← Chapters

မြောက်ဘက်သို့ ခရီး..

Vol. 38 Ch. 561

မြောက်ဘက်သို့ ခရီး..

Vol. 38 Ch. 561

သူတို့ရဲ့ စူးစမ်းရှာဖွေမူကို စတင်တဲ့ အချိန်မှာတော့..နွေရာသီရဲ့ နောက်ဆုံးသော နွေးထွေးမူတွေက ချိန်းကျွန်းစုပေါ်ကနေ ထွက်ခွာနေခဲ့ကြပါပြီ..။အိပ်မက်ကမ္ဘာထဲက..နေရာတိုင်းက နိုးထခြင်းကမ္ဘာမှာလို ရာသီဉတုတွေ ရှိနေတာ မဟုတ်ပါဘူး..။သို့ပေမယ့် ဒီတစ်ခုကတော့ အတော်လေးကို ဆင်တူပါတယ်..။သူတို့က ညဘုရားကျောင်းကို ရောက်မယ့် အချိန်လောက်ဆိုရင်..ဆောင်းဦးရာသီက အပြည့်အဝရောက်ရှိနေလောက်ပါပြီ..။

တကယ်လို့ အားလုံးသာ အဆင်ပြေမယ် ဆိုရင်..ဒီခရီးက..နှစ်ပတ်..သုံးပတ်လောက်ပဲ ကြာပါလိမ့်မယ်..။ဆန်နီဟာ..ဆန်းကျယ်တဲ့ ခံတပ်ကို ရောက်ပြီး..အောက်တိုဘာလလယ်လောက်မှာပဲ..ဆင်စွယ်ရောင် ဓားကို ယူဖို့စီစဉ်ထားခဲ့တယ်..။ပြီးတဲ့နောက်မှာတော့..နိုင်ဝင်ဘာလ အစောပိုင်းနေ့ရက်တွေမှာ..အယ်ဖီ ၊ ကိုင် ၊ မီးစောင့်ရှောက်သူတွေ နဲ့..သဘော်ပျက်ကျွန်းမှာ ပြန်လည်တွေ့ဆုံသွားမှာပါ..။ဒါက..သူတို့အနေနဲ့ အနက်ရောင်တာဝါကို ရောက်ပြီး..ဆောင်းရာသီမတိုင်ခင် မျိုးစေ့ထဲကို ဝင်ရောက်ဖိုမတိုင်ခင်မှာ တစ်လလောက် အချိန်ပေးရပါလိမ့်မယ်..။

ဒါပေါ့..အိပ်မက်ကမ္ဘာထဲမှာတော့..တစ်စုံတစ်ယောက်က..ဘယ်အစီအစဉ်ကိုမှ..အရမ်းကြီး အမှီပြုနေလို့ မဖြစ်ပါဘူး..။

ဆန်နီက..ချိန်းကျွန်းစုတွေပေါ်မှာ ဖြတ်သန်းသွားလာဖို့အတွက် ကိုယ့်ကိုကို အတော်လေး ယုံကြည်မူရှိပေမယ့်..ဘဝင်မြင့်လို့ မရဘူး ဆိုတာကို သူ သိထားပြီးသားပါ..။ဒီနေရာက.. ကြောက်မက်ဖွယ်သတ္တဝါတွေ ၊ လှည့်ဖြားတတ်တဲ့ ခြိမ်းခြောက်မူတွေ နဲ့ အတော်လေးကို သေလောက်အောင် အန္တရာယ်များတဲ့ ကုန်းမြေတစ်ခုပါ..။

သူက ဒီနေရာက ကျွန်းတွေ အများကြီးကို စူးစမ်းဖော်ထုတ်ပြီး..သတ္တဝါတွေအများကြီးကို အမဲလိုက်ခဲ့ပေမယ့်..ကိုးလ လုံးလုံး..နေရာအနှံ့လျောက်သွားနေခဲ့တာတောင်..ဆန်နီက..နိုတစ်မြင့်မြတ်နယ်မြေ တည်ရှိတဲ့ တောင်ဘက်အပိုင်းကိုသာ..ကောင်းကောင်း သိရှိနားလည်နိုင်ခဲ့တာပါ..။သူက အက်ကွဲကြောင်းကြီးရဲ့ အနောက်ဘက် နဲ့ မြောက်ဘက်ပိုင်းတွေကို တစ်ခါမှ မသွားခဲ့ဖူးပေ..။

ချိန်းကျွန်းစုရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ အက်ကွဲကြောင်းကြီးနဲ့ နီးကပ်လာတာနဲ့ အမျှသူတို့ တွေ့ရှိရတဲ့ အန္တရာယ်တွေကလည်း ပိုမိုများလာခဲ့တာကြောင့်..အခြေအနေတွေက ပိုပိုပြီးသာ ဆိုးဝါးလာခဲ့ပါတယ်..။ည ဘုရားကျောင်းကို အလျင်အမြန်ရောက်ရှိဖို့ အတွက်ဆိုရင်..ဆန်နီ နဲ့ ကတ်စီ တို့က အက်ကွဲကြောင်း အနားကို ကပ်ပြီး..ဘေးပတ်ဝန်းကျင်ကနေ ကပ်သွားမှ ရမှာပါ..။ဒါက သူတို့က ဒီနယ်မြေတစ်ခုလုံး ရဲ့ အန္တရာယ် အများဆုံးဒေသကို ကျော်ဖြတ်သွားရတော့မယ်လို့ ဆိုလိုတာပါပဲ..။

သို့ပေမယ့် အဆိုးတွေချည်းသက်သက်တော့ မဟုတ်ပေ..။မီးစောင့်ရှောက်သူတွေက..ချိန်းကျွန်းစု ရဲ့ မြောက်ဘက်ဒေသမှာ အချိန်တွေအများကြီး ကုန်ဆုံးခဲ့ကြတာကြောင့်..ဆန်နီ ဆီမှ မရှိတဲ့ အသိပညာ တွေက ကတ်စီ ဆီမှာ ရှိနေခဲ့ပါတယ်..။သူက မော်ဒရက် ရဲ့ မြေပုံကနေ တဆင့် အချက်အလက်တွေ အားလုံးကို ကူးယူထားခဲ့ပါသေးတယ်..။ဒီမြေပုံမှာတော့..သူတို့ဖြတ်ကျော်သွားရမယ့် နေရာတွေနဲ့ပတ်သက်ပြီး အသေးစိတ် မှတ်သားထားပေးခဲ့တာပါ..။

သူက ရှေ့မှာ စောင့်ဆိုင်းနေတဲ့ အန္တရာယ်တွေ အတွက် လုံလောက်အောင် သန်မာနေခဲ့ပြီ ဖြစ်သလို ..ကတ်စီကလည်း အရင်ကလို..အကာအကွယ်မဲ့ မဟုတ်တော့ပေ..။သူတို့ နဲ့ယောက်နဲ့တင် သွားလာဖို့အတွက်က လုံလောက်နေခဲ့ပါပြီ..။ဒီ အကြောင်းတရားတွေ ကြောင့်ပဲ ဆန်နီက သူ့ရဲ့ အဖွဲ့သားတွေ အားလုံး မပါဝင်ပဲ ခရီးထွက်လာဖို့အတွက် ဆုံးဖြတ်ခဲ့တာပါ…။

နောက်ထပ်နေ့ရက်တွေမှာတော့..သူ့ရဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်တယ်ဆိုတာကို သက်သေပြလာခဲ့ပေ..။သူတို့ရဲ့ ခရီးက အံ့ဩစရာကောင်းလောက်အောင် ချောမွေ့နေခဲ့တာပါ..။ခရီးသွားလာရာမှာလည်း ဘာ ပြသနာမှ မရှိခဲ့ပါဘူး..။ကတ်စီက သူ့ရဲ့ အကူအညီမပါပဲ ကျွန်းတစ်ကျွန်းကနေ နောက်တစ်ကျွန်းကို ကူးသန်းနေနိုင်တာကတင် သူ့အတွက် အတော်လေး စိတ်သက်သာရာရစေပါတယ်..။

သူမရဲ့ ဒုတိယ ကဏ္ဍစွမ်းရည် နဲ့ တိတ်တဆိတ် ကခုန်သူကြောင့်..မျက်မမြင် မိန်းကလေးက..လုံလောက်တဲ့ တိကျမူတွေနဲ့ တစ်နေရာကနေ တစ်နေရာကို ရွေ့လျားနေနိုင်ခဲ့တယ်..။ဒီ့အပြင် သူမဆီမှာ ထပ်တူညီမူတစ်ခုကို အားဖြည့်ပေးနိုင်တဲ့ တက်ရောက်မူအဆင့် အဆောင်တစ်ခု ရှိနေခဲ့ပြီး..သူမက ဒီအရာကို..ယိမ်းနွဲ့ပါး ဓားရှည် ပေါ်မှာ အသုံးပြုထားခဲ့ပါတယ်..။

သူ့ရဲ့ အကူအညီကြောင့် ကခုန်သူက..သူမရဲ့ အလေးချိန်ကို အကွာအဝေး အနည်းငယ်အထိ..သယ်ဆောင်ပေးနိုင်စွမ်း ရှိနေခဲ့တယ်..။ဒါက ကတ်စီ ကို ချိန်းကြိုးတွေပေါ်ကို အလွယ်တကူ တက်ရောက်နိုင် ၊ ဆင်းသက်နိုင်စွမ်းရှိစေပါတယ်..။အဆောင်ရဲ့ တစ်ခုတည်းသော ဆိုးကျိုးကတော့ သူမရဲ့ အဆီအနှစ်တွေကို အလျင်အမြန် ကုန်ဆုံးသွားစေနိုင်တာပါပဲ..။ပြီးတော့ သူမက ဒီစွမ်းရည်ကို မကြာခန ဒါမှမဟုတ်..အကြာကြီး အသုံးမပြုနိုင်ပေ..။

ဒါပေါ့..ခရီးသွားလာရတာက..သူတို့ ကြုံတွေ့ရတဲ့ ပြသနာတွေထဲမှာ အသေးအမွှားလေးပါပဲ..။သူတို့က ချိန်းကျွန်းစု ရဲ့ ဗဟို နှလုံးသားနဲ့ နီးကပ်လာလေလေ..အိပ်မက်ဆိုးသားရဲတွေ က သူတို့ရဲ့ ရနံ့ကို ရရှိလာကြလေလေပါ..။ဒီနေရာမှာတော့..ဆန်နီ အလုပ်လုပ်လာရပါပြီ..။

သူ တော်စင် အကူအညီအပြင် ၊ လိုအပ်လာရင် ဝိဉာဉ်မြွေပါ ရှိနေခဲ့တာကြောင့်..သူက သူတို့ကို အန္တရာယ် ပေး တိုက်ခိုက်လာရဲတဲ့ အရာမှန်သမျှကို ကိုင်တွယ်ထားနိုင်ခဲ့တယ်..။ကတ်စီ လည်း ကူညီပေးတယ် ဆိုပေမယ့် သူမ တစ်ခုခုလုပ်ဖို့ လိုအပ်တဲ့ အချိန်ဆိုတာက အရမ်းကို ရှားပါးပါတယ်..။ဆန်နီ နဲ့ သူ့ရဲ့ အရိပ်တွေက..အလွန်လျင်မြန် ၊ တွက်ချက်တတ်ပြီး..သေစေနိုင်စွမ်းတွေ ရှိနေခဲ့ကြတယ်..။သူတို့ ပေါင်းစပ်ထားတဲ့ ခွန်အားက တကယ်ကို ကြောက်မက်ဖွယ်ရာ ပါပဲ..။

ဒါက မျက်မမြင် မိန်းကလေးက အသုံးမဝင်တဲ့ လူတစ်ယောက်လို ဖြစ်နေတယ် လို့ ပြောချင်တာ မဟုတ်ပေ..။ပြောင်းပြန်အနေနဲ့ သူမရဲ့ တည်ရှိမူက..သူတို့ရဲ့ ပန်းတိုင်ဆီကို အခုလို လျင်လျင်မြန်မြန်သွားနေနိုင်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုတောင် ဖြစ်နေနိုင်ပါသေးတယ်..။

သူမရဲ့ ကြိုတင်သိမြင်နိုင်စွမ်း ၊ ထက်မြက်တဲ့ အာရုံခံနိုင်စွမ်း နဲ့ သဘာဝလွန် အလိုလိုသိစိတ်တွေက ဆန်နီ ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေနဲ့ ပြီးပြည့်စုံလောက်အောင်ကို လိုက်ဖက်ညီနေခဲ့ပါတယ်..။သူတို့ရဲ့ အတူတူလက်တွဲ အလုပ်လုပ် နိုင်စွမ်းက စိတ်ရှုပ်ဖို့ကောင်းလောက်အောင်ကို ကောင်းမွန်နေခဲ့တယ်..။သူက ရှေ့ကို ကြိုတင်ထောက်လှမ်းပြီး..သားရဲတွေကို တိုက်ခိုက်ဖျက်ဆီးတဲ့ အချိန်မှာ …ကတ်စီက..အတက်အဆင်း ဖြစ်နေကြတဲ့ ဝက်ပါလို ကျွန်းတွေကြားထဲမှာ လမ်းပြကာ..စစ်မှန်တဲ့ ထိပ်လန့်ဖွယ်ရာတွေ ၊ ဖုံးကွယ်နေတဲ့ ချောင်းမြောင်းတိုက်ခိုက်မူတွေ နဲ့ ဖိနိပ်မူတွေကို ရှောင်ရှားနိုင်ခဲ့ကြပါတယ်..။

ဒီဟာတွေ အားလုံးထဲမှာ အထူးဆန်းတဲ့ အချက်က သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စကားတစ်ခွန်းတောင် မပြောကြတာပါပဲ..။ဒါတောင်မှ..သူတို့က ဒီလောက်အထိ နက်ရှိုင်းတဲ့ နားလည်နိုင်စွမ်းတွေနဲ့ပူးပေါင်း ထားနိုင်ခဲ့ပါသေးတယ်..။ခရီးလမ်း အများစုမှာ တိတ်တဆိတ်သာ ဖြတ်သန်းနေခဲ့ပြီး..လုံးဝကို လိုအပ်လာတဲ့ အချိန်မှသာ နှစ်ယောက်စလုံးက စကားပြောလေ့ ရှိကြပါတယ်..။သာမန် စကားစမြည်ပြောတာတွေ ၊ မရေးမကြီးတာတွေ ပြောတာတွေ နဲ့ ခင်ခင်မင်မင် ပြောဆိုတာမျိုးတွေ လုံးဝ မရှီပါဘူး..။

ဆန်နီက သူ ခါတိုင်းလုပ်နေကြဖြစ်တဲ့ သူ့ရဲ့ အရိပ်နဲ သူတော်စင်တွေကို စကားပြောဆိုတာ မျိုးတောင် မလုပ်ခဲ့ပေ..။ဒီလိုမျိုး တိတ်ဆိတ်မူသာ ကြီးစိုးနေခဲ့တာကြောင့် အစတုန်းကတော့ အတော်လေး ကြောင်တောင်တောင် နိုင်ပါတယ်..။သို့ပေမယ့် သူက ဒါကို အသားကျသွားခဲ့တယ်..။သူက ငြိမ်းချမ်းမူနဲ့ တိတ်ဆိတ်မူကို စတင်သဘောကျလာခဲ့ပြီး..တစ်ခြားအပေါင်းအပါတစ်ယောက် နဲ့ အတူရှိနေရတာကိုလည်း သဘောကျလာခဲ့ပါတယ်…။ဒါက ကတ်စီ ဖြစ်နေတယ် ဆိုရင်တောင်မှပါ..။

သူတို့ရဲ့ ပူးပေါင်းမူက ချောမွေ့ကာ ထိရောက်မူရှိပြီး..စိတ်ထဲက ဝန်ထုတ်ဝန်ပိုးတွေ နဲ့ တစ်ခြား ပြသနာတွေ တစ်ခုမှ ရှိမနေခဲ့ပေ..။သူတို့က အစီအစဉ်ချောမွေ့ ဖို့ အတွက်သာ ပူးပေါင်းထားခဲ့ကြတာပါ..။တစ်ခြား ဘယ်အရာတွေကိုများ..ကွန်ပလိန်းတက်နိုင်ဦးမှာလဲ..။

သူတို့က ကြမ်းတမ်းပြီး..သာယာဖွယ်မရှိတဲ့ ကျွန်းတွေကို ဖြတ်သန်းခဲ့ကြရသလို …စိမ်းစိုပြီး လှပတဲ့ ကျွန်းတွေကိုလည်း ကျော်ဖြတ်ခဲ့ကြရပါတယ်..။ရွံစရာ သတ္တဝါတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတွေ နဲ့ အရိုးတွေ ပြာတွေကလွဲပြီး ဘာမှမရှိတဲ့ ကျွန်းတွေကိုလည်း ဖြတ်သန်းခဲ့ကြရပါသေးတယ်..။ကျယ်ပြန့်တဲ့ ကျွန်းတွေနဲ့ သေးငယ်ပေမယ့် အမြင်ရနိုင်တဲ့ အန္တရာယ်တွေကို ဖုံးကွယ်ထားတဲ့ လှည့်ဖျားတတ်တဲ့ ကျွန်းတွေကိုလည်း ဖြတ်ကျော်ခဲ့ရတယ်..။

…မြောက်ဘက်မိုးကုတ်စက်ဝန်း ရဲ့ အောက်ဘက်မှာ အနက်ရောင် မျဉ်းကြောင်းကြီးတစ်ခု မြင်တွေ့လာခဲ့ရတဲ့ နေ့ရက်က သိပ်ပြီး မကြာခဲ့ပါဘူး..။ဆန်နီ ဒီအရာကို ပထမဆုံး မြင်တွေ့ရတဲ့ အချိန်မှာတော့.. သူက မြောက်ဘက်ကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်ပြီး..အတော်ကြာအောင် ခံစားချက်မဲ့စွာ ရပ်နေခဲ့ပါတယ်..။

ဟောလိုး တောင်တန်းတွေ…။

အချိန်တွေ အများကြီး ကြာပြီးတဲ့နောက်မှာ သူ ဒီအရာကို နောက်တစ်ကြိမ် ပြန်မြင်တွေ့ရပါပြီ..။

အဲဒီနေ့ပြီးတဲ့ နောက်မှာတော့..အနက်ရောင် မျဉ်းကြောင်းက ပိုမိုကြီးမားကာ..နီးကပ်လာခဲ့တယ်..။မကြာခင်မှာပဲ..သူက တောင်ထိပ်တစ်ခုချင်းစီ နဲ့ ချွန်ထက်တဲ့ တောင်တန်း တွေက မိုးကောင်းကင်ကို ထိုးဖောက်မတတ်ဖြစ်နေတာ ကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာခဲ့ရပါတယ်..။ဒါက ကြီးမားတဲ့ နဂါးတစ်ကောင်ရဲ့ ဦးချိုကြီးတွေလိုပါပဲ..။

ပြီးတော့..အဲဒီအနက်ရောင် တောင်ထိပ်တွေကို မြူတွေဖုံးလွှမ်းနေတဲ့ နေ့ရက်တစ်ရက် မှာပဲ..သူတို့က နောက်ဆုံးမှာ ည ဘုရားကျောင်းကို ရောက်ရှိလာခဲ့ကြပါတယ်..။

အပိုင်း ( ၅၆၁ ) ပြီး၏။

All Chapters