← Chapters

ဘယ်သူ နောင်တရမလဲ

Vol. 10 Ch. 945

ဘယ်သူ နောင်တရမလဲ

Vol. 10 Ch. 945

အကြီးအကဲ ယွီလုံ…

ထိုခရမ်းလ တောင်ထိပ်၏ အကြီးအကဲကား ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ပဉ္စမမြောက် အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ သူမသည် လွန်ခဲ့သည့် နှစ်တစ်ထောင်ကပင် ကောင်းကင်အရှင် တစ်ပိုင်း အဆင့်သို့ ရောက်ခဲ့ပြီး မခန့်မှန်းနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထား၏။ အထူးသဖြင့် သူမသည် သူမ၏ ဒေါသကြောင့် ကျော်ကြားပေသည်။

ချန်းဖန်သည် ထိုအကြီးအကဲ အပေါ်၌ အကောင်းမြင်စိတ် ရှိသည်။ မည်သို့ပင် ဆိုစေ လွန်ခဲ့သည့် သုံးနှစ် အတွင်း၌ သူမက ရှောင်မန်အား ကာကွယ်ပေးခဲ့သည် မဟုတ်ပါလား။

"ကောင်းပြီလေ…"

‌ချန်းဖန်က ခေါင်းညိတ်လိုက်သည်။

မကြာခင် သူတို့ နှစ်ယောက်သည် ခရမ်းလ တောင်ထိပ်ရှိ ကျောက်ဖြာ တစ်ခုပေါ်သို့ ရောက်ရှိလာ၏။ ထိုကျောက်ဖြာသည် ပေတစ်ရာခန့် ကျယ်ပြန့်ကာ ညီညာ ပြန့်ပြူး နေသည်။ ထိုနေရာ၌ သစ်ပင်အို တစ်ပင်နှင့် နတ်မိမယ် ကဲ့သို့ လှပသော မိန်းမ တစ်ယောက်သာ ရှိ၏။

ထိုမိန်းမကား အကြီးအကဲ ယွီလုံပင် ဖြစ်သည်။ သူမသည် နှစ်ပေါင်း ထောင်ချီ အသက်ရှင် ပြီးသည့်တိုင် အလွန် လှပနေဆဲ ဖြစ်သည်။ သူမ၏ ဆံပင်ရှည်များသည် ရေတံခွန်ကဲ့သို့ ဖြာကျနေကာ သူမ၏ အသားအရည်မှာလည်း ကြည်လင် ချောမွေ့နေ၏။

ချန်းဖန်၏ မျက်လုံးများက သူမ၏ ခန္ဓာကိုယ်ကို ကြည့်ကာ အနည်းငယ် ကျဉ်းမြောင်း သွားသည်။ ထိုခန္ဓာကိုယ်တွင် မည်သည့် မသန့်စင်မှုမျှ တစ်ခုတစ်လေပင် မတွေ့ရသည် မဟုတ်ပါလား။ ၎င်းက မကြာခင်မှာပင် အခြေတည် ဝိညာဉ် အဆင့် ခန္ဓာကိုယ်သို့ ပြောင်းလဲတော့မည့် လက္ခဏာပင် ဖြစ်သည်။

"ထိုင်ပါ…"

အကြီးအကဲ ယွီလုံက ချန်းဖန်အား ထိုင်ခိုင်း လိုက်သည်။

ချန်းဖန်က သူမ ညွှန်ပြသော နေရာ၌ တင်ပျဉ်ချိတ်ကာ ထိုင်လိုက်၏။ သူ၏ ပုံစံက အကြီးအကဲ တစ်ယောက်နှင့် တွေ့ဆုံသည့် ရိုသေမှုမျိုး မရှိချေ။ ရင်းနှီးသော မိတ်ဆွေ တစ်ယောက်ကို လာရောက် တွေ့ဆုံသည်နှင့်ပင် တူနေသေး၏။

"ဟွန့်…"

ဟွာနွန်ယင်က ချန်းဖန်၏ အမူအရာကို ကြည့်ကာ ဒေါသထွက် သွားသည်။

သူမ၏ ဆရာကား ပြန်လည် မွေးဖွားခြင်း ဂိုဏ်း၏ နံပါတ် ၅ ဖြစ်သည်။ ကောင်းကင် အရှင် မိသားစု ခေါင်းဆောင်များ၊ ကောင်းကင် ဂိုဏ်းချုပ်များ ပင်လျှင် သူမအား လေးစားစွာ ဆက်ဆံရသည်။

သို့သော်လည်း ထိုကောင်စုတ်လေးချန်းမှာ မူလ အဆင့်မျှသာ ဖြစ်သည်။ သူက အဘယ်ကြောင့် ထိုကဲ့သို့ ထိုင်ရ သနည်း။ ဟွာနွန်ယင်၏ ချန်းဖန် အပေါ် သဘောထားမှာ ပို၍ ဆိုးရွားလာ၏။

အကြီးအကဲ ယွီလုံကမူ ထိုအရာကို ဂရု မစိုက်ချေ။ သူက ဖြည်းညင်းစွာ ဆိုလိုက်၏။

"ရှန်းရှီက နင့်အကြောင်း ငါ့ကို ပြောပြထားတယ်… နင်က ရှေးဟောင်း နတ်ဆိုး စစ်တပ်တွေကို အနိုင်ယူပြီး သူတို့ နှစ်ယောက်ကို ကာကွယ်ပေးခဲ့တယ် ဆိုတာကိုလေ… ပြန်လည် မွေးဖွားခြင်းဂိုဏ်းက အဲဒီ အတွက် နင့်အပေါ် အကြွေးတင် သွားပြီ"

"မလိုပါဘူး…"

ချန်းဖန်က ပြောသည်။

"ရှောင်မန်က ကျုပ်ညီမပဲလေ… သူ့ကို ကာကွယ်ဖို့က ကျုပ်မှာ တာဝန်ရှိတယ်… လွန်ခဲ့တဲ့ သုံးနှစ်အတွင်း သူ့ကို စောင့်ရှောက် ပေးထားတဲ့ အတွက် ကျုပ်က ခင်ဗျားတို့ကို ကျေးဇူးတင်ရမှာပါ… အနာဂတ်မှာ အဲဒီ အကြွေးအတွက် ကျုပ် တစ်ခုခု ပြန်လုပ်ပေးမှာပါ"

"မလိုပါဘူး…"

အကြီးအကဲ ယွီလုံက ပြောသည်။

"ရှောင်မန်က ငါတို့ဂိုဏ်းရဲ့ အနာဂတ် ခေါင်းဆောင်ပဲဟာ… နင် သူ့ အသက်ကို ကယ်တာနဲ့တင် ငါတို့က ကျေးဇူးတင် နေရတာ… ဘာမှ ပြန်လုပ်ပေးဖို့ မလိုဘူး"

ချန်းဖန်မှာ တိတ်ဆိတ်နေ၏။

အကြီးအကဲ ယွီလုံက ဆက်ပြောသည်။

"ငါ မြေအောက် သရဲဂိုဏ်းနဲ့ စကားပြော ပြီးပြီ… သူတို့ရဲ့ ဂိုဏ်းချုပ်က နင့်ကို ပြန် လက်စားမချေတော့ဘူး လို့ ပြောတယ်… နောက်ပြီး မိစ္ဆာနှိမ်ဂိုဏ်းချုပ်ကလည်း အတူတူပဲ… အဲဒီ အတွက် နင်စိတ်ပူဖို့ မလိုတော့ဘူး"

ချန်းဖန်မှာ မျက်မှောင်ကြုတ် သွား၏။

အကြီးအကဲ ယွီလုံက ချန်းဖန်၏ အမူအရာကို သတိထားမိပဲ ဆက်ပြောသည်။

"နောက်ပြီး နင့်ကို ငါတို့ဂိုဏ်းရဲ့ ပထမ ကောင်းကင်အရှင် ပိုင်ခဲ့တဲ့ ကောင်းကင် စာအုပ်ကို ပေးမယ်… အဲဒီ စာအုပ်ထဲမှာ သူ ဘဝ တစ်လျှောက်လုံး လေ့လာခဲ့တဲ့ အရာတွေကို ရေးမှတ်ထားတယ်… နင် အဲဒီ စာအုပ်ကို သုံးပြီး ဂိုဏ်းတစ်ခု တည်ထောင်ချင်လည်း တည်ထောင်နိုင်တယ်… နောက်ပြီး နင့်ကို ငါတို့ဂိုဏ်းရဲ့ ကြိုက်နှစ်သက်တဲ့ ဝိညာဉ် ရတနာ နှစ်ခုကို ရွေးချယ်ခွင့် ပြုမယ်… နင် တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ လိုချင်ရင်တောင် ယူလို့ ရတယ်… နောက်ပြီး ငါတို့က နင့်ရဲ့ အသက်ကို တစ်ကြိမ် ကာကွယ်ပေးမယ်… နင် ဘယ်လို သဘောရလဲ"

ဘေးနားမှ နားထောင်နေသော ဟွာနွန်ယင်၏ မျက်လုံးများကား ပေါက်ထွက်မတတ် ပြူးကျယ် နေခဲ့ပြီ ဖြစ်သည်။

ထိုစကားကို နားထောင်ခြင်းဖြင့် ပြန်လည် မွေးဖွားခြင်းဂိုဏ်းသည် ရှောင်မန်ကို မည်မျှ တန်ဖိုးထားကြောင်း ပေါ်လွင်နေ၏။ ကောင်းကင် စာအုပ်၊ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာ နှစ်ခု… ထိုကမ်းလှမ်းချက်ကား အလွန်ပင် အဖိုးတန် လှသည်။ ထို့အပြင် တစ်ကြိမ် ကာကွယ်ပေးမည် ဆိုသော ကတိကလည်း ရှိနေသေး၏။

"ခင်ဗျား ပြောတာ ဘာအဓိပ္ပာယ်လဲ…"

ချန်းဖန်က အကြီးအကဲ ယွီလုံ၏ မျက်လုံး တည့်တည့်ကို ကြည့်ကာ မေးလိုက်သည်။

"ဘာရယ်လို့ မဟုတ်ပါဘူး… ရှောင်မန်တို့ အသက်ကို ကယ်ခဲ့တဲ့ အတွက် ငါတို့ဘက်က ကျေးဇူးတင်တာပါ"

အကြီးအကဲ ယွီလုံက ပြောသည်။

"ရှောင်မန်က ကျုပ် ညီမပဲ… ကျုပ် ညီမ အသက် ကျုပ်ကယ်တာ ဘာလို့ ခင်ဗျားတို့က လာပြီး ကျေးဇူးတင် နေရတာလဲ"

ချန်းဖန်က မေး၏။

"လူငယ်လေး… နင်က တကယ်ပဲ တည့်တည့် ပြောစေချင်တာလား"

အကြီးအကဲ ယွီလုံက ချန်းဖန်၏ မျက်လုံးကို ပြန်စိုက်ကြည့်လိုက်၏။

"ရှောင်မန် အနားက ထွက်သွားပေးပါ… ရှန်းရှီ ပြန်ထွက်လာတာနဲ့ ရှောင်မန်ကလည်း ရာစုနှစ် တစ်ခုကြာအောင် တံခါးပိတ် ကျင့်ကြံ လိမ့်မယ်… သူ့အတွက် ဧည့်သည် လက်ခံဖို့ အချိန် မရှိတော့ဘူး"

ထို့နောက် သူမက လက်အား ခါယမ်းကာ မျက်လုံးအား ပြန်ပိတ်လိုက်သည်။

ဟွာနွန်ယင်က ချန်းဖန်အနားသို့ လျှောက်လာကာ ထိုနေရာမှ ထွက်ခွာရန် အရိပ်အကဲ ပြလိုက်၏။

"ဟဟ…"

ချန်းဖန်က တစ်ချက် ရယ်မောကာ ထိုင်ရာမှ ထလိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ရင်ဘတ်အား ကော့လိုက်သည်။

"ကျုပ် ခင်ဗျားတို့ ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ကြင်နာမှုကို မှတ်သား ထားပါ့မယ်… ဒါပေမဲ့ ရှန်းရှီ ထွက်လာတာနဲ့ ကျုပ် ရှောင်မန်ကို ပြန်ခေါ်သွားတော့မှာ"

"နောက်ပြီး ခင်ဗျားတို့ရဲ့ ကောင်းကင် စာအုပ်နဲ့ တစ်ဝက်တစ်ပျက် ကောင်းကင် ရတနာကိုလည်း ကျုပ် မယူဘူး… မြေအောက် သရဲဂိုဏ်းကိုလည်း ကျုပ်ဘာသာ ရင်ဆိုင်နိုင်တယ်… စိတ်မပူနဲ့"

"နင် လုပ်ရဲလား…"

အကြီးအကဲ ယွီလုံက ဒေါသတကြီး အော်ဟစ် လိုက်၏။

"ဘုန်း…"

သူမ၏ မျက်လုံးများကာ ပွင့်လာ၏။ တစ်ချိန်တည်း၌  ကြောက်မက်ဖွယ် ဖိအားက ကျောက်ဖျာ ပေါ်သို့ ဖိကျလာသည်။ ထိုဖိအား အောက်၌ ဟွာနွန်ယင်၏ မျက်နှာမှာ ရုတ်ချည်းပင် ဖြူရော်သွားသည်။

"ကျုပ် လုပ်ရဲလား မလုပ်ရဲလား ခင်ဗျား မြင်ရမှာပေါ့…"

ချန်းဖန်က ပြုံးလိုက်၏။

မိစ္ဆာ ခြောက်ကောင်၏ ပုံရိပ်သည် သူ့အား ဝန်းရံကာ ဖိအားများကို တွန်းလှန်ပစ် နေ၏။ သူကား အကြီးအကဲ ယွီလုံ၏ ကြောက်မက်ဖွယ် စွမ်းအင် အောက်၌ တစ်ချက်မျှ တုန်လှုပ်သွားခြင်း မရှိချေ။

"ဒီနေ့ခေတ် လူငယ်တွေက လေးစားမှု မရှိတော့ဘူး"

အကြီးအကဲ ယွီလုံက အေးစက်သော အသံဖြင့် ဆိုလိုက်သည်။

"ရှောင်မန်က ငါတို့ဂိုဏ်းရဲ့ အနာဂတ်ပဲ… သူက ကျိန်းသေ ကောင်းကင်အရှင် ဖြစ်လာမယ့်သူ… နောင်နှစ်ပေါင်း တစ်သောင်း အတွင်း ပြန်လည်မွေးဖွားခြင်း ဂိုဏ်းကို ဦးဆောင်ဖို့ ရှန်းရှီနဲ့ သူ့ကို ကံကြမ္မာက သတ်မှတ်ထားပြီးသား… ငါ သူ့ကို နင့်နဲ့ မထည့်လိုက်နိုင်ဘူး"

"ရှောင်မန်က ကျုပ်ညီမ… ကျုပ်မှာ သူ့ကို ခေါ်ခွင့်ရှိတယ်"

"ဟင်း…"

အကြီးအကဲ ယွီလုံမှာ သက်ပြင်းတစ်ချက် ချကာ ပြန်လည် တည်ငြိမ်သွားသည်။ ထို့နောက် သူမက ကောင်းကင်သို့ မော့ကြည့် လိုက်၏။

"လူငယ်လေး… စကြဝဠာကြီးက ဘယ်လောက် ကျယ်တယ် ဆိုတာ နင်သိလား…"

ချန်းဖန်က ပြန်လည် အဖြေ မပေးပဲ နှာခေါင်းသာ ရှုံ့လိုက်၏။ ထိုမေးခွန်းကို မေးသင့်သည်က သူသာ ဖြစ်သည်။ သူသည် စကြဝဠာ၏ ထိပ် တစ်နေရာ၌ ရပ်ဖူးသူ ဖြစ်ရာ ထိုအရာ မည်မျှ ကျယ်ဝန်းကြောင်း သိရှိ ထား၏။

"နောက်ပြီး ရှောင်မန် ဘယ်လောက် ပါရမီပါတယ် ဆိုတာ နင်သိလား… အခြေတည် ဝိညာဉ် အဆင့် တစ်ယောက် ဖြစ်ဖို့ ဆိုတာရော ဘယ်လောက်ခက်လဲ နင်သိလား…"

ယွီလုံက ဆက်ပြောလိုက်သည်။

"ငါက အဆင့်ရှစ် ရွှေအမြုတေကို ပိုင်ဆိုင်ထားတဲ့ အပြင် နှစ်ပေါင်း သုံးထောင့် ခြောက်ရာ ကျင့်ကြံပြီးပြီ… အခြေတည် ဝိညာဉ် တစ်ပိုင်း အဆင့်ကိုလည်း လွန်ခဲ့တဲ့ နှစ်တစ်ထောင်တည်းက ရောက်ရှိ ပြီးပြီ… ဒါပေမဲ့ ဒီနှစ်တွေမှာ ငါ ဘယ်လိုပဲ ကျင့်ကြံပါစေ အခြေတည် ဝိညာဉ် အဆင့်ကို မရောက်နိုင်သေးဘူး… လောကမှာ ငါ့လိုမျိုး လူတွေ အများကြီးပဲ… ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးမှာတောင် လက်တစ်ဆုပ်စာ ကျင့်ကြံသူတွေပဲ အခြေတည် ဝိညာဉ် အဆင့်ကို ရောက်ရှိကြတယ်"

"ဒါပေမဲ့ ရှောင်မန်ရဲ့ ပါရမီက ငါတို့ရဲ့ အခြေတည် ဝိညာဉ် အဆင့် ဘိုးဘေးကိုတောင် အံ့ဩစေခဲ့တယ်… သူက ရှောင်မန်ဟာ နှစ်တစ်ထောင် အတွင်း အခြေတည် ဝိညာဉ် အဆင့်ကို ရောက်လိမ့်မယ်လို့တောင် ဟောကိန်း‌ထုတ်ခဲ့တယ်…"

"တကယ်လို့ နင်သာ ရှောင်မန်ကို ခေါ်သွားမယ် ဆိုရင် ရှောင်မန်ရဲ့ ပါရမီတွေကို ဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ်… ငါတို့ ပြန်လည် မွေးဖွားခြင်းဂိုဏ်းကပဲ သူ့ကို အခြေတည် ဝိညာဉ် အဆင့် ရောက်အောင် လုပ်ပေးနိုင်တယ်… နင်က နင့်ညီမရဲ့ အနာဂတ်ကို ဖျက်ဆီးချင်တာလား"

အကြီးအကဲ ယွီလုံက ချန်းဖန်အား ကြည့်လိုက်သည်။ သူမသည် သူမ၏ စကားကို ချန်းဖန် နားလည်လိမ့်မည်ဟု မျှော်လင့်ထား၏။

"အကြီးအကဲ… တကယ်တော့ ရှောင်မန်ရဲ့ ပါရမီတွေကို ဖြုန်းတီးနေတာက ခင်ဗျားတို့ပဲ…"

ချန်းဖန်က ဆိုလိုက်၏။

"သူ့ရဲ့ အစစ်အမှန် နဂါး ကောင်းကင် သွေးကြောနဲ့ ဆိုရင် ကျုပ် သူ့ကို နှစ်တစ်ထောင် အတွင်း ဝိညာဉ် ဖြစ်တည်ခြင်း ဒါမှမဟုတ် အာကာသ အဆင့် အထိ ရောက်အောင် ကူညီပေးနိုင်တယ်… သူက အနာဂတ်မှာ တာအို ဖွဲ့စည်းခြင်း အဆင့် အထိတောင် ရောက်နိုင်တယ်… အခြေတည် ဝိညာဉ် အဆင့် ဆိုတာက ဘာမှ မသုံးမကျဘူး"

"နင် တကယ့်ကို အရှက်မရှိတာပဲ…"

အကြီးအကဲ ယွီလုံမှာ ချန်းဖန်အား လုံးဝ စိတ်ပျက်သွားပြီ ဖြစ်သည်။ သူမသည် သူ့အား စကား မပြောချင်တော့ချေ။

"ထွက်သွားတော့… ရှန်းရှီ ထွက်လာတာနဲ့ ခရမ်းလတောင်ထိပ်ကို နှစ်တစ်ရာ အထိ တံခါးပိတ်မယ်… နင်လည်း နင်နေဖို့ နေရာ ကိုယ့်ဘာသာ ရှာထား"

ထို့နောက် အကြီးအကဲ ယွီလုံက လက်အား ခါယမ်းလိုက်၏။

"ဟူး… ဟူး…"

ချန်းဖန်နှင့် ဟွာနွန်ယင်တို့၏ မြင်ကွင်းများမှာ မှုန်ဝါးသွားကာ အကြီးအကဲ ယွီလုံအား မမြင်ရတော့ချေ။ ချန်းဖန်ကမူ ထိုအရာမှာ အစီအရင် တစ်ခုသာ ဖြစ်ကြောင်း သိရှိထား၏။

"ရှင်ကတော့ တကယ်ပဲ…"

ဟွာနွန်ယင်က ချန်းဖန်အား ကြည့်ကာ ခေါင်းခါ လိုက်သည်။

မူလ အဆင့်ဖြင့် အခြေတည် ဝိညာဉ် အဆင့်ကို အထင်သေး နေခြင်း … ထိုအရာက တော်ရုံ မောက်မာမှုမျိုး မဟုတ်ချေ။

"အခြေတည် ဝိညာဉ် အဆင့် ရောက်ဖို့ ဘယ်လောက်ခက်တယ် ဆိုတာ ရှင် မသိဘူးပဲ… ပြန်လည် မွေးဖွားခြင်းဂိုဏ်းက ရှင့်ရဲ့ နောက်လိုက်အိုကြီးနဲ့ အနက်ရောင်ဝတ် မိန်းကလေး ယှဉ်နိုင်တဲ့ ဖြစ်တည်မှုမျိုး မဟုတ်ဘူး"

ဟွာနွန်ယင်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူမသည် ချန်းဖန်၏ အဆင်အခြင်မဲ့မှု အတွက် စိတ်ပျက် နေ၏။

"ငါ ဘာတွေ လုပ်နိုင်လဲ ဆိုတာ နင် နားမလည်ပါဘူး"

ချန်းဖန်က နောက်သို့ လှည့်ကာ ထိုနေရာမှ ထွက်ခွာလိုက်သည်။

ဟွာနွန်ယင်မှာမူ နှင်း‌တော အတွင်း တဖြည်းဖြည်း ပျောက်ကွယ်သွာသော ချန်းဖန်အား ကြည့်ကာ တစ်ခုခု ထူးဆန်း‌ နေသလို ခံစားလိုက်ရ၏။

"ဘယ်သူ နောင်တရမလဲ စောင့်ကြည့်ရ သေးတာပေါ့…"

သူမက ခေါင်းအား ခါယမ်းကာ ရေရွတ် လိုက်တော့သည်။

***

All Chapters