အာလူးတွေကရော..
Vol. 38 Ch. 556
အယ်ဖီ ၊ ကိုင် နဲ့ ကတ်စီ တို့ ဧည့်ခန်းထဲမှာ ထိုင်ပြီးစကားပြောနေကြတဲ့ အချိန်မှာတော့..ဆန်နီက မီးဖိုချောင်ထဲမှာ ပြန်ရောက်နေခဲ့တယ်..။နေရာနှစ်ခုလုံးက နေရာလွတ်တစ်ခုတည်းဖြစ်ပြီး..အကွာအဝေးတစ်ခုနဲ့သာ ပိုင်းခြားထားတာကြောင့်..သူက သူတို့ကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်..။သူ့ သူငယ်ချင်းတွေက…မျက်မမြင်မိန်းကလေးနဲ့ ပြန်လည်ဆုံဆည်းရတာကြောင့် ပျော်ရွှင်နေတာကို ကြည့်ပြီး..သူက တစ်ခနလောက် နက်မှောင်တဲ့ အမူအရာဖြစ်သွားခဲ့တယ်..။သို့ပေမယ့် ဆန်နီ အလျင်အမြန်ပဲ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပါတယ်..။
ရိမ်းကတော့ သူ့ရဲ့ အနားမှာ ရှိနေပြီး သူတို့ကို စိုက်ကြည့်နေခဲ့တယ်..။
သူမရဲ့ အကြည့်တွေက ကိုင် အပေါ်မှာ အချိန်အတော်ကြာအောင် ရှိပြီးကာမှ..ကတ်စီ ဆီကိုေရာက်သွားခဲ့ပါတယ်..။နောက်ဆုံးမှာတော့..သူမက အယ်ဖီကို ကြည့်လိုက်ပြီး..သူမကို စိတ်ရှုတ်ထွေးတဲ့ အမူအရာတွေနဲ့ ကြည့်နေခဲ့တယ္..။
‘လာပါပြီ..’
တစ်ခနလောက် ကြာပြီးတဲ့နောက်မှာတော့..သူမရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါတယ်..။ဆယ်ကျော်သက်မိန်းကလေး တစ်ယောက်ရဲ့ မျက်နှာက သူမရဲ့ အခုအခြေအနေထက် ပိုပြီး ဖြူဖျော့တာမျိုး မဖြစ်နိုင်တော့ဘူးလို့ ထင်ထားခဲ့ပေမယ့်..သူ့ရဲ့ အတွေးအခေါ်က မှားယွင်းသွားခဲ့တယ်..။ရိမ်းက သရဲတစ်ကောင်နဲ့တူစွာပဲ..သူ ဘက်ကို လှည့်လာပြီး တီးတိုး ပြောလာခဲ့ပါတယ်..။
“အယ်ဖီ…သူမ…သူမက..”
ဆန်နီ သူမကို ပြုံးကာ ကြည့်လိုက်ပြီး..
“ဟင်…မင်းက ဘာတွေ တိုးတိုးတိုးတိုး ရွတ်နေတာလဲ..”
ယင်းနောက် သူက ဧည့်ခန်းဘက်ကို လှမ်းကြည့်လိုက်ပြီး မျက်ခုံးပင့်တင်လိုက်တယ်..။
“အိုး..မင်းက ငါ့ကို အယ်ဖီကို ခေါ်ပေးစေချင်တာလား..။ပြသနာ မရှိဘူး..။ဟေး…အယ်…”
ရိမ်းက ချက်ချင်း လက်ဝေ့ယမ်းလိုက်ပြီး..သူ့ရဲ့ ပါးစပ်ကို လက်တစ်ဖက်နဲ့ အတင်းပိတ်ထားလိုက်တယ်..။
“မဟုတ်ဘူး..မလုပ်နဲ့..”
ဆန်နီ သူမကို တိတ်တဆိတ်မေးခွန်းထုတ်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပါတယ်..။
မိန်းကလေးက သူ့ကို ကြည့်ပြီး..သူမရဲ့ လက်ကို ပြန်ကြည့်လိုက်ကာ..ရှက်ရွံ့စွာနဲ့ နောက်ကို ခြေတစ်လှမ်းဆုတ်သွားခဲ့တယ်..။
“ငါ..ငါပြောချင်တာက…အယ်ဖီ ..သူမက..”
ဆန်နီ ပြုံးလိုက်ပြီး..
“..နိးထသူ အသီနာ လေ…ဝံပုလွေ စောင့်ရှောက်သူ လို့လည်း ခေါ်တယ်..။ဘာလဲ…မင်းက မသိဘူးလား..”
ရိမ်း က ရုတ်တရက် ယိုင်နဲ့သွားခဲ့ပြီး..သူမကိုယ်သူမ ထိန်းဖို့အတွက်..ဘေစင် စားပွဲရဲ့ အစွန်းကိုကိုင်လိုက်ရပါတယ်..။ရယ်စရာ ကောင်းလောက်အောင် အံ့ဩသင့်နေတဲ့ အမူအရာက သူမရဲ့ မျက်နှာပေါ်မှာ ဖြစ်ပေါ်နေခဲ့တယ်..။
အမှန်တကယ်တော့…သူမက အယ်ဖီကို မမှတ်မိဘူး ဆိုတာ မပြစ်တင်လို့လည်း မရပါဘူး..။ဒီမိန်းကလေးက အစကတည်းက နိုးထသူတွေကို စိတ်မဝင်စားသလို…အစိုးရကလည်း..သူတို့ရဲ့ ဝါဒဖြန့်မူတွေထဲမှာ..အိပ်မက်ကမ္ဘာထဲက အရပ်ရှည် ၊ သန်မာ ပြီး ဖြတ်လတ် တဲ့ ဝံပုလွေစောင့်ရှောက်သူကိုပဲ အသုံးပြုထားပါတယ်..။
အဲဒီပုံရိပ်က အားနည်း ၊ ပိန်လှီ ပြီး ဝှီးချဲနဲ့သာ နေနေရတဲ့ အမျိုးသမီးနဲ့ ဘယ်လိုမှ နှိုင်းယှဉ်ကြည့်လို့ ရနိုင်မှာ မဟုတ်ပေ..။သာမန်လူတွေက ကျော်ကြားတဲ့ သူရဲကောင်းတစ်ယောက်ကိုသူတို့ရဲ့ အိမ်ထဲမှာ တွေ့ခွင့်ရဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားတဲ့ အကြောင်းကိုတော့ ထည့်ပြောစရာတောင် မလိုအပ်တော့ပါဘူး..။ဒါတောင်မှ ရိမ်းရဲ့ အမူအရာတွေက မယုံနိုင်စရာကောင်းလောက်အောင် ရယ်စရာ ဖြစ်နေခဲ့ပါသေးတယ်..။
“ဒါပေမယ့်…သူမနဲ့..ငါက…အိုး ..ဘုရားရေ..။ငါက ပြောမိခဲ့တာ…အိုး..မဟုတ်ဘူး…အိုး….”
သူမ ခေါင်းကို ငုံ့ထားရင်း ရုတ်တရက် အပေါ်ကို မော့လာခဲ့ကာ..ဆန်နီကို ထိုးဖောက်မတတ် ဒေါသထွက်တဲ့ အကြည့်တွေနဲ့ ကြည့်လာခဲ့တယ်..။
“ချီးပဲ..ဆန်နီ…နင်က ဘယ်လိုဖြစ်ပြီး..ဝံပုလွေ စောင့်ရှောက်သူ ၊ နိုင်တင်ဂေး ၊ ကျရှုံးမူသံစဉ်တို့နဲ့..သူငယ်ချင်းတွေ ဖြစ်နေရတာလဲ..။သူတို့က အရမ်းကို ကျော်ကြားတဲ့ သူတွေပဲ..”
သူ စိတ်ရှုတ်ထွေးစွာ မျက်မှောင်ကျုတ်လိုက်ပြီး ပုခုံးတွန့်လိုက်တယ်..။
“ဒီတော့ ဘာဖြစ်လဲ..။ငါတို့က တစ်ဖွဲ့တည်းသားတွေ ဖြစ်ခဲ့ကြတာပဲလေ..”
ရိမ်းက အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယ်..။သူမရဲ့ အသံက ပိုပြီးတောင် တိုးညှင်းလာခဲ့ပါတယ်..။
“ဒါပေမဲ့..ဒါပေမဲ့..ကျရှုံးမူသံစဉ်..၊ ဝံပုလွေ စောင့်ရှောက်သူ နဲ့ နိုက်တင်ဂေး တို့က…လေဒီ ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ အဖွဲ့သားတွေလေ..”
ဆန်နီ ရိုးသားစွာပြုံးလိုက်ပြီး..
“အိုး…ဟုတ်တယ်..အဲဒီတစ်ခုပဲ..”
မိန်းကလေးက အသက်မဲ့စွာ ထိုင်ချလိုက်တယ်..။သူမက ထိုင်ခုံနဲ့တောင် လွဲချော်ကာ နီးပါးပါပဲ..။သူမက အချိန်အတော်ကြာအောင်..တိတ်ဆိတ်နေပြီးကာမှ…ဖြည်းညှင်းးစွာမေးလိုက်ပါတယ်..။
“ဆန်နီ…နင်က လေဒီ နစ်ဖီ ကို သိတာလား..။လေဒီ နစ်ဖိကိုလေ..။အင်မော်တယ် မီးတောက်ကလန်ရဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့်…။နင်က..နင်က…သူမရဲ့ အဖွဲ့ထဲကလား..”
သူ ပြုံးလိုက်ပြီး..
“ဘယ်သူလဲ…နစ်လား..။ဒါပေါ့ သေချာတာပေါ့…အဲလိုထင်တာပဲ..”
ရိမ်းက မျက်လုံးတွေကိုပိတ်ထားလိုက်တယ်..။
ဆန်နီ တစ်ခနလောက် ဘာမှမပြောပဲ နေပြီးကာမှ လည်ချောင်းရှင်းလိုက်တယ်..။
သူက နောက်ထပ်တစ်ခနလောက် ထပ်စောင့်ပြီးကာမှ သိမ်မွေ့စွာ ပြောလိုက်ပါတယ်..။
“ဒီတော့…အဲဒီအာလူးတွေကရော..”
သူမ တုန်လှုပ်သွားပြီး..သူမရဲ့ ဧပရွန်ကို ပြန်ငုံ့ကြည့်လိုက်ပါတယ်..။ယင်းနောက် အားနည်းစွာ ပြန်ဖြေလိုက်တယ်..။
“အိုး..တောင်းပန်ပါတယ်..။တကယ်တော့ ငါ အိမ်ကို ပြန်မှ ရတော့မယ်..။ငါ..အာ…အိမ်စာလုပ်ရမှာကို မေ့နေတာ..တောင်းပန်ပါတယ်..”
ဒီလိုပြောပြီးတာနဲ့ ရိမ်းက မတ်တတ်ထရပ်လိုက်ပြီး တံခါးဆီကို အလျင်အမြန် လျောက်သွားလိုက်ပါတယ်..။
ဆန်နီ သူမ နောက်ကျောကို ကြည့်ပြီး အော်ပြောလိုက်တယ်.။
“ဟေး..ဘာကို အိမ်စာလဲ..။ဒီနေ့က စနေနေ့နော်..”
ဆယ်ကျော်သက်မိန်းကလေးကတော့..နောက်ကိုတောင် ပြန်လှည့်မကြည့်ပဲ တောင်းပန်ပါတယ် ဆိုတဲ့ စကားကိုသာ နောက်တစ်ကြိမ်ထပ်ပြောလိုက်ကာ..အိမ်ထဲကနေ ထိပ်လန့်တကြားထွက်သွားခဲ့ပါတယ်..။
ဆန်နီဟာ သူမထွက်သွားပြီး တံခါးပြန်ပိတ်သွားတာကို ကြည့်ကာ အားရပါးရ ရယ်မောလိုက်တယ်..။
သူမ လက်စားချေနိုင်လိုက်သလို ခံစားလိုက်ရပါတယ်..။သူက တကယ်ကို အံ့ဩလောက်အောင် ခံစားလိုက်ရတယ်..။
“အာ…တန်ဖိုးရှိတယ်…။ဒါက တန်ဖိုးရှိတယ်…ဒါပေမဲ့..သူမက အရင်ဆုံး အာလူးလေးတွေ ပြီးအောင်ခွာထားမယ် ဆိုရင် အတော်ကောင်းမှာပဲ..”
….
ညစာစားပြီးသွားတဲ့ နောက်မှာတော့..သူတို့ လေးယောက်က စားပွဲတစ်ခုမှာထိုင်ပြီး ဒီနေ့ တွေ့ဆုံကြရတဲ့ အဓိက ရည်ရွယ်ချက်ကို ဆက်လက် ရွေ့လျားသွားခဲ့ကြပါတယ်..။အဲတာကတော့..အိပ်မက်ဆိုး မျိုးစေ့ကို ရင်ဆိုင်ဖို့အတွက် ဆွေးနွေးကြဖို့ပါ..။
သူတို့ရဲ့ စကားပြောဆိုမူတွေက ခံတပ်ထဲမှာ ပြုလုပ်လို့ ရတယ် ဆိုပေမယ့်..သူတို့က အဖြူရောင်တောင်ပံ ကလန်နဲ့ ဆက်ဆံရေး ကောင်းတွေ ရှိနေတယ် ဆိုရင်တောင် ဆန်နီက သူတို့ရဲ့ နယ်မြေထဲမှာ ဒီစကားတွေကို မပြောချင်ခဲ့ပါဘူး..။
ဘာပဲဖြစ်ဖြစ်..သူတို့ရဲ့ နယ်မြေဆိုတာကလည်း..အုပ်စိုးသူ တစ်ယောက်ရဲ့ နယ်မြေပါ..။
ဒီတော့..အဖွဲ့သားတွေ အားလုံးက နိုးထခြင်း ကမ္ဘာမှာသာ တွေ့ဆုံကြဖို့အတွက် အစီစဉ်ဆွဲခဲ့ကြပါတယ်..။
ဒီနေရာမှာ ဆွေးနွေးစရာတွေ အများကြီးရှိနေခဲ့တယ်..။ဒုတိယအိပ်မက်ဆိုးက သေလောက်အောင် စိန်ခေါ်နိုင်စွမ်းရှိပြီး..သူတို့အနေနဲ့ ဒါကို ရင်ဆိုငိ်ဖို့အတွက်ဆိုရင်..တတ်နိုင်သလောက် ပြင်ဆင်ထားဖို့လိုအပ်ပါတယ်..။မျိုးစေ့ ဆီကို သွားမယ့် ခရီး အတွက်လည်းပြင်ဆင်မူတွေ အများကြီး လိုအပ်နေသေးတယ်..။အောက်ဘက်ကောင်းကင်ဆီကို ခရီးထွက်ပြီး..မီးပင်လယ်တွေကြားထဲက..အက်ကွဲကြောင်းကြီး ဆီကို တည့်တည့် ဆင်းသက်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး..။
ဒီတော့..သူတို့က နာရီများစွာကြောအောင်..အသေးစိတ် ဆွေးနွေးတာ ၊ အသိပညာမျှဝေတာ နဲ့..သူတို့ ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ပတ်သက်ပြီး..အဖြေရှာဖွေတာတွေကို လုပ်နေခဲ့ပါတယ်..။ဒါပေါ့ အိပ်မက်ဆိုးကိုယ်တိုင်ကလည်း ဆန်းကျယ်နေခဲ့တာကြောင့်..သူတို့က ဖြစ်နိုင်ချေတွေကို ဘယ်လောက်ပဲ ကြိုတင်တွက်ချက်ထားပါစေ..အထဲမှာ သူတို့ကို ဘယ်အရာတွေက စောင့်ကြိုနေမလဲဆိုတာကို မသိနိုင်ပါဘူး..။
သူတို့ သိနိုင်တာကတော့…အန္တရာယ်များမယ် ၊ သေစေနိုင်တယ် ပြီးတော့ ကြောက်မက်ဖွယ်ကောင်းတယ် ဆိုတာပါပဲ..။
ဒါတောင်မှ..သူတို့ရဲ့ အခွင့်အရေးကို မြှင့်တက်လာနိုင်အောင် လုပ်နိုင်တဲ့ အရာလေးတွေက ရှိနေပါသေးတယ်..။ပိုသန်မာလာအောင် လုပ်ပြီး..သူတို့ရဲ့ လက်နက်တိုက်ကို တိုးတက်လာအောင် လုပ်ဖို့ပါ..။သို့ပေမယ့် ပိုပြီး အရေးကြီးတာက..သူတို့ တတ်နိုင်သလောက် လက်နက်တွေနဲ့ အသားကျအောင် လုပ်ထားဖို့ပါပဲ..။အသက်ရှင်သန်နိုင်တဲ့လူတွေက အသန်မာဆုံးတွေ မဟုတ်ကြပါဘူး..။လိုက်လျောညီထွေ အနေနိုင်ဆုံး လူတွေကပဲ ရှင်းသန်နိုင်ကြတာပါ..။
သူတို့ စကားပြောတာပြီးဆုံးသွားတဲ့ အချိန်မှာတော့..ညနက်အချိန်ကို ရောက်နေခဲ့ပါပြီ..။ကြည့်ရတာတော့..သူတို့က ဆွေးနွေးနိုင်သမျှ အကြောင်းအရာတွေ အားလုံးကို ဆွေးနွေးပြီးသွားခဲ့ကြတယ်..။အနည်းဆုံးတော့ အခုချိန်အတွက်ပါ..။
ဆန်နီဟာ လူတိုင်းအတွက် ကော်ဖီ အိုးတစ်အိုးကို ပြုလုပ်ပေးပြီး..ခွက်တွေထဲကို လိုက်ထည့်ပေးလိုက်ကာ..ကတ်စီ နဲ့ ဆန့်ကျင်ဖက်မှာ ထိုင်လိုက်တယ်..။
“အခုအားလုံး ပြောဆိုပြီးသွားပြီ ဆိုတော့..ညဘုရားကျောင်း အကြောင်းကို ပြောကြရအောင်..။ငါ အဲ့နေရာ အကြောင်း ပိုပြီး ကြားလေလေ ထူးဆန်းသလို ခံစားရလေလေပဲ..။အဲတာက ဒီတိုင်း ဗာလာကလန်ရဲ့ ကိုယ်ပိုင်ခံတပ် တစ်ခုပဲဖြစ်နေရမှာ မဟုတ်ဘူးလား..။အဲတာက ဘာတွေများ ထူးခြားနေတာလဲ..”
ကတ်စီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ ကော်ဖီတစ်ငုံကို သောက်လိုက်ပြီး သက်ပြင်းချလိုက်တယ်..။
“ညဘုရားကျောင်း..ငါ အဲတာကို ဘယ်လိုဖော်ပြရမလဲ..။အဲတာက ကျောချမ်းဖို့ကောင်းတဲ့ နေရာတစ်ခုပဲ..။ပထမဆုံး နင်သိထားဖို့လိုအပ်တဲ့ အရာက..အဲဒီနေရာက မြောက်ဘက်ကုန်းမြေရဲ့ အောက်ဘက်မှာ တည်ရှိပြီး..အပေါ်မှာတည်ရှိနေတာ မဟုတ်ဘူးလို့ ထင်တာပဲ..။အဆုံးမရှိတဲ့အရိပ်တွေထဲမှာ..အဲ့နေရာကို ဝင်ရောက်ဖို့ ခက်ခဲသလို ခုခံကာကွယ်အားလည်း အရမ်းကောင်းတယ်..။အိပ်မက်ဆိုးသားရဲစစ်တပ် ဒါမှမဟုတ် နိုးထသူ တွေတောင်မှ…အဲဒီနေရာကို အင်အားနဲ့သိမ်းပိုက်လို့ ရနိုင်မှာ မဟုတ်ဘူး..”
သူမ ခနလောက် ရပ်တန့်ပြီးကာမှ ထပ်ပြောလိုက်တယ်..။
“တစ်ချက်ကြည့်လိုက်ရင်တော့..အဲတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်းမှာ မြောက်ပိုင်းဘက်ခြမ်းကို နယ်မြေတိုးချဲ့ခဲ့တဲ့ ဗာလာ သူရဲကောင်းတွေရဲ့ ရှေ့တန်း အခြေစိုက် ကင်းစခန်း တစ်ခုပဲ..။ဒါပေမဲ့ နင်သိထားတဲ့ အတိုငး်ပဲ…လူသားတွေက ဟောလိုး တောင်တန်းကို တွေ့ပြီးတဲ့ နောက်ပိုင်းမှာ..အဲဒီဘက်ကို နယ်မြေချဲ့ထွင်မူတွေက အဆုံးသတ်သွားခဲ့တယ်..။ညဘုရားကျောင်းကတော့ အဲဒီမှာ ကျန်နေခဲ့တာပေါ့..”
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..
“ဒီတော့..အဲဒီနေရာက အခြေခံအားဖြင့် ဘာမှရှိမနေဘူးပေါ့..”
ကတ်စီ ခေါင်းကို အောက်ငုံ့လိုက်တယ်..။
သူမ ပြောလာတဲ့အချိန်မှာတော့ သူမရဲ့ အသံက တင်းကြပ်နေခဲ့ပါတယ်..။
“လောဂျစ် အရဆိုရင်တော့ အဲလိုဖြစ်နေရမှာ..။ဒါပေမဲ့..အဲလို မဟုတ်ဘူး..”
အပိုင်း ( ၅၅၆ ) ပြီး၏။