← Chapters

ကောင်းကင်အရှင် အဆင့်အောက် အစွမ်း အထက်ဆုံး

Vol. 10 Ch. 935

ကောင်းကင်အရှင် အဆင့်အောက် အစွမ်း အထက်ဆုံး

Vol. 10 Ch. 935

ပြန်လည် မွေးဖွားခြင်းနယ်နှင့် နှိုင်းယှဉ်ပါက မြောက်နတ္ထိနယ်မှာ ဒုတိယ အဆင့်မြို့ တစ်ခု သာသာပင်။

ကီလိုမီတာ ရာချီ ကျယ်ဝန်းသော မြို့ကြီးများသည် ပြန်လည် မွေးဖွားခြင်းနယ် အနှံ့ဖြန့်ကျက်နေ၏။ လူဦးရေသည်လည်း အလွန် ထူးထပ်ကာ ရွှေအမြုတေ အဆင့်များ ပင်လျှင် လမ်းများထက်တွင်၌ ပြည့်နှက် နေခဲ့သည်။

"အရမ်းမိုက်တာပဲ… ဒီနေရာက မြို့သေးသေးလေး တစ်ခုတောင် ပေ့ဟန်နယ်ရဲ့ တော်ဝင် မြို့လောက် ရှိတယ်"

မူဟုန်တိက ပတ်ပတ်လည်ကို ကြည့်ရင်း တအံ့တဩ ရေရွတ် လိုက်၏။

ပြန်လည် မွေးဖွားခြင်းနယ်၏ ဗဟိုနှင့် နီးကပ် လာသည်နှင့် သူတို့သည် ပိုမို အစွမ်းထက်ဟန်၊ အာဏာရှိဟန် ရသော လူများကို တွေ့မြင် လာရသည်။ အချို့ဆိုလျှင် ‌အစေခံ ရာချီသော ယာဉ်များဖြင့်ပင် တိုက်ရိုက် သွားလာ နေကြသည်။ များစွာသော ယာဉ်များမှာ ဝိညာဉ် ရတနာများ ဖြစ်ကြပြီး အချို့ဆိုလျှင် ဝိညာဉ် ရတနာ ထိပ်ဆုံး အဆင့်များပင် ဖြစ်သည်။

ထိပ်ဆုံးအဆင့် ဝိညာဉ် ရတနာများကား အလွန် ရှားပါးကာ တန်ဖိုးရှိသော အရာများ ဖြစ်သည်။ ပေ့ဟန်နယ်၏ အရှင် ဖြစ်သော ကျိုးကျူရှင်း ပင်လျှင် အနည်းငယ်ကိုသာ ပိုင်ဆိုင်ခဲ့သည်။ ထို့အပြင် ပျံသန်းနိုင်သော ဓမ္မ ရတနာများမှာ ဝိညာဉ် ရတနာများထဲ၌ အလွန် ရှားပါးသည်။ ဝိညာဉ် ရတနာ ထိပ်ဆုံး အဆင့် ယာဉ်ပျံ တစ်စီးဆိုလျှင် တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာများ ကဲ့သို့ အဖိုး ထိုက်တန် ကြသည်။

သို့သော်လည်း ယခုတွင်မူ ထိုသို့သော ယာဉ်ပျံမျိုးကို သူတို့ မကြာခဏပင် တွေ့မြင် နေရသည်။ သူတို့နှင့် ယဉ်ပါက ချန်းဖန်၏ အနက်ရောင် ရထားလုံးမှာ အလွန် စုတ်ခြာ လွန်းလှပေသည်။

"ဘယ်လိုတောင် ရင်းမြစ်တွေကို ဖြုန်းတီး နေတာလဲ…"

လင်းဝူဟွာက မျက်မှောင်ကြုတ် လိုက်၏။

သူမတို့သည် ချန်းဖန်နှင့် အတူ မိုင်ပေါင်း သိန်း၊ သန်းချီ ခရီးနှင်ခဲ့သည့်တိုင် ပြန်လည် မွေးဖွားခြင်းနယ်၏ မြင်ကွင်းများကြောင့် အသက်ရှူ ကြပ်မိနေဆဲ ဖြစ်သည်။

"ကျင့်ကြံခြင်း ဆိုတာက ဝင့်ဝါးခြင်းကို ဖော်ပြဖို့ မဟုတ်ဘူး… အမှန်တရားနဲ့ ထာဝရကို ရှာဖွေဖို့ သက်သက်ပဲ… ဒီလို အပေါ်ယံ ရုပ်ဝတ္ထုတွေက ဘာ အသုံးကျ လို့လဲ"

ချန်းဖန်က ခေါင်းခါလိုက်၏။ ထို့နောက် သူက အမိန့်ပေးလိုက်သည်။

"ကျူရှင်း… ထင်းယွမ်မြို့ကို သွားကြမယ်… အဲဒီကို မောင်းလိုက်"

"ကောင်းပါပြီ…"

ကျိုးကျူရှင်းက လေးစားစွာ ပြန်လည် ပြောကာ ရထားလုံးအား ထင်းယွမ်မြို့ ရှိရာ အရပ်သို့ ဦးတည် လိုက်တော့သည်။

ထင်းယွမ်မြို့…

ထင်းယွမ်မြို့ကား ပြန်လည် မွေးဖွားခြင်း နယ်၏ ဗဟို၌ တည်ရှိ၏။ ၎င်းမှာ ပြန်လည် မွေးဖွားခြင်း ကောင်းကင်နယ်၏ အစွမ်း အထက်ဆုံး အဖွဲ့အစည်း ဖြစ်သည့် ပြန်လည် မွေးဖွားခြင်း ဂိုဏ်း တည်ရှိရာ နေရာလည်း ဖြစ်သည်။

ပြန်လည် မွေးဖွားခြင်းဂိုဏ်းသည် နှစ်ပေါင်း သိန်းချီ သမိုင်းကြောင်း ရှိကာ ထျန်းဟောင် ဂြိုဟ်၏ အစွမ်း အထက်ဆုံး ဂိုဏ်းများ အနက် တစ်ဂိုဏ်း ဖြစ်သည်။ ဝမ်မိသားစု၊ ကောင်းကင်ဓာဂိုဏ်းတို့ အနေဖြင့် ယှဉ်နိုင်သော ဖြစ်တည်မှု မဟုတ်ချေ။ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းနှင့် တူညီသော အဆင့်အတန်းရှိသော အဖွဲ့အစည်း ဟူ၍ ထိပ်တန်း ကောင်းကင်နယ်များမှ ဂိုဏ်းကိုးခု သာလျှင် ရှိကြပေသည်။

"ခမ်းနားလိုက်တဲ့ မြို့ကြီး…"

မိန်းကလေး သုံးယောက်မှာ မြို့ထဲသို့ ဝင်ဝင်ချင်းမှာပင် မျက်လုံးများ ဝိုင်းစက် သွားကြ၏။

ထင်းယွမ်မြို့သည် ဝမ်မိသားစု၏ ကြယ်ကြွေမြို့ထက်ပင် အဆများစွာ ပိုမို ကြီးမားကာ သန်းဆယ်ချီသော လူများ မှီတင်း နေထိုင်ကြသည်။ သူတို့ အားလုံးမှာလည်း ကျင့်ကြံသူများ ဖြစ်ကြသည်။ ဝိညာဉ်ချီ များသည် မြို့တစ်ခုလုံး၌ ထူထပ်နေကာ အချို့ နေရာများတွင် ဆိုလျှင် မြူသဖွယ်ပင် အုံ့စိုင်း နေခဲ့သည်။

"သခင်… ထင်းယွမ်မြို့က တန်ခိုးရှင် ကျင့်ကြံခြင်း အတွက် အရမ်းကို အဖိုးတန်တဲ့ မြို့ပဲ… ဒဏ္ဍာရီတွေ အရဆိုရင် အဲဒါက ဝိညာဉ် ကျောက်တုံးကြီးတွေကို သုံးပြီး တည်‌ဆောက်ခဲ့တာ တဲ့"

ကျိုးကျူရှင်းက ဦးညွှတ်ရင်း ပြောသည်။ သူသည် သာမန် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။

သူက ဆက်ပြောသည်။

"ဒီလို ပတ်ဝန်းကျင် ကြောင့်ပဲ ထင်းယွမ်မြို့ရဲ့ လူဦးရေက အရမ်း ထူထပ်နေတာ… သူတို့က နေရာတိုင်းမှာ ရှိနေတဲ့ ဝိညာဉ်ချီကို သုံးပြီး ကျင့်ကြံလို့ ရတဲ့ အပြင် ကံကောင်းရင် ပြန်လည် မွေးဖွာခြင်း ဂိုဏ်းရဲ့ တပည့်တောင် ဖြစ်လာနိုင်သေးတယ်လေ"

"ဒါပေမဲ့ ပြန်လည် မွေးဖွားခြင်းဂိုဏ်းက စည်းကမ်း အရမ်းကို တင်းကြပ်တယ်… အဆင့်လေး ရွှေအမြုတေကို မဖွဲ့စည်းနိုင်တဲ့ လူတွေဆို ဂိုဏ်းကနေ ထုတ်ပယ် ခံရတယ်"

"အဲ့လောက်တောင်လား…"

မိန်းကလေး သုံးယောက်မှာ အံ့အားသင့် သွားကြ၏။ ချန်းဖန်မှာမူ ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်နေ၏။ စကြဝဠာထဲတွင် နှစ်ပေါင်း ငါးရာတိုင်တိုင် နေထိုင် ကျင့်ကြံခဲ့သော သူ့ အတွက် ထိုကိစ္စက မထူးဆန်းချေ။

ထို့နောက် သူတို့သည် ညအိပ်ရန် နေရာ တစ်ခုကို ရှာဖွေ လိုက်ကြသည်။ ချန်းဖန်၏ အစီအစဥ်မှာ နောက်တစ်နေ့ နံနက်သို့ အရောက်မှ ရှောင်မန်ကို ရှာဖွေရန် ဖြစ်သည်။

ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ဂိတ် တံခါးပေါက်သည် မြို့တော် အပြင်ဘက်၌ တည်ရှိ၏။

အဝေးမှ ကြည့်ပါက ပြန်လည် မွေးဖွားခြင်း ဂိုဏ်းသည် တောင်များ၏ ဝါးမျိုခြင်းကို ခံထားရသော မိန်းမပျို တစ်ယောက် နှယ်ပင်။ ထိုနေရာရှိ တောင်အချို့ ဆိုလျှင် မီတာ သောင်းချီပင် မြင့်မားကြ၏။ များစွာသော တောင်ထိပ်များမှာ တိမ်များဖြင့် ဝန်းရံနေကာ နဂါးများနှင့် အခြား သားရဲများမှာ အတူတကွ ကခုန် နေကြသည်။

"ဒါက ဘယ်လို နေရာမျိုးလဲ…"

ယွင်ရီအာမှာ အဝေးမှ ထိုနေရာအား လှမ်းကြည့်ကာ ဆွံ့အ သွား၏။ လင်းဝူဟွာပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့သည်။ အကယ်၍ ထိုနေရာတွင်သာ ကျင့်ကြံရပါက သူမသည် အခြေတည် ဝိညာဉ် အဆင့်ထိပင် တက်လှမ်းနိုင်မည်ဟုပင် ခံစား နေရသည်။

"ပြန်လည် မွေးဖွားခြင်းဂိုဏ်းက တကယ် ခမ်းနားလွန်းတာပဲ… သူတို့ကို ယှဉ်နိုင်တာ ဆိုလို့ တောင်တန်း အင်ပါယာပဲ ရှိလိမ့်မယ်"

ကျိုးကျူရှင်းက သက်ပြင်းချကာ ရေရွတ် လိုက်သည်။

"စီနီယာချန်း… ကျွန်မတို့ ဘယ်လို ဂိတ်တံခါးကို ဖြတ်ပြီး ရှောင်မန်ကို ရှာကြမလဲ"

မူဟုန်တိက မေးလိုက်သည်။

"အဲဒီ အတွက်တော့ စိတ်မပူပါနဲ့…"

ချန်းဖန်က ပြောလိုက်၏။

ရှန်းရှီသည် ရှောင်မန်ကို ခေါ်မသွားခင် ချန်းဖန်အား သူမ၏ အထိမ်းအမှတ် ပစ္စည်း တစ်ခုကို ပေးထားခဲ့သည်။ ချန်းဖန်သည် ထိုပစ္စည်းကို ပြသကာ အတွင်းသို့ ဝင်ရောက် နိုင်ပေလိမ့်မည်။ အကယ်၍ အစောင့်များက တားဆီးလျှင်ပင် ချန်းဖန် အတွက် ဝင်ရန်က ပြဿနာ တစ်ခု မဟုတ်ချေ။ သူသည် နတ်ဘုရား စက်ဝိုင်း ပဉ္စမ အသွင်ပြောင်းခြင်း သို့ ရောက်ရှိနေပြီ ဖြစ်ရာ အခြေတည် ဝိညာဉ် အဆင့် တစ်ယောက်ကိုပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။

"ဗြဟ္မာ့ နန်းတော်…"

ချန်းဖန်က အဆောက်အအုံ တစ်ခု၏ ရှေ့၌ ရပ်ကာ ရေးထိုးထားသော ကျောက်စာအား ဖတ်လိုက်သည်။

"သခင်… ဗြဟ္မာ့ နန်းတော်က ထျန်းဟောင်ဂြိုဟ်မှာ ထင်ရှားတဲ့ အပန်းဖြေ နေရာ တစ်ခုပါ… ဒီနေရာမှာ ရှိတဲ့ ဘယ်အရာကို မဆို ဝိညာဉ် ကျောက်တုံးတွေနဲ့ ဝယ်ယူနိုင်ပါတယ်… သခင့်မှာသာ ဝိညာဉ် ကျောက်တုံး အလုံအလောက် ရှိရင် တောင်တန်း အင်ပါယာ အကြောင်း အချက်အလက်တွေနဲ့ ကောင်းကင်အရှင် မိသားစုရဲ့ မိန်းကလေး တစ်ယောက်ကိုတောင် အစေခံ အဖြစ် ဝယ်ယူလို့ရတယ်"

ကျိုးကျူရှင်းက ရှင်းပြ လိုက်သည်။

"တကယ်လား… ကောင်းကင်အရှင် မိသားစု တစ်ခုရဲ့ သမီးကိုတောင် ဝယ်လို့ ရတယ်ပေါ့"

ယွင်ရီအာ၏ မျက်လုံးများမှ မယုံကြည် နိုင်စွာ ပြူးကျယ်သွား၏။

" ဗြဟ္မာ့ နန်းတော်ကို ကောင်းကင် အရှင်တွေက ထောက်ပံ့ပေးထားတာလေ… သူတို့ကို ဘယ်သူက ဆန့်ကျင်ရဲမှာလဲ"

ကျိုးကျူရှင်းက ခေါင်းခါရင်း ဆိုလိုက်၏။

ဗြဟ္မာ့ နန်းတော် အတွင်းရှိ မြင်ကွင်းမှာ အပြင်ပန်း သဏ္ဌာန်နှင့် ကွာခြား လှသည်။ အပြင်ဘက်မှ ကြည့်ပါက ဗြဟ္မာ့ နန်းတော်မှာ အဆောက်အအုံကြီး တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း အတွင်းပိုင်းမှာမူ အလွန် ခမ်းနားကာ ကျယ်ဝန်းလှသည်။ ချန်းဖန် မြင်ဖူးသည့် ကမ္ဘာဂြိုဟ်၏ အကြီးဆုံးသော စူပါမားကတ် (super market) ပင်လျှင် ဗြဟ္မာ့ နန်းတော်၏ တစ်ဝက်မျှ ရှိလိမ့်မည် မဟုတ်ချေ။ အဆောက်အဦမှာ အလွှာ တစ်ရာကျော် ပါရှိကာ အလွှာ တစ်ခုချင်းစီမှာ လုံးဝ ကွာခြားလှသည်။

"ကူညီပေးပါရစေ ခင်ဗျာ…"

ဧည့်ကြိုက ချန်းဖန်ထို့ ထံသို့ လျှောက်လာကာ နှုတ်ဆက်လိုက်သည်။ သူသည် အဆင့်နိမ့် ဝန်ထမ်း ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ရွှေအမြုတေ အစောပိုင်း အဆင့် တစ်ယောက် ဖြစ်၏။

ထို့နောက် သူက ဦးဆောင်ကာ ချန်းဖန်တို့အား အပေါ် အလွှာများသို့ ခေါ်ဆောင် လာခဲ့သည်။

ချန်ဖန်တို့သည် လမ်းတစ်လျှောက်၌ အထက်တန်းစား ဝတ်စုံများ ဝတ်ဆင်ထားသည့် ရွှေအမြုတေ ထိပ်ဆုံး အဆင့် များစွာကို တွေ့ကြရသည်။ ထိုသူများနှင့် ယှဉ်ပါက ချန်းဖန်တို့ အဖွဲ့၏ ပုံစံက အလွန် နုံချာ လှပေသည်။ အားလုံးထဲ၌ လှပသော လင်းဝူဟွာ တစ်ယောက် သာလျှင် အများစု အာရုံကို ဆွဲဆောင် နိုင်ခဲ့သည်။

ချန်းဖန်သည် လမ်းလျှောက်ရင်း နတ်ဘုရား စိတ်အာရုံကို အဆောက်အအုံ တစ်ခုလုံးအား ဖြန့်ကျက်ထား၏။ များစွာသော မြင်ကွင်းများ၊ အသံများက သူ၏ စိတ်အာရုံ အတွင်း တဖျတ်ဖျတ် ပေါ်နေခဲ့သည်။ သို့သော်လည်း ထိုအထဲမှ တစ်ခုသာလျှင် ချန်းဖန်၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့၏။ ချန်းဖန်က အာရုံစိုက်ကာ စကားပြောသူများအား ကြည့်လိုက်သည်။

"ပြန်လညါ မွေးဖွားခြင်းတောင်ရဲ့ နတ်မိမယ် ရှန်းရှီ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတော့မယ် တဲ့"

"ငါကြားရ သလောက်ဆို သူက ကံကောင်းခြင်း အချို့နဲ့ ကြုံတွေ့ခဲ့ရ ပြီးတော့ ‌ဟန်ရှုံး သတ်မှတ်ချက် နံပါတ်တစ် နေရာကို ယူတော့မယ် ဆိုပဲ"

"ဒါဆို သူက ကောင်းကင်အရှင် အဆင့် အောက်မှာ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာတော့မယ်ပေါ့"

***

All Chapters