← Chapters

သစ္စာတရားရဲ့ပြယုဂ် ၁

Vol. 50 Ch. 494

သစ္စာတရားရဲ့ပြယုဂ် ၁

Vol. 50 Ch. 494

လက်နက်ချလိုက်ပြီ!!

လင်းဖန်းထန်ကား နောက်ဆုံးတွင် အမှန်တကယ် လက်နက်ချ အရှုံးပေးလိုက်လေပြီ။

သူ လက်နက်မချ၍လည်း မဖြစ်။ တိုက်ပွဲဝင်နေသူတိုင်းလိုလိုသည် သူ့တပည့်လက်သားများသာ ဖြစ်သည်။ အကယ်၍ သူသာ လက်နက်မချပါက လူ၂၀၀လုံး အသက်ပျောက်ရပေတော့မည်။

လက်နက်ချလိုက်မှသာ အသေအပျောက် နည်းသွားမည် မဟုတ်ပါလား။

သည်းထိတ်ရင်ဖိုတိုက်ပွဲကား ဤနည်းအတိုင်း အဆုံးသတ်သွားခဲ့လေသည်။

တိုက်ပွဲတွင် လင်းဖန်းထန်၏ သာမာန်သိုင်းသမား ၁၈၀အနက် တဝက်ခန့်မှာ ဒဏ်ရာရကုန်ကြ၏။ အခြေအနေဆိုးသူများမှာ အသက်ပင် ပျောက်ကုန်ကြ၏။ ချီစွမ်းအားပညာရှင်အယောက်၂၀မှာကား အခြေအနေမဆိုးသည့်တိုင် အတော်လေး ထိတ်လန့်ကုန်ကြလေသည်။ စုချန်းဘက်မှာ သိုင်းသမားအယောက်၂၀၀မှာကား တယောက်မှ မသေသည့်အပြင် အနည်းငယ်မှ မောပန်းပုံမရပဲ အချင်းချင်းပင် စနောက်နေနိုင်ကြသေး၏။

စုချန်းကား သာမာန် သိုင်းသမားများကို ဤအခြေအနေထိ ရောက်အောင်ပင် ဖန်တီးနိုင်ခဲ့ချေသည်တကား။ ၎င်းတို့၏ အင်အားသည် မြင်ရသူအပေါင်းကို အံ့သြထိတ်လန့်သွားစေခဲ့သည်ကတော့ အမှန်ပင်။

တကယ်တော့ စုချန်းက လင်းဖန်းထန်အား မပြောပြလိုက်ရသေးသည့် တချက် ကျန်သေး၏။ ၎င်းမှာ မူလစွမ်းအင်တဝက်၊ သွေးချီစွမ်းအင်တဝက် ပေါင်းစပ်သုံးစွဲခြင်းသည် လူသားများနှင့် ပို၍ လိုက်ဖက်သည် ဟူသည်ကိုပင်။

လူသားများသည် ရုပ်ပိုင်းဆိုင်ရာအရ ထင်သလောက် အားနည်းသူများ မဟုတ်။ ထို့ပြင် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်လာခြင်းကြောင့် အလွန်များပြားသော သွေးချီစွမ်းအင်များကိုလည်း ပိုင်ဆိုင်ထားသေး၏။ ထို့ကြောင့် လူသားများသည် သတ်ဖြတ်သူများလောက် မသန်မာသည့်တိုင် ကိုယ်နည်းကိုယ့်ဟန်နှင့် အတိုင်းအတာတခုထိ သန်မာကြသည်သာ ဖြစ်သည်။ ဤအနေအထားတွင် သွေးချီစွမ်းအား သုံးစွဲမှုကို တဝက်တိတ်ိ လျော့ချလိုက်နိုင်သောအခါ စုချန်း၏ သိုင်းသမားများသည် ရုပ်ပိုင်းဆိုင်ရာအရ ပို၍ အချိန်ကြာမြင့်စွာ တိုက်ခိုက်နိုင်လာတော့သည်။

၎င်းကို အပြေးသမားတဦးနှင့် ဥပမာပေးပါက ပို၍ ကွဲပြားစွာ မြင်နိုင်လာမည် ဖြစ်သည်။ အပြေးသမားတဦးသည် အားကုန်သုံးကာ ပြေးမည့်အစား အင်အား တဝက်ခန့်သာ စိုက်ထုတ်ပြေးလွှားပါက ၎င်းရောက်ရှိနိုင်မည့် အကွာအဝေးမှာလည်း အားကုန်သုံး ပြေးလွှားပါက ရောက်နိုင်မည့်အကွာအဝေးထက် ဆယ်ဆခန့် ပိုလာပေလိမ့်မည်။

သွေးချီစွမ်းအင်အား အသုံးပြုပုံမှာလည်း ဤနည်းအတိုင်းသာ ဖြစ်သည်။

ထိုသဘောတရားသည် စုချန်း၏ တီထွင်မှုအား များစွာ အကျိုးပြုခဲ့၏။ လက်ရှိတွင် သွေးနီဥပြိုကွဲဆေးမင်၏ အသုံးဝင်ပုံမှာကား အံ့မခန်းအနေအထားသို့တိုင် ရောက်ရှိနေခဲ့လေပြီ။

စုချန်း၏ သိုင်းသမားများသည် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ် ပညာရှင်တယောက်၏ အဆင့်အတန်းသို့ ရောက်ရှိလာရန် မူလကျောက်တုံး တစ်တုံးသာ လိုအပ်၏။ ကုန်ကျစရိတ် နည်းသလောက် အလွန် အကျိုးရှိသော တီထွင်မှုပေတည်း။

အနာဂတ်တိုက်ပွဲများတွင် သွေးနီဥပြိုကွဲဆေးမင်ရေးထိုးထားသည့် တပ်ဖွဲ့ကြီးများ ဝင်ရောက်တိုက်ခိုက်နေသည့် မြင်ကွင်းကို မြင်ယောင်ကြည့်ပါက အထူးပင် တုန်လှုပ်ခြောက်ခြားစရာ ကောင်းနေ၏။

တကယ်တော့ အဆိုပါ တုန်လှုပ်ခြောက်ခြားမှုမျိုးကို ပထမဆုံး ခံစားမိသူမှာ လန်းဖန်းထန်ပင် ဖြစ်သည်။ သို့မဟုတ်ပါက လင်းဖန်းထန်ကိုယ်တိုင်လည်း ဤမျှ အလွယ်တကူ လက်လျော့လိမ့်မည် မဟုတ်။ အကယ်၍ စုချန်းကသာ သွေးနီဥပြိုကွဲဆေးမင်ရေးထိုးထားသည့် တပ်ဖွဲ့ကြီး ဖန်တီးလိုက်ပါက ကြည်လင်မြစ်မြို့တော်ရှိ တော်ဝင်မျိုးနွယ်စုများအားလုံး ၎င်း၏ လက်ခုပ်ထဲရှိ ရေဘဝသို့ ကျရောက်သွားဖွယ်ရာ ရှိနေ၏။

သို့သော် စုချန်းက ထိုသို့ မလုပ်။

တော်ဝင်မျိုးနွယ်စုများကို ရှင်းပစ်ရန်မှာ သူ့လက်နှင့် ကိုယ်တိုင်စွမ်းဆောင်နိုင်သောအရာ ဖြစ်သည်။ ဘီလျံနှင့်ချီသော မူလကျောက်တုံးများ သုံးစွဲရန်မလိုဟု စုချန်းက ယူဆထား၏။

လင်းဖန်းထန် လက်နက်ချလိုက်သည်နှင့် တပြိုင်နက် လင်းအိမ်တော်တခုလုံး စ်ိတ်ပျက်လက်ပျက် ဖြစ်သွား၏။

သူတို့အားလုံး အလွယ်တကူ အရှုံးပေးရပြီ မဟုတ်ပါလား။

ဘာလဲ...ငါတို့က ဒီအတိုင်းပဲ အလွယ်တကူ အရှုံးပေးလိုက်ရတော့မှာလား...

တော်ဝင်မျိုးနွယ်စုတွေက ဒီအတိုင်းပဲ ခေါင်းငုံ့ပေးလိုက်ရတော့မှာလား...

ထိုအခါ လင်းမျိုးနွယ်စုဝင် အတော်များများသည် အထက်ပါ တိုက်ပွဲရလဒ်အား လိုလိုလားလားနှင့် လက်မခံနိင်ပဲ ဖြစ်နေကြ၏။

စုချန်းကလည်း ၎င်းတို့ရင်ထဲရှိ ခံစားချက်နှင့်အတွေးများကို ချက်ချင်းနားလည်သဘောပေါက်လိုက်၏။ ထိုအခါ သူက တည့်တည့်ပင် ပြောလိုက်သည်။

"အကြီးအကဲလင်းအနေနဲ့ လက်နက်ချဖို့တော့ သဘောတူလိုက်ပြီ ဒါ ကောင်းပါတယ် အသေအပျောက်မများတော့ဘူးပေါ့ ဒါပေမဲ့ လက်နက်ချတယ်ဆိုတာ စကားတခွန်း ပြောလိုက်ရုံနဲ့ ပြီးမြောက်သွားတာမျိုး မဟုတ်ဘူးဆိုတာကိုတော့ နားလည်ထားဖို့သင့်တယ်"

"မင်း ဘာလိုချင်လို့လဲ"

"ခင်ဗျားတို့ရဲ့ သစ္စာတရားကို ပြသရလိမ့်မယ်"

သစ္စာတရားကို ပြရမယ်ဆိုပါကလား...

"ကျုပ်က ဘယ်ကိုသွားပြီး သစ္စာတရားကို ပြရမှာလဲ"

လင်းဖန်းထန်က မေးလိုက်၏။

"ခင်ဗျား ဘယ်ကိုမှ သွားနေစရာမလိုဘူး တစုံတယောက်က ခင်ဗျားအတွက် အခွင့်အရေး ဖန်တီးပေးလာလိမ့်မယ်"

အခွင့်အရေး ဖန်တီးပေးလာလိမ့်မယ် ဆိုပါကလား...

ထိုအချိန်မှာပင် အဝေးဆီမှ အသံတသံ ထွက်ပေါ်လာ၏။

"စုချန်း မင်းဘာတွေ လုပ်နေတာလဲ"

လူတိုင်းက အသံထွက်ပေါ်လာရာကို လှမ်းကြည့်လိုက်ရာ လူတစုကို ဦးဆောင်ပြီး သူတို့ရှိရာသို့ လျှောက်လာသော ချန်းဝမ်ဟွေကို မြင်တွေ့လိုက်ရ၏။

စုံစမ်းစစ်ဆေးရေးဗျူရိုသည်ကား ချိန်သားကိုက် ရောက်ရှိလာခဲ့လေပြီ။

ချန်းဝမ်ဟွေကို ကြည့်ရင်း စုချန်းက ပြုံးလိုက်သည်။

"လက်စသတ်တော့ ဆရာချန်းကိုး ဘယ့်နှယ်လဲ ဆရာချန်း မြို့အနောက်ဘက်ခြမ်းထိ တကူးတက ရောက်လာတယ်ဆိုတော့ အချိန်တွေ အတော်ပေါနေတယ်နဲ့ တူတယ်"

"ကျုပ်သာ ရောက်မလာရင် မင်းက လင်းမျိုးနွယ်စု တစုလုံးကို ရှင်းပစ်တော့မှာမလား"

ချန်းဝမ်ဟွေက တင်းမာသော လေသံနှင့် ပြောလိုက်၏။

"တယ်လဲမာန်ထောင်တဲ့ကောင်ပါလား မင်းမှာ ဘာအခွင့်အရေးရှိလို့ လူစုပြီး တော်ဝင်မျိုးနွယ်စုတွေကို တိုက်ခိုက်ရတာလဲ"

"တော်ဝင်မျိုးနွယ်စုတွေက ကျုပ်ကို တိုက်ခိုက်ရအောင် သူတို့ကိုကော ဒီအခွင့်အရေး ဘယ်သူက ပေးထားသလဲ"

ချန်းဝမ်ဟွေက ပြန်ပြောလိုက်၏။

"အကြီးအကဲတွေက အဲဒီကိစ္စအတွက် ဆုံးဖြတ်ချက် ချလိုက်ပြီ"

"ဘာဆုံးဖြတ်ချက်လဲ"

"အဲဒါ ဘာမှမဟုတ်ဘူး နားလည်မှုလွဲမှားတာသက်သက်ပဲ အဲဒီနေ့က အကြီးအကဲဝမ်ဟာ လူဆိုးတယောက်ကို လိုက်ဖမ်းနေတာ အဲဒီမှာ မတော်တဆ မင်းကို တိုက်ခိုက်မိတာပဲ"

"သူ ကျုပ်နာမည်ကိုတောင် အော်ပြောသွားတာလေဗျာ"

"မှန်တယ် ဒါပေမဲ့ သူပြောတာက မင်းကို အဲဒီနေရာက ထွက်သွားဖို့ပြောတာ ခက်တာက သူ ပြောတာကို မင်း ရှင်းရှင်းလင်းလင်း မကြားလိုက်တာပဲ ဘာပဲဖြစ်ဖြစ် အကြီးအကဲတွေဖက်က ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုတော့ မင်းအနေနဲ့ ဒါကို ကလန်ကဆန် မလုပ်ပါနဲ့ ဒါကို တော်ဝင်မျိုးနွယ်စုတွေကို တိုက်ခိုက်ဖို့ အကြောင်းပြချက်အနေနဲ့ မသုံးပါနဲ့"

"တိုက်ခိုက်ဖို့အတွက် အကြောင်းပြချက် ဟုတ်လား"

စုချန်းက မျက်မှောင်ကုတ်ရင်း ပြောလိုက်၏။

"ဆရာချန်း ဘာတွေပြောနေတာလဲ ကျုပ် လင်းမျိုးနွယ်စုကို တိုက်ခိုက်ဖို့ ဒါကို အကြောင်းပြချက်အနေနဲ့ မသုံးခဲ့ပါဘူး"

"မင်း ဗြောင်လိမ်ရဲသလား"

ချန်းဝမ်ဟွေက တိုက်ပွဲဖြစ်ပွားခဲ့သော ကွင်းပြင်ကို လက်ညိုးထိုးရင်း ပြောလိုက်၏။

"ဒီမှာ အလောင်းအတော်များများ တွေ့တယ် အဲဒါကို မင်း ဘယ်လိုပြောမလဲ"

"ဒါ ကျုပ်နဲ့ ဘယ်လိုမှ မသက်ဆိုင်ပါဘူးလေ"

စုချန်းက အေးဆေးတည်ငြိမ်သော လေသံနှင့် ပြန်ပြောလိုက်၏။

"ကျုပ်ဟာ မူလဗျူရိုအတွက်ပဲ တာဝန်ရှိတယ် လူသတ်သမားတွေဟာ မူလဗျူရိုက မဟုတ်ဘူးလို့ ကျုပ် အာမခံနိုင်တယ် တခြားလူတွေ ဘာလုပ်လုပ် ကျုပ်နဲ့ မဆိုင်ဘူး"

ချန်းဝမ်ဟွေ ကြောင်သွား၏။ ထိုအချိန်တွင် ဝန်ဝေစင်းနှင့် ကောက်လုံတို့က ပြိုင်တူရယ်မောရင်း ပြောလိုက်ကြသည်။

"သူတို့ကို သတ်ပစ်တာ ကျုပ်တို့ပဲဗျ ဒီတော့ ဆရာချန်း ခင်ဗျား ဘာပြောချင်သလဲ"

ချန်းဝမ်ဟွေ၏မျက်နှာ မဲခနဲ ဖြစ်သွား၏။

"မင်းတို့ကောင်တွေ ဟုတ်လား တော်ဝင်မျိုးနွယ်စုတွေကို သစ္စာဖောက်ရင် ဘယ်လိုအကျိုးဆက်တွေ လာမလဲ မင်းတို့သိတယ်မလား"

သို့သော် ဝန်ဝေစင်းနှု့် ကောက်လုံကား ချန်းဝမ်ဟွေကို ဂရုပင်မစိုက်။

ထိုစဥ် စုချန်းက ပြောလိုက်ပြန်သည်။

"ကဲ တွေ့ပြီလား ကျုပ်မှာ ဘာအပြစ်မှ မရှိဘူး သူတို့ဟာ ကျုပ်လူတွေ မဟုတ်ဘူး သူတို့ ဘာလုပ်လုပ် ကျုပ်နဲ့ မဆိုင်ဘူး ကျုပ်က ကျုပ်တာဝန်ကို ကျုပ် လုပ်ဆောင်နေတာ မူလချီစွမ်းအားပညာရှင်တွေအကြား တိုက်ပွဲမှန်သမျှဟာ ကျုပ်နဲ့ သက်ဆိုင်တယ်မလား ဒါပေမဲ့ ခု တိုက်ပွဲဖြစ်နေကြတာက ချီစွမ်းအားပညာရှင်တွေ မဟုတ်ဘူး သာမာန်လူတွေပဲ ဒီတော့ ကျုပ်မှာ ဘာမှလုပ်စရာမရှိတော့ဘူးပေါ့"

ချန်းဝမ်ဟွေ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ တကယ်လဲ သေဆုံးနေသူများမှာ သာမန်သိုင်းသမားများသာ ဖြစ်နေ၏။ ချီစွမ်းအားပညာရှင် တယောက်မှ မပါပေ။

ချန်းဝမ်ဟွေ အကြီးအကျယ် ဒေါသထွက်လာ၏။ သူ့မျက်လုံးထဲတွင်တော့ စုချန်းကို သတ်ဖြတ်လိုသော အရိပ်အယောင်များ လွှမ်းမိုးနေလေသည်။

"စုချန်း"

ချန်းဝမ်ဟွေ အော်ဟစ်ကြုံးဝါးလိုက်သည်။

သို့သော် စုချန်းကား အပြုံးပင်မပျက်။ သူက ပြောလိုက်၏။

"နောက်ဆုံးတော့ သုံးစားမရတဲ့ အကြောင်းပြချက်တွေ ပေးနေတာ ရပ်ပစ်ရမဲ့ အချိန်ရောက်ပြီပေါ့ ခင်ဗျား ကျုပ်နဲ့ တိုက်ခိုက်ချင်တယ်မလား ဒါဆိုလဲ လာလေ တိုက်ကြတာပေါ့ ဘာအကြောင်းပြချက်မှ ပေးမနေပဲ ဒီအတိုင်း တိုက်ကြတာပေါ့"

စကားဆုံးသည်နှင့် သူက လက်တဖက်ကို ဝေ့ယမ်းရင်း အချက်ပြလိုက်သည်။

ချန်းဝမ်ဟွေ အော်ဟစ်ရယ်မောလိုက်၏။

"မင်းပြောတာ မှန်တယ် ဘာကြောင့် အကြောင်းပြချက်တွေ ပေးနေမလဲ ဒီအတိုင်း တိုက်ကြတာပေါ့ ဒါပေမဲ့ မင်းတကယ်ပဲ ကျုပ်ကို နိုင်မယ် ထင်နေသလား"

"ကျုပ်တို့မှ မတိုက်ရသေးပဲ နိုင်မနိုင် ဘယ်လိုလုပ် သိနိုင်မလဲ"

စကားဆုံးသည်နှင့် စုချန်းက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ များပြားလှသော လူအုပ်ကြီး ရှေ့သို့ ခုန်ထွက်လာ၏။

ဤတကြိမ် စုချန်း အသုံးပြုလိုက်သည့်သူများမှာ သာမာန်သိုင်းသမားများ မဟုတ်။ ဂိုဏ်းနှစ်ဂိုဏ်းမှ ချီစွမ်းအားပညာရှင်များပင် ဖြစ်သည်။ ထိုအချိန်တွင် မူလဗျူရိုမှ လူများကား စုချန်း ပြောသည့်အတိုင်း တုပ်တုပ်မျှပင် မလှုပ်ကြ။

"ဟား ဟား ဟား ဒီလို အမှိုက်တွေနဲ့ ငါ့ကို အန်တုချင်သလားကွ"

စကားဆုံးသည်နှင့် ချန်းဝမ်ဟွေ၏ ကိုယ်ခန္ဓာဆီမှ မရေမတွက်နိုင်သော နွယ်ပင်များ ပေါ်ထွက်လာပြီး ၎င်းတို့သည် မြွေများပမာ ရန်သူများဆီသို့ ပုံစံမျိုးစုံနှင့် တိုးဝင်သွားကြလေသည်။

ဤတကြိမ်တွင်တော့ ချန်းဝမ်ဟွေသည် သန့်ရှင်းရေးနှင်းကြာပန်းကို မသုံး။ သူ၏ သွေးဗီဇဖြစ်သော နုပျိုခြင်းသစ်ပင်စောင့်နတ်သွေးဗီဇကိုသာ ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ မရေမတွက်နိုင်သော နွယ်ပင်များကား ရန်သူများဆီသို့ တိုးဝင်သွားကြလေပြီ။

နွယ်ပင်များကား စပါးကြီးမြွေများပမာ သူတို့နှင့် နီးစပ်ရာ ရန်သူများကို အသက်သေသည်အထိ ရစ်ပတ်ပစ်ကြကုန်၏။

ကျောက်သားသံချပ်ကာသည်ပင် နွယ်ပင်များ၏ တိုက်ခိုက်မှုကို ခံနိုငိရန် ခက်ခဲ၏။ အားပါလှသော ရစ်ပတ်မှုအောက်ဝယ် သံချပ်ကာသည်ပင် အက်ကွဲစပြုလာလေသည်။

ထိုအချိန်တွင် စုချန်းဘက်မှ ချီစွမ်းအားပညာရှင်များကလည်း ပြိုင်တူလှုပ်ရှားလိုက်ကြ၏။ မရေမတွက်နိုင်သော ဓားလှိုင်းများ ချန်းဝမ်ဟွေဆီသို့ ဦးတည်သွားလေသည်။

ချန်းဝမ်ဟွေကလည်း ခေသူမဟုတ်။ တဖက်ရန်သူများ၏ တန်ပြန်တိုက်စစ် စတင်သည်နှင့် သူ့နဖူးပေါ်တွင် အပြာရောင်အလင်းတန်းတခု ပေါ်ပေါက်လာ၏။

သန့်ရှင်းရေးနှင်းကြာပန်းနှင့် တဖက်ရန်သူများ၏ တိုက်ခိုက်မှုကို ချန်းဝမ်ဟွေ ပိတ်ဆို့ထားလိုက်ခြင်းပင်။ တချိန်တည်းမှာပင် နွယ်ပင်များကလည်း နောက်ပြန်ဆုတ်သွား၏။ ၎င်းတို့၏ လက်တံများထဲတွင် သွေးနီဥပြိုကွဲဆေးမင်ထိုးထားသော သိုင်းသမားရှစ်ယောက်ခန့် ပါဝင်သွားလေသည်။

"ဘာမှသုံးစားမရတဲ့ကောင်တွေ ရှက်စရာကောင်းလိုက်တာကွာ"

ချန်းဝမ်ဟွေ နှာခေါင်းတချက်ရှုံ့ပြီး လေထဲသို့ လက်ဝါးနှင့် ရိုက်ချလိုက်ပြန်၏။ လက်ဝါးရိုက်ချက်ကြောင့် ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်လာပြီး ချီစွမ်းအားပညာရှင်တချို့ နောက်သို့ လွင့်စင်သွားလေသည်။

ထိုအချိန်တွင် စုချန်းက အော်ပြောလိုက်သည်။

"မဆိုးဘူး ဒီလူ အစွမ်းရှိသားပဲ ဒါနဲ့ အကြီးအကဲလင်း ခင်ဗျား ခုနက ဘာပြောခဲ့တာလဲဗျ"

All Chapters