← Chapters

မိုးကြိုးအရင်းအမြစ်နှင့်ပေါင်းစည်းခြင်း

Vol. 14 Ch. 208

မိုးကြိုးအရင်းအမြစ်နှင့်ပေါင်းစည်းခြင်း

Vol. 14 Ch. 208

“မဟာမိတ်ခေါင်းဆောင်ပြောသလို ဖြစ်နိုင်မလား..၊ ဒါပေမဲ့ ခေါင်းဆောင်ကျန်း ခန္ဓာကိုယ်ထဲရောက်သွားတဲ့အချိန် ကျုပ်ရင်ဆိုင်နိုင်စွမ်းမရှိခဲ့ဘူး..”

ရှီဖန်းကျစ်သည် သူကြုံတွေ့ခဲ့ရသည့် အကြောင်းအရာကို ထုတ်ပြောလိုက်၏။

“အဲ့ဒီလူက မဟာ နတ်အင်ပါယာအဆင့်ကျင့်ကြံသူဖြစ်နိုင်လောက်တယ်..”

ကျီထျန်းရှစ်သည် စေ့စေ့စပ်စပ်သုံးသပ်ပြီးနောက် ရမ်းသမ်း၍ ပြောဆိုလိုက်သည်။

“မဟာ နတ်အင်ပါယာလား..”

ရှီဖန်းကျစ်နှင့် ကျန်းရွှမ်ထုံတို့သည် သံယောင်လိုက်ကာ ရေရွတ်မိသွား၏။

ကျီထျန်းရှစ်သည် သူ၏ စိတ်တွင် ပေါ်ထွက်လာသည့် အခြေအနေများကို ပြောဆိုလိုက်သည်။

“အဲ့ဒီလူက ကျီယွမ်ကုန်းမြေကို အန္တရာယ်မပေးဘူးဆိုရင်တော့ ကျီယွမ်ကုန်းမြေအတွက် အင်အားတစ်ခုရလာလိမ့်မယ်..၊ ဒါပေမဲ့ သွေးမျိုးနွယ်လိုဆိုရင်တော့ ကျုပ်တို့အတွက် သတိထားရမဲ့သူထပ်တိုးလာပြီ..၊ အဲ့ဒီလူကို စောင့်ကြည့်ရလိမ့်မယ်..၊ ပိုဆိုးတာက ကျန်းအိမ်တော်က အင်အားယုတ်လျော့သွားပြီမို့ ကျုပ်တို့ အတွက် အင်အားနည်းလာပြီ..”

“မဟာမိတ်ခေါင်းဆောင် ဒီကိစ္စတွေက ကျုပ်တို့ ကျန်းမျိုးနွယ်က..”

ကျီထျန်းရှစ်သည် ကျန်းရွှမ်ထုံပြောဆိုမည့်အရာများကို သိနေသည့်အလား လက်ပြကာ တားဆီးလိုက်၏။ ထို့နောက် သက်ပြင်းချကာပြောဆိုလိုက်သည်။

“ပြီးဆုံးသွားတဲ့ ကိစ္စတွေကို ထားလိုက်တော့၊ မဟာမိတ်အဖွဲ့အနေနဲ့ ဒီကိစ္စကို အရေးမယူတော့ဘူး၊ ကျုပ်တို့ လက်ရှိကိစ္စကိုပဲ တွေးရအောင်..”

ကျန်းရွှမ်ထုံသည် အလေးနက် ခေါင်းညိတ်လိုက်၏။

“သွေးမျိုးနွယ်က တစ်ခုခုကြံစည်နေတယ်လို့ ခံစားမိတယ်၊ ဒါပေမဲ့ ငြိမ်သက်လွန်းနေတယ်..”

ကျီထျန်းရှစ်သည် ပြောလိုက်၏။ သွေးမျိုးနွယ်သည် ကျီယွမ်နယ်မြေတွင် ခိုလုံဝင်ရောက်လာကာ နေရာတစ်ခုတောင်းဆိုခဲ့သည်။ အရင်မျိုးဆက် မဟာမိတ်အဖွဲ့သည် သဘောမတူချင်ခဲ့သော်လည်း သွေးမျိုးနွယ်ပေးအပ်သည့် သဘောတူညီမှုများနှင့် အရင်းအမြစ်များကြောင့် လက်ခံခဲ့သည်။

သွေးမျိုးနွယ်၏ နည်းစနစ်သည် ဆိုးရွားသော်လည်း ကျီယွမ်ကုန်းမြေမှ ကျင့်ကြံသူများကို မထိခိုက်ခဲ့ပေ။ သိုသိုသိပ်သိပ်နှင့်သာ နေထိုင်ကြသည်။ သို့သော်လည်း ရှီဖန်းကျစ်တို့သည် သတိထားနေဆဲဖြစ်၏။

“မဟာမိတ်ခေါင်းဆောင် ကျုပ်တို့ ဟွမ်းရှန့်နန်းတော်ကို မဟာမိတ်ထဲ ဖိတ်ခေါ်သင့်လား..၊ ဒါဆို သွေးမျိုးနွယ်နဲ့ တစ်ခုခုကြံစည်ရဲရင်တောင် ကျုပ်တို့ဘက်မှာ အားသာမှုရှိသွားပြီ..”

ရှီဖန်းကျစ်သည် အကြံပြုလိုက်၏။ ဟွမ်း၏ စွမ်းအားကို တွေ့မြင်ထားရပြီးဖြစ်သည်။

“ကျုပ်တို့ ဆွေးနွေးကြတာပေါ့..”

ထို့နောက်သူတို့သည် လိုအပ်သည့် အကြောင်းအရာများကို ဆွေးနွေးမှုပြုလိုက်ကြ၏။

နောက်ရက်တွင်တော့ ကျန်းကျာ့နယ်မြေတစ်ခုလုံးတွင် ဟွမ်းရှန့်နန်းတော်အကြောင်း ဆွေးနွေးသံများ ဆူညံနေခဲ့သည်။ တပည့်များ၏ သန်မာမှု၊ နန်းတော်သခင်၏ လွှမ်းမိုးမှုတို့သည် မြို့ငယ်လေးတိုင်းတွင် အသည်းအသန် ဆွေးနွေးနေကြ၏။

“တပည့်လက်ခံမဲ့အချိန်ကျရင် ငါ့စွမ်းအားနိမ့်ကျနေလို့မဖြစ်ဘူး..”

ကျီးဟူကျိသည် စိတ်အားထက်သန်စွာကြိုးစားကျင့်ကြံနေတော့သည်။ ထို့အပြင် လူငယ်များစွာသည်လည်း အသည်း အသန် ကြိုးစားနေကြ၏။

ဤသို့နှင့် နှစ်ဝက်ပင်ကြာသွားခဲ့သည်။ မြိူနှင်းမြို့တော်၏ ပြင်ဆင်မှုများလည်း ပြီးစီးသလောက်ပင် ဖြစ်သွား၏။ ရှင်းဝေ့ကျန်းနှင့် ဟေးချုံးတို့သည် ကျင့်ကြံသူများအား စီမံခန့်ခွဲမှုများပေးနေသည်။

သို့သော် ဟွမ်းရှန့်နန်တော်အဖွဲ့ဝင်များ အားလုံးသည်တော့ ကျင့်ကြံနေကြ၏။ ထိုအထဲတွင် ဟွမ်းပါရှိနေသည်။ သူသည် လင်းရှန်နယ်မြေတွင် ရောက်ရှိနေပြီး သူ၏ ရှေ့တွင် မိုးကြိုးစွမ်းအင်အရင်းအမြစ်လေးသည် လူးလွန့်လှုပ်ရှားနေ၏။ သူ၏ ဘေးတွင်လည်း ရွှမ်းလုံနှင့် ဟေးယန်တို့သည် ထိုအရာအား စူးစိုက်ကြည့်ရှု့နေကြသည်။

“ဒီအတိုင်း စုပ်ယူလိုက်ရမလား..”

ဟွမ်းသည် စိတ်ပျက်နေတော့၏။ မိုးကြိုးစွမ်းအင်နှင့် ပေါင်းစပ်နိုင်မည်ဟု ထင်ခဲ့ဖူးသည်။ သူသည် မည်သို့ပင် ပေါင်းစည်းရန် ကြိုးစားသော်လည်း အရာမထင်ခဲ့ချေ။

ထိုစဉ်တွင် ရွှမ်းလုံသည် အကြံပေးလိုက်၏။

“သခင် မိုးကြိုးစွမ်းအင်ကို ဖယ်ထုတ်လိုက်၊ အရင်းအမြစ်နဲ့ပဲ ပေါင်းစည်းရင်ရော..”

ဟေးယန် “...”

“သောက်နဂါး ဦးနှောက်ပျက်သွားတာလား..”

“သောက်မီးခိုးကောင် မင်းထက်ဦးနှောက်ကောင်းသေးတယ်ကွ..”

ရွှမ်းလုံနှင့် ဟေးယန်၏ စကားလုံးတိုက်ပွဲများစတင်ခဲ့လေသည်။

“ဘုန်း..၊ ဘုန်း..”

မိနစ်အတော်ကြာ စကားစစ်ခင်းပြီးနောက် ဟွမ်းသည် ပြေရာပြေကြောင်းဖြေရှင်းပေးလိုက်၏။ ထိုအကောင်များနှင့် ရှေ့သို့မရောက်ရှိနိုင်ပေ။

သူတို့နှစ်ဦးသည် သူတို့၏ ခေါင်းများကို ကိုင်ကာ အသာယာပွတ်သတ်နေကြရတော့သည်။ သူတို့၏ မျက်ဝန်းထက်တွင်လည်း မျက်ရည်စများ ရစ်သီနေ၏။ ဟွမ်းသည် ထိုအကူအညီမရသည့် နှစိကောင်ကို ဝိညာဉ်ပင်လယ်အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။

‘ဒီမိုးကြိုးအရင်းအမြစ်က ကျင့်ကြံသူတွေနဲ့ပေါင်းလို့မရတာလား၊ ဒါမှမဟုတ် ငါနဲ့ ပေါင်းစည်းလို့မရတာလား..၊ ငါက ကျင့်ကြံသူရောဟုတ်ရဲ့လား..’

ဟွမ်းသည် သူခန္ဓာကိုယ်၏ ဆန်းကြယ်မှုကို နားလည်နိုင်စွမ်း မရှိတော့ချေ။ နည်းလမ်းမျိုးစုံနှင့် ပေါင်းစည်းရန် ကြိုးစားခဲ့သော်လည်း တစ်ခုမျှ အဆင်မပြေခဲ့ပေ။ ထိုမိုးကြိုးသည် သူ့အား မည်သို့မျှပင် မတုန့်ပြန်ချေ။ စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းသာ အကြိမ်ကြိမ်ချမိနေတော့၏။ သူကိုယ်သူ ကျင့်ကြံသူဟုပင် မယူဆနိုင်တော့ချေ။

“ဝမ်အာ..”

ဟွမ်းသည် တပည့်များအားလုံးတွင် သက်တောင့်သက်သာ ဖြစ်နေသည့် ကျောက်ဝမ်အာကို ခေါ်ဆိုလိုက်၏။

ကျောက်ဝမ်အာသည် ဟွမ်း၏ အသံကိုကြားသည်နှင့် ဟွမ်းရှိရာသို့ အလျှင် အမြန်ပြေး ဝင်လာသည်။

“ဆရာ..”

ဟွမ်းရှေ့တွင် သူမ၏ အရှိန်ကို ဖရိုဖရဲ သပ်လိုက်ရ၏။ သူမ၏ စွမ်းအားများကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်စွမ်းမရှိသေးချေ။

“ဝမ်အာ..၊ ဒီမိုးကြိုးစွမ်းအင် အရင်းအမြစ်နဲ့ ပေါင်းစည်းဖို့ ကြိုးစားကြည့်..”

ဟွမ်းသည် ၎င်းကို ကျောက်ဝမ်အာ၏ ရှေ့သို့ပို့ပေးလိုက်၏။ သူမသည် တဖျတ်ဖျတ်လက်နေသည့် မိုးကြိုးငယ်လေးများကို ကြည့်ကာ မှင်သက်နေသည်။ ထို့နောက် ဇဝေဇဝါဖြစ်နေသည့် ပုံစံနှင့် မေးလိုက်၏။

“ဆရာ..၊ ဒီဟာကို ဘယ်လိုပေါင်းစည်းရမှာလဲ..”

“မင်းရဲ့ စိတ်စွမ်းအင်ကို မိုးကြိုးအရင်းအမြစ်ထဲကို ပို့ဆောင်လိုက်..”

ဟွမ်းသည် သူမကို စိတ်ရှည်လက်ရှည်နှင့် ညွန်ကြားမှုများ ပြုလုပ်ပေးလိုက်သည်။

ဟွမ်း၏ ညွှန်ကြားချက်အတိုင်း သူမသည် စိတ်စွမ်းအင်များကို မိုးကြိုးအရင်းအမြစ်နှင့်စတင် ပေါင်းစည်းရန် ကြိုးစားလိုက်သည်။ ထိုဖြစ်စဉ်တွင် ဟွမ်းသည် ဂရုတစိုက်ကြည့်ရှုနေပြီး သူမ အန္တရာယ်ရှိပါက ချက်ချင်း ကာကွယ်ပေးနိုင်ရန် အသင့်ပြင်ထား၏။

သူမ၏ စိတ်စွမ်းအင်များသည် မိုးကြိုးအရင်းအမြစ် အတွင်းသို့ ချောမွေ့စွာ ဝင်ရောက်စီးဆင်းနေ၏။ ၎င်းသည် တုန့်ပြန်မှုရှိသည့်အလား အပြာရောင်အလင်းတန်းလေးများ ပေါ်ထွက်လာသည်။

ဟွမ်း “...”

ဟွမ်းသည် ကျောက်ဝမ်အာလောက်ပင် အသုံးမကျဟု ခံစားမိသွားသည်။

မိုးကြိုးအရင်းအမြစ်၏ အလင်းတန်းများသည် ပိုမို တောက်ပလာ၏။ မိုးကြိုးငယ်လေးများသည်လည်း များပြားစွာထွက်ပေါ်နေသည်။ ထို့နောက် ၎င်းသည် ကျောက်ဝမ်အာ၏ ခန္ဓာကိုယ်တွင် ပတ်ပတ်လည် လှည့်ပတ်နေပြီး သူမ၏ ခန္ဓာကိုယ်အား ရစ်ပတ်ထားသည့် အသွင်ဖြစ်ပေါ်လာ၏။

ကျောက်ဝမ်အာသည် ထိုဖြစ်စဉ်တွင် မည်သည့်နာကျင်မှုမျှ မခံစားရသည့်အလားပင်။ သူမ၏ မျက်ဝန်းများသည် သုန်မှိတ်နေပြီး သက်တောင့်သက်သာနှင့် ပေါင်းစည်းမှုပြုနေသည်။

နေ့ဝက်ခန့် ကုန်ဆုံးသွားပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်လေးသည် မိုးကြိုးများနှင့် အသားကျသွားဟန်ရှိ၏။

မိုးကြိုးအရင်းအမြစ်သည် သူမ၏ ဝိညာဉ်ပင်လယ်နှင့် ပေါင်းစည်းသွားပြီး သူမ၏ လက်ချောင်းလေးများမှပင် မိုးကြိုးတံလျှပ်များ ထွက်ပေါ်လာသည်။

ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များ အရူးအမူး ဖြစ်ပေါ်လာ၏။ ခဏအကြာတွင် ထိုဝိညာဉ်စွမ်းအင်များသည် သူမ၏ ခန္ဓာကိုယ်အတွင်း အရူးအမူး တိုးဝင်နေဟန်ရှိပြီး သူမ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လာခဲ့သည်။

ထို့နောက် ကျောက်ဝမ်အာ၏ ကိုယ်တွင်းသွေးကြောများ ကျယ်ပြန့်လာသောကြောင့် ခန္ဓာကိုယ်မှ တဖြောက်ဖြောက် မြည်သံများပေါ်ထွက်လာသည်။ ထိုမြည်သံများရပ်တန့်သွားသည်နှင့် ကျောက်ဝမ်အာ၏ ခန္ဓာကိုယ်မှ အဆင့်နှစ်ရောက်ရှိနေသည့် အရှိန်အဝါသည် တဟုန်ထိုး ထွက်ပေါ်လာ၏။

‘နတ်ဝိညာဉ် ပိုင်ဆိုင်သူတွေက အစွမ်းထက်တာ အံ့ဩစရာမရှိဘူး..’

ဟွမ်းသည် ကျောက်ဝမ်အာကို စောင်ကြည့်နေရင်း အတွေးများစွာ ထွက်ပေါ်နေသည်။ နတ်ဝိညာဉ်ကြောင့်လား၊ သူမနှင့် မိုးကြိုးအရင်းအမြစ်သည် ကိုက်ညီမှု ရှိသည့်ကြောင့်လားတော့ မသိပေ၊ ကျောက်ဝမ်အာသည် လွယ်လွယ်ကူကူနှင့် ပေါင်းစပ်သွားနိုင်ခဲ့၏။

All Chapters