မဟာတာအိုဝင်ပေါက်ကိုးခု
Vol. 22 Ch. 327
ချီမင်သည် အတွေးတစ်ချက်ဖြင့် သူ့ရှေ့မှ မျက်နှာပြင်ကို ပိတ်ပစ်လိုက်သည်။ သူက အင်မော်တယ်သလင်းကျောက်များစွာ ဖြည့်သွင်းခဲ့ပြီး ဖရိုဖရဲမဟာတာအိုကျမ်းကို ဆက်၍တွက်ချက်ခဲ့သည်။
ထိုအရာအပြင် ချီမင်လည်း အင်မော်တယ်သလင်းကျောက်များထည့်လျက် ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို နားလည်ဆင်ခြင်ခဲ့သေးသည်။ သူက နက်နဲမှုများကို နားလည်ဆင်ခြင်စဉ်ပဲ ကောင်းကင်နှင့်မြေကြီးဥပဒေသများ၊ စည်းမျဉ်းများ၊ မိုးမြေကောင်းကင်တာအိုတို့ကို နားလည်ဆင်ခြင်ခဲ့၏။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ဆင်ခြင်ခဲ့သေးသည်။
စည်းမျဉ်းတားမြစ်ချက်များ မရှိချေ။
ကျင့်ကြံခြင်းကမ္ဘာ၏သဘာဝသည် လူသားအဖွဲ့အစည်းနှင့် သက်ဆိုင်နေသေးဆဲဖြစ်သည်။ လူအဖွဲ့အစည်းတွင် စည်းမျဉ်းများ၊ဥပဒေသများရှိပြီး ထိုအရာများသည် လူ့အဖွဲ့အစည်းကို တည်ငြိမ်စေမည့် တားမြစ်ကန့်သတ်ချက်များဖြင့် ဖန်တီးထားခြင်းဖြစ်၏။
ဥပဒေသများစည်းမျဉ်းများ မရှိခဲ့လျှင် လူ့အဖွဲ့အစည်းသည်လည်း ရှုပ်ထွေးကာ ရှေးဦးခေတ်ကဲ့သို့ ဖြစ်သွားပေမည်။ ရှေးဦးလူသားအဖွဲ့အစည်းတွင်တောင် အခြေခံကျဆုံးလူ့စည်းမျဉ်းများ ရှိသေးသည်။
ကျင့်ကြံခြင်းကမ္ဘာတွင်တော့ အထက်ကမ္ဘာဖြစ်စေ အဆင့်နိမ့်ကမ္ဘာဖြစ်စေ ဥပဒေသများနှင့်စည်းမျဉ်းများရှိ၏။ ထိုဥပဒေသများနှင့်စည်းမျဉ်းများက တည်ငြိမ်သည့်ကမ္ဘာတစ်ခုကိုတည်ဆောက်ပေးကာ ကမ္ဘာလောကကြီးကို တည်ငြိမ်စွာ လည်ပတ်စေသည်။
ကျင့်ကြံသူများက ဓမ္မစွမ်းအားကို ကျင့်ကြံကာ ကောင်းကင်နှင့်မြေကြီးဥပဒေသများ သို့မဟုတ်စည်းမျဉ်းများကို နားလည်ဆင်ခြင်ခြင်းပြုလုပ်ကြရသည်။ သို့မှသာ သူတို့လည်း လွတ်လပ်ပြီး အချုပ်အနှောင်ကင်းမဲ့နေနိုင်ပေလိမ့်မည်။
ထို့နောက်...
ကောင်းကင်နှင့်မြေကြီးဥပဒေသများနှင့်စည်းမျဉ်းများသည် မည်သို့များမွေးဖွားလာခဲ့ပါသလဲ။
တကယ်တော့ ကမ္ဘာကြီး၏ကောင်းကင်တာအိုမှ ဖန်တီးခဲ့ခြင်းဖြစ်၏။
ကမ္ဘာကြီးက ကောင်းကင်တာအိုကို ဖန်တီးခဲ့ပြီး ကောင်းကင်တာအိုသည် စည်းမျဉ်းများကို မွေးထုတ်ပေးခဲ့သည်။ စည်းမျဉ်းများမှ ဥပဒေသများဖြစ်တည်သွားသည်။
သံသရာက ထပ်ခါထပ်ခါဖြစ်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ရာကြာသွားသည်။
ယနေ့နေ့လည်ခင်းမှာတော့။
ဖုန်းမျိုးနွယ်တွင် အရေးကြီးသောကိစ္စတစ်ခုဖြစ်ပွားခဲ့သည်။ ယင်းမှာ ချီမင်နှင့်ဖုန်းမျိုးနွယ်ဘိုးဘေးကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်တို့မှာ (၄၉)ရက်ကြာ တာအိုဆွေးနွေးခဲ့ခြင်းကြောင့် ဖြစ်ရသည်။ ဘိုးဘေးက နှစ်တစ်ရက်ကြာ တာအိုကိုနားလည်ဆင်ခြင်လျက် သီးသန့်ကျင့်ကြံခဲ့သည်။
ယနေ့မှာတော့ သူသည် ကောင်းကင်နှင့်မြေကြီးဥပဒေသများနှင့် တာအိုကို အောင်မြင်စွာ နားလည်ဆင်ခြင်နိုင်ခဲ့၏။ သူက အင်မော်တယ်ဝင်ပေါက်များကို တစ်ပေါက်ပြီးတစ်ပေါက်ဖွင့်ကာ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ခဲ့သည်။ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်သိုတက်သွားတော့သည်။
မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ဦးအဆင့်တက်ခြင်းက အတော်လေးရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။ သတင်းသည် အချိန်တိုလေးအတွင်းမှာ ရှေးဟောင်းအင်မော်တယ်မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ ဂိုဏ်းအဖွဲ့အစည်းတိုင်းက သိရှိသွားကြပါသည်။
ထို့ပြင် ချီမင်၏သတင်းသည်လည်း ရှေးဟောင်းအင်မော်တယ်မြို့တော်တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။ အနီးအနားရှိမြို့တော်များနှင့် နယ်မြေများထံသို့တောင် ပျံ့နှံ့သွားလေသည်။ လုန်ဟဲဒေသတစ်ခုလုံးတောင် သိလုနီးပါးဖြစ်သွားသည်။
ချီမင်သည် ကျော်ကြားလာခဲ့ပေ၏။
လဝက်ကြာတော့ ဖုန်းမျိုးနွယ်တွင်။
“ဟားဟား..."
ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်သည် ကျင့်ကြံခြင်းကို တည်ငြိမ်အောင်လုပ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက စိတ်ထိန်းကာ အခြေအနေကို တည်ငြိမ်စေလျက် ဖြေးညှင်းစွာ ဆို၏။"နှစ်တစ်ရာလောက် ဆင်ခြင်နားလည်ပြီးတော့ ငါဒီနေတော့ အင်မော်တယ်ဝင်ပေါက်ကို တည်ဆောက်ပြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် အလယ်ပိုင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ။ ငါ ဒီလိုကံကောင်းမှုမျိုးရတာ စီနီယာကောင်းကင်ဉာဏ်အလင်းရဲ့လမ်းညွှန်ပေးမှုကြောင့်ပဲ။စီနီယာကို ကျေးဇူးတင်ရမယ်။"
မြင်ကွင်းကပြောင်းလဲသွားသည်။
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း။
"ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင်လည်းအဆင့်တက်သွားပြီ။" သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်သည် မနာလိုစွာပြောလိုက်သည်။
ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်က ခေါင်းညိတ်ကာ ဆက်ပြောသည်။"စီနီယာကောင်းကင်ဉာဏ်အလင်းက ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်းနဲ့ ဖုန်းမျိုးနွယ်တွေကို အလှည့်ကျသွားခဲ့ပြီးပြီ။သူက သွားတိုင်း(၄၉)ရက်ကြာ တာအိုဆွေးနွေးတယ်။"
"ပြီးတော့..."
"ဆွေးနွေးပြီးတိုင်း ငွေတောင်ပံမြင့်မြတ်ကောင်းကင်၊ခရမ်းနန်းတော်မြင့်မြတ်ကောင်းကင်နဲ့ ကောင်းကင်သတ်ဖြတ်ခြင်းမြင့်မြတ်ကောင်းကင် သူတို့အကုန်လုံးက အဆင့်တက်သွားကြတယ်။ သူတို့အားလုံး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အလယ်ပိုင်းအဆင့်ကို ရောက်သွားပြီ။"
"စီနီယာရဲ့ကျင့်ကြံခြင်းအဆင့်က ငါတို့တွေးနိုင်လောက်တဲ့အဆင့်မဟုတ်ဘူး။"
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က အသက်ပြင်းပြင်းရှုကာ လေးစားစွာဖြင့်ပြော၏။"သူက တာအိုကို (၄၉)ရက်ပဲ ဆွေးနွေးပေးရုံနဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ယောက်ကို အဆင့်တက်သွားစေနိုင်တယ်။ ဒီလို စွမ်းရည်၊ကျင့်ကြံခြင်းအဆင့်နဲ့ အခြေခံမျိုးကို စိတ်ကူးကြည့်လိုတောင် မရဘူး။"
"ကံမကောင်းချင်တော့..."ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်သည် ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည်။ သူက နောင်တဖြင့်ပြောလိုက်၏။"ငါက စီနီယာရဲ့တပည့်ဖြစ်မလာနိုင်ခဲ့ဘူး။ ငါက စီနီယာရဲ့တပည့်ဖြစ်ဖို့ အရည်အချင်းမရှိတာဖြစ်မယ်။"
"ဒါ..."သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ခဏလောက်ဘာပြောရမှန်းမသိတော့ချေ။
သုံးရက်ကြာပြီးနောက်မှာ ရှေးဟောင်းအင်မော်တယ်မြို့တော်၏မြို့အရှင်အိမ်တော်တွင်
ချီမင်နားနေသည့် အဆောင်၌
နေ့လည်ခင်းမှာ။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ဖရိုဖရဲအရောင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကြာ နားလည်ဆင်ခြင်ခဲ့ပါတယ်။ သင် စစ်မှန်ရည်ရွယ်ချက်များ၏နက်နဲမှုများကို နားလည်ကာ မဟာတာအိုနည်းလမ်းအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။"
…
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကြာကျင့်ကြံခဲ့ပါတယ်။ သင် ကျင့်ကြံခြင်းနည်းစနစ်များကို လုံလောက်စွာစုဆောင်းနိုင်ခဲ့ပြီး ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်ကို နားလည်သွားသောကြောင့် ဖရိုဖရဲမဟာတာအိုကျမ်း:ရွှေအင်မော်တယ်အပိုင်းကို အောင်မြင်စွာ တွက်ချက်နိုင်ခဲ့ပါတယ်။"
…
အသိပေးချက် တစ်သီတစ်တန်းကြီးပေါ်လာခဲ့၏။
ချီမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူက စိတ်အခြေနေကောင်းနေသည်။"ငါ ဖရိုဖရဲမဟာတာအိုကျမ်း:ရွှေအင်မော်တယ်အပိုင်းကို တွက်ချက်တာအောင်မြင်သွားပြီ။"
"ငါ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကို မတက်ခင်ထိတော့ ကျင့်ကြံခြင်းနည်းစနစ်အတွက် စိုးရိမ်စရာ မလိုတော့ဘူး။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်တွေက ပိုပြီးရှားပါးပြီး ပိုပြီးအဖိုးတန်သလို အလွယ်တကူလည်းမရနိုင်ဘူး။ ငါက အခြေခံအားဖြင့်တော့ ရှေးဟောင်းအင်မော်တယ်မြို့တော်တစ်ခုလုံးမှာရှိတဲ့ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် အဆင့်ကျင့်ကြံခြင်းနည်းစနစ်တွေအားလုံးကို ယူပြီးသွားပြီ၊"
ချက်ချင်းပဲ ချီမင်သည် ရိုဖရဲမဟာတာအိုကျမ်း:ရွှေအင်မော်တယ်အပိုင်း၏နည်းစနစ်များကို လက်ခံရလိုက်သည်။ များပြားသည် သတင်းအချက်အလက်များမှာ သူ့စိတ်ထဲသို့ တိုးဝင်သွားပြီး အမြန်ပဲအလွတ်ရအောင် မှတ်သားလိုက်သည်။
သူက ခေါင်းအသာညိတ်လိုက်သည်။
"အလိုအလျောက်ကျင့်ကြံမယ်။"
ချီမင်သည် ကျင့်ကြံရာကနေ မထွက်သေးပေ။ ထိုအစား သူက အင်မော်တယ်သလင်းကျောက်များဆက်ဖြည့်လျက် ဖရိုဖရဲမဟာတာအိုကျမ်းကို ကျင့်ကြံသည်။ မဟာတာအိုသာလွန်သူကိုသိပ်သည်းဖို့ အံ့ဖွယ်စွမ်းအားနည်းစနစ်များကို လုံလောက်သည့်အထိနားလည်ထားရမည်။ချီမင်က မတူညီသည့် အမျိုးမျိုးသော အံ့ဖွယ်စွမ်းအားနည်းစနစ်အမျိုးမျိုးကို စတင်ကျင်ကြံသည်။
ရှေးဟောင်းအင်မော်တယ်မြို့တော်နယ်နိမိတ်ထဲတွင် ချီမင်သည် ဂိုဏ်ကြီးလေးခုထံမှ အသေးစားအံ့ဖွယ်စွမ်းအားများစွာ ရရှိခဲ့သည်။သို့ပေမဲ့ သူက မဟာတာအိုအံ့ဖွယ်စွမ်းအားတော့ ရှာမတွေ့ခဲ့ချေ။
သာမန်အားဖြင့် အင်မော်တယ်ဘုရင်ရှိသည့် ထိပ်သီးဂိုဏ်းများတွင်သာ မဟာအံ့ဖွယ်စွမ်းအား ရှိတတ်ပါ၏။
ထို့နောက် နောက်ထပ်နှစ်တစ်ရာ ကုန်လွန်သွားပြန်၏။
ယနေ့ မြို့အရှင်အိမ်တော်တွင်တော့။
ရှေးဟောင်းအင်မော်တယ်မြို့အရှင်၏အရှိန်အဝါက ကြီးမားစွာ မြင့်တက်လာသည်။ သူက ကောင်းကင်ပေါ်သို့ ခုန်တက်သွားပြီး စွမ်းအားကြီးအရှိန်ဝါကို ထုတ်ဖော်လျက် အင်မော်တယ်ဝင်ပေါက်များကို တစ်ပေါက်ပြီးတစ်ပေါက်ဖွင့်ခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာ သူ၏အင်မော်တယ်ဝင်ပေါက်(၁၂၉၆၀၀)ပေါက်များ အသက်ဝင်လာပြီး အောင်မြင်စွာ အဆင့်ချိုးဖြတ်သွားတော့သည်။ သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ် အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်သိုတက်သွားတော့သည်။
အတော်လေးစွမ်းအားကြီးပေသည်။
“ဟားဟား..."
ရှေးဟောင်းအင်မော်တယ်မြို့အရှင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက အင်မတန်ပျော်ရွှင်သွား၏။ သူက အရှိန်အဝါကို တည်ငြိမ်စေလိုက်ကာ စိတ်တည်ငြိမ်အောင်နေလိုက်သည်။ထို့နောက် ချီမင်၏နားနေဆောင်ဘက်သို့ ဦးညွှတ်လိုက်လေ၏။"ဂျူနီယာက စီနီယာရဲ့လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။"
ချီမင်က ရှေးဟောင်းအင်မော်တယ်မြို့အရှင်၏အသံလွှင့်ပြောကြားချက်ကို ကြားလိုက်ရပါ၏။
အချိန်ကုန်ဆုံးသွားသည်။
ကျင့်ကြံခြင်းက အဆုံးအစမဲ့ပေ။
ကောင်းကင်ကြီးတမျှ အသက်ရှင်နိုင်သည့် အင်မော်တယ်များအတွက် အချိန်ဆိုသော သဘောတရားသည် ဝေဝေဝါးဝါးပင်။ မျက်စိတမှိတ်အတွင်းမှာ နှစ်တစ်ရာကြာသွားခဲ့ပေမဲ့ ယင်းက သေမျိုးလူသားများအတွက် တစ်ဘဝစာဖြစ်သည်။
အင်မော်တယ်များသည်တော့ ကောင်းကင်လူသားကျဆင်းခြင်းငါးပါးထံမှ ကန့်သတ်ခံရပေမဲ့ ချီမင်တော့ မပါဝင်ချေ။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ထားသည့်အတွက် ထိုအရာအတွက် စိုးရိမ်နေစရာမလိုအပ်ပေ။ သူ့ကို ကံတရားက မသက်ရောက်နိုင်သည့်အတွက် ကောင်းကင်လူသားကျဆင်းခြင်းငါးပါးက မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်ပေ။
ချီမင်က အင်မော်တယ်ဖြစ်နေပြီးသားဟု ပြောနိုင်၏။ သူက အထက်ကမ္ဘာရှိမရေမတွက်နိုင်လောက်သော ကျင့်ကြံသူများလိုက်လံရှာဖွေနေခဲ့ကြသည့် ထာဝရအသက်ရှည်မှုကို ရရှိနေခဲ့ပြီးပေသည်။
ထို့ကြောင့်လည်း ချီမင်၏ပန်းတိုင်သည် အသက်ရှည်မှုလည်းမဟုတ်သလို ထာဝရအသက်လည်းမဟုတ်ပေ။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ရှာဖွေနေခြင်းဖြစ်ကာ လမ်းဆုံးထိကို လျှောက်လှမ်းဖို့ဖြစ်သည်။ သူက အထွတ်အထိပ်ထိတက်လှမ်းကာ ကမ္ဘာကြီးကို ကြည့်ချင်သည်။ အထီးကျန်ဆန်မှုလား။ ဒါမှမဟုတ် အရောင်အသွေးစုံလင်စွာဖြင့်ပျော်ရွှင်မှုလား။
သူက အစစ်အမှန်လွတ်လပ်ချင်သော် စစ်မှန်သည့်အင်အားကို လိုအပ်ပါ၏။
သံသယဝင်နေစရာတောင် မလိုအပ်ပေ။
မသိလိုက်စွာဖြင့် နှစ်(၃၀၀) ကုန်သွား၏။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၅၀၀)ကြာကျင့်ကြံခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုဆန်းကြယ်မှုများကို နားလည်ခဲ့ပြီး ဒုတိယမြောက် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်၏နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်သွား၏။
ချီမင်၏ခန္ဓာကိုယ်နားတွင် ဓမ္မစွမ်းအားများမှာ ကြောက်မက်ဖွယ်ကောင်းစွာ တဟုန်ထိုး တိုးမြင့်လာသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်များသည် မဟာတာအိုအဆောင်အဖြစ်ပြောင်းလဲကာ သူ့ခန္ဓာကိုယ်ဖြင့်ပေါင်းစပ်သွားသောကြောင့် ချီမင်၏ခန္ဓာကိုယ်ထဲ၌ ဒုတိယမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်ပွင့်သွား၏။
မဟာတာအိုအင်မော်တယ်ဝင်ပေါက်သည် အတွင်းကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲသွား၏။
"မဟာကပ်ဘေးဒုက္ခနည်းစနစ်"
ချီမင်သည် ဓမ္မစွမ်းအားများကို လည်ပတ်ကာ မဟာကပ်ဘေးဒုက္ခနည်းစနစ်၏စွမ်းအားကို စုစည်းလိုက်သည်။ ချီမင်၏ထိန်းချုပ်မှုအောက်တွင် မဟာကပ်ဘေးဒုက္ခနည်းစနစ်သည် ဒုတိယမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်ထဲသို့ ပေါင်းစပ်သွားတော့သည်။
သူ့တစ်ကိုယ်လုံးရှိ ဓမ္မစွမ်းအားများမှာ လှုပ်ခါသွားပြီး အရှိန်အဝါသည် အားကောင်းလာသည်။ ဒုတိယမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်တွင် မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို အခြေခံအဖြစ်သုံးလျက် ဒုတိယမြောက်မဟာတာအိုသာလွန်သူကို သိပ်သည်းလိုက်သည်။
နောက်ပိုင်းနှစ်များတွင်လည်း ချီမင်သည် တံခါးပိတ်ကျင့်ကြံကာ မဟာတာအိုအင်မော်တယ်ဝင်ပေါက် ကို တည်ဆောက် သည်။ သူက အသေးစားအံ့ဖွယ်စွမ်းအားများကို အမြင့်ဆုံးနက်နဲခြင်းအဆင့်ထိ တစ်ခုပြီးတစ်ခုကျင့်ကြံလျက် အံ့ဖွယ်စွမ်းအားအဆောင်များကို သိပ်သည်းနေခဲ့၏။
မျက်စိတမှိတ်အတွင်းမှာ နှစ်ငါးရာကြာသွားသည်။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၅၀၀)ကြာကျင့်ကြံခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုဆန်းကြယ်မှုများကို နားလည်ခဲ့ပြီး တတိယမြောက် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။"
…
အသိပေးချက်တစ်ခုပေါ်လာသည်။
“အရမ်းကောင်းတယ်။”
ချီမင်သည် ခေါင်းညိတ်လျက် သူ၏ဓမ္မစွမ်းအားများကို လည်ပတ်လိုက်၏။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားကို စုစည်းလျက် တတိယမြောက်မဟာတာအို အင်မော်တယ်ဝင်ပေါက်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သူက မဟာမူလအစနည်းစနစ်ကို တတိယမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်ထဲသို့ ပေါင်းစပ်လိုက်သည်။
"သိပ်သည်း"
ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ တတိယမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်တွင် ချီမင်သည် မဟာမူလအစနည်းစနစ်ကို အခြေခံအဖြစ်သုံးကာ တတိယမြောက်မဟာတာအိုသာလွန်သူကို သိပ်သည်းခဲ့သည်။
ချီမင်သည် ဆန်းကြယ်အင်မော်တယ်အဆင့်သို့ မချိုးဖြတ်ရသေးပေ။သို့သော်လည်း သူသည် တတိယမြောက်အင်မော်တယ်ဝင်ပေါက်နှင့် မဟာတာအိုသာလွန်သူကို တည်ဆောက်နိုင်သည့် အတွက်ကြောင့် သူ့အင်အားသည် သိသာထင်ရှားစွာ ခုန်ပေါက်တက်သွားပါ၏။
အချိန်များ ကုန်လွန်သွားခဲ့သည်။ နွေဦးကုန်ဆုံးသွားပြီး ဆောင်းဦးရောက်ရှိလာခဲ့၏။
မသိလိုက်စွာဖြင့် နှစ်သုံးထောင် ကျော်လွန်သွားခဲ့လေသည်။
ဤနှစ်သုံးထောင်အတွင်းတွင် နှစ်(၅၀၀)ပြည့်တိုင်း ချီမင်သည် သက်ဆိုင်ရာ အသိပေးချက်ကိုရရှိကာ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို တည်ဆောက်ပြီး မဟာတာအိုသာလွန်သူတစ်ဦးကို သိပ်သည်းနိုင်ခဲ့သည်။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၅၀၀)ကြာကျင့်ကြံခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုဆန်းကြယ်မှုများကို နားလည်ခဲ့ပြီး လေးခုမြောက် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။"
…
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၅၀၀)ကြာကျင့်ကြံခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုဆန်းကြယ်မှုများကို နားလည်ခဲ့ပြီး ငါးခုမြောက် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။"
…
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၅၀၀)ကြာကျင့်ကြံခဲ့ပါတယ်။ သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုဆန်းကြယ်မှုများကို နားလည်ခဲ့ပြီး ခြောက်ခုမြောက် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။"
…
ယခု ချီမင်သည် ကိုးခုမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို တည်ဆောက်ပြီးစီးသွားခဲ့ပြီဖြစ်သည်။ သူက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုပါတော့၏။