← Chapters

ချန်းပေ့ရွှမ်းကို မသိတဲ့သူ ဘယ်သူရှိလဲ

Vol. 10 Ch. 933

ချန်းပေ့ရွှမ်းကို မသိတဲ့သူ ဘယ်သူရှိလဲ

Vol. 10 Ch. 933

မြောက်နတ္ထိနယ်၏ ပြည်နယ် ဆယ့်သုံးခု အနက် ကျန်းဟိုင် ပြည်နယ်သည် အကြီးဆုံး ဖြစ်သည်။ အဆုံးမဲ့ ပင်လယ်ကြီးများ၊ ခမ်းနားသာ ရှေးဟောင်း မြို့တော်ကြီးများသည် ကျန်းဟိုင်နယ် တစ်လွှား ပြည့်နှက်နေ၏။

ထန်းလန်မြို့တော်၏ လော့မိသားစုသည် ရှေးဟောင်း မိသားစုကြီး ခုနစ်ခု အနက်မှ တစ်ခု ဖြစ်သည်။ သူတို့ မိသားစုသည် ကောင်းကင် အရှင်ကို တစ်ခါမျှ မပိုင်ဆိုင် ဖူးသည့်တိုင် များစွာသော ရွှေအမြုတေ အဆင့်များကို မျိုးဆက်တိုင်း မွေးထုတ် နိုင်ခဲ့သည်။

"ဖလူး…"

"မြစ်နီ" ဟု အမည်ရသည့် ကြီးမားသော အနက်ရောင် မြွေကြီး တစ်ကောင်သည် ပျံသန်း လာ၏။ ၎င်း၏ မီတာ ထောင်ချီ ရှည်လျားသော ခန္ဓာကိုယ်ကြီးသည် ကောင်းကင်၌ လွန်းထိုးနေခဲ့လေသည်။

"မိန်းကလေး ကုန်းစွန်း… ထန်းလန်နဲ့ ဆေးမြို့တော်က မိုင်ပေါင်း သောင်းချီ ကွာဝေးတယ် ဆိုပေမဲ့ မြစ်နီမြွေ လာရင် ဂိုဏ်းချုပ် တစ်ယောက်တောင်  လမ်းဖယ်ပေးရတယ် ဆိုတဲ့ စကားကိုတော့ လူတိုင်း ကြားဖူးကြမယ် ထင်တယ်"

လော့ချင်းယန်က မြေကြီး၏ ဦးခေါင်းထိပ်၌ ရပ်ကာ အောက်ရှိ ကုန်းမြေသို့ အထင်သေးစွာ ငုံ့ကြည့် နေ၏။ သူသည် လော့မိသားစု၏ ပါရမီရှင် ဖြစ်ပြီး အသက်တစ်ရာ အတွင်း အဆင့်ခြောက် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့သူ ဖြစ်သည်။ သူသည် နင်းဟိုင်ချိုး၊ ဖန်ယုချင် တို့လောက် အစွမ်း မထက်သည့်တိုင် ဘီလျံ ချီသော ကျင့်ကြံသူများထက် ပို၍ အစွမ်းထက်သူ ဖြစ်ပေသည်။

သူ၏ ဘေးတွင်မူ မိန်းကလေး တစ်ယောက် ရပ်နေခဲ့သည်။ သူမသည် အဖိုးတန်သော ဝတ်စုံကို ဝတ်ဆင်ထားကာ အသက်ရှူ မှားလောက်သည့် အလှကို ဆင်မြန်းထား၏။

"ကျွန်မ ကြားဖူးတာတော့ ဝမ်ရွှမ်လုံကသာ မြောက်နတ္ထိနယ်ရဲ့ ပြိုင်ဘက်ကင်းဆို… သူက ဟန်ရှုံး သတ်မှတ်ချက်မှာတောင် အဆင့် ၉၃ နေရာ ယူထားတာ… ဒါပေမဲ့ သူက ကျွန်မရဲ့ စီနီယာ အကိုနဲ့ ယှဉ်ရင်တောင် အကွာကြီးပဲ"

ကုန်းစွန်းလန်က အနည်းပြုံးရင်း ပြောလိုက်သည်။

ကုန်းစွန်းလန်၏ စကားကြောင့် လော့ချင်းယန်၏ မျက်နှာမှာ အနည်းငယ် အိုစာ သွား၏။

"မြောက်နတ္ထိနယ်က ကောင်းကင်နယ်တွေ ထဲမှာ အင်အား အနည်းဆုံး ဆိုတော့ လီယန် ကောင်းကင်နယ်ကို ဘယ်ယှဉ်နိုင်ပါ့ မလဲ"

လော့ချင်းယန်က ခေါင်းခါကာ ပြောဆို လိုက်သည်။

"အဓိက ကောင်းကင်နယ် ဆယ်ခုနဲ့ အထွတ်အမြတ်နယ်က လွဲရင် ‌လီယန် ကောင်းကင်နယ်က အသန်မာဆုံးပဲဟာ… နောက်ပြီး မိန်းကလေးရဲ့ စီနီယာ အကို ကုန်းစွန်းကွေးက ကျွင်းအိုချန်း လီဟိုင်ရှင်း တို့နဲ့တောင် ယှဉ်နိုင်တယ်လေ… ဘယ်လို လုပ်ပြီး ကျုပ်တို့ မြောက်နတ္ထိနယ်နဲ့ နှိုင်းယှဉ်လို့ ရမှာလဲ"

ကုန်းစွန်းလန်ကား ကုန်းစွန်း မိသားစုခွဲ တစ်ခုမှ မိန်းကလေး ဖြစ်သည်။ သို့သော်လည်း ကုန်းစွန်း မိသားစုမှာ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက် စောင့်ရှောက်နေသည့် မိသားစု ဖြစ်ရာ သူမ၏ အဆင့်အတန်းမှာ အလွန် မြင့်မားလှပေသည်။

"ခစ်ခစ်…"

ကုန်းစွန်းလန်က သဘောကျစွာ ရယ်မော လိုက်၏။

"စီနီယာ အကိုက ‌ဟန်ရှုံး သတ်မှတ်ချက်မှာ အဆင့် ၁၈ ချိတ်တယ်… သူ့ရဲ့ ပါရမီနဲ့ ဆိုရင် မကြာခင်မှာ သူက ကျွင်းအိုချန်းနဲ့ လီဟိုင်ရှင်း တို့ကို စိန်ခေါ်နိုင်တော့မှာပါ"

စီနီယာ အကို၏ အကြောင်း ပြောသည့် အခါတိုင်း နူးညံ့မှုနှင့် ကြည်နူးမှုတို့က သူမ၏ မျက်နှာတွင် နေရာယူ နေသည်။ ထိုအရာက သူမသည် သူမ၏ စီနီယာ အကိုကို နက်ရှိုင်းစွာ ချစ်ခင်နေကြောင်း ပေါ်လွင်စေ၏။

လော့ချန်းယန်မှာ မိန်းကလေး၏ အမူအရာကို ကြည့်ကာ မနာလိုခြင်းကို ခံစားလိုက်ရသည်။ ထို့ကြောင့်ပင် သူက နှာခေါင်းရှုံ့ကာ အားကျ မခံ ဆိုလိုက်၏။

"ဟမ့်… အခုဆိုရင် ဝမ်ရွှမ်လုံက မြောက်နတ္ထိနယ်ရဲ့ အတော်ဆုံး လူငယ်မျိုးဆက် မဟုတ်တော့ပါဘူး"

"အို… ဟုတ်လား… ကျွန်မဖြင့် မြောက်နတ္ထိနယ်မှာ ဒုတိယမြောက် ဟန်ရှုံး သတ်မှတ်ချက်ဝင် ပုဂ္ဂိုလ် ရှိတယ်လို့ မကြားဖူးဘူး"

ကုန်းစွန်းလန်က သံသယ အပြည့်ဖြင့် လော့ချန်းယန်အား ကြည့်လိုက်ည်။

လော့ချန်းယန်က အဖြေပေးရန် ဟန်ပြင် လိုက်စဉ်မှာပင် အနက်ရောင် ရထားလုံး တစ်ခု မိုးကုပ်စက်ဝိုင်း တစ်နေရာမှ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။ ရထား မောင်းသူကား အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီး တစ်ယောက် ဖြစ်သည်။ သာမန် ကြည့်ပါက ထိုရထားလုံးမှာ မည်သည့် ထူးခြား ဆန်းကြယ်မှုကိုမျှ ဖော်ဆောင်ထားခြင်း မရှိချေ။

"အဲဒါက…. သူပဲ…"

လော့ချင်းယန်မှာ အလွန် ထိတ်လန့် သွားပုံ ရ၏။ သူက ချက်ချင်းပင် မြစ်နီ မြွေကြီးကို မြေပြင်သို့ ဆင်းကာ ရှောင်တိမ်းစေလိုက်သည်။

မြေပြင်သို့ ရောက်သည်နှင့် သူက ဦးခေါင်းအား ညွှတ်ကာ အနက်ရောင် ရထားလုံးအား ဂါရဝ ပြုလိုက်၏။ ရထားလုံး အခြား မိုးကုပ်စက်ဝိုင်း တစ်ဖက်သို့ ဝင်ရောက် မပျောက်ကွယ်မချင်း သူသည် ဦးခေါင်းအား မမော့ကြည့်ဝံ့ခဲ့ချေ။

"အဲဒါက ဝမ်မိသားစုရဲ့ ရထားလုံးလား…"

ရထားလုံး ပျောက်ကွယ်သွားပြီးနောက် ကုန်းစွန်းလန်က နားမလည်စွာ မေးလိုက်သည်။

လော့ချင်းယန်၏ အမူအရာ အရ ထိုရထားလုံးမှာ အလွန် အရေးကြီးကြောင်း သူမ ခန့်မှန်းမိခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ထိုရထားလုံး ပိုင်ရှင်ကိုမူ ဝမ်မိသားစုမှ လွဲ၍ သူမ စဉ်းစား၍ မရခဲ့ချေ။

"သူက ဝမ်မိသားစုထက် ပိုပြီး အစွမ်းထက်တယ်…"

လော့ချင်းယန်က ခေါင်းအား ခါရင်း ဆိုလိုက်၏။

"ဟမ်…"

ကုန်းစွန်းလန်က သူ့အား နားမလည်စွာ ကြည့်သည်။

"ခုနက မိန်းကလေး မေးတယ်မလား… မြောက်နတ္ထိနယ်ရဲ့ အစွမ်း အထက်ဆုံး လူငယ်က ဘယ်သူလဲ ဆိုတာ…"

လော့ချင်းယန်က ခြောက်ကပ် ဖြူရော်စွာ ပြုံးလိုက်၏။

"သူက ခုနက ရထားလုံးရဲ့ ပိုင်ရှင်ပဲ… သူ့ နာမည်က ချန်းပေ့ရွှမ်းတဲ့"

"ချန်းပေ့ရွှမ်း…"

ကုန်းစွန်းလန်၏ မျက်နှာမှာ ခဏမျှ ကြောင်အ သွားပုံရသော်ည်း ရုတ်ချည်းပင် အံ့အားသင့်ခြင်းများဖြင့် ပြန်လည် ပြည့်နှက် သွား၏။

"ချန်းပေ့ရွှမ်း… ဒါဆို သူက ကောင်းကင် ရတနာကို လက်ဗလာနဲ့ တားပြီး ကောင်းကင် အရှင် မိသားစု တစ်ခုကို ရှင်းပစ်ခဲ့တဲ့သူပေါ့ ဟုတ်လား…"

"ဟုတ်တယ်…"

လော့ချင်းယန်က ခေါင်းညိတ် လိုက်သည်။

ကုန်းစွန်း မိသားစု၏ မင်းသမီးလေးမှာမူ အနက်ရောင် ရထားလုံး ပျောက်ကွယ်သွားရာ အရပ်ကိုသာ လေးစားသော၊ ထိတ်လန့်သော မျက်ဝန်းများဖြင့် ကြည့်နေလေတော့၏။

***

တစ်ချိန်တည်း၌ အနက်ရောင် ရထားလုံးထဲတွင်မူ…

ချန်းဖန်သည် အဇူရာ ဝတ်စုံကို ဝတ်ဆင်ကာ တင်ပျဉ်ချိတ်၍ ထိုင်နေခဲ့၏။ သူ၏ ပုံစံက ကျင့်ကြံသူ တစ်ယောက်နှင့် လားလားမျှ မတူချေ။ သူ၏ အရှေ့တွင်မူ ဓားတစ်ခုက လဲလျောင်းနေ၏။

"စီနီယာချန်း… ကျွန်မတို့ ဝူမိသားစုကို သွားနေတာလား… ဘာကိစ္စ ရှိလို့လဲ"

မူဟုန်တိက မေးလိုက်သည်။ လင်းဝူဟွာ ကလည်း မျက်မှောင်ကြုတ်ကာ ချန်းဖန်ကို ကြည့်၏။ သူမတို့သည် ဝူညီအမနှင့် ရင်းနှီးရာ ဝူမိသားစု တစ်ခုခု ဖြစ်မည်ကို မလိုလားကြချေ။

"ငါနဲ့ ဝူမိသားစုကြားမှာ ဘာ ရန်ငြိုးမှ မရှိပါဘူး… ခု သွားတာက နှုတ်ဆက်ရုံ သက်က်ပါပဲ"

ချန်းဖန်က တဆတ်ဆတ် တုန်ရီလာသော ဓားအား လက်ညိုးဖြင့် တို့ထိရင်း အဖြေပေး လိုက်သည်။ ထိုအခါဓားမှာ ပြန်လည်၍ တည်ငြိမ် သွား၏။

"ဒါဆို မမ ချင်းယန်တို့နဲ့ တွေ့ရတော့မှာ ပေါ့နော်…"

ယွင်ရီအာက ဝမ်းသာအားရ အော်ဟစ် လိုက်သည်။ လင်းဝူဟွာနှင့် မူဟုန်တိတို့ မှာလည်း သက်ပြင်းချ လိုက်ကြ၏။

ထိုအချိန်မှာပင် အဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဝူမိသားစုရဲ့ ဝူဝမ်တင်က ဆေးဧကရာဇ် ချန်းကို ကြိုဆိုပါတယ်"

ဝူဝမ်တင်ကား လမ်းခုလတ် တွင်ပင် ချန်းဖန်တို့ကို အခမ်းအနားဖြင့် ကြိုဆို နေခဲ့ပြီ ဖြစ်လေသည်။

ရာချီသော ရွှေအမြုတေ အဆင့်များသည် ကောင်းကင်တွင် ပြည့်နှက်နေ၏။ ခမ်းနားသော လေသင်္ဘောကြီးများမှာလည်း အလံနှင့် ရွက်များကို တဖျတ်ဖျတ် လွှင့်နေကြသည်။ သူတို့ အားလုံးသည် လေးစားသော အမူအရာဖြင့် ချန်းဖန်အား တစ်ညီတစ်ညွှတ်တည်း ဦးညွှတ် နေကြ၏။

"တခမ်းတနားတွေ မလုပ်နေပါနဲ့ဗျာ… ကျုပ် ဒီကို လာတာ ချင်းယန်ကို လာတွေ့တာပါ"

ချန်းဖန်က ရထားလုံးထဲမှ ထွက်လာကာ လက်အား ခါယမ်းရင်း ပြောဆို လိုက်၏။

"ချင်းယန်ကို လာတွေ့တာလား…"

ဝူဝမ်တင်က တဟားဟား ရယ်လိုက်ကာ ဝူချင်းယန်အား ခေါ်ဆောင် ခိုင်းလိုက်သည်။

ဝူချင်းယန် ရောက်လာပြီးနောက် ချန်းဖန်က သူမအား ရထားလုံးထဲသို့ ခေါ်ဆောင်လိုက်၏။ ထို့နောက် သူက သူမအား စိတ်ချင်း ဆက်သွယ်ကာ ပြောလိုက်သည်။

"ငါ ဒီကို လာတာ နင့်ကို လာပြီး နှုတ်ဆက်တာ… နောက်ပြီး စီတုချန်းရဲ့ အကြောင်း ပြောပြတဲ့ အတွက် ပြန်ပြီး ကျေးဇူးဆပ်ချင်တာလည်း ပါတယ်…"

ချန်းဖန်က သူမအား ကျောက်စိမ်း အဆောင် တစ်ခု ကမ်းပေးကာ ဆက်ပြောလိုက်သည်။

"ငါ ဒီ သမားတော် ကျောက်စိမ်းကို နင့်အတွက် လုပ်ထားတယ်… ဒီအထဲမှာ ပါတဲ့ အတိုင်း ကျင့်ကြံမယ်ဆိုရင် သိပ်မကြာခင်မှာပဲ နင် ကောင်းကင် သမားတော် တစ်ယောက် ဖြစ်လာလိမ့်မယ်"

"နောက်ဆုံးတစ်ခု မှာချင်တာက ငါ့အတွက် ကျို့ကျို့ကို စောင့်ရှောက်ပေးပါ"

ထို့နောက် ချန်းဖန်က လက်အား ဝှေ့ယမ်း လိုက်ရာ ဝူချင်းယန်မှာ ရထား အပြင်ဘက်သို့ ပြန်လည် ရောက်ရှိ သွား၏။ သူမ စိတ်နှင့်ကိုယ် ကပ်သည့် အချိန်တွင်မူ ရထားလုံးမှာ မိုးကုပ်စက်ဝိုင်း တစ်နေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

***

All Chapters