← Chapters

ညဘုရားကျောင်း..

Vol. 38 Ch. 557

ညဘုရားကျောင်း..

Vol. 38 Ch. 557

ကတ်စီက သူမရဲ့ နောက်ထပ်စကားလုံးတွေကို ဂရုတစိုက် ရွေးချယ်လိုက်တယ်..။

“ဟောလိုး တောင်တန်းတွေက..သေဆုံးခြင်းနယ်မြေတွေ အဖြစ် ဒီဇိုင်းဆွဲထားတယ် ဆိုပေမယ့်..ကြည့်ရတာတော့..ဗာလာကလန်က သူ့ရဲ့ နယ်မြေတွေကို ရှာဖွေဖို့အတွက်..စိတ်အားထက်သန်မူတွေ ရှိနေသေးတဲ့ ပုံပဲ..။ဖြစ်နိုင်တာက အဲတာကြောင့်ပဲ..ညဘုရားကျောင်းက တည်ရှိပြီး..သူတော်စင်တစ်ယောက်က အဲဒီမှာ နေနေတာ ဖြစ်လိမ့်မယ်..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။ကိုင် နဲ့ အယ်ဖီတို့ကလည်း စိတ်ရှုပ်ထွေးကြတဲ့ ပုံစံ ပေါက်သွားခဲ့ကြပါတယ်..။

“ငါထင်တာတော့..ချိန်းကျွန်းစုပေါ်မှာ ကောင်းကင်ဒီရေက တစ်ယောက်တည်းသော သူတော်စင်လို့ ထင်ထားခဲ့တာ..”

မျက်မမြင် မိန်းကလေးက ခေါင်းခါယမ်းလိုက်တယ်..။

“မဟုတ်ဘူး..။သူတော်စင် ကော်မာ လို့ ခေါ်တဲ့ နောက်ထပ် တစ်ယောက်လည်း ရှိနေသေးတယ်..။သူက ခံတပ်ကို ကြီးကြပ်ပြီး..ဟောလိုးတောင်တန်းထဲကိုလည်း မကြာခနဆိုသလို..စူးစမ်းရှာဖွေလေ့ရှိတယ်..။တကယ်တော့ အဲတာကြောင့်ပဲ..ငါနဲ့ ငါ့ရဲ့ အဖွဲ့သားတွေက အဲဒီမှာ နေ့ခွင့်ရခဲ့ကြတာလေ..။အပြန်အလှန်အနေနဲ့..ငါက ငါ့ရဲ့စွမ်းရည်ကို အသုံးပြုပြီး သူ့ရဲ့ စူးစမ်းရှာဖွေမူတွေကို ကူညီရတယ်..။ဒါပေမဲ့..အရမ်းထူးခြားတာ မျိုးတွေတော့ မရှိခဲ့ဘူး..”

ဆန်နီ ခနလောက်တွေးပြီးမှ ပြောလိုက်တယ်..။

“အရာအားလုံးက ဆီလျော်မူတော့ ရှိပါတယ်..”

ကတ်စီ ခေါင်းညိမ့်ပြီးကာမှ..မသက်မသာ လေသံနဲ့..

“ဟုတ်တယ်..။ဒါပေမဲ့..အဲဒီခံတပ်မှာက..ထူးဆန်းတဲ့ အရာတွေက အများကြီးပဲ..။အဲတာက သူတော်စင်နဲ့သူ့ရဲ့ မစ်ရှင်တွေနဲ့တော့ ဘာမှ သက်ဆိုင်ခြင်း မရှိဘူး..။တစ်ခုကတော့..အဲဒီမှာ နိုးထသူတွေ အများကြီးရှိနေတာပဲ..။အားလုံးပေါင်းဆို တစ်ရာ ဝန်းကျင်လောက်တောင် ရှိလိမ့်မယ်..။ဒါက သူတော်စင်တစ်ယောက်ကို ထောက်ပံ့ပေးဖို့ လိုအပ်တာထက် အတော်လေးကိုပိုနေခဲ့ပြီလေ..။ဒါပေမဲ့ ကြောက်စရာ အကောင်းဆုံးအချက်က..သူတို့ရဲ့ အရေအတွက် မဟုတ်ပဲ..အဲဒီနိုးထသူတွေ ဖြစ်နေကြတာပဲ..”

သူမ တွေဝေသွားခဲ့ပြီးမှ..နက်ရှိုင်းစွာ ပြောလိုက်တယ်..။

“သူတော်စင် ကော်မာ ကို အမူထမ်းတဲ့ မာစတာ နှစ်ယောက်ကလွဲရင် ကျန်တဲ့ သူတွေအားလုံးက ဆုံးရှုံးသူ တွေ…”

ဆန်နီ စိတ်ဝင်စားလာခဲ့တယ်..။

ကတ်စီ ပြောတဲ့အကြောင်းအရာတွေက အတော်လေး ထူးဆန်းသလို စိတ်အနှောက်အယှက်ဖြစ်စရာလည်း ကောင်းပါတယ်..။နိုးထသူတွေကြားထဲမှာ ဆုံးရှုံးသူတွေက သိပ်အများကြီး မရှိကြတာကြောင့်..ဘာလို့ အဲဒီ ဟောင်းနွမ်းပျက်ဆီးနေတဲ့ ခံတပ်မှာ အယောက်တစ်ရာလောက်က အတူတကွ ရှိနေကြတာလဲ..”

သို့ပေမယ့်..ဒါက ဆန်နီ ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့ရတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး..။သူက ရှေ့ကို အနည်းငယ်တိုးပြီး မေးလိုက်တယ်..။

“အိုး..ဟုတ်သားပဲ..။အဲဒီမှာ မော်ဒရက် လို့ခေါ်တဲ့ တစ်ယောက်ရော ရှိလား..”

ကတ်စီ တစ်ခနလောက် တွေးတောလိုက်ပြီးကာမှ..ခေါင်းခါယမ်းလိုက်တယ်..။

“…ငါ မသိဘူး..။ငါတို့က..ညဘုရားကျောင်းမှာ..နေထိုင်ကြတဲ့..ဆုံးရှုံးသူ တွေနဲ့ ထိတွေ့ဆက်ဆံခွင့် မရှိကြဘူးလေ..။နင် သိတဲ့အတိုင်းပဲ…ခံတပ်တစ်ခုလုံးကို နယ်မြေသုံးခုအဖြစ် ပိုင်းခြားထားခဲ့တာ..။အပြင်ဖက် အပိုင်းက ငါတို့နေထိုင်ဖို့အတွက် နေရာပေးထားတဲ့ နေရာပဲ..။တကယ်လို့ မာစတာ နှစ်ယော်ကထဲက တစ်ယောက်က ကြီးကြပ်ပို့ဆောင်ပေးတာ မဟုတ်ဘူးဆိုရင် ငါတို့က ဘုရားကျောင်းထဲကို ဝင်ရောက်ဖို့ အတွက် ကန့်သတ်ခြင်း ခံထားကြရတယ်..။အဲဒီမှာက ဆုံးရှုံးသူတွေ နေထိုင်ပြီး..ထွက်ပေါက်လည်း တည်ရှိနေတာပဲ..”

သူမ ရုတ်တရက် တိတ်ဆိတ်သွားခဲ့တယ်..။ယင်းနောက် နက်မှောင်တဲ့ လေသံနဲ့ ထပ်ပြောလိုက်ပါတယ်..။

“…ဒါပေမဲ့..ဘုရားကျောင်းထဲမှာ နောက်ထပ် နေရာတစ်ခုလည်း ရှိနေသေးတယ်..။အဲဒီနေရာက ဆုံးရှုံးသူတွေတောင် ဝင်ခွင့်မရှိတဲ့ နေရာတစ်ခုပဲ..။အတွင်းဖက် မြင့်မြတ်နယ်မြေ..။တစ်ခါတုန်းက ငါတို့ ထွက်ပေါက်နေရာဆီကို သွားနေတဲ့ အချိန်မှာ…သီးသန့်နယ်မြေရဲ့ တံခါးတွေက ပွင့်နေတာကို ခံစားမိလိုက်တယ်..။ပြီးတော့..အဲ့နေရာကို လူတွေ စောင့်ကြပ်နေတာကို မတောာ်တဆ ခံစားလိုက်ရတယ်လေ..”

မျက်မမြင် မိန်းကလေးက ကျောချမ်းသွားခဲ့တယ်..။

“ဒါမှမဟုတ်..အနည်းဆုံးတော့ ဒီလူတွေက လူနဲ့ တူကြတယ်လို့တော့ ထင်တာပဲ..။ဒါပေမဲ့ သူတို့က လူတွေ မဟုတ်ကြဘူး..။သူတို့ အားလုံးက ထပ်တူညီမူ တွေပဲ…လူသား ထပ်တူညီမူတွေ..”

ဆန်နီ ရေရွတ်လိုက်မိတယ်..။

သောက်ကျိုးနဲ..

လူသား ထပ်တူညီမူ တစ်ခုကတောင်..ကျောချမ်းဖို့ကောင်းနေတာကို အခုက အများကြီးတဲ့လား..။တကယ့်လူသားတွေတောင် မစောင့်ကြပ်နိုင်လောက်တဲ့ ဘယ်လိုအရာတွေကို သူတို့က စောင့်ကြပ်နေကြတာလဲ..။

မဟုတ်ဘူး..အဲတာက အရေးမကြီးဘူး..။ဗာလာကလန်က သူတို့ ရဲ့ လျိုဝှက်ချက်ကို ဆက်လက်ပြီး ထိန်းသိမ်းထားနိုင်ပါတယ်..။သူက ဒီတိုင်း..ယဇ်ပုလ္လင်ပေါ်က..ဓားကို ယူဖို့ အတွက်ပဲ လိုအပ်တာပါ..။

“ဒီတော့…ယဇ်ပုလ္လင်ကြတော့ရော..။သူ့ရဲ့ အပေါ်မှာ..ဆင်စွယ်ရောင် ဓားတစ်ချောင်း ရှိနေတာကို ခံစားမိလား..”

ကတ်စီ ခနလောက် တွေဝေလိုက်ပြီးကာမှ..ပုခုံးတွန့်လိုက်တယ်..။

“ညဘုရားကျောင်းမှာ ရှိနေတဲ့ ထွက်ပေါက်က မြင့်မြတ်နယ်မြေမှာ ရှိနေတဲ့ တစ်ခုနဲ့ မတူဘူး…။ဒီအရာကို အသက်သွင်းဖို့အတွက် နင်က ယဇ်ပုလ္လင်ကို သွားပြီး ထိစရာ မလိုအပ်ဘူးလေ..။ဒီတော့..ငါက ယဇ်ပုလ္လင်ကို အဝေးကနေပြီးတော့ပဲ ခံစားမိတယ်..။တစ်ခြားလူတွေပြောတာကတော့ အဲတာက အမှန်တကယ်ပဲ..အနက်ရောင် ကျောက်တုံးကြီးကနေ..ဖြတ်တောက်ထားခဲ့တာတဲ့..။အဲဒီမှာ..ကြယ်တစ်ပွင့်ကို လက်ထဲမှာ ကိုင်ထားပြီး အနောက်ဘက်မှာ..လျှပ်စီးကြောင်းတွေ ရှိနေတဲ့ အမျိုးသမီး ရုပ်ထူတစ်ခုတော့ ရှိတယ်..။အဲ့တာထက်ပိုပြီးတော့ ငါ မပြောနိုင်တော့ဘူး..”

ဆန်နီ အနည်းငယ် စိတ်ပျက်မူနဲ့ အတူပဲ သက်ပြင်းချလိုက်တယ်..။

“ကောင်းပြီလေ..ပြသနာ မရှိပါဘူး..။အဲဒီမှာ ရှိမယ်ဆိုတာ ငါသေချာတယ်..။ပြသနာက ဗာလာကလန်ရဲ့ တာဝန်ရှိသူတွေအနေနဲ့ ငါ့ကို ယဇ်ပုလ္လင်အနားကို ကပ်ခွင့်ပေးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ကိုပဲ..။ဒါမှမဟုတ်..ဘယ်သူမှ မမြင်ပဲ အဲဒီအနားကို ဘယ်လိုသွားမလဲ ဆိုတာကိုပေါ့..”

“ငါ အထဲကို ဝင်ဖို့အတွက် နင်သူတို့ကို ဆွဲဆောင်ပေးလို့ရော ရတယ်မလား..”

မျက်မမြင်မိန်းကလေးက ခေါင်းညိမ်းလိုက်တယ်..။သို့ပေမယ့်…သူမရဲ့ မျက်နှာပေါ်မှာ မသေချာတဲ့ အရိပ်ယောင် တစ်ချို့လည်း ရှိနေပါသေးတယ်..။

“အဲတာကတော့ ပြသနာ ရှိမယ်လို့ ငါမထင်ဘူး..။ငါက သူတော်စင် ကော်မာကို အများကြီး ကူညီပေးနိုင်တာမျိုး မဟုတ်ပေမယ့်..ငါတို့မှာ ဆက်ဆံရေးကောင်းတွေ ရှိတယ်လေ..။ဒါပေမဲ့ အဲဒီနေရာတစ်ခုလုံးက အတော်လေးကို ဆန်းကျယ်တယ်..။သူတို့က ငါတို့ကို အဲဒီထွက်ပေါက်ကို အမှီပြုဖို့အတွက် ခွင့်ပြုပေးမယ် ဆိုတာကို ငါသိတယ်..။ဒါပေမဲ့…”

ဆန်နီ ဒိလိုမျိုး အသံကို တကယ်သဘော မကျပေ..။

“ဒါပေမယ့် ဘာဖြစ်လဲ..”

ကတ်စီ သက်ပြင်းချလိုက်ပြီး..

“ဘုရားကျောင်းရဲ့ အစဉ်အာလာကို ပယ်ဖျက်တဲ့ ကိစ္စဆိုတာက လုံးဝကို မတူညီတဲ့ အရာတစ်ခုပဲလေ..။သူတို့က ရိုးရှင်းစွာပဲ ငါတို့ကို ငြင်းပယ်လိုက်တာမျိုးလည်း ဖြစ်နေနိုင်တယ်..။ဒီလို မဖြစ်နိုင်လောက်ဘူး ဆိုပေမယ့်…လိုအပ်လာနိုင်တာကြောင် ငါတို့ ပြင်ဆင်ထားသင့်တယ်လေ..။မြင့်မြတ်နယ်မြေကနေ ထွက်ခွာသွားတဲ့နေ့က ဒုတိယအိပ်မက်ဆိုး မပြီးခင်အထိ..ထွက်ပေါက်ကို နောက်ဆုံး အသုံးပြုခဲ့ရတဲ့ နေ့တောင် ဖြစ်နေနိုင်တယ်..”

ဆန်နီ မျက်နှာရှုတ်မဲ့သွားခဲ့တယ်..။

သူက ဒီအရာကို ဝန်ခံရတာ မုန်းတီးပေမယ့် သူမပြေတာက မှန်ကန်ပါတယ်..။အဆိုးဆုံးကို ကြိုတင်ပြီး ပြင်ဆင်ထားတဲ့ အချက်က ကောင်းမွန်တဲ့ အရာပါပဲ..။ဒါဆိုရင်တော့ လာမယ့် ရက်အနည်းငယ် အတွင်းမှာ သူ့အတွက် လုပ်စရာတွေ အများကြီး ရှိနေခဲ့ပါပြီ..။

“ကောင်းပြီလေ…။ဒါဆိုလည်း ငါတို့ နောက်ထပ် နှစ်ရက်နေရင် စတင် ထွက်ခွာကြတာပေါ့..။နင်လည်း အဆင်သင့်ပြင်ထား..ငါလည်း အသင့်ပြင်ထားလိုက်မယ်..”

ကတ်စီ တိတ်ဆိတ်စွာပဲ ခေါင်းညိမ့်လိုက်တယ်..။

တိတ်ဆိတ်သွားတဲ့ အချိန်မှာတော့ ထူးဆန်းတဲ့ အသံတစ်ခုကို ကြားလိုက်ရပါတယ်..။ဆန်နီ တစ်ဖက်ကို လှည့်လိုက်တဲ့ အချိန်မှာတော့..အယ်ဖီက အစောက သူတို့ စားသောက်ထားကြတဲ့ လက်ကျန်တွေကို ထပ်မံစားသောက်နေတာကို တွေ့လိုက်ရတယ်..။သူက စိုက်ကြည့်နေတယ် ဆိုတာကို သတိထားမိလိုက်တာကြောင့် မုဆိုးမိန်းကလေးက အေးခဲသွားခဲ့ပြီး..

“ဘာလဲ..။နင်တို့က အလုပ်ရှုပ်နေတဲ့ အချိန်မှာ ငါက ဗိုက်ဆာလာတာလေ..”

သူက သူ့ မျက်လုံးသူ လက်နဲ့ အုပ်လိုက်ပြီး ခေါင်းခါယမ်းလိုက်တယ်..။

‘ဒီ အမျိုးသမီး..’

ပြင်ဆင်မူအကြောင်းကို ပြောရမယ် ဆိုရင်တော့ သူ့မှာ လုပ်စရာ အချို့က ရှိနေခဲ့ပါါပြီ..။

“ဟေး..ကိုင်…။လာ..ငါ့ကို မင်းရဲ့ လက်ကို ပေးစမ်းပါ..”

ကိုင်က သူ့ကို မေးခွန်းထုတ်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်..။သို့ပေမယ့် ဘာတစ်ခွန်းမှတော့ မေးမလာခဲ့ပါဘူး..။သူက မတ်တတ်ထရပ်ပြီး လျောက်လာခဲ့တယ်..။ပြီးတာနဲ့ အပြုံးလေးနဲ့ အတူပဲ လက်တစ်ဖက်ကို ဆန့်တန်းလိုက်ပါတယ်..။

ဆန်နီ သူ့ရဲ့ လက်ပေါ်ကို လက်ညိုးတစ်ချောင်း တင်လိုက်တယ် ဆိုရင်ပဲ…မှတ်သားမူ နှစ်ခုက နောင်တရတဲ့ သက်ပြင်းချသံတစ်ခုနဲ့ အတူပဲ ကူးပြောင်းသွားခဲ့ပါတယ်..။အနက်ရောင်ဦးချို လေး နဲ့ မြားကျည်တောက် အပြည့်…။အယ်ဖီက မေ့ပျောက်ကုန်းမြေပေါ်မှာ နေ့ခဲ့တုန်းကရော ၊ နိုးထသူ တစ်ယောက်အနေနဲ့ လပေါင်းများစွာ အမဲလိုက်တဲ့ အချိန်တွေကြောင့်ရော ကောင်းမွန်တဲ့ မှတ်သားမူတွေကို ပိုင်ဆိုင်ထားခဲ့ပါတယ်..။သို့ပေမယ့် ခန့်ညားတဲ့ လေးသည်တော်ကတော့ ကောင်းမွန်တဲ့ လက်နက်တွေ ရှားပါးနေခဲ့တယ်..။

တက်ရောက်မူ အဆင့် မှတ်သားမူနှစ်ခုကို လက်လွှတ်လိုက်ရတာက..ဆန်နီ အတွက် အတော်လေး နာကျင်ရပေမယ့်..ဒါက အကောင်းဆုံးအတွက် ဆိုတာကို သူက သိထားပြီးသားပါ..။ဒါက နောက်လအတွင်း မှာ ကိုင် ကို ပိုပြီး သန်မာလာစေဖို့အတွက် အခွင့်အရေးဖြစ်ပေါ်လာစေပြီး..အိပ်မက်ဆိုးအတွက် ပိုကောင်းအောင် ပြင်ဆင်နိုင်ပါလိမ့်မယ်..။ထပ်ပြောရရင်..သူက မော်ဂန်ရဲ့ စစ်ပွဲလေး နဲ့ မိုးကြိုးပစ်ခတ်မူ လည်း ရှိနေပါသေးတယ်..။

ကိုင် ရှုတ်ထွေးစွာ မျက်မှောင်ကျုတ်လိုက်ပြီး လေထဲကို ကြည့်နေခဲ့တယ်..။သိသာစွာပဲသူက အချက်အလက်တွေကို ဖတ်နေခဲ့တာပါ..။ယင်းနောက် စိတ်လှုပ်ရှားတဲ့ အပြုံးတွေက သူ့မျက်လုံးထဲမှာ ပေါ်လာခဲ့တယ်..။

“အိုး…ကျေးဇူးတင်ပါတယ် ဆန်နီ..”

ဆန်နီ ပြန်ပြောလိုက်တယ်..။

“မဟုတ်ဘူး..ငါ့ကို အထင်မမှားနဲ့..။ဒါက လက်ဆောင်ပေးတာ မဟုတ်ဘူး..။ငါက ဒီဟာတွေကို မင်းကို ငှားလိုက်တာ..။ငှားလိုက်တာနော်…နားလည်တယ်မလား..။အံ့ဩစရာ ကုန်စည်ပြပွဲက..လေးစားဖို့ကောင်းတဲ့ စီးပွားရေးတစ်ခုပဲ..။ဒါက ပရဟိတ လုပ်နေတာ မဟုတ်ဘူး..။ငါက လုံလောက်တဲ့ ပြန်ပေးမူ ဒါမှမဟုတ် ညီမျှတဲ့ တန်ဖိုးရှိတဲ့ အလဲအလှယ်တစ်ခုကို ငါ မျှော်လင့်နေမယ်..။အနာဂတ်ကြရင်ပေါ့..သိပြီလား..”

ကိုင်က သူ့ကို ကြီးမားတဲ့ အပြုံးတစ်ခုနဲ့အတူ ကြည့်လိုက်တယ်..။

“အိုး.. အရမ်းကို စိတ်ထားကောင်းတာပဲ..”

ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။

“စိတ်ထားကောင်းတယ်တဲ့လား..။စိတ်ထားကောင်းတယ် ဆိုတာက ဘာကိုဆိုလိုတာလဲ..။ဒီအရူးက ဘာမှားယွင်းနေတာလဲ..။သူ့ဆီမှာ အကြွေးတင်နေပြီလို့ ငါက အခုပဲ ပြောလိုက်တာလေ..”

နေလုံးက စတင်မြင့်တက်လာပြီဖြစ်တာကြောင့်..သူတို့က လူစုခွဲရမယ့် အချိန်ကို ရောက်ရှိလာခဲ့ပါပြီ..။တစ်ယောက်ချင်းစီတိုင်းက လုပ်စရာတွေ အများကြီး ရှိနေခဲ့ကြပါတယ်..။

လူတိုင်း ထွက်ခွာသွားတဲ့ အချိန်မှာတော့.ဆန်နီ စားပြီးသား ပန်းကန် တွေနဲ့ ပြည့်နှက်နေတဲ့..စားပွဲကို အတော်ကြအောင် ကြည့်ပြီး..သက်ပြင်းချလိုက်တယ်..။

တစ်နည်းအားဖြင့် သူတို့က ဒီလိုကောင်းမွန်တဲ့ ညစာမျိုးကို အချိန်အတော်ကြာအောင် စားနိုင်ကြတော့မှာ မဟုတ်ဘူး ဆိုတာကို ခံစားနေခဲ့မိပါတယ်..။

အပိုင်း ( ၅၅၇ ) ပြီး၏။

All Chapters