← Chapters

ည အတွင်းသို့

Vol. 38 Ch. 562

ည အတွင်းသို့

Vol. 38 Ch. 562

ဆန်နီ နဲ့ ကတ်စီ တို့ ဖြတ်ကူးနေစဉ်မှာတော့ ချိန်းကြိုးက လှုပ်ယမ်းနေခဲ့ပြီး..မကြာခနဆိုသလိုလည်း အသံတွေ ထွက်ပေါ်နေပါသေးတယ်..။သူတို့ ထွက်ခွာလာခဲ့တဲ့ ကျွန်းက တက်ရောက်ခြင်း အခြေအနေကို ရောက်နေခဲ့တာကြောင့်..သူတို့ရဲ့ ရှေ့မှာ ရှိနေတဲ့ ကျွန်းက အောက်ဘက်မှာ ရှိနေပြီး အပြည့်အဝကို မြင်တွေ့နေရတယ်..။

မြောက်ဘက်ပိုင်းရဲ့ ကျွန်းက အရမ်းကြီး မကြီးမားပါဘူး..။ဒါက အများဆုံး အနေနဲ့ ကီလိုမီတာ အချင်းနှစ်ခုစာလောက်ပဲ ကွာခြားပါလိမ့်မယ်..။သူ့ ရဲ့ မျက်နှာပြင်ကတော့..မြေပြန့်တစ်ခုဖြစ်ပြီး..နေရာတစ်ခုလုံးကို လှပတဲ့ ခရမ်းရောင် ပန်းပွင့်တွေနဲ့ ဖုံးလွှမ်းထားခဲ့ပါတယ်..။ဒီပန်းပွင်းတွေက ပိုးချည်တွေနဲ့ ရစ်ပတ်ထားကြသလိုဖြစ်နေခဲ့တယ်..။နေရောင်က ကောင်းကင်ထက် အတော်မြင့်မြင့်မှာ ရှိနေသေးတယ် ဆိုပေမယ့်..ပန်းပွင့်များရဲ့ အဖူးတွေကတော့ ပိတ်နေခဲ့ပါတယ်..။

ကတ်စီ ပြောပြလို့ ဆန်နီ သိထားတဲ့ အချက်အလက်အရ ဆိုရင်တော့..ဒီပန်းပွင့်တွေက ညအချိန်မှာသာ ပွင့်လန်းကြမှာဖြစ်ပြီး..ကျောချမ်းဖွယ်ကောင်းတဲ့ လှပတဲ့ အလင်းရောင်တွေကို ထုတ်လွှတ်ကြပါလိမ့်မယ်..။သူက ဒီထူးဆန်းပြီး..ဆန်းကျယ်တဲ့ မြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့လိုပေမယ့် အခုချိန်မှာက ပိုပြီး အရေးကြီးတဲ့ အရာတွေက ရှိနေပါသေးတယ်...။

အခုချိန်မှာ ဆန်နီ ရဲ့ အာရုံစူးစိုက်မူတွေက..ကျွန်း အပေါ်မှာတောင် ရှိမနေခဲ့ဘူး ဆိုတာကိုတော့ ပြောနေစရာတောင် မလိုအပ်တော့ပေ..။

အဲဒီအစား သူတို့က ကျွန်းတစ်ခုလုံးကို လွှမ်းမိုးထားပြီး နက်ရှိုင်းတဲ့ အရိပ်တွေနဲ့ ဖုံးအုပ်ထားတဲ့ ဟောလိုးတောင်တန်းရဲ့ တောင်ထိပ်တွေကိုသာ ကျော်ပြီး ကြည့်နေခဲ့မိပါတယ်..။

သူတို့တွေက..အဖြူရောင် မြူတွေက ဖုံးလွှမ်းထားခဲ့ကြပြီး..အနက်ရောင် ဆင်ခြေလျောတွေ အတိုင်း စီးဆင်းသွားခဲ့ကြကာ..အဆုံးမရှိတဲ့ အဖြူရောင် တိမ်တိုက်တွေလိုပဲ..အောက်ဘက် ကောင်းကင်ဆီကို ကျဆင်းသွားခဲ့ကြ တယ်..။ဒီအရာရဲ့ မြင်ကွင်းက..ကြီးကျယ်ခမ်းနားသလို..ထိပ်လန့်ဖို့လည်း ကောင်းနေခဲ့ပါတယ်..။

ဒါက ကောင်းကောင်းကြီးတစ်ခုလုံးကို အလင်းမရှိတဲ့..လေဟာနယ်ကြီးက တစ်ဖြည်းဖြည်းဝါးမြိုနေသလို မျိုး ဒါမှမဟုတ် ကျူးကျော်နေကြသလိုမျိုး ပုံပေါ်နေခဲ့တယ်.။

ကြောက်မက်ဖွယ်ကောင်းတဲ့ တောင်တန်းတွေကို ကြည့်ရင်း..ဆန်နီ အကူအညီမဲ့စွာပဲ..နစ်ဖီက အဲဒီ အဖြူရောင်မြူတွေ ကြားထဲက တစ်နေရာရာမှာ ရှိနေလောက်မလား ဆိုတာကို တွေးမိလိုက်ပါတယ်..။ဒါမှမဟုတ်..သူမက ဒီအထဲကို မဝင်ရဲတဲ့ အတွက် တစ်ခြားလမ်းကြောင်းကို ပဲ ရွေးချယ်သွားမှာလား..။

သူ သိနိုင်စရာ နည်းလမ်း မရှိပါဘူး..။

သူ သက်ပြင်းချလိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်တယ်..။ပြီးတဲ့နောက်မှာတော့..ခြေလှမ်းတစ်လှမ်းပြီး တစ်လှမ်းကို အာရုံစိုက်လိုက်ပါတယ်..။

မကြာခင်မှာပဲ..သူတို့က မြောက်ပိုင်း ကျွန်းစုကို ပျံသန်းရင်း ရောက်ရှိလာခဲ့တယ်..။ဆန်နီက အနက်ရောင်တောင်ပံနဲ့ သုံးမြှောင့်ဆူးချွန်တို့ကို အသုံးပြုထားပြီး..ကတ်စီကတော့..တိတ်ဆိတ်သော ကခုန်သူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ လေထဲမှာ ကျဆင်းနေခဲ့ပါတယ်..။

သူတို့နှစ်ယောက်က နူးညံ့တဲ့ ပန်းပွင့်တွေရဲ့ အလယ်ကို ညှင်သာစွာ ကျဆင်းသွားခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။ဆန်နီက စကားတစ်ခွန်းမှ မပြောခဲ့ပဲ.. မျက်မမြင်မိန်းကလေးကို ဦးဆောင်ကာ ကျွန်းရဲ့ မြောက်ဘက်အစွန်းမှာ ရှိနေတဲ့ ခံတပ်ရဲ့ အပျက်အစီးတွေ ဆီကို ခေါ်သွားလိုက်ပါတယ်..။ဒါက သူ ကိုင်နဲ့ အယ်ဖီတို့ နဲ့ တွေ့ဆုံခဲ့တဲ့..ပြိုကျပျက်စီး နေတဲ့ ခံတပ်နဲ့ အတူတူပါပဲ..။

သူတို့က ပန်းပွင့်တွေကို အနှောက်အယှက်မဖြစ်အောင် ကြိုးစားရင်း ကျွန်းကို ဖြတ်သန်းကာ ခံတပ်ထဲကို ဝင်သွားခဲ့တယ်..။လမ်းတစ်လျောက်လုံးမှာ သူတို့ကို ဘယ်အရာကမှ မတိုက်ခိုက်ခဲ့ပေ..။ဒီနေရာမှာ လေတိုက်သံ နဲ့ သူတို့ရဲ့ ခြေသံကလွဲပြီး တစ်ခြား အသံတွေလည်း မရှိခဲ့ပါဘူး..။မြောက်ပိုင်း ကုန်းမြေက အတော်လေးကို လှပ ၊ တိတ်ဆိတ်ပြီး..ထူးဆန်းစွာပဲ ငြိမ်းချမ်းနေခဲ့ပါတယ်..။

ဆန်နီဟာ ရှေးဟောင်းခံတပ်ရဲ့ ကျိုးပျက်နေတဲ့ ဝင်ပေါက်ကနေ ဟောလိုးတောင်တန်းနဲ့ ဆက်သွယ်ထားတဲ့ ချိန်းကြိုးကြီးတွေကို လေ့လာလိုက်တယ်..။မြူတွေက သံကြိုးရဲ့ နှစ်ဖက်စလုံးမှာ ရစ်ပတ်နေခဲ့ကြပြီး..သံကြိုးနစ်ဝင်သွားတဲ့ အနက်ရောင် ကျောက်တုံးးထဲကို စီးဝင်သွားခဲ့ကြပါတယ်..။

သူက အတော်ကြာအောင် ခံစားချက်မဲ့စွာ ရှိနေပြီးကာမှ..ကြက်သီးထကာ..အကြည့်ကို လွှဲလိုက်တယ်..။

ဂိတ်ပေါက်မှာ ရှိနေတဲ့ လူသွားလမ်းရဲ့ အကျော်နားလေးမှာတော့…အောက်ဘက်ကို ဦးတည်ိထားတဲ့ လှေကားလေးတစ်ခုက သတိမထားမိနိုင်လောက်အောင် တည်ရှိနေခဲ့တယ်..။ဒီလှေကားကိုတော့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိတဲ့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားခဲ့ပါတယ်..။လမ်းကြောင်းက ဆင်ခြေလျောတစ်ခုကို ကွေ့ပတ်ထားတာ ဖြစ်ပြီး..ကျောက်တုံးမျက်နှာပြင်နဲ့ ကပ်ကာ..ကျွန်းရဲ့ အမှောင်ဘက်ခြမ်းကို ဦိးတည်ထားခဲ့ပါတယ်..။

ကတ်စီက လက်တစ်ဖက်ကို ကျောက်တုံးတွေပေါ်ကို တင်လိုက်ပြီး..သတိထားကား လှေကားပေါ်ကို စတင်ခြေလှမ်းလိုက်တယ်..။ဆန်နီကတော့ နက်မှောင်တဲ့ အမူအရာနဲ့ နောက်ကနေ လိုက်သွားခဲ့ပါတယ်..။

ည ဘုရားကျောင်းကို ဦိးတည်သွားတဲ့ လမ်းကြောင်းက ရှည်လျားပြီး ကျဉ်းမြောင်းနေခဲ့တယ်..။ဒီနေရာက လူနှစ်ယောက် ဘေးချင်းယှဉ် လျောက်လို့ ရရုံဆိုသလောက်လေးပဲ..ရှိနေခဲ့ပါတယ်..။သူ့ရဲ့ ညာဘက်ကတော့..ကျွန်းရဲ့ ကျောက်တုံးနံရံကြီး ရှိနေခဲ့ပြီး..သူ့ရဲ့ ဘယ်ဘက်မှာတော့..အောက်ဘက်ကေင်းကင်ရဲ့ အောက်ခြေမဲ့..အမှောင်ချောက်နက်ကြီးသာ ရှိနေခဲ့တယ်..။တစ်ချက်လောက် ခြေလှမ်းမှားလိုက်တာနဲ့ အဲ့လူကတော့ ကိစ္စတုံးပါပြီ..။

ပြီးတော့..ဒီလှေကားတွေရဲ့ တည်ရှိနေပုံကလည်း တိုက်ဆိုင်မူ တစ်ခု မဟုတ်ပါဘူး..။တကယ်လို့..ရန်သူတပ်ဖွဲ့တွေက ဒီလမ်းကြောင်း အတိုင်း တိုက်ခိုက်လာဖို့အတွက် ကြိုးစားမယ် ဆိုရင်..သူတို့က ခုခံကာကွယ်သူတွေကို တစ်ကြိမ်မှာ တစ်ဦးချင်းစီပဲ တိုက်ခိုက်နိုင်ကြပါလိမ့်မယ်..။မဟုတ်ရင် သူတို့က တောင်စောင်းကြောင့် အောက်ကို ပြုတ်ကျပြီး သေဆုံးကြပါလိမ့်မယ်..။နံရံ ကြီးတွေရဲ့ ကွေးကောက်နေမူကြောင့်..အကွာအဝေး တိုက်ခိုက်မူတွေကလည်း..အသုံးဝင်နိုင်မှာ မဟုတ်ပေ..။

ဒီလိုနေရာမျိုးမှာ ဆိုရင်..စစ်သည်တော်တစ်ယောက်တည်းနဲ့လည်း စစ်တပ်တစ်ခုလုံးကို ရပ်တန့်ထားနိုင်ပါတယ်..။

သူတို့က အောက်ကို ဆက်တိုက် ဆင်းသက်လာခဲ့ကြပြီး နောက်ဆုံးမှာတော့..အချိန်အတော်ကြာပြီးတဲ့နောက်မှာ..အမှောင်ဖက်ခြမ်းကို ရောက်လာခဲ့ကြပါတယ်..။

လမ်းကြောင်းက ဆင်ခြေလျော အနေအထားကနေ ရေပြင်ညီအတိုင်း ပြောင်းလဲလုနီးပါး ဖြစ်လာတဲ့ အချိန်မှာတော့..လှေကားတွေက..ထူးဆန်းစွာပဲ အပေါ်က ကျောက်တုံးတွေကို..သံချေးတက်နေတဲ့ ချိန်းကြိုးတွေနဲ့ ချိတ်ဆွဲထားတဲ့ တံတားတွေအဖြစ် ပြောင်းလဲသွားခဲ့ကြပါတယ်..။သူတို့က အောက်ဘက်ကောင်းကင်ရဲ့ အမှောင်ထုထဲမှာ..အနည်းငယ် ဝေ့ယမ်းနေခဲ့ကြတယ်..။ဒါက ကျွန်းရဲ့ အလယ်ကောင်မှာ ရှိတဲ့..ညဘုရားကျောင်း ဆီကို ဦးတည်ထားခဲ့တာပါ..။

ဆန်နီ ရုတ်တရက် ဆိုသလိုပဲ အမှောင်ထုထဲကနေ ဝမ်းနည်းကြေကွဲဖွယ် ခေါင်းလောင်းသံကို ကြားလိုက်ရတာကြောင့် အေးခဲသွားခဲ့ပါတယ်..။

သူ့ရဲ့ ရှေ့ အတော်ဝေးဝေးမှာတော့..ကြီးမားတဲ့ အဆောက်အဦးကြီး တစ်ခုက လွင့်မျှောနေတဲ့ ကျွန်းရဲ့ အောက်ဘက်ကနေ ထိုးထွက်နေခဲ့ပါတယ်..။ဒီအရာက အနက်ရောက် ကျောက်သားနဲ့ ပြုလုပ်ထားခဲ့ပြီး..အထက်အောင် ပြောင်းပြန်လှန်ထားတဲ့ မြင့်မားတဲ့ ဘုရားကျောင်းတစ်ခုနဲ့တောင် တူနေပါသေးတယ်..။ပြီးတော့..သူက မထိုးဖောက်နိုင်လောက်တဲ့ အမှောင်ထုကြီးထဲကို တွဲလောင်း အနေအထား ဖြစ်နေခဲ့တယ်..။သူ့ရဲ့ အောက်ခြေက အမြင့်ဆုံးနေရာတစ်ခုဖြစ်ပြီး..ခေါင်းလောင်းကြီး ခုနှစ်ခုက အနက်ရောင်လေဟာနယ်ထဲကို ဆင်းသက်နေခဲ့တယ်..။တစ်ခုချင်းစီက..ကြီးမားတဲ့ ကြေးနီးရောင် ခေါင်းလောင်းကြီးတွေကို ချိတ်ဆွဲထားတဲ့ ချိန်းကြိုးတွေဆီမှာ အဆုံးသတ်သွားခဲ့ပါတယ်.။

ညဘုရားကျောင်းက ကျွန်းရဲ့ အောက်ဘက်မှာ ရှိနေခဲ့တာကြောင့်..နေရဲ့ အလင်းရောင်က သူ့ဆီကို မရောက်ရှိနိုင်ပါဘူး..။အဲဒီအစား..ဘုရားကျောင်းရဲ့ ပတ်လည်ကို အဆုံးမရှိတဲ့ အရိပ်တွေကသာ ဝန်းရံထားခဲ့တယ်..။အဝေးမှာ ရှိနေတဲ့ နတ်ဘုရားမိးတောက် ရဲ့ အလင်းရောင်လေးတွေကသာ..သူ့ရဲ့ အနက်ရောင် နံရံတွေကို ထိတွေ့နေခဲ့ကြပါတယ်..။

ထူးဆန်းတဲ့ ပြောင်းပြန်အနေအထား ဖြစ်နေတဲ့ အတွက်..အောက်ဘက် ချောက်နက်ကြီးရဲ့ အမှောင်ထု နဲ့..နက်ရှိုင်းတဲ့ အပိုင်းမှာ ပျံ့ကျဲနေခဲ့ကြတဲ့..ကြယ်အတုတွေက..သူ့ရဲ့ အထက်မှာရှိနေတဲ့ ကျယ်ပြန့်တဲ့ ညကောင်းကင်ယံကြီးအလား ရှိနေခဲ့ပါတယ်..။

ဆန်နီ ကြည့်နေတုန်းမှာပဲ..ဒုတိယ ခေါင်းလောင်းသံက ထွက်ပေါ်လာခဲ့တယ်..။သူ အနည်းငယ်လှုပ်ခါသွားပြီး..ကျဉ်းမြောင်းတဲ့ လမ်းကြောင်းအပေါ်မှာ ပြန်အာရုံစိုက်လိုက်ရပါတယ်..။ပြီးတာနဲ့ ဘုရားကျောင်းရဲ့ ကြီးမားတဲ့သံတံခါးတွေ ဆီကို ဦးတည်နေတဲ့ သူ့ရဲ့ ခြေလှမ်းတွေကို မြဲမြံနေအောင် လုပ်ထားလိုက်တယ်..။

ကတ်စီက သူ့ဖက်ကို လှည့်လာခဲ့ပြီး..ခနလောက်တွေဝေပြီးကာမှ ပြောလာခဲ့ပါတယ်..။

“သွားကြရအောင်..။သူတို့က ငါတို့ကို မြင်သွားကြပြီ..”

ဆန်နီ ခေါင်းညိမ့်ပြီး နောက်ကနေ လိုက်သွားလိုက်တယ်..။

ညဘုရားကျောင်းက သူတို့ရဲ့ ရှေ့မှာစောင့်ဆိုင်းနေခဲ့ကြပြီး..သူ့ရဲ့ ဂိတ်တံခါးဝတွေကတော့ ဆာလောင်နေတဲ့ ပါးစပ်ပေါက်ကြီး တစ်ခုလိုပဲ..ပွင့်သွားခဲ့ပါပြီ..။

အပိုင်း ( ၅၆၂ ) ပြီး၏။

All Chapters