← Chapters

ဖမ်းဆီးခြင်း

Vol. 48 Ch. 480

ဖမ်းဆီးခြင်း

Vol. 48 Ch. 480

တောင်ခွဲဓားသည် ချန်းယွမ့်ဟုန်၏ ကြာပန်းအား ပျက်စီးစေရုံနှင့် မပြီးသေး။ ၎င်း၏ ကိုယ်ခန္ဓာကိုပါ ထက်ပိုင်းကွဲထွက်သွားစေ၏။

ချက်ချင်းဆိုသလိုပင် အနက်ရောင်မီးတောက်မီးလျံများ ဟုန်းဟုန်းထလာပြီး ချန်းယွမ့်ဟုန်၏ တကိုယ်လုံး ပြာကျသွားလေသည်။

ဤမြင်ကွင်းကို ဝေပိုင် ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရ၏။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက် ထက်ပိုင်း ကွဲထွက်သွားပြီး ပြာကျသွားသော မြင်ကွင်းသည် ဝေပိုင်အား အမှန်တကယ်ပင် ထိတ်လန့်တုန်လှုပ်သွားစေ၏။

စုချန်းသာ ပြန်ရောက်လာပါက ချန်းယွမ့်ဟုန်အတွက် အခက်အခဲတချို့ ကြုံစေမည်ကိုတော့ ဝေပိုင် သိထားပြီးသားပင်။ သို့သော် စုချန်း၏ အဆင့်အတန်းအရ ချန်းယွမ့်ဟုန်အပေါ် အနည်းငယ်လောက်သာ ဒုက္ခပေးနိုင်မည်ဟု ဝေပိုင် ယုံကြည်ထားခဲ့၏။

ယခုတော့ မမျှော်လင့်ပဲ ချန်းယွမ့်ဟုန်တယောက် အသက်ပင် ပေးလိုက်ရချေပြီ။

ဤအခြေအနေသည် ဝေပိုင်အား အရုပ်ကြိုးပြတ် ဖြစ်သွားစေ၏။ အံ့သြထိတ်လန့်သွားစေ၏။ မှိုင်တွေငေးမောသွားစေ၏။

ထိုအတွက်ကြောင့်ပင် ဝေပိုင်တယောက် ထွက်ပြေးနိုင်မည့် နောက်ဆုံး အခွင့်အရေးကို လက်လွတ်ဆုံးရှုံးလိုက်ရလေသည်။

ချန်းယွမ့်ဟုန်အား ရှင်းပစ်ပြီးသည်နှင့် စုချန်းက ဝေပိုင်အား လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ခင်ဗျား ရောက်လာပြီကိုး"

ထိုအချိန်မှာပင် ကျန်းစီချွေ့က လက်နှစ်ဖက်ကို လှုပ်ရှားလိုက်လေရာ ရေတံတိုင်းကြီး ထပ်မံပေါ်ပေါက်လာပြန်၏။

တချိန်တည်းမှာပင် အလင်းခွဲဓားနှင့် တောင်ခွဲဓားတို့သည်လည်း ၎င်းတို့၏ စွမ်းအားကို အပြည့်ဝဆုံး ဖော်ထုတ်ကာ ထပ်မံ လှုပ်ရှားလာပြန်၏။ အခြေအနေ မဟန်တော့မှန်း သိလိုက်ရ၍ ဝေပိုင် ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။ ထိုအခါကျမှ ချန်းယွမ့်ဟုန် အဘယ်ကြောင့် ထွက်မပြေးနိုင်ခဲ့မှန်း ဝေပိုင် ကိုယ်တိုင်ကိုယ်ကျ သဘောပေါက်သွားလေသည်။

ဝေပိုင် ထွက်ပြေးမည့် လမ်းကြောင်းအား စူးရှသော အလင်းတန်းကြီးက တိုးဝင်လာ၏။ ထိုမျှသာမက မိုးကြိုးရေနဂါးယာဥ်သည်လည်း ကြောက်စရာ အရှိအဟုန်နှင့် ဝေပိုင်ဆီသို့ ပျံသန်းလာ၏။ ထိုအပေါ်တွင် စုချန်းကိုယ်တိုင် လိုက်ပါလာလေသည်။

သေစေနိုင်သောစုန်းမ၊ လေခွဲပုံစံကွက်၊ ရေလှောင်ချိုင့်နှင့် များပြားလှသော မြားများကလည်း ဝေပိုင်အား အရပ်ရှစ်မျက်နှာမှ ပုံစံမျိုးစုံနှင့် တိုက်ခိုက်လာကြ၏။

ဝေပိုင်ကား အလွန်ပင် စွမ်းအား ကြီးမားသူ ဖြစ်သည်။ သို့တိုင်အောင် စုချန်းတို့လူစု၏ တိုက်ခိုက်မှုကြောင့် သူ ကြောင်အမ်းအမ်း ဖြစ်သွား၏။

သူ့ဦးခေါင်းပေါ်တွင်လည်း ချန်းယွမ့်ဟုန်ကဲ့သို့ပင် အရောင်များတောက်ပနေသည့် ကြာပန်းတပွင့် ပေါ်ပေါက်လာ၏။ ထို့နောက် ဝေပိုင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ကျုပ် အရှုံးပေးပါပြီ ကျုပ် အရှုံးပေးပါပြီ"

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ဖြစ်သော်ငြား အရှုံးပေးရမည်ကို ဝေပိုင် ရှက်ရွံ့ဟန်မရှိ။ တကယ်တမ်း ပြန်တွေးကြည့်လျင်လည်း အသက်ထက် ဘာမှအရေးမကြီးလေရာ ဝေပိုင်၏ အတွေးအခေါ် မှန်ကန်သည်ဟုပင် ဆိုရပေလိမ့်မည်။

တော်ဝင်မျိုးနွယ်စုများသည် ၎င်းတို့ ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားကြသော်လည်း အသက်ဘေးကြုံလာချိန်တွင်တော့ ထိုဂုဏ်သိက္ခာကို မြောင်းထဲသို့ လွှင့်ပစ်ရန် ဝန်မလေးကြမှန်း သိသာနေခဲ့ပေပြီ။

သို့သော် စုချန်းနှင့် ကျန်လူများကား ဝေပိုင်၏ တောင်းပန်မှုကို အရေးပင်မစိုက်။

တောင်ခွဲဓားကို သွက်လက်စွာ လှုပ်ရှားရင်း စုချန်းက ပြောလိုက်သည်။

"အရှုံးပေးလဲ ခင်ဗျားက သေရမှာပဲ"

"မဟုတ်ဘူး"

ဝေပိုင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ တချိန်တည်းမှာပင် ကြာပန်းမှ အလင်းရောင်များ ထွက်ပေါ်လာပြီး စုချန်း၏ တောင်ခွဲဓားကို တားဆီးလိုက်၏။ သို့သော် တောင်ခွဲဓား၏ အနားစွန်းများဆီမှ ထွက်ပေါ်လာသော အနက်ရောင်မီးတောက်များက ကြာပန်းအား အက်ကြောင်းထင်သွားစေ၏။ ဝေပိုင်၏ ကြာပန်းအုတ်မြစ်အား ပျက်စီးသွားစေရန် စုချန်းတယောက်တည်း စွမ်းဆောင်လိုက်ခြင်းပင်။ ကျန်လူများ၏ အကူအညီကိုပင် မလိုအပ်လိုက်။ ထို့ကြောင့် ဝေပိုင်၏ သွေးဗီဇစွမ်းအင်သည် အနီးကပ်တိုက်ခိုက်ရာတွင် ချန်းယွမ့်ဟုန်၏ သွေးဗီဇလောက်ပင် အားမကောင်းကြောင်း မြင်သာနေ၏။

အခြေအနေ မကောင်းတော့မှန်း ဝေပိုင် သဘောပေါက်လိုက်၏။ ဤအနေအထားတွင် မျက်တောင်တခတ်စာမျှ ဆိုင်းငံ့သွားပါက သူအသက်ပျောက်ရတော့မည်မှန်း ဝေပိုင် သဘောပေါက်လိုက်၏။

သူ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ အော်သံနှင့်အတူ လေနတ်ဘုရားဒဏ္ဍာရီမျောက်ဝံသည်လည်း ပေတထောင်တိုင်အောင် ရှေ့သို့ ခုန်ထွက်သွား၏။

ကနဦး ဝေပိုင် စုချန်းကို လိုက်ဖမ်းစဥ်က လေနတ်ဘုရားမျောက်ဝံ၏ တခါခုန်စာမှာ ပေ၃၀၀ခန့်သာ ရှိ၏။ ထို့ကြောင့် စုချန်း၏ စိတ်ထဲတွင် ပေ၃၀၀သည် လေနတ်ဘုရားမျောက်ဝံ၏ အများဆုံး ခုန်နိုင်သော အကွာအဝေးဟု ယူဆထားခဲ့၏။ ယခုကျမှ လေနတ်ဘုရားမျောက်ဝံသည် ပေတထောင်တိုင်အောင် ခုန်နိုင်ကြောင်း စုချန်း သိလိုက်ရလေသည်။

ထိုအချိန်မှာပင် ဝေပိုင်သည် ဖြတ်ခနဲ လှုပ်ရှားလိုက်၏။ သူ့ကိုယ်ခန္ဓာမှာလည်း ပေတထောင်အကွာအဝေးသို့ ရောက်ရှိသွားလေသည်။

ဝေပိုင်၏ လှုပ်ရှားမှုနှင့်စာလျင် ကျန်းစီချွေ့၏ ရေတံတိုင်းမှာ နှေးကွေးလွန်းနေ၏။ ဤအတောအတွင်းတွင် ဝေပိုင်သည် နတ်ဘုရားလေပြေးလွှားခြင်းကို သုံး၍ သုံးကြိမ်တိုင်တိုင် ခုန်ခဲ့ပြီးလေပြီ။ အချိန်တိုအတွင်းတွင် စွမ်းအားပြည့် ထုတ်သုံးလိုက်ရခြင်းကြောင့် ဝေပိုင်၏ ကြာပန်းအုတ်မြစ်မှာ ပို၍ အက်ကွဲလာလေသည်။ သို့တိုင်အောင် ဝေပိုင်ကား ရေတံတိုင်း၏ အပြင်ဘက်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။

ကျန်းစီချွေ့သာမက ပင်လယ်ဓားပြများ၊ တိမ်တိုက်ကျားသစ်နှင့် သံမဏိတို့သည်လည်း နောက်တွင် ကျန်ရစ်ခဲ့ကြ၏။

စုချန်းတယောက်သာ မိုးကြိုးရေနဂါးလွန်းပျံယာဥ်၏ အစွမ်းနှင့် ဝေပိုင်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါနိုင်ခဲ့လေသည်။ သို့သော် စုချန်းကား လူမိုက်မဟုတ်။ ချက်ချင်းဆိုသလိုပင် နောက်ပြန်လှည့်ကာ ကျန်းစီချွေ့နှင့် ကျန်လူများအား ယာဥ်ပေါ်တွင် စီးနင်းလိုက်စေ၏။

ထိုအချိန်တွင် ဝေပိုင်ကို မိုးကုပ်စက်ဝိုင်းဆီတွင် ပျပျမျှသာ မြင်ရတော့၏။

စုချန်းကို ယာဥ်ကို သရဲပူးတမျှသော အမြန်နှုန်းနှင့် မောင်းနှင်ကာ ဝေပိုင်နောက်သို့ စတင်လိုက်ပါတော့သည်။ ထိုအချိန်တွင် ကျန်းစီချွေ့က မျက်မှောင်ကုတ်ရင်း ပြောလိုက်၏။

"ကျုပ်အဖွဲ့သားတွေ မပါပဲနဲ့ ဒီလောက်လူကလေးနဲ့ ဒီလူကို နိုင်ပါ့မလား"

အမှန်တကယ်လည်း စုချန်း၏ ယာဥ်ပေါ်တွင် စုချန်း အပါအဝင် ကျန်းစီချွေ့၊ သံမဏိ၊ တိမ်တိုက်ကျားသစ်နှင့် မာဟွမ်းဖေအမည်ရှိ ကျန်းစီချွေ့၏ လက်ထောက်တို့သာ ပါဝင်၏။

ထိုအခါ စုချန်းက ပြောလိုက်၏။

"မင်းတို့ ဘာမှစိတ်မပူနဲ့ အေးအေးဆေးဆေး အနားယူထားကြ ဒီလူ ဒဏ်ရာရနေပြီ သူ့ရဲ့ ကြာပန်းအုတ်မြစ်ကလဲ ပျက်စီးသွားပြီ ကျုပ် မိုးကြိုးရေနဂါးယာဥ်ကို သုံးပြီး ဒီလူနောက် အမှီလိုက်လိုက်မယ်"

"မိုးကြိုးရေနဂါးယာဥ် ဟုတ်လား ဒီတော့ ဒီယာဥ်က မိုးကြိုးရေနဂါးဧကရာဇ်ရဲ့ ကိုယ်ခန္ဓာနဲ့ တည်ဆောက်ထားတာပေါ့ ဒီယာဥ် သိပ်ကောင်းနေတာ ဒီအတိုင်းဆို အံ့သြစရာမရှိဘူးပဲ"

ကျန်းစီချွေ့က အံ့သြတကြီးနှင့် ချီးကျူးလိုက်သည်။

တကယ်တော့ နေ့တဝက်ခန့် အပြင်းအထန် တိုက်ခိုက်လိုက်ရ၍ သူတို့အားလုံး မောပန်းနေခဲ့လေပြီ။ ကုန်ဆုံးသွားသော မူလစွမ်းအင်များကို မူလကျောက်တုံးများနှင့် ပြန်လည်ဖြည့်တင်း၍ ရသော်လည်း ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုအတွက်တော့ သူတို့ မဖြစ်မနေ အနားယူရပေလိမ့်မည်။

"ဒါ ဘယ်လောက်ကျသလဲ ခင်ဗျား မှန်းကြည့်စမ်း"

တိမ်တိုက်ကျားသစ်က ကျန်းစီချွေ့အား မေးလိုက်၏။

"အနည်းဆုံး မူလကျောက်တုံး သန်းတစ်ရာလောက် ကျမှာပေါ့ကွာ ကျုပ်သိချင်တာက ဒီပိုက်ဆံ ဘယ်ကရသလဲဆိုတာပဲ"

စုချန်း ပြုံးလိုက်၏။

"သန်း၆၀လောက်ပဲ ကျတာပါကွာ ဒီယာဥ်မှာ အားနည်းချက်နည်းနည်းပါးပါး ရှိတယ်လေ ဒါ့အပြင် ကျုပ်က တခြားပစ္စည်းနည်းနည်းပါးပါးပါ ထပ်ဝယ်တော့ သူတို့ စျေးလျှော့ပေးလိုက်တာပေါ့"

"မင်းက တခြားပစ္စည်းတွေပါ ထပ်ဝယ်လိုက်သေးတယ်ပေါ့ စုစုပေါင်းဘယ်လောက်ကျသွားသလဲ"

စုချန်းက ခေါင်းတချက်ဆတ်ရင်း ပြောလိုက်သည်။

"မူလကျောက်တုံး ၁.၅၅မီလျံ"

ကျန်းစီချွေ့ မျက်လုံးပြူးသွား၏။

"ရှည်လျားရစ်ခွေမြို့တော်မှာ တထိုင်တည်းနဲ့ မင်း မူလကျောက်တုံး ၁၆၀မီလျံ သုံးလာတယ်လို့ မင်း ပြောနေတာလား"

စုချန်းက ဘာမှမထူးဆန်းသည့် လေသံနှင့် ပြောလိုက်သည်။

"တကယ်တော့ ကျုပ်သုံးတာ ၃၀၀မီလျံ ဒါမှမဟုတ် ဒီထက် များရင် များမယ်"

ကျန်းစီချွေ့ မျက်လုံးများ ပြာဝေသွား၏။ မာဟွမ်းဖေမှာ ဖျားချင်သလိုပင် ဖြစ်သွားလေသည်။

"မင်း ဘယ်လောက်သုံးခဲ့သလဲ အတိအကျ ပြောစမ်းပါကွာ"

"ကျားသစ် မင်းပဲ သူ့ကို ပြောပြလိုက်"

ထိုအချိန်တွင် စုချန်းတို့၏ ယာဥ်သည် ဝေပိုင်အား လိုက်မှီလာပြီ ဖြစ်သည်။ သို့သော် အင်အားချင်းကွာခြားနေသေး၍ စုချန်းက မ်ိုက်ရူးရဲဆန်ရန် မကြိုးစား။ ထိုအစား သူက ဝေပိုင်ကို အလင်းတန်းအမြောက်နှင့် ချိန်ရွယ်လိုက်၏။

မိုးကြိုးရေနဂါးယာဥ်၏ အမြောက်ပစ်ခတ်နှုန်းမှာ သိပ်မမြန်လှ။ သို့သော် ပြင်းထန်သော ပစ်အားကြောင့် ဝေပိုင်အနေနှင့် မရှောင်တိမ်းပဲ မနေရဲ။ ထိုအတွက် စွမ်းအင်တချို့ကိုလဲ ဝေပိုင် ထုတ်နှုတ်သုံးစွဲရပေလိမ့်မည်။

တဖက်တွင်လည်း ဝေပိုင်၏ အမြန်နှုန်းမှာ မိုးကြိုးရေနဂါးယာဥ်ထက် နိမ့်ကျနေလေရာ သူ့အနေနှင့် မည်မျှပင် ကြိုးစားစေကာမူ စုချန်း၏လက်မှ ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်းမရှိချေ။

သူ့ထံသို့ ထပ်ခါ ထပ်ခါ ပစ်ခတ်နေသော အမြောက်ကိုကြည့်ရင်း ဝေပိုင် ဒေါသထွက်လာ၏။

"တခြားလူတွေမပါပဲ မင်းတို့လောက်နဲ့ ငါ့ကို တကယ်ပဲ နိုင်မယ်ထင်နေတာလားကွ"

အော်ဟစ်ကြိမ်းမောင်းပြီးသည်နှင့် ဝေပိုင် နောက်သို့လှည့်လိုက်၏။ တချိန်တည်းမှာပင် ဝေပိုင်၏ သွေးဗီဇဖြစ်သော အပြာရောင်သွေးနတ်ဘုရားဒဏ္ဍာရီမျောက်ဝံ ပေါ်ပေါက်လာ၏။ ကောင်းကင်တခွင်လုံးသည်လည်း လေပြင်းမုန်တိုင်းများ တိုက်ခတ်လာ၏။ ကြီးမားလှသော အပြာရောင်လက်ကြီးတချောင်းကလည်း မိုးကြိုးရေနဂါးယာဥ်အား ရိုက်ချလာလေသည်။

ထိုအနေအထားကို မြင်သည်နှင့် စုချန်းက မိုးကြိုးရေနဂါးယာဥ်ကို ချက်ချင်းပင် နောက်သို့ဆုတ်လိုက်သည်။

စုချန်း တကယ်ပင် ထွက်ပြေးဖို့ ကြံစည်လေသလော....

***

All Chapters