← Chapters

ခုနစ်ရက်မြောက်နေ့တွင်

Vol. 38 Ch. 569

ခုနစ်ရက်မြောက်နေ့တွင်

Vol. 38 Ch. 569

ဆုံးရှုံးသူ သုံးယောက်က အရင်နေ့က စာရင်‌ေတာ့ အတော်လေးကို အခြေအနေကောင်းနေကြပါတယ်..။သူတို့ရဲ့ အကာအကွယ်တွေက သန့်ရှင်းနေခဲ့ပြီး.သူတို့ရဲ့ ဒဏ်ရာတွေကလည်း သင့်တော်စွာ ဂရုစိုက်ထားခဲ့ကြတယ်..။သို့ပေမယ့် သူတို့က တစ်နည်းအားဖြင့်..ပင်ပန်းနွမ်းနယ်နေကြပါတယ်..။သူတို့ရဲ့ မျက်နှာတွေက ဖြူဖျော့နေကြပြီး သူတို့ရဲ့ လှုပ်ရှားမူတွေကလည်း သတိထားမူတွေ အပြည့်ပါပဲ..။ပြီးတော့ သူတို့ရဲ့ မျက်လုံးထဲမှာလည်း ထူးဆန်းစွာပဲ အမှောင်ထုတွေ ဖုံးလွှမ်းနေကြပါသေးတယ်..။

အရင်က ဆန်နီကို စကားပြောဖူးခဲ့တဲ့ ကင်းစောင့်ကသာ မပြောင်းလဲပဲရှိနေခဲ့ပါတယ်..။သူ့ရဲ့ အေးစက်တဲ့ အမူအရာတွေက ပိုခိုင်မာလာခဲ့ပြီး..သူ့ရဲ့ တိတ်ဆိတ်တဲ့ ရန်လိုမူတွေကလည်း ပိုမို ကြီးမားလာသလိုပါပဲ..။သူ စကားတစ်ခွန်းမှတောင် မပြောတော့ပဲ..အစားအသောက်တွေကို လှောင်အိမ်ထဲ ပစ်ထည့်လိုက်တယ်..။ပြီးတာနဲ့ ကတ်စီ အနားက ကြမ်းပြင်ပေါ်မှာ ရှိနေတဲ့ ရေအိတ်ကို လက်ညိုးထိုးပြလိုက်ပါတယ်..။

ဆန်နီ ရေအိတ်ကို ကမ်းပေးလိုက်ပြီး..အသစ်တစ်ခုကို ပြန်ရယူလိုက်ပါတယ်..။

“ဆျာ..ဘာတွေဖြစ်နေတာလဲကျွန်တော်တို့ကို ပြောပြလို့ ရနိုင်မလား..။ဆျာတို့ရဲ့..လေးယောက်မြောက် သူငယ်ချင်းကရော ဘယ်ရောက်သွားတာလဲ..။တစ်ခုခု ဖြစ်ခဲ့တာလား..”

ကင်းစောင့်က သူ့ကို လေးလံပြီး ကြမ်းတမ်းတဲ့ အမူအရာနဲ့ စိုက်ကြည့်လိုက်တယ်..။သူ ပြန်ဖြေတဲ့ အချိန်မှာတော့..သူ့ရဲ့ အသံက တည်ငြိမ်နေခဲ့ပါတယ်..။

“မလိုအပ်ရင်..စကားမပြောနဲ့..”

ဒီလိုပြောပြီးတာနဲ့ ဆုံးရှုံးသူတွေက ထွက်သွားခဲ့ကြတယ်..။အခန်းတံခါးက ချိန်းကနဲ့ ပိတ်သွားတဲ့ အချိန်မှာတော့..ဆီမီးအိမ်က မီးတောက်တွေတောင် တုန်လှုပ်သွားခဲ့ကြပါတယ်..။အရာရာတိုင်းက နောက်ထပ်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့တယ်..။

ဆန်နီ သက်ပြင်းချလိိုက်ပြီး..

“..ဘယ်လောက်တောင်..မဖော်ရွေတဲ့ ငနဲလဲ..”

ဒီလိုနဲ့ပဲ..သူတို့ရဲ့ အကျဉ်းကျမူက စတင်ခဲ့ပါပြီ..။

ကျောက်တုံးအခန်းလေးမှာက..ပြတင်းပေါက်တွေ ရှိမနေခဲ့တာကြောင့် အပြင်မှာ ဘယ်အချိန်တွေရှိနေပြီလဲဆိုတာကို သိဖို့ မဖြစ်နိုင်ပါဘူး..။သူတို့ရဲ့ တစ်ခုတည်းသော သဲလွန်စက နေ့တိုင်း အစာနဲ့ရေ လာပို့နေကြတဲ့ ဆုံးရှံးသူ သုံးယောက်ပါ..။သူတို့က တစ်ခါတစ်လေ ဆိုရင်..မီးအိမ်တွေထဲက ဆီတွေကို လာရောက်လဲလှယ်လေ့ ရှိကြပါတယ်..။

ဆန်နီ နဲ့ ကတ်စီ တို့က ရက်အနည်းငယ်ကြာအောင်..တိတ်ဆိတ်မူ ၊ စိုးရိမ်မူ နဲ့ ထိပ်လန့်တဲ့ မျှော်လင့်ချက်တွေနဲ့ အတူ ရှင်သန်နေထိုင်ခဲ့ကြရပါတယ်..။သူတို့က ကျောချင်းကပ်ပြီး အိပ်ကြကာ..အကျဉ်းထောင်ရဲ့ အသဲခိုက်မတတ်အေးစက်မူကို ကျော်လွှားဖို့အတွက် ခန္တာကိုယ်ရဲ့ အပူချိန်ခြင်းကို မျှဝေလေ့ရှိကြတယ်..။ပြီးတာနဲ့..မလိုအပ်ရင် ဘာစကားမှ မပြောပဲ ကြုံတွေနေရတဲ့ ဒုက္ခတွေကို ခံစားနေကြရပါတယ်..။သူတို့နှစ်ယောက်စလုံးက ကြီးမားတဲ့ ပြောင်းလဲမူတစ်ခုခု ဖြစ်ပေါ်လာဖို့အတွက် မျှော်လင့်နေကြတာပါ..။

သို့ပေမယ့် ဘာမှဖြစ်မလာခဲ့ပေ..။

ညဘုရားကျောင်းကလည်း ထပ်မံ တုန်လှုပ်ခြင်း မရှိတော့ပါဘူး..။သူတို့ လွှတ်မြောက်ဖို့အတွက် လေးလံတဲ့ တံခါးကြီးကို ဖျက်ဆီးလာတာ ဒါမှမဟုတ်..ဖြတ်သန်းလာတာ မျိုးတွေ မရှိပေ..။ကတ်စီ နဲ့ ဆန်နီ တို့ကို လုံးဝ မေ့ပျောက်နေခဲ့သလိုပဲ…မာစတာ ဝယ်သီ နဲ့ မာစတာ ပီယာ တို့ကလည်း ပေါ်မလာ ကြတော့ပါဘူး..။ကျောက်တုံး အခန်းက တိတ်ဆိတ်နေခဲ့ပြီး ဘာမှ မပြောင်းလဲပေ..။

သို့ပေမယ့်..တစ်ခုခု နိမိတ်မကောင်းပဲ ဆိုးဝါးတဲ့ အရာက အပြင်ဘက်မှာ ဖြစ်ပျက်နေတယ် ဆိုတာကို သူတို့ ပြောနိုင်ပါတယ်..။ဒီအတွက် သက်သေကတော့..သူတို့ဆီကို အစားအသောက် ယူလာပေးနေတဲ့ လူတွေ ရဲ့ အပြုအမူတွေပါပဲ..။သူတို့က ဆန်နီ တို့ အတွက် အပြင်ဘက် ကမ္ဘာနဲ့တစ်ခုတည်းသော ဆက်သွယ်မူပါ..။

နေ့ရက်တိုင်းက သူတို့ထဲက နှစ်ယောက်က ပိုမိုကြောက်ရွံ့လာခဲ့ကြပြီး..တတိယမြောက်လူကတော့..အေးစက်ပြီး ခက်ထန်လာခဲ့ပါတယ်..။ဆန်နီက ကင်းစောင့်ကို ဘယ်လောက်ပဲ စကားပြောဖို့ ကြိုးစားပါစေ..မောက်မာတဲ့ စစ်သည်တော်က ဘာစကားတစ်ခွန်းမှ မပြောခဲ့ပါဘူး..။သူက အကျဉ်းသားတွေက သံတိုင်တွေကြားထဲကနေ တဆင့် ဒေါသတွေနဲ့သာ ကြည့်နေခဲ့တာပါ..။

သူတို့ရဲ့ အပြုအမူတွေကလည်း ပြောင်းလဲသွားခဲ့တယ်..။အရင်တုန်းကဆိုရင် သူတို့အားလုံးက ဆန်နီ နဲ့ ကတ်စီကိုသာ ကြည့်နေခဲ့ကြပေမယ့်..အခုဆိုရင် ကင်းစောင့် တစ်ယောက်တည်းကသာ..သူတို့ကို ကြည့်နေပါတော့တယ်..။ကျန်တဲ့ နှစ်ယော်ကကတော့ လက်နက်တွေကို မြှောက်ထားရင်း..အခန်းရဲ့ တံခါးဆီကိုသာ မျက်နှာမူထားခဲ့ကြတယ်..။

…တစ်ခါတစ်လေဆိုရင်..သူတို့ရဲ့ လက်တွေက တုန်ရီနေခဲ့ကြပါတယ်..။

ဒီအတောအတွင်းမှာ ဘယ်အရာကမှ ပြောင်းလဲမူ ရှိမှာ မဟုတ်တာကို သိလိုက်တာကြောင့်..ဆန်နီလည်း သူ့ရဲ့ အပြုအမူတွေကို ပြောင်းလဲဖို့ လိုအပ်လာခဲ့တယ်..။သူက မော်ဒရက် အကြောင်း သိခဲ့သမျှ အရာအားလုံးကို ကတ်စီနဲ့ မျှဝေခဲ့ပြီး..အပြန်အလှန်အနေနဲ့ သူမဆီကနေ ညဘုရားကျောင်းနဲ့ ပတ်သက်တာ မှန်သမျှကို သင်ယူခဲ့ပါတယ်..။ဘာမှလုပ်စရာ မရှိတာကြောင့်..သူတို့နှစ်ယောက်စလုံးက အချက်အလက် သေးသေးလေးကအစ အကြိမ်ပေါင်းများစွာ လေ့လာခဲ့ကြတယ်..။အဆုံးသတ်ကတော့..ဘာမှ မထူးခြားခဲ့ပါဘူး..။

သဲလွန်စ အသစ် ၊ နားလည် သဘောပေါက်မူ အသစ်တွေ ဘာတစ်ခုမှ ရှိမနေခဲ့ပေ..။ကောင်းမွန်တဲ့ အကြံဉာဏ် တစ်ခု ၊ နှစ်ခုတောင် မရရှိခဲ့ပါဘူး..။ဒါက ရိုးရှင်းစွာပဲ မထူးခြားစွာ ပြှီဆုံးသွားခဲ့ပါတယ်..။

အခုတော့…

ခုနှစ်ရက်မြောက်နေ့မှာတော့..ဆုံးရှုံးသူ သုံးယောက်က ခါတိုင်းလိုပဲ ရောက်လာခဲ့ကြတယ်..။ကင်းစောင့်က ရှေ့ကို လျောက်လာခဲ့ပြီး..အစားအသောက်တွေကို လှောင်အိမ်ထဲကို ပစ်ထည့်ပေးလိုက်ပါတယ်..။ကျန်တဲ့ နှစ်ယောက်ကတော့..သူ့ရဲ့ နောက်ကျောကို ခုခံတဲ့ အမူအရာနဲ့ ကာကွယ်ပေးထားခဲ့တယ်..။သူတို့ရဲ့ မျက်လုံးတွေကတော့..နက်မှောင်ပြီး..ချိုင့်ဝင်နေခဲ့ကြပါပြီ..။

သို့ပေမယ့်..ဆန်နီတောင်..ရေအိတ်အလွတ်ကို အပြင်ကို ပြန်မပေးနိုင်သေးခင်မှာပဲ တံခါးအပြင်ဖက်က ကော်ရစ်ဒါကနေ ရုတ်တရက် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်..။ရှည်လျားပြီး နစ်မြုပ်တဲ့ အော်ဟစ်သံကြီးက ကျောက်တုံးအခန်းထဲကို ပဲ့တင်ထပ်သွားခဲ့တယ်..။ဒီအသံက ဆိုးဝါးတဲ့ နိပ်စက်ခံရမူ ၊ မဖော်ပြနိုင်တဲ့ နာကျင်မူတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..။

ဘယ်လိုလုပ် လူသားတစ်ယောက်က ဒီလို အသံကို ထုတ်ဖော်နိုင်ရတာလဲ..။

ဆုံးရှုံးသူဟာ လေးနက်သွားခဲ့ပြီး..သူတို့ရဲ့ လက်နက်တွေကို ဆုပ်ကိုင်လိုက်ကြတယ်..။သူတို့ထဲကတစ်ယောက်ကတော့..မသိစိတ်အလျောက် နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိပါတယ်..။

ကင်းစောင့်ဟာ..ဒေါသထွက်သွားခဲ့ပြီး..အဲဒီလူရဲ့ နောက်ကျောကို တွန်းလိုက်တယ်..။

“ကိုယ့်ကိုကို အသိစိတ်ကပ်ထားစမ်း..။သွေးကြောင်တဲ့ကောင်တွေ..။မင်းတို့ရဲ့ တာဝန်ကို သိထားပါ..”

ဒီလိုပြောပြီးတာနဲ့..သူက ဆန်နီ ဆီကို ရေအိတ်ပစ်ပေးလိုက်ပြီး အပြင်ဖက်ကို အမြန်ထွက်သွားခဲ့ပါတယ်..။သူ့လက်ထဲမှာတော့ အလင်းစက်တွေကနေ တဆင့်..ဓားတစ်ချောင်း ပေါ်လာခဲ့တယ်..။ကျန်တဲ့ လူတွေကလည်း အံကို ကြိတ်ပြီး နောက်ကနေ လိုက်သွားကာ..တံခါးကို ပိတ်လိုက်ကြပါတယ်..။

ဆီမီးအိမ်ရဲ့ မီးတောက်ကလည်း တုန်ရီသွားခဲ့တယ်..။

နောက်တစ်ရက်မှာတော့..တံခါးပွင့်လာတဲ့အချိန်မှာ..ဆုံးရှုံးသူ နှစ်ယောက်သာ လျောက်ဝင်လာခဲ့ကြပါတယ်..။

…..

ရှင်ကျန်နေခဲ့တဲ့ ဆုံးရှုံးသူ နှစ်ယောက်ထဲက တစ်ယောက်ကတော့ လမ်းလျောက်နေတဲ့ အလောင်းကောင်လိုပါပဲ..။သူ့ရဲ့ ခန္တာကိုယ်မှာ ဘာဒဏ်ရာမှ မရှိပေမယ့်..သူ့ရဲ့ မျက်လုံးတွေကတော့..ဝေဝါးပြီး ဖန်သားလို ဖြစ်နေခဲ့တယ်..။သူက ဆန်နီနဲ့ ကတ်စီတို့ကို အသက်မဲ့စွာ ကြည့်လိုက်ပြီး..တစ်ဖက်ကို လှည့်ကာ သူ့ရဲ့ လက်နက်ကို မြှောက်ထားခဲ့ပတယ်..။သူက ပင်ပန်းနွမ်းနယ်တဲ့ အမူအရာနဲ့ တံခါးကို စိုက်ကြည့်နေခဲ့တယ်..။

မောက်မာတဲ့ ကင်းစောင့်တောင်မှ မမောက်မာ နိုင်တော့ပါဘူး..။သူ့ရဲ့ ခန့်ညားတဲ့ မျက်နှာက အေးစက်ပြီး..စိတ်ဓာတ်ခိုင်မာနေဆဲဖြစ်ပေမယ့်..သူ့ရဲ့ လှုပ်ရှားမူတွေမှာ အားနည်းမူနဲ့ မသေချာမရေရာမူတွေ ရှိနေခဲ့ပါတယ်..။

သူက စည်သွပ်ဗူး နဲ့ ရေအိတ်ကို လှောင်အိမ်ထဲ ပစ်ထည့်လိုက်ပြီး..ဆန်နီက ကျန်တဲ့ ရေအိတ်အလွတ်နှစ်ခု ပြန်ပေးမှာကိုတောင် စောင့်မနေခဲ့ပေ..။ဆန်နီက ခါတိုင်းလိုပဲ ဆုံးရှုံးသူကို စကားပြောလာအောင် လုပ်ချင်ပေမယ့်..ဒီလိုအလုပ်တာကပဲ ပိုကောင်းတယ်လို့ ခံစားမိလိုက်ပါတယ်..။

လူကြီးရဲ့ မျက်လုံးတွေထဲက ထက်ရှမူတွေအရတော့..တကယ်လို့သာ သူက ဒီလူကို နည်းနည်းလေးဖြစ်ဖြစ် ထပ်ပြီး..တွန်းအားပေးလိုက်မိမယ်ဆိူရင် အတော်လေးကို အန္တရာယ်များသွားနိုင်ပါတယ်..။

ဆုံး၇ှုံးသူ နှစ်ယောက်ထွက်သွားတဲ့ အချိန်မှာတော့..အကျဉ်းသားတွေသာ ကျန်ရှိနေခဲ့ကြတယ်..။

ဆန်နီ က အခန်းတံခါး နဲ့ ဆီမီးအိမ်ရဲ့ လိမ္မော်ရောင် မီးတောက်ကို မိနစ်အနည်းငယ်လောက် စိုက် ကြည့်ပြီး ကျောချမ်းသွားခဲ့တယ်..။

သူတို့ရဲ့ ထောင်မှူးတွေဟာ အကြိမ်အနည်းငယ် ပြန်လာခဲ့ကြတယ်..။နေ့ရက်တိုင်းမှာလည်း သူတို့က ပိုမို ရှုပ်ထွေးပြီး..၊ ပင်ပန်းလာကြကာ..သူတို့ရဲ့ မျက်လုံးတွေထဲက အမှောင်ထုကလည်း ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်..။ဆန်နီဟာ..ကောင်ရစ်ဒါကနေ ထွက်ပေါ်လာတဲ့ ထူးဆန်းပြီး..အနှောက်အယှက်ဖြစ်တဲ့ အသံတွေကို အကြိမ်အနည်းငယ်လောက် ကြားနေရပါတယ်..။သို့ပေမယ့် ဆုံးရှုံးသူနှစ်ယောက်ကတော့ ဒီအရာတွေကို ဂရုစိုက်ကြပုံ မပေါ်ပါဘူး..။

တစ်ပတ်လောက် ကြာပြီးတဲ့နောက်မှာတော့..အစားအသောက်တွေက အတော်ကြာအောင် ရောက်မလာခဲ့ပေ..။ဆန်နီ ဟာ ဆာလောင်မူ ဒဏ်ကို ခံစားနေရပြီး တံခါးပေါက်ကိုသာ သုန်မုန်စွာကြည့်နေခဲ့ပါတယ်..။အစကတည်းက တစ်နေ့ကို စည်သွပ်ဗူးတစ်ဗူးက လုံလောက်မူမရှိတာကြောင့် ဆန်နီက မြို့ပြင်က လမ်းကြားတွေမှာ နေခဲ့ချိန်တုန်းကအတိုင်း ဆာလောင်မူကို ပြန်လည်ခံစားနေခဲ့ရတာပါ..။

နာရီပေါင်းများစွာ ကြာသွားခဲ့ပေမယ့်..ဆုံးရှုံးသူနှစ်ယောက်ကိုတော့ ဘယ်မှာမှ မမြင်တွေ့ရပေ..။

“သူတို့က ဘယ်ငရဲကို သွားနေကြတာလဲ..’

ယင်းနောက် ‘ဘန်း ‘ ဆိုတဲ့ ကျယ်လောင်တဲ့ ရိုက်ခတ်သံနဲ့အတူပဲ အပြင်ဘက်ကနေ တစ်စုံတစ်ခုက ရုတ်တရက် ရိုက်ခတ်လာခဲ့တယ်..။မျက်နှာကျတ်မှာရှိနေတဲ့ ဖုန်မှုန့်တစ်ချို့က အောက်ကို ပြုတ်ကျလာပြီး နောက်မှာတော့..အရာအရာတိုင်းက နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့ပြန်ပါတယ်..။

ဆန်နီ အတော်ကြာအောင် ခံစားချက်မဲ့စွာ ရှိနေပြီးကာမှ အောက်ကို ငုံ့ကြည့်လိုက်တယ်..။

တစ်စုံတစ်ခုက တံခါးရဲ့ အောက်ဘက်ကနေ စီးဝင်လာခဲ့ပြီး..လှောင်အိမ်ရဲ့ ဆင်ခြေလျော ဆီကိုတောင် ရောက်လာခဲ့ပါတယ်..။ဆီမီးအိမ်ရဲ့ မှိန်ပြနေတဲ့ အလင်းရောင်အောက်မှာတော့..ဒီအရည်တွေက အနက်ရောင် လို့ မြင်ရလုနီးပါး ဖြစ်နေခဲ့တယ်..။

သို့ပေမယ့်..သူ့ရဲ့ အနံ့ကိုတော့ ဆန်နီ ကောင်းကောင်း သိထားပြီးသားပါ..။

သွေး..။ဒါက လူသားတွေရဲ့ သွေးပဲ..။

…အဲဒီနေ့ပြီးတဲ့ နောက်မှာတော့..သူတို့ကို အစားအသောက် ကျွေးဖို့အတွက် ဘယ်သူမှ ရောက်မလာကြတော့ပေ..။

အပိုင်း ( ၅၆၉ ) ပြီး၏။

All Chapters