← Chapters

ဆက်လက်တိုးတက်ခြင်း

Vol. 22 Ch. 325

ဆက်လက်တိုးတက်ခြင်း

Vol. 22 Ch. 325

ချီမင်သည် ထရပ်ကာ ရှေးဟောင်းအင်မော်တယ်တာအိုခန်းမမှ ထွက်လာခဲ့သည်။ သူက ခေါင်းအသာမော့ကာ လေဟာနယ်ထဲတွင် တင်ပျဉ်ခွေချိတ်ကာထိုင်နေသည့် ရွှေအင်မော်တယ်စိတ်ဝိညာဉ်ငါးပါးကို ကြည့်လိုက်သည်။ ချီမင်၏မျက်လုံးထဲတွင် အင်မော်တယ်ဝင်ပေါက်များ တစ်ခုပြီးတစ်ခုပွင့်လာသည်။ ကောင်းကင်နှင့်မြေကြီးဥပဒေသစွမ်းအားများ အင်မော်တယ်ဝင်ပေါက်များထဲသို့ စီးဝင်လာကာ ပေါင်းစပ်သွားသည်။

ရွှေအင်မော်တယ်စိတ်ဝိညာဉ်ငါးပါး၏အဆင့်ချိုးဖြတ်မှုက အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားသည်။ မြင့်မြတ်ကောင်းကင်များ အဆင့်ချိုးဖြတ်တုန်းကလောက် မကြီးမားပေမဲ့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတစ်ခုလုံးကိုတော့ ဆွဲဆောင်နိုင်သည်။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်းထဲတွင် အကြီးအကဲများနှင့်တပည့်များက လှမ်း၍ကြည့်နေကြ၏။အထူးသဖြင့် ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်၌နှစ်ပေါင်းများစွာ ပိတ်မိ၍နေခဲ့သော မဟာအကြီးအကဲများ ဖြစ်သည်။ သူတို့၏အကြည့်များကား မနာလိုမှုများဖြင့် ပြည့်နှက်နေသည်။

ကံဆိုးချင်တော့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတစ်ခုလုံးတွင် ရွှေအင်မော်တယ်မဟာအကြီးအကဲများစွာ ရှိသော်လည်း စိတ်ဝိညာဉ်ငါးပါးကဲ့သို့ မည်သူမှ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလွှာပါးကို မချိုးဖြတ်နိုင်ခဲ့ချေ။

ရွှေအင်မော်တယ်စိတ်ဝိညာဉ်ငါးပါးတစ်ဦးတည်းသာဖြစ်သည်။

နှစ်တစ်ဝက်ကြာပြီးနောက်။

ရွှေအင်မော်တယ်စိတ်ဝိညာဉ်ငါးပါး၏ အဆင့်ချိုးဖြတ်ခြင်းပြီးမြောက်သွားတော့၏။ ထိုသို့ဖြင့် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတွင် လေးယောက်မြောက် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါးရှိလာပြီဖြစ်သည်။ ဂိုဏ်းတစ်ခုလုံး၏အင်အားက ရှေးဟောင်းအင်မော်တယ်မြို့တော်တစ်ခုလုံးရှိဂိုဏ်းအဖွဲ့အစည်းအားလုံးကို ချေမှုန်းနိုင်တော့ပေမည်။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်းသည် ရှေးဟောင်းအင်မော်တယ်မြို့တော်နယ်နိမိတ်ကို အုပ်ချုပ်နိုင်စွမ်းရှိနေပြီဖြစ်သည်။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်းကတော့ ထိုသို့မလုပ်သလို လုပ်လည်းမလုပ်ရဲပေ။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက ထိုသို့လုပ်လိုက်ပါက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အခွင့်အာဏာကို စိန်ခေါ်သလို ဖြစ်သွားပေလိမ့်မည်။ သူတို့က ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ထံမှ အပြစ်ပေးခံရနိုင်သလို ဖျက်ဆီးတောင် ခံရနိုင်ပေသည်။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက အားမနည်းပေမဲ့ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကိုတော့ မယှဉ်သာသေးချေ။ ခြားနားချက်ကြီးမားလွန်းပြီး လုံးဝကိုမတူညီသည့်အဆင့်၌ဖြစ်၏။

ထို့ပြင် ရွှေအင်မော်တယ်စိတ်ဝိညာဉ်ငါးပါး၏အဆင့်ချိုးဖြတ်မှုကြောင့်ဖြစ်ပေါ်လာသည့် ကိစ္စက တကယ့်ကို သေးသေးလေးမဟုတ်ပေ။ ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်နှင့်ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်တို့၏ အဆင့်ချိုးဖြတ်သွားမှုထက်တောင် အံ့ဩဖွယ်ကောင်းသည်။

သိပ်မကြာလိုက်ခင်မှာပဲ သက်ဆိုင်ရာသတင်းများက ရှေးဟောင်းအင်မော်တယ်မြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားတော့၏။

ဂိုဏ်းအဖွဲ့အစည်းများစွာသည် ၎င်းသတင်းကို လက်ခံရရှိခဲ့ကြပေသည်။

"ကမ္မကပ်ဘေးဒုက္ခက တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းကြောင့် ပြောင်းလဲသွားပြီ။ ဒါပေမဲ့ အဆုံးသတ်ကိုတော့ ရောက်နေပြီ။ ငါမမျှော်လင့်ထားတာက ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့အင်အားက ဒီကိစ္စကြောင့် အတော်လေးတိုးတက်သွားတာပဲ။လေးယောက်မြောက် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါး ပေါ်ထွန်းလာပြီ။"

ငွေတောင်ပံမြင့်မြတ်ကောင်းကင်က လေးနက်စွာ ပြောကြားလိုက်သည်။

ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်က ခေါင်းငုံ့ကာ အသံနိမ့်နိမ့်ဖြင့် ပြောသည်။"ငါ စုံစမ်းပြီးပြီ။ ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်နဲ့ကျန်တဲ့သူတွေ အဆင့်တတ်သွားနိုင်ရတဲ့အကြောင်းအရင်းက တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းနဲ့တာအိုဆွေးနွေးပြီး ဉာဏ်အလင်းပွင့်သွားကြလို့ပဲ။ သူတို့က မိုးမြေဥပဒေသတွေကို နားလည်ပြီး သူတို့ရဲ့အင်မော်တယ်ဝင်ပေါက်တွေကို တည်ဆောက်နိုင်ခဲ့တယ်။အဲ့ဒါကြောင့် သူတို့က အဆင့်ချိုးဖြတ်နိုင်သွားကြတာပဲ။"

"ဒီကိစ္စတွေအကုန်လုံးက တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းနဲ့ ဆက်စပ်နေတယ်။" ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်က ပြောလိုက်သည်။"ငါတို့လည်း တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်းကို ဧည့်သည်အဖြစ် ဖိတ်ခေါ်ရမယ်။ ငါတို့လည်း သူနဲ့တာအိုဆွေးနွေးပြီး အဆင့်ချိုးဖြတ်သွားနိုင်တယ်။ အဲ့အချိန်ကျရင် တာအိုရောင်းရင်းကောင်းကင်ဉာဏ်အလင်း သဘောတူပါ့မလားပဲ သိချင်တယ်။"

နှစ်ရာချီကုန်လွန်သွားခဲ့ပြီး ကမ္မကပ်ဘေးဒုက္ခလည်း အဆုံးသတ်သို့ရောက်လာခဲ့သည်။ ကမ္ဘာကြီးထဲတွင် ကမ္မက ငြိမ်သက်သွားပြီး အကုသိုလ်များသည်လျော့ပါးသွားပြီး ကပ်ဘေးချီများ ပျောက်ကွယ်သွားသောကြောင့် အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားတော့သည်။

နောက်ထပ် နှစ်ဝက်ကုန်လွန်သွားခဲ့သည်။

ချီမင်က ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်နှင့်ကျန်သောသူများကို နှုတ်ဆက်ကာ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းမှ ထွက်လာခဲ့လိုက်သည်။ ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က သူ့ကို ထပ်နေဦးဖို့ တိုက်တွန်းပေမဲ့ ချီမင်ကတော့ သဘောမတူဘဲ ထွက်ခဲ့ခြင်းဖြစ်၏။

ထို့နောက်သူက ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်း၊ဖုန်းမျိုးနွယ်နှင့် ရှေးဟောင်းအင်မော်တယ်မြို့တော်တို့၏ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။ ချီမင်က သူ၏မူလအစီအစဉ်အတိုင်း အားလုံးထံသို့ သွားရောက်လည်ပတ်ခဲ့၏။

နေ့တစ်ဝက်ကြာတော့ ချီမင်သည် ငွေတောင်ပံဘီလူးမျိုးနွယ်ထံသို့ သွားရောက်ခဲ့သည်။ သူတို့ကမွေးဖွားလာတည်းက အံ့ဖွယ်စွမ်းအားများ၌ ပါရမီရှိကြ၏။ သူတို့က ငွေရောင်မှော်စာလုံးများ၏စွမ်းအားကို နားလည်ထားကြပြီး အဆောင်တာအိုဥပဒေသများ အဖြစ်ပြောင်းလဲပစ်နိုင်သည်။ သူတို့အင်အားက မနည်းပေ။

အထက်ကမ္ဘာတွင် သဘာဝမျိုးကွဲလူသားများစွာရှိပြီး တစ်ချို့ကတော့ အတော်လေးစွမ်းအားကြီးသည်။ ဥပမာအနေဖြင့် နဂါး၊ဖီးနစ်၊ချီလင်စသည်တို့ဖြင့် ယှဉ်နိုင်သော စွမ်းအားကြီးလူသားမျိုးကွဲများရှိသည်။

ငွေတောင်ပံဘီလူးမျိုးနွယ်က မဆိုးပေ။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါး စောင့်ရှောက်ထားသည့် ပထမတန်းစားအင်အားစုဖြစ်သည်။ ထို့ပြင် ယင်းက ရှေးဟောင်းအင်မော်တယ်မြို့တော်ထဲမှ လူသားမျိုးကွဲကျွမ်းကျင်သူများ၏ခေါင်းဆောင်ဖြစ်သည်။

"ကြိုဆိုပါတယ် တာအိုရောင်းရင်း ကောင်းကင်ဉာဏ်အလင်း။"

ငွေတောင်ပံဘီလူးမျိုးနွယ်နယ်မြေထဲတွင် ချီမင်ရောက်လာတော့ အတော်လေး ခမ်းနားသည့်မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ငွေတောင်ပံမြင့်မြတ်ကောင်းကင်က ရွှေအင်မော်တယ်အကြီးအကဲများ၊မဟာဆန်းကြယ်အင်မော်တယ်များနှင့် ငွေတောင်ပံဘီလူးမျိုးနွယ်၏ကျွမ်းကျင်သူများကို ဦးဆောင်လျက် ချီမင်ကို ကြိုဆိုနေကြသည်။

"တာအိုရောင်းရင်း ငွေတောင်ပံ ခင်ဗျားယဉ်ကျေးလွန်းနေပါပြီ။"

ချီမင်သည်လည်း အံ့ဩသွားသည်။ သူ့နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးညွှတ်သွားသည်။

"ခင်ဗျားနဲ့ထိုက်တန်ပါတယ်။" ငွေတောင်ပံမြင့်မြတ်ကောင်းကင်က ပြုံးကာ လက်ဟန်ပြလိုက်သည်။"တာအိုရောင်းရင်း ကောင်းကင်ဉာဏ်အလင်း ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ။"

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ငွေတောင်ပံမြင့်မြတ်ကောင်းကင်က ချီမင်ကို ငွေတောင်ပံဘီလူးမျိုးနွယ်၏ဘိုးဘေးနယ်မြေသို့ ခေါ်ဆောင်သွားသည်။ ဘိုးဘေးနယ်မြေထဲတွင် ငွေတောင်ပံမြင့်မြတ်ကောင်းကင်နှင့် ချီမင်က တာအိုကို ဆွေးနွေးခဲ့သည်။

တူညီစွာဖြင့် ချီမင်သည် ကောင်းကင်နှင့်မြေကြီး၏အမှန်တရားများ၊တာအိုကျမ်းများနှင့် တာအိုနည်းစနစ်များ၏နက်နဲမှုမှုများကို ရှင်းပြပေးခဲ့သည်။ အစမှာတော့ ငွေတောင်ပံမြင့်မြတ်ကောင်းကင်က ချီမင်၏နောက်သို့ အမှီလိုက်နိုင်သေးပေမဲ့ လမ်းတစ်ဝက်ရောက်တော့ သူက အားအင်မဲ့သွားခဲ့သည်။

ထူးခြားဖြစ်စဉ်တစ်ခုပေါ်ပေါက်လာပြီး ငွေတောင်ပံဘီလူးမျိုးနွယ်၏နယ်မြေတစ်ခုလုံးကို ဖုံးအုပ်သွား၏။ အောက်ခြေမှ ထိပ်ထိ အကြီးအကဲများမှ တပည့်ငယ်သားများ လူတိုင်းက ထူးခြားဖြစ်စဉ်ကိုကြည့်ကာ မိုးမြေတာအိုသံစဉ်များကို နားဆင်လိုက်ရသောကြောင့် တာအိုနားလည်မှုအခြေအနေထဲသို့ ဝင်ရောက်သွားသည်။

(၄၉)ရက်ကြာတော့ ချီမင်သည် ဟောကြားခြင်းကိုရပ်တန့်ကာ မျက်စိဖွင့်လိုက်သည်။

"ပြန့်ကျဲ" ချီမင်က မော့ကာ ငြင်သာစွာပြောလိုက်သည်။

ကောင်းကင်တွင် သန့်စင်ခြင်းသုံးပါးတာအိုဘိုးဘေး၏ထူးခြားဖြစ်စဉ်ပျောက်ကွယ်သွား၏။

ငွေတောင်ပံမြင့်မြတ်ကောင်းကင်က တာအိုနားလည်ခြင်းအခြေအနေထဲသို့ ဝင်ရောက်နေသည်။ ကြည့်လိုက်တော့ ငွေတောင်ပံဘီလူးမျိုးနွယ်၏လူတိုင်းနီးပါး တာအိုနားလည်ခြင်းအခြေအနေထဲသို့ ကျရောက်နေကြသည်။

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် သူက လက်ချောင်းများဖြင့်တွက်ချက်ကာ ငွေတောင်ပံဘီလူးမျိုးနွယ်၏အမွေအနှစ်ခန်းမကို တွက်ချက်လိုက်သည်။ သူက ဘိုးဘေးနယ်မြေကို ထားခဲ့ကာ အမွေအနှစ်ခန်းမထံသို့ ဦးတည်သွားသည်။

အမွေအနှစ်ခန်းမထဲတွင် ချီမင်က ဘာအတားအဆီးမှ မကြုံလိုက်ရချေ။ တကယ်တော့ ငွေတောင်ပံမြင့်မြတ်ကောင်းကင်က ခန်းမစိတ်ဝိညာဉ်ဘီလူးအား ချီမင်ကို ခွင့်ပြုပေးရန်ညွှန်ကြားထားပြီးသားဖြစ်၏။

"စီနီယာကောင်းကင်ဉာဏ်အလင်း ကျေးဇူးပြုပြီး ဝင်ပါ။" ဘီလူးက အရိုအသေပြုလိုက်သည်။

"မဆိုးဘူး" ချီမင်က ငွေတောင်ပံမြင့်မြတ်ကောင်းကင်၏စီစဉ်ပေးထားမှုကို အတော်လေးကျေနပ်သွားသည်။

နောက်ပိုင်းအချိန်တွေမှာ ချီမင်သည်တာအိုကျောက်စိမ်းများစွာကို သုံးကာ ကျောက်စိမ်းစလစ်များကို သန့်စင်ပြီး ငွေတောင်ပံဘီလူးမျိုးနွယ်၏အမွေအနှစ်ခန်းမထဲမှ ကျင့်ကြံခြင်းနည်းစနစ်များကို ပွားယူခဲ့သည်။

ပထဆုံး သူ ဖရိုဖရဲမဟာတာအိုကျမ်း:မဟာဆန်းကြယ်အင်မော်တယ်အပိုင်းကို တွက်ချက်ပြီးသွားပြီဖြစ်သည်။ သို့ဖြစ်၍ သူက ရွှေအင်မော်တယ်အဆင့်အောက် ကျင့်ကြံခြင်းနည်းစနစ်များကို မလိုအပ်နေတော့ပေ။

သူက ရွှေအင်မော်တယ်နှင့်ထိုအဆင့်အထက် ကျင့်ကြံခြင်းနည်းစနစ်များကို သာ ပွားယူရန်လိုအပ်တော့သည်။

ချီမင်က အမွေအနှစ်ခန်းမထဲမှ ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်(၂၉၀)နှင့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်နှစ်မျိုးကို ပွားယူခဲ့သည်။

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်နှစ်မျိုးက အဆောင်တာအိုစစ်မှန်ကျမ်းနှင့် နက်နဲကောင်းကင်ကောင်းချီးဂူစစ်မှန်ကျမ်းတို့ဖြစ်သည်။

"မဆိုးဘူး"

ချီမင်သည် ငွေတောင်ပံဘီလူးမျိုးနွယ်၏အမွေအနှစ်ခန်းမထဲမှ ထွက်လာခဲ့လိုက်သည်။

"နှုတ်ဆက်ပါတယ် စီနီယာကောင်းကင်ဉာဏ်အလင်း။" ခန်းမစိတ်ဝိညာဉ်ဘီလူးက ဦးညွှတ်လိုက်သည်။

ချီမင်က ပျံသန်းထွက်ခွာသွားပြီး ငွေတောင်ပံဘီလူးမျိုးနွယ်၏ဘိုးဘေးနယ်မြေသို့ ပြန်လာခဲ့သည်။ ငွေတောင်ပံမြင့်မြတ်ကောင်းကင်က တာအိုကိုနားလည်ဆင်ခြင်နေစဲဖြစ်ပြီး အချိန်တိုအတွင်းမှာတော့ နိုးထလာဦးမှာ မဟုတ်ပေ။

ချီမင်က ဘိုးဘေးနယ်မြေတွင် ယာယီနေထိုင်ခဲ့သည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်းကို ရွှေအင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်(၂၉၀)နဲ့မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ကိုပေါင်းစပ်နိုင်ခဲ့သောကြောင့် တွက်ချက်နှုန်းတိုးတက်သွားပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"မဆိုးဘူး" ချီမင်က ခေါင်းအသာညိတ်လိုက်သည်။

မျက်စိတမှိတ်အတွင်းမှာ နှစ်တစ်ရာကြာသွားသည်။

ယနေ့နေ့လည်ခင်းမှာတော့။

ချီမင်က ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။ သူက ခေါင်းမော့ကာ ကြည့်လိုက်တော့ငွေတောင်ပံမြင့်မြတ်ကောင်းကင်ကို သတိထားမိသွား၏။ သူက တာအိုကို နှစ်တစ်ရာသာနားလည်ဆင်ခြင်ခဲ့ပေမဲ့ အဆင့်ချိုးဖြတ်နိုင်တော့မည်ဖြစ်သည်။

ပထမဆုံး အဆင့်တက်ထူးခြားဖြစ်စဉ်ပေါ်လာသည်။

မရေမတွက်နိုင်သော မှော်စာလုံးများ တောက်ပလာပြီး ဥပဒေသများ ပျံ့နှံ့လာကာ တောင်ပံတစ်စုံပေါ်လာပြီး ကောင်းကင်ကိုတောင် ဖုံးလွှမ်းသွားသည်။ မြင့်မြတ်စွမ်းအားကြီးပြီးကျယ်ပြန့်သည့် ထိုအရှိန်အဝါက ငွေတောင်ပံနယ်မြေတစ်ခုလုံးကို သက်ရောက်သည်။

"ဘိုးဘေး ငွေတောင်ပံမြင့်မြတ်ကောင်းကင် အဆင့်တက်သွားပြီ။"

"ကောင်းလိုက်တာ။"

"ဟားဟား"

ငွေတောင်ပံဘီလူးမျိုးနွယ်၏အကြီးအကဲများက အော်ဟစ်လိုက်ကြသည်။

ကံမကောင်းစွာဖြင့် ငွေတောင်ပံဘီလူးမျိုးနွယ်တွင် ရွှေအင်မော်တယ်စိတ်ဝိညာဉ်ငါးပါးလိုမျိုး သူတစ်ယောက်မရှိသလို ဒုတိယမြောက် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ဦးလည်းမရှိပေ။ ထိုအစား ငွေတောင်ပံမြင့်မြတ်ကောင်းကင်က အဆင့်ချိုးဖြတ်သွားသောကြောင့် ငွေတောင်ပံဘီလူးမျိုးနွယ်တစ်ခုလုံးစိတ်လှုပ်ရှားရွှင်မြူးသွားရသည်။

"မဆိုးဘူး" ချီမင်သည် ပေါ့ပါးစွာပြောလိုက်၏။

ခုနစ်ရက်ကြာပြီးတော့ ငွေတောင်ပံမြင့်မြတ်ကောင်းကင်က အဆင့်တက်သွားသည်။ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်သိုတက်သွားတော့သည်။ သူ့အင်အားသည် တိုးတက်သွားပြီး နောက်တစ်လအကြာတွင် ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။

ငွေတောင်ပံမြင့်မြတ်ကောင်းကင်က လေထုကို ဖြတ်သန်းလျက် ချီမင်၏ရှေ့တွင် ဦးညွှတ် အရိုအသေပေးသည်။

"စီနီယာရဲ့ လမ်းညွှတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။” ငွေတောင်ပံမြင့်မြတ်ကောင်းကင်က လေးစားစွာပြောလိုက်သည်။

"မလိုပါဘူး။” ချီမင်သည် လက်ဝေ့ယမ်းလိုက်သည်။ "ငါတို့လိုအပ်တာကို လဲတာပါပဲ။"

မျက်စိတစ်မှိတ်အတွင်းမှာ လဝက်ကြာသွားသည်။

ငွေတောင်ပံမြင့်မြတ်ကောင်းကင်၏အဆင့်တက်သွားသည့်သတင်းသည် လျင်မြန်စွာပျံ့နှံ့သွားသည်။အထူးသဖြင့် ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်၊ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်နှင့် ရှေးဟောင်းအင်မော်တယ်မြို့အရှင်တို့ထံသို့ ဖြစ်သည်။ သူတို့က အင်မတန်စိတ်လှုပ်ရှားလာကြသည်။

ယနေ့မှာတော့ ချီမင်က ငွေတောင်ပံဘီလူးမျိုးနွယ်ထံမှ ထွက်လာခဲ့လိုက်သည်။ ငွေတောင်ပံမြင့်မြတ်ကောင်းကင်သည် မျိုးနွယ်တစ်ခုလုံးကို ဦးဆောင်လျက် သူ့ကို ပို့ဆောင်ပေးခဲ့သည်။ မြင်ကွင်းက ကြီးကျယ်ခမ်းနားပေ၏။

"နှုတ်ဆက်ပါတယ် စီနီယာကောင်းကင်ဉာဏ်အလင်း" ငွေတောင်ပံမြင့်မြတ်ကောင်းကင်သည် မျိုးနွယ်စုကို ဦးဆောင်လျက် ညီညာစွာနှုတ်ဆက်လိုက်သည်။

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ သူ့ပုံရိပ်က လေထုကိုထိုးခွဲသွားပြီး အဝေးသို့ ထွက်ခွာသွားတော့သည်။ တခဏအတွင်းမှာ သူက ငွေတောင်ပံနယ်နိမိတ်မှထွက်ခွာသွားသည်။

သိပ်မကြာခင်မှာပဲ ခရမ်းအိမ်တော်ဂိုဏ်း၊ဖုန်းမျိုးနွယ်နှင့်ရှေးဟောင်းအင်မော်တယ်မြို့တော်တို့မှ နောက်လိုက်နောက်ပါများကို စေလွှတ်ကာ ချီမင်ကို ကြိုဆိုခိုင်းလိုက်၏။ သူက မူလအစီအစဉ်အတိုင်း ဆက်သွားခဲ့သည်။

ဒီတစ်ကြိမ်တော့ ချီမင်သည် ခရမ်းအိမ်တော်ဂိုဏ်းထံသို့ ဦးတည်သွားသည်။

ထိုသိုဖြင့် ခရမ်းအိမ်တော်ဂိုဏ်း၏လူတိုင်းက စိတ်လှုပ်ရှားပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။ ချီမင်ရောက်မလာခင်မှာပဲ သူတို့က ကြိုဆိုဖို့ပြင်ဆင်ထားခဲ့ပြီဖြစ်သည်။ ထိုမြင်ကွင်းက ငွေတောင်ပံမြင့်မြတ်ကောင်းကင်၏ပြင်ဆင်မှုထက်ကြီးမားပေသည်။

"ကြိုဆိုပါတယ် စီနီယာကောင်းကင်ဉာဏ်အလင်း"

ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်က ရှေ့ဆုံးမှ ရပ်နေသည်။ သူ့နောက်တွင် ခရမ်းအိမ်တော်ဂိုဏ်းတစ်ခုလုံးရှိသည်။

ချီမင်က ခေါင်းအသာ ညိတ်ပြသည်။" ခင်ဗျားတို့ အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။"

နောက်ပိုင်းအချိန်ကာလမှာ သူက ယခင်အတိုင်းပဲပြုလုပ်သည်။ ဦးစွာ ခရမ်းနန်းတော်တာအိုခန်းမတွင် သူက ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်နှင့် တာအိုဆွေးနွေးခဲ့သည်။ သူက (၄၉)ရက်ကြာတာအိုဆွေးနွေးပြီး ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်ကို ဖြစ်စေခဲ့သည်။ သန့်စင်ခြင်းသုံးပါးတာအိုဘိုးဘေးပေါ်ထွက်လာပြီး မိုးမြေတာအိုတေးသံကို ထုတ်လွှတ်ပေးခဲ့သည်။

ဤသို့ဖြင့် ခရမ်းအိမ်တော်ဂိုဏ်းတစ်ခုလုံးသည် ဉာဏ်အလင်းပွင့်သွား၏။

ဤတစ်ကြိမ်တော့ ချီမင်သည် ခရမ်းအိမ်တော်ဂိုဏ်းမှ ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်(၃၁၈)ခုနှင့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်နှစ်ခုရလိုက်သည်။

သူက ကျင့်ကြံခြင်းနည်းစနစ်၏အနှစ်သာရများကို တွက်ချက်မှုစနစ်ထဲသို့ပေါင်းစပ်ပြီး ဖရိုဖရဲမဟာတာအိုကျမ်းတွက်ချက်နှုန်းကို မြှင့်တင်လိုက်၏။ ယင်းစနစ်သည် ချီမင်၏ ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးနားလည်နိုင်နှုန်းကိုတောင် တိုးမြှင့်ပေးနိုင်သည်။

ချီမင်သည် ရွှေအင်မော်တယ်အအဆင့်ကျင့်ကြံခြင်းနည်းစနစ်များစွာကို ပေါင်းထည့်လိုက်သည်။ စုစုပေါင်း တစ်ထောင်ကျော်သည်။သို့ပေမဲ့ သူက မဟာတာအိုကျမ်း၏ရွှေအင်မော်တယ်အပိုင်းကို မတွက်ချက်နိုင်သေးပါ။

ဤသည်ကနေကြည့်လျှင် သိသာပါ၏။

နောက်ထပ်အခန်းမြင့်လာလေ ပိုပြီးခက်ခဲလာလေဖြစ်သည်။

All Chapters