← Chapters

ပဋိပက္ခတစ်ခုစတင်ခြင်း

Vol. 14 Ch. 198

ပဋိပက္ခတစ်ခုစတင်ခြင်း

Vol. 14 Ch. 198

“အဲ့ဒီသုံးယောက်က ဘယ်အိမ်တော်ကလဲ စစ်ဆေးကြည့်စမ်း..”

ကျန်းအိမ်တော်၏ ရင်ပြင်တွင် ကျန်းလီယွီ့သည် လေးနက်သည့်လေသံနှင့် ကျန်းရွမ်ထုံအား စေခိုင်းလိုက်သည်။ လူငယ်များလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားကြသည်မှာ နှစ်ရက်ကျော်ပင်ရှိနေပြီဖြစ်၏။

“အဲ့ဒီသုံးယောက်က ဟွမ်းရှန့်နန်းတော်ရဲ့တပည့်တွေပါ..”

ကျန်းရွှမ်ထုံသည် လျှိုဝှက်နယ်မြေ၏ ကျောက်ပြားတွင် ထိပ်ဆုံးမှ ပြသထားသည့် အမည်သုံးခုကို ကြည့်ပြီးနောက် ဖြေဆိုလိုက်သည်။

ထိုကျောက်ပြားတွင် ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်တို့၏ အမှတ်များသည် တစ်သောင်းကျော်နေပြီး လင်းယိုဟန်၏ အမှတ်သည် ခြောက်ထောင်ခန့်ပင် ရှိနေ၏။

ထိုအရာက ရင်ပြင်အတွင်းရှိ ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားသွားစေခဲ့သည်။ ထို့အထဲတွင် ကျန်းမျိုးနွယ်ခေါင်းဆောင် ကျန်းလီယွီ့လည်း ပါဝင်နေ၏။ သို့သော် ကျန်းရွှမ်ထုံ၏ အဖြေကြောင့် မျက်မှောင်ကြုတ်သွားရသည်။

‘ဟွမ်းရှန့်နန်းတော်ဖြစ်ပြန်ပြီလား..၊ နတ်ဝိညာဉ်နဲ့ ကလေးမ အပြင်ကို ထူးချွန်တဲ့ တပည့်သုံးယောက်တောင်ရှိနေသေးတယ်..’

ရင်ပြင်အတွင်းရှိ အိမ်တော်၊ အဖွဲ့အစည်း အသီးသီးမှ ကျင့်ကြံသူများသည်လည်း ထိုသုံးဦးသည် မည်သည်အိမ်တော်များမှ ဖြစ်မည်ကို တွေးနေကြ၏။

“ဒီသုံးယောက်သာ ကျန်းမျိုးနွယ်က ပျိုးထောင်ပေးလိုက်ရင် အနာဂတ်ကတော့ အတိုင်းအဆမဲ့ပဲ..”

“ဟုတ်တယ်၊ ဒီလိုထူးချွန်းတဲ့ လူငယ်တွေပေါ်ထွက်လာတဲ့ အိမ်တော်တွေကတော့ ကံကောင်းတာပဲ”

ပရိတ်သတ်များဆွေးနွေးနေကြစဉ်တွင် ကျန်းလီယွီ့၏ စကားသံပေါ်ထွက်လာ၏။

“ဒီသုံးယောက်က ဟွမ်းရှန့်နန်းတော်ကလို့ကြားထားတယ်၊ အမှန်ပဲလား..”

ကျန်းလီယွီ့သည် ဝမ်မုန့်ယွင်ကို စိုက်ကြည့်ကာ မေးလိုက်၏။ သူမ၏ အကြည့်ကြောင့် ဝမ်မု့န်ယွင်၏ ခန္ဓာကိုယ်ပင် တုန်ယင်သွားသည်ဟု ခံစားလိုက်ရသည်။ ဝမ်မုန့်ယွင်သည် သူမ၏ စိတ်ကို ထိန်းချုပ်လိုက်ပြီးနောက် သာမန်လေသံနှင့်ဖြေလိုက်၏။

“ဟုတ်ပါတယ်၊ ကျွန်မတို့ ဟွမ်းရှန့်နန်းတော်က တပည့်တွေပါ..”

ဝမ်မုန့်ယွင်၏ အဖြေကြောင့် ပရိတ်သတ်များသည် ဟွမ်းရှန့်နန်းတော်ဆိုသည်ကို မကြားဖူးသောကြောင့် တီးတိုးဆွေးနွေးသံအချို့ ပေါ်ထွက်နေ၏။

သူတို့မကြားဖူးရသည့် အကြောင်းမှာ ကျန်းမျိုးနွယ်သည် ကျန်းလီယွီ့၏ အမိန့်ကြောင့် ဟွမ်းရှန့်နန်းတော်ကို ထုတ်ဖော်ထားခြင်းမရှိချေ။

“ဒါဆို အဆင်ပြေသွားတာပေါ့..၊ အဲ့ဒီလူငယ်သုံးဦးကို ကျန်းမျိုးနွယ်ကပျိုးထောင်ပေးမယ်၊ ဟွမ်းရှန့်နန်းတော်အတွက်လဲ ကျန်းကျာ့နယ်မြေမှာ နေရာကြီးကြီးမားမား ပေးထားမယ်..”

ကျန်းလီယွီ့သည် ပြုံးရွှင်နေသည့် မျက်နှာထားနှင့် ဆိုလိုက်၏။ သူမသည် ကျောက်ပြားမှ ပေါ်ထွက်နေသည့် ပိုင်ကျန့်ယွီတို့၏ အမှတ်များကြောင့် သူတို့၏ စွမ်းဆောင်ရည်များကို ခန့်မှန်းမိပြီးသားဖြစ်သည်။ အကြောင်းမှာ ယနေ့မတိုင်ခင်အထိ ထိုသို့အမှတ်သောင်းချီ ရရှိဖူးသူမရှိသေးချေ။

သူတို့ကျန်းမျိုးနွယ်၏ မျိုးဆက်သစ်ဖြစ်သည့် ကျန်းလီချွမ်ပင် အမြင့်ဆုံးအမှတ် ငါးထောင်ဝန်းကျင်သာရှိခဲ့သည်။

“ခေါင်းဆောင်ကျန်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ သူတို့ကို ဟွမ်းရှန့်နန်းတော်က အပြည့်အဝ ပျိုးထောင်ပေးနိုင်ပါတယ်..”

ဝမ်မုန့်ယွင်သည် ချိုချိုသာသာနှင့်ပင် ငြင်းပယ်လိုက်သည်။

“မင်းတို့ နန်းတော်သခင်က အဆင့်ခြောက်ရောက်နေတဲ့သူဆိုပေမဲ့၊ ဟွမ်းရှန့်နန်းတော်တည်ထောင်ထားတာ မကြာသေးဘူးလေ၊ ဒါကြောင့် အခြေခံအုတ်မြစ်က ကျန်းမျိုးနွယ်နဲ့ ယှဉ်လို့ရမယ်ထင်နေလား..”

ကျန်းလီယွီ့၏ လေသံသည် အနည်းငယ် တင်းမာလာဟန်ရ၏။ သို့သော် ဝမ်မုန့်ယွင်သည် စိတ်ထဲမထားသည့်အလား ဆိုလိုက်သည်။

“ကျန်းမျိုးနွယ်က ခေါ်ယူချင်ရင်တောင်၊ တပည့်တွေက ဆန္ဒရှိမယ် မထင်ပါဘူး..”

“ငါကြားတာတော့ မင်းက အရိပ်တိမ်တိုက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးတယ်ဆို..”

ကျန်းလီယွီ့၏ မျက်ဝန်းများ မှေးကျဉ်းသွားကာ မေးခွန်းထုတ်လိုက်၏။

ဝမ်မုန့်ကျွင်၏ ရင်တွင်း ထိတ်ကနဲ့ ဖြစ်သွားသည်။ ထိုအကြောင်းကို ကျန်းမျိုးနွယ် မည်သို့ သိရှိသွားသည်ကို စဉ်းစားမရချေ။ သူမတွေဝေနေစဉ် ကျန်းလီယွီ့၏ စကားသံသည် ထပ်မံပေါ်ထွက်လာ၏။

“ရှယီကုန်းမြေက ကျီယွမ်ဟာမိတ်ရဲ့ လက်အောက်ကပဲ၊ ရှယီကုန်းမြေမှာ ရှိတဲ့ အင်အားစုတွေ ပျောက်ကွယ်ကုန်တယ်လို့ ကြားထားတယ်၊ ဂိုဏ်းကြီးနှစ်ခုအပြင် အရိပ်တိမ်တိုက်ဂိုဏ်းလည်းပါတယ်တဲ့၊ ဒါပေမဲ့ အရိပ်တိမ်တိုက်ဂိုဏ်းချုပ်ဖြစ်သူက အသက်ရှင်နေပြီး အခြားအင်အားစုထဲမှာ အကြီးအကဲလုပ်နေတယ်..၊ ဒီခေါင်းဆောင်မေးချင်တာက အဲ့ဒီကိစ္စတွေက အကြီးအကဲဝမ်နဲ့ ပတ်သတ်နေလား..”

ကျန်းလီယွီ့၏ စကားကြောင့် ရင်ပြင်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ သူမသည် လေသံအမြင့်နှင့်ပြောလိုက်သောကြောင့် အားလုံးသည်ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ ကျန်းလီယွီ့သည် ဤနေ့တွင် ဟွမ်းရှန့်နန်းတော်အား ဦးကျိုးစေရန် ဖိနှိပ်မည်ဟု သံဓိဌာန်ချထားသည့်အလားပင်။

သို့သော် သူမ မသိသည်မှာ ကျန်းအိမ်တော်အထက်ရှိ လေဟာနယ်အတွင်းမှ မျက်ဝန်းတစ်စုံသည် သူမကို စောင့်ကြည့်နေသည်ကိုပင်။

ဝမ်မုန့်ယွင်သည် တုန်ယင်နေ၏။ သူမသည် မည်သို့ ဖြေရှင်းချက်ပေးရမည်ကို ပင်မသိချေ။ စကားများသည် လည်မြိုအဝသို့ တစ်ဆို့နေသည့်အလားပင်။ ထို့နောက် သူမသည် အားယူခါ ဖြေရှင်းချက်ပေးမည့် အချိန်တွင် အေးစက်စက်လေသံသည် သူမထက်အရင် ထွက်ပေါ်လာ၏။

“အဲ့ဒီလိုဆိုရင်ရော..ဘာဖြစ်လဲ..”

ထိုအသံလာရာသို့ အားလုံး၏ အကြည့်များကျရောက်သွားချိန်တွင် ခရမ်းရောင်ဆံနွယ်များနှင့် မိန်းကလေးကို တွေ့မြင်လိုက်ရ၏။ သူမသည် စဉ်မြင့်ပေါ်မှ ထိုင်ခုံတွင် ကျော့ရှင်းစွာ ထိုင်နေပြီး မည်သူ့မျှ ဂရုမစိုက်သည့်အလားပင်။

အားလုံးသည် စွံ့အသွားကြ၏။ အဆင့်သုံးတွင်သာ ရှိနေသေးသည့် မိန်းကလေးသည် ကျန်းမျိုးနွယ်ခေါင်းဆောင်ကိုပင် ဂရုမစိုက်သည့်လေသံနှင့် ပြောနေသည်။ သူတို့၏ အမြင်အာရုံ၊ အကြားအာရုံများ မှားယွင်းနေသလားဟုပင် ထင်မိသွား၏။

‘ဝူယောင်၊ အရှင်က ဒီကုန်းမြေကို ပြန်မရောက်သေးဘူးထင်တယ်၊ လက်ရှိငါတို့က ကျန်းမျိုးနွယ်ကို ဆန့်ကျင်လို့မရသေးဘူး..’

ဝမ်မုန့်ယွင်သည် အသံလှိုင်းနှင့်သာ ဆက်သွယ်ပြောဆိုလိုက်၏။

‘စိတ်မပူနဲ့ အကြီးအကဲဝမ်..၊ ဆရာဒီနေရာမှာ မရှိရင်တောင် ကျန်းမျိုးနွယ်က ကျွန်တော်တို့ကို ဘာမှ မလုပ်နိုင်ဘူး..’

လုရှင်းယန်သည် ယုံကြည်ချက်ရှိသည့် အသံမျိုးနှင့်ပြောလိုက်သည်။ ထိုအချိန်မှ ဝမ်မုန့်ယွင်သည် ခေါင်းညိတ်လိုက်ပြီး နားလည်သွား၏။ ဟွမ်းသည် သူ၏ တပည့်များအား ဝှက်ဖဲများ မပေးထားပဲ မနေချေ။

“မင်းပြောနေတာ ဘယ်သူနဲ့လဲဆိုတာရောသိရဲ့လား..”

ကျန်းချုးပိုင်သည် ဒေါသတကြီး မေးခွန်းထုတ်လိုက်၏။ အဆင့်သုံးတွင်သာ ရှိနေသည့် ကလေးမသည် သူတို့၏ မျိုးနွယ်ခေါင်းဆောင်အား တန်းတူလေသံနှင့်ပြောဆိုနေသည်။

“ခင်ဗျားတို့ ကျန်းမျိုးနွယ်က ဧည့်သည်ကို ဆက်ဆံတဲ့ပုံစံက ဒီလိုမျိုးလား..”

လုရှင်းယန်သည် ဝင်ရောက်ပြောဆိုလိုက်၏။ သူ၏ မျက်လုံးများသည် နွေးထွေးဟန် ရသော်လည်း အကြည့်များသည် လောင်ကျွမ်းလုနီးနီး တင်းမာနေသည်။

“မင်း..”

ကျန်းချုးပိုင်သည် ဒေါသတကြီးပြောဆိုမည်အပြုတွင် ကျန်းလီယွီ့သည် တားဆီးကာ သူမကိုယ်တိုင်ပြောလိုက်၏။

“ကောင်းတယ်..၊ ကောင်းတယ်..၊ ဒီနေမှာလူငယ်မျိုးဆက်တွေက ဒီလောက် ရဲတင်းလာကြပြီဆိုတာကို သိလိုက်ရပြီ..”

ကျန်းလီယွီ၏ စကားသည် အဆုံးမသတ်သေးပဲ ဆက်လက်ပြောဆိုလိုက်သည်။ သူမ၏ လေသံသည် ဆက်လက်မြင့်တက်နေဆဲပင်။

“ချီကျင်းဂိုဏ်းနဲ့ သွေးသံမဏိဂိုဏ်းဟာ ကျီယွမ်မဟာမိတ်အဖွဲ့ရဲ့လက်အောက်ကပဲ၊ အဲ့ဒီဂိုဏ်းနှစ်ခု ပျက်စီးမှုနဲ့ပတ်သတ်ပြီး မင်းတို့ကိုယ်တိုင် ဝန်ခံလိုက်ပြီဆိုတော့ ကျီယွမ်မဟာမိတ်ရဲ့ အကြီးအကဲတစ်ဦးအနေနဲ့ အဲ့ဒီအမျိုးသမီးကို အရေးယူရလိမ့်မယ်”

“ခေါင်းဆောင်ကျန်း အဲ့ဒီဂိုဏ်းနှစ်ခုက အနိုင်ကျင့်ပြီး ကျွန်မရဲ့ဂိုဏ်းကို ဖျတ်ဆီးခံခဲ့ရတုန်းက ဘာကြောင့်ဒီလိုစကားမပြောတာလဲ၊ ဒီကိစ္စကို အသေအချာ မစစ်ဆေးပဲ ကျွန်မကို အပြစ်တင်နေတာလား..”

ဝမ်မုန့်ယွင်သည် ကျန်းလီယွီ့၏ စကားများကို လက်မခံနိုင်တော့ချေ။ သူမ၏ဂိုဏ်း ဖျတ်ဆီးခံခဲ့ရမှုကို မျက်ကွယ်ပြုပြီး ထိုဂိုဏ်းနှစ်ခုအတွက် သူမအား အပြစ်တင်နေသည်။ ထိုအရာသည် တစ်ဖက်သတ် အနိုင်ကျင့်နေခြင်းသာ။

“မင်းဂိုဏ်းဖျတ်ဆီးတဲ့အချိန်က ငါ့တို့ဆီသတင်းပို့ခဲ့ရင်၊ အဲ့ဒီဂိုဏ်းနှစ်ခုကို ပြင်းပြင်းထန်ထန် အရေးယူမှာ အမှန်ပဲ၊ ဒါပေမဲ့ အဲ့ဒီဂိုဏ်းနှစ်ခုကို ဖျတ်ဆီးလိုက်တဲ့အတွက် မင်းက တရားခံဖြစ်သွားပြီ..၊ မင်းကို အရေးမယူရင် ကျီယွမ်မဟာမိတ်က မျက်နှာပျက်ရလိမ့်မယ်..”

ကျန်းလီယွီ့သည် ဖြောင့်မတ်သည့်လေသံနှင့်ဆိုလိုက်၏။

“အဘွားကြီး..၊ ခင်ဗျားရဲ့စကားတွေက ကျီယွမ်မဟာမိတ် အဖွဲ့ကို ကိုယ်စားပြုတာလား..”

All Chapters