ယမ်းကာ မြေချုပ်နှောင်ခြင်းကိုသုံး၍ နောက်ထပ်စက်ဝိုင်းတစ်ခုကို ဆွဲလိုက်၏။
အလင်းများ လှုပ်ခါလာသည်။
သိသာသည်။
ချီမင်က လက်ချောင်းကို စုတ်တံတစ်ခုသဖွယ် ဓမ္မစွမ်းအားကို မင်အဖြစ် လေဟာနယ်ကို စာရွက်အဖြစ် သုံးကာ ဖရိုဖရဲမီးခိုးရောင်စက်ဝိုင်းတစ်ခုကို ဆွဲလိုက်သည်။
စက်ဝိုင်းက ကွင်းတစ်ခုသဖွယ်လေထုကိုထိုးခွဲနေသည့်အလား။ နားလည်ရခက်သည့် စွမ်းအားများ ပါဝင်သည်။ ချီမင်၏ဓမ္မစွမ်းအား၊အံ့ဖွယ်စွမ်းအားတို့ဖြင့် ရင်ဆိုင်ရတော့ လုံးဝမရှောင်တိမ်းနိုင်တော့ချေ။ သူက ခုခံဖို့တောင် စွမ်းအားမဲ့နေ၏။
ချီမင်နှင့်ချင်ယွီကြားမှ ကွာခြားချက်ကကြီးမားလွန်းလှသည်။ တူညီသည် အဆင့်၌ကို ဟုတ်မနေပေ။
အလင်းများ လက်သွားသည်။
ချင်ယွီသည် ချီမင်၏မြေချုပ်နှောင်ခြင်းကြောင့် ပိတ်လှောင်ခံလိုက်ရလေ၏။ သူက တစ်လက်မလေးတောင် မရွေ့နိုင်တော့သလို မည်သည့်အံ့ဖွယ်စွမ်းအားကိုမှ မသုံးနိုင်ချေ။ သူက တကယ့်ကို အကူအညီမဲ့သွားသည်။
"မဟုတ်ဘူး" ချင်ယွီသည် ထိတ်လန့်သွားတော့လေ၏။ သူက မန္တာန်သုံးချင်ပေမဲ့ သူ့ခွန်အားက တားမြစ်ခံထားရတာကို ရှာတွေ့သွားသည်။ သူက ခန္ဓာကိုယ်ထဲက ဓမ္မစွမ်းအားကိုတောင် မသုံးနိုင်တော့ချေ။"စီနီယာ ခင်ဗျား ဒီလိုလုပ်လို့မရဘူး။"
"ဆူတယ်။" ချီမင်၏အကြည့်က အေးစက်စက်သာဖြစ်နေသည်။
သူက ညာဘက်လက်ကို ထပ်မံဝေ့ယမ်းလိုက်တော့ အစိမ်းရောင်အလင်းတစ်ချက်လက်သွားစေသည်။ ချင်ယွီ၏ပါးစပ်က ချိတ်ပိတ်ခံလိုက်ရ၍ စကားမပြောနိုင်တော့ပေ။ သူက ဝူးဝူးဝါးဝါးသာ အော်နိုင်ကာ သူ့အမူအရာက ကြောက်လန့်တကြားဖြစ်သွားတော့၏။
"မင်း အဓိပ္ပာယ်မရှိတာတွေ ထပ်ပြောရင် "ချီမင်က အေးစက်စွာဆိုသည်။"နောက်တစ်ခါဆို မင်းရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့ ဓမ္မစွမ်းအားကို ပိတ်လှောင်ထားမှာ မဟုတ်တော့ဘူး။ အဲ့ဒီအစား မင်းကို တန်းသတ်ပစ်မှာ။"
"စီနီယာ....စီနီယာ"
ချင်ယွီ၏တစ်ကိုယ်လုံးက သေခြင်း၏ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၍ တောင့်တင်းသွားတော့သည်။ ကျောချမ်းဖွယ်ရာ အရှိန်အဝါများသည် မြင့်တက်ဖုံးလွှမ်းလာသောကြောင့် ချင်ယွီကို နှလုံးသားအောက်ခြေထိ စိုးရိမ်ကြောက်ရွံ့သွားစေသည်။
သူက ဘာမှထပ်ပြောမရဲတော့ချေ။
ချီမင်က အကြည့်ကို ပြန်ခွာလိုက်သည်။
ချက်ချင်းဆိုသလိုပင် ချီမင်က အမွေအနှစ်ခန်းမ၏ငါးထပ်မြောက် မြင့်မြတ်ကောင်းကင်အထပ်သို့ လျင်မြန်စွာဖြင့် ဝင်သွားတော့၏။ မြင့်မြတ်ကောင်းကင်အထပ်တွင် အလင်းလုံးသုံးလုံးသာရှိပေမဲ့ နေလုံးအလားပင်။ သူတို့က လွင့်မြောနေပြီး မှိန်ဖျော့ဖျော့ တောက်ပနေ၏။
ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတစ်ခုလုံးတွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်သုံးခုသာရှိ၏။
ထိုရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များသည်လည်း ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်၊ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်နှင့် သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်တို့ကျင့်ကြံသည့်နည်းစနစ်များ ဖြစ်ကြသည်။ ကျင့်ကြံခြင်းနည်းစနစ်များက အတော်လေးနက်နဲလှသည်။
ထိုအရာများအပြင် အသေးစားအံ့ဖွယ်စွမ်းအားကိုးခုကို ကိုယ်စားပြုသည့် နောက်ထပ်ဥက္ကာခဲပမာ အလင်းလုံးကိုးလုံးရှိသည်။
အသေးစားအံ့ဖွယ်ကိုးခုတွင် နယ်ပယ်အသီးသီး၏နည်းစနစ်များနှင့်စွမ်းရည်များ ပါဝင်၏။ တိုက်ခိုက်ရေးအံ့ဖွယ်စွမ်းအားများအပြင် အစီအရင်တာအို၊ဆေးသန့်စင်ခြင်းတာအိုနှင့် လက်နက်သန့်စင်ခြင်း တာအို အသေးစားအံ့ဖွယ်စွမ်းအားများလည်းရှိ၏။
"မဆိုးဘူး" ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ သူက အတော်လေးကျေနပ်သွားပြီး မျက်နှာပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်လေး ပေါ်လာသည်။ သူက ညာဘက်လက်ကိုဝေ့ယမ်းကာ ပစ္စည်းစာရင်းထဲမှ တာအိုကျောက်စိမ်းကို ထုတ်ယူလိုက်သည်။
"သန့်စင်"
ချီမင်က ညာဘက်လက်ကို သုံးကာ ဓမ္မစွမ်းအားများကို ထုတ်၍ တာအိုကျောက်စိမ်းများပါဝင်သည့် အစိမ်းရောင်မြူခိုးများပြောင်းလဲလိုက်သည်။ တာအိုကျောက်စိမ်းသည် သတ္တရိုင်းအစအနများအလား လျင်မြန်စွာပျော်ဝင်ပြီး အရည်ဖြစ်သွားတော့၏။ ထို့နောက် မသန့်စင်မှုများကိုဖယ်ရှားလိုက်သောကြောင့် အလွန်အမင်းသန့်စင်သည့် အရည်အစက်လေးများအဖြစ် ပြောင်းသွားတော့သည်။
"သိပ်သည်း"
ချီမင်က လက်မြောက်ကာ ညွှန်ပြလိုက်သည်။ သူ့ကိုယ်ထဲက ဓမ္မစွမ်းအားများ တိုးထွက်လာပြီး အစိမ်းရောင်အလင်းစီးကြောင်းအဖြစ်ပြောင်းလဲကာ အလွန်အမင်းသန့်စင်သည့်အရည့်အစက်လေးများထဲသို့ ပေါင်းစပ်သွားတော့၏။
အရည်က အစိမ်းရောင်အလင်းတန်းများတောက်ပလာသည်။ တာအိုစာလုံးများပါဝင်သည့် အသေးစားအစိမ်းရောင်နေလုံးအလား ကောင်းကင်ပေါ်လွင့်မြောသွားသည်။
မျက်စိတမှိတ်အတွင်းမှာ အရည်က သိပ်သည်းသွားတော့သည်။
အစိုင်အခဲဖြစ်သွားတော့၏။
သူက ကျောက်စိမ်းစလစ်အဖြစ်သန့်စင်တာ အောင်မြင်သွားတော့၏။
ကျောက်စိမ်းစလစ်သည် မသန့်စင်မှုမြူတစ်မှုန်လေးတောင်မပါဝင်ဘဲ သလင်းကျောက်အလား သန့်စင်ကြည့်လင်လှ၏။ ထိုအရာသည် ကျောက်စိမ်းအပိုင်းအစ(၇၂)ခုမှ သန့်စင်သည့် ကျောက်စိမ်းစလစ်သန့်စင်သည့် နည်းလမ်းဖြစ်သည်။
ယင်းကျောက်စိမ်းစလစ်များတွင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ်အများစုကို သိမ်းဆည်းထားနိုင်သည်။
သိသာတာက အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ကို သိမ်းဆည်းဖို့ဆိုရင် တာအိုကျောက်စိမ်းတစ်ခုကို သန့်စင်ဖို့သာလိုအပ်သည်။ သို့ပေမဲ့ ကျင့်ကြံခြင်းနည်းစနစ်က ပိုပြီးမြင့်မားလေ တာအိုကျောက်စိမ်းအရေအတွက်က ပိုလိုအပ်လေဖြစ်သည်။
ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုက ကျောက်စိမ်းစလစ်သန့်စင်ဖို့ တာအိုကျောက်စိမ်းကိုးခုလိုအပ်သည်။ သို့မှသာ သင့်တော်သည့်ကျင့်ကြံခြင်းနည်းစနစ်ကို သိမ်းဆည်းထားနိုင်တာဖြစ်သည်။
ဆန်းကြယ်အင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်သည် ကျောက်စိမ်းစလစ်သန့်စင်ဖို့ တာအိုကျောက်စိမ်း(၁၈)ခု လိုအပ်သည်။
မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်အတွက်တော့ တာအိုကျောက်စိမ်း(၃၆)ခုလိုသည်။
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များကတော့ အပြည့်အဝသိုလှောင်သိမ်းဆည်းထားနိုင်ဖို့ ကျောက်စိမ်းစလစ်ကိုသန့်စင်ရာတွင် စုစုပေါင်း(၇၂)ခုလိုသည်။ အထက်ကမ္ဘာအင်မင်တယ်ဘုရင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များကို သန့်စင်ရာတွင် သူက ကျောက်စိမ်းစလစ်ပိုပြီးတောင်လိုအပ်ပေလိမ့်မည်။
ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏စိတ်ဝိညာဉ်ကို မူလဇာစ်မြစ်ဟုအမည်ပေးထားပြီး မူလက မူလအစအင်မော်တယ်ဘုရင်ဖြစ်ခဲ့သည်။ သို့ပေမဲ့ ချီမင်က သူ့ကို ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏ပစ္စည်းစိတ်ဝိညာဉ်အဖြစ် သန့်စင်လိုက်သည်။ ထို့ပြင် ထိုအရာက အတိတ်ဘဝမှတ်ဉာဏ်များနှင့် အတွေ့အကြုံများကို ထိန်းသိမ်းထားနိုင်၏။
မူလအစအင်မော်တယ်ဘုရင်၏မှတ်ဉာဏ်ထဲတွင် သဘာဝအတိုင်းကျင့်ကြံခြင်းနည်းစနစ်များစွာ ပါဝင်သည်။
အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ကျင့်ကြံခြင်းနည်းစနစ်သုံးမျိုးလည်း ပါဝင်သည်။
ချီမင်က မူလဇာစ်မြစ်ကို မှတ်ဉာဏ်ထဲက ကျင့်ကြံခြင်းနည်းစနစ်အားလုံးကို တာအိုကျောက်စိမ်းထဲသို့ ကူးယူးခိုင်းထားတာကြာပြီဖြစ်သည်။ ယင်းအရာများကလည်း ဖရိုဖရဲမဟာတာအိုကျမ်းကိုတွက်ချက်ရာတွင် အထောက်အကူပေးနိုင်သည်။
အရေအတွက်ကမများ၍ သိပ်အသုံးမဝင်တာသာဖြစ်သည်။
မူလအစအင်မော်တယ်ဘုရင်ကိုယ်တိုင်ကျင့်ကြံသည့် မူလအစကျမ်းနှင့် တခြားအထက်ကမ္ဘာအင်မော်တယ်ဘုရင်နှစ်ပါးကို သတ်ရင်းဖြင့် ရလာသည့် ကျင့်ကြံခြင်းနည်းစနစ်နှစ်ခုဖြစ်သည်။
အထွတ်ထိပ်ကိုးပါးကျမ်းနှင့် ကောင်းကင်သုံးထပ်ကျမ်းတို့ဖြစ်သည်။
အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းနည်းစနစ်သုံးမျိုးကို တွက်ချက်ခြင်းစနစ်ထဲသို့ထည့်သွင်းကာ ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်ဖို့ အရင်းအမြစ်အဖြစ်ပြောင်းလဲလိုက်သည်။ ထိုသို့ထည့်လိုက်ခြင်းက ကြီးမားစွာတိုးတက်သွားစေသည်။
ထိုအခိုက်တွင် ချီမင်သည် ကျင့်ကြံခြင်းနည်းစနစ်သုံးမျိုးအတွက်ကျောက်စိမ်းစလစ်များကို သန့်စင်ထားပြီးသာဖြစ်၏။ အတွေးတစ်ချက်ဖြင့် သူက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်သုံးမျိုးကို ကျောက်စိမ်းစလစ်ထဲသို့ ပွားယူလိုက်သည်။
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်သုံးမျိုးကတော့ ကောင်းကင်ခိုးယူခြင်းဆန်းကြယ်နည်းစနစ်၊ရှေးဟောင်းအင်မော်တယ်ကျမ်းနှင့် သန့်စင်ကြာပန်းတာအိုကျမ်းတို့ဖြစ်ကြသည်။
ထို့နောက် ချီမင်က တခြား အသေးစားအံ့ဖွယ်စွမ်းအားကိုးခုကို တစ်ချက်ကြည့်လိုက်သည်။ သူက အသေးစားအံ့ဖွယ်စွမ်းအားကိုးခုကို တကယ်တော့ စိတ်မဝင်စားချေ။ သူက ကျင့်ကြံရင်တောင် သိပ်အသုံးမဝင်ပေ။
သို့ပေမဲ့ အသေးစားအံ့ဖွယ်စွမ်းအားများဖြစ်နေတော့ ချီမင်သည် ကျောက်စိမ်းစလစ်များကို အလွယ်တကူ သန့်စင်နိုင်သည်။ သူက ကျောက်အပိုင်းအစ (၇၂)ခုသာလိုအပ်သည်။
သိပ်မကြာခင်ဘဲ ချီမင်သည် အသေးစားအံ့ဖွယ်စွမ်းအားကိုးခုကို ပွားယူပြီးသွား၏။
"ကောင်းပြီ။” ချီမင်က ပြုံးလိုက်သည်။ သူ့အမူအရာက ပြေလျော့သွားပြီး စိတ်အခြေအနေကောင်းသွား၏။ သူက မြင့်မြတ်ကောင်းကင်အလွှာမှ ဆင်းလာကာ ပိတ်မိနေသည့်ချင်ယွီကို ကြည့်လိုက်သည်။ သူက လက်ဝေ့ယမ်းကာ လွှတ်ပေးလိုက်သည်။
"စီနီယာ...စီနီယာ.."ချင်ယွီက ပါးစပ်ဟလိုက်ပေမဲ့ ဘာမှတော့ မပြောရဲပေ။
ချီမင်က ရှေးဟောင်းအင်မော်တယ်ဂိုဏ်းမှ ထွက်မသွားသေးပေ။ သူက အမွေအနှစ်ခန်းမထဲသို့ မဝင်ခဲ့ရင်တောင် ချီမင်သည် မြင့်မြတ်ကောင်းကင်များနှင့်တာအိုဆွေးနွေးခြင်းက အကျိုးကျေးဇူးများစွာ ရစေသည်။ ချီမင်က ရှေးဟောင်းအင်မော်တယ်ဂိုဏ်းကို ကျေးဇူးတစ်ခုပြုဖြစ်ပြီဖြစ်၏။
သူက ကျင့်ကြံခြင်းနည်းစနစ်များစွာလည်းရထားသည်။ သူက အချိန်တချို့ပေးပြီး ထိုအရာများကို စုပ်ယူရဦးမည်ဖြစ်သည်။
မျက်စိတမှိတ်အတွင်းမှာ ချီမင်သည် ရှေးဟောင်းအင်မော်တယ်တာအိုခန်းမသို့ ပြန်သွားခဲ့သည်။
ချီမင်က တင်ပျဉ်ခွေချိတ်ကာ ထိုင်လိုက်သည်။ သူက စတင်ကာ သီးသန့်ကျင့်ကြံလိုက်သည်။ ဓမ္မစွမ်းအားတို့သည် သူ့ခန္ဓာကိုယ်တွင် တိုးပွားလျှံတက်လာပြီး၊ မိုးမြေမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်သည် ဆန်းကြယ်မှုများဖြင့် အဆက်မပြတ် လည်ပတ်နေလေသည်။
တခြားတစ်ဖက်တွင် ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်၊ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်နှင့်သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်တို့ကလည်း စိတ်နှစ်ကျင့်ကြံကာ တာအိုကိုနားလည်ဆင်ခြင်နေ၏။ သူတို့က မနိုးထလာသေးပေမဲ့ ခန္ဓာကိုယ်ပေါ်က အရှိန်အဝါက တဖြည်းဖြည်း အားကောင်းလာ၏။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်းကို မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်(၁၃၀၀)ပေါင်းစပ်ထားခဲ့ပါတယ်။ သင် ကျင့်ကြံခြင်းနည်းစနစ်၏စစ်မှန်ရည်ရွယ်ချက်များကို ပေါင်းစပ်ပြီး အနှစ်သာရကို ထုတ်ယူကာ အညစ်အကြေးများကို ဖယ်ရှားခဲ့ပါတယ်။ သင့်ရဲ့ တွက်ချက်နှုန်းက ကြီးမားစွာတိုးတက်သွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတမှိတ်အတွင်းမှာ နှစ်တစ်ရာကြာသွားသည်။
ယနေ့နေ့လည်ခင်းမှာတော့။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကြာကျင့်ကြံခဲ့ပါတယ်။ ဖရိုဖရဲမဟာတာအိုကျမ်း:မဟာဆန်းကြယ်အင်မော်တယ်အပိုင်းကို အောင်မြင်စွာတွက်ချက်ခဲ့ပါတယ်။”
အသိပေးချက်တစ်ခုပေါ်လာသည်။
"လက်ခံ"
ချီမင်၏စိတ်ထဲတွင် ကျင့်ကြံခြင်းနည်းစနစ်၏အချက်အလက်များ သည် ခဏလေးအတွင်းမှာ ပေါ်လာတော့သည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်များ ပါဝင်နေသည့်အတွက် အတော်လေးကိုနက်နဲသည်။ချီမင်သည် ယခုချက်ချင်းနားမလည်နိုင်ပေ။
ချီမင်ကျင့်ကြံခြင်းနည်းစနစ်ကိုမှတ်သားလိုက်ပြီး စိတ်အနက်ဆုံးထဲသို့ ပေါင်းစပ်လိုက်သည်။ သူက ဖြည်းဖြည်းချင်းနားလည်ဆင်ခြင်ဖို့ လိုအပ်သည်။
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကြာကျင့်ကြံခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်ကို နားလည်ခဲ့ပြီး ဓမ္မစွမ်းအားများ တိုးတက်သွားပါတယ်။ သင် ဆန်းကြယ်အင်မော်တယ်အဆင့်ကို တစ်လှမ်းဖို့ ဝေးနေပါသေးတယ်။ နှစ်ပေါင်း(၃၉၀၀)လိုအပ်ပါသေးတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို နှစ်တစ်ရာကြာကျင့်ကြံခဲ့သည်။ တိုးတက်သွားပေမဲ့ သိသိသာသာတော့ မဟုတ်သေးချေ။
သူ ဆန်းကြယ်အင်မော်တယ်အဆင့်ကို ချိုးဖြတ်ဖို့ နှစ်(၄၀၀၀)နီးပါးလိုအပ်ပါသေးသည်။
အတော်လေး စောနေသေးသည်။
သုံးရက်ကြာပြီးနောက် သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က တာအိုနားလည်ခြင်းအခြေအနေမှ တဖြည်းဖြည်း ထွက်ခွာလာသည်။ သူမက နှစ်တစ်ရာကြာ ကျင့်ကြံခဲ့ပြီး အကျိုးကျေးဇူးများစွာ ရခဲ့၏။ သူမအင်အားက သိသာထင်ရှားစွာ တိုးတက်လာခဲ့သည်။
ဖြည်းညင်းစွာဖြင့် ထူးခြားဖြစ်စဉ်များပျောက်ကွယ်ကာ ဓမ္မစွမ်းအားများ ငြိမ်သက်ပြီး အင်မော်တယ်ချီများ တည်ငြိမ်သွား၏။
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ဓမ္မစွမ်းအားများကို ရုပ်သိမ်းကာ မျက်လုံးများကို ဖြည်းဖြည်းချင်းချင်း ဖွင့်လိုက်၏။ သူမမျက်လုံးလှလှလေးများသည် တောက်ပနေပြီး မျက်လုံးအနက်ရှိုင်းဆုံးထဲ၌ ဆယ့်နှစ်လွှာကြာပန်းစိမ်းတစ်ပွင့် လွင့်မြောနေ၏။
သူမကို ဥပဒေသများ ဝန်းရံလာသည်။
သူမသည် တာအိုကိုနှစ်တစ်ရာကြာသာ နားလည်ခဲ့ပေမဲ့ ကြီးမားစွာရိတ်သိမ်းခဲ့သည်။ သူမက ကောင်းကင်နှင့်မြေကြီးဥပဒေကို နားလည်ခဲ့တော့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်သို့တက်ရန် တစ်လှမ်းသာလိုတော့၏။
"ဂုဏ်ပြုပါတယ် သန့်စင်ကြာပန်း ခင်ဗျား တာအိုနားလည်တာကို ပြီးပြည့်စုံသွားတော့ မိုးမြေဥပဒေသတွေကို နားလည်သွားပြီ။ ခင်ဗျား အင်အားက တိုးလာပြီ။"
ချီမင်က ပြုံးလိုက်သည်။
"ဂျူနီယာသန့်စင်ကြာပန်းက စီနီယာကို အရိုအသေပြုပါတယ်။"
သန့်စင်ကြာပန်းသည် သတိပြန်ဝင်လာတာနဲ့ ချီမင်ကို တွေ့လိုက်၏။ သူမ၏လှပသည့် မျက်လုံးများက လေးစားမှုဖြင့် ပြည့်နှက်နေ၏။"ဂျူနီယာက စီနီယာရဲ့ ညွှန်ကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"
"စီနီယာက (၄၉)ရက်ကြာ တာအိုဆွေးနွေးပေးပြီး ကျွန်မရဲ့နှလုံးသားထဲက ရှုပ်ထွေးမှုကို ရှင်းပေးခဲ့တာပါ။ စီနီယာက ကျွန်မကို ဉာဏ်အလင်းပွင့်စေပြီး လျှို့ဝှက်ဆန်းကြယ်မှုတွေကို တစ်ခုပြီးတစ်ခု ရှင်းထုတ်ပေးခဲ့ပါတယ်။ ကျွန်မက တာအိုကိုနှစ်တစ်ရာလောက် ဆင်ခြင်နားလည်နိုင်ခဲ့လို ကျင့်ကြံခြင်းတိုးတက်သွားခဲ့ပါတယ်။"
"ယဉ်ကျေးနေဖို့ မလိုပါဘူး။" ချီမင်က ဆိုလိုက်သည်။"ဒါက မင်းရဲ့ကံကြမ္မာပဲ။"
“ကျေးဇူးတင်ပါတယ် စီနီယာ။” သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က နောက်တစ်ကြိမ် အရိုသေပြုလိုက်ပြန်သည်။
ထို့အပြင် ဤနှစ်တစ်ရာလုံးတွင် ထိပ်ဆုံးမှ အောက်ဆုံး မဟာအကြီးအကဲများမှ အပြင်စည်းတပည့်များ၊ရှေးဟောင်းအင်မော်တယ်ဂိုဏ်းမှ သက်ရှိအပေါင်းသည် တာအိုနားလည်ခြင်းအခြေအနေမှ တစ်ယောက်ပြီးတစ်ယောက်နိုးထလာကြကာ အကျိုးကျေးဇူးများစွာ ရခဲ့၏။
တကယ်တော့…
နေရာမှာတင် နောက်တစ်ဆင့်တက်သွားကြသည့် သူများစွာရှိပြီး တပည့်ရောင်းရင်းများကို မနာလိုဖြစ်သွားကြစေ၏။
အချိန်ကုန်ဆုံးသွားသည်။
နောက်နှစ် ၅၀ အကြာမှာ။
ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်သည် နိုးထလာတော့၏။
သူနိုးလာတာနဲ့ ကိုယ်ပေါ်က အရှိန်အဝါကို ဖိနှိပ်မနေတော့ဘဲ တိုက်ရိုက်အဆင့်ချိုးဖြတ်လိုက်သောကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားစေတော့သည်။ အင်မော်တယ်ချီများမြင့်တက်လာပြီး ဥပဒေသစွမ်းအားများဝန်းရံလာသည်။
"ဂုဏ်ပြုပါတယ် တာအိုရောင်းရင်းကောင်းကင်ခိုးယူခြင်း" သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်သည် ထိုသူကို မနာလိုမှုများဖြင့် ကြည့်ကာ ပြောလိုက်သည်။