← Chapters

ပဋိပက္ခများ

Vol. 10 Ch. 946

ပဋိပက္ခများ

Vol. 10 Ch. 946

ချန်းဖန်သည် တောင်ထိပ်မှ ပြန်လည် ဆင်းသက် လာခဲ့၏။

သူသည် အကြီးအကဲ ယွီလုံမှ သူ့အား တစ်ခုခု လုပ်မည်ကို မစိုးရိမ်ချေ။ သူမသည် သူ့အား ရှောင်မန် အနားမှ ထွက်သွားစေချင်ရုံ သက်သက်သာ ဖြစ်သည်။

အကြီးအကဲ ယွီလုံသည် ရှောင်မန် ချန်းဖန် အပေါ် မည်မျှချစ်သည်ကို မြင်နိုင်ကြ၏။  ယခု အခိုက်အတန့်၌ ထိုအရာက မောင်နှမ အချစ်မျိုးသာ ဖြစ်သော်လည်း အချိန်နှင့် အမျှ ပြောင်းလဲမသွားဟု မပြောနိုင်ချေ။

ကောင်းကင်အရှင်လောင်း၊ ပြန်လည် မွေးဖွားခြင်း၏ အနာဂတ် ခေါင်းဆောင်သည် သာမန် မူလ အဆင့် တစ်ယောက်နှင့် မည်ကဲ့သို့ ထိုက်တန် ပါမည်နည်း။

ရှောင်မန်ကား ပြန်လည် မွေးဖွားခြင်းဂိုဏ်း အခြေတည် ဝိညာဉ်အဆင့်၏ မျက်လုံးတွင်ပင် ရတနာ ဖြစ်သည်။ သူမကား မင်းသမီးလေး ဖြစ်သည်။ ထို့အပြင် သူမ၏ လက်ထပ်မှုကို အသုံးပြု၍ အခြား အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်းနှင့် မဟာမိတ် ပြုနိုင်သေးသည်။ ထိုကဲ့သို့သော ကိစ္စမှ နှစ်ဖက် စလုံးမှာ ကြီးမားသော အကျိုးအမြတ် ရရှိနိုင်ပေသည်။

သို့သော်လည်း ချန်းဖန်၏ ရှောင်မန် အပေါ် သဘောထားမှာမူ ကွာခြား၏။ သူသည် ရှောင်မန်အား ညီမ အရင်းကဲ့သို့သာ သဘောထားသူ ဖြစ်သည်။ မည်သည့် အကျိုးအမြတ်မှ မမျှော်လင့်ပဲ သူမအား မြေတောင်မြှောက် ပေးချင်ရုံသာ ဖြစ်သည်။

"ငါ ရှောင်မန်ကို မထားခဲ့နိုင်ဘူး"

ချန်းဖန်က ကောင်းကင်သို့ မော့ကြည့်ကာ ရေရွတ်လိုက်၏။

နဂါး စံအိမ်သို့ ပြန်လည် ရောက်ရှိ လာပြီးနောက် မိန်းကလေးများက ချန်းဖန်အား ဆီးကြိုကာ မေးခွန်းများ မေးတော့သည်။ အားလုံးထဲ၌ စီစီမှာ စိတ်အလှုပ်ရှားဆုံး ဖြစ်သည်။ ထို့အတူ ရှောင်မန်မှာ စိတ်အပူဆုံး ဖြစ်နေ၏။

သူမသည် ချန်းဖန် အကြီးအကဲ ယွီလုံအား သွားတွေ့သည်မှာ သူမအား ခေါ်ဆောင်သွားမည့် အကြောင်း ပြောရန် ဖြစ်ကြောင်း သိရှိထားသည်။ သို့သော်လည်း ထိုအရာက လွယ်ကူမည် မဟုတ်ချေ။

"အားလုံး အဆင်ပြေတယ်… ဘာမှ စိတ်မပူနဲ့"

ချန်းဖန်က ရှောင်မန်၏ ပခုံးအား ဖက်ရင်း ပြောလိုက်၏။

"ဟုတ်…"

စိုးရိမ်နေဆဲ ဖြစ်သော်လည်း ရှောင်မန်က ခေါင်းညိတ်လိုက်သည်။ သူမ၏ ချန်းဖန်၏ မျက်လုံးရှိ မီးတောက် တစ်ခုကိုမူ မြင်ခြင်း မရှိခဲ့ချေ။

ထို့နေ့မှ စ၍ လခရမ်းတောင်ထိပ်ရှိ လူများ၏ ချန်းဖန် အပေါ် ဆက်ဆံပုံများက အေးစက်သွား၏။ ငယ်ရွယ်သော တပည့်လေးများ ပင်လျှင် နဂါးစံအိမ်သို့ လာရောက် လည်ပတ်ခြင်း မရှိကြတော့ချေ။

"ကြည့်ရတာ ဒီကိစ္စက ထင်သလောက် မလွယ်တော့ဘူး…"

ချန်းဖန်က ရေရွတ်လိုက်၏။

သူသည် နဂါး စံအိမ်အား တစ်နေရာမှ ဖုံးကွယ်၍ စောင့်‌ကြည့်နေသော အစွမ်းထက် ကျင့်ကြံသူ အချို့ကိုပင် တွေ့မြင်နေရ၏။ ဤသို့ဆိုလျှင် ရှောင်မန်ကား ပြန်လည် မွေးဖွားခြင်းဂိုဏ်းမှ ခေါ်ဆောင် သွားရန်မှာ ပို၍ ခက်ခဲပေလိမ့်မည်။

"ငါက ရှန်းရှီရဲ့ မျက်နှာကြောင့် မင်းတို့ကို ကောင်းကောင်း ဆက်ဆံဖို့ တွေးထားတာ… ဒါပေမဲ့ မင်းတို့ဘက်က ပြဿနာ ဖြစ်ချင်ရင်တော့…"

ချန်းဖန်က ခေါင်းအား ခါယမ်းလိုက်၏။

ရှန်းရှီ တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာမည့် နေ့ရက် နီးကပ်လာသည်နှင့် အမျှ ပြန်လည် မွေးဖွားခြင်းဂိုဏ်းမှာ ပို၍ သက်ဝင် လှုပ်ရှား လာသည်။ များစွာသော ပါရမီရှင်များ၊ မိသားစု ခေါင်းဆောင်များမှာ တဖွဲဖွဲ ရောက်ရှိ နေကြ၏။

"အဲဒါက နဂါး နတ်မိမယ်လေးရဲ့ အကို ဆိုတာလား…"

နဂါးစံအိမ်သို့ လာရောက် လည်ပတ်သော ဧည့်သည် တစ်ယောက်က မေး၏။ သူမ၏ အမည်မှာ လီတနီ ဖြစ်ပြီး နူးညံ့ ကောင်းကင်ဂိုဏ်း၏ နတ်မိမယ် တစ်ယောက် ဖြစ်၏။

"ဟုတ်တယ်… သူပဲ…"

ဟွာနွန်ယင်က ခေါင်းညိတ်လိုက်၏။

အချိန် အချို့ကို ဖြတ်ကျော်ပြီးနောက် နဂါး နတ်မိမယ်လေး၏ အကို ချန်းဖန် ဆိုသော နာမည်သည် အတော်အတန် ကျော်ကြားနေခဲ့ပြီ ဖြစ်သည်။

ကောလဟလများ အရ ဆိုလျှင် သူ၏ အစေခံသည် မြေအောက် သရဲဂိုဏ်း၏ ဒုတိယ ဆက်ခံသူကိုပင် သတ်ပစ်ခဲ့သည်။ ထို့အပြင် သူ့တွင် အလွန် အစွမ်းထက်သော ဓားသမား နောက်လိုက် တစ်ယောက်လည်း ရှိသေးသည်ဟု ဆိုကြ၏။ ထို့ကြောင့်ပင် အထူးသဖြင့် မိန်းကလေး ကျင့်ကြံသူများက သူ့အား စိတ်ဝင်စားကြသည်။

"သူက တကယ် အားနည်းတာပဲ… ကြည့်ရတာ သူ ကျင့်ကြံတဲ့ ကျင့်စဉ်နဲ့ သွေးမျိုးဆက် သာမန်လိုပဲ"

လီတနီမှာ အနည်းငယ် စိတ်ပျက်သွားကာ‌ ခေါင်းအား ခါလိုက်၏။

"သူက ခန့်မှန်းလို့ မရဘူး… ကိုယ့် စကားလုံးတွေကို သတိထားပါ မိန်းကလေး"

လင်းရှောင်က ပြောလိုက်၏။

ခရမ်းလတောင်ထိပ်၊ နဂါးစံအိမ်သို့ လီတနီ၊ ဟွာနွန်ယင်တို့ အပြင် လင်းရှောင်နှင့် အခြား လူငယ်များလည်း လိုက်ပါ လာကြသေးသည်။ သူတို့သည် နဂါး နတ်မိမယ်လေးနှင့် သူမ၏ အကိုတို့အား လာရောက် အကဲခတ်ကြခြင်း ဖြစ်၏။

"ဟမ့်… မူလ အဆင့် တစ်ယောက်က ဘယ်လောက် အစွမ်းထက်မှာလဲ"

လူငယ် တစ်ယောက်က နှာခေါင်းရှုံ့ လိုက်၏။ သူ၏ ဆံပင်နှင့် မျက်လုံးတို့သည် မီးတောက်ကဲ့သို့ လောင်ကြွမ်းနေကာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ရွှေရောင် နဂါး တက်တူးတို့ဖြင့် ပြည့်နှက်နေသည်။

သူကား အနီရောင် မီးတောက် ကောင်းကင် နယ်၏ ပါရမီရှင် တစ်ဦးပင် ဖြစ်သည်။

"ဟုတ်တယ်… ဘယ် ပါရမီရှင်က အစေခံနဲ့ မိန်းမ တစ်ယောက် အပေါ်မှာ မှီခိုမှာလဲ… သူတောင် သူ့ကို အနိုင်ယူနိုင်လောက်တယ်"

အခြား လူငယ် တစ်ယောက်ကလည်း ဆိုလိုက်သည်။ သူ၏ အမည်သည် ကျိုးခွန် ဖြစ်ကာ နင်းဖူ ကောင်းကင်နယ်၏ ထိပ်သီး ငါးယောက်ဝင် ပါရမီရှင် တစ်ဦး ဖြစ်၏။

"ဟုတ်တယ်… သူက ညီမလေးလီ ထက်တောင် ပိုပြီး အားနည်းလောက်တယ်"

လူတိုင်းက ဝိုင်း၍ ရယ်မော လိုက်ကြ၏။

ဟွာနွန်ယင်မှာမူ ခေါင်းကိုသာ ခါနေခဲ့၏။ ထိုလူများကား ချန်းဖန်အား ရှေ့တွင် ထားကာ မ‌ထီမဲ့မြင် ပြုနေကြခြင်း ဖြစ်ပေသည်။  ထိုအရာက ဗြဟ္မာ့ နန်းတော်တွင် ကဲ့သို့ ပြင်းထန်သော အကျိုးဆက်များ ဖြစ်လာမည်လား မည်သူမျှ မပြောနိုင်ချေ။

"သူတို့ရဲ့ အရိုးတွေကို ချိုးပြီး တောင်ထိပ်ကနေ ပစ်ချလိုက်…"

ဟွာနွန်ယင်၏ အတွေး မဆုံးခြင်မှာပင် ချန်းဖန်၏ အမိန့်ပေးသံက ထွက်ပေါ်လာသည်။

"ကောင်းပါပြီ… သခင်"

ကျိုးကျူရှင်းက ခေါင်းညိတ်ကာ ချန်းဖန်အား လှောင်ပြောင်နေသော လူများထံ လျှောက်လာခဲ့၏။ ခြေတစ်လှမ်းတိုင်း၌ သူ၏ ခန္ဓာကိုယ်သည် ပို၍ ကြီးမားလာကာ သူ၏ စွမ်းအားမှာလည်း ပို၍ တိုးတက် လာခဲ့သည်။ ခြေဆယ်လှမ်း အပြီးတွင်မူ ကျိုးကျူရှင်း၏ အသွင်မှာ ကောင်းကင် အရှင် တစ်ပိုင်း အဆင့်ရှိ ကောင်းကင်မျို မြွေကြီး အသွင်သို့ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

"မင်းလုပ်ရဲလား… ငါတို့က ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ဧည့်သည်တွေနော်…"

ကျိုးခွန်နှင့် အနီရောင် ဆံပင် လူငယ် တို့မှာ ဒေါသထွက် သွားကြ၏။

"ဂရုမစိုက်ဘူး…"

ကောင်းကင်မျိုမြွေက တစ်ခဏ အတွင်းမှာပင် တစ္ဆေ တစ်ကောင် အလား သူတို့ထံသို့ ရောက်ရှိလာကာ စတင် တိုက်ခိုက်တော့သည်။ ဆံပင်နီ လူငယ်၊ ကျိုးခွန်နှင့် အခြားလူများမှာ ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသော်လည်း သူတို့ကား ကျိုးကျူရှင်း၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။

"ခရက်… ခရက်…"

မကြာခင်မှာပင် အရိုးကျိုးသံများ ထွက်ပေါ်လာကာ အရိပ်များမှာ တောင်အောက်သို့ ပြုတ်ကျသွား၏။ လူငယ်များကား ကျိုးကျူရှင်း၏ တိုက်ခိုက်မှုကို တစ်ချက်ပင် တောင့်မခံ နိုင်ခဲ့ချေ။

နောက်ဆုံး၌ လီတနီ တစ်ယောက်သာ ကျန်ရစ်တော့၏။ သူမကား တဆတ်ဆတ် တုန်ရီကာ အလွန်အမင်း ကြောက်လန့် နေခဲ့သည်။

"နင်က မိန်းကလေး ဆိုပေမဲ့ ငါ့သခင်က အားလုံးကို ညီတူညီမျှပဲ ဆက်ဆံတယ်"

ကောင်းကင်မျိုမြွေက ပြောကာ မိန်းကလေး၏ အနားသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။

"အကိုလင်း… ကယ်ပါဦး"

လီတနီက အော်ဟစ် အကူအညီ တောင်းလိုက်သည်။

သို့သော်လည်း လင်းရှောင် မလှုပ်ရှားရသေးခင် မှာပင် သူမမှာ ကောင်းကင်မျိုမြွေ၏ ဖမ်းဆုပ်ခြင်းအား ခံလိုက်ရ၏။ မကြာခင်မှာပင် ထိုနတ်မိမယ် လေးမှာလည်း အရိုးများ ချိုးခံရကာ တောင်အောက်သို့ ပစ်ချခံလိုက်ရပြန်သည်။

"ဟူး…"

ထို့နောက်တွင် ကောင်းကင်မျိုမြွေမှာ သာမန် ဆံပင်ဖြူ အဘိုးကြီး အသွင် ပြန်လည် ပြောင်းလဲသွား၏။ သူက ဖြည်းညင်းစွာပင် ချန်းဖန်၏ နောက်သို့ ပြန်သွား၍ ရပ်သည်။

လူတိုင်းသည် တိတ်ဆိတ်နေ၏။ ခရမ်းလ တောင်ထိပ်၏ တပည့်များမှာ သူတို့ မြင်တွေ့ရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။

"မင်း တော်တော့်ကို များသွားပြီ…"

လင်းရှောင်က ချန်းဖန်အား ဒေါသတကြီး ကြည့်ကာ ဆိုလိုက်၏။

သို့သော်လည်း ချန်းဖန်ကမူ မတုန်မလှုပ်ပင်။ သူက အေးဆေးစွာပင် ပြောလိုက်သည်။

"သူတို့ ပြောခဲ့တဲ့ စကားအတွက် သူတို့ ပြန်ပြီး ပေးဆပ်ရမယ်"

"သူတို့ပြောတာ လွန်ချင်လွန်မယ်… ဒါပေမဲ့ သူတို့က ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ ဧည့်သည်… မင်း လုပ်ချင်တိုင်း လုပ်လို့ မရဘူး"

လင်းရှောင်က အေးစက်သော လေသံဖြင့် ပြောလိုက်၏။

"လုပ်တော့ ဘာဖြစ်လဲကွာ…"

ချန်းဖန်၏ အမူအရာက အနည်းငယ်ပင် ဂရုစိုက်ပုံ မရချေ။

"ကောင်းပြီလေ… ကောင်းပြီ… အနာဂတ်မှာ မင်း ဆက်ပြီး ယုံကြည်မှု ရှိဦးမလား စောင့်ကြည့်ကြတာပေါ့"

လင်းရှောင်က ချန်းဖန်အား ပြောပြီးသည်နှင့် ကျူးကျူရှင်းနှင့် လင်ဝူဟွာတို့အား လှည့်ကြည့် လိုက်သည်။

"မိတ်ဆွေတို့… ကောင်းကင် အရှင် တစ်ပိုင်း အဆင့်က ပြိုင်ဘက် မကင်းဘူး ဆိုတာ သိထားပါ"

ထို့နောက် လင်းရှောင်မှာ ခရမ်းလ တောင်ထိပ်မှ ပြန်လည် ထွက်ခွာ သွားတော့သည်။

ခရမ်းလ တောင်ထိပ်တွင် ဖြစ်ပွားခဲ့သော သတင်းမှာ လျှင်မြန်စွာပင် ပြန်လည် မွေးဖွားခြင်းဂိုဏ်းနှင့် ထင်းယွမ်မြို့တို့အား ပျံ့နှံ့ သွားသည်။ လူတိုင်းမှာ ချန်းဖန်၏ ဆုံးဖြတ်ချက်ကို ပါးစပ် အဟောင်းသား ဖြစ်နေကြ၏။

"သူက တကယ့်ကို ဒေါသတကြီးတာပဲကွာ… ကျိုးခွန်တို့က စကားနည်းနည်း ပြောရုံနဲ့တင် အရိုးတွေ ချိုးပြီး တောင်အောက်ကို ပစ်ချဖို့ သူက သူ့အစေခံကို အမိန့်ပေးခဲ့တာ တဲ့…"

ကျန်းတုန်ရှန်းမှာ ပြောရင်းပင် ကြက်သီး ထလာခဲ့၏။

"ဟုတ်တယ်… သူ့အကြောင်း ဝူရှန်းတို့ ပြောတုန်းက အပိုတွေလို့ ထင်နေတာ… ခုမှပဲ တကယ်ဆိုတာ ယုံတော့တယ်"

"သူက မူလ အဆင့်နဲ့တင် ဒီလောက် မောက်မာနေတာ… ရွှေအမြုတေ အဆင့်ကို ရောက်ပြီးတဲ့ အခါကျ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံးကိုတောင် အထင်သေး နေမလား မသိဘူး"

များစွာသော လူများမှာ မကျေမနပ် ပြောဆို ဆွေးနွေး နေကြသည်။

ကျိုးခွန်တို့မှာ သူ့အား စကားဖြင့်သာ စော်ကား ပြောဆိုမိခြင်း ဖြစ်သည်။ သူတို့သည် ထိုအရာနှင့် လားလားမျှပင် မထိုက်တန်ချေ။ ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ကျင့်ကြံသူများ ပင်လျှင် ချန်းဖန်ကို ဒေါသထွက် နေကြ၏။ ချန်းဖန် ရိုက်နှက်လိုက်သော လူများမှာ သူတို့ ဂိုဏ်း၏ ဧည့်သည်များ ဖြစ်သည်။ ထိုကောင်စုတ်ချန်းမှာ ဂိုဏ်းတစ်ခုလုံးကို စော်ကားလိုက်ခြင်းပင် ဖြစ်၏။

မကြာခင်မှာပင် ထိုအဖြစ်အပျက်က ပို၍ အကျယ်တဝံ့ ဖြစ်လာခဲ့၏။ အခြားဂိုဏ်းများမှ လာသည့် အချို့ ကျင့်ကြံသူများသည် ခရမ်းလ တောင်ထိပ်သို့ သွားကာ ချန်းဖန်ထံမှ ဖြေရှင်းချက် တောင်းကြသည်။ သို့သော် ဖြေရှင်းချက် မရသည့် အပြင် ထိုသူများ အားလုံးလည်း အရိုးများ ချိုးခံရကာ တောင်အောက်သို့ ပစ်ချ ခံရပြန်၏။

လူတိုင်း၏ ချန်းဖန် အပေါ် အမြင်များမှာ ပို၍ ဆိုးရွားလာ၏။ အကြီးအကဲများပင် သူ့အား ဒေါသထွက် နေကြသည်။

"တော်လောက်ပြီ… နင် အဲ့လိုတွေ ဆက်လုပ်နေမယ် ဆိုရင် ငါ နင့် လုံခြုံရေး အတွက် တာဝန် မယူနိုင်တော့ဘူး"

အကြီးအကဲ ယွီလုံက ချန်းဖန်ထံ ဒေါသတကြီး ရောက်ရှိလာကာ ပြော၏။

"ခင်ဗျား စိတ်ပူစရာ မလိုဘူး… ကျုပ် ဘာကျုပ် ဖြေရှင်း‌နိုင်တယ်"

ချန်းဖန်က အေးအေးဆေးဆေးသာ တုန့်ပြန်သည်။

"ဘဝင်ရူးကောင်…"

အကြီးအကဲ ယွီလုံကား ချန်းဖန် အပေါ် အကြီးအကျယ် စိတ်ပျက် နေခဲ့ပြီ ဖြစ်လေသည်။

"ကောင်းပြီလေ… နင် ငါ့အကူအညီ မပါပဲ ဘယ်လို အသက်ဆက်ရှင်နိုင်မလဲ ကြည့်ရသေးတာပေါ့"

အကြီးအကဲ ယွီလုံမှာ လက်မြှောက်ကာ ပြန်သွားရတော့သည်။

ဤသို့ဖြင့် ပြန်လည် မွေးဖွားခြင်းဂိုဏ်း အတွင်း၌ ပဋိပက္ခများ မြင့်တက် နေချိန်မှာပင် ပြန်လည် မွေးဖွားခြင်းဂိုဏ်း အနောက်ဘက် တောင်ထိပ်မှ အလင်းရောင်စဉ်များ ကောင်းကင်သို့ ထိုးတက်လာခဲ့၏။

နောက်ဆုံး၌ နတ်မိမယ် ရှန်းရှီကား တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့ပြီ ဖြစ်သည်။

***

All Chapters