ရှေးဟောင်း မိစ္ဆာအင်း
Vol. 10 Ch. 924
“ဂုဏ်ထူးဆောင် ပါရမီရှင် သမားတော် ဆိုတဲ့ ဘွဲ့က လူငယ် သမားတော်တွေ အရမ်းကို တပ်မက်ကြတဲ့ ဘွဲ့တစ်ခုပေါ့... ဒါပေမဲ့ တစ်ဝက်တစ်ပျက် ကောင်းကင်ဆေးကို ဖော်စပ်နိုင်တဲ့ ထိပ်တန်း မဟာ သမားတော် အချို့ပဲ အဲဒီဘွဲ့ကို ချီးမြှောက်ခံခဲ့ရတယ်... မြောက်နတ္ထိနယ် တခုလုံးမှာတောင် အဲဒီဘွဲ့ကို ရခဲ့တာဆိုလို့ ဆေးသခင် တစ်ယောက်ပဲ ရှိတယ်... ဒါပေမဲ့ အခြားလူတွေနဲ့ ယှဥ်ရင် ဆေးသခင်က အားအနည်းဆုံးပဲ...”
လော့ချန်ရှန်းက ရှင်းပြသည်။ ကျိုးကျူရှင်းနှင့် လင်းဝူဟွာတို့မှာ ဘေးနားမှ နားထောင်နေရင်း ကြောက်ရွံ့စိတ်များ တားမရအောင် ဖြစ်ပေါ်လာနေကြ၏။
၎င်းကား ခရမ်းရောင် လနတ်သမီး အတွက်ပင် အလွန် ကြီးကျယ်သော သတင်းတစ်ခု ဖြစ်သည်။ သူမ၏ နူးညံ့ကောင်းကင်ဂိုဏ်းသည် ကောင်းကင်ဂိုဏ်း တစ်ခုဖြစ်သည့်တိုင် ချန်ရှန်း ကောင်းကင်နယ်မြေနှင့် အလှမ်း ဝေးကွာလွန်းလှ၏။
“အဲဒါတွေ အားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ အဖွဲ့အစည်းကို ဆေးနတ်ဘုရားဂိုဏ်း လို့ ခေါ်တယ်...”
လော့ချန်ရှန်းက ဆက်ပြော၏။
အခြားလူများမှာ ထိုအရာ၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း ခရမ်းရောင် လနတ်သမီးမှာ အလွန်အမင်း ဆွံ့အနေခဲ့ပြီ ဖြစ်လေသည်။ သူမသည် နူးညံ့ကောင်းကင်ဂိုဏ်းတွင် နေခဲ့ရာ “နတ်ဘုရား” ဆိုသည့် နာမ်စား၏ အဓိပ္ပာယ်ကို ကောင်းစွာ နားလည်သည်။ ထိပ်တန်း ကောင်းကင်ဂိုဏ်း တစ်ခုပင်လျှင် သေမျိုးတို့နှင့် မှီခိုခြင်း ကင်းသည့် ထိုနာမ်စားအား မသုံးဝံ့ချေ။
“ဒါဆို ကျုပ် ဆေးဧကရာဇ် ဘွဲ့ကို ခံယူဖို့က ဆေးနတ်ဘုရားဂိုဏ်းရဲ့ အသိအမှတ်ပြုမှု လိုအပ်တယ်ပေါ့...”
ချန်းဖန်က အနည်းငယ် စဥ်းစားကာ မေးလိုက်သည်။
“အမှန်ပါပဲ...”
လော့ချန်ရှန်းက ခေါင်းညိတ်ကာ ဆက်လက်ရှင်းပြ လိုက်သည်။
သူ၏ စကားများ အရဆိုလျှင် ဆေးနတ်ဘုရားဂိုဏ်းမှာ အလွန် ဆန်းကြယ် လျှို့ဝှက်သော အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ထိုအဖွဲ့အစည်းတွင် အင်အား မည်မျှရှိသည် ဆိုသော အကြောင်းအရာ မဆိုထားနှင့်၊ ၎င်းတို့ မည်သည့် နေရာတွင် တည်ရှိသည် ဆိုခြင်းကိုပင် မည်သူမျှ မသိကြချေ။ ဆေးနတ်ဘုရားဂိုဏ်း တည်ရှိခြင်းအား သက်သေပြနေသည့် တစ်ခုတည်းသော အကြောင်းအရာမှာ နှစ်တစ်ရာပြည့်တိုင်း ၎င်းတို့၏ အဖွဲ့ဝင်တစ်ယောက် ထွက်ပေါ်လာကာ ထျန်းဟောင်ဂြိုဟ် အနှံ့ ခရီးထွက်တတ်ခြင်းပင် ဖြစ်သည်။ ထိုတစ်ယောက်ကား ဆေးနတ်ဘုရားဂိုဏ်း၏ မြင့်မြတ်သော ဆက်ခံသူဟု ဆိုကြ၏။
“မကြာခင်မှာ မြင့်မြတ်တဲ့ ဆက်ခံသူ တစ်ယောက် ကျုပ်တို့ ကမ္ဘာကို ရောက်လာတော့မယ်... သူရဲ့ ခွင့်ပြုချက်နဲ့ ဆိုရင် စီနီယာ အနေနဲ့ တရားဝင် ဆေးဧကရာဇ် ဘွဲ့ကို ခံယူနိုင်ပါလိမ့်မယ်...”
လော့ချန်ရှန်းက သူ၏ စကားအား အဆုံးသတ်လိုက်၏။
သို့သော်လည်း ချန်းဖန်မှာ ထိုအကြောင်းအရာကို ဂရုမစိုက်ပါချေ။ သူသည် ဆေးဧကရာဇ်ဘွဲ့ကို တစ်ခါမျှ စိတ်မဝင်စားခဲ့ချေ။
“ကျုပ် ဒီကို ရောက်လာတာက ဆေးနတ်ဘုရားဂိုဏ်း အကြောင်း ပြောပြဖို့ သက်သက် မဟုတ်ဘူး... ဆွေးနွေးစရာ ကိစ္စလေး တစ်ခုလည်း ရှိလို့ပါ”
လော့ချန်ရှန်းက လေးနက်သော အမူအရာဖြင့် စကားကို ပြန်စလိုက်၏။
“စီနီယာ ရှေးဟောင်း မိစ္ဆာအင်း ဆိုတာကို ကြားဖူးလား...”
“မင်းပြောတာက ထျန်းဟောင်ဂြိုဟ် တားမြစ်နယ်မြေ ကိုးခုထဲက ရှေးဟောင်း မိစ္ဆာအင်းလား...”
ကျိုးကျူရှင်းက ကြားဝင်ကာ မေးလိုက်၏။ ချန်းဖန်က မေးခွန်းထုတ်ဟန်ဖြင့် ကြည့်ရာ ကျိုးကျူရှင်းက အလိုက်တသိဖြင့် ပြောပြလိုက်သည်။
“သခင်... ရှေးဟောင်း မိစ္ဆာအင်း ဆိုတာက ရှေးဟောင်း ကောင်းကင်မိစ္ဆာတွေရဲ့ စစ်မြေပြင် ဖြစ်ခဲ့တဲ့ နေရာ တစ်ခုပါ...အဲဒါကထျန်းဟောင်ဂြိုဟ်နဲ့ ရှေးဟောင်း မိစ္ဆာနယ်မြေကို ချိတ်ဆက်ထားတဲ့ အစီအရင် တစ်ခုဆိုလည်း ဟုတ်ပါတယ်...”
“ဒဏ္ဍာရီတွေ အရဆို အင်းမှာ အလွှာကိုးခု ရှိတယ်တဲ့... ပိုပြီး အောက်ကို ဆင်းလေလေ ပိုပြီး အစွမ်းထက်တဲ့ မိစ္ဆာတွေနဲ့ တွေ့ရလေလေတဲ့... အနက်ဆုံး အလွှာမှာ ဆိုရင် မိစ္ဆာခေါင်းဆောင်ကြီးတွေတောင် ရှိတယ် ပြောတယ်... အဲဒီ အလွှာကို ဆင်းချင်ရင် ကောင်းကင် အရှင်တွေတောင် ဂရုစိုက်ရတယ်တဲ့... ရှေးဟောင်း နတ်ဆိုးအင်းနဲ့ ယှဥ်ရင် ကျုပ်တို့ ဝင်ခဲ့တဲ့ ကမ္ဘာနှစ်ခု ဆုံမှတ်ဆိုတာက လျှိုမြောင်ငယ်လေးပဲ ရှိတယ်...”
ကျိုးကျူရှင်း၏ ရှင်းပြမှုကို နားထောင်ပြီးနောက် လူတိုင်းမှာ အသက်ရှူပင် ကြပ်လာခဲ့၏။
ရှေးဟောင်း မိစ္ဆာမျိုးနွယ်၏ ခေါင်းဆောင်များမှာ လူသား ကောင်းကင်အရှင်များနှင့် တန်းညီသည့် အဆင့်အတန်း ရှိသူများ ဖြစ်ကြသည်။ ထိုအရာက သူတို့သည် ထျန်းဟောင်ဂြိုဟ်တွင် ပြိုင်ဘက်ကင်းကာ ဟန်ရှုံး သတ်မှတ်ချက်ဝင်များကိုပင် အင်းဆက်များကဲ့သို့ အနိုင်ယူနိုင်သည်ဟု ဆိုလို၏။
လော့ချန်ရှန်းက ခေါင်းတစ်ချက် ညိတ်ကာ စကားဆက် လိုက်၏။
"အမှန်ပါပဲ… ရှေးဟောင်း မိစ္ဆာအင်းက ကောင်းကင်အရှင် တထျန်းနဲ့ ရှေးဟောင်း မိစ္ဆာဘုရင်တို့ရဲ့ စစ်မြေပြင် ဖြစ်ခဲ့တာပေါ့… သူတို့ နှစ်ယောက်ရဲ့ စစ်ပွဲဟာ သူတို့ ကမ္ဘာနဲ့ ကျုပ်တို့ရဲ့ ကမ္ဘာကို ဆက်သွယ်နိုင်တဲ့ အာကာသ ဟင်းလင်းပေါက် တစ်ခုကို ဖြစ်ပေါ်စေခဲ့တယ်"
"အဲဒီနောက် နှစ်တိုင်းလိုလိုမှာ မရေမတွက်နိုင်တဲ့ ရှေးဟောင်း မိစ္ဆာတွေဟာ ထျန်းဟောင်ဂြိုဟ်ကို ကျူးကျော်ဖို့ ကြိုးစားခဲ့ကြတယ်… ထို့အတူပဲ ထျန်းဟောင်ဂြိုဟ်ရဲ့ ကျင့်ကြံသူတွေကလည်း မိစ္ဆာတွေကို သတ်ဖြတ်ဖို့ တန်ပြန် ကြိုးစားကြတယ်… ကမ္ဘာနှစ်ခုရဲ့ ခေါင်းဆောင် များစွာဟာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး မရေမတွက်နိုင်တဲ့ အရှင်သခင်တွေ တိုက်ပွဲမှာ ကျဆုံးခဲ့ကြတယ်… ဒါပေမဲ့ ကံကောင်းတဲ့ လူအချို့ကတော့ ကောင်းကင် ရတနာတွေနဲ့ ကောင်းကင် ကျင့်စဉ်တွေကို ရရှိခဲ့ကြတယ်"
ရုတ်ချည်းပင် လော့ချန်ရှန်း၏ အသံက ပိုမို၍ နူးညံ့လာ၏။
"စီနီယာက ကောင်းကင် ကျင့်စဉ်တွေ ကောင်းကင် ရတနာတွေကို ဂရုစိုက်စရာ မလိုတဲ့ အဆင့်တစ်ခုထိ ရောက်ဖူးတယ် ဆိုတာ ကျုပ် ခန့်မှန်းမိပါတယ်… ဒါပေမဲ့ ရှေးဟောင်း မိစ္ဆာအင်းမှာက လက်မလွှတ်သင့်တဲ့ ရတနာ အချို့ ရှိနေတယ်… အချို့ ပြောစကားတွေ အရဆို ရှေးဟောင်း မိစ္ဆာအင်းရဲ့ အောက်ပိုင်းမှာ နတ်ဘုရား အဆင့် သက်ရှည် ဆေးပင်တောင် ရှိတယ် တဲ့"
"နတ်ဘုရား အဆင့် ဆေးပင်…"
ယခု တစ်ကြိမ်တွင်မူ ချန်းဖန်မှာ အနည်းငယ် စိတ်လှုပ်ရှား သွား၏။
သူသည် အစွမ်းအထက်ဆုံးသော ကျင့်စဉ်များ ဖြစ်သည့် အဇူရာ သက်ရှည် ခန္ဓာကိုယ် ကျင့်စဉ်၊ ကောင်းကင် ပန်းချီ ဆယ့်နှစ်ခု ကျင့်စဉ်တို့ကို ကျင့်ကြံထားရာ သာမန် ကောင်းကင် ကျင့်စဉ်များကို စိတ်ဝင်စားခြင်း မရှိပါချေ။ သို့သော်လည်း နတ်ဘုရား ဆေးပင်များမှာမူ လုံးဝ ခြားနား၏။
နတ်ဘုရား ဆေးပင် တစ်ခုချင်းစီသည် ကောင်းကင်နှင့် မြေကြီး၏ အသန့်စင်ဆုံးသော စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် အရာ ဖြစ်သည်။ မည်သည့် နတ်ဘုရား ဆေးပင် မဆို သာမန် သေမျိုး တစ်ယောက်ကို အခြေတည် ဝိညာဉ် (ကောင်းကင်အရှင်) အဆင့် သို့ ရောက်အောင် ပြောင်းလဲ ပစ်နိုင်စွမ်း ရှိသည်။
ချန်းဖန် ဖန်တီးခဲ့သည့် သက်ရှည်ဆေးသည် ထိပ်တန်းအဆင့် ကောင်းကင်ဆေး ဖြစ်သော်လည်း တစ်ဝက်တစ်ပျက် နတ်ဘုရား အဆင့် ဆေးနှင့် နှိုင်းယှဉ်ရန်ပင် အလွန်တရာ ဝေးကွာနေသေးသည်။
"အမှန်ပါပဲ… ရှေးဟောင်း မိစ္ဆာအင်း အောက်ခြေမှာ နတ်ဘုရား ဆေးပင် ရှိတယ် ဆိုတဲ့ အကြောင်းက လူတိုင်းလိုလို ပြောနေကြတာပါ… ဒါပေမဲ့ အဲဒါကို ရဖို့ ဆိုရင် စီနီယာ အနေနဲ့ အတားအဆီး အများကြီးကို ဖြတ်ကျော်ဖို့ လိုအပ်ပါတယ်… တစ်ခါက ကောင်းကင် အရှင် တစ်ယောက်ဟာ အဲဒီ ဆေးပင်ကို ရယူဖို့ ကြိုးစားခဲ့ဖူးတယ်… ဒါပေမဲ့ အဆုံးမှာ သူက နောက်ကိုပဲ ပြန်ဆုတ်ခွာ ခဲ့ရတယ်"
လော့ချန်ရှန်းက ခေါင်းအား ခါယမ်း လိုက်သည်။
"ပြောစကားတွေ အရဆိုရင် ရှေးဟောင်း မိစ္ဆာအင်းမှာ တစ်ဝက်တစ်ပျက် နတ်ဘုရား ဆေးလုံးတွေနဲ့ ထိပ်တန်း အဆင့် ကောင်းကင်ဆေးတွေ အများကြီး ရှိတယ် တဲ့… အဲဒီဟာတွေကတော့ ရယူဖို့ လွယ်ကူလိမ့်မယ် လို့ ကျုပ်ထင်တယ်… အထူးသဖြင့် စီနီယာချန်း အနေနဲ့ပေါ့"
"ဒါဆို… မင်း ဒီကို လာတာက ရှေးဟောင်း မိစ္ဆာအင်းဆီ ဝင်ဖို့ ကျုပ်ကို ဖိတ်ခေါ်ဖို့ပေါ့ ဟုတ်လား…"
ချန်းဖန်က မေးလိုက်၏။
"မိစ္ဆာအင်း အထဲမှာ ရှိတဲ့ အစီအရင်က မကြာခင် ပွင့်တော့မယ်… အစီအရင် တစ်ခါပွင့်တိုင်း ထျန်းဟောင်ဂြိုဟ်ရဲ့ ကျင့်ကြံသူတွေဟာ အထဲကို ဝင်ပြီး ကိုယ်ပိုင် စွမ်းအားကို တိုးတက်ဖို့ ကြိုးစားကြတယ်… ကျုပ်က အဲဒီ ဖိအားကို ကောင်းကောင်း အသုံးချပြီး ကောင်းကင်အရှင် တစ်ယောက် ဖြစ်ဖို့ ရည်မှန်း ထားတယ်"
လော့ချန်ရှန်းက လေးစားသော အမူအရာဖြင့် ဆက်ပြောလိုက်၏။
"ကျုပ်ရဲ့ ဆန္ဒက စီနီယာနဲ့ အတူ ရှေးဟောင်း မိစ္ဆာအင်းကို ဝင်ပြီး တိုက်ပွဲတွေ အတူ ဆင်နွှဲဖို့ပါပဲ… ကျုပ်တို့ နှစ်ယောက်သာ ပူးပေါင်းမယ် ဆိုရင် ရှေးဟောင်း မိစ္ဆာ ဘုရင်ရဲ့ မျိုးဆက်တွေတောင် ကျုပ်တို့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး"
သူ၏ စကားကို နားထောင်ကာ ချန်းဖန်မှာ အတွေးနက် နေခဲ့၏။
ရှေးဟောင်း မိစ္ဆာအင်း၌ နတ်ဘုရား ဆေးပင် ရှိသည့်တိုင် ထိုအရာက ရရှိဖို့ အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။ အကယ်၍ နတ်ဘုရား ဆေးပင်ကို မရနိုင်လျှင်ပင် အနည်းဆုံး ကောင်းကင် အဆင့် ဆေးပင် တစ်ပင်၊ နှစ်ပင်ကို ရရှိနိုင်သည်။ ထို့အပြင် ဆေးပညာ အစည်းအရုံး၏ မြေပုံ၌လည်း ရှေးဟောင်း မိစ္ဆာအင်း အတွင်းရှိ ကောင်းကင် ဆေးပင် အချို့၏ တည်နေရာကို ဖော်ပြ ထားသည်။
ချန်းဖန်၏ အဇူရာ သက်ရှည် ကျင့်စဉ်မှာ မကြာခင် အောင်မြင်ဝောာ့မည် ဖြစ်ပြီး တတိယမြောက် အသွင်ပြောင်းခြင်း နတ်ဘုရား စက်ဝိုင်းကို စတင်ရတော့မည် ဖြစ်သည်။ ထိုအခါ ရှေးဟောင်း မိစ္ဆာအင်းသည် သူ့အတွက် ကျင့်ကြံရန် အကောင်းဆုံး ပတ်ဝန်းကျင် တစ်ခု ဖြစ်လာနိုင်ပေသည်။
ထို့နောက် ချန်းဖန်က လော့ချန်ရှန်း၏ ကမ်းလှမ်းမှုကို ယဉ်ကျေးစွာပင် ငြင်းပယ် လိုက်၏။ သို့သော်လည်း သူက ရှေးဟောင်း မိစ္ဆာအင်းကို ဝင်မည် ဖြစ်ကြောင်း ပြောပြလိုက်သည်။
လော့ချန်ရှန်းသည် ချန်းဖန်၏ ဆုံးဖြတ်မှုကို အံ့အားသင့်ခြင်း မရှိချေ။ သူက မထွက်ခွာခင် မြောက်နတ္ထိနယ်၏ ကောင်းကင် မိသားစုများ အကြောင်း ချန်းဖန်ကို ထပ်လောင်း သတိပေး သွားသေးသည်။ ချန်းဖန်က ခေါင်းညိတ်ကာ သူ့အား ကျေးဇူးတင်စကား ပြောကာ နှုတ်ဆက် လိုက်၏။
လော့ချန်ရှန်း ထွက်ခွာသွားပြီးနောက် လင်းဝူဟွာက မျက်ခုံးပင့်ကာ ချန်းဖန်အား ကြည့်လိုက်သည်။
"စီနီယာချန်း… သူက ဘာအကွက်တွေ ရွှေ့နေတာလဲ… သူ့ ကြည့်ရတာတော့ အရမ်းကို ဖော်ရွေ နေတာပဲ"
မူဟုန်တိနှင့် ယွင်ရီအာတို့ကလည်း ခေါင်းညိတ် လိုက်ကြသည်။ သူတို့သည် လော့ချန်ရှန်းနှင့် ပတ်သက်၍ အမြဲတမ်း တစ်စုံတစ်ခု ထူးဆန်းနေသလို ခံစား နေကြရသည်။
"ရှေးဟောင်း မိစ္ဆာအင်းကို ရောက်ရင် သူရဲ့ စိတ်ရင်းအမှန်ကို မြင်ရမှာပါ"
ချန်းဖန်က ပြုံးလိုက်သည်။
ထို့နောက် သူတို့သည် သစ်တော အတွင်းပိုင်းရှိ မြေရိုင်း တောင်ကုန်း တစ်ခုနားသို့ ရွှေ့ပြောင်း လိုက်ကြသည်။ ချန်းဖန်သည် တောင်ကုန်း၏ ထိပ်သို့ ပျံတက်ကာ တင်ပျဉ်ချိတ် ထိုင်လိုက်၏။ သူသည် သူ၏ နတ်ဘုရား ခန္ဓာအား ပြည့်စုံခြင်း အဆင့်သို့ ရောက်စေရန်နှင့် နတ်ဘုရား စက်ဝိုင်း ဒုတိယ အသွင်ပြောင်းခြင်းကို အောင်မြင်စေရန် အချိန် ရောက်ပြီ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။
"ဘုန်း…"
အဆင့်တက်ခြင်းကို စတင်သည်နှင့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံး တစ်ခုမှာ ချန်းဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ၎င်းသည် မြေပြင်ကို တုန်ရီစေကာ တောင်တန်းများကိုပင် လှုပ်ရှား သွားစေသည်။
ထို့နောက် ချန်းဖန်၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားမှာ တဖြည်းဖြည်းနှင့် မမျှော်မှန်းနိုင်သော အဆင့် တစ်ခု အထိ မြင့်တက် လာခဲ့ဝောာ့သည်။
***