မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်၊ ကျင့်ကြံခြင်းအဆင့်တက်ခြင်း၊ ဝင်ပေါက်ကိုးခုပေါင်းစပ်ခြင်း
Vol. 22 Ch. 328
ချီမင်ဖွင့်ထားသည့် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုးခုတွင် ပထမမဟာတာအိုအင်မော်တယ်ဝင်ပေါက်သည် ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက် ပညာရပ်ဖြင့် ပေါင်းစပ်ထားပြီး ဒုတိယမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်သည် မဟာကပ်ဘေးဒုက္ခဖြင့်ပေါင်းစပ်ထား၏။တတိယမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်သည်တော့ မဟာမူလအစနည်းစနစ်ဖြင့်ပေါင်းစပ်ထားလေ၏။
ယင်းမဟာတာအိုအင်မော်တယ်ဝင်ပေါက်သုံးခုသည် မဟာအံ့ဖွယ်စွမ်းအားသုံးခုဖြင့် ပေါင်းစပ်ထားခြင်းဖြစ်၏။
ကျန်ရှိနေသည့် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကတော့ အသေးစားအံ့ဖွယ်စွမ်းအားများဖြင့် ပေါင်းစပ်ထားခြင်းဖြစ်၏။ ချီမင်က မဟာအံ့ဖွယ်စွမ်းအားများဖြင့် မပေါင်းစပ်ချင်၍မဟုတ်ပေ။သူက မဟာအံ့ဖွယ်စွမ်းအားသုံးခုကိုသာ နားလည်တတ်ကျွမ်းထား၍ဖြစ်၏။
လေးခုမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်သည် သမာဓိမီးလျှံအံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစပ်ထားသည်။ ငါးခုမြောက်ကတော့ အံ့ဖွယ်လျှပ်စီးဓားထိန်းချုပ်ရေးနည်းစနစ်ဖြင့် ပေါင်းစပ်ထားကာ ခြောက်ခုမြောက်သည် ဆန်းကြယ်တံခါးနိမိတ်ဖတ်အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစပ်ထားပါ၏။
ခုနစ်ခုမြောက်သည် ပါ့ကွားယင်ယန်အံ့ဖွယ်စွမ်းအားဖြင့် ဖြစ်ပြီး ရှစ်ခုမြောက်သည် ဓာတ်ငါးပါးလည်ပတ်ခြင်းအံ့ဖွယ်စွမ်းအားဖြစ်၍ နဝမမြောက်သည်ကား ဖုန်းရွေအစီအရင်အံ့ဖွယ်စွမ်းအားဖြစ်ပါ၏။
ထိုသို့ဖြင့် အဆင့်နိမ့်ကမ္ဘာတွင် ချီမင်နားလည်လာခဲ့သည့် အံ့ဖွယ်စွမ်းအားများသည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုးခုဖြင့် ပေါင်းစပ်သွားလေတော့၏။
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ သူက အတွေးတစ်ချက်ဖြင့် အင်မော်တယ်သလင်းကျောက်များကို ထုတ်ယူလျက် အသေးစားအံ့ဖွယ်စွမ်းအားများကို တစ်ခုပြီးတစ်ခုကျင့်ကြံခဲ့၏။
အထက်ကမ္ဘာအင်မော်တယ်များအတွက်တောင် အသေးစားအံ့ဖွယ်စွမ်းအားသည် တတ်ကျွမ်းရန်ခက်ခဲသော်ငြားလည်း ချီမင်အတွက်တော့ အင်မတန်လွယ်ကူလေသည်။ နောက်ဆုံးမှာတော့ သူ့ပါရမီသည် ဖရိုဖရဲမဟာတာအိုကျမ်း၏အကြိမ်ကြိမ်ပြုပြင်ပေးမှုကြောင့် အတော်လေးမြင့်မားလာခဲ့ပြီဖြစ်၏။
ချီမင်၏လက်ရှိအရည်အချင်းသည် ပါရမီရှင်တစ်ဦးဟု ယူဆနိုင်ပြီဖြစ်သည်။
ထို့ပြင်....
ချီမင်သည် အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် သူက အလိုအလျောက်ကျင့်ကြံနိုင်၏။ သူက တိုက်ရိုက်ကို အလိုအလျောက်ကျင့်ကြံနိုင်ပါ၏။ အသေးစားအံ့ဖွယ်စွမ်းအားများကို ကျင့်ကြံခြင်းသည် သာ၍လွယ်သေး၏။
သူက ရှေးဟောင်းအင်မော်တယ်ဂိုဏ်းမှ အသေးစား အံ့ဖွယ်စွမ်းအားကိုးခုကို ရရှိခဲ့သည်။ သူက ငွေတောင်ပံဘီလူးမျိုးနွယ်ထံမှ ခြောက်ခု၊ ခရမ်းအိမ်တော်ဂိုဏ်းမှ ခုနစ်ခုနှင့် ဖုန်းမျိုးနွယ်မှ ရှစ်ခုရရှိခဲ့သည်။
ချီမင်သည် ရှေးဟောင်းအင်မော်တယ်မြို့တော်ကျမ်းစာတိုက်မှ အသေးစားအံ့ဖွယ်စွမ်းအား(၁၁)ခု ရရှိခဲ့သည်။
စုစုပေါင်း အသေးစားအံ့ဖွယ်စွမ်းအား(၄၁)ရရှိခဲ့ပေ၏။
သို့ပေသော်လည်း အသေးစားအံ့ဖွယ်စွမ်းအား(၁၁)ခု ထပ်နေလေသည်။
ထို့ကြောင့် စုစုပေါင်းမတူညီသည့် အသေးစားအံ့ဖွယ်စွမ်းအား(၂၈)ခုရှိသည်။
၎င်းတို့က ကြည်လင်ကောင်းကင်စစ်မှန်မီးလျှံအံ့ဖွယ်စွမ်းအား၊ ကောင်းကင်ဓားအံ့ဖွယ်စွမ်းအား၊ မြင့်မြတ်ပန်းပဲအံ့ဖွယ်စွမ်းအား၊အဆောင်အံ့ဖွယ်စွမ်းအား၊ကောင်းကင်ကိုးထပ်ဆန်းကြယ်ရေစင်အံ့ဖွယ်စွမ်းအား၊တောအုပ်သစ်နွယ်အံ့ဖွယ်စွမ်းအား.....
နှစ်တစ်ထောင်အတွင်းမှာ ချီမင်သည် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကို သုံးကာ ကျင့်ကြံခဲ့သည်။ သူက အင်မော်တယ်သလင်းကျောက်များစွာ သုံးစွဲကာ မတူညီသည့် အသေးစားအံ့ဖွယ်စွမ်းအား(၂၈)ခုကို နက်နဲခြင်းအဆင့်ထိကျင့်ကြံကာ အံ့ဖွယ်စွမ်းအားအဆောင်များကို သိပ်သည်းခဲ့သည်။
"မဟာတာအိုနည်းစနစ်၊ ဝင်ပေါက်ကိုးခုပေါင်းစပ်ခြင်း"
ချီမင် ကခဏလောက်တွေးမိသွားသည်။ ချီမင်သည်တင်ပျဉ်ခွေချိတ်ထိုင်ကာ ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ သူ့ကိုယ်ထဲမှ ဓမ္မစွမ်းအားများသည် မြင့်တက်လာသောကြောင့် သူက အသိစိတ်ကိုသုံးကာ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုးခုဖြင့် ချိတ်ဆက်လိုက်သည်။
ပေါင်းစပ်တာကို မေ့ထားလိုက်ဦး။
ချီမင်က မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုးခုကို ပဲ့တင်တောင် မထပ်စေရသေးချေ။
အတော်လေး ခက်ခဲပါ၏။
ဝင်ပေါက်ကိုးခုကိုပေါင်းစပ်ခြင်းသည် ရိုးရှင်းသည့် ကိစ္စလွယ်လွယ်လေးမဟုတ်ပါချေ။ ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကျင့်ကြံသူများစွာသည် အင်မော်တယ်ဝင်ပေါက်များ ဖွင့်ပြီးနောက်တောင် ဝင်ပေါက်ကိုးခုကို မပေါင်းစပ်နိုင်ပေ။ သူတို့က ထိုအဆင့်၌သာ ပိတ်မိနေပြီး အချိန်များကို ကုန်ဆုံးခဲ့ကြရသည်။ အဆုံးမှာတော့ သူတို့သည် ကံကြမ္မာများကုန်ဆုံးသွားကာ ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကို ရင်ဆိုင်ရင်းသေဆုံးသွားကြရသည်။
ထို့ပြင်....
ချီမင်သည် မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို တည်ဆောက်ပြီးသွာပြီဖြစ်သည်။ တကယ်လို့သူသာ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုးခုကို ပေါင်းစပ်လိုပါက တခြားသောအင်မော်တယ်ဝင်ပေါက်များပေါင်းစပ်ရခြင်းထက် ပိုပိုခက်ခဲပေ၏။
"ငါ အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် သန်းတစ်ရာထည့်ပြီး ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို ကျင့်ကြံမယ်။"
ချီမင်က ဆိုသည်။"ဝင်ပေါက်ကိုးခု ပဲ့တင်ထပ်ပြီး ပေါင်းစပ်"
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။
တစ်လအကြာမှာ။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း မသူတော်ကျူးကျော်ခြင်းကို ဆယ်ရက်ကြာ ရှင်းလင်းခဲ့ပါတယ်။ သင် ဂိမ်းမြေအောက်စခန်းကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပါတယ်။ သင် မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်နဲ့ အဆင့်မြင့်အင်မော်တယ်သလင်းကျောက် တစ်ဆယ်ထရီလီယန်ရရှိပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဒါက..."
ချီမင် ကခဏလောက် ကြောင်သွားသည်။ သူရမည့်အကျိုးအမြတ်များကို မြင်တော့ စိတ်အခြေအနေ အင်မတန်ကောင်းသွား၏။"ငါ အမြူတေဖွဲ့စည်းခြင်းအစောပိုင်း ဂိမ်းမြေအောက်စခန်းကိုရှင်းတုန်းက ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကိုရခဲ့တာ။နှစ်တစ်သောင်းလောက်ကြာသွားခဲ့ပြီ။ ငါ မရေမတွက်နိုင်လောက်တဲ့ အဆင့်မြင့် ဂိမ်းမြေအောက်စခန်းတွေကို ရှင်းခဲ့တယ်။ဒါပေမဲ့ ဘယ်တုန်းကမှ နောက်ထပ် မဟာအံ့ဖွယ်စွမ်းအားကို ရမလာခဲ့ဘူး။"
"မဆိုးဘူး၊မဆိုးပါဘူး။”
ချီမင်သည် အတော်လေးကျေနပ်သွား၏။"ငါရုတ်တရက်ကြီး မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်ကို ရလာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။"
သူက မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်၏အချက်အလက်များကို စစ်ဆေးခဲ့သည်။
ပစ္စည်း: မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်
ဖော်ပြချက်: မဟာအံ့ဖွယ်စွမ်းအားတစ်ခုဖြစ်သည်။ ကပ်သုံးပါးကို ရှောင်လွှဲသည့်နည်းစနစ်တစ်ခုမဟုတ်သလို အသွင်ပြောင်းခြင်းအံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခု မဟုတ်ပါ။ အံ့ဖွယ်စွမ်းအား(၇၂)ခု ပေါင်းစည်းထားခြင်းဖြစ်သည်။ အဆုံးမဲ့ နက်နဲလှသည်။ ပြောင်းလဲခြင်း(၇၂)မျိုးသည် ကောင်းကင်နှင့်မြေကြီးထဲရှိ အရာအာလုံးအဖြစ် ဆင့်ပွားနိုင်သည်။
မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်တွင် တမလွန်နှင့်ဆက်သွယ်ခြင်း၊ နတ်ဒေဝါတို့ကို အမိန့်ပေးခြင်း၊ တောင်ကိုရွှေ့ခြင်း၊ ရေတားမြစ်ခြင်း၊ လေထိန်းချုပ်ခြင်း၊ မြူနှင်းဖန်ဆင်းခြင်း၊ မိုးတားခြင်း၊ မိုးခေါ်ခြင်း၊ မီးတောက် တည်တံ့ခြင်း၊ ရေလျှိုးခြင်း၊ နေကွယ်ဝှက်ခြင်း၊ လေစီးနင်းခြင်း၊ ကျောက်တုံးပြုပြင်ခြင်း၊ မီးဝါးမျိုခြင်း၊ ဓားဝါးမျိုခြင်း၊ ကောင်းကင်သွေးကြော၊ အံ့ဖွယ်ခရီးသွားခြင်း၊ ရေလမ်းလျှောက်ခြင်း၊ တုတ်ထိန်းချုပ်ခြင်း၊ ကိုယ်ပွားဖန်ဆင်းခြင်း၊ ကိုယ်ဖျောက်ခြင်း၊ ခေါင်းပြန်ပေါက်ခြင်း၊ ခန္ဓာကိုယ်ကိုတောင့်တင်းခြင်း၊ မိစ္ဆာသတ်ခြင်း၊ နတ်မင်းကိုဖိတ်ခေါ်ခြင်း၊ ဝိညာဉ်ဖမ်းဆီးခြင်း၊ ဝိညာဉ်စုပ်ယူခြင်း၊ တိမ်ဆင့်ခေါ်ခြင်း၊ လဖမ်းယူခြင်း၊ အိပ်မက်ထဲသို့ဝင်ရောက်ခြင်း၊ ခန္ဓာကိုယ်ခွဲခြင်း၊ နာကျင်မှုလွှဲပြောင်းခြင်း၊ မြစ်ရေခွဲခြင်း၊ ဘေးအန္တရာယ်ဖယ်ရှားခြင်း၊ ကပ်ဘေးဖြေရှင်းခြင်း၊ ရွှေဖန်ဆင်းခြင်း၊ ဓားသိုင်းပညာ၊ နက္ခတ်ဗေဒင်ဟောခြင်း၊ မြေလျှိုးခြင်း၊ ကြယ်တာရာဗေဒင်ဟောခြင်း၊ အစီအရင်သတ်မှတ်ခြင်း၊ ရုပ်သွင်ပြောင်းလဲခြင်း၊ ထွေးထုတ်ခြင်း၊ လက်ညှိုးညွှန်ခြင်း၊ ပျော်ဝင်ခြင်း၊ ပတ်ဝန်းကျင်ကိုပြောင်းလဲခြင်း၊ အရာဝတ္ထုဆင့်ခေါ်ခြင်း၊ ဖြေဖျောက်ခြင်း၊ သားရဲခေါ်ယူခြင်း၊ ငှက်များစုစည်းခြင်း၊ ချီစွမ်းအင်တားဆီးခြင်း၊ ခွန်အားဗလကြီးမားခြင်း၊ ကျောက်တုံးထွင်းဖောက်ခြင်း၊ အလင်းဖန်ဆင်းခြင်း၊ မျက်ကွယ်စေခြင်း၊ လမ်းညွှန်ခြင်း၊ စားသုံးခြင်း၊ ခွဲခြမ်းခြင်း၊ ကိုယ်ဖော့ခြင်း၊ အတိတ်နိမိတ်ကြိုသိခြင်း၊ အရှိန်မြှင့်ခြင်း၊ ရေသောက်ခြင်း၊ နှင်းထဲအိပ်စက်ခြင်း၊ နေဒဏ်ခံနိုင်ခြင်း၊ ဆေးလုံးဖော်စပ်ခြင်း၊ မန္တာန်ရေစင်၊ ကုသခြင်း၊ အနာဂတ်ကိုမြင်ခြင်း၊ မြေနိမိတ်ဟောခြင်း၊ သိဒ္ဓိဝင်ခြင်း၊ အိပ်မက်ယောင်ဖန်ဆင်းခြင်း၊ ကိုယ်ခွဲခြင်းများ ပါဝင်သည်။
ချီမင်ကအတွေးတစ်ချက်ဖြင့် ဆိုသည်။"ငါ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက် သန်းတစ်ရာ ထည့်ပြီး မြေမိစ္ဆာခုနစ်ဆယ့်နှစ်သွယ်နည်းစနစ်ကို လေ့ကျင့်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်ကို အဆတစ်ဆယ်ထရီလီယန် မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်သည် မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်ကို ကျင့်ကြံနားလည်သည့်အခြေအနေထဲသို့ ဝင်ရောက်သွား၏။ အံ့ဖွယ်စွမ်းအား(၇၂)မျိုးလုံးက အင်မတန်စွမ်းအားကြီးသည်။ ပေါင်းစပ်သုံးလိုက်ပါက သူက မြေမိစ္ဆာအံ့ဖွယ်စွမ်းအားကို သုံးနိုင်မည်ဖြစ်၏။အကန့်အသတ်မဲ့ စွမ်းအားကြီးပေသည်။
၎င်းအပြင် ချီမင်က ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နှင့် မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်၏ဖုံးကွယ်ထားသောစွမ်းအားကိုလည်း အာရုံမိလိုက်သည်။ သူသည် မဟာအံ့ဖွယ်စွမ်းအားနှစ်ခုလုံးကို အမြင့်ဆုံးအဆင့်ဖြစ်သည့် နက်နဲခြင်းအဆင့်ထိ ကျင့်ကြံနိုင်ပါက သူကထိုနှစ်ခုကို ပေါင်းစပ်နိုင်ပြီး အသုံးပြုနိုင်ပေလိမ့်မည်။ယင်းက အထွတ်အထိပ်အံ့ဖွယ်စွမ်းအားဖြင့်တောင် နှိုင်းယဉ်နိုင်ပေသည်။
ထိုအထွတ်ထိပ်နည်းစနစ်ကို အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း ဟုခေါ်သည်။
ချီမင်သည် ပိုပြီးတော့တောင် ကျေနပ်သွား၏။"အသင်္ချေနည်းစနစ်များတစ်ခုသို့ ပြန်သွားခြင်း။တကယ်တော့ ငါ မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်ကို နက်နဲခြင်း အဆင့်ထိကျင့်ကြံပြီးရင် ကောင်းကင်ကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်နဲ့ ပေါင်းစပ်မလို့ပဲ။"
ထို့နောက် ချီမင်သည် ကျင့်ကြံတော့သည်။
အချိန်ကုန်ဆုံးသွားသည်။
နှစ်(၅၀၀)ကြာပြီးနောက်။
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၅၀၀)ကြာကျင့်ကြံခဲ့ပါတယ်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုးခုက ပဲ့တင်ထပ်သွားပြီး အတူတကွအောင်မြင်စွာဖြင့် ပေါင်းစပ်သွားပါတယ်။ သင်က ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ ချိုးဖြတ်သွားပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က ပျော်ရွှင်သွားပြီး မဖုံးကွယ်နိုင်တော့ချေ။ သူက အသက်ပြင်းပြင်းရှုလိုက်၏။"အစကနေအဆုံးထိ နှစ်ပေါင်း(၄၀၀၀) ကျော်သွားပြီ။ ဒီနှစ်(၄၀၀၀)အတွင်းမှာ ငါသီးသန့်ကျင့်ကြံနေခဲ့ပြီး ခြေတစ်လှမ်းတောင် မရွေ့ခဲ့ဘူး။"
"ဒီနေ့တော့ ငါဆန်းကြယ်အင်မော်တယ်အစောပိုင်းကို တက်လှမ်းနိုင်ခဲ့ပြီ"
"အစီအရင် မြင့်တက်"
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်သည်။ သူတရားဝင်အဆင့်မတက်ခင်မှာ အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို ထုတ်ယူလိုက်၏။ အစီအရင်ကားချပ်၊အဓိကအစီအရင်အမြူတေ၊အရန်အစီအရင်အမြူတေ၊အဓိကအစီအရင် အခြေခံနှင့် အရန်အစီအရင်အခြေခံတို့မှာ အလင်းတန်းများသဖွယ်ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ ကြယ်ရောင်စုံကောင်းကင်ကြီးအလား တောက်ပလာပါသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာ ချီမင်သည် အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကိုလည်း တွက်ချက်နေခဲ့သည်။ သူက အင်မော်တယ်သလင်းကျောက်များစွာ သုံးစွဲခဲ့ပေမဲ့ များစွာတော့ မတိုးတက်လာခဲ့ပေ။ အကန့်အသတ်ထိရောက်ရှိနေပြီဖြစ်၏။
အသေးစားကောင်းကင်ကြယ်တာရာအစီအရင်၏စွမ်းအားက အတော်လေးထူးခြားပြီးစွမ်းအားကြီးပါ၏။ အတော်လေးစွမ်းအားကြီးသည်။ ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်သည် အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ထဲသို့ ပေါင်းစပ်စရာမလိုတော့ဘဲ အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။
အလင်းများ လက်သွားသည်။
ချီမင်က အစီအရင်ကို အောင်မြင်စွာ တပ်ဆင်ပြီးသွားသည်။ ထိုအရာက သူရှိနေသည့် အိမ်တော်ကိုဖုံးအုပ်သွားပြီး အဆုံးမဲ့စကြဝဠာတစ်ခုအဖြစ်ပြောင်းလဲသွား၏။
သူက အသေးစားကောင်းကင်ကြယ်တာရာအစီအရင်တွင် အားနည်းချက်မရှိတော့သည်ကို အာရုံခံမိသွားသည်။ သူက အသက်ပြင်းပြင်းရှုကာ စိတ်တည်ငြိမ်အောင်လုပ်လိုက်သောကြောင့် အေးအေးဆေးဆေးဖြစ်သွားတော့သည်။ သူက ခဏလောက်စဉ်းစားလိုက်သည်။"အဆင့်ချိုးဖြတ်ရတော့မယ်။"
ချီမင်ပြောပြီးသည်နှင့် သူတစ်ကိုယ်လုံး လှုပ်ခါသွားသည်။ အလင်းတန်းကိုးခုသည် သူ့ကိုယ်ထဲမှ တိုးထွက်လာသည်။ နက်ရှိုင်းတဲ့နေရာတစ်ခု၌ ရပ်ခြင်း၊ထိုင်ခြင်း၊လှဲခြင်း၊ပျံသန်းခြင်းများ ပြုလုပ်နေကြသည်။ မဟာတာအိုသာလွန်သူကိုးပါး၏ပုံရိပ်ကိုးခုထွက်ပေါ်လာသည်။
သူက မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို ဖွင့်လှစ်ခဲ့သည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်တိုင်းသည် အတွင်းကမ္ဘာတစ်ခုအဖြစ်ပြောင်းလဲသွားရုံသာမက မဟာတာအိုသာလွန်သူများလည်း စောင့်ကြပ်နေသောကြောင့် ၎င်းတို့၏စွမ်းအားသည် အဆုံးအစမဲ့ပင်။
ယခု ချီမင်၏မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုးခုသည် စတင်ပဲ့တင်ထပ်လာသောကြောင့် တည်ငြိမ်စွာဖြင့် တုန်ခါလာသည်။ ပျောက်ကွယ်တော့မည့်စွမ်းအားက စတင်ပေါင်းစပ်လာ၏။
သိပ်မကြာလိုက်ခင်မှာပဲ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုးခုသည် မျဉ်းတစ်ကြောင်းအဖြစ် ဖွဲ့တည်သွားသည်။ စွမ်းအားများသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားသည်။ ကြယ်ကိုးလုံးချိတ်ဆက်သွားသည့်အလားပင်။
ချီမင်၏အရှိန်အဝါက လျင်မြန်စွာဖြင့် အားကောင်းလာ၏။ သူ၏ဓမ္မစွမ်းအားများက မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုးခု၏စွမ်းအားများကိုစုပ်ယူကာ မဟာတာအိုသာလွန်သူကိုးပါးနှင့်ပေါင်းစပ်လိုက်သောကြောင့် အရည်အသွေးပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခု ဖြစ်လာသည်။
တစ်ရက်ကြာသွားသည်။
ချီမင်၏တစ်ကိုယ်လုံးက ကောင်းကင်နှင့်မြေကြီးမဟာတာအိုပဲ့တင်ထပ်သည့်အတိုင်း လှုပ်ခါသွား၏။ သူ၏ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုသည် တိုးတက်သွားသည်။ သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုတံခါးဝထဲသို့ခြေချနိုင်ပြီသားဖြစ်သည်။
ချီမင်သည် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်သွင်ပြင်ကို မြင်ခဲ့ဖူးသည်။
မဖော်ပြနိုင်လောက်အောင် ခမ်းနားကြီးကျယ်လှသည်။
ထိုအခိုက်တွင် ချီမင်က အဆင့်တက်ခြင်းပြီးဆုံးသွားတော့၏။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုးခုသည် ပေါင်းစပ်သွားတော့၏။သူ၏ဓမ္မစွမ်းအားများနှင့်ကျင့်ကြံခြင်းသည်လည်း သိသာထင်ရှားစွာ တိုးတက်သွားသည်။
သူ့ကျင့်ကြံခြင်းအဆင့်က ချိုးဖြတ်သွားပြီဖြစ်သည်။
သူက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်မှ ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ချိုးဖြတ်သွားတော့သည်။
ချီမင်အဆင့်ချိုးဖြတ်နေတုန်း များပြားသည့် ထူးခြားဖြစ်စဉ်များ ပေါ်လာသေး၏။ ပန်းပေါင်းများစွာပွင့်လန်းလာကာ ရွှေကြာပန်းများသည် မြေပြင်ပေါ်သို့တိုးထွက်လာသည်။ အခြေခံအကျဆုံးသော ထူးခြားဖြစ်စဉ်များဖြစ်သည်။ ၎င်းတို့က အံ့ဖွယ်စွမ်းအားလောကများအဖြစ်ပြောင်းလဲသွားသည်။
ယင်းထူးခြားဖြစ်စဉ်များသည် အသေးစားကောင်းကင်ကြယ်တာရာအစီအရင်က ဖုံးကွယ်ပေးလိုက်သောကြောင့် မထွက်လာနိုင်တော့ပေ။ ပေါ်သွားမည်ကိုလည်း စိုးရိမ်စရာမလိုတော့ပေ။ ချီမင်က တာအိုကျင့်ကြံသူဆိုသည့် အထောက်အထား ပေါ်ပေါက်လာပါက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏ရန်လိုမှု ကိုခံရနိုင်ပေသည်။