← Chapters

အင်ပါယာပြောင်းလဲခြင်း

Vol. 22 Ch. 317

အင်ပါယာပြောင်းလဲခြင်း

Vol. 22 Ch. 317

ချီမင်၏သန့်စင်ရွှေခန္ဓာက အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်အားလုံးကို ခုခံနိုင်သည်။ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏နတ်ဆိုးရတနာက စွမ်းအားကြီးပေမယ့် ချီမင်ကိုတော့ မထိခိုက်နိုင်ပေ။

"အသင်္ချေနတ်ဆိုး ကြေးမုံ"

ချီမင်က ပြုံးလိုက်သည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ထားလျက် အရင်မတိုက်ခိုက်ပေ။ သူက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကိုကြည့်ကာ နှာမှုတ်လိုက်သည်။"ကျုပ်အမြင်မှာတော့ ခင်ဗျားရဲ့ရတနာက ကလေးကစားစရာမှန်တစ်ချပ်သာသာပဲ။"

“မင်း!!!” ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ပိုပြီးတောင်ဒေါသထွက်လာ၏။"ခွေးမသား"

"အသင်္ချေနတ်ဆိုး အလင်းတန်း"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အော်ဟစ်ကာ အသင်္ချေနတ်ဆိုး ကြေးမုံ၏စွမ်းအားကို အကန့်အသတ်ရောက်သည်အထိ အသက်သွင်းလိုက်သည်။ အသင်္ချေနတ်ဆိုး ကြေးမုံက ကောင်းကင်ပေါ်သို့ပျံတက်သွားကာ အနက်ရောင်နေတစ်စင်းအလား ပတ်ဝန်းကျင်ကို အလင်းရောင်များထွန်းလင်းပေးလိုက်သည်။

မြူခိုးနက်များ ပျံ့လွင်လာသည်။

တခဏအတွင်းမှာ မည်းနက်နေသည့် ကြေးမုံးအလင်းတို့မှာ တောက်ပလာပြီး ကမ္ဘာကြီးပေါ်တွင်ထွန်းလင်းလာကာ လောကတစ်ခုအဖြစ်ပြောင်းလဲသွားတော့၏။ ဥပဒေသစွမ်းအားများမှာ စုစည်းလာပြီး မရေမတွက်နိုင်လောက်သော အနက်ရောင်အရိပ်များအဖြစ်ပြောင်းလဲသွား၏။

"သေ"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ရူးသွပ်သွားသည့်အလား ထပ်ခါထပ်ခါအော်ဟစ်နေသည်။ စွမ်းအားကြီးအံ့ဖွယ်စွမ်းအားများက ချီမင်အပေါ်သို့ကျရောက်လာကာ ဖုံးအုပ်သွားတော့သည်။ နေရာလွတ်က ချိတ်ပိတ်ခံထားရသောကြောင့် ချီမင်ခင်ဗျာလွတ်လမ်းများ မရှိတော့ပေ။

"မဟာကပ်ဘေးဒုက္ခနည်းစနစ်"

ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။ သူကလည်း ဖိအားကို ခံစားလိုက်ရပါ၏။ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အတော်လေးကို စွမ်းအားကြီးသည်။ သူက လက်ကိုဖြေးညှင်းစွာမြှောက်ကာဆိုသည်။"မဟာမူလအစနည်းစနစ်"

သူက ပေါ့ပေါ့ဆဆမထားဘဲ စွမ်းအားကြီးသည့် မဟာအံ့ဖွယ်စွမ်းအားကို သုံးလိုက်၏။

ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို ဘယ်ဘက်လက်ဖြင့်သုံးရင်း မဟာမူလအစနည်းစနစ်ကိုတော့ ညာဘက်လက်ဖြင့်သုံးလိုက်သည်။ မူလအစဖန်တီးခြင်းစွမ်းအားနှင့် ဖျက်ဆီးခြင်းကပ်ဘေးဒုက္ခစွမ်းအားနှစ်ခုပေါင်းစပ်လိုက်ခြင်းဖြစ်၏။ မဟာအံ့ဖွယ်စွမ်းအားနှစ်ခုက ဖြည်းညှင်းစွာပေါင်းစပ်သွားသည်။

"ကပ်ဘေးဒုက္ခနဲ့မူလအစ ၊ ဖန်တီးခြင်းနဲ့ဖျက်ဆီးခြင်း"

ချီမင်၏ခေါင်းထက်တွင် ဆန့်ကျင်ဘက်စွမ်းအားနှစ်မျိုးက ဖြည်းညှင်းစွာပေါင်းစပ်သွားတော့သည်။

တဖြည်းဖြည်းဖြင့် ဖရိုဖရဲအရောင်ရှိသည့်ကြီးမားတဲ့စွမ်းအင်ဘောလုံးကြီး အဖြစ်ပြောင်းလဲသွားတော့သည်။ ထိုအရာတွင် ဖျက်ဆီးနိုင်စွမ်းအားပါဝင်ပြီး အတော်လေးလည်းပြင်းထန်ပါ၏။

ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားသည် ပေါင်းစပ်သွားတော့သည်။

စွမ်းအားက ပိုပြီးသန်မာလာသည်။

တကယ်တော့။

တစ်ယောက်ယောက်က သေချာလေ့လာကြည့်လျှင် ထိုအံ့ဖွယ်စွမ်းအားနှစ်ခု၏အလယ်ကို တွေ့နိုင်၏။ထိုအရာက ကမ္မကြိုးမျှင်များအဖြစ်ပြောင်းလဲနေသည့် ကမ္မစွမ်းအားများပင်။ ချီမင်က အထွတ်အထိပ်ကမ္မနည်းစနစ်ကိုသုံးကာ မဟာအံ့ဖွယ်စွမ်းအားနှစ်ခုကို ပေါင်းစပ်နေခြင်းဖြစ်သည်။

"တိုက်"

ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။

ချီမင်က အော်ဟစ်လိုက်ကာ လက်ဝေ့ယမ်းပြလိုက်သည်။ ကြီးမားသည့်စွမ်းအင်လုံးကြီးမှာ ဥက္ကာခဲကြီးအလား အသင်္ချေနတ်ဆိုး ကြေးမုံကို ဝင်စောင့်ပစ်လိုက်၏။

ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

အသင်္ချေကြေးမုံအလင်းတန်းက ပြိုကွဲသွားသည်။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က နာကျင်စွာအော်ဟစ်လိုက်သည်။ သူ့ရဲ့အသင်္ချေနတ်ဆိုး ကြေးမုံက လွင့်စင်ထွက်သွား၏။ အသင်္ချေကြေးမုံအလင်းတန်းလေးက လုံးဝကို ပြိုကွဲပျက်စီးသွားကာ အလင်းစက်လေးများဖြစ်ကာပျောက်ကွယ်သွားသည်။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။သွေးများမှာ နှုတ်ခမ်းထောင့်မှ စီးကျလာသည်။

အခု ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏အသင်္ချေနတ်ဆိုး ကြေးမုံပေါ်တွင် အက်ကွဲရာများပေါ်လာသည်။ သိသာရှင်းလင်းနေတာက ချီမင်၏စွမ်းအားကြီးမှုကြောင့် သူ့ရဲနတ်ဆိုးရတနာကပျက်စီးသွားတော့သည်။

"အဟွတ်...ဟွတ်"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က သွေးပါတဲ့အထိချောင်းဆိုးသွားပြီး သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်လိုက်ရသည်။ သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်ရင်း အသင်္ချေနတ်ဆိုး ကြေးမုံကို ပြန်ခေါ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ကြောက်လန့်သွားသည့်အမူအရာပေါ်လာသည်။

"မင်းရဲ့အင်အားက.."

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က နှုတ်ခမ်းထောင့်က သွေးစက်များကို သုတ်ပစ်လိုက်သည်။ သူတို့က ဘယ်လိုတောင်စွမ်းအားကြီးရတာလဲဟုသာ တုန့်ပြန်နိုင်တော့၏။ "မင်းက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်မှာကို။ မင်းရဲ့အဆင့်နဲ့ဒီလောက်ခွန်အားရှိဖို့မဖြစ်နိုင်ဘူး။"

"ငါ့ရဲ့အံ့ဖွယ်စွမ်းအားက မင်းအပေါ်အလုပ်မဖြစ်ဘူး။ပြီးတော့ ငါ့ရဲ့နတ်ဆိုးရတနာကလည်း အသုံးမဝင်ဖြစ်နေတယ်။"

"မင်းဘယ်သူလဲ။" ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အလေးအနက်ထားကာ မေးခွန်းထုတ်လိုက်သည်။

ထိုအခိုက်တွင် မည်းနက်နေသည့်နတ်ဆိုးမြူခိုးတို့မှာ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ခန္ဓာကိုယ်ထဲမှထွက်လာပြန်သည်။ နတ်ဆိုးတာအိုဥပဒေသစွမ်းအားများ စုဝေးလာကာ ရှေးဟောင်းနတ်ဆိုးစာလုံးအဖြစ်ပြောင်းလဲသွားသည်။

မှော်စာလုံးများက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်အနားတွင် လိပ်ပြာလေးများ အလားပျံဝဲနေကြသည်။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က စွမ်းအားကြီးအံ့ဖွယ်စွမ်းအားနည်းစနစ်များကို သုံးဖို့ အရှိန်ယူနေသည်။

ပတ်ဝန်းကျင်တွင် လူတိုင်းကထိတ်လန့်သွားတော့သည်။

ချီမင်က ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို အကြိမ်ပေါင်းများစွာ မတိုက်ခိုက်ရသေးပေမဲ့ သူ့ရဲ့ကြောက်မက်ဖွယ်အင်အားကိုပြသပြီး သူ့ကိုတောင် ဖိနှိပ်ထားသည်။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏အံ့ဖွယ်စွမ်းအားက ချီမင်ကို ဒဏ်ရာမရစေသလို သူ့ရဲ့နတ်ဆိုးရတနာနှင့်အံ့ဖွယ်စွမ်းအားနည်းစနစ်များကလည်း သူ့ပြိုင်ဘက်တောင်မဟုတ်ပေ။ သူက လုံးဝကို အရေးနိမ့်နေပြီဖြစ်သည်။

"သူ..သူ တကယ်ကြီး"

ဘိုးဘေးအစိမ်းရောင်ဝတ်ရုံကလည်း ထိတ်လန့်သွားကာ မတည်ငြိမ်နိုင်တော့ပေ။ သူက တိုက်ပွဲအခြေအနေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။"မင်းတို့ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ရဲ့အသင်္ချေနတ်ဆိုး ကြေးမုံက အတော်လေးစွမ်းအားကြီးတာကို သိထားဖို့လိုတယ်။ ဒါက ငါကိုယ်တိုင် ဆန်းကြယ်ငရဲပင်လယ်ဒေသမှာ ကြုံဖူးလို့ပဲ။ အတော်လေးကို ထူးခြားပြီး စွမ်းအားက အဆုံးမဲ့တယ်။ ရွှေအင်မော်တယ်အဆင့်အောက်ကသူတွေက ထိပ်တိုက်ရင်ဆိုင်ရရင် သေချာပေါက် သွေးအိုင်ပဲဖြစ်သွားလိမ့်မယ်။"

"ရွှေအင်မော်တယ်အဆင့်တွေတောင် အသင်္ချေနတ်ဆိုး ကြေးမုံအလင်းတန်းနဲ့ တိုက်ရိုက်ထိရင် ဒဏ်ရာပြင်းပြင်းထန်ရသွားနိုင်တယ်။ ဒါပေမယ့် ဒီခြံဝင်းသခင်က ဒဏ်ရာတောင် မရဘူး။ အသင်္ချေနတ်ဆိုး ကြေးမုံက သူ့ကိုခြစ်ရာတောင်မထင်စေဘူး။တစ်ဖက်ကတောင် ဒဏ်ရာရသွားသေးတယ်။ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က လုံးဝကို အရေးနိမ့်နေပြီ။"

“အရမ်းအားကောင်းတယ်။”

ယုဝုလင်းကလည်း ထိတ်လန့်သွားသည်။ သူက အတော်လေးထိတ်လန့်သွားကာ မတည်ငြိမ်နိုင်တော့ပေ။"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ရဲ့ နတ်ဆိုးရတနာက အသုံးမဝင်တော့ဘူး။ အဲ့ဟာက တစ်ဖက်ကို ဒဏ်ရာမရစေတော့ဘူး။ ခြားနားချက်ကကြီးလွန်းတယ်။”

"ဟူး..."

ထန်ချန်းလိန်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်ရ၏။"ခြံဝင်းသခင်က ဘယ်လောက်တောင်စွမ်းအားကြီးလိုက်မလဲ။ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်များ ဖြစ်နေမလား။"

"မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်။"

ဖုန်းတောက်လင်က ထိတ်လန့်စွာပြော၏။"ဖြစ်နိုင်ချေတစ်ခုပဲကျန်တော့တယ်။ ခြံဝင်းသခင်က သေချာပေါက် မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ပဲ။အဲ့ဒါကြောင့်ပဲ သူအရမ်းစွမ်းအားကြီးတာ။"

"ငါ မထင်ထားဘူး။"

"တကယ်ကြီး မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါးက ရှေးဟောင်းအင်မော်တယ်မြို့တော်အစွန်ဖျားမှာ နေနေတာပဲ။ ဘာလိုကြောင့်များ မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်တစ်ပါးက ဒီကိုဘာလာလုပ်တာလဲ။ သူ့ရည်ရွယ်ချက်က ဘာများလဲ။"

ဂိုဏ်းလေးခု၏ရွှေအင်မော်တယ်ဘိုးဘေးများက ထိတ်လန့်သွားပြီး အတွေးနက်နေကြသည်။

တိုက်ပွဲအနားမှ ရှေးဟောင်းအင်မော်တယ်မြို့တော်၏သက်ရှိများကလည်း အခြေအနေကို မြင်လိုက်ရသည်။ သူတို့က ချီမင်သည် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ အံ့ဖွယ်စွမ်းအားနည်းစနစ်ကို ခုခံတာ ဘာဒဏ်ရာမှ ရမသွားတာကို ရှင်းလင်းစွာမြင်လိုက်ရသည်။ သူက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏အသင်္ချေနတ်ဆိုး ကြေးမုံကိုတောင် ကြေမွသွားစေ၏။

" ဒီခြံဝင်းသခင် စီနီယာ က တကယ့်ကို အကောင်ကြီးပဲ။ ငါတို့အမြင်မှာတော့ သူကပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ပဲရှိတယ်။ သူ့က အရမ်းကို ဟန်ဆောင်ကောင်းတယ်။"

"ဟုတ်တယ်။"

"သူရဲ့ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်က ကျင့်ကြံခြင်းက အတုကြီးပဲဖြစ်ရမယ်။”

"သူက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကိုတောင် ဖိနှိပ်နိုင်တယ်။ သူက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ကဆိုတာ လုံးဝမယုံဘူး။"

“…”

ရှေးဟောင်းအင်မော်တယ်မြို့တော်မှ သက်ရှိများက ဆွေးနွေးနေကြသည်။

“ရှေးဟောင်းနတ်ဆိုးစေတီ"

ထိုအခိုက်တွင် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ညာဘက်လက်ကိုဝေ့ယမ်းကာ ကိုယ်ပိုင်နတ်ဆိုးရတနာကို ထုတ်ယူလိုက်သည်။ သူ၏ညာဘက်လက်ထဲတွင် ဆယ့်နှစ်ထပ်မြင့်သည့် အနက်ရောင်စေတီတစ်ခု လွင့်မြောလာသည်။

အနက်ရောင်အလင်းတန်းများမှာ တဖျပ်ဖျပ်လင်းလက်လာသည်။ ရေထဲတွင် လှိုင်းဂယက်များသဖွယ်ဖြစ်နေပြီး နိယာမဥပဒေသစွမ်းအားများပါဝင်နေသည်။

အသင်္ချေနတ်ဆိုး ကြေးမုံက စွမ်းအားကြီးပေမဲ့ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ကိုယ်ပိုင်နတ်ဆိုးရတနာတော့ မဟုတ်ပေ။ သူ့ကိုယ်ပိုင်ရတနာက ရှေးဟောင်းနတ်ဆိုးစေတီဖြစ်သည်။ သူ့စွမ်းအားက အသင်္ချေနတ်ဆိုး ကြေးမုံထက် သာလွန်ပေသည်။

“ရှေးဟောင်းနတ်ဆိုးစေတီ!”

"ဒါက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ရဲ့ ကိုယ်ပိုင်ရတနာပဲ။ သူကိုယ်တိုင်က အဆုံးစွန်ထိသန့်စင်ပြီးသွားပြီ။ သူ့ရဲ့စွမ်းအားက အတော်လေးသန်မာတယ်။ထုတ်လွတ်နေတဲ့ အရှိန်အဝါအရ အသင်္ချေနတ်ဆိုး ကြေးမုံထက် အများကြီးသာတယ်ဆိုတာ သိသာတယ်။”

"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အစွမ်းကုန်ထုတ်သုံးနေပြီ။"

"ဒီခြံဝင်းသခင်က ခုခံနိုင်ပါတော့မလား။"

"သူက မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်ဖြစ်နေရင် သူ့ရဲ့ကျင့်ကြံခြင်းအစစ်မှန်ကို အခုထုတ်ပြမှရတော့မယ်။"

ဘိုးဘေးအစိမ်းရောင်ဝတ်ရုံနှင့်တခြားသောသူများက စဉ်းစားနေကြ၏။

"တိုက်"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အော်ဟစ်လိုက်သည်။ သူက တုန့်ဆိုင်းမနေတော့ဘဲ ရှေးဟောင်းနတ်ဆိုးစေတီကို ထုတ်ယူလိုက်ခြင်းဖြစ်သည်။ ဓမ္မစွမ်းအားများမြင့်တက်လာပြီး ဥပဒေသစွမ်းအားများမှာ ချီမင်ကို ဝန်းရံကာ ဖိနှိပ်လာကြ၏။

"အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအား"

ထိုအခိုက်တွင် ချီမင်က လက်ဝေ့ယမ်းကာ သူနားလည်ထားသည့် ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်အံ့ဖွယ်စွမ်းအားကို သုံးလိုက်သည်။ သူခန္ဓာကိုယ်ထဲ ဓမ္မစွမ်းအားများထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားသည် စုစည်းလာသည်။

မဟာတာအိုဓာတ်ငါးပါး၏စွမ်းအားက စုစည်းဖြစ်ပေါ်သွား၏။

မျက်စိတမှိတ်အတွင်းမှာ မဟာတာအိုအင်ပါယာငါးပါးထွက်ပေါ်လာသည်။ ချီမင်အနားတွင် စွမ်းအားကြီးပုံရိပ်ငါးခုပေါ်လာသည်။ မဟာတာအိုသစ်သား-အစိမ်းရောင်အင်ပါယာ၊မဟာတာအိုမီးလျှံ-အနီရောင်အင်ပါယာ၊မဟာတာအိုသတ္တု-အဖြူရောင်အင်ပါယာ၊မဟာတာအိုရေ-အနက်ရောင်အင်ပါယာနှင့် မဟာတာအိုမြေ-အဝါရောင်အင်ပါယာတို့ဖြစ်ကြသည်။

မတူညီသည့် အရောင်ငါးမျိုးထွက်ပေါ်လာ၏။

"တိုက်"

"သစ်သားစိမ်းအင်ပါယာနည်းစနစ်"

"အနီရောင်အင်ပါယာမီးလျှံချီ"

"အဖြူရောင်အင်ပါယာရွှေခုတ်ပိုင်းချက်"

"အနက်ရောင်အင်ပါယာရေလက်သီး"

"အဝါရောင်မြေအင်ပါယာတာအို"

မဟာတာအိုအင်ပါယာငါးပါးက ကိုယ်ပိုင် အသိဉာဏ်ရှိနေဟန်ရ၏။ သူတို့က သန့်စင်ခြင်းသုံးပါးကိုယ်ပွားလိုမျိုးဖြစ်ကာချီမင်၏အင်အားနှင့် တူညီလုနီးပါးအဆင့်ကဖြစ်သည်။

မဟာတာအိုအင်ပါယာငါးပါးက သူတို့ရဲ့အံ့ဖွယ်စွမ်းအားအသီးသီးကို နားလည်ဆုပ်ကိုင်ထားကြပါ၏။

“ဒီ..."

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ထိတ်လန့်တကြား ဖြစ်ကာ မျက်စိမျက်ဆံပြူးသွားသည်။

ရွှေအင်မော်တယ်ဘိုးဘေးလေးပါး၊မဟာဆန်းကြယ်အင်မော်တယ်များနှင့် သက်ရှိများစွာ၊အင်မော်တယ်များစွာလည်း ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ သူတို့က ကြောင်အသွားကြသည်ဟု ဆိုနိုင်သည်။

အတော်လေး စွမ်းအားကြီးသည်။

သူက တော်တော်လေးသန်မာလှသည်။

ချီမင်၏အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအားက သူတို့အားလုံးအပေါ် စွမ်းအား၊ကြီးကျယ်ခမ်းနားမှုများ၏အဓိပ္ပာယ်ကို နားလည်သွားစေသည်။

ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။

မဟာတာအိုအင်ပါယာငါးပါးက တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြပြီး ရှေးဟောင်းနတ်ဆိုးစေတီကိုအတင်းအကြပ်ဖိနှိပ်လိုက်ကြသည်။ ပြင်းထန်သည့်အင်အားက မဟာတာအိုဓာတ်စွမ်းအားအဖြစ်ပြောင်းလဲသွားသည်။ ခမ်းနားတောက်ပသည့်မျက်စိကျိန်းဖွယ်အလင်းတန်းက ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို ဖုံးအုပ်သွားတော့သည်။

"မဟုတ်ဘူး။ မဟုတ်...မဟုတ်ဘူး။"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏မျက်လုံးက ပြူးကျယ်သွားသည်။သူက ထိတ်လန့်ကြောက်ရွံသွား၏။ သူက အင်အားကုန်သုံးကာ ဓမ္မစွမ်းအားများကို ထည့်သွင်းလိုက်တော့ ဓမ္မစွမ်းအားစေတီက ပေါက်ကွဲသွားသည်။

"ခန္ဓာကိုယ်နဲ့စေတီတစ်သားတည်း"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ရှေးဟောင်းနတ်ဆိုးစေတီထဲသို့ပေါင်းစပ်သွားပြီး ကိုယ်ပိုင်နတ်ဆိုးရတနာဖြင့် ပေါင်းစပ်လိုက်သည်။

"ရှေးဟောင်းနတ်ဆိုးစစ်မှန်ခန္ဓာ"

အော်ဟစ်သံတစ်ချက်ထွက်ပေါ်လာသည်။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်နှင့် ရှေးဟောင်းနတ်ဆိုးစေတီသည် ပေါင်းစပ်သွား၏။ ကောင်းကင်တစ်ခွင်လုံး အနက်ရောင်အလင်းတန်းများပြည့်နှက်နေပြီးခမ်းနားသည့်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ နေရာလွတ်က တုန်ခါသွားပြီး ကြီးမားသည့် ပုံရိပ်ကြီးတစ်ခုပေါ်လာသည်။

ပုံရိပ်ကြီးမှာ တောင်ကြီးတစ်တောင်အလား မြင့်မားရှည်လျားလှသည်။

ဒါက ပထမအထက်ကမ္ဘာဖြစ်ပြီး အဆင့်နိမ့်ကမ္ဘာမဟုတ်ပေ။ အဆင့်နိမ့်ကမ္ဘာတွင်တော့ တောင်တစ်တောင်လောက်ရှိသည့် ဓမ္မရုပ်တုနည်းစနစ်က အရမ်းကို သာမန်ဆန်ပေသည်။

သို့ပေမယ့် ပထမအထက်ကမ္ဘာတွင်။

သူတို့က ကောင်းကင်တာအိုစည်းမျဉ်း၏ဖိနှိပ်မှုအောက်တွင်ဖြစ်သည်။

တောင်တစ်တောင်လောက်ကြီးမားသည့် စစ်မှန်ဓမ္မခန္ဓာနည်းစနစ်က အရမ်းကိုကြောက်မက်ဖွယ်ကောင်းသည်။ အဆင့်နိမ့်ကမ္ဘာတွင် ထိုကဲ့သို့အင်အားမျိုးက ကမ္ဘာကြီးတစ်ခုလုံးကို တစ်ချက်တည်းဖြင့်ဖျက်ဆီးပစ်နိုင်သည်။

“သတ်ပစ်လိုက်။ ရှေးဟောင်းနတ်ဆိုးကောင်းကင်သတ်ဖြတ်ခြင်းဓား"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ရှေးဟောင်းနတ်ဆိုးစစ်မှန်ခန္ဓာအဖြစ်ပြောင်းလဲသွားတော့၏။ သူက လက်ဝေ့ယမ်းလိုက်ရင်း နတ်ဆိုးချီကို သိပ်သည်းလိုက်ကာ ကြီးမားသည့်အနက်ရောင်နတ်ဆိုးဓားအဖြစ်ပြောင်းလဲပြီး ချီမင်ကို ခုတ်ပိုင်းချလိုက်တော့၏။

"ဖန်ကုစစ်မှန်ခန္ဓာ"

ချီမင်ကလည်း သူရဲ့ဓမ္မခန္ဓာကို ပြောင်းလဲလိုက်သည်။ သူ့ခန္ဓာကိုယ်က တောင်တစ်တောင်အရွယ်အစားအထိကြီးမားလာသည်။ ကိုယ်ပိုင်ရတနာသုံးခုနှင့် လက်သည်းခေါင်းမြားခုနစ်ချောင်းစာအုပ်သည် ပျံသန်းထွက်ပေါ်လာကာ ဖရိုဖရဲမဟာပုဆိန်အဖြစ်ပြောင်းလဲသွားသည်။

ချီမင်က ပုဆိန်ကိုမြှောက်ကာ အနက်ရောင်နတ်ဆိုးဓားကို ချိုးဖျက်လိုက်၏။

All Chapters