← Chapters

အပြည့်အဝ လည်ပတ်မူ

Vol. 38 Ch. 568

အပြည့်အဝ လည်ပတ်မူ

Vol. 38 Ch. 568

သူက ပြန်ထိုင်လိုက်ပြီး အတော်ကြာအောင် စောင့်နေပြီးကာမှ ကတ်စီ ဘက်ကို လှည့်လိုက်တယ်..။

“နင် သူမရဲ့ စွမ်းရည်ကို ကြည့်လိုက်သေးလား..”

သူမ လည်း ထိုင်လိုက်ပြီး သက်ပြင်းချလိုက်တယ်..။

“အင်း..သူမ ရယ်..အတူပါလာတဲ့ ဆုံးရှုံးသူတွေရောပဲ..။ဆျာ ပီယာလည်း အတူတူပဲ..။ငါက သူတို့ရဲ့ နာမည် နဲ့ ကဏ္ဍစွမ်းရည် တွေကို လည်း မြင်ရတယ်..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

“ဘာလဲ..။နင်က ဘယ်တုန်းက ကဏ္ဍစွမ်းရည်တွေကို ဖတ်နိုင်သွားတာလဲ..”

မျက်မမြင် မိန်းကလေးက ပုခုံးတွန့်လိုက်ပြီး..

“ငါ နိုးထသူ ဖြစ်လာပြီးကတည်းကပဲ..”

သူက သူမကို အတော်ကြာအောင် ကြည့်လိုက်တယ်..။

‘ဘယ်လောက်တောင်..အသုံးဝင်တဲ့ စွမ်းရည်မျိုးလဲ..’

ပိုပြီးဆိုးဝါးတာက..တကယ်လို့ သူမက အရင်တုန်းက သူ့ရဲ့ လျိုဝှက်ချက်တွေကို မသိထားဘူးဆိုရင်..အခုတော့ သိသွားခဲ့ပြီလို့ ဆိုလိုတာပါ..။

‘ဘယ်လောက်ဒေါသထွက်စရာကောင်းလဲ..’

ဆန်နီ မျက်နှာရှုတ်မဲ့သွားပြီး ခနလောက်တွေဝေနေခဲ့တယ်..။ပြီးမှ ပြောလိုက်ပါတယ်..။

“ကောင်းတယ္..။အခွင့်အရေးကတော့..ဒီအရာအားလုံးမပြီးဆုံးသွားခင်မှာ ငါတို့ အဲဒီအချက်အလက်တွေကို လိုအပ်တယ်..”

သူက သူမကို ပြန်ဖြေဖို့အတွက်တွန်းအား မပေးခဲ့ပေ..။သူ့မှာလည်း တွေးစရာတွေ အများကြီး ရှိနေပါသေးတယ်..။

အချိန်တစ်ချို့ ကုန်ဆုံးသွားတဲ့ အထိ သူတို့နှစ်ယောက်က တိတ်ဆိတ်ပြီးသာ နေနေခဲ့ကြတယ်..။အတော်ကြာပြီးတဲ့ နောက်မှာတော့..အခန်းရဲ့ တံခါးက နောက်ထပ်တစ်ကြိမ် ပွင့်လာခဲ့ပါတယ်..။ပြီးတာနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဆုံးရှုံးသူ လေးယောက်က အခန်းထဲကို ဝင်လာခဲ့တယ်..။ခေါင်းမှာ ပတ်တီးစည်းထားတဲ့ တစ်ယောက်ကတော့ အစားအသောက် ထည့်ထားတဲ့ ဗန်းတစ်ခုနဲ့..ရေအိတ်တစ်ခုကို သယ်လာခဲ့ပါတယ်..။

သူက အေးစက်တဲ့ မျက်နှာအမူအရာနဲ့ သူတို့ကို အတော်ကြာအောင် လေ့လာလိုက်တယ်..။ပြီးတာနဲ့ လှောင်အိမ်နားကိုတောင် မကပ်ပဲ..အစားအသောက်နဲ့ ရေအိတ်ကို သံတိုင်တွေ ကြားထဲကနေ ပစ်ပေးလိုက်ပါတယ်..။

ဆန်နီ သူ့ရဲ့ ဒေါသကို ထိန်းချုပ်ပြီး သွေးကြောင်တဲ့ သုတေသန ပညာရှင်တစ်ယောက်လို ဟန်ဆောင်ကာ ပြောလိုက်တယ်..။

“ဟေး..ဆျာ..အာ…ဆျာ နိုးထသူ..။ဘာတွေဖြစ်နေတာလဲ ဆိုတာကို ကျွန်တော်တို့ကို ပြောပြလို့ ရနိုင်မလား..။ကျေးဇူးပြုပြီး..။ကျွန်တော်တို့က ဘာတွေမှားယွင်းနေတာလဲ ဆိုတာတောင် မသိကြဘူးလေ..”

ကင်းစောင့်က သူ့ကို နက်မှောင်စွာကြည့်လိုက်ပြီး..အမိန့်ပေးတဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။

“ပါးစပ်ပိတ်ထား..”

သူ့ရဲ့ အသံကတော့ ရှင်းလင်းပြီး သန်မာနေခဲ့တယ်..။မောက်မာမူတွေ အပြင်..သူတို့နှစ်ယောက်အပေါ်မှာ နက်ရှိုင်းတဲ့ အမုန်းတရားတွေလည်း ရှိနေခဲ့ပါတယ်..။

ဆုံးရှုံးသူက နောက်ထပ်ဘာစကား တစ်ခွန်းမှ ထပ်မပြောတော့ပဲ ပြန်ထွက်သွားခဲ့တယ်..။နောက်တစ်ကြိမ်ဆိုသလိုပဲ လော့ခ်ကျနေတဲ့ တံခါးတစ်ချပ်သာ ကျန်နေခဲ့ပါတော့တယ်..။

ဆန်နီ အတော်ကြာအောင် တိတ်ဆိတ်နေပြီးကာမှ သူ့ရဲ့ခေါင်းကို ဖြည်းညှင်းစွာ ငုံ့လိုက်တယ်..။ပြီးတာနဲ့..ဆင်ခြေလျောအတိုင်း သူ့ရဲ့ ခြေထောက်နားကို ပြုကျလာနေတဲ့ အစားအသောက်ကို ကြည့်လိုက်ပါတယ်..။

ယင်းနောက် သူက ရုတ်တရက် ခေါင်းကို ပြန်မော့လိုက်ပြီး ကျယ်လောင်စွာ ရယ်မောနေပါတော့တယ်..။

“အိုး..အိုး..ဘုရားသခင်တို့..။ငါက ဒီလို အရာတွေကို နောက်ထပ်တစ်ကြိမ် ပြန်စားရမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..”

သူ့ရဲ့ရှေ့မှာ..ရူးခ်တွေရဲ့ အပြာရောင် အလင်းတွေကို အလင်းပြန်ပြီး ကြမ်းပြင်ပေါ်မှာ ရှိနေခဲ့တာကတော့..အရောင်မရှိတဲ့ စည်သွပ်ဗူးနှစ်ခုပါ..။

သူက ဒီအရာတွေကို ကောင်းကောင်း သိထားပါတယ်..။

……

သူတို့က ညနက်စာကို ရွံ့တွေလိုမျိုး အရသာရှိတဲ့ စည်သွပ်အစားအစာ တွေကိုသာ စားသောက်ခဲ့ကြပါတယ်..။ဒီလိုဆိုရင်တောင်မှ ဒီအစားအသောက်က ထုတ်လုပ်ရတာ အကုန်အကျနည်းပြီး လူတစ်ယောက် အသက်ရှင်ဖို့အတွက် လိုအပ်တယ် ဆိုယုံမျှ အာဟာရဓာတ်တွေ ပါဝင်နေပါသေးတယ်..။

ဆန်နီ ဒီလို သောက်ကျိုးနဲ အစားအသောက်ကို ဘယ်တုန်းကမှ မလွမ်းဆွတ်ခဲ့ပေ..။

မြို့ပြင်မှာဆိုရင် ဒီလိုမျိုး အလွယ်တကူရနိုင်တဲ့ အစားအသောက်မျိုးကို ယူနီဗာဆယ် ရိက္ခာထုတ် ဒါမှမဟုတ် ရိုးရှင်စွာပဲ..ကြွက်စာထုတ် လို့ခေါ်ခဲ့ကြပါတယ်..။ဒီထဲမှာတော့ စည်သွပ်အစားအသောက် ၊ စေ◌ျးပေါတဲ့ ရေစစ်တစ်ခု နဲ့ အရာသာ မရှိတဲ့ ဘီစကစ် တွေ ပါဝင်ပါတယ်..။ဒါက ဆန်နီ နိုးထသူမဖြစ်ခင် အချိန်တုန်းက ဆက်တိုက်စားခဲ့ရတဲ့ အစားအသောက်ဖြစ်ပြီး..အခုချိန်မှာတော့..သူ့ရဲ့ဘဝက တစ်ပတ်ပြန်လည်သွားခဲ့သလိုပါပဲ..။

ဒီလို သံသရာ လည်မူ…

အတော်ကြာပြီးတဲ့ နောက်မှာတော့..ပင်ပန်းပြီး..၊ အဆီအနှစ်တွေမရှိတာကြောင့် အားနည်းနေတဲ့ သူတို့နှစ်ယောက်က အိပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်..။

လှောင်အိမ်ရဲ့ အလယ်ဗဟိုမှာ ရှိတဲ့ မြေပြန့်နေရာက အရမ်းကို သေးငယ်လွန်းနေတာကြောင့် ဆန်နီ နဲ့ ကတ်စီ တို့ဟာ..ကျောချင်းကပ်ပြီးသာ အိပ်ဖို့ တတ်နိုင်ခဲ့ကြပါတယ်..။သူတို့ရဲ့ အရည်ပြားတွေကြားထဲမှာတော့..ပါးလွှာတဲ့ ဖျှင်ကြမ်းအက်ျီတွေသာ ပိုင်းခြားထားခဲ့တယ်..။သူမရဲ့ ခန္တာကိုယ်က နှလုံးခုန်သံကိုတောင် ဆန်နီ ခံစားမိနေခဲ့ပါတယ်..။

….လှောင်အိမ်က အေးစက်ပြီး..ချမ်းစိမ့်နေတယ်ဆိုပေမယ့် အနည်းဆုံးသော သူ့ရဲ့ ကျောပြင်က နွေးထွေးနေပါသေးတယ်..။

သူတို့က အတော်ကြာအောင် တိတ်ဆိတ်နေပြီး..အိပ်ပျော်ဖို့ ကြိုးစားနေခဲ့ကြတယ်..။

သို့ပေမယ့် ဒီလို မလုပ်နိုင်ခင်မှာပဲ ကတ်စီက ရုတ်တရက် ပြောလာခဲ့ပါတယ်..။

“ဆန်နီ..”

သူမရဲ့ အသံက တိတ်ဆိတ်ပြီး တွေဝေနေခဲ့တယ်..။

“သူမ..သူမ ဘယ်လိုနေလဲ..။နင် သိထားလား..”

သူက မျက်လုံးတွေကို မှိတ်ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့တယ်..။ပြီးမှ..ဘာခံစားချက်မှ မပါတဲ့ လေသံနဲ့ ပြန်ပြောလိုက်ပါတယ်..။

“သူမက အဆင်ပြေနေတယ်..။သူမက နတ်ဆိုးတစ်ကောင်တောင် ဖြစ်နေပြီ…။အခု ငါ့ကို မနှောက်ယှက်နဲ့တော့..”

ကတ်စီ သက်ပြင်းချလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ..။

…ညဘက်သန်းခေါင်ယံ အချိန်တွင် - တကယ်လို့ အပြင်မှာ ညဘက်ဖြစ်မယ်ဆိုရင်ပေါ့ - ဆန်နီ ဟာ ကတ်စီ ရဲ့ အသက်ရူသံ ပြောင်းလဲမူကြောင့် ရုတ်တရက် နိုးထလာခဲ့ပါတယ်..။ပါးလွှာတဲ့ အက်ျီတွေကနေတဆင့် သူက မျက်မမြင်မိန်းကလေးရဲ့ ခန္တာကိုယ်က တင်းမာနေပြီး..အသက်ရူသံတွေက ကြမ်းတမ်းကာ မတည်မငြိမ်ဖြစ်နေတာကို ခံစားမိခဲ့ပါတယ်..။

ဆန်နီ တွေဝေသွားခဲ့ပြီးနောက်မှ..တစ်ဖက်ကို လှည့်ပြီး ကတ်စီကို ကြည့်လိုက်တယ်..။

မှိန်ဖျော့စွာ တောက်ပနေတဲ့ ရူးခ် အလင်းရောင်တွေ အောက်မှာတော့..သူမရဲ့ နူးညံ့တဲ့ မျက်နှာက ဖြူဖတ်ပြီး သွေးရောင် ကင်းမဲ့နေခဲ့ပါပြီ..။သူမရဲ့ မျက်နှာက ရှုံ့မဲ့နေခဲ့ပြီး..သူမရဲ့ နှာဖူးမှာလည်း ချွေးတွေ စိုရွဲနေခဲ့တယ်..။သူမရဲ့ မျက်ခွံတွေနောက်ဘက်က မျက်လုံးတွေကတော့ ဆက်တိုက်ဆိုသလို လှုပ်ရှားနေခဲ့တာပါ..။

သူ တွေဝေနေခဲ့ပြီး ဘာလုပ်ရမလဲ ဆိုတာကို မသိတော့ပေ..။

ကတ်စီက သူမ ကြုံတွေ့နေကြအတိုင်း အမြင်အာရုံ တစ်ခုကို တွေ့မြင်နေရတယ် ဆိုတာက သိသာပါတယ်..။ဒီတစ်ခုကတော့ နာကျင်ပြီး ဆိုးဝါးနေခဲ့မှာပါ..။သူက သူမကို နှိုးရင်းကောင်းမလား..။ဒါမှမဟုတ် ဒီတိုင်းထားလိုက်တာက ပိုကောင်းမလား..။

သူ မဆုံးဖြတ်နိုင်ခင်မှာပဲ..သူမက အသံတစ်ခုနဲ့ အတူပဲ ထထိုင်လာခဲ့တယ်..။သူမရဲ့ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး..သူမရဲ့ မျက်နှာပေါ်မှာ ထိပ်လန့်တဲ့ အမူအရာတစ်ခု ရှိနေခဲ့ပါတယ်..။

မျက်မမြင် မိန်းကလေးက သူမရဲ့ လက်ကို မြှောက်ပြီး…ပတ်ဝန်းကျင်ကို ခံစားဖို့ ကြိုးစားလာခဲ့တယ်..။သိသာစွာပဲ သူမက ဘယ်ရောက်နေလဲဆိုတာကို မမှတ်မိခဲ့ပါဘူး..။

ဆန်နီ သူမရဲ့ လက်တစ်ဖက်ကို လှမ်းဖမ်းလိုက်ပြီး..နက်မှောင်တဲ့ အသံနဲ့ ပြောလိုက်တယ်..။

“ကိုယ့်ကိုကို လည်း ပြန်ထိန်းဦး..ချီးပဲ..။နင်က ညဘုရားကျောင်းရဲ့ အကျဉ်းထောင်ထဲမှာ ရောက်နေတာ..။ပတ်ဝန်းကျင်ကို လိုက်စမ်းမနေနဲ့တော့..”

သူမက အေးခဲသွားခဲ့ပြီး..သူ့ရဲ့ တင်းကြပ်တဲ့ ဆုပ်ကိုင်ထားမူကို အရှုံးပေးလိုက်တယ်..။အတော်ကြာပြီးတဲ့ နောက်မှာတော့..ကတ်စီဟာ အသက်ကိုပြင်းစွာ ရူလိုက်ပြီး..အားနည်းစွာ ပြောလိုက်ပါတယ်..။

“ငါ အဆင်ပြေပါတယ်..”

သူ သူမကို လွှတ်ပေးလိုက်ပြီး..မရှိသလောက်နီးပါး ဖြစ်နေတဲ့ ရေအိတ်ကို ကောက်ယူကာ သူမရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ်..။

မျက်မမြင် မိန်းကလေး ဟာ နောက်ဆုံးကျန်ရှိနေတဲ့ ရေကို သောက်လိုက်ပြီး သူမရဲ့ မျက်လုံးတွေကို မှိတ်ထားခဲ့တယ်..။သူမရဲ့ အသက်ရူသံတွေကတော့ ပုံမှန်အခြေအနေကို ပြန်ပြောင်းသွားခဲ့ပါပြီ..။

ဆန်နီ မိနစ်အနည်းငယ်ကြာအောင် စောင့်နေခဲ့ပြီးမှ..သုန်မုန်တဲ့ လေသံနဲ့မေးလိုက်တယ်..။

“နောက်ထပ် အမြင်အာရုံတစ်ခုလား..”

သူမ တိတ်ဆိတ်စွာပဲ ခေါင်းညိမ့်လိုက်ပါတယ်..။

သူ့ရဲ့ မျက်မှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့ပြီး..

“ဘာလဲ…ငါတို့နောက်တစ်ကြိမ် သေပြန်ပြီလား..”

ကတ်စီ ခေါင်းခါယမ်းလိုက်တယ်..။ယင်‌ေးနာက် သူမရဲ့ မျက်လုံးတွေကို ဖွင့်ကာ မျက်မှောင်ကျုတ်လိုက်ပြီး..

“မဟုတ်ဘူး..မဟုတ်ဘူး..။ဒီတစ်ကြိမ် ငါက တစ်ခြား တစ်ယောက်ယောက်ကို မြင်ခဲ့တာ..”

သူမက ရေအိတ်ကို ကြမ်းပြင်ပေါ်ကို ပစ်ချပြီး.သူမရဲ့ ဒူးတွေကို ဖက်ထားလိုက်ပါတယ်..။ပြီးတာနဲ့ စိုးရိမ်တဲ့လေသံတွေ နဲ့ပဲ ထပ်ပြောလာခဲ့ပြန်ပါတယ်..။သိုပေမယ့် အခုကတော့ အစောကထက် အများကြီး တည်ငြိမ်လာခဲ့ပါပြီ..။

“အဲတာက ဆုံးရှုံးသူတွေထဲက တစ်ယောက်ပဲ..။လေဒီ ဝယ်သီကို အကြံဉာဏ်ပေးခဲ့တဲ့ အညိုရောင် မျက်လုံးနဲ့တစ်ယောက်..။သူက ကြီးမားတဲ့ မီးပြင်းဖိုကြီးတစ်ခုရှေ့မှာ ရှိနေပြီး ကျိုးပဲနေတဲ့ မှန်အပိုင်းအစတွေကို မီးထဲကို ပစ်ချနေတာ..။အဲဒီမှာ သူ့ရဲ့ ပုံရိပ်ကို ပေါ်နေတဲ့ မှန်အပိုင်းအစတွေက အခုတစ်ထောင်လောက်ရှိတယ်..။တစ်နေရာအရောက်မှာတော့..အဲဒီထဲက ပုံရိပ်တစ်ခုက ရပ်တန့်သွားခဲ့တယ်လေ..”

သူမ ကြက်သီးမွှေးညှင်းထသွားခဲ့ပြီး..

“ဆုံးရှုံးသူကလည်း ရပ်တန့်သွားခဲ့တယ်..။ပြီးတာနဲ့..သူ့ရဲ့ ပုံရိပ်ကို ထိပ်လန့်မူတွေ အပြည့်နဲ့ ကြည့်နေတော့တာပဲ..။သူက ကြောက်ရွံ့မူကြောင့် မေ့မျောသွားတော့ မလိုပဲ..။သူမက ပါးစပ်ကို ဖွင့်ပြီး အော်ဟစ်ဖို့ကြိုးစားပေမယ့် သူ့ရဲ့ ပါးစပ်ကနေ ဘာအသံမှ ထွက်ပေါ်မလာခဲ့ဘူး..။ပြီးတဲ့ နောက်မှာတော့..သူက လုံးဝမလှုပ်ရှားနိုင်တော့ပဲ..သူ့ရဲ့ ပုံရိပ်ကပဲ လှုပ်ရှားလာတော့တယ်..။အဲတာက ခေါင်းကို မော့လာပြီး..ပြုံးနေခဲ့တယ်လေ..”

ကတ်စီ တိတ်ဆိတ်နေခဲ့ပြီး မှ တုန်ရီနေတဲ့ အသံနဲ့ ထပ်ပြောလာခဲ့တယ်..။

“အဲ့အပြုံးက အတော်လေးကို ကြောက်မက်ဖွယ်ကောင်းနေတာကြောင် ငါ တွေးနိုင်တာဆိုလို့ ထွက်ပြေးဖို့ တစ်ခုတည်းပဲ..။ဒါပေမဲ့ ငါ မပြေးနိုင်ခဲ့ဘူး..။အဲဒီ..အဲဒီ အချိန်မှာပဲ..ငါ နိုးထလာခဲ့တယ်..”

ဆန်နီ သူမကို အတော်ကြာအောင် ကြည့်ပြီး စဉ်းစားနေခဲ့တယ်..။သူ့ရဲ့ မျက်နှာကတော့ အေးစက်ပြီး စိတ်ပျက်မူတွေ ရှိနေခဲ့ပါတယ်..။

ဒီအမြင်အာရုံက ဘာအကြောင်းလဲဆိုတာကို သိရဖို့အတွက်..ခန့်မှန်းရတာ သိပ်မခက်ခဲပါဘူး..။ဘာပဲဖြစ်ဖြစ် မော်ဒရက်ရဲ့ စွမ်းရည်က တစ်နည်းအားဖြင့်..မှန်တွေနဲ့ဆက်နွယ်နေခဲ့တာပါ..။သို့ပေမယ့် ဒီအမြင်အာရုံက ဘာကို ဆိုလိုထားတာလဲ..။သူ့ရဲ့ စွမ်းအား အတိအကျက ဘာများဖြစ်မလဲ..။

သူ သက်ပြင်းချပြီးတစ်ဖက်ကို လှည့်လိုက်တယ်..။

“ဒါက အဆင်ပြေတယ်..။မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ..။ဖြစ်နိုင်မယ် ဆိုရင်တော့ ပြန်အိပ်လိုက်ပါ..”

သူမက သူပြောတာကို နားထောင်ပြီး ဖြည်းညှင်းစွာ ပြန်လဲလျောင်းလိုက်တယ်..။သို့ပေမယ့် သူမရဲ့ အသက်ရူသံတွေအရ သူမက ကောင်းကောင်းနိုးနေခဲ့ပြီ ဆိုတာကို ဆန်နီ ပြောနိုင်ပါတယ်..။

သူကိုယ်တိုင်လည်း အိပ်မပျော်ပါဘူး..။

….မနက်ခင်း အရောက်မှာတော့..အခန်းရဲ့ တံခါးက ပွင့်လာခဲ့တယ်..။ပြီးတော့..တူညီတဲ့ ဆုံးရှုံးသူ အဖွဲ့ကပဲ..အစားအသောက်တွေ ယူဆောင်လာခဲ့ကြပါတယ်..။

ဒီတစ်ကြိမ်မှာတော့..သူတို့က သုံးယောက်ထဲဿာ ရှိနေခဲ့ကြတယ်..။

အညိုရောင် မျက်လုံးနဲ့ လူကြီးကိုတော့ ဘယ်မှာမှ မတွေ့ကြရတော့ပါဘူး..။

အပိုင်း ( ၅၆၈ ) ပြီး၏။

All Chapters