မဟာတာအိုအင်မော်တယ်ဝင်ပေါက်ဖွင့်ခြင်း
Vol. 22 Ch. 326
အချိန်ကုန်ဆုံးသွား၏။ မျက်စိတမှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ရာကြာသွားသည်။ ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်သည် နှစ်တစ်ရာကြာ သီးသန့်ကျင့်ကြံခဲ့သည်။ သူနိုးလာသည်နှင့် ချက်ချင်းကို အဆင့်တက်ရန်ကြိုးစားတော့သည်။
ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်က ကောင်းကင်ပေါ်သို့ခုန်တက်သွားပြီး တင်ပျဉ်ခွေချိတ်ထိုင်သည်။ သူက ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်တော့ ဓမ္မစွမ်းအားများလှုပ်ခါလာပြီး သူ့ခန္ဓာကို ဥပဒေသများ ဝန်းရံလာသည်။ သူက အင်မော်တယ်ဝင်ပေါက်များကို တစ်ခုပြီးတစ်ခုဖွင့်လိုက်သည်။ ကောင်းကင်နှင့်မြေကြီးဥပဒေသများက ဓမ္မစွမ်းအားများပါဝင်သည့် အင်မော်တယ်ဝင်ပေါက်များထဲသို့ပေါင်းစပ်သွားသည်။
ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်နှင့်ငွေတောင်ပံမြင့်မြတ်ကောင်းကင်တို့က တူညီပေသည်။ နှစ်ယောက်လုံးကတာအိုကိုနားလည်ကာ နှစ်တစ်ရာကြာသီးသန့်ကျင့်ကြံပြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်သို့ တက်သွားခြင်းဖြစ်သည်။
ခုနစ်ရက်ကြာပြီးနောက်။
ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်သည် အဆင့်တက်ခြင်းပြီးဆုံးသွားတော့၏။ ထို့ပြင် သူက တစ်လကြာသုံးကာ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။ သူ့မျက်နှာက ပျော်ရွှင်စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"ဂျူနီယာခရမ်းနန်းတော်က စီနီယာကောင်းကင်ဉာဏ်အလင်းကို ကျေးဇူးတင်ပါတယ်။ ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်က ချီမင်ကို ဂါဝရတရားရှေ့ထားကာ ဦးညွှတ်အရိုအသေပြုလိုက်၏။
ချီမင်က သာမန်မျှသာခေါင်းညိတ်ပြပြီး ဘာမှမပြောတော့ပေ။
နှစ်တစ်ရာအတွင်းမှာ တွက်ချက်ခြင်းစနစ်သည် ဖရိုဖရဲမဟာတာအိုကျမ်း:ရွှေအင်မော်တယ်အပိုင်းကို မတွက်ချက်နိုင်ခဲ့ချေ။
ရွှေအင်မော်တယ်အပိုင်းကိုတွက်ရသည်မှာ အင်မတန်ခက်ခဲပေ၏။ ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များစွာ၏အနှစ်သာရများနှင့်လျှို့ဝှက်ဆန်းကြယ်မှုများကို စုပ်ယူရတာတောင် တွက်ချက်ခြင်းစနစ်က ယခုထိမတွက်ချက်နိုင်သေးပေ။
သေချာတာတော့ ချီမင်သည် ဖရိုဖရဲအရောင် ကောင်းကင်နှင့်မြေကြီးအရောင် မဟာတာအိုစာလုံး၏အနှစ်သာရများကို နားမလည်နိုင်၍လည်းဖြစ်သည်။ သူသာအနှစ်သာရများကို နားလည်နေပါမှု ရွှေအင်မော်တယ်အပိုင်းကို အလွယ်တကူတွက်ချက်နိုင်ပေလိမ့်မည်။
ဖရိုဖရဲမဟာတာအိုကျမ်းသည် ချီမင် ဖရိုဖရဲအရောင်ကောင်းကင်နှင့် မြေကြီးမဟာတာအိုကိုတွက်ချက်ရာမှ နားလည်ထားသည့် မဟာတာအိုနည်းစနစ်ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်ပြီးနားလည်ရခက်ကာ နက်နဲသည့်စွမ်းအားများ ပါဝင်သည်။
ချီမင်က ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုအနည်းငယ်သာ နားလည်ထားသည့်အတွက် ဖရိုဖရဲမဟာတာအိုကျမ်း၏ပထမခန်းကိုသာ တွက်ချက်နိုင်သေး၏။
ဤသည်ကနေကြည့်လျှင် သိသာပါ၏။
ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံး၏မူလဇာစ်မြစ်က အတော်လေးထူးခြားပြီး ဘယ်ကလာသလဲမသိရချေ။
ဘာကြောင့်များ ပေါ်လာတာပါလိမ့်။ အထွတ်အထိပ်တည်ရှိမှုတစ်ယောက်များ ဖန်တီးထားလေသလား။ သို့မဟုတ်အသင်္ချေကမ္ဘာပေါင်းများစွာမှ မွေးဖွားလာခဲ့သည်လား။
ချီမင်လည်း မသိပေ။
ဖြစ်နိုင်တာက…
အနာဂတ်တွင် ချီမင်သည် အဖြေမှန်ကို ရှာနိုင်လောက်သည်။
သုံးရက်ကြာပြီးနောက်မှာ
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၃၅၀)ကြာကျင့်ကြံခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏နက်နဲမှုများနှင့်အထဲမှပြောင်းလဲမှုများကိုနားလည်ခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားကိုသုံးကာ ပထမဆုံးမဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုတည်ဆောက်နိုင်ပြီး ပထမခြေလှမ်းကို ခြေချနိုင်ခဲ့ပါတယ်။ သင် ဆန်းကြယ်အင်မော်တယ်အဆင့်ကိုချိုးဖြတ်ဖို့ ခြေတစ်လှမ်းပိုနီးလာပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"အင်မော်တယ်ဝင်ပေါက်"
ချီမင်က အပျော်လွန်သွားတော့သည်။"ကျင့်ကြံနေတာကြာပြီ။နောက်ဆုံးတော့ ပထမဆုံး မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို ဖွင့်လို့ရပြီ။"
သူက ဆန်းကြယ်အင်မော်တယ်အဆင့်သို့ တက်လှမ်းလိုပါက ပန်းသုံးပွင့်ကိုသိပ်သည်းဖို့လိုအပ်ပြီး ချီငါးပါးမူလအစပြန်ခြင်းကို ပြီးပြည့်စုံအောင်လုပ်ကာ ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့် သို့ ရောက်နေရမည်ဖြစ်၏။ ထို့နောက် သူ၏အဆုံးမဲ့ဓမ္မစွမ်းအားများဖြင့် သူ့ကိုယ်ထဲက အင်မော်တယ်ဝင်ပေါက်ကိုဖွင့်ကာ ဝင်ပေါက်ကိုးခုကိုအတူတကွပေါင်းစပ်နိုင်ရင်တော့ ဆန်းကြယ်အင်မော်တယ်အဆင့်သို့ ခြေချနိုင်ပြီဖြစ်သည်။
ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို နှစ်တစ်ရာကြာကျင့်ကြံခဲ့သည်။ သူနောက်ဆုံးတော့ ပထမဆုံးမဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုတည်ဆောက်နိုင်သွားပြီဆိုပေမဲ့ ဆန်းကြယ်အင်မော်တယ်၏ဝင်ပေါက်ကိုးခုကို ပေါင်းစပ်ချိုးဖြတ်ဖို့တော့ ဝေးကွာနေသေး၏။
"အစီအရင် မြင့်တက်"
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ အသေးစားကောင်းကင်ကြယ်တာရာအစီအရင်နှင့် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ပေါင်းစပ်ထားမှုကနေ ကြီးမားသည့်အစီအရင်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ချီမင်ကိုဖုံးအုပ်သွားသောကြောင့် သူ့ကို အရာအားလုံးကနေကိုခွဲထွက်သွားစေပြီး ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ် ပေးလိုက်လေသည်။
"ဖွင့်စမ်း"
ချီမင်သည်တင်ပျဉ်ခွေချိတ်ထိုင်ကာ ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ မဟာတာအိုကျမ်းသည် မရေမတွက်နိုင်လောက်သော မဟာတာအိုစစ်မှန်ရည်ရွယ်ချက်စာလုံးများအဖြစ်ပြောင်းလဲသွားပြီး သူ့ကိုယ်အနားတွင် လိပ်ပြာလေးများအလား ကခုန်လာ၏။
ချီမင်က အလွန်အမင်းနက်နဲသည့်အခြေအနေထဲသို့ ဝင်ရောက်သွား၏။ ထိုအခြေအနေတွင် သူကကောင်းကင်နှင့်မြေကြီးမဟာတာအိုကို အဆက်မပြတ်နားလည်ဆင်ခြင်နေ၏။ နှစ်ပေါင်းမည်မျှကြာခဲ့သလဲတောင် မသိရတော့ပေ။
နောက်ဆုံးတော့။
ချီမင်က တစ်ခုခုကို အာရုံခံလိုက်မိသည်။
ချက်ချင်းပဲ ဖြစ်ပေါ်လာသည်။
ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါလာသည်။ သူ့နှလုံးသားထဲတွင် ဓမ္မစွမ်းအားများမှာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်များပေါင်းစပ်ပြီးမဟာတာအိုအင်မော်တယ်ဝင်ပေါက်ပွင့်လာသောကြောင့် မြင့်တက်ဖြစ်ပေါ်လာသည်။
အင်မော်တယ်ဝင်ပေါက်ပွင့်သွားခြင်းက ကျင့်ကြံသူတစ်ဦးနက်နဲသည့်အဆင့်သို့ တက်သွားသည်ကိုဆိုလိုပါ၏။ ကျင့်ကြံခြင်းအဆင့်နယ်ပယ်မတူညီသည့်အလိုက် အင်မော်တယ်ဝင်ပေါက်ဖွင့်ခြင်းက မတူညီချေ။
သာမန်ကျင့်ကြံသူက ဓမ္မစွမ်းအားကိုသာကျင့်ကြံသည့်အတွက် ကောင်းကင်နှင့်မြေကြီးကို နားလည်ဆင်ခြင်ရန်မလိုအပ်ပေ။ ထို့ကြောင့် ဖွင့်ရမည့် အင်မော်တယ်ဝင်ပေါက်သည် အကန့်အသတ်မဲ့ဓမ္မစွမ်းအားများဖြင့်သာ ဖွဲ့စည်းထားသည်။ ထိုအရာကို ဓမ္မစွမ်းအားအင်မော်တယ်ဝင်ပေါက်ဟုခေါ်နိုင်သည်။
ဥပဒေသများကို ကျင့်ကြံသည့်အဆင့်၌ ဓမ္မစွမ်းအားများ ကျင့်ကြံရပြီး ကောင်းကင်နှင့်မြေကြီးဥပဒေသကိုလည်း နားလည်ဆင်ခြင်ရသည်။ ထိုကျင့်ကြံသူတို့ဖွင့်သည့် အင်မော်တယ်ဝင်ပေါက်သည် ကောင်းကင်နှင့်မြေကြီးဥပဒေသများကိုပေါင်းစပ်ပြီး အင်မော်တယ်ဝင်ပေါက်ထဲတွင် အထွတ်အထိပ်ဥပဒေသများကို ပြောင်းလဲပေးရသည်။ ၎င်းကို ဥပဒေသအင်မော်တယ်ဝင်ပေါက်ဟုခေါ်သည်။
ထို့နောက်...
စည်းမျဉ်းများကိုကျင့်ကြံသည့်အဆင့်၌ အဆုံးမဲ့ဓမ္မစွမ်းအားများကိုသုံးကာ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းများဖြင့်ပေါင်းစပ်ပြီး အင်မော်တယ်ဝင်ပေါက်တည်ဆောက်ရကာ အထွတ်အထိပ်စည်းမျဉ်းများအဖြစ်သိပ်သည်းရသည်။ စည်းမျဉ်းအင်မော်တယ်ဝင်ပေါက်ဟုခေါ်နိုင်သည်။
ထို့နောက်...
ကောင်းကင်တာအိုကိုကျင့်ကြံကြသူများလည်းရှိသည်။
ကမ္ဘာကြီး၏အနှစ်သာရများနှင့်ထိတွေ့ကာ ကောင်းကင်တာအိုစွမ်းအားကို အင်မော်တယ်ဝင်ပေါက်ဖြင့်ပေါင်းစပ်ရသည်။ ထိုအရာက ကမ္ဘာတစ်ခုအဖြစ်တိုက်ရိုက်ပြောင်းလဲနိုင်ကာ အင်မော်တယ်ဝင်ပေါက်ကမ္ဘာဖြစ်လာစေ၏။
ကောင်းကင်တာအိုကိုကျင့်ကြံသူတို့က ကောင်းကင်တာအိုအင်မော်တယ်ဝင်ပေါက်တစ်ပေါက် ကိုဖွင့်တိုင်း သူတို့ခန္ဓာထဲတွင် အတွင်းကမ္ဘာတစ်ခုကိုတည်ဆောက်လိုက်ရသည့်အလား အတော်လေးစွမ်းအားကြီးလာကြသည်။
မဟာတာအိုကိုကျင့်ကြံသည့်ချီမင်အတွက်တော့ ကျင့်ကြံခြင်းအဆင့်နယ်ပယ်မြင့်မား သည့်အတွက်တော့ ကောင်းကင်တာအိုကိုတောင် ဖိနှိပ်နိုင်သည်။
ကောင်းကင်နှင့်မြေကြီးမဟာတာအိုဖြင့်ပေါင်းစပ်ပြီးနောက်မှာ အင်မော်တယ်ဝင်ပေါက်သည် အတော်လေးထူးခြားသွားသည်။ သူ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုတစ်ခါဖွင့်တိုင်း အင်မော်တယ်ဝင်ပေါက်ကမ္ဘာတစ်ခုပြောင်လဲသွားသည်နှင့်တောင် တူညီ၏။ ထို့ပြင် သူအံ့ဖွယ်စွမ်းအားတစ်ခုပေါင်းစပ်နိုင်တိုင်း ထိုအရာကိုအခြေခံအဖြစ်သုံးကာ မဟာတာအိုသာလွန်သူတစ်ဦးစောင့်ကြပ်နေသည့် မဟာတာအိုအင်မော်တယ်ဝင်ပေါက်တစ်ခုအဖြစ်ဆင့်ကဲပြောင်းလဲနိုင်သည်။မဟာတာအိုသာလွန်သူတိုင်းက ချီမင်၏အင်အားနှင့်နှိုင်းယှဉ်နိုင်၏။
ထိုနည်းဖြင့် ချီမင်သည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ဖွင့်နိုင်လျှင် သူကအတွင်းကမ္ဘာ(၁၂၉၆၀၀)အပြင် မဟာတာအိုသာလွန်သူပေါင်း(၁၂၉၆၀၀)ကိုလည်း သိပ်သည်းနိုင်ပေမည်။ မဟာတာအိုသာလွန်သူတိုင်းက အတော်လေးစွမ်းအားကြီးပေ၏။ ထိုသည်ကနေ ချီမင်၏အင်အားသည် ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းသည်ကိုစဉ်းစားနိုင်ပါ၏။
ထိုအချိန်ကျရင် သူကသေချာပေါက် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါးကို အသက်တစ်ချက် ရှုရှိုက်ရုံဖြင့် သတ်ဖြတ်နိုင်၏။
ချီမင်အတွက်တော့ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပေါင်း(၁၂၉၆၀၀)တည်ဆောက်နိုင်ဖို့ အတော်လေးဝေးကွာနေသေးပါ၏။ သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်တစ်ခုသာ ဖွင့်လှစ်ရသေးသည်။
"ဖွင့်စမ်း"
ချီမင်က ထပ်မံအော်ဟစ်လိုက်သည်။ ဓမ္မစွမ်းအားများတိုးမြင့်လာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုသည် ပေါင်းစပ်သွားတော့သည်။ သူ့နှလုံးအလယ်ဗဟိုတွင် တွင်းနက်ကြီးတစ်ခုသဖွယ်ရေဝဲဂယက်တစ်ခုပေါ်လာသည်။
ချက်ချင်းပဲ ချီမင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားကာ နှစ်ခြမ်းကွဲတော့မည့်အလားပင်။ သူ့အင်မော်တယ်ဝင်ပေါက်က ပွင့်သွားပြီဆိုပေသော်လည်း သူ့နှလုံးထဲတွင် ဖရိုဖရဲအလင်းဘောလုံးတစ်လုံးပေါ်လာသည်။
ဓမ္မစွမ်းအားများသည် ဝဲဂယက်ထဲသို့ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်စာလုံး များဖြင့်အတူတကွ လျင်မြန်စွာပေါင်းစပ်သွားသောကြောင့် အင်မော်တယ်ဝင်ပေါက်တစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
ကောင်းကင်နှင့်မြေကြီးနှစ်ခြမ်းကွဲတော့မည့် မြင်ကွင်းအလားပင်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်က တဖြည်းဖြည်းအတွင်းကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲနေသည်မှာ အသေးစားစကြဝဠာတစ်ခုအဖြစ်ပြောင်းတော့မည့်ဟန်ပင်။
တစ်ချိန်တည်းမှာ သူနားလည်ထားသည့်ဓမ္မစွမ်းအားနည်းစနစ်များ က ဒန်တျန်းထဲတွင်စတင်သောင်းကြမ်း ပြီး မဟာတာအိုအင်မော်တယ်ဝင်ပေါက်ထံသို့ ပြေးဝင်ချင်နေသည့်အတိုင်းပင်။
သမာဓိမီးလျှံအံ့ဖွယ်စွမ်းအား၊ဆန်းကြယ်တံခါးအံ့ဖွယ်စွမ်းအား၊ပါးကွားယင်ယန်အံ့ဖွယ်စွမ်းအား၊ဓာတ်ငါးပါးလည်ပတ်ခြင်းအံ့ဖွယ်စွမ်းအား၊အံ့ဖွယ်လျှပ်စီးဓားထိန်းချုပ်ရေးနည်းစနစ်နှင့် တခြားသောအသေးစားအံ့ဖွယ်စွမ်းအားများ ဖြစ်ကြသည်။
ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်၊မဟာကပ်ဘေးဒုက္ခနည်းစနစ်၊မဟာမူလအစနည်းစနစ်တို့လည်း ပါသည်။
သူတို့လည်း လှုံ့ဆော်ခံရပေ၏။
အထွတ်အထိပ်ကမ္မနည်းစနစ်သာမရွေ့လျားပေ။ ထို့ပြင် အထွတ်အထိပ်ကမ္မနည်းစနစ်က နက်နဲခြင်းအဆင့်ထိမရာက်သေး၍ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ထံသို့ မပေါင်းစပ်နိုင်ချေ။
"ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်"
ချီမင်က ဆုံးဖြတ်ချက် ချလိုက်၏။"စုစည်း"
ချီမင်သည် ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို စုစည်းလိုက်သည်။ ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကိုကိုယ်စားပြုသည့်အံ့ဖွယ်စွမ်းအားအဆောင်က ကြယ်ကလေးများနှင့်တူသည့် အလင်းလုံးများဖြစ်ပြောင်းလဲကာ ချီမင်ဖွင့်ထားသည့် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ထံသို့ ပေါင်းစပ်သွားတော့၏။
ထိုအခိုက်တွင် မဟာတာအိုအင်မော်တယ်ဝင်ပေါက်က လှုပ်ခါသွားပြီး ချီမင်၏အရှိန်အဝါကလည်း ကြီးစွာတိုးတက်သွားတော့သည်။ ချီမင်အနားတွင် ကြီးမားသည့်ထူးခြားဖြစ်စဉ်တစ်ခုပေါ်လာသည်။ ဖရိုဖရဲကမ္ဘာကြီးထဲတွင် နေထွက်လာသည့်အလား ကြယ်တာရာ(၃၆)လုံးမှာ တောက်ပနေသည်။
ချက်ချင်းပဲ မျက်စိကျိန်ဖွယ်တောက်ပနေသည့် နေလုံးလေးများနှင့်တူသည့် ကြယ်တာရာတို့မှာ အတူတကွပေါင်းစပ်သွားကြပြီး မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို စောင့်ကြပ်မည့် မှုန်ဝါးဝါးပုံရိပ်တစ်ခုဖြစ်တည်လာသည်။
သိသာစွာဖြင့် ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်သည် ပထမမဟာတာအိုအင်မော်တယ်ဝင်ပေါက်ဖြင့်ပေါင်းစပ်သွားပြီး ပထမဆုံးမဟာတာအိုသာလွန်သူဖြစ်လာသည်။ ချီမင်၏အင်အားနှင့်အရှိန်အဝါက သိသိသာသာတိုးတက်သွား၏။
သူက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ မတက်နိုင်သေးချေ။
သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်ရှစ်ခုလိုအပ်နေပါသေးသည်။
သုံးရက်ကြာပြီးနောက်မှာ ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းကာ အသေးစားကောင်းကင်ကြယ်တာရာအစီအရင်နှင့် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကို ဖယ်ရှားလိုက်သည်။ သူက ပထမမဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို အောင်မြင်စွာဖြင့်တည်ဆောက်နိုင်သွားတော့မဟာတာအိုသာလွန်သူကိုလည်း ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ဖြင့် သိပ်သည်းနိုင်သွားတော့၏။ ထို့ပြင် သူက အင်မော်တယ်ဝင်ပေါက်ကိုလည်း တည်ငြိမ်အောင် လုပ်နိုင်သွားပြီဖြစ်၏။
"အရမ်းကောင်းတယ်။” ချီမင်သည် အင်မတန်စိတ်ကျေနပ်သွား၏။
လဝက်ကြာတော့ ချီမင်က ခရမ်းအိမ်တော်ဂိုဏ်းမှထွက်ခွာကာ ဖုန်းမျိုးနွယ်ထံသို့ ဦးတည်လိုက်သည်။ ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်က ဖုန်းမျိုးနွယ်ကို ဦးဆောင်ကာ ချီမင်ကိုကြိုဆိုရန်စောင့်နေသည်။ ယခင်အတိုင်းပါပေ။ သူက (၄၉)ရက်ကြာဟောကြားခဲ့သည်။ ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်သည် ဉာဏ်အလင်းပွင့်သွားတော့၏။ ဖုန်းမျိုးနွယ်တစ်ခုလုံးလည်း အတူတူပေ။ လူတိုင်းက တာအိုကိုနားလည်ဆင်ခြင်နေကြသည်။
ချီမင်သည် ဖုန်းမျိုးနွယ်၏ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များအားလုံးကို ကူးယူလိုက်သည်။ စုစုပေါင်း(၂၉၀)ရှိကာ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ကတော့ နှစ်ခုရှိ၏။
ကောင်းကင်သတ်ဖြတ်ခြင်းစစ်မှန်ကျမ်းနှင့် ကိုးကြိမ်လည်ပတ်ရွှေခန္ဓာကျမ်းတို့ဖြစ်သည်။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်းက နောက်ထပ် ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်(၂၉၀)နဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်နှစ်ခု စုပ်ယူလိုက်ပါတယ်။ အနှစ်သာရများကို စုပ်ယူပြီး အညစ်အကြေးများကို ဖယ်ရှားလိုက်ပါတယ်။ ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်နှုန်းက ထပ်မံတိုးတက်သွားပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က ခေါင်းညိတ်လိုက်သည်။ "မဆိုးဘူး"
ဤတစ်ကြိမ်တော့ ချီမင်က ဖုန်းမျိုးနွယ်တွင် ဆက်မနေတော့ချေ။ ထိုအစားသူက ရှေးဟောင်းအင်မော်တယ်မြို့တော်ကိုတိုက်ရိုက်သွားကာ မြို့အရှင်နှင့်တွေ့လိုက်သည်။ (၄၉)ရက်ကြာ တာအိုဆွေးနွေးအပြီးမှာ ရှေးဟောင်းအင်မော်တယ်မြို့အရှင်လည်း ဉာဏ်အလင်းပွင့်သွားသည်။
သူက ရှေးဟောင်းအင်မော်တယ်မြို့တော်၏ကျမ်းစာတိုက်သို့သွားလိုက်သည်။ ကျမ်းစာတိုက်ထဲတွင် ချီမင်က ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်နည်းစနစ်(၅၃)ခုနှင့် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်လေးခုကို ကူးယူခဲ့သည်။
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်နည်းစနစ်လေးမျိုးက ဆန်းကြယ်လေဟာနယ်စစ်မှန်ကျမ်း၊ကောင်းကင်ကိုးလွှာအထွတ်အထိပ်ဝင်ပေါက်ဖွင့်ကျမ်း၊အထွတ်အထိပ် အံ့ဖွယ်ကျမ်းနှင့် ထာဝရအသက်စစ်မှန်ကျမ်းတို့ဖြစ်သည်။
ချီမင်က ကျင့်ကြံခြင်းနည်းစနစ်များအားလုံးကို ဖရိုဖရဲမဟာတာအိုကျမ်းတွက်ချက်သည့်အထဲသို့ ပေါင်းစပ်ကာ စနစ်ထဲသို့ အင်မော်တယ်သလင်းကျောက်များ ဖြည့်သွင်းလိုက်၏။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်းက ရွှေအင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ်(၅၃၀)နဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်လေးခုကို စုပ်ယူလိုက်ပါတယ်။ ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်နှုန်းက ထပ်မံတိုးတက်သွားပါတယ်။ နှစ်တစ်ရာအတွင်းမှာ ရွှေအင်မော်တယ်အပိုင်းကို တွက်ချက်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။