← Chapters

အကျဉ်းချမူ

Vol. 38 Ch. 566

အကျဉ်းချမူ

Vol. 38 Ch. 566

ဆန်နီ ရှေးဟောင်း သကေ်တ ရူးစ် တွေကို ကြည့်လိုက်တယ်..။သူတို့ရဲ့ ကျောချမ်းဖွယ် တောက်ပမူတွေက..အဖြည်းဖြည်း ပိုမိုတောက်ပလာခဲ့ပြီး..အခန်းတစ်ခုလုံးကို တစ္ဆေအလင်းရောင်တွေနဲ့ လွှမ်းမိုးသွားစေ ခဲ့ပါတယ်..။ဖြည်းညှင်းစွာပဲ..သူ မျက်မှောင်ကျုတ်လိုက်တယ်..။

ယင်းနောက် သူ့မျက်လုံးတွေက ရုတ်တရက် ပြူးကျယ် သွားခဲ့ပါတယ်..။

‘ခရက်..’

သို့ပေမယ့်..အခုက အတော်လေး နောက်ကျသွားခဲ့ပါပြီ..။ရူးစ်တွေက တောက်ပလာခဲ့ပြီး ခနအကြာမှာပဲ..သူက..အရိပ်အဆီအနှစ်တွေ..အလျင်အမြန်ကုန်ဆုံးသွားတာကို ခံစားလိုက်ရပါတယ်..။ဒါက တစ်စုံတစ်ခုက သူ့ခန္တာကိုယ်ထဲကနေ..အရိပ်အဆီအနှစ်တွေကို ကြောက်မက်ဖွယ်ရာအရှိန်နဲ့ ဆွဲထုတ်နေသလိုပါပဲ..။

တစ်ချိန်တည်းမှာပဲ..အရိပ် အာရုံခံမူ အကွာအဝေးကလည်း လှောင်အိမ်ရဲ့ ကန့်သတ်မူအတိုင်း ကျဉ်းမြောင်းလာခဲ့ပါတယ်..။သုန်မုန်နေတဲ့ အရိပ်ကလည်း..တောက်ပနေတဲ့ ရူးစ်တွေကနေ ရုန်းထွက်ဖို့ ကြိုးစားနေပုံပါပဲ..။

ဆန်နီ အလျင်အမြန်ပဲ..ရက်စက်သော မြင်ကွင်းကို ထုတ်ယူဖို့ ကြိုးစားလိုက်ပေမယ့်..သူက စက္ကန့်လောက် နောက်ကျသွားခဲ့ပါတယ်..။လှံရှည်က အလင်းစက်တွေ ကနေ..ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဍာန်အဖြစ် မပြောင်းလဲနိုင်သေးခင်မှာပဲ သူ့ရဲ့ အဆီအနှစ်တွေက ကုန်ဆုံးသွားခဲ့တာကြောင့်..ပျောက်ကွယ်သွားခဲ့တယ်..။

“..ချီးတဲ့မှပဲ..”

သူက လှောင်အိမ်ရဲ့ သံတိုင်တွေကို အကူအညီမဲ့စွာ ကြည့်လိုက်ပြီး..လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်..။

ဒါက အမှန်တကယ်ပဲ နိုးထသူတွေကို အကျဉ်းချဖို့အတွက် တည်ဆောက်ထားတဲ့ ထောင်တစ်ခု ပါ..။အရိပ်အဆီအနှစ်တွေ ရှိမနေဘူးဆိုရင်..သူက အရိပ်ခြေလှမ်းကို အသုံးပြုပြီး လွှတ်မြောက်နိုင်တော့မှာ မဟုတ်ပေ..။ထပ်ပြောရရင် သူက မှတ်သားမူတွေကိုလည်း ထပ်မံ ထုတ်ယူနိုင်တော့မှာ မဟုတ်ပါဘူး..။ဒီအရာတွေကို ရုပ်ပိုင်းဆိုင်ရာ အခြေအနေ အဖြစ်ပြောင်းလဲဖို့ အတွက်ဆိုရင်လည်း..အဆီအနှစ် အနည်းငယ်လောက်ပဲ ဖြစ်ဖြစ် လိုအပ်နေပါသေးတယ်..။

ထပ်တူညီမူ‌ တွေ နဲ့ အရိပ်တွေ အတွက်တောင်မှ ဒါက အတူတူပါပဲ..။

သူက အားနည်းသလို ခံစားနေခဲ့ရပြီး..နောက်ထပ် နာရီအနည်းငယ်မှာလည်း ဒီထက်တောင် ပိုမို အားနည်းလာဦးမှာပါ..။သူ့ရဲ့ ခန္တာကိုယ်ထဲမှာ အဆီအနှစ်တွေ လှည့်ပတ်နေခြင်း မရှိတော့တာကြောင့်..ဆန်နီ ရဲ့ ခွန်အားတွေဟာ..ကြီးကြီးမားမားကို ကျဆင်းသွားခဲ့တယ်..။

..ဒီ သောက်ကျိုးနဲ့ လှောင်အိမ်ကို ပြုလုပ်ထားတဲ့ ဘယ်သူပဲဖြစ်ဖြစ်..သူ ဘာလုပ်နေလဲဆိုတာကို သိထားတယ် ဆိုတာကိုတော့ အမှန်ပါပဲ..။

ဆန်နီ နောင်တရစွာ သက်ပြင်းချလိုက်ပြီး..တစ်ဖက်က်ို လှည့်ကာ ကတ်စီရှိနေတဲ့ ချိုင့်ဝှမ်းရဲ့ အလယ်နေရာဆီကို လျောဆင်းသွားခဲ့ပါတယ်..။ကတ်စီ ရဲ့ နူးညံ့တဲ့ မျက်နှာကတော့ ဖြူဖျော့နေခဲ့ပါပြီ..။

သူမက လက်တစ်ဖက်ကို ရှက်ရွံ့စွာ မြောက်လိုက်ပြီး..သူမရဲ့ ပတ်ဝန်းကျင် လေထဲကို ရွေ့လျားကာ..တီးတိုးပြောလာခဲ့တယ်..။

“..ငါ နောက်တစ်ကြိမ် ထပ်ပြီးမမြင်ရတော့ဘူး..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး သူမကို တစ်ခနလောက် စိုက်ကြည့်လိုက်တယ်..။ပြီးတဲ့နောက်မှာမှ တစ်ဖက်ကို လှည့်လိုက်ပါတယ်..။

“နင်က အမြဲတမ်း မမြင်ရတာ မဟုတ်ဘူးလား..”

ဒါပေါ့ ကတ်စီ ဘာကို ဆိုလိုတာလဲ ဆိုတာကို သူသိပါတယ်..။ဝိဉာဉ်အဆီအနှစ်တွေ မရှိတော့တာကြောင့်..ကမ္ဘာကြီးကို စက္ကန့်အနည်းငယ်လောက် ကြိုမြင်နိုင်တဲ့ သူမရဲ့ ကဏ္ဍစွမ်းရည်ကလည်း အသုံးပြုလို့ မရတော့ပါဘူး..။ဒါက အမြင်အာရုံ အစစ်အမှန် မဟုတ်ပေမယ့်လည်း..သူမကို မြင်စေနိုင်တဲ့ အရာတစ်ခုပါ..။

သူ့ရဲ့ စကားလုံးတွေက ရက်စက်တယ်ဆိုပေမယ့် သူလည်း..အခုချိန်မှာ သူမကို နှစ်သိမ့်ရလောက်အောင် ခံစားချက် ကောင်းမွန်မနေခဲ့ပါဘူး..။

လှောင်အိမ်တစ်ခုမှာ အကျဉ်းချခံထားရတာ ….၊ လွတ်မြောက်ဖို့အတွက် ဘာစွမ်းအားမှ မရှိတာ…အဲတာတွေက သူ့ရဲ့ အဆိုးဆုံး အိပ်မက်ဆိုးတွေပါပဲ..။

ပြီးတော့ ဒီအရာကြီး ဖြစ်ပျက်လာတာကလည်း သူ့ကိုယ်သူပဲ အပြစ်တင်ရမှာပါ..။

ဆန်နီ မျက်မမြင်မိန်းကလေး ရဲ့ တစ်ဖက်ကို လှည့်လိုက်ပြီး ထိုင်လိုက်တယ်..။ပြီးတာနဲ့ သူ့ခေါင်းကို ငုံ့ပြီး လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားခဲ့ပါတယ်..။

‘ချီးပဲ…’

ရုတ်တရက် ဘုရားကျောင်းကြီးက နောက်တစ်ကြိမ် တုန်လှုပ်သွားခဲ့တယ်..။

ကတ်စီ အတော်ကြာအောင် တ်ိတ်ဆိတ်နေပြီးကာမှ တီးတိုးပြောလာခဲ့ပါတယ်..။

“အဲတာက..ဂိတ်ပေါက်ပဲ ဖြစ်ရမယ်..။သူတို့…သူတို့ အဲတာကို ဖျက်ဆီးလိုက်ကြပြီ..”

ဆန်နီ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်..။

“နင် မှန်တယ်လို့ ငါ ထင်တာပဲ..”

သူက သူမကို သူ့ဘေးနားမှာ ထိုင်ဖို့အတွက် ကူညီပေးလိုက်တယ်..။ယင်းနောက်..ခံတပ်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာရာမှာ အနက်ရောင် ယဇ်ပုလ္လင်က အပိုင်းပိုင်း အစစ ဖြစ်ပေါ်နေတဲ့ ပုံကို မြင်ယောင်ကြည့်လိုက်ပါတယ်..။ ဆင်စွယ်ရောင် ဓားကရော ဖျက်ဆီးခံလိုက်ရပြီလား..။

ဒုတိယဓားဆိုတာက အစကတည်းကရော တည်ရှိနေခဲ့ရဲ့လား..။ဒါမှမဟုတ်..မော်ဒရက်က သူ ညဘုရားကျောင်း ဆီကို ရောက်လာအောင် လို့ လိမ်ညာထားခဲ့တာလား..။

သူက တစ်ခြား ဘာတွေကို လိမ်ညာထားသေးတာလဲ..။

ဆန်နီ အံ့ကိုကြိတ်ရင်း အသံမထွက်မိအောင် ထိန်းချုပ်နေခဲ့ရတယ်..။သူက ကြောက်ရွံ့မူ ၊ ဒေါသထွက်မူ နဲ့ အရှက်ခွဲခံရမူတွေကို တစ်ပြိုင်နက်တည်း ခံစားနေခဲ့ရပါတယ်..။

သူက ဒီဆန်းကျယ်တဲ့ အသံကို ပထမဆုံး စတင်ကြားရတဲ့ အချိန်ကတည်းက..မယုံကြည်မိအောင် အရမ်းဂရုစိုက် နေခဲ့တာပါ..။သို့ပေမယ့် မော်ဒရက်က သူ့ကို အရမ်းအကူအညီပေးခဲ့ပြီး..တန်ဖိုးရှိတဲ့ အချက်အလက်အများအပြားကို မျှဝေကာ..သူက အစစ်အမှန်ဖြစ်ပါတယ် ဆိုတာကို သက်သေပြခဲ့တယ်..။ဆန်နီ ဒီလောက်အထိ အသက်ရှင်နိုင်ခဲ့တာကလည်း..အများစုက ဆုံးရှုံးသူ မင်းသား ရဲ့ အကူအညီတွေ ကြောင့်ပါပဲ..။

ဒီလိုဆိုရင်တောင်မှ..သူက သတိလစ်လွတ်မနေခဲ့ပေ..။တကယ်လို့ မော်ဒရက်က သူ့ဆီကနေ တစ်ခုခု လိုချင်နေတယ် ဆိုတဲ့ သေးငယ်တဲ့ အရိပ်အယောင်လေး‌ တွေ့ခဲ့မယ်ဆိုရင်တောင်..သူက အဆိုးဆုံးအထိ သံသယ ဝင်မိခဲ့မှာပါ..။သို့ပေမယ့် ဒီခွေးသားက အရမ်းကို လှည့်ဖျားနိုင်စွမ်းရှိပြီး..ကြောက်မက်ဖွယ်ကောင်းလောက်အောင် တွက်ချက်နိုင်စွမ်းးတွေ ရှိနေခဲ့ပါတယ်..။

မော်ဒရက် က သူ့ကို လက်ခုပ်ထဲက ရေလိုမျိုး လှည့်စားသွားခဲ့တာပါ..။

သူက ဆန်နီက ဘယ်လောက်တောင် သံသယများတတ်တဲ့ လူတစ်ယောက်လည်းဆိုတာကို သိထားခဲ့တာကြောင့်..ပေါ့ပါးတဲ့ ချည်းကပ်မူတွေနဲ့ပဲ စတင်ခဲ့ပါတယ်..။ဘယ်လို ဖိအားတစ်စုံတစ်ရာက မဆို ဆန်နီရဲ့ သံသယစိတ်ကို လှုပ်နိုးလိုက်သလို ဖြစ်နိုင်တယ် ဆိုတာကို သိနေတာကြောင့်..မော်ဒရက် ဟာ ဆင်စွယ်ရောင် ဓားအကြောင်းကို လမ်းကြုံသဘောမျိုးအဖြစ်သာ ပြောခဲ့ပြီး..နောက်တစ်ကြိမ် ထပ်မံပြောဆိုခြင်း လုံးဝ မရှိခဲ့ပါဘူး..။အမှန်တော့ အဲဒီ ဖြားယောင်းမူ တစ်ကြိမ်အပြီးမှာ သူက ဆန်နီကို လုံးဝ စကားပြောဆိုခြင်း မရှိတော့ပေ..။

သူက တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့ပြီး..သူ့ရဲ့ သားကောင်က သူ့ခြေထောက်နဲ့ သူ ရောက်လာအောင် စောင့်ဆိုင်းနေခဲ့ပါတယ်..။

ဆန်နီ တုန်လှုပ်သွားခဲ့တယ်..။

‘အိုး..ဘုရားသခင်…သူက ဘယ်လောက်တောင် မြင်ထားပြီးပြီလဲ..’

မော်ဒရက် အနေနဲ့ သူ့ကို စကားတစ်ခါပြောဖို့အတွက် ရက်သတ္တပတ်တွေကြာအောင် စောင့်ဆိုင်းရတာက လုံးဝမဟုတ်ဘူး ဆိုတာကို လောင်းတောင် လောင်းလိုက်ချင်ပါသေးတယ်..။အရာအားလုံးက ..လိမ်ညာမူ နဲ့ လှည့်စားမူ ကွန်ရက်တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်သာ ရှိနေခဲ့တာပါ..။

‘အရူးပဲ…ငါက တကယ်ကို အရူးတစ်ယောက်ပဲ..’

သူက ဘယ်လိုလုပ်ပြီး လုံးဝကို အရူးလုပ်ခံလိုက်ရတာလဲ..။

ဆန်နီ ရဲ့ မျက်နှာပေါ်မှာရူးသွပ်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။ပြီးတာနဲ့ လှောင်ရယ်သံတစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်..။

အဖြေက အရမ်းကို သိသာနေတာ မဟုတ်ဘူးလား..။အမှန်တရားကတော့…သူ့ရဲ့ ကျရှုံးမူက အမှန်တရားပါပဲ..။မော်ဒရက် က ကျွမ်းကျင်လိမ်မာတဲ့ လူလိမ်တစ်ယောက်လိုပဲ..အရာအားလုံးကို ယုံကြည်စေဖို့အတွက် သူ့ရဲ့ အလိမ်အညာ အနည်းငယ်လောက်ကိုသာ ရောနှောထားခဲ့ပါတယ်..။

“အိုး.. ဆင်စွယ်ရောင်..”

ကတ်စီ အနည်းငယ် လှုပ်သွားခဲ့တယ်..။ပြီးတာနဲ့ နူးညံ့တဲ့ အသံနဲ့ သိချင်စွာ မေးလိုက်ပါတယ်..။

“ဆန်နီ..။အဲဒီမှာ အမှန်တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ..”

သူက ခါးသက်စွာ ရယ်မောလိုက်ပြီး..နက်မှောင်တဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်..။

“ဘာလို့လဲ..နင်က အရာအားလုံးကို သိထားပြီးသား မဟုတ်ဘူးလား..”

မျက်မမြင်မိန်းကလေးဟာ ပြန်မဖြေခဲ့ပေ..။အချိန်တစ်ချို့ကြာသွားပြီးကာမှ သူ သက်ပြင်းချလိုက်ပြီး..

“…တောင်းးပန်ပါတယ်..။ငါကြောင့်ပဲ..။ငါ့ကြောင့် နင်ပါ ဒီအရှုပ်ထုတ်ထဲကို ရောက်သွားခဲ့ပြီ..”

ဆန်နီ ခန္တာကိုယ်ကို မတ်မတ်ထားပြီး..သူ့ကိုယ်သူတည်ငြိမ်ဖို့အတွက် တွန်းအားပေးလိုက်တယ်..။

အတိတ်ကို ပြန်တွေးနေတာက..ဘာကောင်းကျိုးမှ ရှိလာမှာ မဟုတ်ပါဘူး..။အခြေအနေက ဆိုးဝါးနေတယ် ဆိုပေမယ့် မျှော်လင့်ချက်မဲ့နေတာမျိုုးတော့ မဟုတ်ပေ..။အနာဂတ်ဆိုတာက မသေချာတာကြောင့်..အနာဂတ်မှာ အရာအားလုံးကို ပြောင်းပြန်လှန်ဖို့အတွက် အခွင့်အရေး ရှိနေပါသေးတယ်..။သူက ဒီတိုင်း ကိုယ့်ကိုကို ထိန်းချုပ်ပြီး..လက်တွေ့မှာ ဖြစ်ပေါ်လာမယ့် အခွင့်အရေးအပေါ်မှာ အဆင်သင့်ဖြစ်နေဖို့ပဲ လိုအပ်တာပါ..။

နောက်ဆုံးမှာ မော်ဒရက်ကပဲ..ရယ်မောနိင်မဲ့ လူတစ်ယောက်ဖြစ်လိမ့်မယ် လို့ ဘယ်သူက ပြောနိုင်မှာလဲ..။

“ငါ ပြောပြခဲ့တဲ့ ဆန်းကျယ်တဲ့ ဆုံးရှုံးသူ ဆိုတာကို နင်မှတ်မိလား..။ငါ့ကို မျိုးစေ့ အကြောင်း နဲ့ ဓားတွေ အကြောင်းကို ပြောပြပေးခဲ့တဲ့ တစ်ယောက်လေ..”

ကတ်စီ ဖြည်းညှင်းစွာ ခေါင်းညိမ့်လိုက်တယ်..။

ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ..ခေါင်းခါယမ်းလိုက်ပါတယ်..။

“ကောင်းပြီလေ..အမှန်တော့ သူက ငါ့ကို ညဘုရားကျောင်းဆီကို ရောက်လာအောင် ရည်ရွယ်ချက်ရှိရှိ ဖြားယောင်းထားခဲ့တာ..။သူက အကြောင်းပြချက်တစ်ချို့ကြောင့် ငါ ရရှိထားတဲ့ မှန်တစ်ချပ်ကို လိုအပ်နေတယ်..။မာစတာ ပီယာက ဒီအရာကို မြင်တွေ့သွားတဲ့ အချိန်မှာတော့..ဒီလိုတွေ ဖြစ်လာတော့တာပဲ..”

သူမက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ မေးလိုက်တယ်..။

“ အဲဒီ ဆုံးရှုံးသူက..ဒီ..ညဘုရားကျောင်းထဲမှာ ရှိနေလိမ့်မယ်လို့ နင်ထင်လား..”

ဆန်နီ အဝေးကိုကြည့်လိုက်တယ်..။သူ စကားပြောလာတဲ့ အချိန်မှာတော့..သူ့ရဲ့ အသံက..တင်းမာနေခဲ့ပါတယ်..။

“အဲလိုထင်တာပဲ..။အမှန်တော့ ဒီ ဘုရားကျောင်းကြီးတစ်ခုလုံးက အကျဉ်းထောင်တစ်ခုလို့ ငါထင်တယ်..။တစ်ဦးတည်းသော ..သတ္တဝါတစ်ကောင်ကို ထိန်းသိမ်းထားရတဲ့ အကျဉ်းထောင်တစ်ခု..။အဲတာက သူပဲ..”

ကတ်စီ ကျောချမ်းသွားခဲ့ပြီး..သူမရဲ့ ပုခုံးတွေကို ပွေ့ဖက်လိုက်တယ်..။သူတို့နှစ်ယောက်ကြားထဲမှာ ကြီးမားတဲ့ တိတ်ဆိတ်မူကြီး တစ်ခုက ကြီးစိုးသွားခဲ့ပါတယ်..။

အတော်ကြာပြီးနောက်မှ သူမက ပြောလာခဲ့တယ်..။

“နင်ပြောတာ မှန်နိုင်ပါတယ်..။ဒါပေမဲ့ ဆန်နီ…”

သူမ ရဲ့ အသံက တုန်ရီနေခဲ့ပြီး..

“…ဘယ်လိုသတ္တဝါကများ…နိုးထမူအဆင့် တိုက်ခိုက်ရေးသမား အယောက်တစ်ရာ ၊ တက်ရောက်သူ အဆင့် စစ်သည်တော် နှစ်ယောက် နဲ့ သူတော်စင်တစ်ယောက် က စောင့်ကြပ်ရလောက်တဲ့ အထိ လိုအပ်နေတာလဲ..”

ဆန်နီ သူမကို ကြည့်လိုက်ပြီး ဘာပြန်ပြောရမလဲ ဆိုတာကို မသိတော့ပေ..။

သူ့မှာ အဖြေမရှိပါဘူး..။

အပိုင်း ( ၅၆၆ ) ပြီး၏။

All Chapters