← Chapters

ပျောက်ဆုံးသူ အစောင့်အကြပ်များ..

Vol. 38 Ch. 563

ပျောက်ဆုံးသူ အစောင့်အကြပ်များ..

Vol. 38 Ch. 563

သူတို့ ဂိတ်ပေါက်ဆီကို လျောက်သွားနေတဲ့ အချိန်မှာပဲ ဆန်နီက တိတ်တဆိတ်မေးလိုက်တယ်..။

“ဒီတော့..အတိအကျပြောရရင် အခု ဘာဆက်ဖြစ်မှာလဲ..”

ကတ်စီ ခနလောက် တွေးကြည့်လိုက်ပြီးမှ ပြန်ဖြေလိုက်တယ်..။

“ငါလည်း မသေချာဘူး..။ဒါက သူတော်စင် ကော်မတ် အနေနဲ့ ခံတပ်ရဲ့ အတွင်းထဲမှာ ရှိနေလား..ဒါမှမဟုတ်..ဟောလိုးတောင်တန်း ဆီကို စူးစမ်းရှာဖွေမူ လုပ်နေလား ဆိုတဲ့ အပေါ်မှာ မူတည်လိမ့်မယ်..။ဘာပဲဖြစ်ဖြစ်..ငါ့ရဲ့ အဆင့်အတန်းက..သူမရှိတဲ့ အချိန်မှာ ဘုရားကျောင်းကိုအုပ်ချုပ်နေတဲ့ မာစတာတွေထဲက တစ်ယောက်နဲ့ တွေ့ဖို့တော့ လုံလောက်ပါတယ်..”

သူမ တွေဝေလိုက်ပြီးကာမှ ထပ်ပြောလိုက်တယ်..။

“တကယ်လို့ ငါတို့ အထဲကို ဝင်ခွင့်ရခဲ့မယ် ဆိုရင်..နင် လိုက်နာရမယ့် စည်းမျဉ်းအချို့တော့ ရှိလိမ့်မယ်..။ခံတပ်အတွင်းထဲမှာဆိုရင် အပြင်လူတွေက..မှတ်သားမူ ပဲဖြစ်ဖြစ် ..ထပ်တူညီမူပဲ ဖြစ်ဖြစ် ထုတ်ယူဖို့အတွက် ခွင့်မပြုထားဘူး..။ခွင့်ပြုထားတဲ့ နေရာတွေကိုလည်း မာစတာ တစ်ယောက်က လိုက်ပါ ပို့ဆောင်ပေးတဲ့ အချိန်ကြမှသာ..သွားလာခွင့်ရလိမ့်မယ်..။သူတို့က ငါတို့ကို အရင်စကားလာမပြောဘူး ဆိုရင် ငါတို့အနေနဲ့..ခံတပ်မှာ နေထိုင်တဲ့လူတွေကို စကားပြောဆိုခွင့်မရှိဘူး..။ထပ်ပြောရရင် ရဲတိုက်အတွင်းကို ယူဆောင်မယ့် ပစ္စည်းမှန်သမျှကို စစ်ဆေးခြင်း ခံရလိမ့်မယ်..”

‘ကောင်းပြီလေ..အမှန်တကယ် မလိုအပ်မချင်း ငါက စွန့်စားရမယ့် ကိစ္စတွေကို လုပ်မှာ မဟုတ်ဘူး..။ဒီဟာက ဘယ်လို ဆက်ပြီး ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ကြတာပေါ့..’

သူတို့က အလှဆင်ထားတဲ့ ဂိတ်ပေါက်တွေ နေရာကို ရောက်လာတဲ့ အချိန်မှာတော့..ဘေးနှစ်ဖက်မှာ စောင့်ကြပ်နေခဲ့တဲ့ ပုံရိပ်နှစ်ခုကို စတင်ပြီး တွေ့ရှိလာခဲ့ရပါတယ်..။တစ်ယောက်က ယောကျာ်းလေး ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အမျိုးသမီး တစ်ယောက်ပါ..။ကင်းစောင့် နှစ်ယောက်စလုံးက အသက်သုံးဆယ် ဝန်းကျင်ခန့်ရှိပြီး..တည်ငြိမ် ၊ အေးဆေးကာ..အန္တရာယ်ရှိတဲ့ မျက်လုံးတွေနဲ့ ရှိနေခဲ့ကြပါတယ်..။

‘ဒီတော့..သူတို့တွေက ဆုံးရှုံးသူတွေပေါ့..’

ဒါက ဆန်နီတို့ အနေနဲ့ သူတို့လို လူမျိုးတွေကို ပထမဆုံး အကြိမ် တွေ့ဖူးခြင်းပါပဲ..။သူတို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္တာကိုယ်ကို ဆုံးရှုံးထားခြင်း မရှိတဲ့ နိုးထသူတွေက သိပ်ပြီး ကွာခြားခြင်း မရှိကြပေ..။

…ဒါက..အစောင့်အကြပ်တွေ အနေနဲ့ သာမန်လူတွေ ဖြစ်ကြတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး..။

နှစ်ယောက်စလုံးက..ဖိနိပ်ပြီး..လွှမ်းမိုးနိုင်စွမ်း ရှိတဲ အော်ရာတွေကို ထုတ်လွှတ်ထားခဲ့ကြတယ်..။ဆုံးရှုံးသူတွေ နေနေတဲ့ ပုံစံကို ကြည့်ခြင်းအားဖြင့်..သူတို့တွေက အတော်လေးကို အတွေ့အကြုံရှိပြီး အကြောက်အလန့်ကင်းတဲ့ တိုက်ခိုက်ရေးသမားတွေ ဆိုတာကို ဆန်နီ ပြောနိုင်ပါတယ်..။သူတို့ရဲ့ အကာအကွယ်တွေက..ပြီးပြည့်စုံစွာ ထုလုပ်ထားခဲ့ကြပြီး..သူတို့ရဲ့ လက်နက်တွေကတော့..အန္တရာယ်များလောက်အောင် တောက်ပနေခဲ့ကြတယ်…။သိသာစွာပဲ ဒီလက်နက်တွေ က အဆင့်မြင့် လက်နက်တွေပါ..။

ဒီ ကင်းစောင့်တွေ ဆီကနေ ထုတ်လွှတ်နေတဲ့ ဖိအားတွေကြောင့်..ဆန်နီအနေနဲ့..မေ့ပျောက်ကုန်းမြေလို ငရဲမှာ သွေးစွန်းတဲ့ တိုက်ပွဲများစွာကို ရင်ဆိုင်ရင်း..နှစ်ပေါင်းမှားစွာ ရှင်သန်လာခဲ့ကြတဲ့လူတွေကိုတောင် ပြန်သတိရလိုက်မိပါတယ်..။အရိုးသားဆုံး ပြောရရမယ်ဆိုရင်တော့..ဒီဆုံးရှုံးသူ နှစ်ယောက်နဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင်..နိုတစ်မြင့်မြတ် နယ်မြေမှာ နေထိုင်နေကြတဲ့ နိုးထသူတွေက တကယ်ကိုကလေးတွေ ပါပဲ..။

ဒီ လူတွေက တကယ်ကို ဟာသတစ်ခု မဟုတ်ကြပေ..။ပြီးတော့.ကတ်စီပြောတာသာ အမှန်ဆိုရင် ခံတပ်အတွင်းထဲမှာလည်း..နောက်ထပ် အယောက်တစ်ရာလောက် ရှိနေပါသေးတယ်..။တကယ်လို့ အားလုံးက..တူညီစွာပဲ..ဆုံးရှုံးသူတွေ ဖြစ်နေကြမယ် ဆိုရင်…

ဆန်နီ ကြက်သီးမွှေးညှင်း ထသွားခဲ့တယ်..။

သူက ဟောလိုးတောင်တန်းရဲ့ အစွန်းမှာ စခန်းချထားတဲ့ ဗာလာကလန်ရဲ့ အင်အားကို အမှန်တကယ်ပဲ..လျော့တွက်ထားခဲ့မိတာပါ..။ဒီမှောင်မိုက်နေတဲ့ ဘုရားကျောင်းထဲမှာ စစ်တပ်ကြီးတစ်ခုလုံးက ပုန်းကွယ်နေခဲ့ကြပါတယ်..။

ဒါပေမယ့်..ဘာလို့ ဆုံးရှုံးသူတွေကိုပဲ..ဒီနေရာမှာ ထားထားတာလဲ..။ဒါက ဘယ်လို ရည်ရွယ်ချက်မျိုးကို ဖြည့်ဆည်းပေးနိုင်တဲ့ အရာ ဖြစ်မလဲ..။ဒီ ထူးဆန်းဆန်းကျယ်မူက ..သူ ဒီအရာကို သိလိုက်တဲ့ အချိန်ကတည်းက သူ့ကို နိုပ်စက်နေခဲ့တာပါ..။

…တစ်နေရာ အရောက်မှာတော့..ကင်းစောင့်ထဲက တစ်ယောက်က လက်ကို မြောက်ပြပြီး သူတို့ကို ရပ်တန့်ဖို့ အတွက် အချက်ပေးလိုက်တယ်..။သူက ဆန်နီ နဲ့ ကတ်စီတို့ကို အတော်ကြအောင် လေ့လာလိုက်ပြီးမှ..အေးစက်တဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်..။

“လေဒီ ကျရှုံးမူသံစဉ်…ပြန်တွေ့ရတာ တကယ်ကို အံ့ဩစရာပါပဲ..။မင်းရဲ့ တစ်ခြားအဖွဲ့သားတွေလည်း အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..”

သူ့ရဲ့ အသံနေအသံထားကတော့..ရင်းရင်းနှီးနှီးပြောနေတာနဲ့ လုံးဝကို မတူညီခဲ့ပါဘူး..။

မျက်မမြင် မိန်းကလေးက ရိုးရှင်းစွာပဲ..ခေါင်းညိမ့်လိုက်တယ်..။

“သူတို့က နိုတစ် မြင့်မြတ်နယ်မြေမှာ အဆင်ပြေပြီး ကျန်းမာကြပါတယ်..”

ဒုတိယ ကင်းစောင့်က မျက်ခုံးပင့်တင်လိုက်ပြီး ပြောလာခဲ့တယ်..။

“အိုး..ဒါဆို ဘာအတွက်ကြောင့်များ ဒီလောက် ခရီးအရှည်ကြီး ထွက်ပြီး. ငါတို့ရဲ့ နိမ့်ကျတဲ့ ခံတပ်ကို ပြန်လာခဲ့တာလဲ..။ပြီးတော့..မင်းရဲ့ ယုံကြည်ရတဲ့ အဖွဲ့သားတွေလည်း မပါပဲ..တစိမ်းတစ်ယော်ကိုပါ အဖော်ခေါ်လာခဲ့သေးတယ်..”

ကတ်စီ ဆန်နီကို ကြည့်ကာ ပြုံးလိုက်တယ်..။

“ဒါကတော့ နိုးထသူ ဆန်းလပ်စ် ပါ..။သူက တစိမ်းတစ်ယောက် မဟုတ်ပါဘူး..။တကယ်တော့..ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်းတွေထဲက တစ်ယော်ကပါ..။ပြီးတော့ ဒီကမ္ဘာကြီးထဲမှာ ကျွန်မ ဘဝနဲ့ရင်းပြီး ယုံကြည်ရတဲ့ လူအနည်းငယ်ထဲက တစ်ယောက်ပေါ့..။ကျွန်မတို့ နှစ်ယောက်စလုံးက..လေဒီ ပြောင်းလဲနေတဲ့ ကြယ်ပွင့်ရဲ့ အပေါင်းအပါတွေပါပဲ..”

ဆန်နီ သည်းမလို ဖြစ်သွားခဲ့တယ်..။

‘ဒီလို သိမ်မွေ့တဲ့ အလိမ်အညာမျိုး..လေးစားပါပေတယ်..’

အဲ့အချိန်မှာပဲ မျက်မမြင်မိန်းကလေး က ခနလောက် တွေဝေလိုက်ပြီး..ပြောလိုက်တယ်..။

“…ကျွန်မတို့က အရှင်ကော်မတ် နဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်ထားပါတယ်..”

ကင်းစောင့်တွေက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားတာက..ဆန်နီကို အနည်းငယ် ကြောက်ရွံ့သွားစေခဲ့တယ်..။နောက်ဆုံးမှာတော့..သူတို့ထဲက တစ်ယောက်က ပြန်ဖြေလာခဲ့ပါတယ်..။

“အရှင်ကော်မတ် က သူ့ရဲ့ မစ်ရှင်တစ်ခုကို လုပ်ဆောင်နေတယ်..။သူက အနည်းဆုံး ရက်သတ္တပတ် အနည်းငယ် ကြာတဲ့ အထိ ပြန်လာဦးမှာ မဟုတ်သေးဘူး..”

ကတ်စီ ရဲ့ အပြုံးတွေက ပျောက်ကွယ်မသွားခဲ့ပေ..။သူမက ခနတောင် မနှောင့်နှေးနေပဲ..ယဉ်ကျေးပြီး ချိုသာတဲ့ အသံနဲ့ ပြန်ပြောလိုက်ပါတယ်..။

“ဒါဆို..ဆျာ ပီးယား နဲ့ လေဒီ ဝယ်သီ တို့ရော..”

ကင်းစောင့် နှစ်ယောက်ဟာ တစ်ယော က်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြတယ်..။အတော်ကြာပြီးကာမှ သူတို့ထဲက တစ်ယောက်က သက်ပြင်းချလိုက်ပြီး..

“ဒီမှာ စောင့်နေပါ..”

ဒီလိုပြောပြီးတာနဲ့ သူက ပျောက်ကွယ်သွားခဲ့ပြီး..ဆန်နီ နဲ့ ကတ်စီ တို့ကို တဲ့ ကျန်တဲ့ ကင်းစောင့်တစ်ယောက်ရဲ့ လေးလံတဲ့ အကြည့်အောက်မှာ..ချန်ထားရစ်ခဲ့ပါတယ်..။

ဆန်နီ ပြန်စိုက်ကြည့်လိုက်ပြီး..ကင်းစောင့်ကို အရှက်မရှိစွာ ပြန်လေ့လာ နေလိုက်တယ်..။သူ ဘယ်လောက်ပဲ ကြိုးစားကြည့်ပါစေ..ဘယ်အရာက ကွာခြားနေတာလဲ ဆိုတာကို မပြောနိုင်ခဲ့ပါဘူး..။သူမက ဒီတိုင်း အိပ်မက်ကမ္ဘာထဲက သာမန် နိုးထသူတစ်ယောက်နဲ့ပဲ တူနေခဲ့တာပါ..။ကောင်းပြီလေ..ဒါကလည်း..အဓိပ္ပာယ် ရှိတာပဲ..။ဘာပဲဖြစ်ဖြစ် သူမရဲ့ စိတ်ဝိဉာဉ် ခန္တာကိုယ်က အတူတူပဲ ရှိနေသေးတာကို..။

…ပြီးတော့ ကိုယ်နေဟန်ထားကလည်း အတော်ကို သွယ်လျလှပပါတယ်..။

“နင်က ဘာကို စိုက်ကြည့်နေတာလဲ ကောင်လေး..”

ဆန်နီ အပေါ်ကို မော့ပြီး ပြုံးပြလိုက်တယ်..။သူက တစ်ခနလောက်တော့..အမှန်အတိုင်း ဖြေချင်စိတ် ဖြစ်ပေါ်လာခဲ့မိပါတယ်..။သိုပေမယ့် နောက်ဆုံးမှာတော့ သူ့ရဲ့ ပုံမှန်အသိစိတ်ကသာ အနိုင်ယူသွားခဲ့တယ်..။

“…အကာအကွယ် အကျ်ီကိုပါ မဒမ်..။ဒါက တကယ်ကို မှတ်သားမူကောင်း တစ်ခုလိုပဲ..”

ကင်းစောင့် ဟာ နှာခေါင်းရှုတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ..။

အချိန်အတော်ကြာပြီးကာမှ..ဒုတိယတစ်ယောက်က ပြန်လာခဲ့ပြီး သူတို့ကို နောက်က လိုက်ခဲ့ဖို့ အချက်ပြလိုက်တယ်..။

သူတို့က ဂိတ်ပေါက်ရဲ့ အတွင်းထဲက အခန်းသေးတစ်ခုထဲကို ခေါ်သွားခြင်း ခံလိုက်ရပြီး..ကြမ်းတမ်းတဲ့ ဖျင်သားနဲ့ ပြုလုပ်ထားတဲ့ ရိုးရှင်းတဲ့ အဝတ်အစား နှစ်စုံကို ကမ်းပေးခြင်း ခံလိုက်ရပါတယ်..။ပြီးတာနဲ့ အခန်းကို သော့ပိတ်ထားလိုက်တယ်..။ဆန်နီ သူ့လက်ထဲမှာ ရှိနေတဲ့..အထုတ်တစ်ထုတ်ကို အံ့ဩသင့်စွာ ကြည့်လိုက်ပြီး..

“..အာ..ဒါက ဘာအတွက်လဲ..”

ကတ်စီ သက်ပြင်းချလိုက်ပြီး သူမရဲ့ ခါးပတ်ကို ဖြေလျော့လိုက်တယ်…ပြီးတာနဲ့..တိတ်တဆိတ် ကခုန်သူကို ရုတ်သိမ်းလိုက်ပြီး..ဘာမှမရှိတော့တဲ့..ခါးပတ်အိမ်ကို ခုံပေါ်တင်ထားလိုက်ပါတယ်..။

“ဘယ်လို မှတ်သားမူ ဒါမှမဟုတ်..ထပ်တူညီမူ မျိုးကိုမှ ခွင့်မပြုထားဘူးလေ..မှတ်မိတယ်မလား..”

ဆန်နီ မျက်မှောင်ကျုတ်ပြီး သူ့ရဲ့ အကာအကွယ်ကို ကြည့်လိုက်တယ်..။တကယ်လို့ သူသာ အကာအကွယ်ကို ရုတ်သိမ်းလိုက်မယ် ဆိုရင် အနည်းနဲ့ အများတော့..ကိုယ်လုံးတီး ဖြစ်သွားတော့မှာပါ..။

“သူတို့က ငါတို့ကို ဒီမှာ လဲလှယ်စေချင်ကြတာလား..”

မျက်မမြင် မိန်းကလေးက တိတ်ဆိတ်စွာပဲ သူ့ကို ကျောပေးကာ လှည့်လိုက်တယ်..။ဆန်နီလည်း ခနလောက်တွေဝေပြီးတဲ့ နောက်မှာ အဲ့တိုင်း လိုက်လုပ်လိုက်ပါတယ်..။သူ့ရဲ့ အရိပ်ကလည်း..အဝေးကို ကြည့်နေလိုက်တယ်..။

သူ စိတ်ထဲက ကျိန်ဆဲရင်း..ထာဝရ ချိန်းကို ရုတ်သိမ်းလိုက်တဲ့အချိန်မှာတော့.အခန်းကျဉ်းလေးထဲက ကတ်စီဝတ်ဆင်ထားတဲ့ အကာအကွယ်ရဲ့ အရိပ်က ရွေ့လျားသွားတာကို ခံစားလိုက်ရတယ်..။သူမရဲ့ နှလုံးခုန်သံတွေကို ကြားရလောက်တဲ့ အထိ သူတို့နှစ်ယောက်က နီးကပ်နေခဲ့ကြပြီး..သူမရဲ့ ခန္တာကိုယ်ထဲကနေ အပူတွေ ထွက်နေတာကို သူ ခံစားနေခဲ့ရတယ်..။သူ့ရဲ့ စိတ်ကူးယဉ်မူတွေကို မဖြစ်ပေါ်လာအောင် ထိန်းချုပ်ထားရင်း..ဆန်နီက ရိုးရှင်းတဲ့ ဘောင်းဘီ တစ်ထည်ကို ဝတ်လိုက်တယ်..။တစ်ချိန်တည်းမှာတဲ့..သူမရဲ့ နူးညံ့တဲ့ အရည်ပြားပေါ်ကို ပိတ်စ ရွေ့လျားသွားတဲ့ အသံကို ကြားလိုက်ရပါတယ်..။

‘ ခွေးသားတွေ..အဝတ်အစားလဲဖို့ အခန်းနှစ်ခန်းတောင် မပေးနိုင်ဘူးလား..’

ဆန်နီ သူ့ဒေါသကို ထိန်းချုပ်ထားရင်း..အတွင်းအက်ျီကို ဝတ်ကာ မျက်မှောင်ကျုတ်လိုက်တယ်..။ဝိဉာဉ်မြွေကို ဖုံးကွယ်နိုင်ဖို့အတွက် အက်ျီရဲ့ လက်တွေက အတော်လေးကို တိုတောင်းနေခဲ့ပါတယ်..။ထပ်ပြောရရင်..သူ့ရဲ့ ခန္တာကိုယ်ကို ရစ်ပတ်ထားတဲ့ အရိပ်နှစ်ခုရဲ့ ပါလွှားတဲ့ အမှောင်ထု အလွှာလေးကလည်း..ထွက်ပေါ်နေခဲ့သေးတယ်..။

ဘောင်းဘီရော ၊ အက်ျီရောက သူ့ရဲ့ ဆိုဒ်နဲ့ စာရင် အတော်လေးကို ကြီးနေခဲ့တာကိုတော့ ပြောစရာတောင် မလိုအပ်တော့ပါဘူး..။

ဆန်နီ သက်ပြင်းချလိုက်ပြီး..သူ့ရဲ့ အရိပ်တွေကို လက်မောင်း အပေါ်အထိ တက်ပြီး ပုန်းအောင်းနေဖို့အတွက် အမိန့်ပေးလိုက်တယ်..။

ယင်းနောက် ဝိဉာဉ်မြွေကို ရုတ်သိမ်းလိုက်ကာ..ဘောင်းဘီရဲ့ အောက်ဘက်အစတွေကို ငုံ့ပြီး ခေါက်လိုက်တယ်..။ယင်းနောက် လည်သာ ကြိုးသိုင်းဖိနပ်တစ်စုံကို ဝတ်လိုက်ပြီး လည်ချောင်းရှင်းကာ..

“နင် ပြီးသွားပြီလား..”

ကတ်စီ ခနလောက်နေပြီးမှ ပြန်ဖြေလာခဲ့တယ်..။

“အင်း..”

သူမကို ပေးထားတဲ့ အဝတ်အစားတွေကလည်း အလားတူပဲ ကြိုးသိုင်းဖိနပ် နဲ့ ၇ှည်လျားတဲ့ အက်ျီတစ်ထည်ပါ..။ဒါက သူမရဲ့ ပုခုံးနဲ့ ဒူးအောက်ဘက် ခြေထောက်တွေကိုတော့ ဖော်ထားသလို ဖြစ်နေခဲ့တယ်..။ငွေရောင် မျက်နှာဖုံးကလည်း မရှိတော့တာကြောင် ကတ်စီရဲ့ လှပတဲ့ အပြာရောင် မျက်လုံးတွေကို မြင်တွေ့နေခဲ့ရပါပြီ..။ဆန်နီဟာ..သူမကို အချိန်အတော်ကြာအောင် ငေးကြည့်ရင်း..သူမရဲ့ ပုံစံက ဒီလိုမျိုးဆိုတာကို မေ့သွားလုနီးပါး ဖြစ်နေခဲ့တယ် ဆိုတာကို သတိထားမိလိုက်ပါတယ်..။

ယင်းနောက်..သူ ညိုညင်စွာပဲ တံခါးကို ထုလိုက်တယ်..။

မကြာခင်မှာတော့ တူညီတဲ့ ကင်းစောင့်ကပဲ..သူတို့ကို ညဘုရားကျောင်း ရဲ့ အတွင်းပိုင်းထဲကို ဦးဆောင်ပြီး ခေါ်သွားခဲ့ပါတယ်..။

သူတို့ ဂိတ်ပေါက်ကို ချန်ထားရစ်လိုက်တာနဲ့ တစ်ပြိုင်နက် ဆန်နီက စိတ်တွေလေးလံသွားသလို ခံစားလိုက်ရတယ်..။ဒါက တစ်ခုခု ဆိုးဝါးတာ ဖြစ်လာတော့မယ့် အတိုင်းပါပဲ..။

…သို့ပေမယ့် ဘာမှ မဖြစ်ခဲ့ပေ..။

ကင်းစောင့်ကတော့.သူ့ကို ကြည့်ပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်..။

“မင်းက ဘာတွေ စောင့်နေတာလဲ..။လာ…ဆျာ ပီယာက မင်းတို့ နှစ်ယောက်နဲ့ ခနနေကြရင် တွေ့လိမ့်မယ်..”

အပိုင်း (၅၆၃ ) ပြီး၏။

All Chapters