← Chapters

ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်

Vol. 020 Ch. 1908

ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်

Vol. 020 Ch. 1908

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ အဓိကကျွန်းတစ်ခုပေါ်တွင် တော်ဝင်နန်းတော်ကဲ့သို့ အဆောက်အဦးတစ်ခုရှိသည်။ တန့်ရှန်းမျှော်စင်ပေါ်တွင် ဖီးနစ်ငှက်မွေးသရဖူနှင့် သက်တန့်ရောင် ဝတ်ရုံရှည်ဝတ်ဆင်ထားသည့် ပြိုင်ဘက်ကင်းလှပသော အမျိုးသမီးတစ်ယောက်က ပလ္လင်ထက်တွင် ထိုင်နေသည်။ သူမသည် ခမ်းနားထည်ဝါသော အရှိန်အဝါတို့ကို ထုတ်လွှတ်နေပြီး မြင့်မြတ်သည့် ဧကရီတစ်ဦးအသွင်ပေါ်ပေသာည်။ သူမသည် ချဥ်းကပ်ရန် အလွန်ခက်ခဲမည့်ဟန်ရှိပေသည်။

ဤအမျိုးသမီးမှာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ လက်ရှိ ကျွန်းသခင်ဖြစ်သည်။ သူမက လူအများရှေ့တွင် ထွက်ပေါ်လာခဲသည်။ အလွန်နည်းပါးလှသော သူများသာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ လက်ရှိကျွန်းသခင်က အံ့သြမှင်တက်ဖွယ်ကောင်းလောက်အောင် လှပသော သူ ဖြစ်ကြောင်း သိရှိကြပေသည်။ သူမသာ ပေါ်ထွက်လာပါက တလောကလုံးရှိ အလှလေးများသည်ပင် သူမထံ၌သာ အာရုံစိုက်နေကြမည် ဖြစ်သည်။ သူမ၏ ပလ္လင်အောက်၌ ခစားနေသော ရုပ်ဆင်းအင်္ဂါ ထူးခြားသာလွန်လှသော နတ်မိမယ်များ ရှိနေလျှင်ပင် သူမ၏ ရောင်ဝါကို မည်သူကမှ ဖုံးကွယ်နိုင်ခြင်း မရှိပါချေ။

သူမ၏ လှပသော ​မျက်လုံးများက အဝေးကို ထိုးဖောက်မတတ် ကြည့်နေခဲ့သည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ အရာအားလုံးက သူမ၏ စိတ်သန္တာန်ထဲတွင် မှန်ကဲ့သို့ ရောင်ပြန်ဟပ်နေ၏။ ဖြစ်ပျက်နေသမျှ အရာအားလုံးက သူမ၏ အမြင်အာရုံမှ ပြေးမလွတ်နိုင်ပေ။.

သူမ၏ မျက်ခုံးနှစ်ခုကြားမှ နတ်အလင်းတစ်ခု လင်းလက်လာပြီး ပုံရိပ်ယောင်သဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။ အံ့အားသင့်စရာကောင်းစွာပင် ၎င်းက ရီဖူရှင်း၏ ပုံရိပ် ဖြစ်နေပေသည်။ အနားတွင် ရှိနေသည့် အမျိုးသမီးများက ထိုပုံရိပ်ကို ကြည့်လိုက်ကြသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ကျွန်းသခင်က ပြောလိုက်သည်။ "သူ့နာမည်က ရီလျှို့နျန်။ သူက ဘယ်ကနေ လာတာလဲ။ သူ့ကို ကျွန်းပေါ် ဘယ်သူဖိတ်ခဲ့တာလဲ။"

သူမ၏ ဘေးတွင်ရှိသော တန်ခိုးရှင်များက သူတို့ မှတ်တမ်းများကို စတင်စစ်ဆေးလိုက်ကြသည်။ ချက်ချင်းပင် မရေတွက်နိုင်သည့် ပုံရိပ်များ ထွက်ပေါ်လာ၏။ အရှေ့နတ်ဘုရားတံဆိပ်နှင့် အရာအားလုံးကို မှတ်တမ်းတင်ထားသည်။ သူတို့သည် အလွန်လျင်မြန်စွာပင် ရှာဖွေတွေ့ရှိလိုက်ကြပေသည်။ တစ်ယောက်က အရိုအသေပြု၍ ဖြေလိုက်သည်။ "ရီလျှို့နျန်က အမည်မရှိတဲ့ ကုန်းမြေတစ်ခုရဲ့ တုံ့ယွမ်အိမ်တော်ကဖြစ်ပြီး တုံ့ယွမ်အိမ်တော်သခင်ပါ။ အဲဒါကြောင့် သူ့ကို ပိုင်မုက ဖိတ်ကြားခဲ့ပါတယ်။"

အမျိုးသမီးက သူမ၏ ခေါင်းကို ညိတ်ကာ ပြောလိုက်၏။  "ပိုင်မုကို ​အကြောင်းကြားလိုက်။ သူမ ဖိတ်ကြားခဲ့တဲ့ တခြားလူတွေကို တာဝန်ယူစရာမလိုတော့ဘူး။ ဒီလူကိုပဲ သေချာတာဝန်ယူပြီး သူ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ နေအောင် လုပ်ရမယ်။ ပြီးတော့ အခုချက်ချင်း တုံ့ယွမ်အိမ်တော်ကို လူတွေ လွှတ်ပြီး ရီလျှို့နျန်နဲ့ ပတ်သတ်သမျှအကုန် စုံစမ်းခဲ့ချေ။"

"နားလည်ပါပြီ။" တစ်ယောက်က အမိန့်ကို လက်ခံကာ ဦးညွှတ်လိုက်သည်။

ထို့နောက် အမျိုးသမီးက သူမ၏ အကြည့်တို့ကို အခြားအရပ်မျက်နှာသို့ ရွှေ့လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။ "ကျီဖုန့် လာပြီ။"

သူမ ပြောနေသည့်အချိန်တွင် တောက်ပသောအလင်းများ ဖြာဆင်းလာ၏။ ထို့နောက် လှပသော အမျိုးသမီးတစ်ဦး၏ ပုံရိပ်ထွက်ပေါ်လာသည်။ အနီးအနားမှ လူများသည် ထိုသို့သော မြင်ကွင်းမျိုးနှင့် အသားကျနေပြီ ဖြစ်သည်။ ကျွန်းသခင်၏ ရှေ့တွင် ထိုသို့သော အပြုအမူမျိုးနှင့် ထွက်ပေါ်လာရဲသူမှာ များများစားစား မရှိပေ။ ကျီဖုန့်​သည် ထိုသို့လုပ်ရဲသော လူနည်းစုထဲမှ တစ်ယောက်ဖြစ်သည်။ ယခင်က သူမ အဖေသည် တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ နောက်လိုက်တစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လူများက သူမကို ဦးစား​ပေးဆက်ဆံသည်မှာ ပုံမှန်သာ ဖြစ်သည်။.

လူအများသည် ကျီဖုန့်​က ကျွန်းသခင်၏ မိစ္ဆာသားရဲ ဖြစ်လာသင့်သည်ဟု ယုံကြည်ကြသည်။ သို့ပေမယ့် မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ ကျွန်းသခင်သည် ကျီဖုန့်ကို သူမဘာသာ ကျင့်ကြံရန် ခွင့်ပြုခဲ့သည်။ ကျွန်းသခင်သည် ကျီဖုန့်ကို သူမ၏ မိစ္ဆာသားရဲအဖြစ် မလုပ်ခိုင်းဘဲ သူမ လိုက်ပါကျင့်ကြံဖို့ရာ ဆန္ဒရှိသည့် တစ်စုံတစ်ယောက် နောက်သို့ လိုက်ရန် ခွင့်ပြုခဲ့သည်။

ကျွန်းသခင်၏ ရည်ရွယ်ချက်ကို လူအများက နားမလည်ကြပေ။ ကျီဖုန့်တွင် ထူးချွန်ပြောင်မြောက်သော အရည်အချင်းများ ရှိသည်။ အပြင်လူက ကျီဖုန့်ကို ခေါ်ဆောင်သွားပါက သူတို့ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေအတွက် ကြီးစွာသော ဆုံးရှုံးမှုများ ဖြစ်လာမည် မဟုတ်ပါလား။

"ကျီဖုန့် ဒီကို လာထိုင်။" ကျွန်းသခင်က ဖီးနစ်ကို အပြုံးနှင့် ပြောလိုက်သည်။ သူမဘေးမှ လွှမ်းမိုးမှုအရှိန်အဝါတို့က ချက်ချင်း ပျောက်ကွယ်သွားပြီး သူမကို ကြည့်ရသည်မှာ မြင့်မြတ်တော်ဝင်ဆန်၍ နူးညံ့သော စီနီယာတစ်ယောက်သဖွယ် ဖြစ်လာပေသည်။

"စီနီယာအစ်မ၊ ကျွန်မ တွဲဖက်ကို ရှာတွေ့ပြီ။" ဖီးနစ်က ပြောလိုက်သည်။ သူမက ကျွန်းသခင်ကို 'စီနီယာအစ်မ' ဟု ရည်ညွှန်းခဲ့သည်။

"အင်း၊ ငါ မြင်ပါတယ်။" ကျွန်းသခင်က ပြုံးကာ ခေါင်းညိတ်ရင်း အသိအမှတ်ပြုလိုက်သည်။ "မင်း ဆုံးဖြတ်ပြီးပြီလား။"

"နှစ်တွေ ဒီလောက်ကြာတာတောင် သူ့ထက် ပိုသင့်တော်တဲ့သူ ဘယ်သူမှ မရှိဘူး။" ဖီးနစ်က ပြောလိုက်သည

ကျွန်းသခင်က ညင်သာစွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ ထောက်ခံပေးမှာပါ။ ဒါပေမယ့် ဒီလူက ဘယ်လိုစရိုက်မျိုး ရှိလဲဆိုတာတော့ စောင့်ကြည့်ဖို့ လိုသေးတယ်။ သူ့အကြောင်းကို စုံစမ်းဖို့ ငါ လူလွှတ်ပြီးသွားပြီ။ ပြဿနာမရှိဘူးဆိုရင် ဝူထုံနတ်မီးတောက်ကိုပါ ယူဆောင်သွားပြီး သူနဲ့အတူ ကျင့်ကြံလို့ရတယ်။"

"သူလည်း ဝူထုံနတ်မီးတောက်ကို စုပ်ယူနိုင်စွမ်းရှိသင့်တယ်။" ဖီးနစ်က ရေရွတ်လိုက်သည်။

"အဲဒီလို မရဘူး။ ဝူထုံနတ်မီးတောက်က မင်းရဲ့ တိုးတက်မှုအတွက် လိုအပ်တဲ့အရာပဲ။" ကျွန်းသခင်က လေးနက်စွာနှင့် ခပ်တင်းတင်း ပြောလိုက်သည်။ ဖီးနစ်က နာခံတတ်သော မိန်းမငယ်လေးအသွင်နှင့် သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်၏။ သူမက ဝူထုံလက်အောက်တွင် ရှိနေစဥ်အခါကကဲ့သို့ ဂုဏ်ယူဝံ့ကြွား၍ မာနကြီးနေဟန် မရှိတော့ပေ။

ကျွန်းသခင်သည် ဖီးနစ်၏ အမူအရာကို မြင်သည့်အခါ သူမက နွေးထွေးကာ နူးညံ့သော အပြုံးတို့ကို တဖန် လှစ်ဟပြလာသည်။ သူမက ပြောလိုက်၏။ "ကောင်းပြီ ကျီဖုန့်။ ပုံမှန်ဆိုရင် ငါကလည်း ကျင့်ကြံဖို့ပဲ အလုပ်ရှုပ်နေတာဆိုတော့ မင်းကို အချိန် နည်းနည်းလေးပဲ အဖော်ပြုပေးနိုင်ခဲ့တယ်။ အခု မင်းက ကိုယ့်လမ်းကြောင်းကိုယ် ဆုံးဖြတ်ပြီးပြီဆိုတော့ အနာဂတ်မှာ မင်း ဒီကျွန်းပေါ် နေဖို့အချိန် သိပ်မရှိတော့ဘူး။ လာပါ... ငါတို့ အချိန်ကြာကြာလေး စကားပြောကြရအောင်။"

ဖီးနစ်က ခေါင်းညိတ်ကာ ကျွန်းသခင်၏ ဘေးသို့ လျှောက်သွားရင်း ထိုင်ချလိုက်သည်။ သူမ၏ စီနီယာအစ်မကို သူမက လေးစားပေသည်။

........

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ လမ်းစဥ်ပင်လယ်ထက်တွင် ပိုင်မုသည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လူများနှင့်အတူ ရှိနေသည်။ ထိုအချိန်တွင် သူမသည် ကျွန်းသခင်ထံမှ အမိန့်ကို လက်ခံရရှိလိုက်၏။ သူမက အံ့သြသင့်​မှုကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

ရီလျှိုနျန်က ကျွန်းသခင်၏ အာရုံစိုက်မှုကိုပင် ဆွဲဆောင်နိုင်ခဲ့ပြီလား။

ဆိုလိုသည်မှာ ပိုင်မု၏ ယခင် ဆုံးဖြတ်ချက်က မျှော်လင့်ထားသည့်အတိုင်း မှန်ကန်သည်သာ ဖြစ်သည်။ ကျွင်းချိုးယွင်နှင့် ရီဖူရှင်းတို့ အချင်းချင်း ပြဿနာဖြစ်သည့်အခါတွင် သူမသည် ရီဖူရှင်းကို လွှတ်ပေးပါရန် တောင်းဆိုခဲ့ပြီး ရီဖူရှင်းကို ကာကွယ်ဖို့ရာ လုပ်ဆောင်ခဲ့သည်။ ယခုမတိုင်ခင်တွင် သူမသည် ရီဖူရှင်း၏ ပါရမီကို ယုံကြည်ခဲ့ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် အခွင့်အရေး ရနိုင်မည်ဟု ထင်မှတ်ခဲ့သည်။ သူသာ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ အာရုံကို ဆွဲဆောင်နိုင်လျှင် သူက အနာဂတ်တွင် ကာကွယ်မှုရရှိပြီး ကျွင်းချိုးယွင်ကြောင့် စိတ်ပူပန်နေရာ လိုလိမ့်တော့မည် မဟုတ်ပေ။

သို့သော်လည်း ပိုင်မု မည်သည့်အခါမှ ထင်မထားခဲ့မိသည်က သူသည် ချက်ချင်းပင် ကျွန်းသခင်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်ကိုပင် ဖြစ်၏။

ကျွန်းသခင်ကိုယ်တိုင် ရွေးချယ်ခဲ့သည့် လူ မည်မျှများများ ရှိသနည်း။ ရီဖူရှင်းက ပထမဆုံးပင် ဖြစ်လောက်သည်။

သူက ယခု မည်သည်ကို ပြုလုပ်ခဲ့သနည်း။

မည်သို့ပင်ဖြစ်စေ ရီဖူရှင်းက သူမကို စိတ်မပျက်စေခဲ့ပေ။ သူက သူမကို အံ့အားသင့်စရာများပင် ယူဆောင်လာပေးခဲ့၏။ ကျွန်းသခင်၏ သဘောထားအရ ပိုင်မုသည် အနာဂတ်တွင် ရီဖူရှင်းတစ်ယောက်ကိုသာ အာရုံစိုက်ရန် လိုပြီး အခြားသော အလားအလာရှိသူများကို ရှာဖွေရန် မလိုတော့ပေ။

ပိုင်မုက ရှေ့သို့ ခြေလှမ်းလိုက်ကာ ကောင်းကင်သို့ ဖြတ်၍ ပျံသန်းသွားရင်း ရီဖူရှင်းအား ရှာရန် ဦးတည်လိုက်သည်။

အချိန်အတော်လေးကြာပြီးနောက် ရီဖူရှင်း၏ ပုံသဏ္ဌာန်ကို မြင်လိုက်ရသည်။ ထိုသည်က ရီဖူရှင်းတစ်ယောက်တည်းသာ မဟုတ်ပေ။ သူတို့ရှေ့တွင် လူအများကြီး ရှိနေသည်။ ထိုနေရာတွင် အလွန် အသက်ဝင်လျက်ရှိသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်လာသော တန်ခိုးရှင်များက ထိုနေရာတွင် စုစည်းနေသည်။

ရီဖူရှင်းတို့ အဖွဲ့က ထိုနေရာ၌ ရပ်တန့်နေပြီး ရှေ့ဆက်တိုးခြင်း မရှိပေ။ သူတို့ အရှေ့၌ ရှိနေသော အဖြူရောင်မြူငွေ့များက သူတို့ စိတ်အာရုံများကို ပိတ်ပင်တားဆီးထား၏။ အင်ပါယာဟယ်လျန် သူတို့ကို ပြောပြထားသည့် အကြောင်းအရာများကို အခြေခံရလျှင် သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ပင်မကျွန်းစု  အရှေ့တွင် ရောက်နေခြင်း ဖြစ်သည်။ ထိုနေရာတွင် ပို၍ ပြင်းထန်သော မဟာလမ်းစဥ်စွမ်းအားတို့ကို ကြုံတွေ့ရမည်ဖြစ်ကာ သူတို့အားလုံးက ထိုလေဟာပြင်ကို ထိုးဖောက်ဖြတ်သန်းကြရမည် ဖြစ်၏။ ထိုလေဟာပြင်ကို ဖြတ်သန်းပြီးနောက်မှသာ သူတို့သည် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ပင်မကျွန်းစုသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

ဤလေဟာပြင်တွင် အခြားအမည် တစ်ခုရှိသည်။ ၎င်းကို ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်ဟု ခေါ်လေသည်။

အရာအားလုံးက အိပ်မက်ကမ္ဘာတစ်ခုနှင့် အလားတူပေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသို့ ဝင်ရောက်လာသည့် စွမ်းအားကြီး တန်ခိုးရှင်များမှာ ဤနေရာ၌ စုစည်းနေကြသည်။ ရတနာများကြောင့် တိုက်ပွဲများစွာ ဖြစ်ပွားတတ်ရာ အသေအပျောက်လည်း များစွာရှိတတ်ပေသည်။ သာမန်ကျင့်ကြံဆင့်နှင့် လူများသည် ဤလေဟာပြင်သို့ မဝင်ရောက်ရဲကြပေ။ သို့သော်လည်း ပင်မကျွန်းစုသို့ မဝင်ရောက်နိုင်လျှင်ပင် အဆင်ပြေနေပြီ ဖြစ်သည်။ အပြင်ပိုင်းကျွန်းစုများ၌ မဟာလမ်းစဥ်အခွင့်အလမ်းများ ရှာဖွေခြင်းကလည်း ဆိုးဝါးလှသည့် အကြံဉာဏ်မဟုတ်ပါချေ။

အရှေ့နတ်ဘုရားကျွန်းစုနယ်မြေသည် ကုန်းမြေပေါင်းထောင်ချီမှ တန်ခိုးရှင်များအား ဖိတ်ခေါ်ထားခဲ့သည်။ သူတို့အားလုံးသည် သက်ဆိုင်ရာ ကုန်းမြေများမှ ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း အားနည်းခြင်းနှင့် သန်မာခြင်းအကြား ကွာခြားချက်များစွာ ရှိနေပေသည်။ အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ပင်မကျွန်းစုသို့ ဝင်ရောက်ရန် ကြီးမားသည့် ရည်မှန်းချက်က လူတိုင်းတွင် ရှိနေသည်တော့ မဟုတ်ပေ။

ရန်ဟောင်အများစုအတွက် အပြင်ကျွန်းစုများမှ အခွင့်အလမ်းများသည်ပင် လုံလောက်နေပြီ ဖြစ်သည်။ ယခုမတိုင်ခင် ရီဖူရှင်းသည် အပြင်ကျွန်းစုများမှ အကျိုးအမြတ်များ ရိတ်သိမ်းရရှိပြီး ဖြစ်သည်။ အခြားလူများက အပြင်ကျွန်းစုများ၌ သူရရှိခဲ့သလောက် ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။

"ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်ကို အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက တန်ခိုးရှင်တွေအတွက် အစစ်အမှန် စမ်းသပ်ချက်အဖြစ် ချန်ထားခဲ့တာ။ အဲဒီထဲမှာ မဟာလမ်းစဥ်အခွင့်အလမ်းတွေ အများကြီး ရှိတယ်။ ကျုပ်အရင်က ဝင်ဖူးပေမယ့် အသက်ရှင်လျက် ပြန်ထွက်လာနိုင်အောင် မနည်းကြိုးစားခဲ့ရတယ်။" ပေ့ကုံးအော့က ရီဖူရှင်းကို သတိပေးလိုက်သည်။ သူ၏ အမူအရာက လေးနက်နေ၏။ သူ့ ကျင့်ကြံဆင့်က ပြောင်းလဲခြင်းဖြစ်စဥ်အတွင်း ဝင်ရောက်နေပြီး အဋ္ဌမဆင့် လမ်းစဥ်ကို သက်သေပြပြီးခဲ့၍ တိမ်မြူသစ်သား ရှိနေလျှင်ပင် သူက ထိုလေဟာပြင်အကြောင်းပြောသည့်အခါ လေးနက်နေဆဲ ဖြစ်သည်။

ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်ကို ဝင်ရောက်ပြီးနောက် တန်ခိုးရှင်များက အပြင်ကျွန်းစုများမှာကဲ့သို့ တကွဲတပြား ဖြစ်နေတော့မည် မဟုတ်ပေ။ ထို့အစား ကုန်းမြေများမှ ထိပ်သီးပုဂ္ဂိုလ်များက ယှဥ်ပြိုင်ရန်အတွက် တူညီသော လေဟာနယ်အတွင်း ထွက်ပေါ်လာသည်။

"ဝင်သွားချင်လို့လား။" ပေ့ကုံးအော့က ရီဖူရှင်းကို မေးလိုက်သည်။ သူတို့က အပြင်ကျွန်းစုများမှ အကျိုးအမြတ်များကို ရိပ်သိမ်းထားပြီး ဖြစ်သည်။ ပေ့ကုံးအော့၏ အမြင်မှ ကြည့်လျှင် သူတို့ ရိတ်သိမ်းရရှိထားသော အကျိုးအမြတ်မှာ ကျိန်းသေ မလုံလောက်သေးပေ။ သူတို့က အခြားကျွန်းစုများသို့ သွားရောက်နိုင်သေးသည်။ သို့သော်လည်း ရီဖူရှင်းက ၎င်းတို့ကို စိတ်ဝင်စားတော့ပုံမပေါ်ပေ။

ရီဖူရှင်းက ပင်မကျွန်းစုသို့ သွားရောက်ချင်နေသည်။

ထို့ကြောင့် ပေ့ကုံးအော့က သူ့ကို ဤနေရာသို့ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်ကို ဖြတ်သန်းသွားသည့်အခါ ပင်မကျွန်းစုသို့ ရောက်ရှိသွားမည် ဖြစ်သည်။ သို့သော်လည်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ တန်ခိုးရှင်များသည် ဤလေဟာပြင်ကို တိုက်ရိုက် ဖြတ်သန်းသွားနိုင်သည့် အထူးအခွင့်အရေးရှိပေသည်။ ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်သည် ​သူတို့ အပြင်လူများအတွက် ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ထားခြင်း ဖြစ်သည်။

"အင်း" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ သူသည်လည်း ထိုနေရာကို ဖြတ်သန်း၍ အခွင့်အလမ်းမည်မျှများများ ရရှိနိုင်မည်ကို သိချင်ပေသည်။

"အိမ်တော်သခင်ရီ။" သူ၏ ဘေးမှ အသံတစ်ခုထွက်ပေါ်လာသည်။ ရီဖူရှင်းသည် ရောက်လာသော သူဘက်သို့ လှည့်​ကြည့်လိုက်၏။ သူက ပြုံးကာ မေးလိုက်သည်။ "နတ်မိမယ်... ဘာကိစ္စရှိလို့ ရောက်လာတာများလဲ။"

ရောက်ရှိလာသော လှပသည့် ပုံရိပ်မှာ ပိုင်မုပင် ဖြစ်သည်။

"ကျွန်မတို့က ကျွန်းကို ဝင်လာတဲ့ လူတွေရဲ့ စွမ်းဆောင်ရည်ကို စူးစမ်းချင်လို့ လိုက်လာကြတာပါ။ အခု ဒီမှာ အိမ်တော်သခင်ရီကို တွေ့မိလို့ အဲဒါကြောင့် လာနှုတ်ဆက်တာ။" ပိုင်မုက ​ညင်သာစွာ ပြန်ဖြေလိုက်သည်။ "အိမ်တော်သခင်ရီ၊ ရှင်က ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်ကို ဝင်ဖို့ပြင်နေတာလား။"

"အင်း" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ "ဒီကို ရောက်နေပြီဆိုတော့ အထဲကို အရဲစွန့်ပြီး ဝင်ကြည့်ချင်တယ်လေ။"

"ကျွန်မ သိသလောက်ဆိုရင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေကို လာတဲ့ တန်ခိုးရှင်တွေကြားမှာ လေးပုံတစ်ပုံလောက်က ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်ကို ဝင်ဖူးပြီးသားပဲ။ ဒီနေရာကို အရင်က ရောက်ဖူးတဲ့ ထိပ်သီးအင်အားစု အဖွဲ့ဝင်တွေအတွက်တော့ ထူးခြားတယ်။ ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်ကို ဝင်ရောက်ဖို့က သူတို့ရဲ့ အဓိကရည်မှန်းချက်ပဲ။ အဲဒါကြောင့် အစွမ်းထက်တန်ခိုးရှင်တွေ အားလုံး ဒီနေရာကို ရောက်နေတယ်လို့ ပြောလို့ရတယ်။" ပိုင်မုက ရီဖူရှင်းကို ပြောလိုက်သည်။ "ဖမ်းလိုင်ကုန်းမြေက ထိပ်သီးအင်အားစုတွေလည်း ဒီနေရာမှာ ရောက်နေကြတယ်။ အိမ်တော်သခင်ရီ ရှင် လေဟာပြင်ကို ဝင်မယ်ဆို သေချာဂရုစိုက်မှရမယ်။"

ရီဖူရှင်းသည်လည်း တစ်ဖက်လူပြောသော ကိစ္စကို နားလည်ပေသည်။

ကျွင်းချိုးယွင်က ပုံရိပ်ယောင်ကောင်းကင်လေဟာပြင်ကို ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

"ကျုပ် သတိထားပါ့မယ်။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နတ်မိမယ်။"

"စိတ်မပူပါနဲ့။ အိမ်တော်သခင်ရီရဲ့ ပါရမီ စွမ်းရည်နဲ့ဆိုရင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှာ သေချာပေါက် ရပ်တည်နိုင်ပြီးကျွန်းပေါ်က လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်မှာပါ။ အိမ်တော်သခင်ရီ ဆန္ဒရှိရင် အနာဂတ်မှာ ကျွန်မတို့ အတူကျင့်ကြံဖို့ အခွင့်အရေးရနိုင်ပါတယ်။" ပိုင်မုက အရိပ်အမြွက်ပေးလိုက်သည်။

ရီဖူရှင်းက သူမ ဆိုလိုသည်ကို နားလည်၏။ သူသာ ဆန္ဒရှိလျှင် အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် နေကာ ကျင့်ကြံနိုင်သည်ဟု ပိုင်မုက ပြောခဲ့သည်။

ဆယ်နှစ်ကြာတိုင်း အရှေ့နတ်ဘုရားကျွန်းစုနယ်မြေက ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များကို ကျွန်းပေါ်တွင် ကျင့်ကြံရန် ဖိတ်ခေါ်တတ်သည်။ ထိုကြောင့် သူ့ကိုလည်း ဖိတ်ကြားသည်မှာ အဆန်းမဟုတ်ပေ။

သို့သော်လည်း ရီဖူရှင်းက အဖြေပြန်မပေးခဲ့ပေ။ သူက ထိုသို့လုပ်ရန် အစီအစဥ်မရှိချေ။ သူတို့၏ ကမ်းလှမ်းမှုကို ချက်ချင်း ငြင်းပယ်ခြင်းမှာ ရိုင်းစိုင်းသော အပြုအမူ ဖြစ်သည်။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်​မြေ၌သာ ရှိနေသေးသည် မဟုတ်ပါလား။

"နတ်မိမယ်အနေနဲ့ တခြား ညွှန်ကြားစရာ မရှိတော့ရင် ကျုပ် အရင်သွားနှင့်ပါတော့မယ်။" ရီဖူရှင်းက ပြောလိုက်သည်။

"ကောင်းပါပြီ။" ပိုင်မုက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "အိမ်တော်သခင်ရီ ဆန္ဒရှိသလို လုပ်ပါ။"

ရီဖူရှင်းက လက်သီးဆုပ်ရင်း အရိုအသေပြုလိုက်၏။ ထို့နောက် သူတို့အဖွဲ့က မြူထဲသို့ ဝင်ရောက်သွားတော့သည်။

အပြင်ဘက်၌ လူအများက တွေဝေနေဆဲ ဖြစ်သည်။ သူတို့သည် အတွင်းသို့ ဝင်သွားလျှင် ဖြစ်မည့် အကျိုးအပြစ်တို့ကို ချိန်ဆနေပုံရသည်။ သူတို့ထဲက အချို့မှာ ဝင်သွားရန် ဆုံးဖြတ်လိုက်သော်လည်း လူအများစုက ခြေမလှမ်းရဲကြပေ။

***

All Chapters