← Chapters

စားသောက်ပွဲ

Vol. 10 Ch. 944

စားသောက်ပွဲ

Vol. 10 Ch. 944

ခွေးက လူသားများထက် ပို၍ အစွမ်းထက်နေခြင်း…

ပုံမှန်ဆိုလျှင် သေမျိုးများသာ ထိုကဲ့သို့သော ပြဿနာကို ရင်ဆိုင်ရနိုင်သော်လည်း ယနေ့တွင်မူ ကောင်းနယ်နယ်၏ ပါရမီရှင် မျိုးဆက်များမှာ ထပ်တူ ဖြစ်ရပ်မျိုးကို ကြုံတွေ့ခဲ့ရပြီ ဖြစ်သည်။

သူတို့သည် ထိုခွေးမှာ ထိပ်တန်း ဝိညာဉ် သားရဲ တစ်မျိုးဖြစ်ကြောင်း သတိထားမိသည့်တိုင် မယုံကြည်မှုကို ခံစားနေရဆဲ ဖြစ်သည်။  အကယ်၍ ထိုဖြစ်ရပ်သာ ပျံ့နှံ့သွားပါက မြေအောက် သရဲဂိုဏ်း တစ်ခုလုံး အုံကြွ သွားမည်မှာ ကျိန်းသေ၏။

"ဘုရား… ဘုရား…"

စီစီ၏ မျက်လုံးများကား ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။

သူမသည် ချန်းဖန်နှင့် အပေါင်းအပါများကို မထင် မကြီးခဲ့ချေ။ သို့သော်လည်း ယနေ့၌ သူတို့၏ ခြေဖဝါးအောက်တွင် များစွာသော ပါရမီရှင်များမှာ ‌အရှုံးပေးခဲ့ရသည်။ ရန်ကုန်းဖန်း ဆိုလျှင် အသက်ပင် ဆုံးရှုံး ခဲ့ရသည်။

"ဘယ်လိုတွေ ဖြစ်သွားတာလဲ…"

များစွာသော လူများမှာ အိပ်မက် မက်နေသည် ဟုပင် ခံစားနေရ၏။

ကျူးညီအမမှာ ချန်းဖန်အား နတ်ဘုရား ကဲ့သို့ ကြည့်နေကြ၏။ ကျူးနင်းရွှယ် ဆိုလျှင် နောင်တပင် ရနေခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်း၌ ဟွာနွန်ယင်မှာမူ အလွန်အမင်း ရှက်ရွံ့နေ၏။ သူမသည် ချန်းဖန်နှင့် မျက်လုံးချင်း ဆုံ၍ပင် မကြည့်ရဲတော့ချေ။

"ဒါဆို… သူတို့တွေ ထိုင်လို့ ရပြီလား"

ချန်းဖန်က မေးလိုက်သည်။

"ရပါပြီ… ရပါပြီ"

မူရန်ပိုင်နှင့် ရွှမ်ကုန်း ဓားမင်းသားလေးတို့က ကပျာကယာ ခေါင်းညိတ် လိုက်ကြသည်။

တိတ်ဆိတ်စွာ ထိုင်နေသော လင်းရှောင်မှာမူ မျက်နှာ တစ်ခုလုံး မည်းမှောင် နေခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် သူသည် ကျိုးကျူရှင်းနှင့် လင်းဝူဟွာတို့အား ကြောက်ရွံ့နေရာ စေဒက မတက်ရဲခဲ့ချေ။

ထို့နောက် ကုန်းစွန်းကွေးက ချန်းဖန်အား တစ်ခွက်ကမ်းကာ သောက်၏။ ကျူးညီအမနှင့် စီစီတို့ကား အံ့ဩပြီးရင်း အံ့ဩနေခဲ့ပြီ ဖြစ်သည်။

ကုန်းစွန်းကွေးကား ကုန်းစွန်း မိသားစု၏ မျိုးဆက် ဖြစ်သည်။ သို့တိုင်အောင် သူသည် မူလ အဆင့် တစ်ဦးနှင့် အတူ သောက်နေ၏။ ထိုအရာက မည်ကဲ့သို့သော အဓိပ္ပာယ်ကို ဖော်ဆောင်နေသနည်း။

"အကိုက အမြဲ မိုက်တယ်…"

ရှောင်မန်က ချန်းဖန်အား တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ကာ ရေရွတ်လိုက်သည်။

ယနေ့ည၌ ချန်းဖန်သည် သူ၏ စွမ်းအား အစစ်အမှန်ကို ထုတ်မပြခဲ့သည့်တိုင် အားလုံး၏ စိတ်ဝင်စားမှုနှင့် လေးစားမှုကို တစ်ပြိုင်နက်တည်း ရယူနိုင်ခဲ့သည်။ ရှောင်မန်သည် ထိုအရာအတွက် အမှန်တကယ်ပင် ဂုဏ်ယူနေမိ၏။

တစ်ချိန်တည်း၌ ချန်းဖန်သည် အလကား ရသော နဂါးမီးတောက်ဝိုင်ကို တစ်ကရားပြီး တစ်ကရား မော့နေ၏။ ထိုဝိုင်ကား အမှန်တကယ်ပင် အရသာ ကောင်းမွန်လှသည်။

စားသောက်ပွဲ၏ ဒကာဖြစ်သော လင်းရှောင် မှာမူ အသည်းများ ကွဲမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ နဂါးမီးတောက်ဝိုင်ကား ဗြဟ္မာ့ နန်းတော်၌ ဈေးအကြီးဆုံးဝိုင် ဖြစ်သည်။ အကယ်၍ ချန်းဖန်သာ ထိုနှုန်းအတိုင်း ဆက်လက် သောက်နေပါက ဝိုင်ဖိုးဖြင့်ပင် သူ မွဲရ ပေလိမ့်မည်။

နောက်ဆုံး ချန်းဖန် စားသောက်ပွဲမှ ထွက်ခွာသွားသော အချိန်တွင်မှ သူ သက်ပြင်းချ နိုင်တော့၏။ မူရန်ပိုင်နှင့် အခြားလူ များကမူ ရန်ကုန်းဖန်း၏ အလောင်းကို ကြည့်ကာ စိတ်ရှုပ်ထွေး သွားမိကြ၏။

"အဲဒီကောင်က ဘယ်သူလဲ… ဘာလို့ သူ့ဘေးနားမှာ ကောင်းကင်အရှင် တစ်ပိုင်း နှစ်ယောက်တောင် ရှိနေတာလဲ… ဟို အနက်ရောင်ဝတ် မိန်းကလေးက ဓားတန်ခိုးရှင် တစ်ယောက် ဖြစ်ပုံရတယ်… သူက တောင်တန်း အင်ပါယာက လာတဲ့ လျှို့ဝှက် ပုဂ္ဂိုလ် တစ်ယောက်များလား"

မူရန်ပိုင်က ရေရွတ်လိုက်သည်။

"သူ့ရဲ့ နာမည်က ချန်းနဲ့ စတယ်… ဒါပေမဲ့ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာ ချန်းနဲ့ စတဲ့ နာမည်ကြီး မိစ္ဆာ ကျင့်ကြံသူ ရှိတယ် လို့ ငါ တစ်ခါမှ မကြားဖူးဘူး"

လင်းရှောင်က ဖြည်းညင်းစွာ စဉ်းစားရင်း ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ အဲ့ကောင်စုတ်လေးက မူလ အဆင့်မှာပဲ ရှိသေးတာ… သူက သူ့ဘေးနားက နှစ်ယောက်ထက် ပိုပြီး အစွမ်း မထက်နိုင်ဘူး…  ငါတို့ အတွက် သူ့ကို သတ်ဖို့က သိပ်မခက်ခဲနိုင်ဘူး"

"ဘာလဲ… အကိုလင်းက ဟို အနက်ရောင်ဝတ် မိန်းမ သတ်တာကို ခံချင်နေတာလား"

ဝူရှန်းက ရင်ဘတ်ရှိ ဒဏ်ရာကို လက်ဖြင့် ဖိရင်း ဆိုလိုက်၏။

လူတိုင်းမှာ နောက်တစ်ကြိမ် တိတ်ဆိတ် သွားပြန်၏။

ထိုမိန်းကလေးကား အလွန်ပင် ကြောက်မက်ဖ်ွူ ကောင်းသူ ဖြစ်သည်။ သူမ၏ တိုက်ခိုက်မှုကို ကောင်းကင်အရှင် တစ်ပိုင်းပင် ခုခံနိုင်ရန် မသေချာပေ။

"နတ်မိမယ် ရှန်းရှီ တံခါးပိတ် ကျင့်ကြံတာက ထွက်လာရင် ဘယ်လို ဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့"

ကုန်းစွန်းကွေးက ရန်ကုန်းဖန်း၏ အလောင်းကို ကြည့်ရင်း ဆိုလိုက်တော့သည်။

ဗြဟ္မာ့ နန်းတော် အလွှာ ၁၀၀ ၌ ဖြစ်ပျက်ခဲ့သော သတင်းမှာ လျှင်မြန်စွာပင် ပျံ့နှံ့ သွားခဲ့သည်။ လူတိုင်းသည် ကြားကြားချင်း ထိုသတင်းမှာ မဖြစ်နိုင်ဟု တွေးမိကြ၏။

ကျူးညီအမ၊ စီစီနှင့် ကျန်းရှိုကျူးတို့ အတည်ပြုပြီးသော အချိန်တွင်မူ သူတို့မှာ ရွေးချယ်စရာ မရှိပဲ လက်ခံ လိုက်ရတော့သည်။ သို့တိုင်အောင် သူတို့သည် အဖြစ်မှန်ကို လက်ခံရန် ခက်ခဲနေတုန်း ဖြစ်သည်။

သူတို့သည် ကောင်းကင်ဂိုဏ်းများမှ ဖြစ်ရာ ကျိုးကျူရှင်းကဲ့သို့ အစွမ်းထက်သည့် အကြီးအကဲများစွာကို မြင်ဖူး၊ ဆက်ဆံဖူး ကြသည်။ သို့သော်လည်း သူတို့ကို အံ့အားသင့် စေသော အချက်က ကျိုးကျူရှင်းမှာ ချန်းဖန်၏ အစေခံ ဖြစ်နေခြင်း ဖြစ်သည်။ တစ်ချိန်တည်း၌ အချို့လူများမှာ လင်းဝူဟွာအား "ရေခဲ နတ်မိမယ်" ဟု စတင်ကာ ခေါ်နေကြပြီ ဖြစ်သည်။

'ဟမ့်… အဲ့ကောင်စုတ်လေးက အင်အားကြီး နောက်ခံပဲ ရှိတာပါ… မဟုတ်ရင် ကောင်းကင် အရှင် တစ်ပိုင်းက ဘာလို့ မူလ အဆင့် အတွက် အလုပ်လုပ်ပေးမှာလဲ… ဘာလို့ ရေခဲ နတ်မိမယ်လေးက သူ့နောက်ကို လိုက်မှာလဲ"

တစ်ယောက်က နှာခေါင်းရှုံ့ လိုက်၏။

များစွာသော လူများမှာ ခေါင်းညိတ် လိုက်ကြသည်။ ကျင့်ကြံခြင်း လောက၌ အင်အားကြီးသူက သာလျှင် စိုးမိုးသည်။ ထို့ကြောင့်ပင် လူများသည် အင်အားကြီး နောက်ခံရှိသူများကို မစော်ကားဝံ့ကြချေ။

လူတိုင်းက ချန်းဖန်မှာ ထျန်းဟောင်ဂြိုဟ် ပေါ်ရှိ လျှို့ဝှက် မိသားစု တစ်ခုမှ ဖြစ်မည်ဟု ယုံကြည် နေကြသည်။ အချို့က ဆိုလျှင် ချန်းဖန်တွင် အခြေတည် ဝိညာဉ် အဆင့် ဆရာ တစ်ယောက်ပင် ရှိလိမ့်မည်ဟု ခန့်မှန်း နေကြ၏။

"ဟမ့်… သူ့မှာ အခြေတည် ဝိညာဉ် အဆင့် ဆရာရှိတော့ရော ဘာဖြစ်လဲ… ငါတို့ဂိုဏ်းမှာလည်း အခြေတည် ဝိညာဉ် အဆင့် ဘိုးဘေး ရှိတာပဲ… ဘာကိစ္စ သူ့ကို ကြောက်ရမှာလဲ"

ကျန်းတုန်ရှန်းက ဆိုသည်။

သူသည် ကျူးယန်တောင်ထိပ်၏ တပည့် တစ်ယောက် ဖြစ်ပြီး သူ၏ ဆရာမှာလည်း ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်သည်။ သူသည် ပြန်လည် မွေးဖွားခြင်းဂိုဏ်း လူငယ် မျိုးဆက် ထိပ်တန်း ပါရမီရှင် ဆယ်ယောက် အနက် တစ်ယောက်လည်း ဖြစ်သည်။

လူတိုင်းက ကျန်းတုန်ရှန်း၏ အဆိုကို သဘောတူ ကြ၏။ အင်အားကြီး နောက်ခံ ရှိခြင်းက စစ်မှန်သော စွမ်းအား မဟုတ်ချေ။ လီဟိုင်ရှင်း၊ ကျွင်းအိုချန်း တို့ကဲ့သို့သော လူများ သာလျှင် လူတိုင်း၏ လေးစားမှုကို ခံယူရန် ထိုက်တန်ပေသည်။

သို့သော်လည်း ကောင်စုတ်လေးချန်းမှာမူ အင်အားကြီး နောက်ခံ မရှိပါက သာမန် မူလ အဆင့် တစ်ယောက်သာ ဖြစ်သည်။ လူတိုင်းသည် သူ့အား အထင်မကြီး ကြချေ။

တစ်ချိန်တည်း၌ သတင်း တစ်ပုဒ်မှာလည်း ပြန်လည် မွေးဖွားခြင်းဂိုဏ်း အတွင်း ပျံ့နှံ့ နေသည်။ ထိုသတင်းကား ကွေ့မင်ကျိ၊ ကောင်းကင် ကျောင်စိမ်း မင်းသားလေးနှင့် လီယန် ဓားသခင်တို့မှာ နတ်မိမယ် ရှန်းရှီအား ဂုဏ်ပြုရန် လာရောက်လိမ့်မည် ဟူ၍ပင်။

"ကွေ့မင်ကျိ၊ ကောင်းကင်ကျောက်စိမ်း မင်းသားလေးနဲ့ လီယန် ဓားသခင်တို့ အားလုံးက ဟန်ရှုံး သတ်မှတ်ချက်ဝင်တွေ ချည်းပဲ…"

‌လင်းရှောင်က မကျေနပ် ပြောသည်။

"တကယ်လို့ ဟိုကောင်စုတ်လေးသာ အဲ့လူတွေနဲ့ ပြဿနာ တက်ရင် တကယ် ကြည့်ကောင်းပြီပဲ… သူက အစေခံအိုကြီးနဲ့ ရေခဲ နတ်မိမယ်လေး ကိုပဲ မှီခိုနေရတာ… သူတို့ ဘယ်လောက်ပဲ အစွမ်းထက်ထက် အဲ့ကောင်စုတ်လေးကို အမြဲတမ်း ကာကွယ် ပေးနိုင်မှာ မဟုတ်ဘူး"

ဝူရှန်းကလည်း နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်သည်။

"နောက်ပြီး ငါ့ရဲ့ စီနီယာ အကိုလည်း လာဦးမှာ… သူတို့ရှေ့ ရောက်ရင် အဲဒီ ကောင်စုတ်လေး ဆက်ပြီး မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့"

"မင်းပြောတာက… မိစ္ဆာနှိမ်ဂိုဏ်းရဲ့ ထိပ်သီး ဗိုလ်ချုပ် ရှောင်ဟုန်လား…"

လင်းရှောင်က အံ့ဩတကြီး ပြန်လည် မေးလိုက်၏။

လင်းရှောင်…

သူကား မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း၏ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ကာ ဟန်ရှုံး သတ်မှတ်ချက် နံပါတ် ၇ လည်း ဖြစ်၏။ သူနှင့် ယှဉ်ပါက ကုန်းစွန်းကွေး၊ လင်းရှောင်တို့ပင် မှေးမှိန်ရလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ချန်းဖန်မှာမူ ထိုအရာများကို ဂရုစိုက်ခြင်း မရှိချေ။ သူသည် ရှောင်မန်တို့နှင့် အတူ ဗြဟ္မာ့ နန်းတော်မှ ထွက်ခွာ၍ ထင်းယွမ်မြို့၏ လမ်းမများထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရှောင်မန်သည် ချန်းဖန်၏ လက်ကို ဆွဲကာ လင်းဝူဟွာနှင့် အခြားလူများ အဘယ်ကြောင့် ဤမျှ အစွမ်းထက်လာသည်ကို မေးမြန်း နေခဲ့၏။ သူမသည် အစစ်အမှန် နဂါး၏ ကောင်းကင် သွေးကြောပိုင်ရှင် ဖြစ်သည့်တိုင် မူဟုန်တိ၊ ယွင်ရီအာတို့ကို မယှဉ်နိုင်ဟု ခံစား နေရသည်။

ချန်းဖန်က ရှောင်မန်၏ ခေါင်းကို ပွတ်သပ် ပေးရင်း ပြုံးလိုက်၏။

"နင့်အကိုက ပြန်လည် မွေးဖွားခြင်းဂိုဏ်း တစ်ခုလုံးထက် ပိုပြီး အစွမ်းထက်တာ မသိတာလား… ဒီမှာ ရှိတဲ့ အကောင်းဆုံး ကျင့်စဉ်တွေ နည်းစနစ်တွေက ငါ့အတွက် ဘာမှ မဟုတ်ဘူး… လွန်ခဲ့တဲ့ သုံးနှစ် အတွင်း နင်သာ ငါနဲ့ အတူနေခဲ့ရင် ခုချိန်လောက်ဆို ထျန်းဟောင်ဂြိုဟ်ရဲ့ အတော်ဆုံး လူငယ် မျိုးဆက် ကျင့်ကြံသူ ဖြစ်နေလောက်ပြီ"

"ဟုတ်ကဲ့…"

ယခုတစ်ကြိမ်တွင်မူ ရှောင်မန်က ယုံကြည်စွာ ခေါင်းညိတ်သည်။

ချန်းဖန်သည် အမှန်တကယ်ပင် ရှောင်မန်၏ ပါရမီများမှာ ဖြုန်းတီးခံရသလို ခံစား နေမိ၏။ အကယ်၍ သူ၏ သင်ကြားမှု လက်အောက်တွင် ဆိုပါက ရှောင်မန်မှာ ရန်ကုန်းဖန်း ကဲ့သို့သော လူများကိုပင် အနိုင်ယူ နေနိုင်ပြီ ဖြစ်သည်။

တစ်ချိန်တည်း၌ စားသောက်ပွဲ၌ ရှိနေဆဲ ဖြစ်သော ဟွာနွန်ယင်နှင့် ကျန်းရှိုကျူး တို့မှာ ချန်းဖန်တို့ အဖွဲ့ အတွက် စိုးရိမ် နေကြသည်။ ဟွာနွန်ယင်သည် ချန်းဖန်အား သဘောမကျသည့်တိုင် ရှောင်မန်အား ချန်းဖန် ဒုက္ခရောက်နိုင်ကြောင်း ဆက်သွယ်၍ ပြောပြ၏။

ရန်ကုန်းဖန်းသည် မြေအောက်သရဲဂိုဏ်း၏ မျိုးဆက် ဖြစ်သည်။ သို့သော်လည်း ချန်းဖန်၏ နောက်လိုက်မှာ သူ့အား သတ်ပစ် ခဲ့သည်။ မြေအောက် သရဲဂိုဏ်းသည် သူ့အား အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့အပြင် မိစ္ဆာနှိမ်ဂိုဏ်း၏ ဟန်ရှုံး သတ်မှတ်ချက် နံပါတ် ခုနစ် ရှောင်ဟုန်မှာလည်း မကြာခင် ရောက်လာတော့မည် ဖြစ်သည်။

"ကိစ္စ မရှိပါဘူး… ပြဿနာတိုင်းမှာ အဖြေ ရှိပါတယ်"

ချန်းဖန်က အေးအေးဆေးဆေးပင် ဆိုလိုက်၏။ သူ၏ မျက်လုံးထဲ၌ ဟန်ရှုံး သတ်မှတ်ချက်ဝင်များမှာ ဘာမှ မဟုတ်ချေ။

ချန်းဖန်သည် နဂါးစံအိမ်တွင်ပင် ဆက်လက် နေထိုင်၏။ သူသည် ရှန်းရှီ ထွက်လာမည့် အချိန်ကို စောင့်ရင်း ရှောင်မန်တို့အား လမ်းညွှန်ပေး နေခဲ့သည်။

နေ့ရက်များ ဖြတ်ကျော်သွားသည်နှင့် အမျှ ရှန်းရှီ ထွက်လာမည့် အချိန်မှာလည်း ပို၍ နီးကပ် လာနေခဲ့သည်။

ထျန်းဟောင်ဂြိုဟ် တစ်လွှားရှိ များစွာသော လူငယ် ကျင့်ကြံသူများသည် ထင်းယွမ်မြို့သို့ စုရုံး ရောက်ရှိလာကြ၏။ ကောင်းကင် အမြုတေများကား အလွန် ရှားပါးလှရာ သူတို့သည် အလွတ်မခံနိုင်ချေ။

ထိုအချိန်မှာပင် ‌မမျှော်လင့်သော ဧည့်သည် တစ်ယောက်မှာ ချန်းဖန်ထံသို့ ရောက်ရှိ လာ၏။

"ဆရာက ရှင့်ကို တွေ့ချင်‌နေတယ်"

ဟွာနွန်ယင်က ပြောသည်။

"အကြီးအကဲ ယွီလုံ…"

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။

***

All Chapters