← Chapters

ခွေးကိုတောင် မနိုင်ဘူးလား

Vol. 10 Ch. 943

ခွေးကိုတောင် မနိုင်ဘူးလား

Vol. 10 Ch. 943

ကျိုးကျူးရှင်းကား မည်မျှ အထိ အစွမ်းထက် သနည်း။

သူကား ပေ့ဟန်နယ်၏ အရှင် ဖြစ်ခဲ့ကာ လွန်ခဲ့သည့် နှစ်ထောင်ချီကပင် အဆင့်ခြောက် ရွှေအမြုတေကို ရရှိခဲ့သူ ဖြစ်သည်။ ထို့အပြင် သူ၏ ကောင်းကင်မျို သွေးမျိုးဆက် မှာလည်း ထိပ်ဆုံး အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ချန်းဖန်၏ နောက်လိုက် မဖြစ်ခင်ကပင် သူသည် ရန်ကုန်းဖန်း ကဲ့သို့ အစွမ်းထက် နေသူ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်များ အတွင်း၌ ချန်းဖန်သည် သူ့အား ကျင့်စဉ်တစ်ခုမျှ တိုက်ရိုက် သင်မပေးခဲ့ချေ။ သို့သော်လည်း ချန်းဖန်၏ နံဘေးတွင် နေကာ ကောင်းကင် ကျင့်စဉ်များကို ထိတွေ့ခွင့် ရခြင်းကပင် ကျိုးကျူရှင်း၏ စွမ်းအားကို အဆများစွာ တိုးတက်လာစေခဲ့သည်။ ယခုဆို‌လျှင် သူသည် အခြေတည် ဝိညာဉ် အဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့ပေသည်။

သို့သော်လည်း လွန်ခဲ့သည့် နှစ်များ အတွင်း အတိုးတက်ဆုံး ပုဂ္ဂိုလ်မှာ ကျိူးကျူရှင်း မဟုတ်ချေ။ လင်းဝူဟွာနှင့် အခြား မိန်းကလေး  နှစ်ယောက် ဖြစ်ပေသည်။ သူမတို့သည် ချန်းဖန်၏ လမ်းညွှန်မှုကို တိုက်ရိုက် ရရှိကြရာ ကျင့်ကြံခြင်း၌ အကျိုးအမြတ် များစွာ ဖြစ်ထွန်းခဲ့၏။

"အား…"

ရန်ကုန်းဖန်း၏ နာကျင် ဒေါသထွက် နေသော အော်ဟစ်သံက ထွက်ပေါ်လာ၏။

သူ၏ ခန္ဓာကိုယ်သည် ခြေထောက်အောက်၌ နင်းချေခြင်း ခံထားရသည့်တိုင် ပျက်စီးခြင်း မရှိသေးပဲ လွတ်မြောက်ရန် ရုန်းကန်နေသည်။ မရေ မတွက်နိုင်သော အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာ၏။ ၎င်းတို့က ဓားချီ နဂါးများ အသွင် ပြောင်းလဲကာ ကျိုးကျူရှင်းအား တိုက်ခိုက်ရန် ကြိုးစား ကြလေသည်။

"ငြိမ်ငြိမ်နေစမ်း…"

ကျိုးကျူရှင်းက စွမ်းအားကို တစ်ဆင့် မြှင့်ကာ ခြေထောက်အား ထပ်မံ ဖိချလိုက်၏။

"ဘုန်း…"

ရန်ကုန်းဖန်းမှာ အစွမ်းကုန် ခုခံရန် ကြိုးစားသော်လည်း အရာ မထင်ခဲ့ချေ။ တစ်ခဏ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲသွား၏။ များစွာသော ရွှေရောင် သွေးစက်များမှာ ကျိုးကျူရှင်း၏ ခြေထောက်၌ ပေကျံနေသည်။ ကျိုးကျူရှင်း ခြေထောက်အား မလိုက်သော အချိန်တွင်မူ ဟေးယု ကောင်းကင်နယ်၏ ထိုပါရမီရှင်ကား အသားပြား တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

" … "

လူတိုင်းကား ဆွံ့အ သွားကြ၏။ သူတို့သည် ကျိုးကျူရှင်းအား အံ့ဩ၊ ထိတ်လန့်စွာ ကြည့်နေကြသည်။

သူက ရန်ကုန်းဖန်းကို သတ်လိုက်တာလား။ ဟေးယု ကောင်းကင်နယ်ရဲ့ ပါရမီရှင်က အစေခံ အဘိုးအို တစ်ယောက် သတ်တာကို ခံလိုက်ရတာလား။

ရန်ကုန်းဖန်းမှာ မြေအောက် သရဲဂိုဏ်း၏ ဒုတိယ ဆက်ခံသူ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူကား ကြမ်းပြင်ထက်၌ အသားပြား ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဘယ်သူက ငါ့ ခွန်အားကို စမ်းသပ် ချင်သေးလဲ"

ကောင်းကင်မျို မြွေကြီးက အားလုံးကို အထက်စီးမှ ငုံ့ကြည့်ရင်း မေးလိုက်၏။

လူတိုင်းကား ခေါင်းများကို ငုံ့လိုက်ကြသည်။ ဝူရှန်းနှင့် ရွှမ်ကုန်း ဓားမင်းသားတို့ပင် စကား တစ်ခွန်းမျှ မဆိုရဲကြချေ။

ထိုအဘိုးအိုကား ကောင်းကင် အရှင် တစ်ပိုင်း ဖြစ်နေပြီ ဖြစ်သည်။ သူနှင့် ယှဉ်ပြိုင်ရပါက ဟန်ရှုံး သတ်မှတ်ချက်ဝင် ထိပ်ဆုံး ဆယ်ဦးပင် ခေါင်းကိုက်ရလိမ့်မည် ဖြစ်သည်။ သူတို့သည် ထိုကဲ့သို့သော ကျင့်ကြံသူမျိုးနှင့် အသေခံ တိုက်ခိုက်ရန် မမိုက်မဲကြချေ။

"ဟမ့်…"

ကျိုးကျူရှင်းက အထင်သေးစွာဖြင့် နှာခေါင်း တစ်ချက် ရှုံ့ကာ မူလ အသွင်သို့ ပြန်လည် ပြောင်းလဲ လိုက်သည်။ ထို့နောက် သူက အေးအေးဆေးဆေးပင် ချန်းဖန်၏ ဘေးနားသို့ သွားကာ ပြန်ထိုင်လိုက်၏။

ယခုတစ်ကြိမ်တွင်မူ သူ၏ ခွန်အားကို မည်သူမျှ မေးခွန်း မထုတ်ရဲကြတော့ချေ။

"သူက ဘယ်သူလဲ… ဘာလို့ သူ့ရဲ့ အစေခံကတောင် ဒီလောက် အစွမ်းထက် နေတာလဲ… ငါ့အထင် နတ်မိမယ် ရှန်းရှီမှာတောင် အဲ့လောက် အစွမ်းထက်တဲ့ အစေခံမျိုး မရှိလောက်ဘူး"

များစွာသော လူများမှာ ချန်းဖန်အား ကြည့်ကာ အတွေးနက် သွားကြသည်။

"ကဲ… ဘယ်လိုလဲ… ငါ့ အစေခံက မင်းတို့နဲ့ အတူ ထိုင်ဖို့ အဆင့်မှီပြီလား"

ချန်းဖန်က လက်ထဲမှ ဝိုင်ခွက်ကို ချရင်း မေးလိုက်သည်။

"ဒါပေါ့… ဒါပေါ့…"

ရွှမ်ကုန်း ဓားမင်းသားနှင့် မူရန်ပိုင်တို့က ခေါင်းညိတ် လိုက်ကြသည်။

သို့သော်လည်း ဝူရှန်းမှာမူ မကျေမနပ် ဖြစ်နေဆဲ ဖြစ်သည်။ သူကား မိစ္ဆာနှိမ်ဂိုဏ်း၏ ပဉ္စမ ဗိုလ်ချုပ် ဖြစ်ပြီး အစွမ်းထက် မိစ္ဆာများစွာကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သူက နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။

"မင်းရဲ့ အစေခံက အစွမ်းထက်တယ် ဆိုတာ ငါ သဘောတူတယ်… ဒါပေမဲ့ ဟို မိန်းကလေး သုံးယောက်ကရော… သူတို့က ရှောင်မန်ရဲ့ မိတ်ဆွေ ဆိုတာနဲ့ ငါတို့နဲ့ ထိုင်လို့ရပြီလို့ ထင်နေတာလား"

"ဪ… မင်းက သူတို့ကိုလည်း စမ်းသပ် ချင်နေတာလား"

ချန်းဖန်က သူ့အား ကြည့်ကာ အံ့အားသင့်ဟန် မေးသည်။

"ဟုတ်တယ်…"

ဝူရှန်းက ရှေ့သို့ ခြေတစ်လှမ်း တိုးကာ အော်ဟစ် လိုက်၏။

သူသည် ကျိုးကျူရှင်း၏ စွမ်းအားကို သတိထားမိရာ စိန်ခေါ်ဝံ့ချေ။ သို့သော်လည်း မိန်းကလေး သုံးယောက်မှာမူ ငယ်ရွယ်ကာ အတွေ့အကြုံ နည်းပါးသည့်ပုံ ပေါ်သည်။ အားလုံးထဲ၌ အတွေ့အကြုံ အနည်းဆုံး လင်းဝူဟွာ ပင်လျှင် ရွှေအမြုတေ အလယ်ဆင့်သာ ဖြစ်သည်။ ထို့ကြောင့်ပင် ဝူရှန်းက သူတို့အား ရွေး၍ စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။

"ဟမ့်…"

လင်းဝူဟွာက အေးစက်စွာဖြင့် ထိုင်ရာမှ ထရပ်လိုက်၏။ ထို့နောက် သူမက လက်အား ဝှေ့ယမ်းလိုက်ရာ ဓားတစ်ချောင်း ရောက်ရှိ လာခဲ့သည်။

"မိန်းကလေး အရင် စပါ…"

"ဝှစ်…"

ဝူရှန်း၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် တောက်ပသော ဓားချီသည် ဗြဟ္မာ့ နန်းတော် တစ်ခုလုံးကို ဖြန့်ကျက်သွား၏။ ဓားချီ ထွက်ပေါ်လာသည်နှင့် ဗြဟ္မာ့ နန်းတော် တစ်ခုလုံးမှာ ရေခဲဂူကြီး အလား အေးစက် သွားတော့သည်။

ထို့နောက် ကောင်းကင်တွင် နှင်းစက်များမှာ စတင် ကျဆင်းလာသည်။ ရေခဲနှင့် နှင်းစက်တို့၏ ဖုံးလွှမ်းမှုတွင် လူတိုင်းမှာ ငွေရောင် ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည် ဟုပင် ခံစားလိုက်ကြရသည်။

ကျူးနင်းမိုသည် ထိုလှပသော ဓားကွက်အား ကြည့်ကာ မှင်သက်နေမိ၏။ ဟွာနွန်ယင်နှင့် လင်းရှောင်တို့ ပင်လျှင် ထိုလှုပ်ရှားမှုကြောင့် အံ့ဩ နေကြပုံ ပေါ်သည်။ ထို့အတူ ဓားမင်းသား ရွှမ်ကုန်းမှာလည်း ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။

လင်းဝူဟွာ၏ တိုက်ခိုက်မှုက လူတိုင်း မျှော်လင့်ထားသည့် အရာထက် ကျော်လွန် နေသည် မဟုတ်ပါလား။

"အား…"

ရုတ်တရက် ဝူရှန်း၏ အော်ဟစ်သံက နာကျင်စွာ ထွက်ပေါ်လာ၏။

လူတိုင်းက ကြည့်လိုက်ကြရာ ဝူရှန်း၏ အနက်ရောင် ဝတ်စုံမှာ ထက်ပိုင်းပြတ် နေသည်ကို တွေ့ရ၏။ ၎င်းကား အဆင့်မြင့် ဝိညာဉ် ရတနာ ဖြစ်သည့်တိုင် မိန်းကလေး၏ တိုက်ခိုက်မှုအား တစ်ချက်ပင် မခုခံနိုင်ခဲ့ချေ။ လူတိုင်းက ဝူရှန်းအား သနားစွာ ကြည့်လိုက် မိကြသည်။

ထိုတိုက်ခိုက်မှုသည် သူ၏ ဘယ်ဘက် ပခုံးမှ နေ၍ ညာဘက် ဝမ်းဗိုက် အထိ ရောက်သော ဒဏ်ရာကြီး တစ်ခုကို ဖြစ်ပေါ်စေသည်။ အကယ်၍ ထိုဓားချက်သာ ရှေ့သို့ လက်မ အနည်းငယ် ထပ်တိုးပါက သူ၏ ခန္ဓာကိုယ်မှာ ထက်ပိုင်းပင် ပြတ်‌နေလောက်ပြီ ဖြစ်သည်။

၎င်းကား ဝူရှန်း၏ ဘဝ တစ်လျှောက်လုံးတွင် အပြင်းထန်ဆုံး ရရှိသော ဒဏ်ရာလည်း ဖြစ်၏။

ဝူရှန်းသည် အသက်ကို ပြင်းစွာရှူကာ ရွှေအမြုတေ၏ စွမ်းအားဖြင့် ဒဏ်ရာကို ပြန်လည် ကုသရန် ကြိုးစားနေသည်။ သို့သော်လည်း ငွေရောင် စွမ်းအင်များသည် ထိုဖြစ်စဉ်ကို တားဆီးနေ၏။ နောက်ဆုံး၌ ဝူရှန်း၏ ကျင့်ကြံခြင်း အဆင့်မှာ ရွှေအမြုတေ အလယ်ဆင့် အထိပင် ကျဆင်း သွားခဲ့သည်။

လူတစ်ယောက်၏ ကျင့်ကြံခြင်း အဆင့်ကိုပင် ကျဆင်းစေနိုင်သော ထိုဓားကျင့်စဉ်က မည်သည့် အမျိုးအစားနည်း။

လူတိုင်းက လင်းဝူဟွာအား ကြောက်လန့်စွာ ကြည့်လိုက်ကြသည်။

သူတို့၏ အကြည့်များ အောက်တွင်ပင် လင်းဝူဟွာက ဓားအား သိမ်းဆည်းကာ ထိုင်ခုံသို့ သွား၍ ပြန်လည် ထိုင်လိုက်၏။ လင်းဝူဟွာ၏ ကျင့်ကြံခြင်း အဆင့်မှာ ရွှေအမြုတေ အလယ်ဆင့်သာ ဖြစ်သည်။ သူမ၏ အသက်ရှူ မှားလောက်သော တိုက်ခိုက်ရေး စွမ်းအင်မှာ ကျင့်ကြံခြင်း အဆင့်မှ လာရောက်ခြင်း မဟုတ်ပဲ အစွမ်းထက် ဓားကျင့်စဉ်မှသာ လာရောက်ခြင်း ဖြစ်သည်။

"အစွမ်းထက်လိုက်တာ… ထင်းရွှမ် ဓားကျင့်စဉ်၊ ဟိုထျန်း ဓားကျင့်စဉ်တွေတောင် အဲ့လောက် အစွမ်းမထက်နိုင်ဘူး"

ကုန်းစွန်းကွေးက တအံ့တဩ မှတ်ချက်ချ လိုက်သည်။

ချန်းဖန်မှာမူ ဝူရှန်း၏ အတွက်အချက် လွဲမှားမှုကို တွေးမိကာ ခေါင်းခါ နေမိသည်။ ချန်းဖန်၏ ဘေး၌ ရှိသော လူများ အနက် ကျိုးကျူရှင်းမှာ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် မဟုတ်ချေ။ လင်းဝူဟွာသာ ဖြစ်ပေသည်။ ကျိုးကျူရှင်းသည် ကျူးဝမ် မျိုးနွယ်၏ ရန်သူ ဖြစ်ဖူးရာ ချန်းဖန်သည် သူ့အား လင်းဝူဟွာကဲ့သို့ တိုက်ရိုက် လမ်းညွှန်မှု မပေးခဲ့ချေ။

လင်းဝူဟွာသည် ရွှေအမြုတေ အလယ်ဆင့် တွင်သာ ရှိသေးသည့်တိုင် သူမ၏ ဓားကျင့်စဉ် မှာမူ လက်ရှိ အဆင့်ကို ကျော်ဖြတ်ကာ အချို့ အခြေတည် ဝိညာဉ် အဆင့်များနှင့်ပင် ယှဉ်၍ တောက်ပနိုင်နေပြီ ဖြစ်သည်။

"သူ သုံးလိုက်တာ ဓားတန်ခိုးရှင် တစ်ယောက် ပိုင်ဆိုင်တဲ့ ဓားကျင့်စဉ်လား…"

ရွှမ်ကုန်း ဓားမင်းသားမှာ လင်းဝူဟွာအား မယုံကြည်နိုင်စွာ ငေးကြည့်နေ၏။

သူသည် ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်ရာ လင်းဝူဟွာ၏ တိုက်ခိုက်မှုတွင် အခြေတည် ဝိညာဉ် အဆင့်၏ ဉာဏ်အလင်းများ ပါဝင်နေကြောင်း ခံစားမိ၏။ နှိုင်းယှဉ်ရပါက ထျန်းဟောင်ဂြိုဟ် အခြေတည် ဝိညာဉ် အဆင့်အောက်၌ သူမကို နှိုင်းယှဉ်နိုင်သည့် ဓားသမား ရှိလိမ့်မည် မထင်ချေ။

"ကဲ… ဘယ်သူလာဦးမလဲ…"

ချန်းဖန်က မေးလိုက်သည်။

လူတိုင်းမှာ တိတ်ဆိတ် သွား၏။ သူတို့သည် လင်းဝူဟွာနှင့် ကျိုးကျူရှင်းတို့က်ု မယှဉ်နိုင်ကြချေ။ ဟန်ရှုံး သတ်မှတ်ချက် ထိပ်ဆုံး အဆင့်၌ ရှိနေသူများသာ သူတို့အား ယှဉ်၍ တိုက်ခိုက် နိုင်ပေလိမ့်မည်။

သို့တိုင်အောင် လူအချို့က ထ၍ မူဟုန်တိအား စိန်ခေါ်ကြသေးသည်။

မူဟုန်တိသည် ထိုလူများအား သူမ၏ ရွှေရောင် လက်သီးဖြင့် ပါးစပ်ပိတ် စေခဲ့၏။ သူမသည် စိန်ခေါ်လာသူ ရွှေအမြုတေ အဆင့် လေးယောက်ကို လက်သီးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံး၌ ရန်ကုန်းဖန်း၏ ဂိုဏ်းတူညီ ဖြစ်သူက ဒေါသတကြီးဖြင့် ယွင်ရီအာ၏ ခွေးလေးကို လက်ညိုးထိုးကာ စိန်ခေါ် ဝောာ့သည်။

သို့သော်လည်း ထိုအရာက ‌ခွေး မဟုတ်ချေ။ ကမ္ဘာ အမတေ ကောင်းကင်ဆေး တစ်ဖြစ်လည်း ချီလင်သားရဲသာ ဖြစ်သည်။ ချီလင်သည် မွေးဖွားစဉ်ကပင် ရွှေအမြုတေ ထိပ်ဆုံး အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည့် အပြင် ချန်းဖန်ကလည်း သူ့အား ကောင်းကင်‌ ဆေးမြစ်များ ကျွေးထားသေးသည်။ သို့ဖြစ်ရာ ယခုဆိုလျှင် ထိုချီလင် ပေါက်စမှာ ကောင်းကင် အရှင် တစ်ပါးကဲ့သို့ အစွမ်းထက် နေပြီ ဖြစ်သည်။

ထိုတိုက်ပွဲသည် စက္ကန့်ဝက်သာ ကြာမြင့်ခဲ့ကာ ချီလင်က ထိုကျင့်ကြံသူအား တိုက်ရိုက် ဝါးမျို လိုက်ခြင်းဖြင့် ပြီးဆုံးသွား၏။

ဤသို့ဖြင့် အဆုံးသတ်၌ လူတိုင်းမှာ ချန်းဖန်၏ ခွေးကိုပင် အနိုင်မယူနိုင်ကြောင်း လက်ခံ လိုက်ရတော့၏။

***

All Chapters