ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ဆရာအဖြစ်တင်ချင်သွားခြင်း
Vol. 22 Ch. 324
ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်၏အကျိုးအမြတ်သည် ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်ထက် ပိုပြီးများသည်မှာ သိသာလှ၏။ သူက တာအိုကို နှစ်ပေါင်း(၁၅၀)ကြာ နားလည်ဆင်ခြင်ခဲ့ပြီး သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်ထက်နှစ်(၅၀)ပိုများသည်။ သူသည် ကောင်းကင်နှင့်မြေကြီးဥပဒေသများကို နားလည်ခဲ့ပြီး အင်မော်တယ်ဝင်ပေါက်ကိုဖွင့်လှစ်ကာ ဥပဒေသစွမ်းအားများဖြင့် ပေါင်းစပ်လိုက်သည်။
ယခုတော့ ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်သည် တာအိုဉာဏ်အလင်းပွင့်ခြင်းပြီးဆုံးသည်နှင့် တိုက်ရိုက်ပဲ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်သို့ တိုးတက်သွားတော့၏။ ကောင်းကင်နှင့်မြေကြီးလှုပ်ခါကာ ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာသည်။ မွေးရာပါပါ့ကွားအစီအရင်က ရှေးဟောင်းအင်မော်တယ်ဂိုဏ်းနယ်မြေတစ်ခုလုံးကို ဖုံးအုပ်သွားတော့သည်။
များပြားသည့် အင်မော်တယ်ချီများ တဟုန်ထိုးမြင့်တက်လာသည်။
ထိုချီများကို ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်ခန္ဓာထဲသို့ ပစ်ထည့်လိုက်သည်။
"မဆိုးဘူး" ချီမင်က ခေါင်းအသာညိတ်ကာ ကြည့်နေလိုက်သည်။
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်ကဆိုလိုက်သည်။"ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်က တာအိုကို ငါ့ထက်နှစ်ပေါင်း(၅၀)ပိုပြီးနားလည်ခဲ့တယ်။ အခု သူနိုးလာတာနဲ့ တိုက်ရိုက်ကို အဆင့်ချိုးဖြတ်သွားတော့တယ်။ ငါလည်း အကျိုးအမြတ်ရတယ်ဆိုပေမဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ရောက်ဖို့ အနည်းဆုံးနှစ်တစ်ထောင်လောက် ကျင့်ကြံဖို့လိုသေးတယ်။"
"ကျင့်ကြံခြင်းအဆင့်တိုးလာတဲ့အတွက် ဘိုးဘေးကောင်းကင်ခိုးယူခြင်းကို ဂုဏ်ပြုပါတယ်။"
"ဂုဏ်ပြုပါတယ် ဘိုးဘေးကောင်းကင်ခိုးယူခြင်း"
“…”
ရှေးဟောင်းအင်မော်တယ်ဂိုဏ်းထဲတွင် ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်အဆင့်တက်လိုက်သည့်ထူးခြားဖြစ်စဉ်က အတော်လေးကြီးမားသောကြောင့် မရေမတွက်နိုင်သည့် သက်ရှိများကို ဆွဲဆောင်လိုက်သည်။ ရွှေအင်မော်တယ်များ၊မဟာဆန်းကြယ်အင်မော်တယ်များနှင့် ကျန်သောသူများက ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
အချိန်ကုန်ဆုံးသွားသည်။
သုံးရက်ကြာပြီးနောက် သူ့ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်ခြင်းပြီးဆုံးကာ အင်မော်တယ်ဝင်ပေါက်ကိုလည်း အောင်မြင်စွာ တည်ဆောက်နိုင်သွားသည်။ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ကိုရောက်သွားတော့သည်။သို့ပေမဲ့ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်မလုပ်ရသေးချေ။ စွမ်းအားကြီးအရှိန်အဝါတစ်ခု ပျံ့နှံလာသည်။
ချီမင်သည်လည်း ဖိအားအနည်းငယ်ကို ခံစားလိုက်ရသည်။
သူက နောက်ဆုံးမှာတော့ ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်၌သာဖြစ်၏။
"မဆိုးဘူး" ချီမင်က ဆက်ပြောသည်။
မျက်စိတမှိတ်အတွင်းမှာ လဝက်ကြာသွားကာ ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်သည် ကျင့်ကြံခြင်းအဆင့်တည်ငြိမ်အောင် လုပ်ပြီးသွား၏။ သူက ဓမ္မစွမ်းအားများကို လျင်မြန်စွာဖြင့် ပေါင်းစပ်လိုက်ပြီး ထူးခြားဖြစ်စဉ်များအားလုံးပျောက်ကွယ်သွားစေတော့သည်။ သူက ကောင်းကင်ပေါ်သို့ ခုန်တက်သွားကာ ချီမင်ရှေ့တွင်ရပ်တန့်လိုက်သည်။
"ဂျူနီယာကောင်းကင်ခိုးယူခြင်းက စီနီယာရဲ့လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"
ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်က ချီမင်ကိုအရိုအသေပြုကာ အလွန်အမင်းလေးစားသည့်လေသံဖြင့်ပြောလိုက်သည်။သူ့အသံက တပည့်တစ်ယောက်က သူ့ဆရာကို ဂါဝရပြုနေရသည့်အလားပင်။"စီနီယာရဲ့ သင်ပြပေးမှုကြောင့် ကျွန်တော် မိုးမြေဥပဒေသတွေရဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေကို နားလည်နိုင်ခဲ့ပြီး အင်မော်တယ်ဝင်ပေါက်တွေရဲ့ ဆန်းကြယ်မှုတွေကို နားလည်နိုင်ခဲ့တာပါ။ ကျွန်တော် အင်မော်တယ်ဝင်ပေါက်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်သွားပြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ရောက်သွားပါပြီ။"
"စီနီယာ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အရိုသေပြုမှုကို လက်ခံပေးပါ။" ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်သည် ဦးညွှတ်လိုက်ပြန်၏။
ချီမင်က တည်ငြိမ်စွာလက်ခံလိုက်ကာ ပြောသည်။"ဒါက ခင်ဗျားရဲ့ကိုယ်ပိုင်ကံကောင်းခြင်းပဲ။ ကျွန်တော့်ကို အရမ်းတွေကျေးဇူးတင်ဖို့ မလိုအပ်ဘူး။"
နောက်ပိုင်းအချိန်တွေမှာ ချီမင်သည် ရှေးဟောင်းအင်မော်တယ်တာအိုခန်းမတွင် နေခဲ့သည်။ သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်နှင့်ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်တို့က မထွက်သွားသေးပေ။ သူတို့က သူတို့နားလည်ထားသည့်အရာများကို ဆက်ပြီးချေဖျက်နေခဲ့သည်။
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်ကတော့ မနိုးထသေးပေ။
သူက တာအိုကိုနားလည်ဆင်ခြင်နေသေးသည်။
ပိုပြီးအရေးကြီးသည်က။
ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတစ်ခုလုံးတွင် ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်အပြင် တာအိုကိုဆက်ပြီး နားလည်ဆင်ခြင်နေသည့် နောက်ထပ်တခြားသော သူရှိနေသေး၏။ သူက အမွေခံတောင် ကိုကာကွယ်စောင့်ရှောက်နေသည့် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာအကြီးအကဲ ဘိုးဘေးစိတ်ဝိညာဉ်ငါးပါးဖြစ်သည်။
ဘိုးဘေးစိတ်ဝိညာဉ်ငါးပါးသည် ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်၌ဖြစ်သည်။ ယင်းအပြင် သူက ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ရောက်နေသည်မှာနှစ်(၂၀၀,၀၀၀)နီးပါးရှိ၏။ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်သို့ချိုးဖြတ်ဖို့ အခွင့်အရေးမရသေးချေ။
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတမှိတ်အတွင်းမှာ နှစ်ငါးဆယ်ကြာသွားသည်။
ယနေ့နေ့လည်ခင်းမှာတော့။
ချီမင်က ကောင်းကင်နှင့်မြေကြီးဥပဒေသများ၏ အလွန်အမင်းပြင်းထန်သည့်လှုပ်ခါမှုများကို အာရုံခံလိုက်မိသည်။ သူက ခေါင်းအသာမော့ကာ ကြည့်လိုက်တော့ ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က မျက်စိဖွင့်လာသည်ကို တွေ့လိုက်ရ၏။ သူ့နောက်မှာ အဆုံးမဲ့အချိန်နှင့်နေရာလွတ်ကိုဖြတ်သန်းလာခဲ့သည့်အလား ရှေးဟောင်းအင်မော်တယ်အရှင်၏ပုံရိပ်ယောင်ကိုတွေ့လိုက်၏။
"ဒါက..."
ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်၏ ပျော်ရွှင်စိတ်လှုပ်ရှားမှုများပြည့်နှက်နေသည့် မျက်လုံးပွင့်လာသည်။"တာအိုရောင်းရင်းရှေးဟောင်းအင်မော်တယ် အဆင့်ချိုးဖြတ်တော့မယ်။"
" တာအိုရောင်းရင်းရှေးဟောင်းအင်မော်တယ်ဆိုတဲ့အတိုင်းပဲ။"
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က အသက်ပြင်းပြင်းရှုကာ သူ့နှလုံးသားထဲတွင် မနာလိုမှုများပြည့်နှက်နေ၏။"တာအိုရောင်းရင်းရှေးဟောင်းအင်မော်တယ်က မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ကို ရောက်နေပြီ။ သူက အဲ့ဒီအဆင့်မှာပိတ်မိနေတာ နှစ်ချီနေပြီ။ အခု တာအိုရောင်းရင်းရှေးဟောင်းအင်မော်တယ်က အဆင့်ချိုးဖြတ်တော့မှာဆိုတော့ ကျိန်းသေပေါက် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နှောင်းပိုင်းကို ခြေချနိုင်ပြီပဲ။"
"ဂုဏ်ပြုပါတယ်။"
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ခေါင်းမော့လိုက်သည်။ သူကိုယ်က ကောင်းကင်ပေါ်သို့ပျံတက်သွားပြီး မရေမတွက်နိုင်သော အလင်းများ ပေါက်ကွဲထွက်လာသည်။ ဥပဒေသများသည် မြင့်တက်လာပြီး ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်အနားတွင် ရေစီးကြောင်းများအလား လည်ပတ်လာသည်။
ယင်းဥပဒေသများက အလင်းစီးကြောင်းတစ်ခုအလား ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်ကိုယ်ထဲသို့ ပေါင်းစပ်သွားတော့၏။အင်မော်တယ်ဝင်ပေါက်များသည် တစ်ခုပြီးတစ်ခုပွင့်လာကာ အတိအကျ(၁၂၉,၆၀၀)ပေါက်ဖြစ်သည်။
အင်မော်တယ်ဝင်ပေါက်အရေအတွက်က မူလအစတစ်ခုဖြင့်ကိုက်ညီသည်။
တစ်ချိန်တည်းမှာ ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်သည်လည်း သူ၏အင်မော်တယ်ဝင်ပေါက်များကိုဖွင့်ပြီးသွားသည့်အဓိပ္ပာယ်ဖြစ်ကာ ပြီးပြည့်စုံခြင်းအကန့်အသတ်အဆင့်ထိရောက်သွားသည်။ သူက အဆင့်ချိုးဖြတ်ချင်ပါက ပိုပြီးမြင့်သည့်နယ်ပယ်တစ်ခုကိုရောက်သွားတော့၏။
ဘုန်း ဘုန်း ဘုန်း
ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်များသည် တစ်ခုပြီးတစ်ခုပေါ်လာသည်။ ပန်းပေါင်းများစွာပွင့်လန်းလာကာ ရွှေကြာပန်းများသည် မြေပြင်ပေါ်သို့တိုးထွက်လာသည်။ မရေမတွက်နိုင်သော အလင်းများတောက်ပလာပြီး ရှေးဟောင်းအင်မော်တယ်အရှင်၏ပုံရိပ်ယောင်သည် ရှေးဟောင်းအင်မော်တယ်ပုံရိပ်အဖြစ်ပြောင်းလဲသွားတော့သည်။
ကြီးမားသည့်ထူးခြားဖြစ်စဉ်မဓမ္မရုပ်တုတစ်ခုသည် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ရှေ့တွင် ထွက်ပေါ်လာ၏။
အရာအားလုံးကိုဖိနှိပ်နိုင်ဟန်ရသည်။
"ဂုဏ်ပြုပါတယ် ဘိုးဘေးရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်။ အင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ်ရဲ့ အကြီးစားအောင်မြင်မှုအဆင့်ကို ရောက်ပြီး မြင့်မြတ်ကောင်းကင်တာအိုကိုရရှိသွားလို့ဂုဏ်ပြုပါတယ်။"
"ဂုဏ်ပြုပါတယ် ဘိုးဘေးရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်..."
“…”
ချက်ချင်းဆိုသလိုပင် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာအကြီးအကဲနှင့်အင်မော်တယ်များက ညီညာစွာဖြင့် ဂုဏ်ပြုလိုက်၏။ သူတို့အသံများက အတော်လေးကျယ်လောင်ပြီး ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်ကို ဦးညွှတ်လိုက်သည်။
"ဟားဟား..."ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်၏လွတ်လပ်စွာရယ်မောသည့်အသံက အရပ်မျက်နှာအနှံကို ပျံ့နှံ့သွားတော့၏။ သူ့အရှိန်အဝါက တဖြည်းဖြည်းသန်မာလာကာ အကန့်အသတ်ထိရောက်ရှိသွား၏။
ထို့နောက် သူက အကန့်အသတ်ထိချိုးဖြတ်သွားတော့သည်။
ခုနစ်ရက်ကြာပြီးနောက်။
"ကျိုးပျက်"
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ရယ်မောကာ အင်အားကုန်ထုတ်သုံးလိုက်သည်။ သူက အကန့်အသတ်ထိချိုးဖြတ်သွားသည်။သူက တာအိုကို နှစ်(၂၀၀)ကြာနားလည်ကာ သီးသန့်ကျင့်ကြံခဲ့သည်။ သူက ခုနစ်ရက်ကြာကျင့်ကြံခဲ့ဆင်ခြင်ခဲ့ပြီးပြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်သို့ အောင်မြင်စွာရောက်ရှိသွားတော့သည်။
ရှေးဟောင်းအင်မော်တယ်အရှင်၏ပုံရိပ်ယောင်က ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပေါင်းစပ်သွားတော့သည်။ ယခုကစပြီး သူကရှေးဟောင်အင်မော်တယ်အရှင်ဖြစ်သလို ရှေးဟောင်းအင်မော်တယ်အရှင်ကလည်း သူဖြစ်၏။
"ဟားဟား"
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ကောင်းကင်၌ရယ်မောလိုက်သည်။ သူ့အရှိန်အဝါက ခမ်းနားကြီးကျယ်လှသည်။
တစ်လကြာတော့ ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်သည် ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်နိုင်သွားသည်။
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်သည် ကောင်းကင်မှသက်ဆင်းလာပြီး ရှေးဟောင်းအင်မော်တယ်တာအိုခန်းမသို့ ပြန်လာသည်။ သူက ချီမင်ရှေ့တွင် ရပ်လိုက်သည်။ ခုနကကြီးကျယ်ခမ်းနားလှပါသည်ဆိုသော ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ချီမင်၏ရှေ့တွင် စည်းကမ်းကြီးသည့်ဆရာနှင့်ရင်ဆိုင်နေရ၍ ထိတ်လန့်နေရသည့်ကျောင်းသားလေးတစ်ဦးအလား အရှိန်အဝါများကိုချုပ်ထိန်းထားသည်။
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်၏အကျိုးအမြတ်က ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်ထက်တောင်သာသေးသည်။ ထို့ကြောင့်သူက ချီမင်၏ဟောကြားချက်ကို ပိုပြီးနားလည်၏။
သူပိုပြီးနားလည်လေ ပိုပြီးလေးစားလာလေဖြစ်သည်။
"တပည့် ရှေးဟောင်းအင်မော်တယ်က ဆရာ့ကို အရိုအသေပြုပါတယ်။"
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က သူ့ကိုယ်သူတပည့်တစ်ဦးအဖြစ်နှိမ့်ချကာပြောဆိုလိုက်သည်။ ထိုအပြုအမူမျိုးက ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်နှင့်သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်တို့ကို ကြောင်အသွားစေသည်။
"တာအိုရောင်းရင်းရှေးဟောင်းအင်မော်တယ်..ခင်ဗျား"ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်က ကြောင်အနေသည်။
"ဘာကိုဆိုလိုတာလဲ။” သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က မေးလိုက်သည်။"ရှင်က စီနီယာကို ဆရာအဖြစ်တော်ချင်လို့လား။" "ဒီ..."
"ထပါ။” ချီမင်သည်လက်ဝေ့ယမ်းကာ ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်ပေါ်သို့ အားတစ်ခုကိုပစ်လွှတ်လိုက်၏။ သူက မနေနိုင်တော့ဘဲ မတ်တပ်ရပ်လိုက်ရသည်။"ငါကမင်းရဲ့ဆရာလည်းမဟုတ်သလို မင်းကငါတပည့်လည်းမဟုတ်ဘူး။
"ဟုတ်။" ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က သက်ပြင်းချလိုက်ရ၏။ သူက တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းကို ဆရာမတော်လိုက်ရသည့်အတွက် နောင်တရသွားသည်။ သို့ပေမဲ့ သူက ချီမင်မကျေနပ်သည့် အရာများကို အတင်းမလုပ်လိုပေ။"ဟုတ်"
(၄၉)ရက်ကြာတာအိုဆွေးနွေးခြင်းသည် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်သုံးဦး၏ ကျင့်ကြံခြင်းကိုတိုးတက်သွားစေသည့်အပြင် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတစ်ခုလုံးကိုပါ အဆင့်တစ်ဆင့်မြင့်သွားစေ၏။
ထိုလုပ်ရပ်က ခက်ခဲနက်နဲပေသည်။
ပြီးပြည့်စုံခြင်းအင်မော်တယ်တစ်ပါးက ဘယ်လိုများလုပ်လိုက်တာပါလိမ့်။
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ပြီးပြည့်စုံခြင်းအင်မော်တယ်တစ်ပါးကို ဆရာအဖြစ်တော်ချင်သည်ကို မတုန့်ဆိုင်းသွားစေချေ။ ကံဆိုးချင်တော့ ချီမင်က သဘောမတူပေ။ ပိုပြီးအရေးကြီးတာက သူရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်ကို မြင့်မြင့်တွေးမထားပေ။ ထိုသူက သူ့တပည့်ဖြစ်လာဖို့ အရည်အချင်းမပြည့်မှီပေ။
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်နှင့်ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်တို့၏ကုသိုလ်ကောင်းချီးက ရှေးဟောင်အင်မော်တယ်ထက်တောင် နည်းပြီး မလုံလောက်ပေ။ ထို့ကြောင့် သူတို့က ချီမင်၏အခြေခံနှင့် စည်းမျဉ်းများကို နားမလည်ထားပေ။
မဟုတ်ရင် သူတို့က ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်ကဲ့သို့ ချီမင်ထံတွင် တပည့်ဖြစ်လာဖို့ကြိုးစားနိုင်သည်။
"မင်းကိုပြောစရာတစ်ခုခုရှိသေးတယ်။” ချီမင်ကပြောလိုက်သည်။"မင်းတို့တာအိုကိုကျင့်ကြံနေတုန်း ငါအမွေအနှစ်ခန်းမကိုသွားပြီး ရှေးဟောင်းအင်မော်တယ်ဂိုဏ်းမှာရှိတဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်တွေကိုပွားယူထားတယ်။"
"စီနီယာ" ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်ကပြောလိုက်သည်။"စီနီယာ ဟောကြားပေးလို့ ကျွန်တော်တို့ကျင့်ကြံခြင်းအဆင့်တွေတိုး တက်လာ ကြတယ်။ အကျိုးအမြတ်အများကြီးရတယ်။အဲ့ဒါက ပိုပြီးအဖိုးတန်ပါတယ်။ အမွေအနှစ်ခန်းမထဲက ကျင့်ကြံခြင်းနည်းစနစ်တွေကို ခေါက်ထားလိုက်ပါဗျာ။ ကျွန်တော်တို့ရှေးဟောင်းအင်မော်တယ် ဂိုဏ်းအနေနဲ့ စီနီယာကိုပေးဖို့က ပြဿနာတစ်ခုမဟုတ်ပါဘူး။"
"ဟုတ်တယ်။ဟုတ်တယ်" ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်က ခေါင်းညိတ်လိုက်သည်။"စီနီယာ ကျွန်တော့်မှာလည်း မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ်သုံးခုနဲ့ ရွှေအင်မော်တယ်နည်းစနစ်ဆယ်ခုရှိပါတယ်။ စီနီယာ ကျေးဇူးပြုပြီးလက်ခံပေးပါ။"
"ကျွန်မမှာလည်း တစ်ခုရှိတယ်။"သန့်စင်ကြာပန်းကပြောလိုက်သည်။
ချီမင်သည် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်သုံးခုကို ရလိုက်သည်။
"မဆိုးဘူး" ချီမင်သည် အင်မတန်စိတ်ကျေနပ်သွား၏။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်းက ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်(၅၀၀)ပေါင်းစပ်ပေးဖို့လိုအပ်ပါတယ်။ ထို့ကြောင့် တွက်ချက်နိုင်သည့် ကျင့်ကြံခြင်းနည်းစနစ်များကို ပေါင်းစပ်နှုန်းက တိုးတက်သွာပါတယ်။”
အသိပေးချက်တစ်ခုပေါ်လာသည်။
"မဆိုးဘူး" ချီမင်ခဏလောက်စဉ်းစားကာဆိုသည်။" ငါနောက်ထပ် ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်းနဲ့ ဖုန်းမျိုးနွယ်ကို သွားရဦးမယ်။ ငါ အဲ့ဒီဂိုဏ်းသုံးခုက ကျင့်ကြံခြင်းနည်းစနစ်တွေကို စုဆောင်းရဦးမယ်။ ငါ ဖရိုဖရဲမဟာတာအိုကျမ်း:ရွှေအင်မော်တယ်အပိုင်းကို တွက်ချက်ရဦးမယ်။"
မျက်စိတမှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ရာကြာသွားသည်။
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာအကြီးအကဲဘိုးဘေးစိတ်ဝိညာဉ်ငါးပါးက နိုးထလာသည်။ သူက တာအိုကိုနားလည်ဆင်ခြင်နေခဲ့ပြီး ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်ထက်ဆယ်နှစ်ကျော်ကြာ သီးသန့်ကျင့်ကြံခဲ့သည်။ သူနိုးလာတာနဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကို ချိုးဖြတ်သွားသည်။
ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတစ်ခုလုံးတွင် ပေါက်ကွဲသံမျာ ထွက်ပေါ်လာပြီး ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်၊ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်၊သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်တို့၏အာရုံကို ဆွဲယူသွားသည်။ သူတို့က ရှေးဟောင်းအင်မော်တယ်တာအိုခန်းမမှ ထွက်လာသည်။
တစ်ချိန်တည်းမှာ ရွှေအင်မော်တယ်များစွာ၊တပည့်များစွာနှင့် အကြီးအကဲများစွာက စောင့်ကြည့်နေကြသည်။
"ဒါက..."
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ခဏလောက်ကြောင်အသွားကာ အံ့အားသင့်စွာပြောလိုက်သည်။"စိတ်ဝိညာဉ်ငါးပါး သူက စိတ်ဝိညာဉ်ငါးပါးပဲ။ သူ နောက်ဆုံးအတားအဆီးကို ချိုးဖြတ်နိုင်သွားပြီ။ သူ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကို တက်တော့မယ်။"
"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်"
ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်က အကြိမ်အနည်းငယ်ရယ်မောလိုက်သည်။"ကောင်းတယ်။ ကိစ္စကောင်းပဲ။ ငါတို့ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက နောက်ထပ် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါးကိုမွေးဖွားပေးနိုင်ရင် နောက်တစ်ဆင့်မြင့်တက်သွားလိမ့်မယ်။"
"ငါတွက်ချက်တာမှန်တယ်။"
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ခဏလောက်စဉ်းစားကာဆိုသည်။"ဒီကမ္မကပ်ဘေးဒုက္ခပြီးတော့ ငါတို့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါးကို မွေးထုတ်နိုင်လိမ့်မယ်။ ဒါပေမဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်က တာအိုစိတ်ဝိညာဉ်ငါးပါးဖြစ်နေမယ် မထင်ထားဘူး။ ပြီးတော့ သူက စီနီယာ ကောင်းကင်ဉာဏ်အလင်းကြောင့် ဉာဏ်အလင်းရသွားတာ။"