လွတ်မြောက်ဖို့ လမ်းမရှိ
Vol. 38 Ch. 567
မော်ဒရက် ကို စောင့်ကြပ်ဖို့အတွက် ဆုံးရှုံးသူတွေနဲ့ လူသား ထပ်တူညီမူတွေပဲ..ထားရှိထားတာကို ကြည့်ခြင်းအားဖြင့်..သူက ဘယ်လိုသတ္တဝါလဲဆိုတာကို ဆန်နီ ခန့်မှန်းမိပေမယ့်..ခန့်မှန်းချက်ထုတ်ဖို့ အတွက်တော့ အချက်အလက်တွေ အတော်လေး နည်းပါးနေပါသေးတယ်..။
သူ့ကိုယ်သူ ဘာမှမရှိတဲ့ မင်းသားလို့ ခေါ်နေတဲ့ လူတစ်ယောက်အကြောင်းကို သူက ဘာတွေများ ထပ်ပြီး သိထားသေးလဲ..။
မော်ဒရက်က လူသားတစ်ယောက် ဖြစ်တယ်ဆိုတာကတော့..သူ သေချာပြောနိုင်ပါတယ်..။ဒါမှမဟုတ်ရင်လည်း..အနည်းဆုံးတော့ တစ်ချိန်က ဖြစ်ခဲ့ဖူးမှာပါ..။အိပ်မက်ဆိုးသားရဲ တစ်ကောင်က လူသားတစ်ယောက်ရဲ့ အသံအတိုင်း အတုပြုလုပ်ပြီး..ပြောကြားနိုင်ပေမယ့်...မော်ဒရက် ပြသထားတဲ့ နိုးထခြင်းကမ္ဘာရဲ့ အသိပညာတွေကိုတော့..သိရှိနိုင်ကြမှာ မဟုတ်ပါဘူး..။ဆန်းကျယ်တဲ့ မင်းသားက..သူ့ရဲ့အသက်ဆယ့်နှစ်နှစ် အရွယ်ကတည်းက ပထမဆုံးအိပ်မက်ဆိုးကို တိုက်ခိုက်အနိုင်ယူခဲ့တယ်လို့ ပြောခဲ့တာကလည်း အမှန်တရား ဖြစ်တယ်လို့ ဆန်နီ ခံစားရပါတယ်..။
ထပ်ပြောရရင်.. ဆန်နီ ဖတ်ထားဖူးးတဲ့ ရက်စက်သော အစွန်းရဲ့ ဖော်ပြချက်မှာလည်း..မင်းသားတစ်ပါးက စက်ဆုပ်ဖွယ် အိပ်မက်မွေးဖွားသူ ဆီကို ပေးပို့ခြင်းခံရပြီးနောက်မှာ..သူ့ အဖေရဲ့အိမ်က သူ့ကို ပြန်ပြီး မကြိုဆိုကြတော့တာကို ဖော်ပြထားခဲ့ပါတယ်..။အဲတာကြောင့်ပဲ..သူတော်စင်ကို သူ တည်ထွင်ခဲ့သလိုပဲ..မော်ဒရက်က မှန်သားရဲကို တီထွင်ထားခဲ့တာပါ..။
ဒီလောက်တည်းနဲ့ ဘာများ ခန့်မှန်းနိုင်ဦးမှာလဲ…
ဆန်နီ သက်ပြင်းချလိုက်ပြီး..လှောင်အိမ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။
ကြမ်းခင်းရဲ့ သဘာဝက ချိုင့်ခွက်ပုံစံဖြစ်နေခဲ့တာကြောင့်..သူနဲ့ ကတ်စီက တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် ရှိနေဖို့ တွန်းအားပေးခြင်း ခံနေခဲ့ရပါတယ်..။သူတို့ သက်သောင့်သက်သာ ရှိနေနိုင်တဲ့ တစ်ခုတည်းသော..မြေပြန့်နေရာက..အလယ်က နေရာကျဉ်းကျဉ်းလေးမှာပါပဲ..။ ဒီအခန်းက သစ်သားအဖုံးနဲ့ ဖုံးအုပ်ထားတဲ့ ပုံတစ်ပုံး ရှိနေတာက လွဲပြီး တစ်ခြားဘာမှ ရှိမနေခဲ့ပါဘူး..။
ဆန်နီ ပုံးကို အတော်ကြာအောင် ကြည့်ပြီး ညဉ်းညူလိုက်တယ်..။
“သူတို့က ငါတို့ကို ဒီမှာ ဘယ်လောက်ကြအောင် ထားထားမယ်လို့ထင်လဲ..”
ကတ်စီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ..ပုံမှန်အတိုင်း ပြန်ဖြေလိုက်တယ်..။
“ သူတို့က အကျဉ်းသားကို ထိန်းထားနိုင်မလား ဆိုတဲ့ အပေါ်မှာ မူတည်လိမ့်မယ်..”
သူ မျက်မှောင်ကျုတ်လိုက်တယ်..။
ကြီးမြတ်တဲ့ ကလန်ကို အမူတော်ထမ်းနေကြတဲ့..ကျွမ်းကျင်အဆင့် နိုးထသူ အယောက်တစ်ရာနဲ မာစတာ နှစ်ယောက်က မော်ဒရက်ကို ထိန်းထားနိုင်ပါ့မလား..။ဒီနေ့မတိုင်ခင်အချိန် ဆိုရင်တော့..သူက တစ်ခနတောင် တွေဝေခြင်းမရှိပဲ ထိန်းထားနိုင်တယ်လို့ ပြန်ဖြေလိုက်မှာပါ..။ဆန်းကျယ်တဲ့ မင်းသားက ဘယ်လောက်ပဲ အားကောင်းနေပါစေ..သူက ဘယ်လိုလုပ်ပြီး..စစ်တပ်တစ်ခုလုံးကို တွန်းလှန်တိုက်ခိုက်နိုင်မှာလဲ..။
သို့ပေမယ့်..ဆျာ ပီယာ ရဲ့ မျက်နှာပေါ်က ထိပ်လန့်မူ နဲ့ ကြောက်ရွံ့မူတွေ ကို တွေ့မြင်ရပြီး နောက်မှာ..ဆန်နီက ထပ်ပြီး မသေချာတော့ပါဘူး..။
ပြီးတော့..တကယ်လို့ မော်ဒရက်သာ တစ်နည်းနည်းနဲ့ အနိုင်ရရှိခဲ့မယ်ဆိုရင်ရော…
သူတို့က လုံခြုံနိုင်ပါ့မလား…။
ဒါမှမဟုတ်..သူတို့လည်း ဒီလိုကြောက်ရွံ့မူကို ခံစားကြရမှာလား..။
‘ခရက်..’
ဆန်နီဟာ..အခန်းရဲ့ တံခါးဝကို ကြည့်လိုက်ပြီး..မျက်လုံးမှိတ်ထားလိုက်တယ်..။
အခုတော့ သူတို့လုပ်နိုင်တာက စောင့်ဆိုင်းဖို့လွဲပြီး ဘာမှမရှိတော့ပါဘူး..။
မိနစ်တွေက ကုန်ဆုံးသွားခဲ့ပြီး ဖြည်းဖြည်းချင်းနဲ့ နာရီ အပိုင်းအခြားတွေ ဆီကို ရောက်သွားခဲ့တယ်..။ပြတင်းပေါက်တွေ ရှိမနေခဲ့တာကြောင့် အချိန်ကို တိုင်းတာဖို့အတွက် ခက်ခဲလှပါတယ်..။ဆန်နီ နဲ့ ကတ်စီ တို့ဟာ အချိန်အများစုကို တိတ်ဆိတ်ပြီးသာ နေနေခဲ့တယ်..။ဘာလို့လဲ ဆိုတော့..တစ်ယောက်ချင်းစီတိုင်းက..ကိုယ့်ရဲ့ အတွေးတွေနဲ့ကို စီးမျှောနေခဲ့လို့ပါ..။တစ်နည်းအားဖြင့် ဆိုရင်တော့ သူတို့ပြောဖို့အတွက် အသုံးဝင်တဲ့ စကားတွေ ဆိုတာလည်း မရှိပါဘူး..။
ည ဘုရားကျောင်းက နောက်ထပ် အကြိမ်အနည်းငယ် တုန်လှုုပ်သွားခဲ့ပေမယ့် ပထမနှစ်ကြိမ်လောက်တော့ ပြင်းထန်ခြင်း မရှိတော့ပါဘူး..။ဆန်နီ တိတ်ဆိတ်စွာ တရားထိုင်နေခဲ့တယ်..။သူ့ရဲ့ ကြွက်သားတွေမှာ ရှိတဲ့ အရိပ်အဆီအနှစ်တွေ နဲ့ ခွန်အားတွေက တဖြည်းဖြည်းချင်း ကွယ်ပျောက်နေတာကို ခံစားနေခဲ့ရပါတယ်..။အတော်ကြာပြီးတဲ့ နောက်မှာတော့..သူက မတ်တတ်ရပ်လိုက်ပြီး..လှောင်အိမ်နံရံကို တွယ်တက်လိုက်တယ်..။ပြီးတာနဲ့ ရှေးဟောင်း ရူးစ်တွေကို လေ့လာလိုက်ကာ..အခန်းကျဉ်းရဲ့တစ်စင်တီမီတာ တိုင်းကို လေ့လာနေခဲ့ပါတယ်..။
သူက သံချောင်းတွေကို ကွေးပြီး ဖယ်ရှားပစ်ဖို့အတွက်တောင်..ကြိုးစားခဲ့ပါသေးတယ်..။သိုပေမယ့် ဒါက အသုံးမဝင်ခဲ့ပေ..။လှောင်အိမ်က မာစတာတွေကို ဒါမှမဟုတ် သူတော်စင် အဆင့်တွေကို တောင် အကျဉ်းချနိုင်လောက်တဲ့ အထိ တည်ဆောက်ထားခဲ့သလိုပါပဲ..။သူ့ရဲ့ ခွန်အားအပြည့်ကို ပြင်းပြင်းထန်ထန် အသုံးပြုရင်တောင်မှ သူက ဒီလှောင်အိမ်ကို ဖျက်ဆီးနိုင်စွမ်းရှိမှာ မဟုတ်ပေ..။
အတော်ကြာပြီးတဲ့ နောက်မှာတော့..သူက ရွေးချယ်စရာ မရှိတော့ပဲ..အလယ်မှာ ရှိနေတဲ့ နေရာကျဉ်းကျဉ်းလေး ဆီကို ပြန်လည်ဆင်းသက်သွားခဲ့ရပြန်ပါတယ်..။အဲဒီမှာတော့ ဘာမှ လုပ်စရာ ရှိမနေခဲ့ပေ..။
သူက အချိန်အတော်ကြာတဲ့ အထိ ဒီလို အခွင့်အရေးမျိူးကို မရရှိခဲ့ပါဘူး..။အမှန်တကယ်တော့ ဘာမှမလုပ်ပဲ နေတာကလည်း..စိတ်အပန်းဖြေခြင်းတစ်မျိုးပါပဲ..။ဒါပေါ့ သူတို့တွေရဲ့ အသက်ကို ချုပ်နှောင်ထားတယ် ဆိုတဲ့ စိတ်ကို ဖျောက်ဖျက်ပစ်လိုက်မှ ဒီလိုမျိုး ခံစားရမှာပါ..။
ရူးစ် တွေရဲ့ အပြာရောင် အလင်းတွေ နဲ့ မီးအိမ်တွေရဲ့ လိမ္မော်ရောင် အလင်းတွေက မှိန်ပြပြီး..နူးညံ့ညှင်သာနေခဲ့တယ်..။အပြင်ဖက် တစ်နေရာရာမှာတော့..ကြောက်မက်ဖွယ်ကောင်းတဲ့ သတ်ဖြတ်မူတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်..။
သိုပေမယ့် ဒီနေရာမှာတော့ အရာရာတိုင်းက တည်ငြိမ်ပြီး တိတ်ဆိတ်နေခဲ့တယ်..။
ဆန်နီက အိပ်ငိုက်လုနီးပါး ဖြစ်နေတဲ့ အချိန်မှာပဲ..ကတ်စီက ရုတ်တရက် တံခါးပေါက်ဆီကို မျက်နှာမူလိုက်ပါတယ်..။
“တစ်ယောက်ယောက် လာနေပြီ..”
သူက မျက်လုံးကို ဖွင့်ပြီး မတ်တတ်ထရပ်လိုက်တယ်..။ပြီးတာနဲ့..ဆီမီးအိမ်ကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။မီးတောက်တွေက ကခုန်နေခဲ့ပေမယ့်..အခန်းရဲ့တံခါးက ဘန်းကနဲ ပွင့်သွားတဲ့ အချိန်မှာ ဝင်လာတဲ့ လေတိုက်ခတ်မူကြောင့် တစ်ခနလောက် မှိတ်သွားခဲ့ကြပါတယ်..။
လူငါးယောက်က အထဲကိုဝင်လာခဲ့ကြတယ်..။
လေးယောက်က ဆုံးရှုံးသူ စစ်သည်တော်တွေ ဖြစ်ကြပြီး..သူတို့ရဲ့ မျက်နှာတွေက သုန်မုန်နေကြကာ..အကာအကွယ် အကျ်ီတွေမှာ သွေးတွေ စွန်းပေနေခဲ့ကြပါတယ်..။တစ်ယောက်ကတော့ သူတို့ကို အကျဉ်းချထားခဲ့တဲ့ ကင်းစောင့်ဖြစ်ပြီး..သူ့မျက်နှာက ဖြူဖျော့နေခဲ့တယ်..။သူ့ရဲ့ ခေါင်းမှာလည်း အဖြူရောင် အစတစ်စကို ပတ်တီးတစ်ခုလို စီးထားခဲ့ပါတယ်..။
ငါးယောက်မြောက်ကတော့..အနီရောင် ဆံပင်နဲ့ အနက်ရောင် ဖျင်ကြမ်းအက်ျီကို ဝတ်ဆင်ထားတဲ့ လှပတဲ့အမျိုးသမီး တစ်ဦးဖြစ်နေခဲ့တယ်..။အဲတာကတော့ မာစတာ ဝယ်သီ ပါ..။သူမရဲ့ လည်ပင်းမှာတော့..ထူးဆန်းတဲ့ အဆောင်တစ်ခုကို ချိတ်ဆွဲထားခဲ့ပြီး..မျက်လုံးထဲမှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ရှိနေခဲ့ပါတယ်..။သူမ ထုတ်လွတ်နေတဲ့ အော်ရာက တကယ်ကို ကြောက်မက်ဖွယ်ရာ ပါပဲ..။
‘ဒီတော့…နောက်ဆုံးမှာ မော်ဒရက်က မလွတ်မြောက်နိုင်ခဲ့ဘူးပေါ့..’
မာစတာက ကတ်စီကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး..ဆန်နီကို ကြည့်လိုက်တယ်..။
“နင်..နင်က ခံတပ်ထဲကို မှန်အပိုင်းအစ သယ်ဆောင်လာခဲ့တာဆို..။အဲတာ အမှန်လား..”
ဆန်နီ အနည်းငယ်လှုပ်သွားခဲ့တယ်..။
“ဟုတ်ပါတယ်..”
ဝယ်သီ ရဲ့ နှုတ်ခမ်းထောင့်စွန်းက တွန့်ကွေးသွားခဲ့တယ်..။
“နင့်ကို ဒီလိုလုပ်ဖို့ ဘယ်သူ ခိုင်းစေခဲ့တာလဲ..”
သူ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်ပြီး..
“ဘာလဲ..။ဘယ်သူကမှ ကျွန်တော်ကို မစေခိုင်းပါဘူး..။အဲဒီအပိုင်းအစက ဘာမှန်းတောင် ကျွန်တော်သိတာ မဟုတ်ဘူး..။ဒီတိုင်း..သိချင်စိတ်နဲ့ပဲ ကောက်ယူထားခဲ့တာ..”
လှပတဲ့ အမျိုးသမီးက ဆုံးရှုံးသူတွေထဲက တစ်ယောက်ကို လှည့်ကြည့်လိုက်တယ်..။အဲ့လူက ချက်ချင်း ခေါင်းညိမ့်ပြလိုက်ပြီး..
“သူက အမှန်အတိုင်း ပြောနေတာပါ..။ဒါမှမဟုတ်ရင်လည်း သူပြောနေတဲ့အရာကို ယုံကြည်နေတဲ့ ပုံပဲ..”
ဆန်နီ ဟာ အသက်သုံးဆယ် ဝန်းကျင်လောက်ရှိတဲ့ ဆုံးရှုံးသူကို လေ့လာလိုက်တယ်..။သူက ပိန်လှီတဲ့ မျက်နှာနဲ့..ကြည်လင်တဲ့ အညိုရောင် မျက်လုံးတွေ ရှိနေခဲ့ပါတယ်..။
‘ကောင်းတယ်..နောက်ထပ် လမ်းလျောက်နေတဲ့ အလိမ်ဖော်စက်တစ်လုံးပေါ့..’
ဝယ်သီ မျက်မှောင်ကျုတ်လိုက်ပြီး ဆန်နီကို ထိုးဖောက်မတတ် အကြည့်တွေနဲ့ကြည့်လိုက်ပါတယ်..။
“နင်က ဘာရည်ရွယ်ချက်နဲ့ ည ဘုရားကျောင်းကို ရောက်လာခဲ့တာလဲ..”
ဆန်နီ တစ်ခနလောက်ေ တွဝေသွားခဲ့တယ်..။သူ စကားပြောတဲ့ အချိန်မှာတော့ ကြောက်ရွံ့ပြီး တုန်လှုပ်နေတဲ့ ပုံပေါက်နေခဲ့ပါတယ်..။
“ဒီ..ဒီနေရာက ယဇ်ပုလ္လင်ပေါ်မှာ အထူး ဓားတစ်လက်ရှိတယ်လို့ တစ်စုံတစ်ယောက်က ကျွန်တော်ကို ပြောခဲ့တယ်..။ကျွန်တော် အဲဒီဓားကို စိတ်ဝင်စားတယ်..။ဘာလို့လဲ ဆိုတော့ အဲတာက ချိန်းကျွန်းစုရဲ့သမိုင်းကြောင်း နဲ့ သက်ဆိုင်နေလို့ပဲ..။ကျွန်တော်က နိုထခြင်း အကယ်ဒမီရဲ့ စူးစမ်းရှာဖွေသူ တစ်ယောက်လေ..သိတယ်မလား..။မာစတာ တောင်မှ ကျွန်တော်ရဲ့ အရင်စူးစမ်းရှာဖွေမူတွေကို ဖတ်မိကောင်း ဖတ်မိထားဦးမယ်..။အဲတာက..အာ..အတော်လေး နာမည်ကြီးတာနော်..”
မာစတာက သူ့ကို အချိန်တစ်ချို့ကြာအောင် စိုက်ကြည့်နေခဲ့ပြီးမှ..ကြည်လင်တဲ့ မျက်လုံးတွေရှိတဲ့ ဆုံးရှုံးသူကို ကြည့်ကာ..ခေါင်းခါယမ်းလိုက်တယ်..။
“ဒါတွေ အားလုံးက အရေးမပါတဲ့ အရူးတစ်ယောက် ကြောင့် ဖြစ်လာခဲ့တာပေါ့..”
‘ဟုတ်တယ်..ဟုတ်တယ်..ငါက သနားစရာ..အရေးမပါတဲ့ အရူးတစ်ယောက်ပဲ..။ငါ့ကို ယုံကြည်ပေးပါ..’
ဆန်နီ လည်ချောင်းကို ရှင်းလိုက်ပြီး..
“မာစတာ ဝယ်သီ..။ကျွန်တော်ကြောင့် ဒီလိုတွေဖြစ်သွားရတာ တကယ်ကို တောင်းပန်ပါတယ်..။ဒါပေမဲ့ ဘာတွေ ဖြစ်နေတာလဲ..။ပြီးတော့ ကျွန်တော်တို့ကို ဘယ်တော့ လွှတ်ပေးမှာလဲ..”
သူမဆီက ရုတ်တရက် ရယ်မောသံတစ်ချို့ ထွက်လာခဲ့တယ်..။ယင်းနောက် သူ့ကို နက်မှောင်တဲ့ ဒေါသ တွေနဲ့ စိုက်ကြည့်လိုက်ပြီး..
“မင်းကို လွှတ်ပေးရမှာလား..။တကယ်လို့ မင်းလုပ်ရပ်တွေကြောင့် ဘယ်လို အရာတွေ ဖြစ်သွားခဲ့လဲ ဆိုတာကို သိမယ်ဆိုရင်..အကျဉ်းထောင်ထဲမှာပဲ ထားပေးထားဖို့ကို တောင်းပန်နေလိမ့်မယ်..။အနည်းဆုံးတော့ အဲဒီမကောင်းဆိုးဝါးက မင်းတို့ အနားကို မလာနိုင်တော့ဘူးပေါ့..။မဟုတ်ဘူး..မင်းတို့နှစ်ယောက်စလုံးက မင်းတို့ ရှုတ်ထားတဲ့ အရှုပ်ထုတ်ကို ရှင်းပြီးတဲ့ အချိန်အထိ ဒီမှာပဲ နေကြရလိမ့်မယ်..။ပြီးတော့..ငါတို့ အဲတာကို ဖြေရှင်းမှာ..ငါ့ကို ယုံကြည်လိုက်..”
ဒါက ဆန်နီ ကြားချင်နေတဲ့ အဖြေ လုံးဝ မဟုတ်ပါဘူး..။သိုပေမယ့် အနည်းဆုံးတော့ ဒီကနေတဆင့် သူ အချက်အလက်တစ်ချို့ ရလိုက်ပါသေးတယ်..။
မော်ဒရက်ကို အခုထိ မဖမ်းနိုင်ကြသေးပေ..။သူနဲ့ ဗာလာကလန်ရဲ့ တပ်သားတွေက တစ်နည်းနည်းနဲ့ မတိူးသာ မဆုတ်သာ အခြေအနေမှာ ရှိနေကြတဲ့ ပုံပါပဲ..။
မာစတာ ဝယ်သီဟာ အံကို ကြိတ်ထားရင်း တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်..။
သို့ပေမယ့် မသွားခင်မှာတော့..သူမက ခနလောက်ရပ်တန့်လိုက်ပြီး..အက်ကွဲတဲ အသံနဲ့ ပြောလာခဲ့တယ်..။
“အခု ဘုရားကျောင်းတစ်ခုလုံးကို ပိတ်ချထားပြီးပြီ ဆိုတော့..အရှင် ကော်မတ် ကိုယ်တိုင်ကပဲ ဒီအရာကို ပြန်ဖျက်စီး နိုင်လိမ့်မယ်..။ဂိတ်ပေါက်က ဖျက်ဆီးလိုက်ပြီ ဆိုတော့ ထွက်သွားဖို့ နည်းလမ်းက မရှိတော့ဘူး..။မင်းတို့က ဘယ်ကို သွားချင်နေသေးတာလဲ..”
ဒီလိုပြောပြီးတာနဲ့ သူမက လက်သီးကို ဆုပ်ထားရင်း အခန်းထဲကနေ ထွက်သွားခဲ့ပါတယ်..။ကျန်တဲ့ ဆုံးရှုံးသူ လေးယောက်ကလည်း တံခါးကို ပိတ်ပြီး သူမနောက်ကနေ လိုက်သွားခဲ့ကြတယ်..။
ဆန်နီ အတော်ကြာအောင် ကြည့်နေပြီးတဲ့နောက်မှာတော့..သူ့မျက်နှာပေါ််မှာ သုန်မုန်တဲ့ အမူအရာပေါ်လာခဲ့ပါတယ်..။
‘ အရှင်ကော်မတ်က လွဲပြီး အဲတာကို ဘယ်သူကမှ ပြန်မပယ်ဖျက်နိုင်ဘူး..’
“ခရက်..”
သူတော်စင်က အခုကနေစပြီး နောက်ထပ် တစ်လလောက် အထိ ပြန်လာဦးမှာ မဟုတ်ပါဘူး..။
သူက ကတ်စီကို ကြည့်လိုက်ပြီး..လှောင်အိမ်ကို ကြည့်လိုက်တယ်..။နောက်ဆုံးမှာတော့..တောက်ပနေတဲ့ ရူးစ်ေတွကို ကြည့်လိုက်ပါတယ်..။
ဒီဟာက အတော်ကို ရှည်လျားပြီး ဆိုးရွားတဲ့ လတစ်လ ဖြစ်လာတော့မှာပါ..။
အပိုင်း ( ၅၆၇ ) ပြီး၏။