← Chapters

ကံတရားရဲ့ နယ်ရုပ်

Vol. 38 Ch. 560

ကံတရားရဲ့ နယ်ရုပ်

Vol. 38 Ch. 560

ဆန်နီ ကဖေးဆိုင်က ထွက်လာပြီးတာနဲ့..ရထားစီးပြီး..အီကို ဆီကို အလည်အပတ်သွားခဲ့တယ်..။ပြီးတာနဲ့ သူက အကယ်ဒမီကို သွားပြီး..ဆရာဂျူးလီယက် ကို နှုတ်ဆက်စကား‌ေပြာလိုက်ပါတယ်..။လူအိုကြီးက သူ့ကို လွှတ်ဖို့အတွက် အတော်‌ေလး စိတ်ခံစားချက်ဖြစ်နေတယ် ဆိုပေမယ့်လည်း..သူ့ရဲ့ ထိန်းမနိုင်တဲ့ တပည့်ကို ဖြောင်းဖျဖို့အတွက် မကြိုးစားခဲ့ပါဘူး..။အဲဒီအစား..သူက အားပေးစကားတွေကိုသာ ပြောကြားခဲ့ပါတယ်..။

“ဒုတိယအိပ်မက်ဆိုး.. ထွီ…ငါ့ရဲ့ ဘယ်တပည့်ကမှ ဒုတိယ အိပ်မက်ဆိုးကြောင့် သေဆုံးသွားတာမျိုး မရှိခဲ့ဖူးဘူး..။မင်းက ငါ့ရဲ့ ဂုဏ်သိက္ခာကို နိမ့်ကျအောင် လုပ်ရဲလုပ်ကြည့်..။ကြားတယ်နော်..ငါ့သားလေး..ဆန်နီ..”

နောက်ဆုံးမှာတော့..ဆန်နီဟာ..အိပ်စက်သူတွေ နေထိုင်တဲ့ အဆောက်အဦးကနေ ထွက်ခွာလိုက်ပြီဲး အပြင်ဖက်မှာ အချိန်အတော်ကြာအောင် ရပ်ကာ..နေဝင်တာကို ကြည့်နေခဲ့ပါတယ်..။ယင်းနောက် သူတစ်ဖက်ကို လှည့်ပြီး..အကယ်ဒမီရဲ့ နက်ရှိုင်းတဲ့ အဆောက်အဦးတွေ ဆီကို ဦးတည်သွားလိုက်တယ်..။

နစ်ဖီ ရှိနေတဲ့ အခန််းကတော့ အများကြီး မပြောင်းလဲခဲ့ပါဘူး..။သူက ပန်းပွင့်တွေကို စားပွဲပေါ်တင်လိုက်ပြီး..ထိုင်လိုက်တယ်..။ပြီးတာနဲ့..သူမကို ဖြူဖျော့ပြီး ခံစားချက်မဲ့တဲ့ အမူအရာနဲ့ ကြည့်နေလိုက်ပါတယ်..။

ဆန်နီ ဒီနေရာကို ဘယ်နှစ်ကြိမ်ပဲ လာခဲ့ပါစေ..သူမကို မြင်လိုက်တဲ့ အချိန်တိုင်းမှာ..သူ့ရဲ့ ရင်ဘတ်ထဲက နာကျင်မူကို ခံစားရပါတယ်..။သူ့ နှလုံးသားထဲက ခံစားချက်တွေက အရမ်းကို နက်ရှိုင်းလွန်းတာကြောင့်..ဒီအရာတွေကို နားလည်ဖို့ အတွက်တောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး.။ဘာပဲဖြစ်ဖြစ် ဆန်နီက..စိတ်ခံစားချက်တွေနဲ့ ပတ်သက်လာရင် ဘယ်တုန်းကမှ ကောင်းမွန်တဲ့ လူတစ်ယောက် မဟုတ်ခဲ့ပေ..။

အခုချိန်မှာတော့…နာင်တရမူတွေ ၊ လွမ်းဆွတ်မူတွေ ၊ စိတ်မကောင်းဖြစ်မူတွေ ၊ ချစ်ခြင်းမေတ္တာ ၊ ကြောက်ရွံ့မူ နဲ့..မျှော်လင့်ချက်တွေ ရောထွေးနေခဲ့ပါတယ်..။

တောက်ပနေတဲ့ အိပ်စက်ခြင်း သေတ္တာရဲ့ အဖုံးကို ကြည့်ပြီး သူ သက်ပြင်းချလိုက်တယ်..။

“ဟေး…နစ်..”

အရင်တုန်းကလိုပဲ…သူက ဒီစကား နှစ်ခွန်းကိုသာ အသံထွက်ပြီး ထုတ်ပြောလိုက်တာပါ..။သူ ခနလောက်တွေ ဝေနေခဲ့ပြီးမှ နောက်ဆက်တွဲပြောချင်တာတွေကို စိတ်ထဲကနေ ပြောလိုက်တယ်..။

“နင်က တစ်နေရာရာမှာတော့ အသက်ရှင်သန်နေတုန်းပဲ မဟုတ်လား..။ဒါက ကောင်းတယ်..။ဒါက ငါ့ကို ပျော်ရွှင်စေတယ်လေ..။ဒါက တကယ်ကို ပျော်ရွှင်စေတယ်..။နင်သိတဲ့ အတိုင်းပဲ..အားလုံးဖြစ်ပျက်ပြီးတဲ့ နောက်မှာ..ငါက နင့်ကို အသက်ရှင်လျက်ရှိနေစေချင်ရဲ့လား ဆိုတာကိုတောင် မသေချာတော့ဘူးလေ..။နင် သေဆုံးသွားတာက ပိုပြီး ကောင်းလိမ့်မယ်လို့တောင် ငါ တွေးမိသေးတယ်..။တစ်ခါတစ်လေ ဆိုရင် ငါ အဲလို တွေးနေခဲ့တာ..”

ဆန်နီ ခေါင်းကိုငုံ့ပြီး သူ့ရဲ့ မျက်လုံးတွေကို ပင်ပန်းစွာ မှိတ်ထားခဲ့တယ်..။

‘ဒါပေမဲ့..အတော်ကြာအောင်…အချိန်တွေ ကုန်ဆုံးပြီးသွားတဲ့ နောက်မှာ..ငါ…ငါ နင့်ကို စတင်ပြီးတော့..လွမ်းလာမိပြီ..။အဲတာက..ငါ လွတ်လပ်ချင်တာထက်တောင် ပို သေးတယ်..။ဖြစ်နိုင်တာက မာစတာ ဂျက် ပြောတာ မှန်နေပြီထင်တယ်..။ဒီကမ္ဘာပေါ်က ဘယ်သူကမှ အမှန်တကယ် မလွတ်မြောက်နိုင်ကြတာ ဖြစ်နိုင်တယ်လေ..။ဖြစ်နိုင်တာက..တစ်ခုတည်းသော လွတ်လပ်မူက..မင်းရဲ့ ကိုယ်ပိုင် ချုပ်နှောင်မူတွေကို ရွေးချယ်တဲ့ အချိန်မှာပဲဖြစ်လိမ့်မယ်..”

သူ့ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

‘ဒါပေမဲ့..အဲတာက အဓိကပဲလေ..ဟုတ်တယ်မလား..။အဲဒီ ရွေးချယ်မူလေးကိုတောင် ငါ့ဆီကနေ..နင် ၊ ကတ်စီ..နဲ့ ကံတရား တို့က လုယူသွားကြသေးတယ်..။ငါ့မှာ အစကတည်းက ဘာမှ မရှိခဲ့ဘူး..။ပြီးတော့ ပိုပြီးတောင် နည်းပါးသွားသေးတယ်..။အဲလိုမျိုးဖြစ်ရတာကို နင့်အနေနဲ့ ဒေါသမထွက်မိဘူးလား..။ဘာလို့လဲ ဆိုတော့ ငါတော့ ဒေါသထွက်မိတယ်..။ငါ အရမ်း အရမ်းကို ဒေါသထွက်ရတယ်..။ပြီးတော့..အဲတာကြောင့်ပဲ..လွတ်မြောက်ဖို့အတွက် ကြိုးစားနေတာကို ငါ ဘယ်တော့မှ လက်မလျော့လိုက်တာပဲ..။အမှန်တရား ဆိုတာကိုလည်း အနိုင်ယူမယ် ၊ ကံတရားဆိုတဲ့ ဟာကိုလည်း အနိုင်ယူပြမယ်..။သူ့ရဲ့ ကံတရား ချိန်းကြိုး တွေက မကျိုးပြတ်နိင်ဘူးလို့ ဘယ်သူက ပြောတာလဲ..’

ဆန်နီ အနည်းငယ် ရွေ့လျားလိုက်ပြီး..အိပ်မက်နေတဲ့ အမျိုးသမီးငယ်လေးကို လောင်ကျွမ်းနေတဲ့ စိတ်ဆန္ဒတွေနဲ့ စိုက်ကြည့်လိုက်ပါတယ်..။

‘အဲတာတွေကို ဖျက်ဆီးပစ်ဖို့အတွက် ငါက လုံလောက်အောင် သန်မာနေဖို့ပဲ လိုအပ်တာ..။နင်က အခိုက်အတန့်ကို ဖျက်ဆီးပစ်ချင်တာ မလား..။ကောင်းပြီလေ..ငါက ကံတရားတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်တာ..။ငါတို့ နှစ်ယောက်ထဲက ဘယ်သူက ပိုပြီး ရူးသွပ်တယ်လို့ နင် ထင်လဲ..”

သူ ရုပ်တရက် ရယ်မောလိုက်တယ်..။သူ့ရဲ့ အသံမှာတော့..ကျေနပ်အားရမူနဲ့ ခါးသက်မူတွေ ပါဝင်နေခဲ့ပါတယ်..။

‘တကယ်လို့ ဝီဗာက လုပ်နိုင်ခဲ့တယ် ဆိုရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ..။ပြီးတော့..တကယ်လို့ ဝီဗာက ဒါကို ဖန်တီးထားခဲ့တယ်ဆိုရင်..ငါက ဘာလို့ မချိုးဖျက်နိုင်ရမှာလဲ..။တကယ််လို့ အဲတာက ငါတို့ရဲ့ စိတ်ဆန္ဒတွေ ဖြစ်မယ်ဆိုရင် ဘယ်သူတွေကများ ငါတို့ကို တားဆီးရဲမှာလဲ..”

ဆန်နီ ရဲ့ အပြုံးက ပိုပြီး ကြီးမားလာခဲ့တယ်..။ပြီးတဲ့နောက်မှာတော့ နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့ပါတယ်..သူ့ မျက်လုံးထဲမှာတော့ နက်မှောင်မူတွေသာ ရှိနေခဲ့တယ်..။

အတော်ကြာပြီးကာမှ သူက မျက်နှာကို ပွတ်လိုက်ပြီး..

‘ဘာပဲဖြစ်ဖြစ်…ကတ်စီ နဲ့ ငါက မကြာခင်မှာ ဒုတိယအိပ်မက်ဆိုးကို စိန်ခေါ်ကြတော့မှာ..။ငါတို့က နင့်ဆီကို အချိန်အတော်ကြာတဲ့ အထိ လာရောက် လည်ပတ်နိုင်ကြတော့မှာ မဟုတ်ဘူး..။ဒီတော့..နင်…နင် ကိုယ့်ကိုကို ဂရုစိုက်ပါ..နစ်..။ငါ့ကို စိတ်မပျက်စေနဲ့..။ငါက နင့်ကို ကျော်ဖြတ်နိုင်ဖို့အတွက် နင်အသက်ရှင်တဲ့ နေရက်တွေကို အမြဲတမ်း ရေတွက်နေခဲ့တာ..’

ဒီလိုပြောပြီးတာနဲ့သူ လေးလံစွာ သက်ပြင်းချလိုက်ပြီး..မတ်တတ်ထရပ်လိုက်ကာ…နောက်လှည့်မကြည့်ပဲ ထွက်ခွာသွားခဲ့ပါတယ်..။

အခုတော့..သူ အိပ်စက်ရမယ့် အချိန်ရောက်လာခဲ့ပါပြီ..။

…….

သူ့ရဲ့ ဇိမ်ခံ အိပ်စက်ခြင်းသေတ္တာထဲကို.. မဝင်ရောက်ခင်မှာတော့..ဆန်နီဟာ အယ်ဖီနဲ့ စကားပြောနေခဲ့တယ်..။သူက သူမရဲ့ အိပ်စက်ရာနေရာကို..မြေအောက် ဒိုဂျိုဆီကို ရွေ့ပြောင်းပြီး..သူ့ရဲ့ သေတ္တာနားမှာ တပ်ဆင်ပေးလိုက်ပါတယ်..။သူတို့နှစ်ယောက်စလုံးက အိပ်မက်ဆိုးထဲမှာအချိန် အတော်ကြာအောင် ကုန်ဆုံးကြရမှာ ဖြစ်တာကြောင့်..ဒီအိမ်ကို အချိန်အတော်ကြာအောင် ပိတ်ထားရပါလိမ့်မယ်..။

ဆန်နီက ဒီအရာကို ညဘုရားကျောင်းကနေ ပြန်လာပြီးတဲ့ အချိန်ရောက်မှ ပြုလုပ်လို့ ရတယ်ဆိုပေမယ့်..ဗာလာကလန်ရဲ့ တာဝန်ရှိသူနဲ့ မှားယွင်းမူတစ်ချို့ ဖြစ်ပျက်သွားခဲ့ရင် အယ်ဖီကပဲ ဒီအရာတွေကို ပြင်ဆင်ရပါလိမ့်မယ်..။သူက သူမကို လုံခြုံရေးးစနစ်ရဲ့ လျိုဝှက်နံပါတ်တွေနဲ့..လုပ်ငန်းစဉ်တွေကို တစ်ခါတည်း ရှင်းပြလိုက်တယ်..။

ယင်းနောက် ဆန်နီက စက်ချွတ်ယွင်းမူကို စစ်ဆေးပြီး..ပြီးပြည့်စုံစွာ လုပ်ဆောင်မူ ရှိမရှိနဲ့..သူ့ရဲ့ ခန္တာကိုယ်ကို လပေါင်းများစွာ ၊ နှစ်ပေါင်းများစွာ အထိ ထိန်းသိမ်းနိုင်စွမ်းရှိမရှိ စစ်ဆေးလိုက်ပါတယ်..။ပြီးတာနဲ့သက်ပြင်းချလိုက်တယ်..။

…အမှန်တော ဒါက ကိစ္စမရှိပါဘူး..။မျိုးစေ့ထဲကို ဝင်ရောက်ပြီးပြီဆိုရင်..သူက သေရင်သေ၊ မသေရင် မာစတာ တစ်ယောက်ဖြစ်လာတော့မှာပါ..။တကယ်လို့ အဲဒီလို ဖြစ်လာခဲ့မယ်ဆိုရင်..သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္တာကိုယ်က..သိပ်ပြီး အရေးမကြီးတော့ပါဘူး..။တကယ်လို့ သူ အထဲမှာ သေဆုံးသွားမယ် ဆိုရင်လည်း အတူတူပါပဲ..။

တက်ရောက်မူက ရုပ်ပိုင်းဆိုင်ရာ ခန္တာကိုယ်နဲ့ စိတ်ဝိဉာဉ် ခန္တာကိုယ်ကို ပေါင်းစည်းပေးတယ်ဆိုပေမယ့် ရုပ်ပိုင်းဆိုင်ရာ ခန္တာကိုယ် က လုံးဝပျက်စီးသွားမယ် ဆိုရင်တောင်..ဒီဖြစ်စဉ်က အသစ်တစ်ခုကို ဖန်တီးပေးသွားမှာပါ..။ဒီတော့..တက်ရောက်ခြင်းက..စိတ်ဝိဉာဉ်ခန္တာကိုယ်ကို အစစ်အမှန်အဖြစ် ပြောင်းလဲပေးနိုငတယ် ဆိုရင် ပိုပြီး မှန်ကန်ပါလိမ့်မယ်..။ဘာပဲဖြစ်ဖြစ် ရလာဒ်ကတော့ အတူတူပါပဲ..။

ဒါကြောင့်ပဲ အယ်ဖီက သေလောက်အောင် မာစတာ တစ်ယောက် ဖြစ်ချင်နေခဲ့တာပါ..။ဒါက သူမကို အိပ်မက်ကမ္ဘာထဲကလိုပဲ..ကျန်မာသန်စွမ်းမူ နဲ့ သန်မာမူတွေကို ပေးစွမ်းနိုင်စွမ်းရှိတယ် ဆိုတာကို သူမ သိထားခဲ့ပါတယ်..။ဒါကပဲ..များပြားလှတဲ့ ပျောက်ဆုံးသူတွေက..ဒုတိယအိပ်မက်ဆိုးကို စိန်ခေါ်နိုင်ဖို့အတွက် စိတ်ကူးယဉ်နေရတဲ့ အကြောင်းပြချက်ပါပဲ..။

…ဒါကြောင့်..အိပ်စက်ခြင်းသေတ္တာက..စက်ချွတ်ယွင်းပြီး ဆန်နီကို ထိန်းသိမ်းပေးရမယ့်အစား..အသားကင်အဖြစ်ပြောင်းလဲလိုက်မယ်ဆိုရင်တောင် ..ဒါက အရေးမကြီးတော့ပေ..။တကယ်လို့ အိပ်မက်ဆိုးကသာ သူ့ကို မသတ်နိုင်ခဲ့ဘူးဆိုရင်..သူက ပိုကောင်းမွန်တဲ့ ခန္တာကိုယ်အသစ်တစ်ခုကို ပြန်ရယူနိုင်ပါတယ်..။

ဒါတောင်မှ ဆန်နီက သူ့ရဲ့ သေမျိုး ခန္တာကိုယ်ကြီးကို စွဲလမ်းနေတုန်းပါပဲ..။သူက စိတ်ခံစားမူတစ်ချို့ကြောင့် အဲတာကို ထိခိုက်ဒဏ်ရာဖြစ်တာမျိုးတွေ လုံးဝ မလိုချင်ခဲ့ပါဘူး..။

သူ သက်ပြင်းချလိုက်ပြီး..ဒိုဂျိုကို နောက်ဆုံးတစ်ကြိမ်ကြည့်ကာ..အိပ်စက်ခြင်းသေတ္တာထဲကို တက်လိုက်တယ်..။

သူ့ကို ဝီးချဲနဲ့ တိတ်တဆိတ်ကြည့်နေခဲ့တဲ့ အယ်ဖီကတော့..လက်တစ်ဖက်ကို မြောက်ပြပြီး နှုတ်ဆက်လာခဲ့ပါတယ်..။

“ကောင်းမွန်တဲ့ အိပ်မက်ဖြစ်ပါစေ..”

ဆန်နီဟာ အစားကြီးတဲ့ မုဆိုးမိန်းကလေးကို အိမ်အနှံ့မှာ စားသောက်ပြီးသား ပန်းကန်တွေကို မထားထားဖို့ ခြိမ်းခြောက်သတိပေးလိုက်ချင်ပေမယ့်..သူက ဒီအတွက် အရမ်းကို ပင်ပန်းနေခဲ့ပါပြီ..။

သတ္တုအဖုံးက လှုပ်ရှားသွားတာနဲ့ တစ်ပြိုင်ဖက် သူက မျက်လုံးတွေကို မှိတ်ကာ အမှောင်ထုရဲ့ ပွေ့ဖက်မူကို ခံယူလိုက်ပါတယ်..။

ဆန်နီ နောက်တစ်ကြိမ် မျက်လုံးတွေကို ပြန်ဖွင့်လိုက်တဲ့ အချိန်မှာတော့ သူက နိုတစ် မြင့်မြတ်နယ်မြေကို ရောက်နေခဲ့ပါပြီ..။

….

ဆန်နီက ကျွန်းရဲ့ အစွန်းမှာ ရပ်နေခဲ့ပြီး..အဝေးကို ဆန့်တန်းထားခဲ့တဲ့ ကောင်းကင်ချိန်းကြိုးကို ကြည့်နေခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ်ပေါ်မှာတော့…ည်ို့မှိုင်းတဲ့ သံမဏိနဲ့ ပြုလုပ်ထားတဲ့ ပေါ့ပါးတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားခဲ့ပြီး..တောက်ပတဲ့ ငွေရောင်အသွားနဲ့ လှံရှည်တစ်ချောင်းကို ကိုင်ဆောင်ထားခဲ့တယ်..။

ကတ်စီကတော့ သူ့ရဲ့ ဘေးနားမှာရှိနေခဲ့ပြီး..တောက်ပြောင်တဲ့ အကာအကွယ်တွေရဲ့ အောက်ဘက်မှာ အပြာရောင် အကျ်ီကို ဝတ်ဆင်ထားခဲ့ပါတယ်..။သူမရဲ့ လက်က တိတ်တဆိတ်ကခုန်သူ ရဲ့ လက်ကိုင်မှာ တင်ထားခဲ့ပြီး..သူမရဲ့ မျက်နှာပေါ်မှာ ထည်ဝါတဲ့ မျက်နှာဖုံး ပုဝါတစ်ခု ရှိနေခဲ့တယ်..။သူမရဲ့ ရှည်လျားတဲ့ ရွှေရောင်ဆံပင်ကတော့..လေထဲမှာ တလူလူ လွင့််ပျံနေခဲ့ပါတယ်..။

သူတို့က ထွက်ခွာဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ကြပါပြီ..။

ဆန်နီ သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး..ထာဝရချိန်းရဲ့ ညို့မှိုင်းတဲ သံမဏိတွေကို ကြည့်လိုက်တယ်..။

သူတို့ သေဆုံးခဲ့ကြတဲ့ သူမရဲ့ အမြင်အာာရုံထဲက ပုံစံက အခုသူတို့ ဝတ်ဆင်ထားတဲ့ ပုံစံအတိုင်း အတိအကျပဲ ဆိုတာကို မမှတ်မိလောက်အောင် အထိ သူ မရူးသွပ်သေးပါဘူး..။သူတို့နှစ်ယောက်တည်း ရှိပြီး သူက သတ္တုအကာအကွယ်ကို ဝတ်ဆင်ထားခဲ့တာပါ..။

လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက..နှင်းတွေပါပဲ..။

…သို့ပေမယ် ဆန်နီ ဒါကို ဂရုမစိုက်ပေ..။

သူက အနာဂတ်နဲ့ ပတ်သက်တဲ့ အသိပညာတွေကနေ တစ်ကြိမ် လှည့်စားခံရပြီးပါပြီ..။သူ ရှောင်လွဲဖို့ကြိုးစားခဲ့တဲ့ အရာတွေ မှန်သမျှက..အမြင်အာရုံတွေ အမှန်တကယ်ဖြစ်လာအောင် ကူညီပေးနေသလိုပဲ ဖြစ်နေခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့..သူက ကံတရားရဲ့ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မခံနိုင်တော့ပေ..။သူက သူလုပ်ချင်တဲ့ လမ်းတစ်လျောက်လုံးမှာ လုပ်ဖို့ လိုအပ်တာ မှန်သမျှကို လုပ်သွားမှာဖြစ်ပြီး..နောက်ဆက်တွဲတွေအားလုံးကိုလည်း နောင်တတရားမရှိပဲရင်ဆိုင်သွားမှာပါ..။

ဆန်နီ သက်ပြင်းချပြီး..ကတ်စီကို ကြည့်ကာ ပြောလိုက်တယ်..။

“သွားကြရအောင်..”

ဒီလိုပြောပြီးတာနဲ့ သူက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး..ကျွန်းရဲ့ အစွန်းကနေပြီး ခုန်ချလိုက်ပါတယ်..။

အပိုင်း ( ၅၆၀ ) ပြီး၏။

All Chapters