← Chapters

လွတ်မြောက်မူ

Vol. 38 Ch. 565

လွတ်မြောက်မူ

Vol. 38 Ch. 565

ဆန်နီဟာ မှန်ကွဲကြေတဲ့ အသံတွေ သူ့ရဲ့ နားထဲကို ဝင်ရောက်လာတဲ့ အချိန်မှာ တုန်လှုပ်သွားခဲ့တယ်..။သို့ပေမယ့် ဘယ်သူကမှ ဒီအသံကို တုန့်ပြန်ခြင်း မရှိကြပါဘူး..။ခနအကြာမှာတော့..မာစတာ ပီယာ ရဲ့ လက်ထဲမှာ ရှိနေတဲ့..မှန်က အပိုင်းပိုင်းအစအစ အဖြစ် ကြေမွသွားခဲ့တယ်..။အဲ့အချိန်ကြမှ ..အသံကလည်း ပျောက်ကွယ်သွားခဲ့ပါတယ်..။

အကြောက်အလန့်ကင်းတဲ့ မာစတာက တုန်လှုပ်သွားခဲ့ပါပြီ..။

“မဟုတ်ဘူး..”

‘ဘာတွေဖြစ်နေတာလဲ..’

ဆန်နီ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တယ်..။အရာရာတိုင်းက ဖြစ်ပျက်နေတာ အရမ်းကို မြန်ဆန်လွန်းတာကြောင့်..သူက အခြေအနေကို အခုချိန်ထိ နားမလည်နိုင်သေးပါဘူး..။သူ သိတာဆိုလို့ သူ့ရဲ့ နှလုံးသားတွေက အေးစက်နေပြီး..သူ့ရဲ့ စိတ်ထဲမှာ နမိတ်မကောင်းမူ ၊ ကြောက်စရာကောင်းမူ စတဲ့ လွှမ်းမိုးနိုင်စွမ်းတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာပါပဲ..။ကပ်ဆိုးကြီးတစ်ခုက ဖြစ်လာတော့မယ် ဆိုတာကို သူ ကြိုတင်ခံစားနေမိပါတယ်..။

သူ အရူးလုပ်ခံလိုက်ရပြီ…။သူ အမှားလုပ်မိသွားပြီ..။

ကတ်စီ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး..သူမရဲ့ မျက်နှာပေါ်မှာ လေးနက်မူတွေ ၊ စိတ်ရှုပ်ထွေးမူတွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။

ခနအကြာမှာတော့..ပီယာ ဟာ..ဖြူဖျော့ပြီး..ကြောက်လန့်နေတဲ့ မျက်နှာအမူအရာ နဲ့ ကင်းစောင့် ဘက်ကို လှည့်လိုက်တယ်..။သို့ပေမယ့်..အခုချိန်မှာတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။သူ့ရဲ့ အသံက လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ် တုန်းကလိုပဲ ယုံကြည်မူ ပြည့်ဝနေခဲ့ပြီး..ထိပ်လန့်နေတာမျိုးတွေ ဖြစ်မနေခဲ့ပေ..။

“ဘုရားကျောင်းကို ပိတ်ချလိုက်တော့..။ဂိတ်ပေါက်ကို ဖျက်ဆီးပစ်လိုက်..။အခု သွား...။ငါတို့…ငါတို့ ဒီအရာကို လွတ်မြောက်သွားစေလို့ မရဘူး..”

ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။

‘ထွက်…ထွက်ပေါက်ကို ဖျက်ဆီးပစ်မှာလား..။သောက်ကျိုးနဲ ဒါက ဘာကို ဆိုလိုတာလဲ..’

ပြီးတော့..သူက ဘယ်အရာကို ပြောနေတာလဲ..။

ကင်းစောင့်မှာတော့ ဒီမေးခွန်းတွေ ရှိနေပုံမရပါဘူး..။ပီယာ ရဲ့ ထိပ်လန့်မူတွေက ကူးစက်ရောဂါတစ်ခုလိုမျိုး သူ့ဆီကို ကူးစက်သွားခဲ့တယ်..။သို့ပေမယ့်..လူကြီးဟာ ချက်ချင်း ခေါင်းညိမ့်လိုက်ပြီး..အကြောက်တရားကြောင့် လွှမ်းမိုးမခံပဲ..အခန်းထဲကနေ ချက်ချင်းထွက်သွားခဲ့ပါတယ်..။

ကတ်စီ..က သူ့အနားကို ရောက်လာဖို့အတွက် ခြေတစ်လှမ်းတိုးလိုက်ပြီး..စိုးရိမ်စွာ မေးလိုက်တယ်..။

“ဆျာ ပီယာ..။ဘာတွေ ဖြစ်နေတာလဲ..”

သူတို့ရဲ့ တည်ရှိမူကို သတိရသွားတဲ့ အလား..မာစတာ ဟာ ပြန်လှည့်လာခဲ့ကာ..ဆန်နီကို နက်မှောင်ပြီး သတ်ဖြတ်လိုတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပါတယ်..။

“မင်း..”

သူ့ရဲ့ အသံက ဒေါသကို မထိန်းချုပ်ထားနိုင်လောက်အောင် တုန်ရီနေခဲ့တယ်..။

‘ခရက်..’

ဆန်နီဟာ..ရက်စက်သော မြင်ကွင်းကို ထုတ်ယူဖို့အတွက် စဉ်းစားမိလိုက်ပေမယ့်..သူတောင် ဘာမှမလုပ်နိုငသေးခင်မှာပဲ..အရပ်ရှည်တဲ့ လူကြီးက သူ့ရဲ့ဘေးနားကို ရောက်လာကာ..သူ့ရဲ့ ပုခုံးကို ဆုပ်ကိုင်ထားပြီး နေခဲ့ပါပြီ..။တကယ်လို ဆန်နီမှာသာ ဝီဗာ အရိုး ရှိမနေခဲ့ဘူးဆိုရင်..မာစတာ ရဲ့ လက်က ညှစ်ထားတဲ့ ဖိအားကြောင့် သူ့ရဲ့ အရိုးတွေ ကွဲအက်သွားနိုင်ပါတယ်..။

ပီယာ ဟာ သူ့ရဲ့ လက်တစ်ဖက်နဲ့ ကတ်စီကို အလားတူပဲ ဆုပ်ကိုင်လိုက်တာကြောင့်..သူမက နာကျင်စွာနဲ့ အသံတစ်ချို့ ထွက်ပေါ်လာခဲ့တယ်..။

“ငါ မင်းတို့နှစ်ယောက်နဲ့ ပြီးမှ စာရင်းရှင်း ရမယ်.. အချိန်မရှိဘူး..”

ဆန်နီ နောက်ထပ် သိလိုက်ရတဲ့ အရာကတော့..သူတို့နှစ်ယောက်စလုံးက အခန်းပြင်ကို ဆွဲထုတ်သွားခြင်း ခံလိုက်ရတာပါပဲ..။သူက စားပွဲပေါ်မှာ ကျန်နေခဲ့တဲ့ သူ့ရဲ့ ပစ္စည်းတွေကို နောက်တရစွာ ကြည့်လိုက်တယ်..။ပြီးတာနဲ့..တပ်မက်ခြင်းသေတ္တာကို တစ်ခနလောက်ကြည့်လိုက်ပြီး အကြည့်ကို လွှဲလိုက်ပါတယ်..။

‘ဘာလုပ်ရမလဲ…ဘာလုပ်ရမလဲ..’

သိသာစွာပဲ အခြေအနေတစ်ခုလုံးက သူ့ရဲ့ ထိန်းချုုပ်နိုင်မူ အပြင်ဖက််မှာ ဖြစ်ပျက်နေခဲ့တာပါ..။မော်ဒရက်က တစ်ခုခု လုပ်ခဲ့တယ်…သူ့ကိုတစ်ခုခု လုပ်ဖို့အတွက် လှည့်စားခဲ့တယ်..။အခုတော့ ခံတပ်တစ်ခုလုံးက အရေးပေါ်အခြေအနေ ကို ထုတ်ပြန်ထားခဲ့ပြီး..ဆန်နီကို ဒေါသထွက်နေခဲ့ကြပါပြီ..။ဆန်းကျယ်တဲ့ မင်းသားက ဆန်နီကို အသုံးချပြီး ရရှိလိုက်တဲ့ အရာက ဘာပဲဖြစ်ဖြစ်…ဒီအရာက..မာစတာ တစ်ယောက်ကို ကြောက်ရွံ့စေပြီး..တန်ဖိုးကြီးမားတဲ့ ဂိတ်ပေါက်ကို ပြန်လည်မရရှိနိုင်လောက်တဲ့ အထိ ဖျက်ဆီးပစ်ဖို့တောင် လုံလောက်ပါတယ်..။

ဒီတော့..မေးခွန်းက နှစ်ခု ရှိနေခဲ့တယ်..။

‘ငါက လွတ်အောင်ရုန်းထွက်ပြီး တိုက်ခိုက်သင့်လား..။ပြီးတော့..မော်ဒရက် လွတ်မြောက်စေခဲ့တဲ့ အရာကို ငါက ကြောက်ရွံ့နေသင့်လား..’

ရုတ်တရက် ဆိုသလိုပဲ နောက်ထပ် အတွေးတစ်ခုက ဆန်နီရဲ့စိတ်ထဲမှာ ပေါ်လာခဲ့တယ်..။

‘ဒါမှမဟုတ် မော်ဒရက် ကိုယ်တိုင်က လွတ်မြောက်သွားခဲ့တာလား..’

သူ့ရဲ့ နှလုံးသားက ပိုပြီး အေးစက်လာခဲ့တယ်…။

ဒုတိယ မေးခွန်းကို ဖြေဖို့အတွက်တော့ လုံလောက်တဲ့ အချက်အလက်တွေ ရှိမနေခဲ့သေးပါဘူး..။သို့ပေမယ့်..ပထမတစ်ခုကတော့ အတော်လေးကို လွယ်ကူပါတယ်..။ဆန်နီက သန်မာတယ် ဆိုပေမယ့်လည်း..မာစတာ နှစ်ယောက်နဲ့ လက်ရွေးစင်နိုးထသူ အယောက်တစ်ရာလောက်ကို တိုက်ခိုက်ဖို့ အထိကတော့ သန်မာစရာ အကြောင်းမရှိပေ..။အထူးသဖြင့် သူတို့ရဲ့ ကိုယ်ပိုင် နယ်မြေထဲမှာပါ..။ထပ်ပြောရရင် ..ကတ်စီ နဲ့ သူ့ရဲ့ အဆင့်အတန်းက ကြီးမြတ်တဲ့ ကလန်တစ်ခုကတောင် အကြောင်းပြချက်မရှိပဲ ပျောက်ကွယ်သွားအောင် လုပ်လို့ မရလောက်တဲ့ အထိ အနေအထားမှာရှိနေပါတယ်..။

‘ငါ..ငါ အရင်ဆုံး အချက်အလက်တွေ လိုအပ်တယ်..။ဒီအရာက ဘာဆက်ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ကြတာပေါ့..။အခြေအနေပေါ်မူတည်ပြီးမှ..ဆက်ပြီး လှုပ်ရှားရမယ်..’

ဒီတော့..မာစတာ ပီယာက သူတို့ကို ကော်ရစ်ဒါအတိုင်း ဆွဲခေါ်သွားနေတဲ့ အပေါ်မှာ သူ ဘာမှ မတုန့်ပြန်ခဲ့ပေ..။

အခန်းငယ်လေးရဲ့ အပြင်ဖက်မှာတော့..အရင်တုန်းက ငြိမ်းချမ်းနေတဲ့ ခံတပ်ကြီးဟာ..အခုအချိန်မှာတော့ ကမောက်ကမ တွေ ဖြစ်နေခဲ့ပါတယ်..။ဆုံးရှုံးသူ အချို့က..သူတို့ကို ကျော်ဖြတ်သွားနေခဲ့တယ်..။သူတို့ရဲ့ အရိပ်တွေက ထွန်းညှိထားတဲ့ မီးအိမ်တွေရဲ့ လိမ္မော်ရောင် အလင်းတွေကြောင့်..နံရံပေါ်မှာ ကခုန်နေခဲ့ကြတယ်..။

ဆန်နီဟာ လှုပ်ရှားမူတွေကို မြင်နေခဲ့ရတယ်..။သိုပေမယ့် သူတို့က နေရာတိုင်းကို စနစ်တကျ ရွေ့လျားနေခဲ့ကြတာပါ..။အရင်ကနဲ့ မတူတာက..ဘုရားကျောင်းထဲက တစ်ယောက်ချင်းစီဟာ..အကာအကွယ်တွေကို ဝတ်ဆင်ထားကြပြီး သေစေနိုင်လောက်တဲ့ လက်နက်တွေကို ကိုင်ဆောင်ထားခဲ့ကြပါတယ်..။သူတို့က စစ်တိုက်ဖို့ပြင်ဆင်နေကြတဲ့ စစ်သည်တော်တွေအလား..စည်းကမ်းတကျကို ရွေံလျားနေခဲ့ကြတယ်..။

ပြီးတော့..သူတို့အားလုံးက စစ်တပ်ကြီးတစ်တပ်လိုကို ဖြစ်နေခဲ့တာပါ..။

သို့ပေမယ့်..ဒီအရာတွေအပြင်…

ဆုံးရှုံသူတွေရဲ့ တည်ငြိမ်နေတဲ့ မျက်နှာအမူအရာတွေရဲ့ နောက်ဖက်မှာ စိုးရိမ်စိတ်တွေ ရှိနေခဲ့ကြတာလား..။

မာစတာ ပီယာ..ဟာ ကင်းစောင့်တစ်ယောက်ကို လှမ်းအော်လိုက်ပြီး ရပ်တန့်ဖို့အတွက် အမိန့်ပေးလိုက်တယ်..။ယင်းနောက် ဆန်နီ နဲ့ ကတ်စီ တို့ကို အဲဒီလူ လက်ထဲကို အပ်လိုက်ပါတယ်..။

“ဒီ နှစ်ယောက်ကို ကျဉ်းမြောင်းတဲ့ အချုပ်ထဲကို ထည့်ထားလိုက်..”

ဆန်နီ သူ့ဒေါသကို ဖော်ပြလိုက်ချင်ပေမယ့်..သူ ဒီလိုမလုပ်နိုင်ခင်မှာပဲ..နေရာတစ်ခုက ရုတ်တရက် တုန်လှုပ်သွားခဲ့တယ်..။ခနအကြာမှာတော့..နားစည်ကွဲထွက်လုမတတ် အသံလှိုင်းတွေက..ကော်ရစ်ဒါတစ်လျောင် ပျံ့နှံ့ လာခဲ့ပါတယ်..။

‘ထွက်ပေါက်…ထွက်ပေါ်ကို သူတို့ ပိတ်ချလိုက်ပြီ..’

သို့ပေမယ့် ဒါက အဲ့လောက်အထိ မရိုးရှင်းပါဘူး..။သူတို့က ဘုရားကျောင်းရဲ့ အပြင်ဘက်အခြမ်းမှာပဲ ရှိနေကြသေးတာကြောင့်..သူ့ရဲ့ အရိပ်အာရုံခံမူက နံရံတွေကို ကျော်ဖြတ်ပြီး အပြင်ဖက်ကို အာရုံခံနိုင်စွမ်း ရှိနေရမှာပါ..။သို့ပေမယ့် တံခါးတွေ ပိတ်သွားတာနဲ့ တစ်ပြိုင်နက်..ဘုရားကျောင်းက အပြင်ဖက်ကမ္ဘာကြီးနဲ့ လုံးဝကို ဖြတ်တောက်လိုက်သလို ဖြစ်သွားခဲ့ပါတယ်..။

အခုတော့ ဒီအရာက သူတို့ကို အတွင်းထဲမှာ ပိတ်လှောင်ထားခဲ့ပါပြီ..။

ကင်းစောင့် ဟာ တိတ်တဆိတ်ပဲ သူတို့နှစ်ယောက်ကို ဆွဲခေါ်သွားခဲ့တယ်..။ယိမ်းယိုင်သွားတဲ့ ဆန်နီဟာ လဲကျမသွားဖို့ ကြိုးစားရင်း နောက်ကို ပြန်လှည့်ကြည့်လိုက်တယ်..။

သူနောက်ဆုံးမြင်လိုက်ရတာကတော့..အနီရောင်ဆံပင်နဲ့ လှပတဲ့ အမျိုးသမီးတစ်ယောက်က..ကြောက်မက်ဖွယ် မာစတာ ရဲ့ ရှေ့မှာ ထွက်ပေါ်လာခဲ့တာပါပဲ..။သူမက ရိုးရှင်းတဲ့ အနက်ရောင် အက်ျီကို နဲ့ အကာအကွယ်တွေကို ဝတ်ဆင်ထားခဲ့တယ်..။သူမရဲ့ မျက်နှာကတော့ စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

“..ပီယာ..ဘယ်လို တွေ ဖြစ်ကုန်တာလဲ..”

ခနအကြာမှာတော့..သူတို့နှစ်ယောက်က ကော်ရစ်ဒါကို ကွေ့လိုက်ပြီးတဲ့နောက်မှာ ပျောက်ကွယ်သွားခဲ့ကြပါတယ်..။

‘ အဲတာက မာစတာ ဝယ်သီ ဖြစ်လိမ့်မယ်..’

ဆုံးရှုံးသူကတော့…သူတို့က အစီအစဉ်မကျ တဲ့ ကော်ရစ်ဒါနဲ့ လှေကားတွေ ဆီကို ခေါ်ဆောင်သွားခဲ့တယ်..။သူတို့က ဘုရားကျောင်းရဲ့ ခေါင်းလောင်းတွေထဲက တစ်ခုစီကို ဆင်းသက်နေကြသလိုပဲ..ဖြည်းဖြည်းချင်း နိမ့်ဆင်းလာခဲ့ကြပါတယ်..။သူ့ရဲ့ အမူအရာက နက်မှောင်နေခဲ့တယ်..။အဲဒါကတော့..သူတို့ဖြတ်သွားတဲ့ နေရာတိုင်းမှာ..ညဘုရားကျောင်းရဲ့ နေထိုင်သူတွေက တိုက်ပွဲအတွက် ပြင်ဆင်းရင်း အလုပ်ရှုပ်နေကြလို့ပါပဲ..။သူတို့ရဲ့ ပုံစံက ဆိုးဝါးတဲ့ ဝန်းရံတိုက်ခိုက်မူကြီးကို ခံရတော့မယ့် လူတွေလိုဖြစ်နေခဲ့တယ်..။

သိုပေမယ့်..အဲဒီခြိမ်းခြောက်မူက အပြင်ဘက်ကနေ ရောက်လာမယ့် ပုံစံတော့ မရှိပါဘူး..။အဲဒီအစား..ဆုံးရှုံးသူ အများစုက..ဘုရားကျောင်း အတွင်းဖက်ခြမ်းမှာရှိတဲ့ အတွင်းဖက် နယ်မြေဆီကို ဦးတည်သွားနေခဲ့ကြတယ်..။

…မကြာခင်မှာပဲ..သူတို့က အော်ဟစ်သံတွေကို ကြားလိုက်ရပါတယ်..။

ဒီအသံက ဘုရားကျောင်းရဲ့ အတွင်းဖက်ကနေ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့တာကြောင့် စိတ်ရှုပ်ထွေးစေပါတယ်..။ဒီတော့ ဘယ်နေရာကနေ ထွက်ပေါ်လာတာလဲ ဆိုတာကို အတိအကျ ပြောဖို့ ခက်ခဲနေခဲ့တယ်..။ဒီအသံတွေက ဝေးကွာနေတယ် ဆိုပေမယ့်..ဆန်နီဟာ အကူအညီမဲ့စွာပဲ..သူ့ရဲ့ သွေးတွေ အေးစက်သွားတာကို ခံစားလိုက်ရတယ်..။

ဒီကျောချမ်းဖွယ် အသံတွေက..မခံမရပ်နိုင်လောက်တဲ့ နာကျင်မူ နဲ့ ကြောက်ရွံ့မူတွေ ပြည့်နှက်နေခဲ့တာပါ..။သူ ဒီလို အရာမျိုးကို ကောင်းကောငး်ကြီး သိထားပါတယ်..။ဒီအသံက လူသားတွေ သေနိုင်လောက်တဲ့ ဒဏ်ရာ နဲ့ အလွန်အမင်း နာကျင်ခံစားရတဲ့ အခါမျိုးမှာ အော်ဟစ်တတ်ကြတာပါ..။သူတို့ရဲ့ အသက်သေဆုံးမှာ ဒါမှမဟုတ် ဘယ်တော့မှ ပုံမှန်မဟုတ်တော့မှာကိုလည်း သိထားကြပါသေးတယ်..။

သူတို့ကို ဖမ်းဆီးထားတဲ့ ကင်းစောင့်က ခနလောက် ရပ်တန့်လိုက်တယ်..။သူ့ရဲ့ မျက်နှာက ဖြူဖျော့နေခဲ့ပေမယ့် စကားတစ်ခွန်းမှ မပြောခဲ့ပဲ..သူတို့ကိုသာ..ရှည်လျားတဲ့ ကော်ရစ်ဒါရဲ့ အဆုံးမှာရှိနေတဲ့ သတ္တုတံခါးဆီကို ဆွဲခေါ်သွားခဲ့ပါတယ်..။

ဆုံးရှုံးသူဟာ ရှုပ်ထွေးတဲ့ သော့နဲ့ တံခါးကိုဖွင့်လိုက်ပြီး..သူတို့ကို အထဲကို တွန်းပို့လိုက်တယ်..။

အဆောက်အဦးကို ပြောင်းပြန်ဆောက်ထားတဲ့ အတွက် ဆန်နီ နဲ့ကတ်စီ တို့ဟဟာ အဝိုင်းပုံစံ မျက်နှာကျတ်နဲ့ မတ်စောက်တဲ့ ကြမ်းခင်းကို မြင်တွေ့လိုက်ကြရတယ်..။အခန်းရဲ့ အမိုးက အမှန်တကယ်ပဲ သူတို့ရဲ့ ခြေထောက်အောက်မှာ ရှိနေခဲ့တာကြောင့်..ဒါက..နက်ရှိုင်းတဲ့ ဆင်ခြေလျော ချိုင့်ဝှမ်းတစ်ခုလို ဖြစ်နေခဲ့ပါတယ်..။

အခန်းရဲ့ အလယ်တည့်တည့်မှာတော့..ကြီးမားတဲ့ သံလှောင်အိမ်ကြီးတစ်ခု ရှိနေခဲ့တယ်..။သံချောင်းတစ်ခုချင်းစီကလည်း လက်မောင်းတစ်ခုစာလောက် အထူ ရှိပါတယ်..။ထူးဆန်းတတဲ့ ရူး တွေကိုလည်း လှောင်အိမ်မှာ ရေးဆွဲထားခဲ့ပြီး..နေရာတစ်ခုလုံးကို ဝန်းရံထားခဲ့ပါတယ်..။

‘သောက်ကျိုး..’

ခနအကြာမှာတော့ ကင်းစောင့်က သူတို့နှစ်ယောက်စလုံးကို အနောက်ဖက်ကနေ စိတ်မရှည်စွာ တွန်းလိုက်တာကြောင့် ဆန်နီ နဲ့ ကတ်စီ တို့နှစ်ယောက်စလုံးဟာ ဆင်ခြေလျောအတိုင်း လှိမ့်ကျသွားခဲ့ကြတယ်..။ပြီးတာနဲ့ လှောင်အိမ်ရဲ့ တံခါးကို ဖြတ်သန်းဝင်ရောက်သွားတဲ့ အချိန်မှာပဲ..ကင်းစောင့်က တံခါးကို ပြန်ပိတ်လိုက်ပါတယ်..။

ဒီတံခါးက အသံမြည်သံတစ်ခုနဲ့ အတူ ပိတ်သွားခဲ့ပြီး..သူ့တို့ရဲ့ လွတ်မြောက်ရာ လမ်းကြောင်းကို ဖြတ်တောက်သွားခဲ့ပါပြီ..။

‘ မဖြစ်နိုင်ဘူး..’

ဆန်နီ မတ်တတ်ထရပ်လိုက်ပြီး တစ်ဖက်ကို လှည့်လိုက်တယ်..။အဲ့အချိန်မှာတော့ ဆုံးရှုံးသူက အခန်းထဲကနေ ထွက်သွားပြီး တံခါးကို ပိတ်သွားခဲ့ပါပြီ..။

တစ်ခနလောက်ကြအောင် သူတို့တွေက တိတ်ဆိတ်နေခဲ့တယ်..။အခန်က နက်မှေဦင်နေခဲ့ပြီး..အနီးအနားက နံရံမှာ ထွန်းညှိထားတဲ့ မီးအိမ်လေးတစ်ခုသာ အလင်းရောင်ရှိနေခဲ့ပါတယ်..။သူ့ရဲ့ လိမ်မ္မော်ရောင် မီးတောက်က..လှုပ်ခတ်စွာ ကခုန်နေခဲ့တာကြောင့်..သူ့ရဲ့ အရိပ်တွေကို အနားနားမှာ ထားနိုင်တယ် ဆိုရုံလေးပါပဲ..။

ဆန်နီ အံကိုကြိတ်ထားပြီး သံတိုင်တွေကို ခွန်အားရှိသလောက် ပိတ်ကန်လိုက်တယ်..။ပြီးတဲ့နောက်မှာတော့ ဒေါသတကြီး အော်ဟစ်လိုက်ပါတယ်..။

“ချီးပဲ..ချီးပဲ….”

သူ့ရဲံ ဘေးနားမှာတော့ ကတ်စီက ဖြည်းညှင်းစွာ ထရပ်လာပြီး..အနည်းငယ် လှုပ်ယမ်းလိုက်ပါတယ်..။

“ဆန်နီ ..”

သူ တစ်ဖက်ကို လှည့်ပြီး အော်ပြောလိုက်တယ်..။

“ဘာလဲ..”

မျက်မမြင် မိန်းကလေးက မျက်နှာပျက်နေခဲ့ပြီး..

“တစ်ခုခု…တစ်ခုခု မှားယွင်းနေတယ်လို့ ငါ ခံစားနေရတယ်..”

ဆန်နီ သူမကို တစ်ခနလောက် စိုက်ကြည့်နေခဲ့ပြီးမှ မျက်တောင်အနည်းငယ် ခတ်ကာ..လှောင်အိမ်ရဲ့ အပြင်ဖက်ကို ကြည့်လိုက်ပါတယ်..။

လှောင်အိမ်ကို ဝန်းရံထားတဲ့ ရူးစ် တွေက ဖြည့်ညှင်းစွာပဲ.. ကျောချမ်းဖွယ် ၊ အပြာရောင်အလင်းတွေနဲ့ အန္တရာယ်ကြီးစွာ တောက်ပလာနေခဲ့ကြပါပြီ..။

အပိုင်း ( ၅၆၅ ) ပြီး၏။

All Chapters