ဆေးနတ်ဘုရား မင်းသား
Vol. 10 Ch. 954
ဆေးဘုရင်၏ ပထမ ကောင်းကင် ဗိုလ်ချုပ်က မည်သူနည်း။
သူကား ဆေးဘုရင်၏ လက်ဦး တပည့်များ ထဲမှ တစ်ဦး ဖြစ်သည်။ သူသည် ဆေးဘုရင် အခြေတည် ဝိညာဉ် အဆင့်ကို ရောက်ရှိခဲ့သည့် လွန်ခဲ့သည့် နှစ်ထောင်ချီမှ စ၍ ဆေးဘုရင်နှင့် အတူ နေခဲ့သူ ဖြစ်သည်။
သို့သော်လည်း မည်သူမျှ သူ၏ အကြောင်းကို သေချာ မသိခဲ့ရချေ။ အချို့ကဆိုလျှင် သေဆုံးသွားပြီ ဟုပင် ထင်ခဲ့ကြသည်။ သို့သော်လည်း ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ မဟာ အကြီးအကဲ မျိုးဆက် သုံးခု ပြောင်းပြီးသည့်တိုင် သူကား အသက်ရှင်နေဆဲ ဖြစ်သည်။
များစွာသော လူများကမူ ပထမ ကောင်းကင် ဗိုလ်ချုပ်မှာ အခြေတည် ဝိညာဉ် အဆင့်ကို ရောက်ရှိသွားပြီ ဟု ခန့်မှန်းကြသည်။ မဟုတ်လျှင် သူ ယခုလောက် အထိ အသက်ရှည်မည် မဟုတ်ချေ။
အချို့ကလည်း ဆေးဘုရင်က သူ့အား အသက်ရှည်ဆေး တစ်မျိုးမျိုး တိုက်ကျွေး ထားသည်ဟု ပြောဆိုကြသည်။ သို့သော်လည်း သူ အသက်ရှည်ရသည့် အကြောင်းရင်းကို မည်သူမျှ သေချာ မသိကြရချေ။
ဤသို့ဆိုလျှင် ပထမ ကောင်းကင် ဗိုလ်ချုပ်နှင့် အတူ ပါလာသည့် ဆေးနတ်ဘုရားဂိုဏ်း၏ ဆက်ခံသူကရော မည်သူနည်း။
ဆေးနတ်ဘုရားဂိုဏ်း…
ဆေးနတ်ဘုရားဂိုဏ်းသည် တောင်တန်း အင်ပါယာထက်ပင် ပို၍ ရှေးကျသော ဂိုဏ်းကြီးတစ်ခု ဖြစ်သည် ။ ၎င်းအား နတ်ဘုရား တစ်ပါးက ရှေးကာလများကပင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အင်အား အရ ဆိုရလျှင် ဆေးနတ်ဘုရားဂိုဏ်းသည် ဆေးဘုရင်ထက် ပိုမို အစွမ်းထက်သူ များစွာကို ပိုင်ဆိုင်ထားသည်။
ထိုကဲ့သို့သော ဆေးနတ်ဘုရားဂိုဏ်း၏ ဆက်ခံသူ တစ်ဦး အနေဖြင့် မည်မျှအထိ အာဏာရှိမည်ကို ခန့်မှန်း၍ ရနိုင်ပေသည်။
ထို့ကြောင့်ပင် သူတို့ နှစ်ယောက်၏ ရောက်ရှိလာခြင်းက လူတိုင်းအား တုန်လှုပ် သွားစေခြင်း ဖြစ်ပေသည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ… ဆေးနတ်ဘုရားဂိုဏ်းက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ပေါ်လာတာလဲ"
"ဆေးနတ်ဘုရားဂိုဏ်း နောက်ဆုံး ပေါ်ခဲ့တာ နှစ်တစ်ရာ ရှိပြီလေ… သူတို့က ရာစုနှစ် တစ်ခုတိုင်း တစ်ခါ ပေါ်လာတတ်တာ မလား… ဒါပေမဲ့ ငါနားမလည်တာက ပထမ ကောင်းကင် ဗိုလ်ချုပ်က ဘာလို့ အပြင်ကို ထွက်လာတာလဲ… သူက ဆေးဘုရင်ရဲ့ ဘေးမှာ အမြဲတမ်း အရိပ်လို နေတာ မဟုတ်ဘူးလား"
လူတိုင်းမှာ ဆွေးနွေး နေကြ၏။
ဆေးဘုရင်နှင့် ဆေးနတ်ဘုရားဂိုဏ်းတို့မှာ ထျန်းဟောင်ဂြိုဟ်ပေါ်၌ လူတိုင်း သိကြသည့် အရာများ ဖြစ်သည်။
ဆေးဘုရင်သည် ထျန်းဟောင်ဂြိုဟ်၏ တစ်ဦးတည်းသော ကောင်းကင် သမားတော် ဖြစ်သည်။ သူ့အား ကောင်းကင် အရှင်များကပင် လေးစားရသည်။
ဆေးနတ်ဘုရားဂိုဏ်းမှာမူ အလွန် လျှို့ဝှက်သည့် ရှေးဟောင်း အဖွဲ့ကြီး တစ်ခု ဖြစ်သည်။ သူတို့၏ ဆက်ခံသူ ပေါ်လာသည်နှင့် မရေမတွက်နိုင်သော သမားတော်များကပင် အရိုအသေ ပေးရသည်။
များစွာသော လူများက ချန်းဖန်အား ကြည့်လိုက်မိကြ၏။ အကယ်၍ ဆေးနတ်ဘုရားဂိုဏ်း၏ အသိအမှတ်ပြုမှုကို ရရှိပါက သူ၏ ဆေးဧကရာဇ် ဟူသော ဘွဲ့မှာ တရားဝင် ဖြစ်လာပေလိမ့်မည်။
"ဟမ့်… ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဆက်ခံသူနဲ့ ပထမ ကောင်းကင် ဗိုလ်ချုပ် ရောက်လာတာတောင် သူက အမြင့်ဆုံး ပလ္လင်မှာ ထိုင်နေသေးတယ်… အရှက် မရှိလိုက်တာ…"
ကျန်းတုန်ရှန်းက နှာခေါင်းရှုံ့ လိုက်၏။
ဆေးဘုရင်၏ ပထမ တပည့်နှင့် ဆေးနတ်ဘုရားဂိုဏ်း၏ ဆက်ခံသူတို့ ရောက်လာမှုသည် အကြီးအကဲများ၊ ဂိုဏ်းချုပ်များကိုပင် ဆွံ့အစေသည်။ လူတိုင်းက သူတို့ နှစ်ယောက်အား သူ့ထက် ငါဦးအောင် ကြိုဆိုကြချိန်၌ ချန်းဖန်မှာမူ အေးအေးဆေးဆေး ပလ္လင်ထက်တွင် ထိုင်နေဆဲ ဖြစ်သည်။
"ဟူး… ဟူး…"
ကြာပန်းနှင့် အဆင်း သဏ္ဌာန် တူသော ကောင်းကင် ပန်းပွင့် တစ်ခုသည် ကောင်းကင်မှ မြေပြင်သို့ ဆင်းသက် လား၏။ ၎င်းကား ကျောက်စိမ်းဖြင့် ထုလုပ်ထားသော ယာဉ် တစ်စင်း ဖြစ်ကာ နဂါးနတ်မြင်းက ထိုယာဉ်ကို ဆွဲသည်။
နဂါးနတ်မြင်းသည် ဦးချို နှစ်ချောင်း ရှိကာ ရွှေရောင် အကြေးခွံများဖြင့် ပြည့်နှက် နေ၏။ ၎င်း၏ အရှိန်အဝါကလည်း ရွှေအမြုတေ အဆင့်များကို ကျော်လွန်ကာ ကောင်းကင် အရှင်နှင့်ပင် တန်းတူ တောက်ပနေသည်။
"ပြန်လည် မွေးဖွားခြင်းဂိုဏ်းက ကောင်းကင် ဗိုလ်ချုပ်ကျန်းနဲ့ ကောင်းကင် မင်းသားကို ကြိုဆိုပါတယ်"
မဟာ အကြီးအကဲ လင်းရှန်းက လက်နှစ်ဖက်ကို ယှက်ကာ ကြိုဆို လိုက်သည်။
ဆေးနတ်ဘုရားဂိုဏ်းသည် ရှေးဟောင်းဂိုဏ်း တစ်ခုဖြစ်ရာ ၎င်းတို့၏ ဆက်ခံသူမှာ ကောင်းကင် မင်းသားဘွဲ့ကို ချီးမြှင့် ခံရ၏။ ကောင်းကင် မင်းသားသည် ကောင်းကင် အရှင်များ ကဲ့သို့ လွှမ်းမိုးမှု ရှိပေသည်။
"အကြီးအကဲလင်း… ခင်ဗျားက အားနာလွန်း နေပါပြီ… ပြန်လည် မွေးဖွားခြင်းဂိုဏ်းနဲ့ ဆေးနတ်ဘုရားဂိုဏ်းတို့က အစကတည်းက မဟာမိတ်တွေပဲ… ကျုပ်ကို ဆေးနတ်ဘုရား မင်းသားလို့ပဲ ခေါ်ပါ"
ကျောက်စိမ်းယာဉ်ထဲမှ အေးစက်စက် အသံတစ်ခု ပြန်လည် ထွက်ပေါ်လာ၏။ ထို့နောက် ကျောက်စိမ်းယာဉ်၏ တံခါးက ပွင့်လာကာ လူနှစ်ယောက် ထွက်ပေါ် လာသည်။ တစ်ဦးမှာ အဘိုးအို တစ်ယောက် ဖြစ်ပြီး အခြား တစ်ဦးမှာ လူငယ်လေး ဖြစ်၏။
အဘိုးအို၏ မျက်နှာမှာ အရေးအကြောင်း များဖြင့် ပြည့်နှက်နေ၏။ သူသည် မောပန်းသည့် အလား အသက်အား မြန်ဆန်စွာ ရှူသွင်း နေသည်။
ထိုအဘိုးအိုကား ထျန်းဟောင်ဂြိုဟ်၏ လိပ်အိုကြီး တစ်ယောက် ဖြစ်သည့် ကျန်းပုရီပင် ဖြစ်သည်။ သူသည် ဆေးဘုရင်၏ ကိုယ်ရံတော် ဖြစ်ကာ ပထမ ကောင်းကင် ဗိုလ်ချုပ် အဖြစ် ထင်ရှား၏။
လူငယ်မှာမူ ဆေးနတ်ဘုရား မင်းသားပင် ဖြစ်သည်။ သူသည် ကျွင်းအိုချန်း၏ အရှိန်အဝါကို မမှီသည့်တိုင် များစွာသော ဂိုဏ်းချုပ်များထက် ပို၍ အစွမ်းထက်သူ ဖြစ်သည်။ လူများသည် သူ၏ ဘေး၌ ဝန်းရံနေသော သန့်စင်သည့် စွမ်းအားကို ကြည့်ကာ ကောင်းကင် ရွှေအမြုတေကို ပိုင်ဆိုင်ထားသည်ဟုပင် တွေးလိုက်မိကြသည်။
သို့သော်လည်း အံ့အားသင့်စွာပင် ကျန်းပုရီသည် လူငယ်နှင့် ဘေးချင်း ယှဉ်၍ပင် မလျှောက်ရဲချေ။ သူသည် လူငယ်၏ နောက် ခြေတစ်လှမ်း အကွာမှ လိုက်ပါနေ၏။ သူ၏ မျက်နှာမှာလည်း လေးစားမှုများဖြင့် ပြည့်နှက် နေသည်။
"ကောင်းကင် ဗိုလ်ချုပ်ကျန်း… ဘာလို့…"
ကောင်းကင် ကျောက်စိမ်း ကျောင်းတော်၏ အကြီးအကဲ တစ်ဦးက မေးမြန်းရန် ကြိုးစား လိုက်သည်။
"ဆေးနတ်ဘုရား မင်းသားကို ဆရာ တစ်ယောက်လို ရိုသေရမယ်လို့ ဆေးဘုရင်က ကျုပ်ကို မှာထားတယ်…"
ကျန်းပုရီက ပြောလိုက်၏။ သူ၏ လေသံက ခြောက်ကပ်ကာ စူးရှနေသည်။
အဘိုးအို၏ စကားကို ကြားပြီးနောက် လူတိုင်းမှာ တိတ်ဆိတ်သွား၏။ ဆေးနတ်ဘုရားဂိုဏ်း၏ ဆက်ခံသူ တစ်ယောက် ပင်လျှင် ဆေးသခင်၏ လေးစားမှုကို ရသည်လား။
"ရှန်းရှီ အတွက် ဗိုလ်ချုပ်တို့ နှစ်ယောက်ကို ကျုပ် ဖိတ်လိုက်တာပါ… သူ့ကို အကူအညီ ကမ်းလက် တစ်ခုခု ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"
လင်းရှန်းက ရိုသေစွာ ပြောလိုက်သည်။
နောက်ဆုံး၌ လူတိုင်းမှာ ရှန်းရှီ၏ မိုးကြိုးကပ်ဘေး ဆင့်ခေါ်မှု နှောင့်နှေး နေရသည့် အကြောင်းရင်းကို နားလည် သွားခဲ့ပြီ ဖြစ်သည်။ သူမသည် သူတို့ နှစ်ယောက်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်ပေသည်။
"ဒါပေမဲ့… သူတို့က နတ်မိမယ် ရှန်းရှီကို တကယ် ကူညီနိုင်မှာလား…"
များစွာသော လူများက ဆေးနတ်ဘုရား မင်းသားအား ကြည့်လိုက်ကြ၏။
"အင်း… ကျုပ်တို့ ဂိုဏ်းမှာ သုံးဘဝ ဝင်စားခြင်း လို့ ခေါ်တဲ့ လျှို့ဝှက် နတ်ဘုရားဆေး တစ်လုံး ရှိတယ်… အဲဒီဆေးက ကောင်းကင် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့ ဆေးပဲ…"
ဆေးနတ်ဘုရား မင်းသားက လက်အား ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းဗူး တစ်ခုမှာ မဟာ အကြီးအကဲ လင်းရှန်းနှင့် အခြား အကြီးအကဲများ၏ ရှေ့သို့ ပျံဝဲသွား၏။ သူတို့က ဒူးထောက်ကယ ကျောက်စိမ်းဗူးအား လက်ခံရင်း ဆေးနတ်ဘုရား မင်းသားအား ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
များစွာသော လူများမှာ ကျောက်စိမ်းဗူးအား မနာလိုစွာ ကြည့်လိုက်မိကြသည်။ ထိုအရာကား ကောင်းကင် အဆင့် ရွှေအမြုတေကို ဖွဲ့စည်းနိုင်သည့် နတ်ဘုရားဆေးလုံး ဖြစ်သည်။ ကောင်းကင် အရှင်များပင် ထိုဆေးလုံးအား မက်မောကြ ပေလိမ့်မည်။
"နတ်မိမယ် ရှန်းရှီကို မြန်မြန် သွားပေးလိုက်…"
လင်းရှန်းက ဟွာနွန်ယင်အား ကျောက်စိမ်းဗူး ကမ်းကာ အမိန့်ပေးလိုက်၏။
သို့သော်လည်း တစ်စုံတစ်ယောက်က ဟွာနွန်ယင်၏ လမ်းကြောင်းကို ပိတ်ကာ တားဆီး လိုက်သည်။
"နေဦး…"
လူတိုင်းက ကြည့်လိုက်ကြရာ တားဆီးလိုက်သူမှာ ချန်းဖန် ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ကျင့်ကြံသူချန်း… ဒါက ဘာသဘောလဲ"
လင်းရှန်းမှာ မျက်မှောင်ကြုတ် သွား၏။ တစ်ချိန်တည်း၌ အခြားသော အကြီးအကဲ များကလည်း သူတို့၏ အရှိန်အဝါများကို ထုတ်လွှတ်ကာ ချန်းဖန်အား ကြည့်လိုက် ကြသည်။
ရှန်းရှီ အောင်မြင်မှသာ ပြန်လည် မွေးဖွားခြင်းဂိုဏ်း အနေဖြင့် နောင် နှစ်တစ်သောင်းတိုင်အောင် ခေါင်းမော့နိုင်မည် ဖြစ်သည်။ ရှန်းရှီ၏ ကျင့်ကြံမှုကို နှောက်ယှက်သူမှာ ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ ရန်သူ ဖြစ်သည်။
"ဘာသဘောမှ မဟုတ်ဘူး… ဒီ သုံးဘဝ ဝင်စားခြင်းဆေးက အစစ် မဟုတ်ဘူး ဆိုတာ ပြောမလို့… သုံးဘဝ ဝင်စားခြင်း ဆေးအစစ်က အရမ်း ရှားတယ်… ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်တွေတောင် မလုပ်နိုင်ကြဘူး… ရှန်းရှီ ဒီဆေးအတုကို စားရင် သူ့ရဲ့ ရွှေအမြုတေက ပျက်စီးသွားလိမ့်မယ်"
ချန်းဖန်က တည်ငြိမ်စွာဖြင့် ရှင်းပြ လိုက်သည်။
"အဓိပ္ပာယ် မရှိတာ…"
ဆေးနတ်ဘုရား မင်းသား၏ နောက်လိုက်များမှာ ဒေါသထွက် သွားကြ၏။
"သောက်ရူးကောင်… ပါးစပ် ပိတ်ထားစမ်း"
"မင်း ဆေးနတ်ဘုရားဂိုဏ်းကို စော်ကားတာလား"
"ငါတို့ရှေ့ကနေ ထွက်သွားစမ်း…"
ဆေးနတ်ဘုရား မင်းသားမှာမူ တည်ငြိမ် နေဆဲ ဖြစ်၏။ သူသည် ဘာစကားမှ မဆိုသလို ချန်းဖန်အား ဂရုမစိုက်ချေ။
"မြန်မြန်သွားလေ…"
လင်းရှန်းက ဟွာနွန်ယင်အား ဆော်ဩ လိုက်သည်။ ဟွာနွန်ယင်က သွားရန် ကြိုးစားလိုက်သော်လည်း ချန်းဖန်က သူမ၏ လမ်းကို ပိတ်ထားဆဲ ဖြစ်သည်။
"ချန်းပေ့ရွှမ်း… ဒါရ ဘာအဓိပ္ပာယ်လဲ"
လင်းရှန်းကား အလွန်တရာ ဒေါသထွက်နေခဲ့ပြီ ဖြစ်လေသည်။
ဆေးနတ်ဘုရား မင်းသား ပင်လျှင် ခေါင်းအား စောင်းကာ ချန်းဖန်အား ခေါင်းအစ ခြေအဆုံး ကြည့်၏။
"မင်းက ကိုယ့်ကိုယ်ကို ဆေးဧကရာဇ် လိုပ ခေါ်တဲ့ တစ်ယောက်မလား…"
"ဟုတ်တယ်… ငါပဲ"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ… မင်းက ဆေးဧကရာဇ် ဆိုတဲ့ ဘွဲ့ကို အလွဲသုံးစား လုပ်နေတာ ဝန်ခံမှတော့ ငါက မင်းအသက်ကို ချမ်းသာ ပေးရမှာပေါ့… မင်းရဲ့ လက်တွေကို ချည်ပြီး ငါ့ရှေ့မှာ ဒူးထောက် တောင်းပန်စမ်း"
ဆေးနတ်ဘုရား မင်းသားက ပြေသည်။
"ငါက မလုပ်ဘူး ဆိုရင်ရော…"
ချန်းဖန်က ပြုံးရင်း မေးလိုက်၏။
"သေရမယ်… အဲဒါက ထျန်းဟောင်ဂြိုဟ်ရဲ့ ကောင်းကင် ဥပဒေပဲ"
"ထျန်းဟောင်ဂြိုဟ်ရဲ့ ကောင်းကင် ဥပဒေ…"
ချန်းဖန်၏ မျက်နှာရှိ အပြုံးမှာ ပျောက်ကွယ် သွား၏။
"ဒါဆို ထျန်းဟောင်ဂြိုဟ် ကောင်းကင် ဥပေဒရဲ့ နောက်ကွယ်မှာ ရှိနေတာ မင်းတို့ပေါ့"
ချန်းဖန်က ဆေးနတ်ဘုရား မင်းသားအား စူးစိုက် ကြည့်ကာ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ မျက်လုံးများက မီးတဟုန်းဟုန်း တောက်လောင် လာ၏။
"မင်းတို့က ကျူးဝမ် မျိုးနွယ်ကို ကျိန်စာ တိုက်ခဲ့တယ်… အခုလည်း ဆေလုံး အတုနဲ့ ရှန်းရှီရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးချင် နေပြန်ပြီ"
"ရပ်စမ်း… ခြေတစ်လှမ်း တိုးရင် သေရမယ်"
အစောင့် တစ်ယောက်က အော်ဟစ် လိုက်သည်။
သို့သော်လည်း ချန်းဖန်က ဂရုစိုက်ခြင်း မရှိချေ။ သူက ဆေးနတ်ဘုရား မင်းသား၏ အနားသို့ ပို၍ တိုးကပ်လာ၏။
"ချန်းပေ့ရွှမ်း… မင်းက ကောင်းကင် မင်းသားကို စွပ်စွဲနေတာလား"
မဟာ အကြီးအကဲ လင်းရှန်းက ဒေါသတကြီး ဆိုလိုက်၏။
သို့သော်လည်း ချန်းဖန်က သူ့အား လှည့်ပင် မကြည့်ချေ။
"လူငယ်လေး… မင်းက သေချင် နေတာပဲ"
ကျန်းပုရီ၏ မျက်လုံးများက ပွင့်လာကာ ကြောက်မက်ဖွယ် အင်အား တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲ၌ နိုးထ လာ၏။
"ထွက်သွားစမ်း…"
ချန်းဖန်က လက်သီးတစ်ချက်အား ဆန့်ထုတ် လိုက်သည်။ ထိုလက်သီးသည် လေထု၏ တည်ရှိမှုကို ကျော်လွန်ကာ ဆေးနတ်ဘုရား မင်းသား၏ မျက်နှာပေါ်သို့ အလျားလိုက် ကျ၏။
"ဘုန်း…"
ထိုလက်သီးချက်တွင်ပင် ဆေးနတ်ဘုရား မင်းသား၏ ခန္ဓာကိုယ်ကား နောက်သို့ လွင့်စဉ်ကာ ရွှမ်ထျန်း တောင်ထဲ နစ်ဝင်သွားတော့၏။
လူထုကား ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အ သွားကြသည်။ သူတို့သည် အလွန်တရာ ထိတ်လန့် အံ့ဩ နေကြရာ စကား တစ်ခွန်းပင် မဆိုနိုင်ကြချေ။
***