← Chapters

တစ်ချက်တည်း

Vol. 14 Ch. 202

တစ်ချက်တည်း

Vol. 14 Ch. 202

ရင်ပြင် အတွင်းရှိ ကျင့်ကြံသူအားလုံးသည် မှင်သက်အံ့ဩသွားတော့၏။ ကျန်းလီယွီသည် အဆင့်သုံးနှင့်အောက် ကျင့်ကြံသူများအား တိုက်ခိုက်မှုပြုလုပ်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်သာ လွင့်စင်သွားရသည်။

ကျန်းချုးပိုင်နှင့် ဝမ်မုန့်ယွင်၏ တိုက်ပွဲသည်လည်း ရပ်တန့်သွား၏။

သို့သော် လူငယ်လေးဦး၏ ရှေ့တွင် ပေါ်ထွက်လာသော ပုံရိပ်ကြောင့်မှင်သက်သွားကြသည်။ ထိုပုံရိပ်၏ အသွင်သည် တပည့်များနှင့်ပင် ရွယ်တူခန့်ဖြစ်နေ၏။ အားလုံး၏ ပထမဆုံးအမြင်သည် ချောမော့သည့်လူငယ်လေးဟုပင်မှတ်ချတ်ပေးမိကြသည်။

“ဘယ်သူလဲ..”

ကျန်းလွီယွီသည် ဒေါသတကြီးနှင့် မေးလိုက်၏။ ထိုလူ၏ ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် သူမ၏ ရင်ထဲ စိုးထိတ်နေသည်။ သူမ၏ စွမ်းအင်များကိုပင် ကာကွယ်လိုက်ရုံနှင့် တန်ပြန်မှုဒဏ်ကို ခံစားရမည်ဟု မထင်ထားခဲ့ပေ။

“နန်းတော်သခင်..”

သွမ့်မုယီသည် ဟွမ်းအနီးသို့ ရောက်ရှိလာသည်။ လင်းယိုဟန်လည်း ကျောက်ဝမ်အာနှင့်အတူ ရောက်ရှိလာ၏။ နန်းတော်သခင်ရောက်လာပြီမို့ သူတို့၏ စိတ်တွင် စိုးရိမ်မှုများ မရှိတော့ချေ။

ဟွမ်းသည် သူ၏ တပည့်များကို ကြည့်လိုက်၏။ သူတို့၏ ခန္ဓာကိုယ်များသည် အရှိန်အဝါများ ယုတ်လျော့နသော်လည်း သူတို့၏ မျက်နှာထက်တွင် ပြတ်သားမှုများကို တွေ့မြင်နေရသည်။

“ခင်ဗျားက ကျုပ်ရဲ့တပည့်တွေကို ပစ်မှတ်ထားရဲတယ်လား..”

ဟွမ်းသည် ကျန်းလီယွီ့ကို ကြည့်ကာ မေးခွန်းထုတ်လိုက်၏။ သူ၏လေသံသည် တည်ငြိမ်မြဲ တည်ငြိမ်နေသည်။

“မမှန်ကန်တဲ့စကားနဲ့ ..ကျွန်မတို့ကျန်းမျိုးနွယ်ကို အသရေဖျတ်ဖို့ကြိုးစားနေတာလား၊ ကျွန်မတို့ ကျန်းမျိုးနွယ်က ဂိုဏ်းနှစ်ဂိုဏ်းကို သုတ်သင်ခဲ့တဲ့ အမျိုးသမီးကို အရေးယူဖို့ပဲ၊ ဒါကို ခေါင်းမာတဲ့ ရှင့်ရဲ့တပည့်တွေက စပြီးတိုက်ခိုက်ခဲ့တာပဲ..”

ကျန်းလီယွီ့သည် ဒေါသတကြီးတုန့်ပြန်လိုက်၏။ သို့သော် သူမ၏ ရင်တွင်း လှုပ်ရှားနေသည်။

‘ဒီလူ ဘယ်လိုသိသွားတာလဲ..”

ဟွမ်းသည် ကျန်းလီယွီ့၏ စကားများကို တုန့်ပြန်ခြင်းမရှိပဲ သူ၏အကြည့်များသည် နေရာတစ်ခုသို့ ဦးတည်နေရင်း ဆိုလိုက်၏။

“အခုထိ ထွက်မလာသေးဘူးလား..”

ဟွမ်း၏ စကားကြောင့် အားလုံးသည် ကြောင်အသွား၏။ ဘာမျှ မရှိသည့် လေဟာနယ်ကို ကြည့်ကာ ပြောနေခြင်းဖြစ်သည်။

“ဟားဟား ကျုပ်က ဒီအတိုင်းပွဲကြည့် ပရိတ်သတ်ယောက်ပါ..”

အိုမင်းသည့် ရယ်သံနှင့်အတူ အဘိုးအိုတစ်ဦးသည် လေဟာနယ်အတွင်းမှ ပေါ်ထွက်လာ၏။

“ရှီမျိုးနွယ်ခေါင်းဆောင် ရှီဖန်းကျစ်..”

သွမ့်မုယီသည် ထိုအဘိုးအို၏ နာမည်ကို ရေရွတ်လိုက်သည်။ ရှီဖန်းကျစ်သည် ကျန်းလီယွီ့ထက်ပင် အားကောင်းပြီး အဆင့်ခြောက် အထွတ်အထိပ်တွင် ရှိနေသူဖြစ်၏။

“ခေါင်းဆောင်ရှီ..၊ ဟွမ်းရှန့်နန်းတော်ရဲ့တပည့်တွေက ကျန်းမျိုးနွယ်အကြီးအကဲကို သတ်ခဲ့တယ်၊ ဒါကြောင့် အရေးယူဖို့ ကူညီပေးပါ..”

ကျန်းလီယွီ့သည် ရှီဖန်းကျစ်ကို ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ ဟွမ်းသည် မိစ္ဆာသူတော်စင်ဂိုဏ်း၏ အကြီးအကဲကို ဖိနှိပ်လိုက်နိုင်သူဖြစ်၏။ သူမသည် ကြိုတင်ပြင်ဆင်မှုပြုလုပ်သည့်အနေနှင့် ရှီမျိုးနွယ်ခေါင်းဆောင်ကို ဖိတ်ခေါ်ထားခဲ့သည်။

“ကျုပ်တို့ ကျီယွမ်မဟာမိတ်ကို တင်ပြသင့်တယ်..”

ရှီဖန်းကျစ်သည် ထိန်းထိန်းသိမ်းသိမ်းပြောလိုက်၏။ သူသည် ဤနေရာသို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ယွဲ့ဝူယောင်တို့၏ တိုက်ခိုက်မှုကို တိတ်တဆိတ်ကြည့်ရှုနေခဲ့သည်။ သူ့အား သတိထားမိခဲ့သည့် ဟွမ်းကို အနည်းငယ် သတိကပ်သွားစေသည်။ ထို့ကြောင့် မဆင်မခြင် မလုပ်မိစေရန် တွေးတော့မိလိုက်၏။

“ရှင်..၊ ဒီမှာ အဖြေက ရှင်းနေတာပဲမဟုတ်ဘူးလား..”

ကျန်းလီယွီ့သည် လေသံမာမာနှင့်ဆိုလိုက်၏။ သူမအနေနှင့် ရှီဖန်းကျစ်သည် အားကို၍ မရဟုတွေးမိသွားသည်။

“ခင်ဗျားတို့ ညှိနှိုင်းလို့ပြီးပြီလား..”

ဟွမ်းသည် ထိုနှစ်ဦးကိုရည်ညွှန်းကာဆိုလိုက်၏။ ကျန်းလီယွီ့သည် နှာမှုတ်ကာ ဆိုလိုက်သည်။

“ဟမ့်..၊ တပည့်တွေ မောက်မာတာ မဆန်းတော့ဘူးပဲ..”

“ဘုန်း..”

ဟွမ်းသည် ကျန်းလီယွီ့ရှေ့တွင် ရုတ်တရက်ရောက်ရှိလာပြီး သူမ၏ ဝမ်းဗိုက်အား ထိုးနှက်လိုက်သည်။

“အာ့..”

ကျန်းလီယွီ့သည် အလင်း၏အလျှင်နှုန်းနှင့် လွင့်စင်သွားခဲ့သည်။ ထိုးနှက်ချက် တစ်ခုတည်းနှင့်ပင် သူမ၏ သွေးများ အဆက်မပြတ် အန်လာ၏။ သူမ၏ လှုပ်ရှားနိုင်စွမ်းသည် ခွန်အားမဲ့သွားသည့်အလားပင်။

“ခင်ဗျား..”

ကျန်းချုးပိုင်သည် ဒေါသတကြီးဖြစ်သွားပြီ ဟွမ်းကို တိုက်ခိုက်လိုက်သည်။

“သေစမ်း..”

သူ၏ဓားနှင့် ကြမ်းကြမ်းတမ်းတမ်း ခုတ်ပိုင်းလိုက်၏။

သို့သော် ဟွမ်းသည် ကျန်းချုးပိုင်၏ ဓားကို ခန္ဓာကိုယ် အနည်းငယ်ယိမ်းကာ ရှောင်တိမ်းလိုက်၏။ ကျန်းချုးပိုင်၏ ဓားသည် လွဲချော်လုဆဲ အနေအထားတွင် ဟွမ်းသည် ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်၏။ ထိုသို့ပြုပြီးသည်နှင့်တပြိုင်နက် ကျန်းချုးပိုင်၏ ရင်ဘက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်သည်။

“ဘန်း..”

ကျန်းချုးပိုင်သည် ဟွမ်း၏ ထိုးနှက်မှုကို မတုန့်ပြန်နိုင်လိုက်ပဲ သူ၏ ရင်ဘက်အား ထိခိုက်မိသွား၏။ ၎င်းထိုးနှက်မှုကြောင့် သူ၏ ရင်ဘက်အရိုးများ ကျိုးကြေသွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းသွားသည်။

ရှီဖန်းကျစ်ပင် ထိတ်လန့်သွားရ၏။

“ဒါက..”

ရှီဖန်းကျစ်ပင် ထိုတိုက်ခိုက်မှုကြောင့် ထိတ်လန့်သွားခဲ့သည်။

အဆင်ငါး တစ်ဦးအား လက်သီးတစ်ချက်နှင့် သတ်ဖြတ်ခြင်း။ မည်သို့ ဖြစ်နိုင်မည်နည်း။

ကျင့်ကြံသူများလည်း ထိတ်လန့်နေကြသည်။ ကျန်းချုးပိုင်ထံမှ အသက်စွမ်းအင်များကို မခံစားမိတော့ချေ။ သူသည် လက်သီးတစ်ချက်နှင့်ပင် အရိုးများကျိုးကြေကာ သွေးကြောများ ပြတ်တောက်သွားခဲ့ရ၏။

“နင်..”

ကျန်းလီယွီ့လည်း ထိတ်လန့်နေမိသည်။ ကျန်မျိုးနွယ်သည် ဟွမ်းရှန့် နန်းတော်ကြောင့် အကြီးအကဲနှစ်ဦး ဆုံးရှုံးခဲ့ရပြီဖြစ်၏။

“ခင်ဗျားရော ဘယ်လို ပုံစံနဲ့ သေချင်လဲ..”

ဟွမ်းသည် ကျန်းချုးပိုင်ကို တစ်စက်မျှပင် မကြည့်ခဲ့ချေ။ သူ၏ အကြည့်များသည် ကျန်းလီယွီ့ထံတွင် သာရှိနေသည်။

“နန်းတော်သခင်..၊ ကျုပ်တို့ မျိုးနွယ်ခေါင်းဆောင်ကို ခွင့်လွှတ်ပေးလို့ရမလား..”

ကျန်းရွှမ်ထုံသည် အလျှင်အမြန်ရောက်ရှိလာပြီး တောင်းပန်မှုပြုလိုက်၏။ သူသည် ဟွမ်း၏ စွမ်းအားကို အထင်ကြီးထားပြီး ဖြစ်သော်လည်း ထိုမျှအထိ လုပ်နိုင်စွမ်းရှိမည်ဟု မထင်ခဲ့ချေ။ သူ၏ ကျန်းမျိုးနွယ်အကြီးအကဲများ သတ်ဖြတ် ခံရသောကြောင့် ဆန့်ကျင်မှုပြုလိုက်ချင်သည်။ သို့သော် သူ၏စွမ်းအားက ခွင့်မပြုချေ။

“သူမက သေရလိမ့်မယ်..၊ ကျုပ်တပည့်ရဲ့ နတ်ဝိညာဉ်ကို တပ်မက်နေလို့ပဲ..၊ ကျုပ်ရဲ့တပည့်တွေကို ဘယ်သူမှ အနိုင်ကျင့်ခွင့်မရှိဘူး..”

ဟွမ်းသည် ကျန်းရွှမ်ထုံ၏ တောင်းဆိုမှုကို အဖက်မလုပ်ချေ။

‘နတ်ဝိညာဉ်လား..’

ရှီဖန်းကျစ်သည် အတွေးနက်သွား၏။ ကျန်းလီယွီ့၏ဖိတ်ခေါ်မှုသည် သူ့အတွက်ထူးဆန်းနေသည်ဟု တွေးမိနေသည်။ သို့သော် ကျန်းလီယွီ့၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်သွားဟန်ရ၏။

“နန်းတော်သခင် အထင်လွဲနေပါပြီ..၊ သူမက နန်းတော်သခင်ရဲ့တပည့်ကို ခေါ်ယူချင်စိတ်ပဲ ရှိတာပါ..”

ကျန်းရွှမ်ထုံသည် ခုခံပြောဆိုလိုက်သည်။ သို့သော် သူမသိသည်မှာ ဟွမ်း၏စကားက အမှန်ဖြစ်သည်ကိုပင်။

“တပည့်ခေါ်ယူချင်တဲ့စိတ်ပဲ ရှိတဲ့သူက အခြားမျိုးနွယ်ရဲ့ ခေါင်းဆောင်ကိုပါ ဖိတ်ခေါ်ထားတာလား၊ အဲ့ဒီစကားအတွက် ခင်ဗျား တာဝန်ယူနိုင်လား..”

ဟွမ်းသည် အေးစက်သည့်လေသံနှင့် မေးလိုက်၏။

“ကျုပ်..”

ကျန်းရွှမ်ထုံသည် တွေဝေသွား၏။ ရှီဖန်းကျစ် အဘယ်ကြောင့် ရောက်လာသည်ကို သူတွေးမရ‌ခဲ့ချေ။ ဤသို့ အခမ်းအနားမျိုးအတွက် အခြားမျိုးနွယ်မှ ခေါင်းဆောင်များ လာရောက်စရာမလိုချေ။ သူ၏ စိတ်တွင်း ထူးဆန်းသွားပြီး ခေါင်းဆောင်ရှီကို ကြည့်လိုက်မိ၏။

“ခေါင်းဆောင်ကျန်းရဲ့ ဖိတ်ကြားမှုကြောင့်ရောက်ရှိလာတာပဲ၊ ကျုပ်အနည်းငယ်နောက်ကျသွားတဲ့ အတွက်ကြောင့် ဖြစ်စဉ်ကို အစအဆုံးမသိပေမဲ့..”

ရှီဖန်းကျစ်၏ စကားသည် ရှုပ်ထွေးသော်လည်း ကျန်းလီယွီ့၏ အပြုအမှုသည် ထိုသို့ဖြစ်နေသည်ဟုပင် ဆိုလိုနေသည့် ပုံပေါက်နေသည်။ သူ၏ ရှုပ်ထွေးမှုများသည် နတ်ဝိညာဉ်ဟု ကြားပြီးနောက် ရှင်းလင်းသွားခဲ့၏။

ကျင့်ကြံသူတိုင်းသည် နတ်ဝိညာဉ်ဆိုသည့် အရာကို မသိနိုင်သော်လည်း သူတို့ကဲ့သို့ သက်တမ်းရင့်နေသည့် သူများအတွက် ကြားဖူးထားသည့်အရာများဖြစ်သည်။

သူသည် ထိတ်လန့်နေပြီဖြစ်သည်။ သူပင် ကျန်းချုးပိုင်ကို လက်သီးတစ်ချက်နှင့် သတ်ဖြတ်ရန် မဖြစ်နိုင်ပေ။ သို့သော် ဟွမ်းသည် ပုရွတ်ဆိတ်တစ်ကောင်ကို အမှတ်တမဲ့ နင်းချေမိသွားသည့်ပုံစံပင်။ ထိုအရာက သူအတွက် ကြောက်စိတ်ဝင်လာစေသည်။

သို့သော် ကျန်းလီယွီ့အတွက် မျက်နှာလွှဲ၍ မရချေ။ ထို့ကြောင့် သူတက်နိုင်သည့်အရာကို ထုတ်ပြောလိုက်သည်။

“ဒါပေမဲ့ ခေါင်းဆောင်ကျန်းက ကျီယွမ်မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲ ဖြစ်နေတယ်၊ ဒါကြောင့် နန်းတော်သခင် ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါ”

All Chapters