ရေဆာမူ
Vol. 38 Ch. 570
ဆန်နီ ဟာ လှောင်အိမ်ထဲကို တဖြည်းဖြည်း နီးကပ်လာနေတဲ့..သွေးစီးကြောင်းကို ကြည့်နေခဲ့တယ်..။ပြီးတာနဲ့ တံခါးပေါက်ကို ပြန်ကြည့်လိုက်ပြီး စောင့်ဆိုင်းနေခဲ့ပါတယ်..။တကယ်လို့များ..တကယ်လို့များ..တစ်စုံတစ်ယောက်က တံခါးကို ဖျက်ပြီး အကျဉ်းခန်းထဲကို ဝင်လာမလား ဆိုပြီးတော့ပါ..။
သို့ပေမယ့် ဘာမှဖြစ်မလာခဲ့ပေ..။ပထမတစ်ကြိမ် အသံမြည်ပြီးတဲ့နောက်မှာတော့..အရာအားလုံးက ကျောချမ်းဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့ပါတယ်..။စက္ကန့်အနည်းငယ်လောက်ကြာသွားတယ်..နောက်တော့ မိနစ်အနည်းငယ် ထပ်ကြာသွားခဲ့တယ်..။နောက်ဆုံးမှာတော့..သူက ဖြည်းညှင်းစွာပဲ တံခါးကနေတစ်ဖက်ကို ပြန်လှည့်လိုက်ပြီး ကတ်စီကို ကြည့်လိုက်ပါတယ်..။
“နင် အနံ့ရတယ်မလား..”
သူမ တစ်ခနလောက်တွေဝေနေပြီးကာမှ..ခေါင်းညိမ့်လိုက်တယ်..။
“သွေး..”
ဆန်နီ ခနလောက် ငြိမ်သက်နေပြီးကာမှ..သူ့ရဲ့ နေရာဆီကို ပြန်လျောက်သွားလိုက်ပြီး ထိုင်ချလိုက်ပါတယ်..။သူ့ရဲ့ မျက်နှာကတော့ သုန်မုန်နေခဲ့တယ်.။အတော်ကြာပြီးတဲ့ နောက်မှာမှ..နက်မှောင်နေတဲ့ အသံနဲ့ ပြောလာခဲ့ပါတယ်..။
“ငါတို့ ရေကိုစတင်ပြီး ချွေတာဖို့တော့ လိုပြီ..”
လူသားတွေက အစားအသောက် မရှိပဲ အတော်ကြာတဲ့အထိ ရှင်သန်နိုင်ကြပေမယ့်..ရေ…ရေ ကတော့ အတော်လေးကို အဖိုးတန်တဲ့ အရာတစ်ခုပါ..။သောက်သုံးဖို့အတွက် ရေ သာ မရှိဘူးဆိုရင်..သန်မာနေတဲ့ လူတစ်ယောက်ကလည်း ရက်အနည်းငယ် အတွင်းမှာတင် သေဆုံးသွားနိင်ပါတယ်..။
ပြီးတော့..ဒီထက်ပိုပြီး နာကျင်ခံစားရတဲ့ နည်းလမ်းတွေ ဆိုတာ သိပ်ပြီးမရှိပါဘူး..။
ကတ်စီက သူမရဲ့ ခေါင်းကို လှည့်လာပြီး သုန်မုန်စွာမေးလိုက်တယ်..။
“ဘာလို့လဲ..။သူတို့က ငါတို့ကို ဒီမှာပဲ ဒီတိုင်းထားထားလိမ့်မယ် လို့ နင်က ထင်နေတာလား..”
ဆန်နီဟာ..အနာဂတ်ကို မြင်နိုင်တဲ့လူက သူမဖြစ်တယ်ဆိုတဲ့ စကားနဲ့ ပြန်ငြင်းခုန်ချင်ခဲ့တယ်..။သို့ပေမယ့် အဆုံးမှာတော့..ဒီလို မလုပ်ခဲ့ပါဘူး..။
“..ဒီတိုင်း လိုရမယ်ရ ပေါ့..”
သူတို့မှာ ရေအိတ် အပြည့်တစ်အိမ် ကျန်ရှိနေခဲ့ပါသေးတယ်..။နိုးထသူတစ်ယောက် အနေနဲ့ သူတို့က ရေမရှိရင်တောင်..သာမန်လူသားတွေထက် ပိုပြီး ကြာရှည်စွာ အသက်ရှင်နိုင်ကြမှာပါ..။အထူးသဖြင့်..အရိပ်တွေ၊ ဝီဗာသွေး အပြင် ၊ အမြုတေသုံးခုနဲ့ ခန္တာကိုယ်ကို အားဖြည့်ထားတဲ့ ဆန်နီပါပဲ..။
သိုပေမယ့် ဒီလောက်နဲ့တောင် လုံလောက်နိုင်ပါ့မလား..။
ဒါက သိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။
သူက မျက်လုံးတွေကို မှိတ်ထားရင်း အသက်ကို ဖြည်းညှင်းစွာ ရူသွင်းလိုက်တယ်..။ပြီးတာနဲ့ တရားထိုင်နေဖို့ ကြိုးစားလိုက်ပါတယ်..။
အချိန်တွေက တဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့ပါပြီ..။သူတို့ရဲ့ ဆာလောင်မူတွေက မြင့်တက်လာခဲ့ပေမယ့်..သူတို့အတွက် ဘယ်သူကမှ အစားအသောက် ယူမလာခဲ့ပေ..။အပြင်ကမ္ဘာနဲ့ ဆက်သွယ်ပေးထားတဲ့ သူတို့ရဲ့ နောက်ဆုံးအဆက်အသွယ်လေးက ပြတ်တောက်သွားခဲ့ပြီ ဖြစ်တာကြောင့်..ဘယ်နေ့တွေ ရောက်နေပြီလဲ ဆိုတာကိုလဲ မပြောနိုင်တော့ပါဘူး..။ဆန်နီနဲ့ ကတ်စီ တို့ဟာ..မှိန်ပြပြလေးသာ လင်းနေတဲ့ အမှောင်ထုထဲမှာ ရှိနေခဲ့ကြတယ်..။သူတို့က တစ်စုံတစ်ခုဖြစ်လာမှာကို မျှော်လင့်နေတာ..ဒါမှမဟုတ်..အေးစက်မူအောက်မှာပဲ တုန်ရီစွာ အိပ်စက်နေခဲ့ကြပါတယ်..။
သူတို့ရဲ့ ရေတွေကုန်ဆုံးသွားဖို့အတွက်က သိပ်ပြီး အချိန်မကြာလိုက်ပေ..။အစကတည်းက ရေအိတ်က သိပ်ပြီး ကြီးမားတာ မဟုတ်ပါဘူး..။
…အဲဒီနောက်မှာတော့ ရေဆာမူက စတင်လာခဲ့ပါတယ်..။
ရူးသွပ်မူက ဘယ်လိုအရာမျိုးလဲဆိုတာ သူ့ကိုယ်သူ သိတယ်လို့ ဆန်နီ ထင်ထားခဲ့ပေမယ့်..ဘယ်အရာကိုမှ မသောက်ပဲ ရက်အနည်းငယ်ကုန်ဆုံးပြီးသွားတဲ့နောက်မှာတော့..- အနည်းဆုံးတော့ သူက ရက်အနညး်ငယ်လို့ ခန့်မှန်းမိပါတယ် - ရူးသွပ်မူရဲ့ အထက်မှာ လုံးဝကို ကွာခြားတဲ့ နယ်ပယ်တစ်ခု ရှိနေသေးတယ် ဆိုတာကို သိလိုက်ရတယ်..။
ရေဆာ နေတဲ့ ခံစားချက်က လုံးဝကို စိတ်ရှုပ်စရာကောင်းပြီး ၊ နိပ်စက်ခံရမူ နဲ့ မောပန်းမူတို့ကို တစ်ပြိုင်နက်တည်း ခံစားနေရသလိုပါပဲ..။သူ့ရဲ့ လည်ချောင်းတွေက ဓားနဲ့လှီးဖြတ်ခံရသလို နာကျင်နေခဲ့ပြီး..သူ့ရဲ့ နှုတ်ခမ်းနဲ့ လျာ က ခြောက်သွေ့မူကြောင့် အက်ကွဲနေခဲ့ပါတယ်..။သူ့ ဦိးခေါင်းက နာကျင်မူတွေနဲ့ ပြည့်နှက်နေခဲ့ပြီး..သူ့ရဲ့ ကြွက်သားတွေကတော့..ကြွက်တက်သလို ခံစားနေခဲ့ရတယ်..။သူ့ စိတ်ထဲမှာ တွေးမိနေတာ ဆိုလို့…ရေ…ရေ…ရေ….
သို့ပေမယ့် အဆိုးဝါးဆုံး အပိုင်းက ကြောက်စိတ်ပါ..။သူက ဒီကျိန်စာသင့် လှောင်အိမ်ထဲမှာ မေ့ပျောက်ခံ ၊ စွန့်ပစ်ခံပြီး ခွေးတစ်ကောင်လို သေဆုံးသွားရမှာကိုပါပဲ..။ဖြစ်နိုင်တာက တစ်နေ့မှာ တစ်စုံတစ်ယောက်က အဲဒီ သံတံခါးကြီးကို ဖွင့်လိုက်တဲ့ အချိန်ကြရင်..သူ့ရဲ့ မျှော်လင့်ချက်ကင်းမဲ့ပြီး သနားစရာကောင်းတဲ့ အလောင်းကို သံတိုင်တွေရဲ့ နောက်ဘက်မှာ တွေ့ရပါလိမ့်မယ်..။
ဆန်နီဟာ ဒီလှောင်အိမ်ထဲကနေ ထွက်နိုင်ဖို့ နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့ပေမယ့် ဘယ်အရာကမှ အကူအညီ မဖြစ်ခဲ့ပေ..။တစ်ခုတည်းသော အကျိုးရလာဒ်ကတော့..သူ့ရဲ့ အခြေအနေကို ပိုမိုပြီး ဆိုးဝါးလာစေတာပါပဲ..။
အဲဒီနောက်မှာတော့..သူ့ရဲ့ လည်ချောင်းနဲ့ ပါးစပ်က..မီးတောက်တွေကြားထဲကို ရောက်နေသလို ဖြစ်နေခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ် တစ်ခုလုံးကလည်း..ပြင်းထန်စွာ နာကျင်နေခဲ့ပါတယ်..။သူက အားနည်းမူ ၊ ထိုင်းမှိုင်းမူတွေကို ခံစားနေခဲ့ရပြီး တစ်ချိန်တည်းမှာပဲ..သူ့ရဲ့ အမြင်အာရုံတွေကလည်း စတင်ပြီး ဝေဝါးလာခဲ့ပါတယ်..။ဆန်နီ ဟာ သူ့ရဲ အချိန်အများစုကို ဆီမီးအိမ်ရဲ့ လိမ္မော်ရောင် မီးတောက်လေးကို ကြည့်ရင်း ကုန်ဆုံးလေ့ရှိပါတယ်..။ဘာလို့လဲ ဆိုတော့..ဒီအရာက အနည်းနဲ့အများတော့ သူရှင်းရှင်းလင်းလင်း မြင်ရနိုင်သေးတဲ့ အရာပါ..။
ယင်းနောက် သူတို့လည်း ပျောက်ကွယ်သွားခဲ့တယ်..။
ကျောက်တုံးအကျဉ်းခန်းက ပိုမိုမှောင်မိုက်လာခဲ့ပြီး လှောင်အိမ်ရဲ့ သံတိုင်တွေမှာ တောက်ပနေတဲ့ ရှေးဟောင်းသကေ်တ ရူးစ် တွေရဲ့ ရှိတယ်ဆိုရုံမျှ မှိန်ဖျော့ဖျော့ အလင်းရောင်သာ ရှိနေပါတော့တယ်..။
“..ဆီ တွေ ကုန်ခမ်းသွားကြပြီ..”
ဆန်နီ မျက်လုံးတွေကို မှိတ်လိုက်တယ်..။
ဒါက တကယ်ကို မျှော်လင့်ချက် မဲ့သွားပြီလား..။
မဟုတ်ဘူး..သူ လုံးဝ လက်မလျော့နိုင်ဘူး…သူ ငြင်းဆန်တယ်…
ဒီလို ဝေဒနာခံစားရမူ ၊ မျှော်လင့်ချက် ကင်းမဲ့မူတွေအောက်မှာ..သူ့ကို စိတ်သက်သာရာရစေတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက သူနဲ့အတူ ဒီငရဲကို ဖြတ်သန်းဖို့အတွက် သူ့ဘေးနားမှာ ကတ်စီ ရှိနေတယ် ဆိုတဲ့ အချက်ပါပဲ..။အနည်းဆုံးတော့..အနည်းဆုံးတော့..သူက တစ်ယောက်တည်း မဟုတ်ပေ..။
ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တွေ..၊ အတိတ်က မကျေနပ်မူတွေရဲ့ ဝန်ထုတ်ဝန်ပိုးတွေ ရှိနေဆဲဖြစ်ပေမယ့်..သူ့ရဲ့ နာကျင်မူတွေကို တစ်စုံတစ်ယောက်နဲ့ အတူ မျှဝေခံစားရတယ် ဆိုတာက မသက်သာသွားစေနိုင်ဘူး ဆိုရင်တောင်..အနည်းငယ်တော့.လွယ်ကူစေပါတယ်..။သူတို့နှစ်ယောက်စလုံးက နာကျင်မူ ဝေဒနာ နဲ့ သေမှာလား ၊ ရှင်မှာလား ဆိုတဲ့ ထိပ်လန့်မူကို ခံနိုင်ရည်မရှိကြပေ..။သို့ပေမယ့် သူတို့နှစ်ယောက်က တစ်နည်းနည်းနဲ့တော့ ထိန်းထားနိုင်ကြပါသေးတယ်..။ဒါကလည်း..သူတို့ထဲက တစ်ယောက် သေဆုံးသွားမယ့် အဖြစ်ကို ကျန်တဲ့တစ်ယောက်မြင်သွားမှာကို မလိုလားတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။
ဆီမီးအိမ်ရဲ့ မီးတောက်လေး ငြိမ်းသွားပြီးတဲ့နောက်မှာ ဘယ်နှစ်ရက်တွေ ကြာမြင့်သွားပြီလဲ ဆိုတာကို ဆန်နီ မသိတော့ပေ..။အချိန်ဆိုတဲ့ အရာက အစောကတည်းက အဓိပ္ပာယ်မဲ့သွားခဲ့ပါပြီ..။သူ သိတာဆိုလို့ ရေဆာမူ ၊ နာကျင်မူ နဲ့ နည်းနည်းလေးဖြစ်ဖြစ် အသက်ရှင်လိုတဲ့ ခေါင်းမာသော စိတ်ဆန္ဒတွေပါပဲ.။
အဲ့အချိန်မှာပဲ သူ့ရဲ့ မျက်လုံးတွေက အမှောင်ထုထဲမှာ ပွင့်လာခဲ့ပြီး..ဆန်းကျယ်တဲ့ ရူးစ် တွေရဲ့ မှိန်ဖျော့ဖျော့အပြာရောင် အလင်းတွေကို ကြည့်နေခဲ့ပါတယ်..။ယင်းနောက် သူက ခေါင်းကိုလှည့်လိုက်ပြီး..သူ့လက်မောင်းထဲမှာ အိပ်နေတဲ့ ကတ်စီကို ကြည့်လိုက်တယ်..။
အသံတစ်ခု ရှိနေတယ်..။တံခါးရဲ နောက်ဘက်ကနေ အသံတစ်ခုက ထွက်ပေါ်လာနေခဲ့ပါတယ်..။
ဆန်နီ ဟာ ကတ်စီကို နှိုးလိုက်ချင်ပေမယ့်..သူ့ရဲ့ လည်ချောင်းတွေက ခြောက်ကပ်နေခဲ့တာကြောင့် ဘာအသံမှ ထွက်မလာခဲ့ပါဘူး..။သူ လုပ်နိုင်တာ ဆိုလို့ ပိုဆိုးတဲ့ နာကျင်မူတွေကို ဖြစ်ပေါ်စေတာပါပဲ..။သူ အံကိုကြိတ်ထားပြီး သူမကို ညှင်သာစွာ လှုပ်နှိုးလိုက်တယ်..။ပြီးတာနဲ့ သူမရဲ့ မျက်လုံးတွေ ပွင့်လာအောင် စောင့်ဆိုင်းနေလိုက်ပြီး..သူမရဲ့ နှုတ်ခမ်းပေါ်ကို ဂရုတစိုက် လက်တစ်ချောင်းတင်ထားလိုက်ပါတယ်..။
သူက သူမကို တိတ်တိတ်နေစေချင်ခေဲ့တာပါ..။
သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် လွှတ်လိုက်ကြပြီး..တုန်ရီစွာနဲ့ မတ်တတ်ထရပ်လိုက်ကြတယ်..။အဲ့အချိန်မှာပဲ..တိုးညှင်းတဲ့ အသံက ပိုမိုပြီး ရှင်းလင်းလာခဲ့ပါတယ်..။အဲတာက ကျောက်တုံးတွေပေါ်မှာ တစ်စုံတစ်ခုကို တရွတ်တိုက် ဆွဲခေါ်သွားတဲ့အချိန်မှာ ကျောက်တုံးနဲ့ခြစ်မိနေတဲ့ အသံမျိုုးပါပဲ..။
ဂျစ်… ဂျစ်….ဂျစ်…
ဒီ ထူးဆန်းပြီး စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ အသံက တဖြည်းဖြည်းနဲ့နီးကပ်လာခဲ့တယ်..။
နောက်ဆုံးမှာတော့..ဒီအသံက အကျဉ်းခန်းရဲ့ အနားကို ရောက်ရှိလာခဲ့ပြီး..ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်..။ယင်းနောက် သူတို့က နောက်ထပ် အသံတစ်ခုကို ကြားလိုက်ရတယ်..။ဒီအသံကတော့ အတော်လေးကို သေးငယ်ပြီး..တံခါးလောခ့် ပွင့်သွားတဲ့မျိုးပါ..။
တံခါးပွင့်းသွားတဲ့ အချိန်မှာတော့..ဆန်နီဟာ..ကျောက်တုံးအကျဉ်းခန်းရဲ့ ဝင်ပေါက်မှာ ဝေဝါးနေတဲ့ အရိပ်တစ်ခု မတ်တတ်ရပ်နေတာကို တွေ့လိုက်ရပါတယ်..။ရေဆာမူ နဲ့ အမြင်အာရုံဝေဝါးနေခဲ့တာကြောင့် ဒီအရာက ဘယ်သူလဲ..ဘာလဲ ဆိုတာကို သူ မပြောနိုင်ခဲ့ပါဘူး..။
…သို့ပေမယ့် သွေး ရဲ့ အနံ့ကတော့..ပြန်လည်ရရှိလာခဲ့ပါပြီ..။
အခုတစ်ခေါက်ကတော့..အတော်လေးကို ပိုမို သန်မာနေခဲ့တယ်…။
အပိုင်း ( ၅၇၀ ) ပြီး၏။