အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း:ဗုဒ္ဓဖရိုဖရဲ
Vol. 22 Ch. 329
နောက်ဆုံးခေတ်ကာလတွင် ခေတ်ကပ်ဘေးဒုက္ခပေါ်လာပြီး ပြည်နယ်ကိုးလောကို သက်ရောက်သောကြောင့် မျိုးနွယ်စုပေါင်းများစွာစစ်ပွဲများ ဖြစ်ခဲ့ပြီး မရေမတွက်နိုင်လောက်သော အင်မော်တယ်များ သေဆုံးခဲ့ရသည်။
ထိုခေတ်ကပ်ဘေးဒုက္ခတွင် ပြည်နယ်ကိုးလောက၌ တာအိုကျင့်ကြံသူတစ်ဦးပေါ်ထွန်းခဲ့သည်။ ထိုတာအိုကျင့်ကြံသူက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို တည်ထောင်ပေးခဲ့ပြီး ခေတ်ကပ်ဘေးဒုက္ခကို ဖိနှိပ်ပေးခဲ့သောကြောင့် ပြည်နယ်ကိုးလောကကို ပြန်လည်နာလန်ထလာစေခဲ့သည်။
ယခုတော့ ထိုခေတ်က ကုန်သွားခဲ့ပါပြီ။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်သည် ပြည်နယ်ကိုးလောကတွင် အထွတ်အထိပ်၌ ရပ်တည်လာခဲ့သည်မှာ နှစ်တစ်ထရီလီယန်ကြာ ခဲ့ပေသည်။ ကောင်းကင်တာအိုက လည်ပတ်နေပြီး ကမ္မသည် ကြီးရင့် ပျံ့နှံ့နေခဲ့သည်။ နောက်ထပ် ခေတ်ကပ်ဘေးဒုက္ခဖြစ်လာရန်ပင် သိပ်မဝေးကွာ လှတော့ပေ။
ယင်းအခြေအနေအောက်တွင် ချီမင်၏တာအိုကျင့်ကြံသူတစ်ဦးဆိုသော အထောက်အထားပေါက်ကြားသွားသော် ထိုအခြင်းအရာက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အမုန်းတရာကို ဆွဲဆောင်နိုင်မိမှာ ကျိန်းသေပေ။ ၎င်းမှာ ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ကို တာအိုကျင့်ကြံသူတစ်ဦးတည်ထောင်ခဲ့ခြင်း ကြောင့်ဖြစ်သည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က ကျိန်းသေပေါက် ဒုတိယမြောက် တာအိုကျင့်ကြံသူတစ်ဦးပေါ်ထွန်းလာခွင့်ပေးမည်မဟုတ်ပါ။
ထိုသို့ဖြစ်လာပါက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အခြေခံအုတ်မြစ်ကို လှုပ်ခါလာပေလိမ့်မည်။
မကြာခင်ပဲ နေ့တစ်ဝက်ကုန်ဆုံးသွားသည်။
ချီမင်က ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ပြီးသွားပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် ဓမ္မစွမ်းအားများ မြင့်တက်လာသည်ကို ခံစားရပြီး သူနားလည်ထားသည့် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားကို လည်း ခံစားမိသည်။ သူက အတော်လေးကျေနပ်သွားသည်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်သည် ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ချိုးဖြတ်သွား၍ အင်အားများစွာ တိုးတက်သွားရ၏။ သူက ယခင်သူ့ကို အပြတ်အသတ်အနိုင်ယူနိုင်ပြီး အတော်လေး စွမ်းအားကြီးသွားပါ၏။
“အရမ်းကောင်းတယ်။”
တင်း!
""လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ တိုးတက်သွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းအဆင့်က တစ်ဆယ်ထရီလီယန်မှ (၁၀၀)ထရီလီယန်အထိ အမြင့်ဆုံးတိုးမြှင့်နိုင်သွားပါပြီ။"
…
တင်း!
"လက်ခံသူရဲ့ ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ ရောက်ရှိသွားပါတယ်။သင်ရဲ့ အနှစ်သာရများက ထပ်မံတိုးတက်သွားပြီး မဟာတာအိုဆန်းကြယ်အင်မော်တယ်တစ်ပါးဖြစ်လာပါတယ်။ သင်က မသေမျိုးဖြစ်ပြီး ဖျက်ဆီး၍မရနိုင်တော့ပါ။ မြှင့်တင်မှုတိုင်းအတွက် အဆင့်နိမ့်အင်မော်တယ်သလင်း ကျောက်ဆယ်လုံးလိုအပ်ပါတယ်။"
…
တင်း!
"လက်ခံသူရဲ့ကျင့်ကြံသူခြင်းအဆင့်က ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်သို့ တိုးတက်သွားပါတယ်။အလိုအလျောက်တွက်ချက်ခြင်းစနစ်ရဲ့ အမြင့်ဆုံးမြှင့်တင်မှုအခြေအနေက (၁၀)ထရီလီယန်မှ အဆ(၁၀၀)ထရီလီယန်မြှင့်တင်မှုထိ ဖြစ်သွားပါတယ်။
…
တင်း!
"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်အင်မော်တယ်အစောပိုင်းပိုင်းအဆင့်ထိတိုးတက်သွားပါပြီ။ ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့် မသူတော်ကျူးကျော်ခြင်းကို ရှင်းလင်းရာမှ ရရှိမဲ့ ဆုလဒ်များ လျော့ကျသွားပါပြီ။သင် အဆင့်မြင့် အင်မော်တယ်သလင်းကျောက် တစ်ထရီလီယန်ဖြည့်သွင်းပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါပြီ။"
…
အကြောင်းကြားချက်များပေါ်လာခဲ့သည်။
ချီမင်၏ကျင့်ကြံခြင်းအဆင့်ကို အလိုအလျောက်ကျင့်ကြံခြင်းစနစ်၌ ပြသထားပြီး အနည်းငယ်ပြောင်းလဲသွားသည်။ အရာအားလုံးက မျှော်လင့်ထားကြသလိုပင်။
သူက ခေါင်းအသာညိတ်ကာ ခဏမျှစဉ်းစားပြီး ပြောလိုက်သည်။"ဒီလိုဆိုရင် ကျင့်ကြံဖို့ အင်မော်တယ်သလင်းကျောက်ကို လိုအပ်တယ်။အဲ့ဒါမှ ကျင့်ကြံပြီး ဆက်တွက်ချက်လို့ရမှာ"
"ဒါပေမဲ့ ငါရနေတဲ့အင်မော်တယ်သလင်းကျောက်တွေက ငါ့လိုလူနောက်တစ်ယောက်ထပ် သုံးလို့ရတယ်။ မလောက် မှာ ကိုတွေးကြောက်နေစရာမလိုဘူ။"
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ဖရိုဖရဲမဟာတာအိုအင်မော်တယ်ဝင်ပေါက်ကိုဖွင့်လှစ်နိုင်ပြီး အထွတ်အထိပ်အဆင့်ထိ တာအိုကို သိပ်သည်းနိုင်ခဲ့ပါတယ်။ကောင်းကင်နှင့်မြေကြီးမဟာတာအိုက သင့်တစ်ကိုယ်လုံးကို ပြောင်းလဲပေးလိုက်ပါတယ်။ သင့်ရဲ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။သင့်ရဲ့အရည်အချင်းနဲ့ နားလည်မှုများ တိုးတက်သွားပါပြီ။"
"ဓာတ်ငါးပါးဝိညာဉ်အမြစ်ကတော့ မပြောင်းလဲသွားပါ။"
"သင့်ရဲ့ ဖရိုဖရဲစည်းမျဉ်းခန္ဓာမှ ဖရိုဖရဲအင်မော်တယ်ဘုရင်ခန္ဓာအဖြစ်ပြောင်းလဲသွားပါပြီ။"
"သင့်ရဲ့ နားလည်နိုင်စွမ်းက ဗောဓိအဆင့်မှ အထွတ်အထိပ်ဗောဓိအဆင့်သို့ တိုးတက်သွားပါပြီ။”
"သင်ရဲ့ အခြေခံက အထက်ကမ္ဘာအင်မော်တယ်အရိုးမှ အထက်ကမ္ဘာအင်မော်တယ်ဘုရင် အရိုးအဆင့်သို့ တိုးတက်သွားပါတယ်။”
"သင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုထံမှ ကာကွယ်ပေးခံရ၍ ကံတရားက အကျိုးမသက်ရောက်စေတော့ပါ။”
အသိပေးချက်တစ်ခုပေါ်လာသည်။
တင်း!
"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင်ရဲ့ အရည်အချင်းများက တိုးတက်သွားသောကြောင့် အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့ တွက်ချက်နှုန်းနှင့် ကျင့်ကြံနှုန်းမြှင့်တင်မှုကုန်ကျနှုန်း တို့ကဆယ်ဆသက်သာသွားပြီး သင်အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်တစ်လုံးသာ လိုပါတော့တယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ယင်းကြောင့် ချီမင်သည် ကုန်ကျမှုကို ကဆယ်ဆလျော့ချနိုင်သွား၏။
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။ သူက အတွေးတစ်ချက်ဖြင့်ဆိုသည်။"ငါ ချက်ချင်းပဲ အလယ်အလတ်အဆင့်ဆန်းကြယ်အင်မော်တယ်သန်းတစ်သိန်းဖြည့်မယ်။ဖရိုဖရဲမဟာတာအိုကျမ်း ဆန်းကြယ်အင်မော်တယ်အပိုင်းကို ကျင့်ကြံမယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က ဆက်ပြောသည်။"အင်မော်တယ်သလင်းကျောက်တွေကို ထုတ်မယ်။ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကိုနားလည်ဆင်ခြင်မယ်။ မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်ကို ကျင့်ကြံမယ်။ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်မယ်။"
တင်း!
"ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို အဆတစ်ရာထရီလီယန်မြင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ပါတယ်။"
…
တင်း!
"မြေနတ်ဆိုး ခုနစ်ဆယ့်နှစ်သွယ် နည်းစနစ်ကို အဆတစ်ရာထရီလီယန် မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
…
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ရာထရီလီယန်မြှင်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။ သင်တွင် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များ ပြတ်လပ်နေမှုကြောင့် တွက်ချက်နှုန်းကတော့ အင်မတန့် အင်မတန် နှေးနေပါတယ်။"
…
နောက်ထပ် အသိပေးချက် အနည်းငယ်ပေါ်လာခဲ့သည်။
"ဟုတ်ပြီ။မဆိုးဘူး။" ချီမင်က ခေါင်းညိတ်လိုက်သည်။
"ပြန်လာခဲ့" သူက ညာဘက်လက်ကိုဝေ့ယမ်းကာ အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို သိမ်းသည်။ သူက အစီအရင်ကို ဖယ်လိုက်သည်။အဆင့်ချိုးဖြတ်မှုပြီးဆုံးသွားသောကြောင့် ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ရန်မလိုတော့ပေ။
“လုံလောက်ပြီ။” ချီမင် ကခဏလောက်တွေးမိသွားသည်။ "ငါ အဆင့်မြင့်အင်မော်တယ်သလင်းကျောက်တစ်ထရီလီယန်ထည့်မယ်။ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသစ်ကို အသက်သွင်းမယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
" ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း ဗုဒ္ဓဖရိုဖရဲကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က ပြောသည်။"ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း ဗုဒ္ဓဖရိုဖရဲကို ဝင်ရောက်မယ်။"
ချီမင်၏ရှေ့မှ မြင်ကွင်းသည် ပြောင်းလဲသွားတော့၏။ ဂိမ်းမြင်ကွင်းသည် သူ့မျက်လုံးထဲသို့ တိုးဝင်လာတော့သည်။ မဟာဗုဒ္ဓဘုရားကျောင်းဆိုပေမဲ့ ဘုရားကျောင်းထဲတွင် မရေမတွက်နိုင်သော နတ်ဆိုးများ ဝိုင်းရံနေသည်။
"အောမိထောဖော်"
“ဗုဒ္ဓကပြောတယ်။ ငါငရဲထဲမဆင်းရင် ဘယ်သူများဆင်းမလဲတဲ့။”
"ဗုဒ္ဓက ဗောဓိပင်အောက်မှာ ထိုင်တော်မူလျက် ကမ္ဘာလောကြီးထဲမှ ကျွတ်ထိုက်သူများကို ကယ်တင်ပေးခဲ့တယ်။"
“ဒီကမ္ဘာထဲကအညစ်အကြေးတွေပျောက်ကွယ်ပြီးအလင်းကိုမြင်ပါစေ။”
“…”
ချီမင်က ဂိမ်းမြင်ကွင်းထဲတွင် ရွှေရောင်ဗုဒ္ဓများတစ်ပါးပြီးတစ်ပါးပေါ်လာသည်ကို သိသိသာသာမြင်လိုက်ရသည်။ ဗုဒ္ဓဓမ္မရုပ်တုများသည် ကောင်းကင်ကိုဖိနှိပ်ပြီး အဆုံးမဲ့စွမ်းအားများ ပါဝင်သည်။ ကမ္မစွမ်းအားက ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကြီးကိုတောင် လှုပ်ခါသွားစေသည်။
တိုက်ပွဲအလယ်တွင်
ချောမောသည့် အမျိုးသားတစ်ဦးမတ်တပ်ရပ်နေသည်။ သူ့မျက်နှာသွင်ပြင်က ငြင်သာသိမ်မွေ့ကာ အမျိုးသမီးတစ်ဦးထက်တောင် လှပ၏။သူ့အမူအရာမှာတော့ ထက်ရှပြတ်သားလျက်ရှိသည်။
သူက နတ်ဆိုးဗုဒ္ဓ မြေနီမှုန့်ဖြစ်သည်။
"ဗုဒ္ဓက က နတ်ဆိုးတွေကို မကျော်လွှားနိုင်တာကို မသိခဲ့ရလို့ နှစ်(၃၀၀၀)ကြာ ဗုဒ္ဓကိုဦးညွှတ်ခဲ့တယ်။ ပြန်တွေးကြည့်ရင် လွန်ခဲ့တဲ့နှစ်တစ်သောင်းလောက်က ငါ နတ်ဆိုးလမ်းစဉ်ကို မဝင်ခင် ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးခဲ့သင့်တာ။"
နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က ကောင်းကင်ယံ၌ အော်ဟစ်လိုက်သည်။ အဆုံးမဲ့စွမ်းအားများသည် ပျံ့နှံ့လာပြီး ကြောက်မက်ဖွယ်နတ်ဆိုးဓမ္မရုပ်တုများအဖြစ်ပြောင်းလဲကာ ရွှေရောင်ဗုဒ္ဓများကို ဖိနှိပ်သည်။
ထိုအချိန်၌ ချီမင်က စာကြောင်းများပေါ်လာခြင်းကို တွေ့လိုက်ရသည်။ ထိုစကားလုံးများက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း ဗုဒ္ဓဖရိုဖရဲ၏နောက်ခံဇာတ်ကြောင်းကို မိတ်ဆက်ပေးထားခြင်းဖြစ်သည်။
လွန်ခဲ့သည့် နှစ်(၁၃၀၀၀)၌။
ရှေးဟောင်းဗုဒ္ဓဂိုဏ်းက ဗုဒ္ဓသားတော်တစ်ပါးကို လက်ခံပြီး မြေနီမှုန့်ဟု နာမည်ပေးခဲ့သည်။ သူက ပါရမီကောင်းကာ ထက်မြက်ပေသည်။သူက အနာဂါတ်တွင်ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ကျောင်းထိုင် နေရာ၌ တာဝန်ယူရမည်ဖြစ်သည်။
နှစ်တစ်သောင်းအတွင်းမှာပဲ မြေနီမှုန့်လေးက ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းတွင် ကျင့်ကြံခဲ့ပြီး နှစ်သုံးထောင်အတွင်းမှာ အင်မော်တယ်အဆင့်နှင့်တူညီသည့် ဗုဒ္ဓအဆင့်ကိုရောက်ခဲ့သည်။ သူက ဆရာ၏ညွှန်ကြားချက်ကိုလိုက်နာကာ တောင်အောက်ဆင်းပြီး လေ့ကျင့်ခဲ့ရသည်။ သူက လူသားကမ္ဘာတွင် အတွေ့ကြုံယူကာ ပျော်ရွှင်မှု ခွဲခြားမှုများကို ကြုံခဲ့ရသည်။
ဗုဒ္ဓကာရမ္မက်က အနှစ်သာရကင်းမဲ့ပြီး အနှစ်သာရကင်းမဲ့မှုသည် တဏှာဖြစ်သည်ဟုပြောခဲ့သည်။
ဗုဒ္ဓက စွဲလမ်းမှုကိုစွန့်ပစ်နိုင်ရင် အရာအားလုံးက ဗလာနတ္ထိဖြစ်သွားလိမ့်မည်ဟုပြောကြားခဲ့၏။
သူက တစ်ခါမှမကြုံဖူးတော့ မည်သိုာ စွန့်ပစ်ရမည်နည်း။
သူက သေမျိုးကမ္ဘာ၌ အတွေ့အကြုံယူခဲ့သည်။
တောင်ပေါ်ကဆင်းပြီး သုံးနှစ်အကြာတွင်။
မြေနီမှုန့်က နတ်ဆိုးမျိုးနွယ်အပျိုစင် ယင်းလော်နှင့် ဆုံခဲ့ရသည်။ နှစ်ဦးသာက လူသားကမ္ဘာတွင်ပဲ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သူတို့က တစ်ဖက်၏နောက်ခံကိုဖြစ်စေ အထောက်အထားကိုဖြစ်စေ မသိခဲ့ကြပါ။
သူတို့က အရာများစွာ ကြုံတွေ့ခဲ့ကြသည်။ သူတို့ က အသက်ရင်းကာ ကမ္ဘာကြီးကို စွန့်စားသွားလာခဲ့ကြ၏။ သူတို့က အခက်အခဲများကို ကြုံတွေ့ခဲ့ကြပြီး အန္တရာယ်များကို တစ်ခုပြီးတစ်ခုရင်ဆိုင်ခဲ့ကြကာ အခွင့်အလမ်းများကို ရယူခဲ့သည်။
မြေနီမှုန့်နှင့် ယင်းလော်တို့က နီးစပ်လာခဲ့သည်။ ထို့ပြင် မြေနီမှုန့်၏မျက်လုံးထဲတွင် ယင်းလော်သည် ကမ္ဘာကြီးထဲ၌ အလှပဆုံးမိန်းကလေးဖြစ်သည်။ သူမ၏အလှကို ဖော်ညွှန်းဖို့ စကားလုံးတောင် မမှီပေ။
နေ့တစ်နေ့၏ညနေခင်းတွင် နေဝင်ခါစအချိန်ကလေး၌ဖြစ်ပြီး နေရောင်ဖျော့ဖျော့သည် ယင်းလော်နှင့် မြေနီမှုန့်တို့ပေါ်၌ ဖြာဆင်းနေခဲ့သည်။ သူမက နေဝင်ဆည်းဆာကို ကျောပေးထားပြီး လှပစွာကျော့ရှင်းစွာထိုင်နေခဲ့သည်။ သူမက ပြုံးကာ မေးလိုက်သည်။"ဘုန်းကြီးလေး ရှင်ကျွန်မကို ကြိုက်လား"
မြေနီမှုန်က စိတ်ရှုပ်သွားပြီး ဘာဖြေရမှန်းမသိတော့ချေ။ သူက နှုတ်ဆိတ်နေခဲ့သည်။
မြေနီမှုန့်၏စိတ်ထဲတွင် သူမကို ကြိုက်သည်ဟု ပြန်ဖြေပြီးနေခဲ့ပြီဖြစ်သည်။
ယင်းလော်က သူမလိုချင်သည့် အဖြေကို မရခဲ့ပေ။
နောက်တစ်နေ့တွင် ရှေးဟောင်းဗုဒ္ဓဂိုဏ်းနှင့်နတ်ဆိုးမျိုးနွယ်မြင့်မြတ်မြေတို့က တစ်ချိန်တည်းမှာ ရောက်ရှိလာကြကာ မြေနီမှုန့်နှင့် ယင်းလော်တို့၏သရုပ်မှန်လည်း တစ်ချိန်တည်း ပေါ်ပေါက်သွားခဲ့သည်။ သူက အင်မတန်အံ့ဩသွားခဲ့ရသည်။ယင်းလော်က နတ်ဆိုးမျိုးနွယ်မြင့်မြတ်အပျိုစင်တစ်ဦးဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သို့ပေမဲ့ ယင်းလော်ကတော့ သိထားပုံရပြီး အရမ်းအံ့ဩနေပုံမရပေ။
“ပြန်ကြမယ်။” ကျောင်းထိုင်၏အမူအရာက မဲမှောင်လျက် ပြောလာသည်။
"ဆရာ"မြေနီမှုန့်ကခေါင်းငုံ့လိုက်သည်။
"နတ်ဆိုး" ကျောင်းထိုင်က ခေါင်းမော့က ယင်းလော်ကို စိုက်ကြည့်လိုက်သည်။"နတ်ဆိုးမ မင်းကများ ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓသားတော်ကို ဖြားယောင်းရဲတယ်ပေါ့။ မင်းက အပြစ်ကြီးတစ်ခုကို ကျူးလွန်ခဲ့ပြီ။ "မြန်မြန်သာ သေလိုက်တော့။"
"မဟာဗုဒ္ဓလက်ဖဝါး"
ကျောင်းထိုင်က လက်မြှောက်ကာ ယင်းလော်ကိုတိုက်ခိုက်ခဲ့သည်။
"မျက်ခွက်လာပြောင်နေတာလား။"
နတ်ဆိုးမျိုးနွယ်မြင့်မြတ်မြေ၏ပထမအကြီးအကဲကလည်း လက်မြှောက်ကာ လက်ဖဝါးရိုက်ချက်တစ်ချက်ကို ထုတ်လွှတ်ပြီး ကျောင်းထိုင်၏ဗုဒ္ဓလက်ဖဝါးကို တားဆီးလိုက်သည်။ သူကအေးစက်စွာ နှာခေါင်းရှုပ်လျက် ဆိုသည်။"ခင်ဗျားတို့ဗုဒ္ဓသားတော်ရဲ့ သေမျိုးနှလုံးသားက မပျောက်ကွယ်သေးတာ အသိသာကြီးကို။ ကျုပ်တို့ရဲ့ မြင့်မြတ်အပျိုစင်နဲ့ ဘာမှမဆိုင်ဘူး။"
“သွား!”
နတ်ဆိုးမြင့်မြတ်မြေ၏ပထမအကြီးအကဲက ယင်းလော်ကို ခေါ်ဆောင်သွား၏။
ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ကျောင်းထိုင်က သေမျိုးကမ္ဘာကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ သူက အကူအညီမဲ့နေပေမဲ့ ဘာမှမတတ်နိုင်ပေ။ အချစ်စမ်းသပ်ချက်က ကျော်လွှားဖို့ အခက်ခဲဆုံးဖြစ်သည်။
“ပြန်ကြမယ်။” ကျောင်းထိုင်က မြေနီမှုန့်ကို ရှေးဟောင်းဗုဒ္ဓကျောင်းသို့ ပြန်ခေါ်ဆောင်သွားခဲ့သည်။
အချိန်ကုန်ဆုံးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ထောင် ကုန်လွန်သွားခဲ့သည်။
မြေနီမှုန့်က တားမြစ်နယ်မြေတွင် သီးသန့်ကျင့်ကြံခဲ့ပြီး ဘယ်သောအခါမှ ထွက်မလာခဲ့ပေ။ သို့ပေသော်လည်း သူက နတ်ဆိုးမြင့်မြတ်မြေ၏သတင်းဆိုးကို ကြားခဲ့ရသည်။
နတ်ဆိုးမြင့်မြတ်အပျိုစင်ယင်းလော် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့သည်။
မယုံနိုင်စရာကောင်းပေ၏။
ယင်းလော်၏ကျင့်ကြံခြင်းအဆင့်က မြေနီမှုန့်ထက် မလျော့နည်းပေ။သူမက သတ်သေဖို့တွန်းအားပေးခံခဲ့ရသည်။
သူမ အမှန်တကယ်တော့ နတ်ဆိုးမြင့်မြတ်သားတော်၏မီးဖိုအဖြစ် ပျိုးထောင်ပေးခံထားခဲ့ရတာဖြစ်သည်။
ပိုအရေးကြီးတာက…
နတ်ဆိုးမြင့်မြတ်မြေတွင် စုစုပေါင်း အပျိုစင်ကိုးယောက်ရှိသည်။ ကိုးယောက်လုံးက နတ်ဆိုးမြင့်မြတ်သားတော် ကျန့်ထျန်းလီမှ မီးဖိုအဖြစ်ပျိုးထောင်ထားခြင်းဖြစ်သည်။ ကျန့်ထျန်းလီ၏အဖေသည် နတ်ဆိုးမြင့်မြတ်မြေ၏မြင့်မြတ်အရှင်ဖြစ်သည်။
ယင်းလော်က ကျန့်ထျန်းလီ၏မီးဖိုဖြစ်လာဖို့ မငြင်းဆန်နိုင်ခဲ့ပေ။ သူမ၏ဖြူစင်မှုက ညစ်ထေးသွားခဲ့ပြီး နောက်ရက်မှာပဲ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့သည်။
မြင့်မြတ်အပျိုတော်ကိုးယောက်ရှိသည်။
ယင်းလော်သာ အရှက်တကွဲဖြစ်ရခြင်းကို မခံနိုင်ဘဲ သတ်သေခဲ့ခြင်းဖြစ်သည်။
အခြားရှစ်ယောက်ကတော့ သည်းခံရင်း ရှင်သန်ခဲ့ကြရသည်။
ယနေ့မှာတော့ မြေနီမှုန့်က တားမြစ်နယ်မြေထဲမှ ပြေးထွက်လာခဲ့ပြီး မည်သူကိုမှ ဂရုမစိုက်တော့ဘဲ နတ်ဆိုးမြင့်မြတ်မြေသို့ တိုးဝင်သွားခဲ့သည်။ သူက အနီရောင်မင်္ဂလာဝတ်စုံဖြင့် သွေးချင်းနီနေသည့် ယင်းလော်ကို တွေ့သွားခဲ့သည်။
ထိုအခိုက်တွင် နတ်ဆိုးချီများသည် ကောင်းကင်ယံ၌ မြင့်တက်လာခဲ့သည်။
ကမ္ဘာကြီးတစ်ခုလုံးက ပူဆွေးစွာဖြင့် ငိုကြွေးလိုက်ဟန်ရသည်။
မြေနီမှုန့်သည် နတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့သည်။