စစ်ဆေးမေးမြန်းခြင်း…
Vol. 38 Ch. 564
မှောင်မိုက်နေတဲ့..ဘုရားကျောင်းရဲ့ အတွင်းပိုင်းက သူ့ရဲ့ အပြင်ပိုင်းထက်တောင် မှ ပိုပြီး ဆန်းကျယ်နေခဲ့တယ်..။ဆန်နီဟာ..သူတို့ ဖြတ်သန်းနေတဲ့ ကော်ရစ်ဒါ နဲ့..အမှန်တကယ် ကြမ်းပြင်ကို သင့်တင့်လျောက်ပတ်အောင် တည်ဆောက်ထားမယ်လို့ မျှော်လင့်ထားခဲ့တာပါ..။ညဘုရားကျောင်းကြီး တစ်ခုလုံးက ပြောင်းပြန် အနေအထားနဲ့ ရှိနေခဲ့တာကြောင့် ပြားချပ်တဲ့ အခင်းတွေက မျက်နှာကျတ်ခေါင်မိုးတွေ အဖြစ် ရှိနေခဲ့ပြီး..ခုံးနေတဲ့..မျက်နှာကျတ်တွေကတော့..မညီညာတဲ့..ကြမ်းပြင်တွေ အဖြစ် ရှိနေခဲ့ကြပါတယ်..။
ပြီးတော့ ဒါက အပြင်ဖက် အပိုင်းသာ ရှိနေသေးတာပါ..။ဘုရားကျောင်းနဲ့ အတွင်းပိုင် နယ်မြေက ဘယ်လိုပုံစံ ရှိနေမလဲ ဆိုတာကို ဆန်နီ စိတ်တောင် မကူးချင်တော့ပေ..။
သူတို့ လမ်းလျောက်နေချိန်မှာတော့..ဆုံးရှုံးသူတစ်ချို့က..ခံတပ်ကို ထိန်းသိမ်းစောင့်လျောက်ဖို့အတွက် သာမန် အလုပ်တွေကို တိတ်တဆိတ် လုပ်ကိုင်နေခဲ့ကြပါတယ်..။သူတို့က သူ အခုဝင်ဆင်ထားတဲ့..အဝတ်အစားနဲ့ တူညီတဲ့ အကြမ်းထည် အက်ျီတွေကို ဝတ်ဆင်ထားခဲ့ကြတယ်..။ပြီးတော့ လက်နက်တွေ ကိုင်ဆောင်ထားခြင်းလည်း မရှိကြပါဘူး..။
သို့ပေမယ့်..နံရံတွေပေါ်က မီးအိမ်တွေကို တည်ငြိမ်စွာ ဆီဖြည့်နေတဲ့ လူတွေကနေစပြီး..ကြမ်းပြင်ပေါ်မှာ..တံမြက်စည်း လှဲတဲ့ လူအဆုံး တစ်ယောက်ချင်းစီ တိုင်းက..ဂိတ်ပေါက်မှာတွေ့ခဲ့ရတဲ့ ကင်းစောင့်တွေလိုပဲတူညီတဲ့ ခွန်အားနဲ့..သေစေနိုင်မူ အော်ရာတွေ ထွက်ပေါ်နေခဲ့ပါတယ်..။
သူတို့အားလုံးက တိုက်ပွဲအတွေ့အကြုံပြည့်ဝတဲ့ အထူးချွန်ဆုံး လက်ရွေးစင်တွေပါ..။
‘…ဒါက ဘယ်လို နေရာမျိုးလဲ..’
ကွေးကောက်နေတဲ့ လှေကားတစ်ချို့ကို ဆင်းသက်ပြီးတဲ့နောက်မှာတော့..ဆန်နီ နဲ့ ကတ်စီ တို့ဟာ အနည်းငယ် ပိုပြီးကြီးမားတဲ့ နောက်ထပ် အခန်းတစ်ခုကို..ခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်..။ဒီတစ်ခုမှာတော့..အလယ်မှာကြီးမားတဲ့စားပွဲကြီး တစ်ခု ရှိနေခဲ့တယ်..။
ကင်းစောင့်ဟာ..အခန်းကို ညွှန်ပြပြီး တစ်ခုခု ပြောလာခဲ့တယ်..။သူ့ရဲ့ အသံထဲမှာတော့..ဘာခံစားချက်မှ..မပါဝင်ခဲ့ပါဘူး..။
“ဆျာ ပီယာ..က အခု လာနေပါပြီ..။ကျေးဇူးပြုပြီး..အပြင်ကနေ ယူဆောင်လာခဲ့တဲ့ပစ္စည်းတွေကို စစ်ဆေးဖို့အတွက် ထုတ်ပြပေးပါ..”
ကတ်စီ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး..ခါးပတ် နဲ့ ဓားအိမ်ကို စားပွဲပေါ်တင်လိုက်တယ်..။ဆုံးရှုံးသူ ဟာ..ဆန်နီ ဘက်ကို အကြည့်လွှဲလိုက်ပြီး..စောင့်နေခဲ့ပါတယ်..။
“အာ..ကျုပ်ရဲ့ ပစ္စည်းတွေ အကုန်လုံးက မှတ်သားမူတစ်ခုထဲမှာ ထည့်သိမ်းထားတာ..”
သူက တပ်မက်ခြင်းသေတ္တာရဲ့ တည်ရှိမူကို ဖုံးကွယ်ထားဖို့ အတွက် တွေးမိလိုက်သေးပေမယ့်..ပိုကောင်းတဲ့ အရာကို တွေးမိလိုက်တယ်..။ဘာပဲဖြစ်ဖြစ် အဲဒီအထဲမှာက ဖုံးကွယ်ထားဖို့ လိုအပ်လောက်တဲ့ အရာ ဘာတစ်ခုမှ ရှိမနေခဲ့ပါဘူး..။ဒါမှမဟုတ်..ဘာမှမရှိသလောက် နီးပါးပါပဲ..။
ဆုံးရှုံးသူ ဟာ..မျက်မှောင်ကျုတ်လိုက်ပြီး..နက်မှောင်တဲ့ အသံနဲ့ ပြောလိုက်တယ်..။
“ အခု ထုတ်လိုက်..”
မကြာခင်မှာပဲ သေးငယ်တဲ့ သေတ္တာလေးတစ်လုံးက..စားပွဲပေါ်ကို ရောက်လာခဲ့တယ်..။ဆန်နီ ဒီအရာကို ဖွင့်လိုက်ပြီး..ပစ္စည်းတွေ တစ်ခုပြီး တစ်ခု စတင်ထုတ်ယူပါတော့တယ်..။ဒါက ဖြည်းဖြည်းချင်းတဲ့ ကြီးမားတဲ့ ပစ္စည်းအပုံလိုက် စတင်ဖြစ်ပေါ်လာပါတော့တယ်..။အဲတာတွေကတော့..ဟင်းခတ်မှုန့်တွေ ၊ ချက်ပြုတ်ဖို့ ပါဝင်ပစ္စည်းတွေ ၊ သန့်ရှင်းတဲ့ ထုတ်ကုန်တွေ ၊ သူ့ဆီကို ထူးဆန်းတဲ အကြည့်တွေ ရောက်လာစေတဲ့ ယောက်ျားလေး သုံး မိန်းကလေး သုံး အောက်ခံဘောင်းဘီ အထုတ်လိုက်တွေ ..၊ ကျိုးပဲ့နေတဲ့ မှန်အပိုင်း အစ တစ်ခု ၊ ဝိဉာဉ်အမြုတေ အချို့ ၊ ခေါက်ထားတဲ့ ကုလားထိုင်တစ်ခု ၊ များပြားလှတဲ့ မုန့်တွေ ၊ လဖက်ရည် နဲ့ ကော်ဖီ ထုတ်တွေ အပြင် တစ်ခြား အရာတွေလည်း ပါဝင်ကြပါသေးတယ်..။
ပစ္စည်းပုံက တစ်ဖြည်းဖြည်း ကြီးမားလာတဲ့ အချိန်မှာတော့..ကင်းစောင့် ရဲ့ မျက်နှာက ပိုပိုပြီး..အံ့ဩသင့်လာခဲ့တယ်..။နောက်ဆုံးမှာတော့..သူ့ရဲ့ မျက်လုံးတွေ လှုပ်သွားခဲ့ပြီး..
“မင်းရဲ့ သေတ္တာထဲမှာက အမှိုက်တွေ ဘယ်လောက်တောင် ကျန်နေသေးတာလဲ.”
ဆန်နီ ပြုံးလိုက်ပြီး..
“ပြီးကာနီးပါပြီ..”
သူက နေလောင်ကာကွယ်တဲ့ ဆန်းခရင် တစ်ဗူး နဲ့ နှုတ်ခမ်းနီဗူး တစ်ချို့ကို ထပ်မံထုတ်ယူလိုက်ပြီး..အပုံထဲကို ပစ်ထည့်လိုက်တယ်..။ယင်းနောက် တပ်မက်ခြင်း သေတ္တာထဲကို သူ့လက်မောင်း ပုခုံးရောက်သွားတဲ့အထိ တိုးသွားခဲ့ပြီး..အောက်ခြေကို အကြိမ်အနည်းငယ် မွှေနှောက်လိုက်တယ်..။သူက ဝီဗာရဲ့ အပ် နဲ့ စိန်ကြိုးချည်တွေကို လျစ်လျူရူလိုက်ပြီး နောက်ဆုံးမှာတော့..နောက်ကို တစ်လှမ်းပြန်ဆုတ်လိုက်ပါတယ်..။
“ဒါပါပဲ..”
ဆုံးရှုံးသူက ခေါင်းခါယမ်းလိုက်ပြီး..ပစ္စည်းတွေကို တစ်ခုပြီး တစ်ခု စတင်ကောက်ယူလိုက်ကာ ဂရုတစိုက် လေ့လာပါတော့တယ်..။သူက ဘယ်လို အရာမျိုးကို တွေ့ဖို့ မျှော်လင့်နေတာလဲ ဆိုတာကိုတော့ ဆန်နီ လည်း မသိပါဘူး..။
အဲ့အချိန်မှာပဲ..အခန်းရဲ့ တံခါးက ပွင့်သွားခဲ့ပြီး..ထက်ရှတဲ့ ပုံသဏ္ဍာန်နဲ့ သံမဏိကဲ့သို့ မာကျောတဲ့ မျက်လုံးတွေ ရှိတဲ့ လူကြီးတစ်ယောက်ဟာ အထဲကို ဝင်ရောက်လာခဲ့ပါတယ်..။သူ့ရဲ့ အနက်ရောင် ဆံပင်တွေက အတို ညှပ်ထားခဲ့ပြီး..ပါးပြင်မှာ မုတ်ဆိတ်တစ်ချို့ ရှိနေခဲ့တယ်..။ဒီလူကြီးက ညို့မှိုင်းတဲ အပြာရောင် သံမဏိနဲ့ ပြုလုပ်ထားတဲ့ အကာအကွယ်ကို ဝတ်ဆင်ထားခဲ့ပြီး..အတွေ့အကြုံရှိတဲ့ လူသတ်သမား တစ်ယောက်ရဲ့ အမူအရာနဲ့ ယုံကြည်မူရှိစွာ ရှိနေခဲ့ပါတယ်..။
သူ့ရှေ့မှာ ရှိနေတဲ့ လူက မာစတာ တစ်ယောက်ဖြစ်တယ် ဆိုတာကို နားလည်ဖို့အတွက် ဆန်နီ အနေနဲ့ မိတ်ဆက်မူတွေတောင် မလိုအပ်ခဲ့ပါဘူး..။ပြီးတော့..အရမ်းကို သန်မာတဲ့ မာစတာ တစ်ယောက်..။
ဆျာ ပီယာ..ကို ကြည့်ရတာက ဗာလာကလန်ရဲ့ မော်ဂန် လောက်တော့ ကြောက်မက်ဖွယ် မကောင်းပေမယ့်..မော်ဂန် ဆိုတာက..အယ်ဖီ ထက် အနည်းငယ်လောက်သာ အသက်ပြီးပြီး..ဒီလူက ဆယ်စုနှစ် တစ်ခု ၊ ဒါမှမဟုတ် နှစ်ခုစာလောက် သူ့ရဲ့ ကျွမ်းကျင်မူတွေ..တိုက်ပွဲအတွေ့အကြုံတွေကို ထက်ရှအောင် လေ့ကျင့်လာခဲ့တာပါ..။သူက ဗာလာရဲ့ သူရဲကောင်းတစ်ဦးအဖြစ် ရှိနေတုန်းပါပဲ..။ဆန်နီ စိတ်ကူးယဉ်နေတာမျိုး မဟုတ်ပေ..။ဒီလို မွန်းစတား တစ်ကောင်ရဲ့ ရှေ့မှာတော့..သူပဲဖြစ်ဖြစ်..ကတ်စီပဲဖြစ်ဖြစ် ဘာ အခွင့်အရေးမှ ရှိမှာ မဟုတ်ပါဘူး..။
အထူးသဖြင့်..ရာနဲ့ချီတဲ့ လက်ရွေးစင် နိုးထသူတွေ ဝန်းရံထားကြတဲ့ အချိန်မှာပါ..။
‘ငါက ဘာလို့ အဲတာတွေ တွေးနေတာလဲ..။ငါတို့က ဒီကို စကားပြောဖို့အတွက် လာခဲ့တာလေ..။တိုက်ခိုက်ဖို့မှ မဟုတ်တာ..’
ပြီးတော့..သူတို့က ဒီစကားပြောဆိုမူကို အကောင်းမွန်ဆုံး ဖြစ်ဖို့အတွက် အမှန်တကယ် လိုအပ်ပါတယ်..။သူတို့က ဘယ်လောက်အထိ စည်းရုံးနိုင်မလဲ နဲ့ ဆျာ ပီယာက ဘယ်လောက် အထိ လက်ခံနိုင်မလဲ ဆိုတာကို မူတည်ပြီး..ဆန်နီ ရှေ့ဆက်လုပ်ရမယ့် အရာတွေက လွယ်ကူမလား ၊ ခက်ခဲမလား..ဒါမှမဟုတ် ဒုတိယမြောက်ဓားကို အတူတကွ ယူဆောင်သွားမယ့် သူ့ရဲ့ အစီအစဉ်ကို လက်လျော့လိုက်ရမလား ဆိုတာကို ဆုံးဖြတ်သွားမှာပါ..။
ကင်းစောင့်တွေက..မာစတာကို လေးစားစွာ အရိုအသေ ပေးလိုက်ပြီးနောက်မှာတော့..ဆန်နီ တပ်မက်ခြင်းသေတ္တာထဲကနေ ထုတ်လိုက်တဲ့ အရာတွေကို ဆက်လက် စစ်ဆေးနေခဲ့ကြပါတယ်..။ဆျာ ပီယာက ဒီအရာတွေကို တစ်ခနလောက် ကြည့်လိုက်ပြီးမှ ကတ်စီ ဘက်ကိုလှည့်လိုက်တယ်..။
“နိုးထသူ ကတ်စီယာ..။ညဘုရားကျောင်းကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်..”
ကတ်စီ အနည်းငယ် အရိုအသေ ပေးလိုက်တယ်..။
“ဆျာ ပီယာ..”
ဆန်နီ မျက်လုံးတွေ ကျဉ်းမြောင်းသွားချင်စိတ်ကို မနည်းထိန်းထားခဲ့ရတယ်..။
‘ငါက မမြင်ရတဲ့ လူတစ်ယောက် ဖြစ်နေတာလား..’
ကင်းစောင့် တွေရော ကြောက်စရာကောင်းတဲ့ မာစတာ ရောက သူ့ရဲ့ တည်ရှိမူကို လုံးဝကို လျစ်လျူရူထားခဲ့ကြပြီး မျက်မမြင်မိန်းကလေး နဲ့ပဲ ပြောဆိုဆက်ဆံမူတွေ ပြုလုပ်နေခဲ့ကြတာပါ..။အကြောင်းပြချက် တစ်ခုကတော့..သူတို့က သူမနဲ့ သိရှိပြီးထားတာကြောင့် ဖြစ်နိုင်ပေမယ့်..အဓိကကတော့..သူမက အစစ်အမှန်နာမည်ကို ရရှိထားတဲ့ အဆင့်အတန်းကြောင့် ဖြစ်နေနိုင်ပါတယ်..။
ကောင်းပြီလေ..ဒါက ဆန်နီနဲ့ ကောင်းကောင်း လိုက်ဖက်နေတာပဲ..။သူက လူတွေ သတိထားတာ မခံရတာကိုပဲ နှစ်သက်တဲ့ လူတစ်ယောက်မဟုတ်လား…
ဆျာ ပီယာ နဲ့ ကတ်စီယာ တို့က..ဖော်ရွေစွာ စကားတစ်ချို့ ပြောပြီးတဲ့ နောက်မှာ အဓိက အကြောင်းအရာကို စတင်ပြီး ဆွေးနွေးလိုက်ကြတယ်..။ဒီစကားဝိုင်း အပေါ်မှာ ဘယ်လောက်ထိ မူတည်နေတယ်ဆိုတာကို သိနေတာကြောင့်..ဆန်နီ ဂရုတစိုက် နားထောင်နေခဲ့ပါတယ်..။
…သို့ပေမယ့် တစ်နေရာ အရောက်မှာတော့..သူက စိတ်ရှုပ်ထွေးသွားခဲ့တယ်..။
‘ဘာလဲ…အဲတာက ဘာလဲ..’
တစ်ခနလောက် သူ့နောက်မှာ ရှိနေတဲ့ တစ်စုံတစ်ယောက်က နက်ရှိုင်းစွာ သက်ပြင်းချလိုက်သလို မျိုး ဆန်နီ ခံစားလိုက်ရပါတယ်..။မဟုတ်ဘူး..သူက ကျိန်းသေ သက်ပြင်းချလိုက်တယ်..။
သို့ပေမယ့် အဲဒီနေရာမှာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..
“ငါကပဲ ထင်ယောင်ထင်မှား ဖြစ်နေတာလား..’
ယင်းနောက် ရင်းနှီးတဲ့ အသံတစ်ခုက သူ့နားထဲကို ပဲ့တင်ထပ်ပြီး ဝင်ရောက်လာခဲ့ပါတယ်..။
“ဆန်းလပ်စ် ..မင်း ဒီလိုလုပ်ပေးခဲ့တာကို ငါ အရမ်းကျေးဇူးတင်တာပဲ..”
ဆန်နီ ရဲ့ မျက်လုံးတွေက အနည်းငယ် ပြူးကျယ်သွားခဲ့တယ်..။သူက ကင်းစောင့် ၊ ကတ်စီယာ နဲ့ မာစတာ ပီယာ တို့ကို ကြည့်လိုက်ပါတယ်..။သူတို့ထဲက ဘယ်သူကမှ တစ်စုံတစ်ခုကို ကြားရတဲ့ ပုံ မပေါ်ခဲ့ပါဘူး..။သူ နံရံဘက်ကို လှည့်လိုက်ပြီး..သူ့ရဲ့ မျက်နှာကို အုပ်ကာ..အနည်းငယ်သာ ကြားရတဲ့ အသံနဲ့ တီးတိုးပြောလိုက်တယ်..။
“မော်ဒရက်..မင်းဘယ်ကို ရောက်နေတာလဲ..ခွေးသားလေး..”
သူ့ စကားလုံးတွေက ကြမ်းတမ်းတယ် ဆိုပေမယ့်..သူ့ရဲ့ အသံက အမှန်တကယ်တော့ ဝမ်းသာနေခဲ့တာပါ..။
အသံက ရယ်မောနေခဲ့တယ်..။ဆန်နီဟာ အကြောင်းပြချက် တစ်ချို့ကြောင့်..အနည်းငယ် စိတ်တင်းကြပ်သလို ခံစားလိုက်ရပါတယ်..။
သူကပဲ စိတ်ထင်နေတာလား..ဒါမှမဟုတ်..ဆန်းကျယ်တဲ့ မင်းသားကပဲ..အနည်းငယ် ကွဲပြားနေတာလား..။
“ငါလား..။အိုး….တကယ်တောာ့..ငါက မင်းနဲ့ အတူတစ်ချိန်လုံးရှိနေခဲ့ပြီး..မင်း အိပ်မက်ကမ္ဘာထဲမှာ ခရီးသွားနေတာကို စောင့်ကြည့်နေခဲ့တာလေ..။ငါက စကားမပြောဖို့ကိုပဲ ရွေးချယ်ထားခဲ့တာ..”
ဆန်နီ အကြိမ်အနည်းငယ် မျက်တောင် ခတ်လိုက်တယ်..။လေးလံပြီး..အေးစက်တဲ့ ခံစားချက်တွေက သူ့ရဲ့ ရင်ဘတ်ထဲကို တိုးဝင်လာခဲ့ပါတယ်..။
တစ်ခုခုတော့ မှားယွင်းနေပြီ..။အရမ်း..အရမ်းကို မှားယွင်းနေပြီ…။
“မင်းက…စကားမပြောဖို့ ရွေးချယ်ထားတာလား..။ဘာလို့လဲ..”
မော်ဒရက် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ခါတိုင်းလိုပဲ ရင်းနှီးတဲ့ အသံနဲ့ ပြောလာခဲ့ပါတယ်..။
“မင်းရဲ့ သံသယများတတ်တဲ့စိတ်နဲ့ ဆိုရင်…ငါစကားတွေ အများကြီးပြောလိုက်ရင် မင်းဒီကို မလာပဲ နေတော့မှာ စိုးရိမ်လို့ပေါ့..”
‘ဒါ..ဒါက ဘာကိုဆိုလိုတာလဲ..’
ဆန်နီဟာ..သူ့ရင်ဘတ်က နှလုံးခုန်သံတွေကို ပြန်ကြားနေခဲ့ရတယ်..။သူ့ရဲ့ အလိုလို သိစိတ်က သူ့ကို အချက်ပေးသံတွေ ဆက်တိုက်ပေးနေခဲ့ပြီး..ရုတ်တရက် ကြောက်ရွံ့မူကို ခံစားလိုက်ရပါတယ်..။
‘အရူးလုပ်ခံရပြီ…ငါက အရူးလုပ်ခံလိုက်ရပြီ လား..’
“ ဘယ်ကို လာရမှာလဲ..။ည ဘုရားကျောင်း ဆီကိုလား..”
အဲ့အချိန်မှာပဲ..ကင်းစောင့်ဟာ..ပစ္စည်းပုံထဲကနေ ကျိုးပဲ့နေတဲ့ မှန်အပိုင်းအစလေးကို ကောက်ယူလိုက်ပါတယ်..။
မော်ဒရက်ဟာ ထပ်မံပြီး စကားပြောလာခဲ့တယ်..။သူ့ရဲ့ အသံက ရင်းနှီးနေတုန်းဆိုပေမယ့်..ရုတ်တရက် ဆိုသလိုပဲ အဲဒီအောက်မှာ အေးစက်မူတွေ ပါဝင်လာခဲ့ပါတယ်..။ဒါက မြူမှုန်တွေရဲ့ အောက်မှာ..ရှိနေတဲ့ နက်ရှိုင်းလွန်းတဲ့ သမုဒ္ဒရာကြီး တစ်စင်းလိုပါပဲ..။
“အမှန်ပဲ..။အဲဒီ မှန်အပိုင်းအစလေးကို ငါ့ဆီကို ယူလာပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆန်းလပ်စ်...။ငါ မင်းကို အရမ်း ကျေးဇူးတင်တယ်..”
ဆျာ ပီယာ ဟာ ကတ်စီနဲ့ စကားပြောနေရင်းကနေ ကင်းစောင့်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်..။သူ့ရဲ့ အကြည့်တွေက မှန်ပေါ်မှာပဲ ရပ်တန့်သွားခဲ့ပါတယ်..။နောက်ထပ်တစ်ခနမှာတော့ သူ့ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားခဲ့ပါပြီ..။
“…ပြီးတော့ ရှေ့ဆက်ပြီး ဖြစ်လာမယ့် အရာတွေ အတွက်လည်း ငါ အရမ််းတောင်းပန်ပါတယ်..”
ကြောက်မက်ဖွယ်ရာ မာစတာက ရုတ်တရက် စားပွဲနားကို ကပ်လာခဲ့ပြီး..ဆုံးရှုံးသူကို ဘေးဘက်ဆီ တွန်းဖယ်လိုက်တယ်..။မှန်အပိုင်းအစ လေးကတော့ သူ့လက်ထဲကို ရောက်သွားခဲ့ပါတယ်..။
သူက ဆန်နီကို ရူးသွပ်နေတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး အော်ဟစ်လိုက်တယ်..။
“မင်း ဒါကို ဘယ်ကနေ ယူလာတာလဲ ကောင်လေး..။ငါ့ကို အခုပြောစမ်း..”
ဆန်နီ နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး..ကြောင်အသွားခဲ့ပါတယ်..။
“ကျွန်…ကျွန်တော်..”
သူတော်စင် တိုင်းရစ် က မျှော်လင့်ခြင်းကျွန်းအကြောင်း ထုတ်မပြောဖို့ သတိပေးထားတာကို သူ မှတ်မိလိုက်တယ်.။သို့ပေမယ့်..အခုအချိန်မှာတော့..တကယ်လို့ ဆန်နီသာ အလိမ်အညာတစ်ခုခုကို ပြောရဲမယ် ဆိုရင် ပီယာ က သူ့ကို တစ်စစီ ဆုပ်ဖြဲတော့မယ့် အတိုင်းပါပဲ..။ဒီတော့..သူ ရိုးသားစွာပဲ ပြန်ဖြေလိုက်တယ်..။
“မျှော်လင့်ခြင်းကျွန်းက…ကျွန်တော် ဒီအရာကို ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ကို သတ်ပြီး ရလာခဲ့တာ..”
ဆျာ ပီယာက သူ့ကို တစ်ခနလောက်စိုက်ကြည့်နေပြီးတဲ့ နောက်မှာတော့ သူ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့တယ်..။သူ့ရဲ့ မျက်နှာက ရုတ်တရက် ဖြူဖျော့သွားခဲ့ပြီး..ဆယ်နှစ်လောက် အိုစာ သွားတဲ့ အတိုင်းပါပဲ..။သူ့ရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်နေခဲ့ပါပြီ…
အကြောက်အလန့်ကင်းတဲ့..မာ…မာစတာက…
ကြောက်ရွံနေခဲ့တယ်..။
သို့ပေမယ့်..သူတို့တွေ ဘာမှတောင် မလုပ်ရသေးခင် အချိန်လေးမှာပဲ..သူ့လက်ထဲက အပိုင်းအစမှာ အက်ကွဲကြောင်းတေွ ပေါ်လာခဲ့ပါတယ်..။
ပြီးတော့ နောက််ဆက်တွဲ ဆန််နီ ကြားနေရတာတွေက မှန် အက်ကွဲနေတဲ့ အသံတွေချည်းပါပဲ..။
အပိုင်း ( ၅၆၄ ) ပြီး၏။