← Chapters

ငါလုပ်ချင်တာကို ငါလုပ်မယ်

Vol. 10 Ch. 956

ငါလုပ်ချင်တာကို ငါလုပ်မယ်

Vol. 10 Ch. 956

"ငါတို့ ဘာကို မြင်လိုက်ရတာလဲ…"

ဝူရှန်းနှင့် အခြားလူများမှာ လက်ဝါးမှ ချွေးများပင် ထွက်လာကြသည်။ သူတို့၏ အထက်တွင်မူ မိစ္ဆာ ခြောက်ကောင်သည် ရွှမ်ထျန်း တောင်တန်းနှင့် အပြိုင် ရပ်တည်လျှက် ရှိ၏။

ဆေးဘုရင်၏ ပထမ တပည့် အသက် ငါးထောင် သက်တမ်းရှိ ကျန်းပုရီသည် မိစ္ဆာ ခြောက်ကောက်၏ အမဲဖျက်ခြင်းကို ခံခဲ့ရသည်။ အဆုံးမဲ့ ရွှေရောင် သွေးစက်များသည် ကောင်းကင်၌ မိုးရွာသလို ရွာသွန်းနေ၏။

ထိုအရာကား ဒဏ္ဍာရီထဲမှ နတ်ဘုရာများနှင့် မိစ္ဆာတို့၏ တိုက်ပွဲ သဖွယ်ပင်။ ထောင်ပေါင်း များစွာသော ပြန်လည် မွေးဖွားခြင်းဂိုဏ်း၏ တပည့်များသည် ဆွံ့အ နေကြလေ၏။

"ကျန်းပုရီတောင် သူ့ကို မနိုင်ဘူး… သူက တကယ့်ကို ကောင်းကင် ရွှေအမြုတေ ပိုင်ရှင် ကျင့်ကြံသူပဲ… နောက်ပြီး သူ့မှာ ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရား အသွင်တွေလည်း ရှိတယ်… နှိုင်းယှဉ်ကြည့်ရင် ဆေးနတ်ဘုရား မင်းသားက သူ့ တစ်ဝက်တောင် အစွမ်း မထက်ဘူး"

နင်းဖူဂိုဏ်း အကြီးအကဲက ပြောလိုက်သည်။ မရေမတွက်နိုင်သော လူများက ခေါင်းညိတ် လိုက်ကြ၏။

ဆေးနတ်ဘုရား မင်းသားသည် အစွမ်းထက်သည် ဆိုသော်လည်း ကျွင်းအိုချန်းနှင့် ဂူရှောင်ရီတို့ထက် ပိုပြီး အစွမ်း မထက်ချေ။ ဂိုဏ်းချုပ်များ ပင်လျှင် သူ့အား ယှဉ်နိုင်ကြသည်။

သို့သော်လည်း ချန်းပေ့ရွှမ်း၏ နတ်ဘုရား အသွင်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ သူ၏ ရှေ့‌၌ ဆေးဘုရင်၏ တပည့် ပင်လျှင် ခုခံနိုင်စွမ်း မရှိပဲ အမဲဖျက် ခံခဲ့ရသည်။

"အား…"

ဒေါသထွက် နာကျည်းနေသော အော်ဟစ်သံနှင့် အတူ ကျန်းပုရီ၏ ဓမ္မ အသွင်မှာ ပြန်လည် ဖွဲ့စည်းလာ၏။ သူ၏ အရှိန်အဝါအောက်၌ ပြန်လည် မွေးဖွားခြင်းဂိုဏ်းရှိ တောင်ထိပ် သုံးဆယ့် ခြောက်ခု စလုံးပင် တုန်လှုပ် သွားခဲ့သည်။ တောင်ထိပ် တစ်ခုချင်းစီ၌ မရေမတွက်နိုင်သော အစီအရင်များမှာ ရုတ်တရက် လင်းလက် တောက်ပလာကာ ပြန်လည် မွေးဖွားခြင်းဂိုဏ်းကို ကာကွယ်လေ၏။

ကျန်းပုရီကား အခြေတည် ဝိညာဉ် အဆင့် လောက်ပင် အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကံဆိုးစွာပင် သူ ရင်ဆိုင် နေရသည်က "မိစ္ဆာ ခြောက်ပါး" ကျင့်စဉ် ဖြစ်ဟည်။

"ဟီးဟီး…"

မိစ္ဆာများသည် ပျော်ရွှင်စွာပင် ကျန်းပုရီ ထံသို့ ပြေးဝင်ကာ နောက်တစ်ကြိမ် အမဲဖျက် ကြပြန်၏။ ကျန်းပုရီသည် အစွမ်းကုန် တိုက်ခိုက်နေသည့်တိုင် မိစ္ဆာများအား မထိနိုင်ခဲ့ချေ။ ထို့အစား သူ၏ ခန္ဓာကိုယ်သာလျှင် အစိတ်အပိုင်း တစ်ခုစီ ပဲ့ထွက် နေခဲ့၏။ သွေးများသည် နေရာ အနှံ့ ကြဲပြန့်နေကာ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်မှာလည်း ဒဏ်ရာ ကြီးစွာ ရနေခဲ့ပြီ ဖြစ်သည်။

"ငါက ပိုပြီး အစွမ်းထက်တယ် ဆိုတာ မင်း ဝန်ခံပြီလား…"

ချန်းဖန်က မိစ္ဆာတို့နှင့် ကျန်းပုရီ၏ တိုက်ပွဲအား လျစ်လျူကာ ဆေးနတ်ဘုရား မင်းသား၏ ခန္ဓာကိုယ်ပေါ် တက်နင်းရင်း မေးလိုက်သည်။

ဆေးနတ်ဘုရား မင်းသား၏ မျက်နှာ တစ်ခုလုံးမှာ သွေးဆုတ် ဖြူရော်နေ၏။ သူကား မြင်ရသမျှကို မယုံကြည်နိုင်အောင် ဖြစ်နေပုံ ရသည်။

သူသည် ထျန်းဟောင်ဂြိုဟ်၌ အလွန် ရှားပါးသည့် ကောင်းကင် ရွှေအမြုတေကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းကား သူ့ထက် ပို၍ အစွမ်းထက် နေခဲ့သည်။ တောင်တန်း အင်ပါယာ၏ ကောင်းကင် မင်းသားပင် ထိုမိစ္ဆာကောင်အား ယှဉ်နိုင်မည် မဟုတ်ချေ။ ကောင်းကင် အရှင် တထျန်း၏ ဆက်ခံသူများ သာလျှင် ထိုသို့သော စွမ်းအားကို ပိုင်ဆိုင်နိုင်ပေသည်။

"မဖြစ်နိုင်ဘူး… မင်းက ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက် နေတာလဲ… ငါတို့ ဂိုဏ်းမှာရှိတဲ့ မှတ်တမ်းတွေက လွဲချော် နေတာများလား… ငါ့ ရွှေအမြုတေက ကောင်းကင် အဆင့် မဟုတ်တာလား… ဒါဆို ငါက အစစ်အမှန် ကောင်းကင် မင်းသား မဟုတ်ဘူးပေါ့"

ဆေးနတ်ဘုရား မင်းသားက ခေါင်းအား ခါယမ်း လိုက်၏။

"အစစ်အမှန် ကောင်းကင် အဆင့် အမြုတေ ဆိုတာ မင်းတို့ရဲ့ အဆင့်နိမ့် ဆေးတွေနဲ့ လုပ်ယူလို့ ရတဲ့ဟာ မဟုတ်ဘူး…"

ချန်းဖန်က မှာခေါင်းရှုံ့ လိုက်၏။

ချန်းဖန်၏ "မိစ္ဆာခြောက်ပါး" ကျင့်စဉ်သည် မူလ အဆင့်တွင်သာ ရှိသေးသော်လည်း ကောင်းကင် အဆင့် အမြုတေ တစ်ခုနှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ ‌ဆေးနတ်ဘုရား မင်းသား၏ အမြုတေမှာမူ ချန်းဖန်၏ မျက်လုံးထဲ၌ သာမန် ရွှေအမြုတေ တစ်ခုထက် မပိုချေ။

"ဘုန်း… ဘုန်း…"

ထိုအချိန်မှာပင် ကျန်းပုရီ၏ ရုန်းကန်မှုများမှာ အဆုံးသတ် သွား၏။

ယခုတစ်ကြိမ်တွင်မူ မိစ္ဆာ ခြောက်ကောင်သည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို အပိုင်းပိုင်း ဖျက်ဆီးပစ်ကာ သူ၏ ရွှေအမြုတေကိုပါ ဝါးမျို ပစ်လိုက်ပြီ ဖြစ်သည်။

မိစ္ဆာများကား အလွန်ပင် ရက်စက် ကြမ်းကြုတ် လွန်းလှ၏။ ကျန်းပုရီကား ပြန်လည် ဝင်စားခွင့်ပင် မရတော့ပဲ အပြီးတိုင် သေဆုံး သွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ဂိုဏ်းများ၏ ဂိုဏ်းချုပ်များ အပါအဝင် လူတိုင်းမှာ ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့် နေကြသည်။ မဟာ အကြီးအကဲ လင်းရှန်း ပင်လျှင် မျက်နှာ တစ်ခုလုံး ဖြူရော် နေခဲ့၏။

"ကမ္ဘာပေါ်မှာ ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင်မျိုး တစ်ကြိမ်မှ မပေါ်ဖူးဘူး…"

လူအို ကျင့်ကြံသူကြီး တစ်ယောက်က ခေါင်းခါကာ သက်ပြင်းချ လိုက်သည်။

တစ်ချိန်တည်း၌ ဂူရှောင်ရီမှာ ချန်းဖန်အား လေးစားစွာ ငေးကြည့်နေ၏။ ထိုချန်းပေ့ရွှမ်းကား ကမ္ဘာ၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ကျိန်းသေ ဖြစ်လာမည့်သူ ဖြစ်သည်။ ကျွင်းအိုချန်း ပင်လျှင် သူ့အား နှိုင်းယှဉ်နိုင်တော့မည် မဟုတ်ချေ။

"ရှောင်မန်… နင့်အကိုက အရမ်း အစွမ်းထက်တာပဲ"

စီစီက တီးတိုး ရေရွတ် လိုက်၏။ ရှောင်မန်၏ မျက်နှာမှာမူ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"ဟူး…"

ကျန်းပုရီအား သတ်ဖြတ်ပြီးနောက် ချန်းဖန်က မိစ္ဆာ ခြောက်ကောင်ကို ပြန်လည် ဆင့်ခေါ် လိုက်သည်။ ထို့နောက် သူက ဆေးနတ်ဘုရား မင်းသားကိုသာ အဆုံးသတ်ပေးရန် ပြင်လိုက်သည်။

"ရပ်စမ်း…"

လင်းရှန်းနှင့် အခြား အကြီးအကဲများမှာ တစ်ပြိုင်နက်တည်း အော်ဟစ် လိုက်ကြ၏။

သူတို့သည် ချန်းဖန် ကျန်းပုရီကို သတ်ဖြတ်ချိန်၌ ဝင်မတားခဲ့ကြသော်လည်း ဆေးနတ်ဘုရား မင်းသားအတွက်မူ ခြားနား၏။ သူကား ဆေးနတ်ဘုရား ဂိုဏ်း၏ ဆက်ခံသူ ဖြစ်သည်။ အကယ်၍ သူသာ ပြန်လည် မွေးဖွားခြင်းဂိုဏ်း၌ သေဆုံး သွားခဲ့ပါက သူတို့ထံသို့ အကျိုးသက်ရောက်မှုများ ရှိလာလိမ့်မည် ဖြစ်သည်။

"မိတ်တွေလေး… ကျုပ် စကားကို နားထောင်ပေးပါ… ကောင်းကင် မင်းသားက ကောင်းကင် ဗိုလ်ချုပ်ကျန်းနဲ့ ကွာခြားပါတယ်… သူက ဆေးနတ်ဘုရားဂိုဏ်းရဲ့ ဆက်ခံသူပါ… တကယ်လို့ မိတ်ဆွေလေးသာ သူ့ကို သတ်ရင် ဆေးနတ်ဘုရားဂိုဏ်း တစ်ခုလုံးရဲ့ ရန်သူ ဖြစ်လာလိမ့်မယ်"

နင်းဖူဂိုဏ်းချုပ်က ပြောသည်။

"ဟုတ်တယ်… ဆေးနတ်ဘုရားဂိုဏ်းက သမိုင်းကြောင်း ရှည်လျားတဲ့ အဖွဲ့အစည်းကြီး… သူတို့မှာ ကောင်းကင် အရှင်တွေ၊ ဝှက်ဖဲတွေ ဘယ်လောက် ရှိနေမလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး… တကယ်လို့ မင်းက ကောင်းကင် အရှင် ဖြစ်နေမယ် ဆိုရင်တောင် သူတို့က ဂရုစိုက်မှာ မဟုတ်ဘူး"

ကောင်းကင် ကျောက်စိမ်း ဂိုဏ်းချုပ်ကလည်း ဆို၏။

"တော်လောက်ပြီ… မိတ်ဆွေလေး…"

လင်းရှန်းကပင်လျှင် ရှေ့သို့ တစ်လှမ်းတိုး လိုက်ရင်း ထိုကဲ့သို့ ဆိုလိုက်၏။

"ဟမ်…"

ချန်းဖန်က မျက်မှောင်ကြုတ်ကာ လှည့်ကြည့် လိုက်သည်။

ထိုအခါ ဂိုဏ်းချုပ်များ၊ အကြီးအကဲများမှာ သူ့အား မသိမသာ ဝိုင်းပတ်ထားသည်ကို တွေ့မြင်လိုက်ရ၏။ တောင်ထိပ် သုံးဆယ့် ခြောက်ခု၏ အကြီးအကဲများ ဆိုလျှင် ပြန်လည် မွေးဖွားခြင်းတောင် အစီအရင်ကို အသက်သွင်းရန် ပြင်ဆင် နေကြပြီ ဖြစ်လေသည်။

"ငါ သူ့ကို သတ်မယ်ဆိုရင် မင်းတို့က ငါ့ကို တားမယ်ပေါ့ ဟုတ်လား…"

ချန်းဖန်က မေးလိုက်သည်။

"ဆေးနတ်ဘုရားဂိုဏ်းက နတ်ဘုရား (ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်) တစ်ပါးကို ပိုင်ဆိုင်ခဲ့တယ်… တစ်ကမ္ဘာလုံးက သူတို့ကို လေးစားတယ်… ငါတို့ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းကလည်း သူတို့နဲ့ မဟာမိတ် ပြုထားတယ်… ဒါကြောင့် ဆေးနတ်ဘုရား မင်းသားရဲ့ အသက် အန္တရာယ်ကို ကာကွယ်ပေးဖို့ ငါတို့မှာ တာဝန်ရှိတယ်"

လင်းရှန်းက လေးနက်စွာ ဆို၏။

"ဟုတ်တယ်… ဆေးနတ်ဘုရားဂိုဏ်းက ငါတို့ရဲ့ မိ‌တ်ဆွေပဲ… ဆေးနတ်ဘုရား မင်းသား သေမှာကို ငါတို့ ထိုင်ကြည့် မနေနိုင်ဘူး"

"အနီရောင် မီးတောက်ဂိုဏ်းကလည်း အတူတူပဲ…"

"ကောင်းကင် ကျောက်စိမ်း ကျောင်းတော်ကလည်း အတူတူပဲ…"

အခြားသော ဂိုဏ်းချုပ်များကလည်း အသီးသီး ထရပ်ကာ သူတို့ အနေဖြင့် ဆေးနတ်ဘုရား မင်းသားအား အသက် အသေမခံနိုင်ကြောင်း ပြောဆိုကြ၏။

"သူတို့က ဘာတွေ ဖြစ်နေတာလဲ… ဆေးနတ်ဘုရား မင်းသားက မမ ရှန်းရှီကို‌ ဆေးအတု ပေးချင် နေတာလေ"

ရှောင်မန်က နားမလည်နိုင်စွာ ရေရွတ် လိုက်သည်။

"အင်းနော်…"

ဟွာနွန်ယင်ကလည်း စိတ်မသက်မသာဖြင့် သက်ပြင်း တစ်ချက် ချလိုက်၏။

ထိုဂိုဏ်းချုပ်များ၊ အကြီးအကဲများမှာ ဆေးနတ်ဘုရား မင်းသား၏ သေခြင်း၊ ရှင်ခြင်းကို ဂရု မစိုက်ချေ။ သို့သော်လည်း ဆေးနတ်ဘုရား မင်းသားသာ သူတို့၏ ရှေ့၌ သတ်ဖြတ်ခံလိုက်ရပါက ဆေးနတ်ဘုရားဂိုဏ်း၏ ဒေါသမှာ သူတို့ အပေါ် ပုံကျ လာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့က ဝင်ရောက် တားဆီးနေကြခြင်း ဖြစ်သည်။

"သူတို့ ပြောတာ ကြားတယ် မလား ချန်းပေ့ရွှမ်း… မင်း ငါ့ကို သတ်လို့ မရဘူး… မင်း ငါ့ကို သတ်ရင် ထျန်းဟောင်ဂြိုဟ်ရဲ့ ကောင်းကင် ဥပဒေကို ချိုးဖောက်တာနဲ့ အတူတူပဲ… တောင်တန်း အင်ပါယာနဲ့ ငါတို့ရဲ့ ဘိုးဘေး ကိုယ်တိုင် မင်းကို အပြစ်ပေး လိမ့်မယ်"

ဆေးနတ်ဘုရား မင်းသားက ယုံကြည်ချက် ရှိစွာ ပြုံးလိုက်၏။

"ဟုတ်ပါတယ် ဆေးဧကရာဇ်ချန်း… ဒီ နားလည်မှု လွဲမှားတာ အတွက် ဆေးနတ်ဘုရား မင်းသားက ခင်ဗျားကို တောင်းပန်မှာပါ… သတ်ဖို့ အထိ မလိုပါဘူး"

အကြီးအကဲများက ပြောကြသည်။

"ဆေးနတ်ဘုရား မင်းသားကို မြန်မြန် လွှတ်ပေးလိုက်ဝောာ့…"

မြေအောက် သရဲဂိုဏ်းချုပ်က အော်ဟစ် လိုက်၏။

"ဟမ့်…"

ချန်းဖန်က နှာခေါင်းရှုံ့ကာ သူ၏ ခြေထောက် အောက်ရှိ ဆေးနတ်ဘုရား မင်းသားအား ဆောင့်နင်း လိုက်၏။

"ခရက်…"

အရိုး ကျိုးသံများ ထွက်ပေါ်လာသည်။ ဆေးနတ်ဘုရား၏ ခန္ဓာကိုယ်မှာ တုန်ရီကာ သူ၏ မျက်နှာကလည်း တစ်ခဏအတွက်း သွေးဆုတ် သွား၏။

"ချန်းပေ့ရွှမ်း… ဘာလုပ်နေတာလဲ"

"ရပ်စမ်း…"

များစွာသော အကြီးအကဲများမှာ ဒေါသထွက် သွားကြသည်။

"ဘုန်း…"

တစ်ချိန်တည်း၌ မဟာ အကြီးအကဲ၏ အမိန့်အောက်တွင် တောင်ထိပ် သုံးဆယ့် ခြောက်ခု အကြီးအကဲများမှာ ကောင်းကင်သို့ ပျံတက်ကာ ပြန်လည် မွေးဖွားခြင်းတောင်တန်း အစီအရင်ကို ထိန်းချုပ်ကြလေ၏။

"ဘုန်း…"

အားလုံး၏ အကြည့်များ အောက်တွင်ပင် တောင်ထိပ် သုံးဆယ့်ခြောက်ခုမှ အလင်းတန်းများ ထွက်ပေါ်လာ၏။ အကြီးအကဲများသည် နေရာယူပြီးသည်နှင့် အစီအရင်က စက်ဝန်း သဏ္ဌာန် ဖြစ်တည် လာသည်။ ထို စက်ဝန်းသည် အရှိန်ပြင်းစွာ လည်ပတ်ကာ မိုးကြိုးသံများ ထွက်ပေါ်လာ၏။

"ပြန်လည် မွေးဖွားခြင်း စက်ဝန်း…"

လူအို ကျင့်ကြံသူကြီးများ၏ မျက်လုံးများမှာ တောက်ပလာ၏။

နာမည်ကျော် ပြန်လည် မွေးဖွားခြင်း စက်ဝန်း မဟာ အစီအရင်ကား လောက၌ နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။

ပြန်လည် မွေးဖွားခြင်း စက်ဝန်း စတင် လည်ပတ်သည်နှင့် များစွာသော အစွမ်းထက် ကျင့်ကြံသူများမှာ မြေပေါ်သို့ ပြုတ်ကျ ကြ၏။ ကောင်းကင် အရှင် တစ်ပိုင်းများ ပင်လျှင် အသက်အား ပြင်းစွာ ရှူနေရသည်။ ၎င်း၏ အရှိန်အဝါပင်လျှင် ကောင်းကင် အရှင် တစ်ပိုင်း အဆင့် သုံးခြောက်ယောက် တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသည်နှင့် ညီမျှပေသည်။

ပြန်လည် မွေးဖွားခြင်း မဟာ အစီအရင်၏ အောက်၌ ချန်းဖန်၏ မိစ္ဆာ ကျင့်စဉ်မှာ ဖိအားပေး ခံနေရ၏။ တစ်ချိန်တည်း၌ ထိုစက်ဝန်း၏ တိုက်စားမှုတွင် မိစ္ဆာများ၏ အရွယ်အစားမှာ ပို၍ သေးငယ်လာသည်။

ပေတစ်သောင်း…

ပေကိုးထောင်…

ပေခြောက်ထောင်…

များစွာသော လူများသည် ထိုမြင်ကွင်းကို ကြည့်ကာ အားတက် လာကြ၏။

"ခုတော့ မင်း ဘာတတ်နိုင်သေးလဲ… ချန်းပေ့ရွှမ်း…"

မြေအောက် သရဲဂိုဏ်းချုပ်က နှာခေါင်းရှုံ့ လိုက်သည်။ အခြားသော ဂိုဏ်းချုပ်များမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာများ ပြုံးရွှင် သွားကြသည်။

အကြီးအကဲ ယွီလုံမှာမူ သက်ပြင်းတစ်ချက်  ချရင်း ပြောလိုက်သည်။

"ချန်းပေ့ရွှမ်း… ငါတို့ ပြဿနာကို အဆုံးသတ် လိုက်ကြရအောင်… လွန်ခဲ့တဲ့ သုံးနှစ် အတွင်းမှာ ပြန်လည် မွေးဖွားခြင်းဂိုဏ်းက ရှောင်မန်ကို စောင့်ရှောက် ပေးခဲ့တယ်… အဲဒီ မျက်နှာကို ထောက်ပြီး ဆေးနတ်ဘုရား မင်းသားကို လွှတ်ပေးလို့ ရမလား"

မဟာ အကြီးအကဲ လင်းရှန်းကမူ ဒေါသတကြီး အော်ဟစ်၏။

"ချန်းပေ့ရွှမ်း… ကောင်းကင်မင်းသားကို လွှတ်ပေးပြီး အညံ့ခံစမ်း"

သို့သော်လည်း သူတို့ မည်သည့် နည်းလမ်းဖြင့် ကြိုးစားစေကာမူ ချန်းဖန်မှာ ဂရုစိုက်ပုံ မရချေ။ သူက ကောင်းကင်သို့ မော့ကြည့်ကာ ဆိုလိုက်၏။

"မင်းတို့ ရှောင်မန်ကို စောင့်ရှောက်ထားတဲ့ အတွက် ငါ တစ်ခုခု ပြန်ပေးမှာပါ… ဒါပေမဲ့ ငါလုပ်ချင်တာကို ငါလုပ်မယ်… ငါ ဘာမလုပ်ရဘူးလို့ မင်းတို့ တားဆီးလို့ မရဘူး"

ထို့နောက် သူက ခြေထောက်အား ဆောင့်ကာ နင်းချလိုက်၏။

"ဘုန်း…"

ချန်းဖန်၏ ခြေဖဝါး အောက်တွင်ပင် ဆေးနတ်ဘုရား မင်းသား၏ နတ်ဘုရား စိတ်ဝိညာဉ်၊ ခန္ဓာ နှင့် ရွှေအမြုတေ တို့ကား အလင်းမှုန်များ အဖြစ် ပေါက်ကွဲသွား၏။ သူကား သေဆုံးသွားချေပြီ ဖြစ်လေသည်။

***

All Chapters