← Chapters

နည်းလမ်းတစ်ခု မရှိဘူး..

Vol. 38 Ch. 559

နည်းလမ်းတစ်ခု မရှိဘူး..

Vol. 38 Ch. 559

အချိန်တစ်ချို့ကြာပြီးတဲ့ နောက်မှာတော့..ဆန်နီဟာ ကဖေးဆိုင်တစ်ခုထဲမှာ စောင့်ဆိုင်းနေခဲ့ကာ..ပြတင်းပေါက်ကနေတဆင့်..လူစည်ကားတဲ့ အပြင်ဖက်လမ်းတွေကို ကြည့်နေခဲ့ပါတယ်..။လူတွေက ကောင်ကင်ထက်က လေးလံတဲ့ တိမ်စိုင်တွေ မိုးအဖြစ် မရွာချသေးခင်မှာ အလျင်အမြန် ဖြတ်သွားကြတာ..ဆိုင်ထဲကို ဝင်လာကြတာတွေကို ပြုလုပ်နေခဲ့ကြတယ်..။လေထဲမှာ ပျံ့နှံ့နေတဲ့ သိမ်မွေ့တဲ့ ရနံ့က ဒီအရာက အတော်ဆိုးတော့မယ်ဆိုတာကို ပြောနေခဲ့ပါတယ်.။ဒါက အဝတ်အစားတွေ စုပ်ပြဲတဲ့အထိတော့..အဆိပ်အတောက် မဖြစ််စေနိုင်ပေမယ့်..အတော်လေးတော့ စိတ်အနှောက်အယှက် ဖြစ်ရမှာပါ..။

ဒီအရာက လူတိုင်းရင်ဆိုင်တွေ့ရမယ့် အရာဖြစ်တာကြောင့်..မိုးရေထဲမှာ ပါဝင်တဲ့ အက်စက်ကို ဆန်နီ စိတ်ထဲမရှိခဲ့ပါဘူး..။မြို့ပြင်က လူတွေတောင် ဒီလိုအရာမျိုးကို ဘယ်လို ရှောင်ရှားရမလဲ ဆိုတာကို သိထားကြပါတယ်..။ဒီလို ချမ်းသာကြွယ်ဝတဲ့ မြို့ထဲမှာတော့..မြို့သားတွေက ပိုမိုကောင်းမွနတဲ့ အကာအကွယ်ကို ရရှိကြမှာပါ..။

သူ တွေးနေတဲ့ အကြောင်းအရင်းကတော့..ဒီလမ်း ကိုပါပဲ..။

ဒါက သူ ရိမ်းကို စောင့်ကြည့်တုန်းက အသုံးပြုခဲ့တဲ့ ကဖေး ဆိုင်နဲ့အတူတူပါ..။လွန်ခဲ့တဲ့ လအနည်းငယ်က..ဒီလမ်းထဲမှာပဲ..ဂိတ်ပေါက်ပွင့်လာခဲ့ပြီး ထိပ်လန့်ဖွယ်ရာ အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်..။အစိုးရရဲ့ အကာအကွယ် ယာဉ်တွေက လမ်းတစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေခဲ့ကြတယ်..။ငြိမ်းချမ်းနေတဲ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဆုံးစွန် ကြမ်းတမ်းမူတွေ ဖြစ်ပေါ်ခဲ့ကြတာပါ..။

ဒါတောင်မှာ အခုချိန်မှာ တိုက်ပွဲဖြစ်ထားတဲ့ အရိပ်အယောင်တွေ တစ်ခုမှ မကျန်ခဲ့တော့ပါဘူး..။လမ်းက အတော်ရှည်လျားအောင် ပြင်ဆင်ထားခဲ့ပြီး..တိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်မူတွေကိုလည်း ပြင်ဆင်ထားခဲ့တယ်..။ကဖေးက နောက်တစ်ကြိမ် ပြန်ဖွင့်လှစ်ထားပြီဖြစ်ပြီး..လူတွေကလည်း ဘာကိစ္စမှ မဖြစ်ခဲ့သလို သူတို့ရဲ့ စီးပွားရေး အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်..။သူတို့က ကပ်ဆိုးကို တောင့်ခံရင်း ဆက်လက်ရွေ့လျားနေခဲ့ကြတယ်..။ဒါက လူသားမျိုးနွယ်တွေ အနေနဲ့ ဘယ်လောက်တောင် ခံနိုင်ရည်ဿရှိလဲဆိုတာကို ပြသနေတာပါပဲ..။

အိပ်မက်ဆိုး အခိုက်အတန့်တောင် ဒီ ခံနိုင်ရည်စွမ်းကို မကျော်လွှားနိုင်ခဲ့ပေ..။

အနည်းဆုံးတော့ အခုချိန်အထိ မကျော်လွှားနိုင်သေးပါဘူး..။

ဆန်နီ သက်ပြင်းချပြီး သူ့ရှေ့မှာ ရှိနေတဲ့ အစာသွပ်မုန့်ကို ကြည့်လိုက်တယ်..။အဲ့အချိန်မှာပဲ ကဖေးရဲ့ တံခါးက ပွင့်သွားခဲ့ပြီး..ရင်းနှီးတဲ့ အေးစက်မူတစ်ခုက သူ့ရဲ့ ခန္တာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသလို ခံစားလိုက်ရပါတယ်..

မာစတာ ဂျက်ကတော့ ခါတိုင်းထက်တောင် ပိုပြီး ဖရိုဖရဲ ဖြစ်နေခဲ့တယ်..။သူမရဲ့ ယူနီဖောင်းတွေက အမှန်တကယ်ပဲ..အပေါက်ငယ်လေးတွေ ရှိနေခဲ့ပြီး..သူတို့ရဲ့ အစွန်းတွေက လောင်ကျွမ်းနေခဲ့ပါတယ်..။သို့ပေမယ့် သူ့ပုံစံက အေးအေးဆေးဆး နဲ့ အရင်ကလို သန်မာနေတုန်းပါပဲ..။သူမရဲ့ ရေခဲပြာရောင် မျက်လုံးတွေက ခွန်အားတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။သူမကြည့်ရတာ သေလောက်အောင် ပင်ပန်းနေခဲ့ပေမယ့်..တစ်နည်းအားဖြင့် အသက်စွမ်းအင်တွေနဲ့ ပြည့်နှက်နေခဲ့ပါသေးတယ်..။

ဂျက်က ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အချိန်မှာ ဆန်နီကို သတိထားမိလိုက်ပြီး ပြုံးပြလိုက်တယ်..။ပြီးတာနဲ့သူမရဲ့ ယူနီဖောင်းက မီးခိုးမှုန့်တစ်ချို့ကို ခါထုတ်လိုက်ပြီး..လျောက်လာကာ..ထိုင်ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်ပါတယ်..။

“ဒီ အစာသွပ်မုန့်က ငါ့အတွက် ဖြစ်မယ်လို့ မျှော်လင့်ပါတယ်..”

သူ ပြုံးလိုက်ပြီး ပန်းကန်ပြားနဲ့..လတ်ဆတ်တဲ့ ကော်ဖီတစ်ခွက်ကို သူမရှေ့ကို တွန်းပို့ပေးလိုက်တယ်..။

“သေချာတာပေါ့..”

မာစတာ ဂျက်က အစာသွပ် မုန့်ကို တစ်ကိုက်လောက် ကိုက်လိုက်ပါတယ်..။သူမရဲ့ မျက်လုံးတွေက ကျေနပ်မူကြောင့် တစ်ခနလောက် မှိတ်သွားခဲ့တယ်..။ယင်းနောက် သူမရဲ့ လက်ထဲက ကော်ဖီခွက်ကို မော့သောက်လိုက်ပါတယ်..။အတော်ကြာပြီးကာမှ..သူမက သူ့ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး.း.

“ဒီတော့…ဒုတိယ အိပ်မက်ဆိုးပေါ့…ဟင်..”

ဆန်နီ ရိုးရှင်းစွာပဲ ခေါင်းညိမ့်လိုက်တယ်..။

စိတ်ဝိဉာဉ်ရိတ်သိမ်းသူ ဂျက်က သူ ယုံကြည့်ရတဲ့ တစ်ယောက်တည်းသော တက်ရောက်သူတစ်ယောက်ပါ..။နည်းနည်းဖြစ်ဖြစ်ပေါ့… ဒီတော့..သူက သူမနဲ့တွေ့ပြီး အကြံဉာဏ်တစ်ချို့ကို ရရှိမယ်လို့ မျှော်လင့်ထားခဲ့ပါတယ်..။သူက မျိုးစေ့ကို အမှန်တကယ် အနိုင်ယူခဲ့တဲ့ သူနဲ့စကားပြောမှ ရတဲ့ အသိပညာတွေကို အင်တာနက်ထဲမှာပဲဖြစ်ဖြစ် ဒါမှမဟုတ် အကယ်ဒမီရဲ့စာကြည့်တိုက်ထဲမှာပဲ ဖြစ်ဖြစ် ရှာဖွေတွေ့နိုင်မှာ မဟုတ်ပါဘူး..။

သူမက ကော်ဖီကို တစ်ငုံသောက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

“ရူးသွပ်နေတဲ့ ကလေး ပဲ..”

သူ့မျက်နှာပေါ်မှာ ပေါ့ပါးတဲ့ အပြုံးတစ်ခုက ပေါ်လာခဲ့တယ်..။

“ကလေးတဲ့လား..။ကျွန်တော်က အစ်မထက် အများကြီး မငယ်ဘူးနော်..။ကောင်းပြီလေ..အဲလို ထငိတာပဲ..”

ဂျက်က သူ့ကို အန္တရာယ်ရှိစွာ ပြုံးပြလိုက်ပြီး..

“နင်က ငါ့ရဲ့ အသက်ကို မေးနေတာလား..။ချီးပဲ..ငါက နင့်ကို မရိုက်နှက်တာ အတော်ကြာနေပြီထင်တယ်..”

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာအောင် ကြည့်ပြီးကာမှ..ရယ်မောလိုက်တယ်..။

အမှန်တော့…မာစတာဂျက်က အသက်နှစ်ဆယ်နောက်ပိုင်းလောက် ရှိနေပြီ ဆိုတာကို ဆန်နီ သိထားပြီးသားပါ..။ဒီတော့ သူတို့နှစ်ယောက်ကြားထဲက အသက်ကွာဟချက်က သိပ်ပြီး မပြောပလောက်ပါဘူး..။လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း သူ့မှာဖြစ်ပျက်ခဲ့တဲ့ အရာတွေကို ပြန်တွေးကြည့်ရင် သူက ကလေးတစ်ယောက် မဟုတ်တော့ပေ..။

သူ အောက်ကို ငုံ့ကြည့်ပြီး တစ်ခနလောက် တွေးတောပြီးကာမှ ပြောလိုက်တယ်..။

“အခုက တကယ်ကို အချိန်ကောင်းပဲ..။မျိုးစေ့ကို စိန်ခေါ်ဖို့မဆုံးဖြတ်မှီကတည်းက ကျွန်တော် အကုန်လုံးကို သေချာစဉ်းစားခဲ့တယ်..။ဒီအချိန်က အကောင်းဆုံးပဲ..”

သူမက သူ့ကို အတော်ကြာအောင် လေ့လာပြီးကာမှ ခေါင်းညိမ့်လိုက်တယ်..။

“ငါသိပြီ..။ကောင်းပြီလေ…တက်ရောက်သူ တစ်ယောက်ဖြစ်လာရင် ကောင်းကျိုးတွေ အများကြီးကို ရရှိလိမ့်မယ့်..။ဆိုးကျိုးတွေကလည်း ကျိန်းသေ ရှိနေမှာပေါ့..။ဒါပေမဲ့ နင်က အခုဒါတွေကို ဂရုမစိုက်သင့်သေးဘူး..။အခုချိန်မှာ နင်က အိပ်မက်ဆိုး ကနေ ရှင်သန်ဖို့အတွက်ကိုပဲ ဂရုစိုက်ထားသငင့်တယ်..”

ဆန်နီ ပြုံးလိုက်ပြီး..

“ကျွန်တော်လည်း အဲလိုပဲ တွေးထားတာ..။ဒီတော့..ကြည်ညိုစရာ အကြီးအကဲတစ်ယောက် အနေနဲ့ မိုက်မဲတဲ့ ဂျူနီယာလေးကို အကြံဉာဏ်ပေးချင်တာလေးတွေ မရှိဘူးလား..”

မာစတာဂျက်က သူ့ကို စိုက်ကြည့်လိုက်ပြီး..အစာသွပ်မုန့်ကို နောက်တစ်ကိုက် ကိုက်လိုက်ပါတယ်..။

“အကြီးအကဲ တဲ့လား..။နင်က တကယ် အရိုက်ခံသင့်နေပြီ..”

သူမ အတော်ကြအောင် တွေဝေပြီးကာမှ သက်ပြင်းချလိုက်တယ်..။

“ဒုတိယအိပ်မက်ဆိုး.. ဒါက ပထမအိပ်မက်ဆိုးနဲ့တော့ ဆင်တူတယ်..။ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကွဲပြားနေတယ်လေ..။အခိုက်အတန့်က နင်နဲ့ နင့်ရဲ့အဖွဲ့ကို အရှုပ်အထွေးတွေဖြစ်နေတဲ့ အတိတ်က ပုံရိပ်ယောင် တစ်ခုတည်းကို ပို့ပေးလိမ့်မယ်..။အိပ်မက်ဆိုးကို အနိုင်ယူဖို့အတွက်ဆိုရင်..နင်က ဒီအရှုပ်အထွေးကို ဖြေရှင်းပေးရလိမ့်မယ်..။နည်းလမ်းတစ်ခု ဒါမှမဟုတ် တစ်ခြားနည်းလမ်းနဲ့ပေါ့..။အဲဒီမှာ မှန်ကန်တဲ့နည်းလမ်း..ဒါမှမဟုတ် မှားယွင်းတဲ့ နည်းလမ်းဆိုတာ မရှိဘူး..။မင်းက တစ်နည်းနည်းနဲ့ဒီအရာကို ဖြေရှင်းပေးဖို့ အတွက်ပဲ လိုအပ်တယ်..”

ဂျက်က သူမရဲ့ စမ်းသပ်မူကို ပြန်အမှတ်ရသွားတဲ့ အလား ငြိမ်သက်သွားခဲ့တယ်..။သူမရဲ့ ရေခဲပြာရောင် မျက်လုံးတွေက အဝေးကို စိုက်ကြည့်နေခဲ့ပါတယ်..။

“…ဒါပေါ့ ဒါက လွယ်ကူမှာ မဟုတ်ဘူး..။မင်းရဲ့ သူငယ်ချင်းတွေ သေဆုံးသွားနိုင်တယ်..။မင်းလည်း သေသွားနိုင်တာပဲ..။ဒါပေမဲ့ နင်ဒါတွေကို သိထားပြီးသားပါ..။တစ်ခြားကွဲပြားတဲ့ အရာတွေကို ပြောကြရအောင်..။ပထမတစ်ခုကတော့ အတော်လေး သိသာတယ်..။ဒီအိပ်မက်ဆိုးက ပထမတစ်ခုထက် ပိုကြီးမား..ပိုရှည်လျားပြီး ပိုသန်မာတယ်လေ..။အဲဒီမှာ ရှိတဲ့ အိပ်မက်ဆိုးသားရဲတွေကလည်း..ပိုမိုမြင့်မားတဲ့အဆင့်နဲ့ အမျိုးအစားတွေ ရှိကြတယ်..။ပုံမှန်အဆင့်ကတော့..နိုးထမူ အဆင့် ဒါမှမဟုတ် ကျရှုံးမူ အဆင့်ပေါ့..။ဒါပေမဲ့ နင်သာ ကံဆိုးမယ် ဆိုရင်..ပျက်ပြားခြင်း အဆင့်တွေနဲ့တောင် တွေ့ရနိုင်တယ်..”

ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့တယ်..။ပထမဆုံး အိပ်မက်ဆိုးက သူ့ကို နိုးထမူ အဆင့် တိုင်းရန့်နဲ့ ထိပ်တိုက်တွေ့ပေးခဲ့တာပါ..။ဒီတစ်ကြိမ်မှာရော သူက ကံကောင်းပြီး..သူ ကိုင်တွယ်နိုင်တဲ့ သားရဲတွေနဲ့ပဲ တွေ့ဖို့..အခွင့်အရေး ဘယ်လောက် အထိရှိနေနိုင်မှာလဲ..။

အဲ့အချိန်မှာပဲ မာစတာ ဂျက် ဆက်ပြောလာခဲ့တယ်..။

“နောက်ထပ်ကွာခြားမူတစ်ခုက လူပြောနည်းတယ် ဆိုပေမယ့် အတော်လေးကို အရေးကြီးတယ်..။ပထမ အိပ်မက်ဆိုးနဲ့ မတူတာက..ဒီတစ်ခုက မင်းအတွက် ဆိုပြီး သီးသန့်ဖန်တီးပေးထားတဲ့ အရာမဟုတ်ဘူး..။ ဒီအချက်ကိုတော့ မင်းက ကိုယ့်ဟာကို တွေးမိတဲ့အထိ ဉာဏ်ကောင်းပါတယ်..။ဒါပေမဲ့..လူတွေ သိပ်မပြောကြတဲ့ အကြောင်းကို ငါပြောပြမယ်..။အခိုက်အတန့်က မင်းနဲ့ အရမ်းကို ဆင်တူတဲ့ ခန္တာကိုယ်တစ်ခု ကို ရှာဖွေပေးဖို့အတွက် ကြိုးစားလိမ့်မယ်..။ဒါပေမဲ့..ငါ အစောက ပြောထားခဲ့တဲ့အတိုင်း ဒီအရာက..တစ်စုံတစ်ယောက် မျှော်လင့်ထားသလောက်တော့ တူနိုင်မှာမဟုတ်ဘူး..”

ဆန်နီ စိတ်ဝင်စားသွားခဲ့ပြီး မျက်မှောင်ကျုတ်လိုက်တယ်..။

“ဘယ်လောက်အထိ ကွာခြားတာကို ပြောနေတာလဲ..”

သူမ ပုခုံးတွန့်လိုက်ပြီး..

“နင်က တူညီတဲ့ အဆင့်မှာပဲ ရှိနေဦးမယ် ဆိုတာကတော့ သေချာတယ်..။နင့်ရဲ့ ခန္တာကိုယ်တည်ဆောက်ပုံကလည်း အနည်းနဲ့အများတော့ တူညီနေလိမ့်မယ်..။ဒါပေမဲ့..တိုက်ပွဲထဲကို ရောက်ပြီဆိုရင် အဲဒီမပြင်ဆင်ထားနိုင်ခဲ့တဲ့ အနည်းနဲ့ အများကပဲ နင့်ရဲ့ အသက်ကို ယူဆောင်သွားနိုင်တယ်လေ..။ကျွမ်းကျင်သူတွေဆိုတာက သူတို့ရဲ့ ခန္တာကိုယ်မှာပဲ အမှီပြုထားကြရတာ..။အဲတာက ငါတို့ရဲ့ ပထမဆုံးနဲ့ အရေး အကြီးဆုံး လက်နက်တစ်ခုပဲ..။နင့်က ရုတ်တရက်ကြီး အရပ်အနည်းငယ် ရှည်လာတာ ၊ အနည်းငယ် ပုသွားတာ ဒါမှမဟုတ် နင့်ရဲ့ လက်တေွက ကွာခြားသွားတယ် ဆိုတာကို တွေးကြည့်လိုက်စမ်းပါ..။အဲ့အချိန်ကြရင် နင့်ရဲ့ မြေဆွဲအားအပေါ် တည်ရှိမူက နည်းနည်းတော့ ပြောင်းလဲသွားလိမ့်မယ်လေ..။လူတွေ အများကြီးသေဆုံးရတာက..သူတို့တွေက အဲဒီရုတ်တရက် ပြောင်းလဲမူကို အလျင်အမြန်အသားကျအောင် မလုပ်နိုင်ခဲ့ကြလို့ပဲ..”

ဆန်နီ တစ်ခနလောက် မျက်လုံးတွေကို မှိတ်ထားခဲ့တယ်..။

တိုက်ခိုက်ရေးသမား တစ်ယောက်အတွက်တော့..သူတို့ရဲ့ ခန္တာကိုယ်က..ဘယ်ချိန်ဝင်ရမလဲ ..ထွက်ရမလဲဆိုတာကို ကောင်းကောင်းသိထားတဲ့ ကောင်းမွန်တဲ့ စက်တစ်ခုလိုပါပဲ..။သူတို့က ဒီအရာနဲ့ ပတ်သက်ပြီး ဘယ်လိုရွေ့လျားတယ် ၊ ဘယ်လိုအခြေအနေတွေမှာ ဘာတွေလုပ်နိုင်တယ် ၊ ဘယ်အရာကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မယ်ဆိုတာနဲ့ ဘယ်အရာက စွမ်းဆောင်နိုင်စွမ်းထက် ကျော်လွန်နေတယ် ဆိုတာတွေကို အသေးစိတ်ကျကျ သိထားကြပါတယ်..။တိုက်ပွဲနည်းစနစ်တိုင်းက ဒီလို တိကျတဲ့ စက်လက်နက်အတွက် သင့်တော်မူရှိအောင် ဖန်တီးထားကြတာကြောင့်..အခုလို သူ့ရဲ့ အချိုးအစားတွေကို ပြောင်းလဲသွားစေခဲ့တာက..သေဆုံးနိုင်ချေကို မြင့်တက်သွားစေပါလိမ့်မယ်..။

အသေးစိတ်ကိုတော့ သူ သေချာမသိထားပေ..။ကံကောင်းချင်တော့ အခု သူ ဒီအချက်ကို သိရပြီဆိုတော့..ဒီအတွက်ကို ကြိုးစားပြင်ဆင်ပြီး..ထိန်းညှိမူကိုတတ်နိုင်သလောက် ကြိုးစားရပါလိမ့်မယ်..။

“ကျေးဇူးတင်ပါတယ်..။ဒါက အရမ်းကို တန်ဖိုးရှိတဲ့ အချက်အလက်တစ်ခုပဲ..”

မာာစတာဂျက်က ခေါင်းခါယမ်းလိုက်တယ်..။

“ဒါက လျိုဝှက်ချက်တစ်ခု မဟုတ်ဘူး..။လူတွေက ဒီအရာကို အရေးမကြီးလို့ပဲ ထင်နေကြတာ..”

သူမက ခနလောက်‌ေတွဝေလိုက်ပြီးမှ နက်မှောင်တဲ့ အသံနဲ့ ပြောလာခဲ့တယ်..။

“နောက်ဆုံး ကြီးမားတဲ့ ကွားခြားချက်ကြီးကတော့…နင် ဒီသိရှိမူကို ပြန်လည်ပြီး အသုံးမချရဖို့ မျှော်လင့်ပါတယ်..။ဒါပေမဲ့ တကယ်လို့ အဆိုးဆုံးတွေ ဖြစ်လာခဲ့မယ် ဆိုရင် ပြင်ဆင်ထားတာက ပိုပြီး ကောင်းမွန်တယ်လေ..”

ဆန်နီ သူမကို ကြည့်ပြီး..မျက်ခုံးပင့်တင်လိုက်တယ်..။

“ဘာများလဲ..”

သူမက ကော်ဖီခွက်ကို ကြည့်ကာ တစ်ငုံသောက်လိုက်ပြီးမှ ဂရုတစိုက်နဲ့စားပွဲပေါ်ကို ပြန်တင်ထားလိုက်တယ်..

အဲတာက..ဒီအိပ်မက်ဆိုးကို အနိုင်ယူဖို့အတွက် နည်းလမ်းတစ်ခုဆိုတာ ရှိမနေဘူးလို့ ပြောခဲ့တယ်မလား..။ဒါကတော့ တစ်ချို့ အဖြေတွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေကြတယ်လို့ ဆိုလိုတာပဲ..။ပြီးတော့ စမ်းသပ်မူမှာ ပါဝင်နေကြတဲ့ သူတွေကိုလည်း..တူညီတဲ့ အဖြေကိုသာ ရွေးချယ်ကြဖို့အတွက် တွန်းအား မပေးထားဘူးလေ..”

သူ ပြန်ပြောလိုက်တယ်..။

“အာ…အဲတာက ဘာကိုပြောချင်တာလဲ..”

မာစတာဂျက်က သူ့ရဲ့ မျက်လုံးထဲကို ကြည့်ပြီး အေးးစက်တဲ့ အပြုံးနဲ့ အတူပဲ ပြောလာခဲ့ပါတယ်..

“ငါပြောချင်တာက အိပ်မက်ဆိုးကို စိန်ခေါ်တဲ့ လူတိုင်းက တစ်ဖက်တည်းမှာ နေစရာ မလိုဘူး ဆိုတာပဲ..။အဲတာက အရမ်းကို ဖြစ်တောင့်ဖြစ်ခဲ ဆိုပေမယ့်..ဘာပဲဖြစ်ဖြစ် နင့်ရဲ့ စိတ်ထဲမှာတော့ အမြဲထည့်ထားဖို့ လိုအပ်တယ်..”

ဆန်နီ သူမကို အချိန်အတော်ကြာအောင် ကြည့်နေပြီးကာမှ အဝေးကို လှည့်လိုက်တယ်..။

သူမက သူ့ကို ဘာပြောချင်တာလဲ ဆိုတာကို သူ သိချင်မိပါတယ်..။

အိပ်မက်ဆိုးကို ဖြတ်ကျော်ဖို့အတွက် သူ့ရဲ့ အပေါင်းအပါတွေက သူ့ကို သစ္စာဖောက်ပြီး တစ်ခြားတစ်ဖက်ကို ရောက်သွားနိုင်တယ်လို့ သတိပေးချင်နေတာ များလား..။

ဒါမှမဟုတ်.. သူက...လိုအပ်လာရင် သူငယ်ချင်းတွေကို သစ္စာဖောက်လို့ ရတယ်လို့ ပြောချင်တာလား..။

…သူတို့က အချိန်အတော်ကြာအောင် စကားပြောပြီး..အိပ်မက်ဆိုး မျိုးစေ့နဲ့ ပတ်သက်တာတွေကို ဆွေးနွေးနေခဲ့ကြပါတယ်..။ဆန်နီက အသုံးဝင်တဲ့ အချက်အလက်တွေ အများကြီး ရရှိခဲ့သလို တန်ဖိုးကြီးတဲ့ အကြံဉာဏ်တွေကိုလည်း..ရရှိခဲ့ပါသေးတယ်..။

သို့ပေမယ့် ..စကားပြောနေတဲ့ တစ်လျောက်လုံးမှာတော့..သူက ကိစ္စတစ်ခုတည်းကိုသာ စိတ်က ရောက်နေခဲ့တယ်..။

“ဖြစ်တောင့်ဖြစ်ခဲဆိုပေမယ့်…ဘာပဲဖြစ်ဖြစ် မင်းရဲ့ စိတ်ထဲမှာတော့ အမြဲထည့်ထားရမယ်..”

အပိုင်း ( ၅၅၉ ) ပြီး၏။

All Chapters