← Chapters

နတ်ဘုရား စက်ဝိုင်း ပဉ္စမ အသွင်ပြောင်းခြင်း

Vol. 10 Ch. 934

နတ်ဘုရား စက်ဝိုင်း ပဉ္စမ အသွင်ပြောင်းခြင်း

Vol. 10 Ch. 934

"ဟူး… ဟူး…"

အနက်ရောင် ရထားလုံး တစ်ခုသည် ကောင်းကင်ကို ဖြတ်ကာ ပြေးလွှားနေ၏။ ၎င်းသည် တစ်ခုလုံး အနက်ရောင် ဖြစ်ကာ မည်သည့် သင်္ကေတမျှ ရေးခြယ်ထားခြင်း မရှိချေ။ ရထားလုံးအား မောင်းနှင်နေသူမှာကား တစ်ခေါင်းလုံး ဆံပင်များ ဖြူစွတ်နေသည့် လူအိုကြီး တစ်ယောက် ဖြစ်သည်။

ပုံမှန်အားဖြင့် ကြည့်ပါက သူတို့ကား မည်သို့မျှ ကျော်ကြားပုံ မရချေ။ ထို့အစား သေးငယ်သော မိသားစု သို့မဟုတ် ဂိုဏ်းတစ်ခု၏ ရထားနှင့်ပင် တူနေသေးသည်။

"ဒုက္ခပဲ… မဟူရာ အိပ်မက်ဆိုး သားရဲကိုတောင် မစီးနိုင်ကြဘူးလား… အထဲမှာ ဘယ်လို သခင်လေး ပါလာပါလိမ့်ကွာ"

လမ်းမှာတွေ့သော လူငယ် ကျင့်ကြံသူ တစ်ယောက်က လှောင်ပြောင် လိုက်၏။

"အို… အကိုကလည်း… မဟူရာ အိပ်မက်ဆိုး သားရဲက အနက်ရောင် မီးတောက်မြင်းနဲ့ ရွှေအမြုတေ သားရဲ့တို့ရဲ့ မျိုးဆက်လေ… အဲ့လို သားရဲမျိုးကို ကောင်းကင်အရှင် မိသားစုဝင်တွေနဲ့ တော်ဝင် မျိုးဆက်တွေပဲ စီးနိုင်တဲ့ဟာကို"

လူငယ်၏ ဘေးရှိ လှပသော မိန်းမပျိုလေးက မျက်စောင်းထိုးကာ ဆိုလိုက်၏။

ရထားလုံးမှာမူ မည်သည့် အရာကိုမျှ သတိထားမိဟန် မရပဲ ရှေ့ဆက် သွားနေဆဲ ဖြစ်သည်။

"မမဝူဟွာ…  စီနီယာချန်းက အဲ့လိုပဲ ထိုင်နေတာ ‌ခြောက်လရှိနေပြီ… သူက ရေတစ်ပေါက်တောင် မသောက်ဘူး… တစ်ခုခု မှားနေတာလား"

ယွင်ရီအာက မေးလိုက်၏။

သူတို့ကား လွန်ခဲ့သည့် တစ်နှစ်ခန့်ကပင် မြောက်နတ္ထိနယ်မှ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထိုတစ်နှစ် အတွင်း၌ သူတို့သည် ကောင်းကင်နယ် ဆယ်ခုခန့်ကို ဖြတ်ကျော် လာခဲ့ရာ မြောက်နတ္ထိနယ်နှင့် မိုင်ပေါင်း သိန်းချီ ကွာဝေးသော အရပ်တစ်ခုသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

"ဒေါက်…"

မူဟုန်တိက ယွင်ရီအာ၏ ခေါင်းကို အသံမြည်ရုံ ခေါက်လိုက်၏။

"စီနီယာချန်းလို အခြေ ဝိညာဉ် အဆင့် မပြောနဲ့… မူလ အဆင့် တစ်ယောက်တောင် လနဲ့ချီ အစာ မစားပဲ နေနိုင်တယ်ဟဲ့… စီနီယာချန်းဆိုရင် ရာစုနှစ်နဲ့ချီ ဘာမစားလည်း ရတယ်"

"အာ… မမကလည်း မသိလို့ မေးတာကို…"

ယွင်ရီအာက ခေါင်းအား ပွတ်သပ်ရင်း မကျေမနပ် ပြောလိုက်သည်။

လင်းဝူဟွာမှာမူ သူတို့၏ ဘေးတွင် ထိုင်ကာ ငြိမ်သက်စွာ ကျင့်ကြံနေ၏။ သူမသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ အေးစက်စွာ လှပနေသည်။ လွန်ခဲ့သည့် တစ်နှစ် အတွင်း၌ သူမသည် ပို၍ အစွမ်းထက် လာကာ ရွှေအမြုတေ အလယ်ဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

အတန်ကြာ၌ သူမက မျက်လုံးအား ဖွင့်ကာ ချန်းဖန်အား ငေးကြည့် လိုက်သည်။

"စီနီယာချန်းက တကယ်ပဲ နားမလည် နိုင်အောင် ထူးဆန်း တယ်…"

သူမက တိတ်တဆိတ် ရေရွတ်လိုက်၏။

လွန်ခဲ့သည့် တစ်နှစ် မြောက်နတ္ထိနယ်မှ ထွက်ထွက်ချင်းမှာပင် သူတို့သည် လဲ့ယွမ်နယ်သို့ ဝင်ခဲ့သည်။ စီနီယာချန်းသည် ထိုနယ်ရှိ အန္တရာယ် အများဆုံး မိုးကြိုး တိမ်တိုက် အောက်တွင် သုံးလတိုင်တိုင် ကျင့်ကြံခဲ့သည်။ ထို့နောက် သူသည် မိုးကြိုး ကပ်ဘေးကို ဆင့်ခေါ်ကာ လူခန္ဓာ၊ နဂါး ဦးခေါင်း ရှိသော သားရဲ အသွင်သို့ ပြောင်းလဲ ခဲ့သည်။

ထို့နောက်တွင် သူသည် အာကာသထဲသို့ သွားကာ လေဟာနယ် မုန်တိုင်းကြား၌ နှစ်လအထိ ထပ်မံ ကျင့်ကြံခဲ့သေးသည်။

လင်းဝူဟွာမှာ ဆက်လက်၍ အတွေးနက် နေမိ၏။

"ဒါပေမဲ့ ဒီကျင့်စဉ်ကို စပြီး ကျင့်ကတည်းက သူက ကောင်းကင် ဆေးမြစ်တွေ၊ သစ်သီးတွေကို စားဖို့ မပြောနဲ့ လှုပ်တောင် မလှုပ်တော့ဘူး… သူ့ရဲ့ ဘေးမှာလည်း အနက်ရောင် မြူတွေနဲ့ မိစ္ဆာချီတွေ ချည်းပဲ… နောက်ပြီး သူ့ရဲ့ အဆင့်ကလည်း ရွှေအမြုတေ အဆင့်ကနေ မူလ အဆင့်ထိ လျော့ကျ သွားသလိုပဲ"

"စီနီယာချန်းက ရူးသွားတာတော့ မဟုတ်လောက်ပါဘူးနော်"

လင်းဝူဟွာမှာ ထိုအတွေးကြောင့် ထိတ်လန့် သွားမိ၏။

မည်သို့ပင် ဆိုစေ သူမ ဒဏ္ဍာရီလာ နတ်ဘုရား စက်ဝိုင်း အကြောင်းနှင့် အသွင်ပြောင်းခြင်း ကိုးခု အကြောင်းအား မသိသည်က မထူးဆန်းချေ။

ချန်းဖန်သည် နတ်ဘုရား စက်ဝိုင်း ဒုတိယ အသွင်ပြောင်းခြင်းနှင့် အဇူရာ သက်ရှည် ခန္ဓာကိုယ် မဟာ ပြည့်စုံခြင်းကို အောင်မြင် ပြီးသည်နှင့် တတိယ အသွင်ပြောင်းခြင်းကို ဆက်လက် ကျင့်ကြံခဲ့သည်။

လိန်ဟူ (မိုးကြိုးသားရဲ) နှင့် ခွန်ပန် (အာကာသ သားရဲ) အသွင်ပြောင်းခြင်းတို့မှာ ချန်းဖန်နှင့် နီးစပ်သည့် ကျင့်စဉ်များ ဖြစ်သည်။ ထို့အပြင် ဒုတိယ အသွင်ပြောင်းခြင်းကို အောင်မြင် ပြီးနောက် ချန်းဖန်၏ စွမ်းအားမှာ ပို၍ တိုးတက် လာကာ သူ၏ ကျင့်ကြံခြင်းမှာလည်း ပို၍ အစွမ်းထက် လာခဲ့သည်။

ရွှမ်ဝူ အစစ်အမှန် သဏ္ဌာန်နှင့် ကမ္ဘာ သစ်ပင် တို့သည် ကမ္ဘာနှင့် အာကာသထဲမှ စွမ်းအားများကို တစ်ပြိုင်နက်တည်း စုပ်ယူနိုင်ရာ ချန်းဖန်၏ ကျင့်ကြံနှုန်းမှာ အခြေတည် ဝိညာဉ် အဆင့် နှစ်ယောက် တစ်ပြိုင်နက်တည်း ကျင့်ကြံသည်နှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် တတိယနှင့် စတုတ္ထ အသွင်ပြောင်းခြင်းများကို လျှင်မြန်စွာ အောင်မြင် သွားခဲ့သည်။

သူသည် မိုးကြိုး တိမ်တိုက်များ ပြည့်နှက် နေသော နေရာ၌ သုံးလခန့်  ကျင့်ကြံကာ လိန်ဟူ ရွှေအမြုတေကို အောင်မြင် စေခဲ့သည်။ ထို့နောက် သူသည် ခွန်ပန် အသွင် ပြောင်းလဲ၍ ထျန်းဟောင်ဂြိုဟ်မှ ထွက်ခွာခဲ့သည်။ ဤနည်းလမ်းဖြင့် သူသည် အာကာသထဲမှ လေဟာနယ် စွမ်းအားကို စုပ်ယူကာ စတုတ္ထ အသွင်ပြောင်းခြင်းကိုပါ အောင်မြင်စေခဲ့သည်။

သို့သော်လည်း ပဉ္စမ အသွင်ပြောင်းခြင်းမှ စ၍ သူ၏ ကျင့်ကြံနှုန်းမှာ စတင်ကာ နှေးကွေး လာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် သူ ရွေးချယ်ထားသော ကျင့်စဉ်မှာ မိစ္ဆာ ကျင့်စဉ် တစ်ခု ဖြစ်နေသောကြောင့်ပင်။

"ဟူး…"

ချန်းဖန်သည် တင်ပျဉ်ချိတ်ကာ မျက်လုံးကို စုံမှိတ်ထား၏။ သူသည် နဂါးတစ်ကောင် ကဲ့သို့ အသက်ရှူ နေခဲ့သည်။

သူ၏ နောက်တွင်မူ အနက်ရောင် တွင်းပေါက်ကြီး ခြောက်ခု ဖြစ်ပေါ်နေခဲ့သည်။ ကမ္ဘာလောကရှိ သန့်စင်သော မိစ္ဆာချီများသည် ထိုတွင်းပေါက်ဆီသို့ တူရှုကာ စီးဝင် နေကြ၏။ ပိုမို၍ ထိတ်လန့်ဖွယ် ကောင်းသော အရာကား တစ္ဆေ သရဲများ၊ ဝိညာဉ်များမှာ ထိုတွင်းပေါက်များကို အမှီသဟဲ ပြုကာ ပျော်မြူး နေကြခြင်းပင်။

"ကြောက်စရာကြီး…"

မိန်းကလေး သုံးယောက်မှာ အနက်ရောင် တွင်းပေါက်များကို ကြည့်ကာ ကြက်သီးများပင် ထသွားခဲ့သည်။

သူမတို့သည် ချန်းဖန် မည်ကဲ့သို့သော ကျင့်စဉ်မျိုး ကျင့်ကြံနေကြောင်းကို တွေးတော၍ မရကြချေ။ သို့သော်လည်း ထိုအရာက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းကြောင်းကိုမူ သူတို့ နားလည်ကြသည်။

မိစ္ဆာခြောက်ပါး ကျင့်စဉ်…

ချန်းဖန် ကျင့်ကြံနေသော ကျင့်စဉ်ကား မိစ္ဆာ ခြောက်ပါး ကျင့်စဉ်ပင် ဖြစ်သည်။ မိစ္ဆာ ခြောက်ပါး ကျင့်စဉ်သည် သွေးနတ်ဘုရား ကောင်းကင် ကျင့်စဉ်၊ ထျန်းဟောင်ဂြိုဟ်၏ မန်ဟွာ မိစ္ဆာ ကျင့်စဉ် တို့ကဲ့သို့ ကျော်ကြားသော ကျင့်စဉ်တစ်ခု မဟုတ်သော်လည်း စကြဝဠာ အတွင်းရှိ ကျင့်ကြံခြင်း လောက တစ်ခုကိုလုံးကိုပင် ကြောက်လန့်စေခဲ့သော ကျင့်စဉ် ဖြစ်သည်။

ထိုကျင့်စဉ်အား ကျင့်ကြံခဲ့သည့် နောက်ဆုံးသော ပုဂ္ဂိုလ်မှာ ကျူးမင်ဟု ခေါ်သော မိစ္ဆာ အရှင်တစ်ပါး ဖြစ်သည်။ သို့သော်လည်း ကျူးမင် မိစ္ဆာအရှင်သည် ကျင့်ကြံခြင်း စကြဝဠာမှ မဟုတ်ချေ။ သူကား လျှို့ဝှက်သည့် မိစ္ဆာ စကြဝဠာ တစ်ခုမှ ရောက်ရှိလာခြင်း ဖြစ်သည်။

သူသည် သူ၏ မိစ္ဆာ စကြဝဠာ၌ အစွမ်းအထက်ဆုံး မဟုတ်သည့်တိုင် ကျင့်ကြံခြင်း စကြဝဠာမှ အာကာသ အဆင့် ကျင့်ကြံသူများစွာကို သတ်ဖြတ်နိုင်ခဲ့ကာ တာအို ရရှိခြင်း အဆင့်များနှင့်ပင် ယှဉ်၍ တိုက်ခိုက်နိုင်ခဲ့သည်။

ဒဏ္ဍာရီများ အရ ဆိုလျှင် မိစ္ဆာ ခြောက်ပါး ကျင့်စဉ်သည် မိစ္ဆာ စကြဝဠာ၏ အစွမ်း အထက်ဆုံး ကျင့်စဉ် သုံးခု အနက်မှ တစ်ခု ဟု ဆိုကြသည်။ ထိုကျင့်စဉ်ကို အောင်မြင်သည်နှင့် ကျင့်ကြံသူသည် ရှေးဟောင်း မိစ္ဆာ ခြောက်ပါးနှင့် ဆက်သွယ်နိုင်ကာ သူတို့၏ စွမ်းအားကို ငှားယမ်း နိုင်လိမ့်မည် ဖြစ်သည်။

ထိုရှေးဟောင်း မိစ္ဆာ တစ်ပါးချင်းစီသည် အာကာသ ထိပ်ဆုံး အဆင့်၏ စွမ်းအားကို ငှားယမ်း နိုင်ကြသည်။ သူတို့ အတူတကွ စုပေါင်းသည့် အချိန်တွင်မူ ကျင့်ကြံသူသည် တာအို ရရှိခြင်း အဆင့် တစ်ယောက် ကဲ့သို့ အစွမ်းထက်လာလိမ့်မည် ဖြစ်သည်။ ထို့အပြင် ရှေးဟောင်း မိစ္ဆာ တစ်ပါချင်းစီမှာ အသက် တစ်သက်ကို ပေးစွမ်းနိုင်ရာ ကျင့်ကြံသူမှာ အသက် ခြောက်သက်ကို တစ်ပြိုင်နက်တည်း ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ကံမကောင်းစွာပင် အတိတ်ဘဝ၌ မိစ္ဆာအရှင် ကျူးမင်သည် ချန်းဖန်နှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်က ချန်းဖန်သည် တာအို ရရှိခြင်း အဆင့်သို့ ရောက်ခါစ ဖြစ်ပြီး သမိုင်း တစ်လျှောက် အသက် အငယ်ဆုံး တာအို ရရှိခြင်း ကျင့်ကြံသူလည်း ဖြစ်သည်။ သူတို့ နှစ်ဦးသည် တွေ့ဆုံသည်နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။

မိစ္ဆာအရှင် ကျူးမင်သည် ခြောက်ကြိမ် ပြန်လည် ဝင်စားကာ အကြိမ်ကြိမ် ပြန်လည် ရှင်သန်နိုင်ခဲ့သော်လည်း ချန်းဖန်က သူ့အား အဖက်ဖက်မှ လွှမ်းမိုးနိုင်ခဲ့သည်။ သူတို့ နှစ်ယောက်၏ တိုက်ပွဲသည် သုံးလတိုင်တိုင် ကြာမြင့်ခဲ့ကာ တိုက်ပွဲ၏ အကျိုးဆက် အနေဖြင့် ဂြိုဟ်များစွာပင် ပျက်စီးခဲ့ရသည်။

အဆုံးသတ်၌ မိစ္ဆာ အရှင် ကျူးမင်သည် ချန်းဖန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရကာ မိစ္ဆာ ခြောက်ပါး ကျင့်စဉ်မှာလည်း ချန်းဖန်၏ လက်အတွင်းသို့ ကျရောက် သွားခဲ့သည်။

"ဟူး… ဟူး…"

ချန်းဖန်၏ အနောက်ရှိ အနက်ရောင် တွင်းပေါက်ကြီးများသည် အရှိန်ပြင်းစွာ လည်ပတ်ရင်း လူသား သဏ္ဌာန်သို့ စတင်ကာ ပြောင်းလဲလာကြသည်။

သို့သော်လည်း ထိုလူသားများ၏ ပုံပန်းသဏ္ဌာန်က ထူးခြား၏။ ၎င်းတို့၏ ကြီးမားသော ခန္ဓာကိုယ်သည် လက်ခြောက်ဖက်နှင့် ခေါင်းသုံးလုံးကို ပိုင်ဆိုင် ထားသည်။

ဤသို့ဖြင့် နောက်ထပ် သုံးရက်ခန့် ကြာပြီးနောက် မိစ္ဆာ ခြောက်ပါးသည် ပျောက်ကွယ်သွားကာ ချန်းဖန်၏ မျက်လုံးများမှာ ပြန်လည် ပွင့်လာခဲ့သည်။

"နှမြောစရာပဲ… ငါ အထွတ်အမြတ် ရွှေအမြုတေကို တိုက်ရိုက် ဖွဲ့စည်းပြီး မိစ္ဆာ ခြောက်ကောင် အသွင် အဖြစ် မပြောင်းနိုင်သေးဘူး"

ချန်းဖန်က သက်ပြင်းတစ်ချက် ချကာ ရေရွတ် လိုက်၏။

မည်သို့ပင် ဆိုစေ ထျန်းဟောင်ဂြိုဟ်သည် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခုသာ ဖြစ်သည်။ မိစ္ဆာဂြိုဟ် တစ်ခု သို့မဟုတ် နတ်ဆိုး နယ်မြေ တစ်ခု မဟုတ်ချေ။ ဤနေရာ၌ မိစ္ဆာချီများက အလွန် နည်းပါးလှသည်။

"ဘာပဲဖြစ်ဖြစ် ရှေးဟောင်း မိစ္ဆာအင်း ရှိနေတာ ကံကောင်းတယ်…"

ချန်းဖန်က တွေးလိုက်မိ၏။ သူသည် ထိုခရီးစဉ်၌ ပဉ္စမ အသွင်ပြောင်းခြင်းကို ပြီးမြောက်ရန် မျှော်မှန်းထားသည်။

သူ ခွန်ပန်နှင့် လိန်ဟူ ကျင့်စဉ်တို့ကို လွယ်ကူစွာ ကျင့်ကြံနိုင်ခဲ့သည့် အကြောင်းရင်းမှာ ထိုကျင့်စဉ်များနှင့် ပတ်သက်၍ အခြေခံကောင်း ရှိသည့်အပြင် ထျန်းဟောင်ဂြိုဟ်၏ ကြွယ်ဝသော မိုးကြိုးနှင့် အာကာသ စွမ်းအား ရင်းမြစ်များကြောင့် ဖြစ်သည်။

သို့တိုင်အောင် သူသည် ထိုကျင့်စဉ်များ‌ အောင်မြင်ရန် အတွက် ကောင်းကင် ဆေးမြစ်များကို မှီဝဲ ခဲ့ရသေးသည်။ သူသည် ခွန်ပန် ကျင့်စဉ် အတွက် ကောင်းကင်နယ် တစ်ခုရှိ ဂိုဏ်းများနှင့် အတိုက်အခံပြုကာ အာကာသ လေဟာနယ် သလင်းကျောက်မိုင်းတွင်း ရှစ်ခုကိုပါ ဝါးမျိုခဲ့ရသည်။

"စီနီယာချန်း… နိုးလာပြီလား…"

ယွင်ရီအာနှင့် မူဟုန်တိတို့မှာ ချန်းဖန် မျက်လုံး ဖွင့်သည်ကို မြင်သည်နှင့် အနားသို့ ကပ်လာကြ၏။

လင်းဝူဟွာမှာလည်း ချန်းဖန် မည်သို့မျှ မဖြစ်ကြောင်း မြင်ရမှ သက်ပြင်း ချနိုင်တော့သည်။ သူမသည် အစဉ်အမြဲ အေးစက်စက် နေတတ်သူ ဖြစ်သော်လည်း ချန်းဖန်ကိုမူ သူမ၏ အရေးကြီး ပုဂ္ဂိုလ် အဖြစ် ခံယူထားသူ ဖြစ်၏။

"စိတ်မပူကြနဲ့… ငါက ကျင့်စဉ် အသစ် တစ်ခုကို ကြိုးစားကြည့်နေတာပါ… ဘာမှ မဖြစ်ပါဘူး"

ချန်းဖန်သည် အဇူရာ ဝတ်စုံကို ဝတ်ဆင် ထား၏။ ထိုအခိုက်အတန့်၌ သူ၏ ခန္ဓာကိုယ်သည် လွန်ခဲ့သည့် စက္ကန့်ပိုင်းနှင့် ကွာခြားစွာပင် မိစ္ဆာ အငွေ့အသက်များ ကင်းစင် နေခဲ့သည်။

"ငါတို့ ဘယ်ရောက်ပြီလဲ…"

ချန်းဖန်က မေးလိုက်သည်။

"ကျုပ်တို့ လီယန် ကောင်းကင်နယ်ကို လွန်ခဲ့တဲ့ နှစ်ပတ်က ကျော်ဖြတ်လာပြီးပါပြီ… အခု ဆိုရင် ပြန်လည် မွေးဖွားခြင်း ကောင်းကင်နယ်ရဲ့ ပိုင်နက်ထဲကို ရောက်နေပြီ လို့ ဆိုနိုင်ပါတယ်… ပြန်လည် မွေးဖွားခြင်း ဂိုဏ်းနဲ့ဆို မိုင်ငါးသိန်း ကွာဝေးပါသေးတယ်"

ရထား၏ အပြင်ဘက်၌ ထိုင်နေသော ကျိုးကျူရှင်းက လှမ်း၍ ပြော၏။

"ပြန်လည် မွေးဖွားခြင်း ကောင်းကင်နယ်…"

ချန်းဖန်က ရေရွတ်ကာ နတ်ဘုရား စိတ်အာရုံအား ဖြန့်ကျက်လိုက်၏။ ထိုအခါ ထိုနေရာရှိ ဝိညာဉ်ချီမှာ သာမန် ကောင်းကင်နယ်များထက် အဆများစွာ ထူထပ်သည်ကို သူ တွေ့လိုက်ရသည်။

"ဒါက တကယ့်ကို ထိပ်တန်း ကောင်းကင် ဆယ်ခုထဲက တစ်ခု ပီသပါတယ်"

သူက ခေါင်းတစ်ချက် ညိတ်ကာ အဝေးသို့ ငေးကြည့်လိုက်သည်။

"ခုအချိန် ရှောင်မန် တစ်ယောက် ဘာတွေ လုပ်နေမလဲ မသိဘူး…"

ထျန်းဟောင်ဂြိုဟ်သို့ ရောက်ရှိပြီးနောက် သူသည် ထိုမိန်းကလေး တစ်ယောက်ကို သာလျှင် အလေးထားခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူမနှင့် မတွေ့ရသည်က လေးနှစ်တိုင်တိုင် ကြာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters