← Chapters

တော်သေးတာပေါ့

Vol. 14 Ch. 197

တော်သေးတာပေါ့

Vol. 14 Ch. 197

“ဘယ်လိုဖြစ်တာလဲ..”

ကျီးဟူကျိသည် ပတ်ဝန်းကျင်အားလည့်ပတ်ကြည်လိုက်၏။ ကျီးဟူကျိသည် အတော်ပင် မှင်သက်နေရသည်။ အကြောင်းမှာ သူ၏ မြင်လွှာတွင် မည်သည့် သားရဲမျှ မတွေ့ရှိတော့ပေ။

ထို့နောက် အာရုံများကို စုစည်းကာ သူ၏မျက်လုံးအား ပတ်ဝန်းကျင်တစ်ဝှိုက် ဝေ့ကာ ကစားကြည့်လိုက်ချိန်တွင် လူငယ်နှစ်ဦးကို တွေ့လိုက်ရသည်။

“အစ်ကိုကြီး..”

ကျီးရူယိသည် အပြေးရောက်လာပြီးနောက် ကျီးဟူကျိအား စစ်ဆေးကြည့်လိုက်၏။ ဒဏ်ရာအချို့နှင့် ဝိညာဉ်စွမ်းအင် နည်းပါးနေသည်မှလွဲ၍ ကြီးကြီးမားမား ဒဏ်ရာမရှိကြောင်းတွေ့လိုက်ရသည်။ ထို့ကြောင့် စိတ်သက်သာရာရသွား၏။

ထို့နောက် ကျီးဟူကျိ၏ စိတ်တွင် ရှုပ်ထွေးနေသည့် အသွင်ပေါ်နေသောကြောင်း ကျီးရူယိသည် အကျိုးအကြောင်းရှင်းပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်ရောင်းရင်း..”

ကျီးဟူကျိသည် ချက်ချင်း ပိုင်ကျန့်ယွီတို့အား ကျေးဇူးတင်စကားဆိုလိုက်၏။ ထို့အပြင် သူပင်သတ်ရခက်သည့် သားရဲများအား တစ်ခဏအတွင်းသတ်ဖြတ်နိုင်ခဲ့သည့် ပိုင်ကျန့်ယွီကိုကြည့်ကာ အထင်ကြီးသွားတော့သည်။ သူသည် အဆင့်အတူတူဖြစ်နေကြသ်ောလည်း ကြီးမားသည့် ကွာခြားချက်ရှိဟု ခံစားလိုက်ရ၏။

ပိုင်ကျန့်ယွီသည် ရာဂဏန်းမျှ ရှိသည့် သားရဲအုပ်အတွက် သူ၏ ဓားတစ်ချက်မျှသာ လိုအပ်တော့သည်။ ထို့အပြင် သူ၏ ဓားတွင် လျှိုမင်ယွမ်၏ စိတ်စွမ်းအင်များ ပါဝင်နေသောကြောင့် ရှောင်တိမ်းချင်လျှင်ပင် လွတ်မြောက်ရန် မလွယ်ကူချေ။

“ရောင်းရင်းပိုင်တို့က ဘယ်အိမ်တော်ကလဲ..”

ကျီးဟူကျိသည် မေးမြန်း စုံစမ်းလိုက်၏။ ပိုင်ကျန့်ယွီ၏ ခွန်အားနှင့် သာမန် အိမ်တော်ငယ်များမှ မဟုတ်ဟု တွေးထင်ပြီးဖြစ်သည်။

ပိုင်ကျန့်ယွီ၏ နှုတ်ခမ်းသည် သိသာခြင်းမရှိ အနည်းငယ်သာ တွန့်ကွေးသွား၏။ ထိုလူများကို အကြောင်းမဲ့ ကူညီခြင်းမဟုတ်ပေ။ သူတို့၏ ဟွမ်းရှန့်နန်းတော်အား ကြော်ညာရမည်ဖြစ်သည်။ နောင်တွင် လူငယ်များကြား ရေပန်းစားလာလျှင် ဟွမ်းရှန့်နန်းတော်အား ဝင်ရောက်လိုသူများပြားလာပေမည်။

“ကျုပ်တို့က ဟွမ်းရှန့်နန်းတော်ကပဲ..”

“ဟွမ်းရှန့်နန်းတော်လား..”

ကျီးဟူကျိတို့သည် သံယောင်လိုက်၍ ရေရွတ်လိုက်ရင်း ထိုအဖွဲ့အစည်းအား သူတို့၏ မှတ်ဉာဏ်တွင်း ရှာဖွေကြည့်နေကြသည်။ သို့သော် အချည်းအနှီးသာ။ ထို့ကြောင့် လက်လျော့လိုက်ကာ အကြောင်းစုံမေးမြန်းလိုက်၏။

“ရောင်းရင်းပိုင် ဟွမ်းရှန့်နန်းတော်က ဘယ်လိုအဖွဲ့အစည်းမျိုးလဲ..”

ပိုင်ကျန့်ယွီသည် ဟွမ်းရှန့်နန်းတော်၏ တည်နေရာနှင့် အခြားကိစ္စများကို အာပေါင်အာရင်းသန်စွာ ရှင်းပြလိုက်သည်။

“ဒါတောင် ကျုပ်တို့က သာမန်ပဲရှိသေးတယ်၊ ကျုပ်တို့ အစ်မကြီးနဲ့ ဒုတိယအစ်က ကျုပ်တို့ထက် ပိုပြီးအစွမ်းထက်ကြတယ်..”

“အဲ့ဒီလောက်တောင်လား..”

ကျီးဟူကျိတို့သည် တည်ထောင်ထားသည်မှာ မကြာသေးသည့် အဖွဲ့အစည်း၏ တပည့်များသည် ထိုမျှ အစွမ်းထက်နေပုံကို မယုံနိုင်ဖြစ်နေ၏။ သို့သော်ပိုင်ကျန့်ယွီပင် သူ့ထက် သန်မာလွန်းသည်ကို ခံစားမိသည်။

“ရောင်းရင်းပိုင်၊ လျှို့ဝှက်နယ်မြေက မထွက်ရသေးမချင်း ရောင်းရင်းတို့နဲ့ အတူသွားလို့ရမလား..”

ကျီးဟူကျိသည် တောင်းဆိုလိုက်၏။ ဤနေရာရှိသားရဲအုပ်များသည် မှန်းဆ၍ မရပေ။ ထို့ကြောင့် ပိုင်ကျန့်ယွီတို့နှင့်လိုက်ကာ အကာအကွယ်ယူချင်နေမိသည်။

“ကောင်းပြီလေ..”

ပိုင်ကျန့်ယွီသည် လက်ခံလိုက်၏။ ထိုအရာအတွက် သူ့အနေနှင့် ပြသနာမရှိပေ။ ထို့နောက် ကျီးဟူကျိတို့ကို ဝေ့ကြည့်လိုက်ရင်း ထပ်မံပြောဆိုလိုက်သည်။

“ရောင်းရင်းရဲ့ ဝိညာဉ်စွမ်းအင် ပြန်ဖြည့်ဖို့ ဆေးလုံးကျုပ်ဆီမှာရှိတယ်”

ကျီးဟူကျိတို့သည် ဝိညာဉ်စွမ်းအင်ပြန်ဖြည့်နိုင်သည့် ဆေးလုံးအကြောင်းကြားလိုက်ချိန်တွင် မျက်လုံးများအရောင်လက်လာကာ ပျော်ရွှင်သွား၏။ သူတို့သည် လက်ရှိတွင် ထိုသို့ဆေးလုံးမျိုးလိုအပ်နေခြင်းဖြစ်သည်။

လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လာစဉ်က ထိုသို့ ဆေးလုံးများကို ယူဆောင်ခဲ့သော်လည်း သားရဲအုပ်များနှင့် တိုက်ခိုက်ပြီးနောက် ပြောင်တလင်းခါသွားခဲ့ပြီဖြစ်သည်။

သို့သော် ပိုင်ကျန့်ယွီသည် စကားမဆုံးသေးသောကြောင့် ဆက်လက်ပြောဆိုလိုက်၏။

“တစ်လုံးကို ဝိညာဉ်ကျောက်တုံး တစ်ရာကျသင့်မယ်..”

ကျီးဟူကျိ “...”

‘ဒီလူ ဓါးပြတိုက်နေတာလား..’

ဝိညာဉ်စွမ်းအင် ဖြည်တင်းခြင်းဆေးလုံးများသည် ပေါများခြင်းမရှိသော်လည်း ရှားပါးသည်တော့မဟုတ်ပေ။ ထို့အပြင် အာနိသင်သည် အနည်းငယ်သာ သက်ရောက်သောကြောင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်သာ ကျသင့်၏။

ဤကျင့်ကြံသူသည် သန်မာသူဆိုတိုင်း အနိုင်ကျင့်သည်လော။

“ရောင်းရင်းပိုင်..၊ ဆေးလုံးအတွက် ဝိညာဉ်ကျောက်တုံးတစ်ရာက မများလွန်းဘူးလား..”

ကျီးဟူကျိသည် အခက်တွေ့နေသည့်လေသံနှင့် မေးခွန်းထုတ်လိုက်၏။

“ဒီဆေးလုံး သောက်ကြည့်ပြီးမှ ကျုပ်တောင်းတာ တန်လား၊ မတန်လားသိလိမ့်မယ်”

ပိုင်ကျန့်ယွီသည် ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းခြင်း ဆေးလုံးအားထုတ်ယူလိုက်ကာ ကျီးဟူကျိကို သောက်စေလိုက်သည်။

ကျီးဟူကျိသည် ထိုဆေးလုံးမှ ပေါ်ထွက်နေသည့် စွမ်းအင်များကိုခံစားမိကာ မှင်သက်သွား၏။ ထို့နောက် သောက်သုံးကြည့်လိုက်တော့သည်။

“ဒါက..”

ကျီးရူယိတို့ပင် အံ့ဩတုန်လှုပ်သွား၏။ အကြောင်းမှာ ကျီးဟူကျိ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်များစီးဆင်းလည်ပတ်လာသည်ကို ခံစားမိသောကြောင့်ပင်။

“ဘယ်လိုလဲ ကျုပ်တောင်းတာများနေလား..”

ပိုင်ကျန့်ယွီသည် အပြုံးနှင့်ကြည့်ကာ မေးမြန်းလိုက်သည်။

“မများဘူး..ရောင်းရင်ပိုင်၊ ဆေးလုံးရဲ့ အာနိသင်ကို သေချာမသိပဲ ပြောဆိုမိတဲ့အတွက် တောင်းပန်ပါတယ်..”

ကျီးဟူကျိသည် ချက်ချင်းပင် တုန့်ပြန်လိုက်၏။ ထိုဆေးလုံး၏ အာနိသင်သည် ဝိညာဉ်စွမ်းအင်များ အပြည့်အဝ ပြန်ကောင်းစေနိုင်ခြင်းမရှိသော်လည်း သုံးပုံတစ်ပင်အထိပင် ပြန်လည်ရရှိခဲ့သည်။ ထိုအရာသည် အလွန်ပင် တန်ဖိုးရှိလှ၏။ သို့သော် မည်သို့ပင်ကောင်းသည်ဟုဆိုပါစေ အလွန်အကျွံသုံးစွဲ၍ မရနိုင်ပေ။

သူသုံးစွဲဖူးသည့် ဆေးလုံးများသည် ထိုဆေးလုံး၏ ဆယ်ပုံတစ်ပုံပင် မမှီမှန်းနားလည်သွားသည်။ ဟွမ်းရှန့်နန်းတော်သည် မည်သို့အဖွဲ့အစည်းဖြစ်မည်ကိုပင် သူတို့ တွေးမိလာကြ၏။ သာမန်ထက် သာလွန်သည့်အရာများကို တွေ့ကြုံနေရသည်။

ထို့နောက် သူသည် ကျေကျေနပ်နပ်နှင့် ဝိညာဉ်ကျောက်တုံးသုံးရာကို ထုတ်ပေးလိုက်၏။ ဝိညာဉ်ကျောက်တုံးတစ်ရာငည် နည်းသည်ဟုပင်ထင်မိသွားသည်။

“ရှေ့ဆက်သွားကြရအောင်..၊ လျှို့ဝှက်နယ်မြေရဲ့ အဓိက ရည်ရွယ်ချက်က အသက်ရှင်လျက်ထွက်လာဖို့ ဖြစ်နိုင်ချေရှိတယ်..”

ပိုင်ကျန့်ယွီသည် တွေးတွေးဆဆနှင့် ဆိုလိုက်၏။ ပုံရိပ်ယောင်သားရဲများအား အမဲလိုက်ရမည်ဟု ထင်ခဲ့သော်လည်း ထိုသို့ အုပ်လိုက်ကြီးအား အမဲလိုက်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ရှင်သန်ဖို့ လိုအပ်သည်ဟု တွေးထင်မိခြင်းဖြစ်သည်။

ကျီးဟူကျိတို့သည် သဘောတူလိုက်ကြ၏။ သူတို့၏ ဝိညာဉ်စွမ်းအင်များလည်း အတော်ပင် ပြန်လည်ကောင်းမွန်လာသည်မို့ ရှေ့ဆက်ရန် မခက်ခဲတော့ပေ။ ထိုအချိန်တွင် တိတ်ဆိတ်နေသည့် လျှိုမင်ယွမ်သည် ပတ်ဝန်းကျင်ကို စစ်ဆေးရင်းဆိုလိုက်၏။

“ဒီသားရဲ အုပ်တွေက အဆင့်တစ် တွေပဲမို့ တော်သေးတာပေါ့၊ အဆင့်နှစ်တွေ သာဆိုရင် ကျုပ်တို့တော့ မလွယ်ဘူး..”

ပိုင်ကျန့်ယွီသည် ထိုအရာကို တွေးရင်း ခေါင်းညိတ်ကာ ထောက်ခံ လိုက်သည်။ သို့သော် သူတွင် ထွက်ခွာချိန်တွင် မြေပြင်သည် လှုပ်ရှားနေသည်ကို ခံစားမိသွား၏။ ထို့ကြောင့် ပိုင်ကျန့်ယွီသည် ပတ်ဝန်းကျင်သို့ စစ်ဆေးနေချိန်တွင် လျှိုမင်ယွမ်၏ အသံကို ကြားလိုက်ရသည်။

“အဆင့်နှစ်သားရဲ နှစ်ကောင်..”

ပိုင်ကျန့်ယွီ “...”

‘ငါဘာမှားနေတာလဲ..’

လျှိုမင်ယွမ်သည် မျက်ရည်ကျလုမတက်ပင်ဖြစ်လာခဲ့သည်။ ထိုမျက်ရည်များ မကျဆင်းနိုင်အောင် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရ၏။ တိုက်ဆိုင်မှုသည် တစ်ခါ၊ နှစ်ခါပင် မဟုတ်တော့ချေ။

ထိုအချိန်တွင် အဆင့်နှစ်သားရဲနှစ်ကောင်သည် အလျှင်အမြန် ပြေးလာနေပြီး ထိုနှစ်ကောင်၏ ရှေ့တွင် ကျင့်ကြံသူအချို့ ပြေးလွှားနေကြသည်ကိုပါ တွေ့မြင်လိုက်၏။

“ဝေါင်း..”

“ရောင်းရင်းတို့ ပြေးတော့..”

အယောက်သုံးဆယ်ခန့်ရှိသောကျင့်ကြံသူများသည် တရောသောပါး ပြေးနေရင်း ပိုင်ကျန့်ယွီတို့ကိုပါ ထွက်ပြေးစေရန် အော်ဟစ်လိုက်ကြသည်။ ထိုကျင့်ကြံသူများတွင် အဆင့်နှစ်ရောက်ရှိနေသူ အချို့ပင် ပါရှိနေ၏။

“ဒါ ကံကြမ္မာပဲလား..”

ပိုင်ကျန့်ယွီသည် သက်ပြင်းချကာ တီးတိုးရေရွတ်လိုက်သည်။ ထို့အတူ လျှိုမင်ယွမ်လည်း ထိုကျင့်ကြံသူလူငယ်များ ထွက်ပြေးလာရာ လမ်းကြောင်းတွင် ရှေ့သို့ချီတက်သွား၏။

ကျီးဟူကျိ “...”

‘ဘာဆိုင်လို့တုန်း..’

ကျီးဟူကျိသည် ပိုင်ကျန့်ယွီ၏ ဆိုလိုရင်းကို မသိရှိပေ။ ထိုအရာသည် သူတို့ဆရာတူညီအစ်ကို နှစ်ဦး တောက်ပ ရတော့မည့်အချိန်ဖြစ်ရောက်ပြီဖြစ်သည်။

All Chapters