နောက်ဆုံး သင်ခန်းစာ..
Vol. 38 Ch. 558
အချိန်က မနက်ခင်းကိုရောက်နေပြီဖြစ်တာကြောင့်..သူက အိပ်ဖို့အတွက်ကို စိတ်မဝင်စားတော့ပဲ..ဒီတိုင်း သူ့အတွက် ကော်ဖီတစ်ခွက်ကိုသာ ဖျော်လိုက်တယ်..။ပြီးတာနဲ့ ခွက်ထဲကို လောင်းထည့်လိုက်ပြီး..ခုံတန်းရှည်ပေါ်မှာသွားထိုင်လိုက်ပါတယ်..။
ရှည်လျားတဲ့ အစီစဉ်ချမှတ်မူတွေကနေ ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်မူတွေကြောင့်..သူ့ရဲ့ အတွေးတွေက အနည်းငယ် နှေးကွေးနေခဲ့တယ်..။ သို့ပေမယ့်..သူက နောက်ထပ်ရက်အနည်းငယ်လောက်..ပြသနာမရှိပဲ ကြည်ကြည်လင်လင်နဲ့ နိုးထနေနိုင်တယ် ဆိုတာကို သိထားပြီးသားပါ…။သူက နိုးထခြင်းကမ္ဘာထဲက ဂရုစိုက်စရာတွေ ၊ စီးပွားရေး ကိစ္စတွေ မပြီးသေးသ၍ အိပ်မက်ကမ္ဘာထဲကို ပြန်သွားဦးမှာ မဟုတ်ပေ..။
ဒီတော့..ဆန်နီက တစ်ခနလောက်သာ အနားယူပြီး..နေထွက်လာတာကိုသာ စောင့်ကြည့်နေခဲ့တယ်..။ပြီးတော့..သူ လုပ်စရာရှိတဲ့ အလုပ်တွေကို အလျင်မလိုပဲ တွေးတောနေခဲ့ပါတယ်..။
“..ဆရာ ဂျူလီယက်ကို နှုတ်ဆက်စကား ပြောရမယ်..။အီကို နဲ့ စီးပွားရေး အကြောင်းပြောရမယ်..”
ဒုတိယ အိပ်မက်ဆိုးကို အောင်နိုင်ဖို့ အချိန်တွေ အများကြီး ကြာသွားနိုင်တာကြောင့်..သူ သူမကို ပေးထားတဲ့ ဝိဉာဉ်အမြုတေ အပိုင်းအစတွေက ဘယ်လောက်အထိ ကြာရှည်ခံမလဲဆိုတဲ့ မေးခွန်းက ရှိနေခဲ့ပါတယ်..။ဆန်နီ ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ရဲ့ ဆိုင်တံခါးကို ပိတ်ထားရပြီး ကာစတန်မာတွေအားလုံး ဆုံးရှုံးသွားရမယ့် အဖြစ်မျိုးကို မလိုချင်ခဲ့ပါဘူး..။
သူ ကော်ဖီတစ်ငုံ သောက်လိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်တယ်..။
…ဒါပေါ့..သူ လုံးဝ ပြန်မလာနိုင်ဘူး ဆိုတဲ့ ဖြစ်နိုင်ချေလေးကလည်း ရှိနေပါသေးတယ်..။
ဆန်နီ ကိုယ့်ကိုကို မလိမ်ညာထားခဲ့ပါဘူး..။သူက ဘယ်လောက်ပဲ သန်မာပါစေ..သူ့ရဲ့ တိုးတက်မူတွေက ဘယ်လောက်ပဲ မြန်ဆန်ပါစေ…ဒိအိပ်မက်ဆိုးက အတော်လေးကို သေစေနိုင်စွမ်းရှိတဲ့ အရာတစ်ခုပါ..။ဒါက တစ်ခြား အိပ်မက်ဆိုးတွေလိုပါပဲ..။သူ့ထက်ပိုတော်တဲ့ လူတွေက အိပ်မက်ဆိုးထဲကို ဝင်ရောက်စိန်ခေါ်ခဲ့ကြပေမယ့်…ပြန်မထွက်လာနိုင်တာတွေ အများကြီး ရှိကြပါတယ်..။သေဆုံးသွားနိုင်တယ် ဆိုတဲ့ ဖြစ်နိုင်ချေက အမှန်တကယ်ပါပဲ…
အနာဂတ်အတွင် ပြင်ဆင်နေတာတွေက အဓိပ္ပာယ်ရော ရှိသေးရဲ့လား…
သူ ဒီလိုတွေးနေတုန်းမှာပဲ…ရုတ်တရက် ခုံတန်းရှည်ဆီကို ဦးတည်လာနေတဲ့ ပေါ့ပါးတဲ့ ခြေသံတွေကို ကြားလိုက်ရတယ်..။ဆန်နီ အနည်းငယ် ပြုံးလိုက်ပြီး အပေါ်ကို မော့ကြည့်လိုက်ပါတယ်..။
ရိမ်းက သူနဲ့ ခြေလှမ်းအနည်းငယ် အကွာမှာ ရပ်နေခဲ့ပြီး..သူ့ကို ရှက်ရွံ့မူတစ်ချို့နဲ့ ကြည့်နေခဲ့ပါတယ်..။
“ငါ…အာ…နင့်ရဲ့ ဧည့်သည်တွေ ဒီမှာ ရှိနေတုန်းပဲလား..”
သူ ခေါင်းခါယမ်းလိုက်တယ်..။
“ကောင်းတယ်..မဟုတ်ဘူး..ငါဆိုလိုတာက မကောင်းဘူး လို့ပြောတာ..။ငါက ဒီတိုင်း နင်နဲ့ သီးသန့်စကား ပြောချင်တာလေ..ဒါပါပဲ..”
ဆန်နီ မျက်ခုံးပင့်တင်လိုက်ပြီး..
“အိုး..ဘာအကြောင်းများလဲ..”
ရိမ်းက လေးလေးစားစားနဲ့ တောင်းပန်ဖို့အတွက် ကြိုးစားနေခဲ့တယ် ဆိုပေမယ့်..ရင်းနှီးတဲ့ ဒေါသအရိပ်အယောင် တစ်ချို့က သူမရဲ့ မျက်လုံးထဲမှာ မြင်နေခဲ့ရပါတယ်..။
“ဘာအကြောင်းလဲ ဆိုတာ သိတယ်မလား..။ငါဆိုလိုတာက..အာ…တောင်းပန်ပါတယ်..”
သူမ တုန်လှုပ်သွားခဲ့ပြီး..တစ်ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ပြီးမှ ပိုပြီး ယဉ်ကျေးတဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်..။
“…ဘာလို့..နင်က အရေးပါတဲ့ လူတစ်ယောက် ဆိုတာကို မပြောခဲ့တာလဲ..”
ဆန်နီ ရိမ်းကို အတော်ကြာအောင် ကြည့်နေပြီးကာမှ..ပြုံးလိုက်တယ်..။
“ငါက ကမ္ဘာပေါ်မှာ အသန်မာဆုံး နိုးထသူတစ်ယောက်တောင် ဖြစ်နေနိုင်တယ်လို့ မပြောခဲ့ဘူးလား..။အကောင်းဆုံးတွေ ထဲက အကောင်းဆုံး..။ငါကတော့…ဒီနေရာမှာပဲ ပြောခဲ့တယ်လို့ ထင်တာပဲ..”
ရိမ်းက ပြန်ပြောလိုက်တယ်..။
“ငါ အတည်ပြောနေတာ..”
ဆန်နီ ကော်ဖီတစ်ငုံကို သောက်လိုက်ပြီး သူမကို အတော်ကြာအောင် ကြည့်နေလိုက်တယ်..။သူ့အပြုံးကတော့ ဖြည်းညှင်းစွာပဲ မျက်နှာထက်ကနေ ပျောက်ကွယ်သွားခဲ့ပါတယ်..။နောက်ဆုံးမှာတော့ သူ သက်ပြင်းချပြီး အကြည့်ကို လွှဲလိုက်တယ်..။
“ဘာလို့လဲ ဆိုတော့..ငါက အဲလိုလူ မဟုတ်လို့ပဲ..။နိုးထသူတစ်ယောက် အနေနဲ့ ဆိုရင်တော့..ငါက လုံးဝ အရေးကြီးတဲ့ လူတစ်ယောက် မဟုတ်ဘူး..။တကယ်တော့..ငါက အရမ်းကို အားနည်းပြီး..အလွယ်တကူ ချေမွပစ်လို့တောင် ရတယ်..။ဒီတော့..ငါက ငါ့ရဲ့ စွမ်းအားတွေကို ကြော်ငြာဖို့အတွက် စိတ်မဝင်စားဘူးလေ..။လူတိုင်းက ငါ့ကို အားနည်းပြီး..တုံးအတယ်လို့ ထင်နေကြတာက ငါ့အတွက်ပိုကောင်းတယ်..။ဒီနည်းလမ်းနဲ့ ဆိုရင်..သူတို့က ငါ့ကို သတ်ဖို့ မလွယ်ကူတော့ဘူးလေ..”
ရိမ်းက သူ့ကို စိတ်ရှုတ်ထွေးစွာ ကြည့်လိုက်ပြီး..
“ငါ…ငါ နားမလည်ဘူး..။အိပ်မက်ဆိုးသားရဲတွေက နင် ဘယ်လောက်အထိ သန်မာလဲဆိုတာကို ဘယ်လိုလုပ်သိမှာလဲ..။ဘာလို့ နင့်ရဲ့ အသက်ကို အန္တရာယ်ရှိစေမှာလဲ…”
နက်မှောင်တဲ့ အပြုံးတစ်ခုက ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့တယ်..။သူက ရိမ်းကို ကြည့်ပြီး..မေးလိုက်ပါတယ်..။
“ဘယ်သူက အိပ်မက်ဆိုးသားရဲ တွေ အကြောင်းကို ပြောနေလို့လဲ..”
ဆန်နီ သူ့ရဲ့ခွက်ကို အောက်ကို ချကာ ထပ်ပြောလိုက်ပါတယ်..။
“မင်းပြန်သွားပြီးတဲ့ နောက်မှာ…မေ့ပျောက်ကုန်းမြေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အားလုံးကို ရှာဖွေကြည့်ခဲ့တယ်မလား..”
ရိမ်းက ရှက်ရွံ့ကာ ခေါင်းညိတ်ပြလိုက်တယ်..။
သူလည်း ခေါင်းညိမ့်လိုက်ပါတယ်..။
“ဒါဆိုရင်တော့..ကြက်သွေးရောင်ထိပ်ဖျားကို ဝန်းရံတိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းက လူအယောက် လေးရာလောက် သေဆုံးသွားခဲ့ကြတယ် ဆိုတာကို သိမှာပေါ့..။အရမ်းကို များလွန်းတယ်..။ဒါပေမယ့်..အဲဒီမတိုင်ခင် လတွေမှာ ဘယ်လောက်တောင် အသတ်ခံခဲ့ရလဲ ဆိုတာ သိရဲ့လား..။အဲတာက နှစ်ဆ နီးပါးပဲ..”
သူမရဲ့ မျက်လုံးတွေက အနည်းငယ် ကျယ်သွားခဲ့တယ်..။
ဆန်နီ မိန်းမငယ်လေးကို သေချာကြည့်လိုက်တယ်..။သူ့ရဲ့ အသံထဲမှာတော့..နောက်ပြောင်မူတွေ မပါဝင်တော့ပါဘူး..။
“ပြီးတော့..သူတို့တွေအကုန်လုံးက အိပ်မက်ဆိုးသားရဲ တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ကြရတာ မဟုတ်ဘူး..။သူတို့တွေက တစ်ခြားလူသားတွေရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ကြရတာ..။ဒီတော့..အဲဒီငရဲလို နေရာမျိုးမှာ လူသားတွေက တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ကြတာက မွန်းစတားတွေ သတ်ဖြတ်တာထက်တောင် ပိုပြီးများပြားတယ်လေ..။ကောင်းပြီ..အတိအကျ ဆိုရင်တော့ တစ်ခြားး မွန်းစတား တွေပေါ့..။ပြီးတော့ အဲဒီကနေတဆင့် မင်းအနေနဲ့ သင်ခန်းစာ ယူရလိမ့်မယ်..။တကယ်လို့ မင်း သန်မာလာချင်တယ် ဆိုရင်ပေါ့..”
သူ သက်ပြင်းချလိုက်ပြီး..
“ငါ မင်းကို ဓားတွေ ၊ လှံတွေ ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာနဲ့ ပတ်သက်ပြီးသင်ကြားပေးနိုင်တယ်..။အိပ်မက်ကမ္ဘာထဲမှာ ဘယ်လို သွားလာရမလဲ ၊ မငတ်အောင် ဘယ်လိုလုပ်ရမလဲ..နဲ့ ရန်သူတွေကို ဘယ်လို သတ်ရမလဲဆိုတာကိုလည်း သင်ကြားပေးနိုင်သေးတယ်..။ဒါပေမဲ့ သန်မာလာအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကိုတော့..မသင်ပေးနိုင်ဘူး ရိမ်း ..။ဒါက မင်းကိုယ်တိုင် လေ့လာ သင်ယူရမယ့် အရာပဲ..။ဒီကမ္ဘာကြီးက ရက်စက် ပြီး ကြမ်းတမ်းတဲ့ နေရာတစ်ခုပဲ..။တစ်ချို့လူတွေကတော့..ဒီအရာကို မသိရလောက်အောင် ကံကောင်းကြပေမယ့် တစ်ချို့ကတော့ သိခွင့်ရကြတယ်..။ပြီးတော့ ဒီလိုသိခွင့်ရတဲ့ လူတွေကြားထဲမှာ နူးညံ့ညှင်သာနေတဲ့ လူတွေက သေကြရတာပဲ..။မင်းက အရမ်း..အရမ်းကို နူးညံ့လွန်းနေတယ်…။ဒါပေမဲ့ မင်းအနေနဲ့ ကံကောင်းနိုင်ပါ့မလား..။ငါလည်း မသိဘူး..။အဲတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်..”
သူမက သေချာအာရုံစိုက် နားထောင်နေခဲ့တယ်..။သူမ အသက်အရွယ် လူငယ်တစ်ယောက်အတွက်တော့ သူမရဲ့ မျက်နှာအမူအရာက အတော်လေးကိုလေးနက်နေခဲ့ပါတယ်..။အတော်ကြာပြီးကာမှ သူမ ပြောလာခဲ့ပါတယ်..။
“ငါ…ငါ နားလည်ပြီထင်တယ်..”
ဆန်နီ ပြုံးလိုက်တယ်..။
“မင်း နားလည်မယ်လို့ မျှော်လင့်ပါတယ်..။ဒါပေမဲ့ မင်းနားမလည်ဖို့ကိုလည်း နည်းနည်းဖြစ်ဖြစ် မျှော်လင့်နေခဲ့မိတယ်..”
သူ တွေဝေနေပြီးကာမှ..စကားပြောစက်ကို ထုတ်ယူလိုက်ပြီး..
“အိုး..စကားမစပ်..ငါတို့ရဲ့သင်ခန်းစာတွေကို အတော်ကြာအောင် ရပ်နားထားရလိမ့်မယ်..။မင်းသိတဲ့ အတိုင်း ငါနဲ့ ငါ့ရဲ့ သူငယ်ချင်းတွေက..ကြီးမားတဲ့စူးစမ်းရှာဖွေမူကြီးကို ပြုလုပ်ဖို့ ရှိကြတယ်လေ..။ပြီးတော့ အဲတာက ဘယ်လောက်အထိ ကြာမယ်ဆိုတာလဲ ငါသေချာ မသိဘူး..။ဒါပေမဲ့ မင်းအနေနဲ့ ဆက်ပြီးလေ့ကျင့်လို့ ရတဲ့ အထိ ငါက မင်းကိုသင်ကြားပေးထားပြီးပြီလေ..။အဲတာကိုသာ ပုံမှန်လေ့ကျင့်ပြီး အပျင်းမကြီးနဲ့..။တကယ်လို့..မင်းက ငါမပြန်လာခင် အရာအားလုံးကို ကျွမ်းကျင်သွားပြီလို့ ခံစားရတယ် ဆိုရင်..ငါ မင်းကို အခုပို့ပေးမယ့် နံပါတ်ကို ဖုန်းဆက်လိုက်..။အဲတာက ငါ့ရဲ့ သူငယ်ချင်းတစ်ယောက် ရဲ့ နာမည်ပဲ..။သူမရဲ့ နာမည်က အီကို..။ပြီးတော့ သူမက မင်းကို နည်းပြအသစ် ရှာပေးလိမ့်မယ်..”
ရိမ်းက သူမရဲ့ စကားပြောစက်ကို အချိန်အတော်ကြာအောင် ကြည့်နေပြီးကာမှ..သူ့ကို ကြည့်ကာ တီးတိုး မေးလာခဲ့တယ်..။
“နင်က ကြီးမားတဲ့ စူးစမ်းရှာဖွေမူတစ်ခုကို သွားမှာလား..”
ဆန်နီ လွတ်လပ်တဲ့ အပြုံးနဲ့ အတူပဲ ပုခုံးတွန့်ကာ ပြောလိုက်တယ်..။
“သေချာတာပေါ့ ဘာဖြစ်လို့လဲ..”
သူမ ခနလောက် တွေဝေနေပြီးကာမှ..မေးလာခဲ့ပါတယ်..။သူမရဲ့ အသံမှာ တော့ ရုတ်တရက် ပုံမှန်မဟုတ်တဲ့စိုးရိမ်စိတ်တွေ ထွက်ပေါ်နေခဲ့တယ်..။
“အဲတာက…အဲတာက အန္တရာယ်များလား..”
သူက ကော်ဖီခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်တယ်..။ယင်းနောက် နောက်တစ်ကြိမ် ပုခုံးတွန့်လိုက်ပြီး..
“အန္တရာယ်များတာလား..။အင်း..ဒါပေါ့..။အတော်လေးကို အန္တရာယ်များတယ်..။အဲလိုထင်တာပဲ…။ဒါပေမဲ့..အခိုက်အတန့်နဲ့ပတ်သက်တဲ့ အရာရာတိုင်းက အန္တရာယ်များနေတာပဲလေ..”
ရိမ်းက ရုတ်တရက် သူ့ကို လေးနက်စွာ ကြည့်လိုက်တယ်..။သူမရဲ့ နောက်ပြောင်မူတွေကတော့ လုံးဝကို မရှိတော့ပါဘူး..။သူမ စကားပြောတဲ့ အချိန်မှာတော့..လေးနက်မူတွေသာ ရှိနေခဲ့ပါတော့တယ်..။
“ဒါဆို ဘာလို့လဲ..။ဘာလို့ အဲ့ကို သွားနေသေးတာလဲ..”
ဆန်နီ သူမကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။ပြီးနောက် ရုတ်တရက် အကြည့်ကို လွှဲပြီး ရယ်မောလိုက်ပါတယ်..။
သူ ရယ်မောလို့ ပြီးသွားတဲ့ အချိန်မှတော့..သူမကို ကြည့်လိုက်ပြီး..သဘောကျစွာ ပြန်ဖြေလိုက်တယ်..။
“ဘာလို့လဲ ဟုတ်လား..။မင်းလေ့ကျင့်ချင်ရတဲ့ အကြောင်းပြချက်နဲ့ အတူတူပဲလေ..။သန်မာ လာချင်လို့ပေါ့..။အရမ်းကို သန်မာလာချင်လို့..”
အပိုင်း ( ၅၅၈ ) ပြီး၏။