← Chapters

ရှားပါးအင်မော်တယ်သားရဲတစ်ကောင် ပိုင်ဆိုင်ခြင်း

Vol. 22 Ch. 330

ရှားပါးအင်မော်တယ်သားရဲတစ်ကောင် ပိုင်ဆိုင်ခြင်း

Vol. 22 Ch. 330

"ဒီဂိမ်းမြေအောက်ခန်းက အတော်လေးစိတ်ဝင်စားဖို့ ကောင်းတာပဲ။"

ချီမင်က ခဏလောက်စဉ်းစားကာ ဂိမ်းမြေအောက်စခန်း'ဗုဒ္ဓဖရိုဖရဲ'၏နောက်ခံအချက်အလက်များကို ကြည့်လိုက်သည်။"ကောင်းလိုက်တဲ့ ဗုဒ္ဓသားတော်။ သူ့ရဲ့အနာဂတ်အောင်မြင်မှုက အကန့်အသတ်မဲ့ပဲ။ဒါပေမဲ့ သူက အချစ်ထောက်ချောက်ထဲ ပိတ်မိသွားပြီး နတ်ဆိုးတစ်ကောင်ဖြစ်လာတယ်။"

“အဲ့ဒါကြောင့်..."

"ဒီကမ္ဘာမှာ အချစ်ဆိုတာဘာများလဲ။ ဒီတိုင်း သေခြင်းရှင်ခြင်းကိစ္စတစ်ခုပါပဲ။"

"အဟွတ်...ဟွတ်"

ချီမင်က ပွဲကို ကြည့်နေခဲ့သည်။

ထိုအခိုက်တွင် မြေနီမှုန့်က ပြုစားခံလိုက်ရပြီဖြစ်သည်။ နတ်ဆိုးချီတိုင်များမှာ ကောင်းကင်သို့ မြင့်တက်သွားပြီး နတ်ဆိုးတိုင်ဆယ့်နှစ်တိုင်အဖြစ် ပြောင်းလဲသွားသည်။ နတ်ဆိုးတိုင်များထဲတွင် နတ်ဆိုးဗုဒ္ဓရုပ်တုဆယ့်နှစ်ခု၏အရိပ်များ ပေါ်လာသည်။

သူတို့က ဖြည်းညင်းစွာဖြင့် သိပ်သည်းသွားတော့သည်။

နတ်ဆိုးမြင့်မြတ်မြေတစ်ခုလုံး တပ်လှန့်သွားကြသည်။

"သူဘယ်သူလဲ။"

“ဒီ..."

"ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓကလေးများလား။"

"ဟူး..."

"သူက ဗုဒ္ဓဂိုဏ်းရဲ့ သားတော်မလား။ နတ်ဆိုးချီတွေက ကောင်းကင်ထိတောင် မြင့်တက်နေတယ်။ကောင်းကင်တာအိုကနေ နတ်ဆိုးတာအိုအဖြစ်ပြောင်းလဲသွားပြီ။ တော်တော်လေး ကြောက်ဖို့ကောင်းတယ်။ ဘယ်လိုလို့ ဗုဒ္ဓသားတော် ဖြစ်နိုင်မှာလဲ။ ဒါက ရှေးဟောင်းနတ်ဆိုးနိုးထလာခြင်းဖြစ်ရမယ်။"

"အတိအကျ ဘယ်လိုဖြစ်သွားတာတုန်း"

"ငါကြားတာတော့ သူတော်စင်မယင်းလော်က သေမျိုးကမ္ဘာကြီးထဲကို ကျင့်ကြံဖို့သွားတုန်းက သူမက ဗုဒ္ဓသားတော်နဲ့တွေ့ခဲ့တယ်ဆိုပဲ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ခံစားချက်တွေ ရှိလာကြတယ်။ အခု ကြည့်ရတာ ယင်းလော်က အရှက်တကွဲအကျိုးနည်းဖြစ်ရတာကို မခံနိုင်တော့ဘဲ သတ်သေသွားတာ သူနဲ့ဆိုင်ရမယ်ထင်တယ်။ သူက သေချာပေါက် သူတော်စင်မယင်းလော်ကို ခံစားချက်တွေ ရှိခဲ့လောက်မယ်။"

"တစ်ခုခုဖြစ်တော့မယ်။"

“…”

နတ်ဆိုးမြင့်မြတ်နယ်မြေ၏အကြီးအကဲများက အင်မတန်ထိတ်လန့်သွားသည်။

"မြေနီမှုန့် မရူးမိုက်စမ်းနဲ့"

ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ကျောင်းထိုင်က လျင်မြန်စွာရောက်လာခဲ့သော်ငြား မြေနီမှုန့်ကရူးသွပ်သွားပြီဖြစ်သည့်အတွက် နောက်ကျသွားပြီဖြစ်သည်။

မြေနီမှုန့်က မော့ကြည့်လိုက်သည်။ သူက ယင်းလော်၏အလောင်းကို သူ့လက်မောင်းထဲ၌ ပွေ့ထားပြီး ခေါင်းအသာမော့လိုက်သည်။ သူမျက်လုံးများက သွေးရောင်သန်းလျက် သွေးမျက်ရည်များ ကျဆင်းနေခဲ့သည်။

"ဆရာ ကျွန်တော် ဗုဒ္ဓရဲ့ခြေတော်ရင်းမှာ နှစ်သုံးထောင်ကြာ ဝပ်တွားခဲ့တယ်။ ကျွန်တော် ဗုဒ္ဓကို မေးချင်မိတယ်။ဘာကြောင့်များ သူမကို မကယ်တင်ရတာလဲ။" မြေနီမှုန့်က လေးနက်စွာ မေးလိုက်သည်။

"မြေနီမှုန့်" ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ကျောင်းထိုင်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။"သေမျိုးတွေရဲ့ ခံစားချက်ဆိုတာ အကုသိုလ်တွေပဲ။ ရမ္မက်က အနှစ်သာရကင်းမဲ့ပြီး အနှစ်သာရကင်းမဲ့မှုကလည်း တဏှာရမ္မက်ပဲ။ စွဲလမ်းမှုကိုစွန့်ပစ်နိုင်ရင် အရာအားလုံးက ဗလာနတ္ထိဖြစ်သွားလိမ့်မယ်။”

"ဟားဟား"မြေနီမှုန့်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။"ဆရာ ကျွန်တော်နားလည်ပါပြီ။ ဗုဒ္ဓက နတ်ဆိုးတွေကို မလွန်ဆန်နိုင်မှတော့ ကျွန်တော်ကပဲ နတ်ဆိုးလမ်းစဉ်ကို ဆင်းပြီး သူမကို ထာဝရကာကွယ်ပေးမယ်။"

"ဒါပေမယ့်"

"ဒါပေမယ့်"

"ကျွန်တော်နားလည်တာ အရမ်းနောက်ကျသွားပြီ။"

“သိပ်နောက်ကျသွားပြီ!”

"ကြေကွဲဖွယ်ဖြစ်ရပ်တွေ ဖြစ်ခဲ့ပြီးပြီ။"

အရာတိုင်းတိုင်းကို ပြန်လည် ပြုပြင်လို့မရတော့ပေ။

“နတ်ဆိုးဗုဒ္ဓကမ္ဘာဖျက်ဆီးဓား။”

မြေနီမှုန့်က တိုက်ခိုက်လိုက်သည်။ သူက နတ်ဆိုးမျိုးနွယ်မြင့်မြတ်သားတော် ကျန့်တျန်းလီကိုတိုက်ရိုက်တိုက်ခိုက်သည်။ လူတိုင်း၏အကြည့်အောက်မှာပဲ သူကနေရာလွတ်ကိုဖြတ်ကာ ကြောက်မက်ဖွယ်နတ်ဆိုးဆေဘာတစ်လက်အဖြစ်ပြောင်းလဲသွားသည်။

ဖျော့။

သွေးများဖြာထွက်လာသည်။

တစ်ချက်တည်းပေ။

တကယ့်ကို တစ်ချက်တည်းပေ။

နတ်ဆိုးမျိုးနွယ်မြင့်မြတ်သားတော်ကျန့်တျန်းလီက နှစ်ပိုင်းပြတ်သွားတော့သည်။ သူ့အလောင်းက ကြောက်မက်ဖွယ်ဆေဘာချီကြောင့် ပြာဖြစ်သွားတော့၏။

ချက်ချင်းကို သတ်ပစ်လိုက်ခြင်းပင်။

ချက်ချင်းနီးပါးကို သတ်ပစ်လိုက်ခြင်းပင်။

"ဒါက အစပဲ ရှိသေးတယ်။" မြေနီမှုန့်၏အကြည့်က အေးစက်နေသည်။

"တျန်းလီ ငါ့သားလေး"

နတ်ဆိုးမြင့်မြတ်အရှင် ကဒေါသတကြီးအော်ဟစ်လိုက်ပြီး သတ်ဖြတ်လိုစိတ်များမှာ မိုးထိလောက်အောင်မြင့်တက်လာသည်။ သူတိုက်ခိုက်တော့မဲ့အချိန်မှာပဲ မြေနီမှုန့်က အလင်းတန်းတစ်ခုအဖြစ်ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။ မြင့်မြတ်နတ်ဆိုးအရှင်က မြေနီမှုန့်၏ခြေရာကို မတွေ့တော့ပေ။

"ရှေးဟောင်းဗုဒ္ဓဂိုဏ်း"

နတ်ဆိုးမြင့်မြတ်အရှင်၏ဒေါသသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ကျောင်းထိုင်ဘက်သို့ ကူးပြောင်းသွား၏။"ခင်ဗျားတို့ ပျိုးထောင်ပေးထားတဲ့ ဗုဒ္ဓသားတော်ကို ကြည့်စမ်းပါ။ ဘာဖြစ်သွားလဲဆိုတာ ကြည့်စမ်းပါ။"

"သူက နတ်ဆိုးတစ်ကောင်ဖြစ်သွားပြီ။"

"သူက ကျုပ်ရဲ့သားကို သတ်လိုက်ပြီ။"

"အော်မိထော်ဖော သနားဂရုဏာရပါစေ။"

ကျောင်းထိုင်ဆရာတော်က တည်ငြိမ်ကာ အလွန်အမင်းကို သာမန်ဆန်သည့် ကိစ္စတစ်ခုမျှအလား ကြည့်နေသည်။ သူက ဖြေးညှင်းစွာပြောသည်။"အရာရာတိုင်းမှာ အကြောင်းနဲ့အကျိုးဆိုတာရှိတယ်။ နတ်ဆိုးမြင့်မြတ်သားတော်က သူစိုက်ခဲ့တဲ့အသီးကို သူပြန်စားလိုက်ရတာပဲ။"

“ဒါကိုသူမခုခံနိုင်ဘူး။”

“သူထိုက်တန်ပါတယ်လေ။”

ကျောင်းထိုင်ကလည်း ထွက်ခွာတော့မဲ့အချိန်၌ပဲ နတ်ဆိုးမြင့်မြတ်အရှင်က ပြောင်ပြောင်တင်းတင်းတိုက်ခိုက်လိုက်သည်။ ကောင်းကင်၌ ကြောက်မက်ဖွယ်ကောင်းသည့်တိုက်ပွဲတစ်ခုဖြစ်ပွားလာသည်။သို့ပေမဲ့ နှစ်ဖက်လုံးက တစ်ဖက်ကိုတစ်ဖက် ဘာမှမလုပ်နိုင်ပေ။ တိုက်ပွဲပြီးသည့်အထိ ရလဒ်မထွက်လိုက်ပေ။

အချိန်ကုန်ဆုံးသွားသည်။

နှစ်တစ်သောင်း ကြာသွားခဲ့သည်။

နတ်ဆိုးလမ်းစဉ်က ထွန်းတောက်လာခဲ့သည်။

လမ်းမှန်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့ ပေါက်ကွဲထွက်လာကြသည်။

နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က နတ်ဆိုးစစ်တပ်ကို ဦးဆောင်၍ လမ်းမှန်ဂိုဏ်းများကို တစ်ဂိုဏ်ပြီးတစ်ဂိုဏ်းတိုက်ခိုက်ခဲ့သည်။ နတ်ဆိုးမြင့်မြတ်နယ်မြေသည်လည်း ဖျကဆီးခံလိုက်ရပြီး နတ်ဆိုးမြင့်မြတ်အရှင်ကို မြေနီမှုန့်က ကိုယ်တိုင်သတ်ဖြတ်ခဲ့သည်။

ယခုတော့ မြေနီမှုန့်က ရှေးဟောင်းဗုဒ္ဓဂိုဏ်းကို တိုက်ခိုက်နေပြီဖြစ်သည်။

ကမ္ဘာပေါ်မှ လမ်းမှန်ဂိုဏ်းအားလုံးသည် ရှေးဟောင်းဗုဒ္ဓဂိုဏ်းသို့ စုဝေးလာခဲ့၏။ လမ်းမှန်လမ်းစဉ်နှင့် နတ်ဆိုးလမ်းစဉ်တို့၏နောက်ဆုံးတိုက်ပွဲသည် ဤနေရာ၌ စတင်မည်ဖြစ်သည်။

ချီမင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းတွင် မတူညီသည့် ဂိမ်းဇာတ်ကောင်နှစ်ခုကို ရွေးချယ်နိုင်သည်။ ပထမတစ်ခုက ဗုဒ္ဓဂိုဏ်း၏ဝါမြင့်ဘုန်းတော်ကြီးဖြစ်ပြီး ဒုတိယတစ်ခုက နတ်ဆိုးဂိုဏ်း၏မဟာနတ်ဆိုးဖြစ်သည်။

"မဟာနတ်ဆိုးကို ပဲရွေးလိုက်မယ်။"

ချီမင်သည် မြေနီမှုန့်ကို ကူညီဖို့ ရွေးချယ်လိုက်သည်။ ထို့ကြောင့် သူက နတ်ဆိုးဂိုဏ်း၏မဟာနတ်ဆိုးကိုရွေးချယ်လိုက်ကာ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသို့ ဝင်သွားသည်။

"တိုက်ခိုက်"

ချီမင်က ဂိမ်းဇာတ်ကောင်ကိုရွေးချယ်လိုက်သည်နှင့် သူက သွေးရောင်ဆံပင်ဖြင့်လူငယ်လေးဖြစ်သွားသည်။ နတ်ဆိုးချီများသည် ကောင်းကင်ထိတိုင် ထိုးတက်သွားပြီး(၂၄)လွှာနတ်ဆိုးကြာပန်းနက်တစ်ပွင့် ပေါ်လာသည်။

ထို့နောက် သူက အံ့ဖွယ်စွမ်းအားတစ်ခုပြီးတစ်ခုကို အင်အားကုန်ထုတ်သုံးခဲ့သည်။ ချီမင်၏လက်ရှိကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ်များကို အလွယ်တကူ သတ်ဖြတ်နိုင်သည်။

“ဟားဟား..."

ချီမင်ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက ပြိုင်ဘက်ကင်းပေ။ တိုက်ပွဲတစ်ခုလုံးတွင် မည်သူမှ မတားဆီးနိုင်ပေ။ သူက မယှဉ်သာလောက်အောင် စွမ်းအားကြီးပေသည်။

ထိုသို့ဖြင့် ချီမင်၏အကူညီဖြင့် ဗုဒ္ဓဂိုဏ်းနှင့်လမ်းမှန်ဂိုဏ်းတို့သည် တစ်ဆင့်ပြီးတစ်ဆင့်နောက်ဆုတ်နေရသည်။ သူတို့က နတ်ဆိုးတာအို၏စစ်တပ်နှင့် မယှဉ်ပြိုင်နိုင်တော့ပေ။လမ်းမှန်လမ်းစဉ်ကျွမ်းကျင်သူများသည် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးလာသည်။

အခြေအနေက နတ်ဆိုးလမ်းစဉ်ဘက်သို့ ဦးတည်နေပါ၏။

"ကျောင်းထိုင်" မြေနီမှုန့်၏အကြည့်က တည်ငြိမ်နေသည်။"ခင်ဗျား ရှုံးသွားပြီ။"

"အသားသတ်ဓားကိုချပြီး ဗုဒ္ဓတစ်ပါးဖြစ်လာပါ။"

ရှေးဟောင်းဗုဒ္ဓဂိုဏ်း၏ကျောင်းထိုင်က အသက်ပြင်းပြင်းရှုကာ နားချလိုက်သည်။" မြေနီမှုန့် ပြန်လှည့်ဖို့ နောက်မကျသေးဘူး။ နောင်တရစမ်းပါ။ ဆက်မမိုက်ပါနဲ့တော့။"

“မှားသွားတာလား။” မြေနီမှုန့်က ခေါင်းခါလိုက်သည်။"ဟုတ်တယ်။ ကျုပ် တကယ်မှားသွားခဲ့တယ်။ ကျောင်းထိုင် ခင်ဗျားလည်းမမှားသလို နတ်ဆိုးတွေလည်း မမှားဘူး။ ကျုပ် မှားသွားခဲ့တယ်။ ကျုပ် နဂိုတည်းက နတ်ဆိုးဖြစ်ခဲ့သင့်တာ "

"တိုက်ခိုက်"

မြေနီမှုန့်က အော်ဟစ်ကာ ကျောင်းထိုင်ကို တိုက်ခိုက်ခဲ့သည်။ မကြုံစဖူးထူးခြားသည့် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့သည်။ ထိုတွက်ပွဲက ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း ဗုဒ္ဓဖရိုဖရဲ၏ အသန်မာဆုံးနှစ်ဖက်ကြားမှ တိုက်ပွဲဖြစ်၏။

မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့် တိုက်ပွဲတောင် ဖြစ်နေခဲ့ပေသည်။

သူက အတော်လေးသန်မာသည်။

ချီမင်က ဂိမ်းမျက်နှာပြင်ကို ပိတ်ကာ အာရုံမစိုက်တော့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာ ဆယ်ရက်ကြာသွားသည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း ဗုဒ္ဓဖရိုဖရဲကို ဆယ်ရက်ကြာ ရှင်းလင်းခဲ့ပါတယ်။ သင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် နတ်ဆိုးဗုဒ္ဓမြေနီမှုန့်နှင့်အဆင့်မြင့်အင်မော်တယ်သလင်းကျောက် တစ်ရာထရီလီယန်ရရှိပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

အင်မော်တယ်သားရဲ နတ်ဆိုးဗုဒ္ဓမြေနီမှုန့်

ဖော်ပြချက် ဗုဒ္ဓကို နှစ်သုံးထောင်ကြာ ဝပ်တွားပြီးနောက် ဗုဒ္ဓသည် နတ်ဆိုးများကို မကျော်လွှားနိုင်သည်ကို သိရှိခဲ့ပြီး ဘက်ပြောင်းကာ နတ်ဆိုးတာအို၌ ခိုလှုံခဲ့သည်။ နှစ်တစ်သောင်းအကြာမှာ သူက ဗုဒ္ဓဂိုဏ်းကို ဖျက်ဆီးခဲ့သည်။ ဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း ဗုဒ္ဓဖရိုဖရဲကို ထိုသို့စတင်ခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က အချစ်ကြောင့် ချုပ်နှောင့်ခံခဲ့ရသည်။ သူက နတ်ဆိုးလမ်းစဉ်သို့ဝင်ရောက်ကာနတ်ဆိုးဗုဒ္ဓတာအိုကို တည်ထောင်ခဲ့သည်။ သူက ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းများကို နားလည်ခဲ့သည်။ သူ့အရည်အချင်းက အတော်လေးမြင့်မားပြီး ရှားပါးအင်မော်တယ်သားရဲအဆင့်ထိရောက်သည်။ သူက အင်မော်တယ်ဘုရင်အဆင့်ထိရောက်နိုင်သည်။

“အထင်ကြီးစရာပဲ။”

ချီမင်က ပျော်ရွှင်သွား၏။"ငါ ရှားပါးအင်မော်တယ်သားရဲတစ်ကောင်ရလိုက်တာပဲ။ ပြီးတော့ အမြင့်ဆုံးအဆင့် ရှားပါးအင်မော်တယ်သားရဲပဲ။ အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်ထိတောင် ကြီးထွားနိုင်တယ်။"

"ကောင်းတယ်၊ကောင်းတယ်၊ကောင်းတယ်" ချီမင်က အင်မတန်စိတ်ကျေနပ်သွားတော့သည်။

“ထွက်လာခဲ့။” သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ သူ့ထံမှ အနက်ရောင်အလင်းတစ်ချက်ထွက်လာပြီး အရပ်ရှည်ရှည်ပိန်ပါးပါး ပုံရိပ်တစ်ခုပေါ်လာသည်။ ပြိုင်ဘက်ကင်းချောမောသည့် အမျိုးသားတစ်ဦးပင်။

"မြေနီမှုန့်" ချီမင် သူ့ရှေ့က လူချောလေးကိုကြည့်ကာ ချီးကျူးလိုက်မိသည်။

"ဂါဝရပြုပါတယ် သခင်။" မြေနီမှုန့်က ခေါင်းမော့ကာ ချီမင်ကို အရိုအသေပေးလိုက်သည်။"ကျွန်တော် အကုန်လုံးသိပြီးပါပြီ။ ကျွန်တော် သခင့်ထံ ခစားပါမယ့်။ ကျွန်တော်တစ်ခုပဲ မျှော်လင့်ပါတယ်။သခင် ကောင်းကင်နဲ့မြေကြီးရဲ့ချုပ်နှောင်မှုကနေ လွတ်မြောက်ခဲ့ရင် အချိန်နဲ့နေရာလွတ်ကို ဖြတ်သန်းပြီး ရှည်လျားတဲ့သမိုင်းမြစ်ထဲကနေ ယင်းလော်ကို ကယ်တင်ပေးပါ။"

ချီမင်က ခေါင်းညိတ်လိုက်သည်။ "အဲ့ဒီနေ့သာ ရောက်လာရင် မင်းဆန္ဒအတိုင်းဖြစ်လာစေရမယ်။"

"ကျေးဇူးပါတယ်။ သခင်" မြေနီမှုန့်က ဒူးထောက်အရိုအသေပြုလိုက်သည်။

ချီမင်က ညာလက်ဖြင့် ဓားလက်ချောင်းကိုသုံးကာ ဘယ်လက်ညိုးကို ညင်သာစွာ ခြစ်ချလိုက်သည်။ သွေးတစ်ပေါက်ပေါ်လာပြီးယိုစိမ့်ထွက်လာသည်။

“သွား!” ချီမင်က လက်ဝေ့ယမ်းကာ သွေးစက်ကို မြေနီမှုန်၏ခန္ဓာကိုယ်ပေါ်သို့ ပေါင်းစပ်လိုက်သည်။

ထိုသို့ဖြင့် မြေနီမှုန့်က ချီမင်၏ခုနစ်ကောင်မြောက် အင်မော်တယ်သားရဲဖြစ်လာသည်။

မြေနီမှုန့်က သူရောက်လာတည်းက ရွှေအင်မော်တယ်အစောပိုင်းအဆင့်ဖြစ်သည်။ ထို့ပြင် သူက ဗုဒ္ဓ၏ပြုစားခြင်းကိုခံခဲ့ရပြီး နတ်ဆိုးဗုဒ္ဓတာအိုကို တည်ထောင်ခဲ့သည်။ သူက ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကိုနားလည်ထားသည့်အတွက် အတော်လေးအရည်အချင်းမြင့်မားပြီး သူ့ဟာသူကျင့်ကြံကြီးထွားနိုင်သည်။

မြေနီမှုန့်က ဦးညွှတ်လိုက်ပြန်သည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင် ပထမဆုံးအင်မော်တယ်သားရဲတစ်ကောင်ရရှိသောကြောင့် သင့်ရဲ့ဝိညာဉ်သားရဲကြီးထွားရာနေရာလည်း အခမဲ့မြင့်တင်ပေးမှုရရှိပါတယ်။"

"ကျန်ရှိသောအချိန်၁၀....၉.....၈...၇..."

တင်း!

“အခမဲ့အဆင့်မြှင့်တင်မှုအောင်မြင်တယ်။”

"ဝိညာဉ်သားရဲကြီးထွားရာနေရာက အင်မော်တယ်သားရဲကြီးထွားရာနေရာလွတ်ဖြစ်သွားပါပြီ။"

အသိပေးချက် တစ်သီတစ်တန်းကြီးပေါ်လာခဲ့၏။

ချီမင်က ခေါင်းအသာညိတ်လိုက်၏။"ငါ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်တစ်သန်းထည့်ပြီး ခုနစ်ခုမြောက်အင်မော်တယ်သားရဲကြီးထွားရာနေရာကို အသက်သွင်းမယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"ခုနစ်ခုမြောက် အင်မော်တယ်သားရဲကြီးထွားရာနေရာကို အောင်မြင်စွာအသက်သွင်းလိုက်နိုင်ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က ခေါင်းအသာညိတ်ကာ ညွှန်ကြားလိုက်သည်။"မြေနီမှုန့် မင်းဒီမှာ ဘာမှ လုပ်စရာမလိုဘူး။ အခု အင်မော်တယ်သားရဲကြီးထွားတဲ့နေရာကို သွားတော့။"

"ဒါက မင်းအတွက် အကျိုးရှိတယ်။"

“ဟုတ်ကဲ့၊” မြေနီမှုန့်က ခေါင်းညိတ်လိုက်သည်။

“သွား!”

အနက်ရောင်အလင်း လက်သွား၏။

မြေနီမှုန့်က ခုနစ်ခုမြောက်အင်မော်တယ်သားရဲကြီးထွားရာနေရာထဲသို့ဝင်ကာ ကြီးထွားလိုက်သည်။

"ငါ အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက်သန်းတစ်ထောင် ထည့်မယ်။ရှားပါးအင်မော်တယ်သားရဲ မြေနီမှုန့်ကို ကြီးထွားခိုင်းမယ်။"

တင်း!

"ရှားပါးအင်မော်တယ်သားရဲ နတ်ဆိုးဗုဒ္ဓမြေနီမှုန့်က အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် ကြီးထွားနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က ခေါင်းညိတ်လိုက်သည်။

အချိန်ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နှစ်တစ်ရာကြာသွားသည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ရာထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ရာကြာကျင့်ကြံခဲ့ပါတယ်။ ဆယ်ခုမြောက်မဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်၏ကျင့်ကြံခြင်းအဆင့်ကဆန်းကြယ်အင်မော်တယ်အစောပိုင်းအဆင့်၌ဖြစ်သည်။ မဟာတာအိုအင်မော်တယ်ဝင်ပေါက်များကိုဖွင့်သည့် ခက်ခဲနှုန်းက တိုးတက်လာသည်။သို့ပေမဲ့ မြင့်တင်နှုန်းကလည်း ဆယ်ဆတိုးမြင့်သွားခဲ့သည်။

သူက နှစ်တစ်ရာပြည့်တိုင်းမဟာတာအိုအင်မော်တယ်ဝင်ပေါက်ကို တည်ဆောက်နိုင်ခဲ့သည်။

လွန်ခဲ့သည့်နှစ်ရာချီအတွင်း သူက ဗုဒ္ဓဖရိုဖရဲမြေအောက်စခန်းမှ အမွေအနှစ်သလင်းကျောက်များနှင့်သွေးမျိုးဆက်သလင်းကျောက်များစွာ ရရှိခဲ့သည်။ သူက သေမင်း၊အမှောင်မီးလျှံ၊ယင်လေး၊ကပ်ဘေးလေး၊လင်းနို့လေးနှင့်ဟော့ချန်ချင်းတို့ကို သက်ဆိုင်ရာအမွေအနှစ်သလင်းကျောက်များနှင့် သွေးမျိုးဆက်သလင်းကျောက်များကို အောင်မြင်စွာ စုပ်ယူခိုင်းနိုင်ခဲ့သောကြောင့် ရွှေအင်မော်တယ်အဆင့်သို့ အောင်မြင်စွာအဆင့်တက်သွားသည်။

All Chapters