← Chapters

လက်နက်ချသူအား အပျော့ဆွဲ ဆွဲခြင်း

Vol. 50 Ch. 496

လက်နက်ချသူအား အပျော့ဆွဲ ဆွဲခြင်း

Vol. 50 Ch. 496

လျန်အိမ်တော်တွင် ဖြစ်သည်။

လျန်ရှန်းချန်သည် ထိုင်ခုံပေါ်တွင် ထိုင်နေ၏။ သူ၏ မျက်နှာမှာ မဲမှောင်နေပြီး ကြည့်ရဆိုးနေ၏။

သူ့ရှေ့တွင်တော့ လက်အောက်ငယ်သားတယောက်က အသင့်အနေအထားနှင့် မတ်တပ်ရပ်လျက်ရှိသည်။ သူက ပြောလိုက်၏။

"အကြီးအကဲချွန်နဲ့ သူလက်အောက်ကလူတွေ တယောက်မကျန် သေကုန်ကြပြီလို့ အတိအကျ သတင်းရပါတယ် သခင်ကြီး လမ်းထဲမှာလဲ အလောင်းတွေ ပြန့်ကျဲနေပြီ တလမ်းလုံး သွေးတွေနဲ့ ရဲပဒေါင်းခတ်နေပါတယ်တဲ့"

"ဘယ်သူ့လက်ချက်လဲ သိရပြီလား"

အနှီ လက်အောက်ငယ်သားက ခေါင်းခါပြလိုက်၏။

"ဘာမှတော့ ရေရေရာရာ မသ်ိရသေးပါဘူးသခင်ကြီး ဒါပေမဲ့ စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ အကြီးအကဲ ချန်း ရောက်လာတာတော့ တွေ့တယ် အခင်းဖြစ်တဲ့နေရာကို ကြည့်ပြီးတာနဲ့ အကြီးအကဲချန်းဟာ သူ့လူတွေခေါ်ပြီး မြို့တော်အနောက်ဘက်ခြမ်းကို ထွက်သွားပါတယ်"

"မြို့တော် အနောက်ဘက်ခြမ်း...."

လျန်ရှန်းချန် တီးတိုးရေရွတ်လိုက်သည်။

လင်းဖန်းထန်ဆီ သွားတာများပဲလား...

ဒီကောင် စုချန်း အတော်ကို ခြေလှမ်းသွက်နေတာပဲ...

လျန်ရှန်းချန် ကြိတ်၍သက်ပြင်းချလိုက်၏။

သာမာန်အားဖြင့် သူသည် ထိုသတင်းကို ကြားလျင်ကြားချင်း လင်းမျိုးနွယ်စုထံသို့ စစ်ကူများ စေလွှတ်သင့်၏။

သို့သော် လက်တွေ့တွင်ကား သူသည် ကျောက်ရုပ်ကြီးကဲ့သို့ ငြိမ်သက်စွာ ထိုင်လျက်ရှိ၏။

၎င်းကိုကြည့်ရင်း လက်အောက်ငယ်သားသည် အံ့သြလာဟန်ရှိ၏။ ထို့နောက် သူက ခေါ်လိုက်သည်။

"သခင်ကြီး......"

"ကျုပ် သိတယ် လောလောဆယ် မင်း သွားနိုင်ပြီ"

ထိုအခါ ၎င်းက အားတင်းကာ ထပ်မံတိုက်တွန်းလိုက်ပြန်သည်။

"သခင်ကြီး စုချန်းဟာ ကျွန်တော်တို့ မျိုးနွယ်စုတွေကို တစုပြီး တစု လိုက်ရှင်းနေတာ သေချာသလောက် ရှိနေပြီ ခုချက်ချင်း လင်းမျိုးနွယ်စုဆီ စစ်ကူမပို့ဘူးဆိုရင် နောက်တကြိမ်....."

"ဒါကို ကျုပ် သိတယ်လို့ ပြောပြီးပြီလေ ဒါပေမဲ့ ခုဆိုရင် အကြီးအကဲချန်းလဲ လမ်းတဝက်မှာ ရောက်နေပြီ ကျန်မျိုးနွယ်စုတွေလဲ ဒီသတင်းကို သိလောက်ပြီ ဒီတော့ ကျုပ်တို့ ဘာကြောင့် အလျင်လိုနေအုံးမှာလဲ မင်း သွားလို့ရပြီ ဒီကိစ္စကို ကျုပ်ပဲ ဆက်ပြီး ကိုင်တွယ်လိုက်မယ်"

ထိုလက်အောက်ငယ်သားမှာ ထပ်၍ အတွန့်မတက်ရဲတော့ပဲ ထွက်ခွာသွားလေသည်။

ထို့နောက်တွင်တော့ လျန်ရှန်းချန်သည် စိတ်မငြိမ်တော့ဟန်ဖြင့် နေရာမှထကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။ သူ့လက်ထဲတွင်တော့ စာရွက်အပိုင်းအစလေးတခုကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ထိုစာရွက်ထဲတွင် သတိပေးချက်တချို့ ပါဝင်၏။

လျန်ရှန်းချန်သည် သတိပေးချက်ကို ကြည့်ရင်း သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်သည်။

သိပ်မကြာမီ အပြင်ဘက်ဆီမှ လက်အောက်ငယ်သားတဦး၏ စကားသံ ထွက်ပေါ်လာ၏။

"သခင်ကြီး ဧည့်သည် ရောက်နေပါတယ်"

"ဘယ်သူလဲ"

"စု...စုချန်းပါ သခင်ကြီး"

အသံမှာ ထိတ်လန့်တုန်ခါနေ၏။

သို့သော် လျန်ရှန်းချန်ကား အနည်းငယ်မှ အံ့သြဟန်မတူ။

"နောက်ဆုံးတော့ သူ ရောက်လာပြီကိုး"

သူ့လေသံအရ စုချန်း ရောက်လာမည်မှန်း ကြိုတင်သိရှိနေဟန်တူ၏။

"သူ့ကို ဝင်ခွင့်ပြုလိုက်"

သိပ်မကြာမီ စုချန်းတယောက် ခန်းမအတွင်းဝယ် မတ်တပ်ရပ်လျက် ရှိလေပြီ။

တခြား ဘယ်သူမှမပါ။ စုချန်းတယောက်တည်း ပေါက်ချလာခြင်း ဖြစ်သည်။

သူ့ပတ်ပတ်လည်တွင်တော့ လျန်မျိုးနွယ်စုမှလူများ ဝန်းရံလျက်ရှိ၏။ ထိုလူများ အားလုံးလိုလိုသည် စုချန်းအား ရက်စက်ကြမ်းကြုတ်သော မျက်လုံးများနှင့် စိုက်ကြည့်နေကြလေသည်။

သို့သော် စုချန်းကား အပြုံးပင်မပျက်။

"အကြီးအကဲလျန်ကို စုချန်း နှုတ်ခွန်းဆက်သပါတယ်ဗျာ"

"စုချန်း မင်းဟာ ဦးနှောက်ကော မှန်သေးရဲ့လား"

လျန်ရှန်းချန်က ခေါင်းညိတ်ရင်း စကားစလိုက်သည်။

"ကျုပ်တို့ မျိုးနွယ်စုသုံးစုကို မင်း အစုလိုက်အပြုံလိုက် သတ်ခဲ့ပြီးပြီ ဒါကိုတောင် မင်းက ကျုပ်တို့ရှေ့မှာ ပေါ်လာရဲသေးတာပေါ့"

"အစုလိုက်အပြုံလိုက် သတ်တယ် ဟုတ်လား"

စုချန်းက ခေါင်းခါလိုက်၏။

"ကျုပ် ဒီလောက် လူတွေအများကြီးကို အစုလိုက်အပြုံလိုက် ဘယ်တုန်းကမှ မသတ်ခဲ့ရသေးဘူး ဒီလို စကားလုံးမျိုးက မျိုးနွယ်စုတစုလုံးကို သတ်ပစ်တဲ့နေရာမှာသာ သုံးသင့်တာ မိန်းမနဲ့ ကလေးတွေပါ မကျန်ပေါ့ဗျာ ဒါပေမဲ့ ကျုပ်သတ်ခဲ့တဲ့ လူတွေကတော့ ခင်ဗျား ပြောသလောက် အားမနည်းဘူး ပြီးတော့ လူတိုင်း အပြစ်ကိုယ်စီ ရှိနေကြတယ် ပြီးတော့ ကျုပ်က မျိုးနွယ်စုထဲက လူ တယောက်မှမကျန်အောင် သတ်ပစ်တာမျိုး မဟုတ်ဘူး ကျုပ်ကို အန္တရာယ်ပြုနိုင်တဲ့ လူစားမျိုးတွေကိုပဲ သတ်တာ ပိုပြီး အရေးကြီးတာက ကျုပ် ရှင်းပစ်ခဲ့တာ မျိုးနွယ်စု သုံးစုမဟုတ်ဘူး နှစ်စုထဲပဲ"

"မျိုးနွယ်စု နှစ်စု ဟုတ်လား"

လျန်ရှန်းချန် မျက်မှောင်ကုတ်သွား၏။

"ဒါဆို လင်းမျိုးနွယ်စု ဘာအန္တရာယ်မှ မရှိဘူးပေါ့"

"နည်းနည်းပါးပါး သေတယ် သိပ်အများကြီးမဟုတ်ဘူး ဒီလောက် အရေအတွက်လေးက စကားထဲ ထည့်ပြောနေစရာတောင် မလိုပါဘူးလေ"

"ဘာလဲ သူတို့ အညံ့ခံလိုက်တယ်ပေါ့ ဟုတ်လား"

လျန်ရှန်းချန် လွှတ်ခနဲ မေးလိုက်သည်။

သူသည် လူအ မဟုတ်။ စုချန်း ဘာကို ပြောဆိုရန် ရည်ရွယ်နေမှန်း ချက်ချင်းပင် သဘောပေါက်လိုက်၏။

"ဟုတ်တယ် သူတို့ အညံ့ခံလိုက်ကြတယ်"

စုချန်းက ယုံကြည်မှုရှိသော လေသံနှင့် ပြောလိုက်၏။

လျန်ရှန်းချန် ထိတ်လန့်သွားလေသည်။

ထိုစဥ် ဘေးနားရှိ တယောက်က ဝင်ပြောလိုက်၏။

"ဒီတော့ မင်းက ကြွားလုံးထုတ်ချင်လို့ ဒီကို လာတာပေါ့လေ"

ထိုစကားအား ဝင်ပြောလိုက်သူမှာ မာယွမ်ဟု ခေါ်သော ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦး ဖြစ်သည်။ ၎င်းသည် လျန်မျိုးနွယ်စု၏ ဧည့်သည်တဦးဖြစ်ပြီး အတော်လေး လူဝင်ဆံ့သူတဦး ဖြစ်လေရာ ယခုလို အခြေအနေမျိုးမှာပင် ဝင်ရောက်ပြောဆိုနိုင်ခွင့် ရှိနေ၏။

"ကြွားလုံး ထုတ်ဖို့ ဟုတ်လား"

စုချန်း ရယ်မောလိုက်၏။

"ဘယ်ကလာဗျာ ကျုပ်အနေနဲ့ ဒီကိုလာတာ ပြောစရာတခု ရှိလို့ပါလေ"

ထိုစဥ် နောက်တဦးက ဝင်ပြောလိုက်ပြန်၏။ တဦးက အစပြုလိုက်ပြီ ဖြစ်လေရာ ကျန်လူများသည်လည်း ဝင်ရောက်ပြောဆိုရန် သတ္တိရှိလာကြပုံရ၏။

"လင်းမျိုးနွယ်စု အညံ့ခံလိုက်ပြီပဲ ထားပါအုံး နောက်ထပ် မျိုးနွယ်စု ခုနှစ်စု ကျန်သေးတယ် စုချန်း မင်း သူတို့အားလုံးကို တကယ်ပဲ အနိုင်ရမယ် ထင်နေတာလား"

"မျိုးနွယ်စု ခုနှစ်စု ဟုတ်လား ကျုပ်ကတော့ ဒီလို မထင်ဘူးဗျ ကျုပ် ခင်ဗျားတို့ကို ပြောစရာ တခုကျန်သွားတယ် လောင်းမျိုးနွယ်အကြီးအကဲ လောင်းချိန်းကျန်းလဲ ကျုပ်စကားကို နားထောင်လိုက်ပြီ ဒီတော့ ခင်ဗျားတို့ဘက်မှာ မျိုးနွယ်စုခြောက်စုပဲ ကျန်တော့တယ်"

စုချန်း၏ စကားကြောင့် လူတိုင်း အံ့သြထိတ်လန့်ကုန်ကြ၏။

စုချန်းက စကားဆက်လိုက်ပြန်သည်။

"ပြီးတော့ ခင်ဗျားတို့ မျိုးနွယ်စု ခြောက်စုဆိုတာကကော...တကယ်ပဲ ရာနှုန်းပြည့် ဟုတ်လို့လား ဝမ်မျိုးစု...သူတို့ဟာ မြို့တော်အရှင်သခင်ရဲ့ ဝိုင်းပတ်ပိတ်ဆို့ခြင်း ခံထားရတယ် အချိန်အတော်ကြာတဲ့အထိ သူတို့ အပြင်ကို ထွက်လာနိုင်မှာ မဟုတ်ဘူး လင်းမျိုးနွယ်စုကို ကျုပ်တိုက်ခိုက်တုန်းကတော့ ယုမျိုးနွယ်စုဝင်တချို့ စစ်ကူလာသေးတယ် ဒါပေမဲ့ သူတို့ အချိန်မီ မရောက်နိုင်ခဲ့ဘူး ဘာကြောင့်လဲဆိုတော့ သူတို့ကို လုချိန်ကွမ်းက ကြားဝင်ဟန့်တားထားခဲ့လို့ပဲ လင်းမျိုးနွယ်စုရဲ့ ကိစ္စပြီးသွားတော့ ကျုပ်ဟာ ဝန်ဝေစင်းကို လိုင်ဝုယီဆီ လွှတ်လိုက်တယ် ခုလောက်ဆို သူတို့ ရောက်သွားရောပေါ့ အရင်တုန်းကတော့ လိုင်ဝုယီဟာ ကြည်လင်ခြင်းအဖွဲ့ကို နောက်ကွယ်က ကြိုးကိုင်သူပဲ ခုတော့ သူတို့ရဲ့ကြားမှာ ပတ်သက်မှုမရှိသလောက် ဖြစ်သွားပြီ ဝေနဲ့ ချန်းမျိုးနွယ်စု...သူတို့ကတော့ ခင်ဗျားတို့ ဝိုင်းအနိုင်ကျင့်ကြလို့ အတော်လေး စိတ်နာသွားပြီ ခုချိန်မှာ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပဲ ဒါကြောင့် သူတို့ လွယ်လွယ်နဲ့ စလှုပ်ရှားတော့မှာ မဟုတ်ဘူး ဒါပေမဲ့ လိုရမယ်ရ သူတို့ကို ပိတ်ဆို့ထားဖို့ လောင်းချိန်းကျန်းနဲ့ လင်းဖန်းထန်ကို ကျုပ် စေလွှတ်ပြီးပြီ ဒီတော့ ခင်ဗျားတို့ရဲ့ မဟာမိတ်တွေ တယောက်မှ အားကိုးလို့မရတော့ဘူး"

လူတိုင်း၏ ရင်ထဲတွင် အေးစက်သော ခံစားချက်များ ပေါ်ပေါက်လိုက်၏။

လျန်ရှန်းချန်က ပြောလိုက်ပြန်သည်။

"အဲဒီအတိုင်းပဲဆိုရင်တောင် မင်း ဒီကို တယောက်တည်း ရောက်လာတာမလား"

စုချန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ကျုပ် တယောက်တည်းပဲ ဒါပေမဲ့ ကျုပ်တယောက်တည်းနဲ့ လုံလောက်ပါတယ်လေ"

"မောက်မာလှချည်လား"

"စိတ်ပျက်စရာကောင်ပါလားကွ"

"မဖြစ်နိုင်လိုက်တာကွာ"

ခန်းမတခုလုံး ဒေါသတကြီးနှင့် ဆဲသံဆူသံများ ထွက်ပေါ်လာ၏။

သို့သော် စုချန်း၏ မျက်နှာတွင် မည်သည့် ခံစားချက်မှ မပြပဲ ပကတိအတိုင်း တည်ငြိမ်လျက်ရှိ၏။ သူက စကားဆက်လိုက်သည်။

"ကျုပ် ဒီကနေ့ ဒီကိုလာတာ ငြိမ်းချမ်းရေးအတွက်ပဲ အတိတ်ကာလတုန်းက ကျုပ်တို့ဟာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုမရှိပဲ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တယ် ဒါဟာ ကျုပ်တို့အကြားမှာ အချင်းချင်း ရန်မလုပ်ဘူးဆိုတဲ့ သဘောတူညီချက် ရှိထားခဲ့လို့ပဲ ကျုပ်ဘက်ကလဲ ဒီသဘောတူညီချက်ကို အလေးအနက်ထားခဲ့တယ် ခင်ဗျားတို့ လျန်မျိုးနွယ်ကို အတိုက်အခံ လုပ်ခဲ့တာ မရှိဘူး ဒါပေမဲ့ တောင်ပိုင်း တောအုပ်တိုက်ပွဲမှာတော့ ခင်ဗျားတို့ မျိုးနွယ်စုဝင်တွေဟာ ကျုပ်ကို စပြီး တိုက်ခိုက်ခဲ့တယ် ကျုပ်တို့အကြားက သဘောတူညီချက်ကို ခင်ဗျားတို့ဘက်က စပြီး ချိုးဖောက်ခဲ့တာပဲ"

လျန်ရှန်းချန် သက်ပြင်းချလိုက်သည်။

"ကျုပ်တို့အားလုံး ဖိအားပေးခံခဲ့ရတာပဲ အဲဒီတုန်းက ကျုပ်တို့မှာ တခြား ရွေးချယ်စရာ မရှိခဲ့ဘူး"

"ဒါဆိုရင် အဲဒီ သဘောတူညီချက်က ခုချိန်ထိ အသက်ဝင်နေတုန်းပဲလား ဘာဖိအားမှ မရှိတဲ့ အခြေအနေမျိုးမှာသာဆိုရင် အကြီးအကဲလျန်အနေနဲ့ ဒီသဘောတူညီချက်ကို စောင့်ထိန်းလိုက်နာမှာလား"

လျန်ရှန်းချန် အံ့သြသွား၏။

"မင်း ဒီကို တယောက်တည်းလာရဲတာ ဒါကြောင့်လား ဒီသဘောတူညီချက်က မင်းကို အကာအကွယ်ပေးနိုင်မယ်လို့ ထင်နေတယ်ပေါ့လေ"

"အကြီးအကဲလျန်အနေနဲ့ ဒီသဘောတူညီချက်ကို လိုက်နာနိုင်စရာ အကြောင်းပြချက် တခုတလေများ ရှိအုံးမလားလို့ ကျုပ်က သိချင်တဲ့ သဘောပါ"

လျန်ရှန်းချန် ခေါင်းခါလိုက်၏။

"ဒီလို သဘောတူညီချက်လောက်နဲ့ ရတောင့်ရခဲအခွင့်အရေးကြီးကို လက်လွှတ်လိုက်ရင် ကျုပ် လူမိုက်ဖြစ်သွားမှာပေါ့"

စုချန်း ခေါင်းညိတ်လိုက်၏။

"ခင်ဗျား ဒီလို ပြောတာ အံ့သြစရာတော့ မရှိဘူး လူ့သဘာဝပဲကိုး ဒီတော့ အကြီးအကဲလျန် ခင်ဗျား ကျုပ်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တယ်လို့ ကျုပ် ယူဆလိုက်တော့မယ်"

လျန်ရှန်းချန် အံ့သြသွား၏။

"မင်းမှာ တခြားပြောစရာ ဘာစကားမှ မရှိတော့ဘူးလား စကားလေး တခွန်းနှစ်ခွန်း ပြောရုံနဲ့ ကျုပ်ကို အညံ့ခံလိမ့်မယ်လို့ မင်းက ထင်နေတာလား"

စုချန်း ခေါင်းခါလိုက်သည်။

"ကျုပ်မှာ ပြောစရာစကား မရှိတော့ဘူး အခြေအနေအားလုံးက ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီပဲ ကျုပ်တို့အကြားက သဘောတူညီချက် ပျက်ပြားသွားပြီဆိုတာလဲ မြင်သာနေပြီပဲ ဒီတော့ အကြီးအကဲလျန် ခင်ဗျား ဘာဆက်လုပ်မလဲ"

"စုချန်း မင်းတော့ အမှားကြီး လုပ်မိပြီ မင်းသာ ဒီနေရာကို တပ်ဖွဲ့ကြီးနဲ့ ရောက်လာရင် ကျုပ်ကို ဖိအားပေးနိုင်အုံးမယ် ဒါပေမဲ့ ဒီအစား မင်း ဒီကို တယောက်တည်း ရောက်လာတယ် တကယ်တော့ ကြည်လင်မြစ်မြို့တော် မတည်မငြိမ် ဖြစ်နေရတာ မင်းကြောင့်ပဲ မင်းသာ မရှိရင် အရာအားလုံး ဗိုလ်နေမြဲ ကျားနေမြဲ ပြန်ဖြစ်သွားလိမ့်မယ် ဒါကြောင့် ကျုပ် ဘာဆက်လုပ်မလဲဆိုတော့ မင်းကို ရှင်းပစ်မှာပေါ့ကွာ"

စကားဆုံးသည်နှင့် လျန်ရှန်းချန်သည် ထိုင်နေရာမှ ထရပ်လိုက်၏။ ကျန်လျန်မျိုးနွယ်စုများကလည်း စုချန်းကို ဝန်းရံထားလိုက်ကြလေသည်။

စုချန်းကား အပြုံးပင်မပျက်။ သူက သူ့အား ဝန်းရံထားသော လူအုပ်ကြီးကို ဝေ့ကြည့်ရင်း မေးလိုက်သည်။

"ဒီတော့ ခင်ဗျား ဒီလို ဆုံးဖြတ်တာ သေချာသွားပြီလား"

"သိပ်သေချာတာပေါ့ကွာ"

လျန်ရှန်းချန်က ယုံကြည်မှုရှိသော လေသံနှင့် ဖြေလိုက်သည်။

စုချန်း ဟားတိုက်ရယ်မောလိုက်၏။

စုချန်း ဘာကြောင့် ရယ်မောလိုက်မှန်း လျန်ရှန်ချန်း နားမလည်နိုင်ပဲ ဖြစ်နေ၏။ ထိုအချိန်တွင် စုချန်းက စကားဆက်လိုက်ပြန်သည်။

"ခင်ဗျား ကျုပ်ရဲ့ကမ်းလှမ်းချက်ကို ငြင်းပယ်တာဟာ ဒီကို ကျုပ်တယောက်တည်း ရောက်လာလို့နဲ့ တူတယ် တကယ်တော့ ကျုပ်တယောက်တည်း ဒီကိုလာတယ်ဆိုတာ ဘာမှသုံးစားမရတဲ့ သဘောတူညီချက်ကို အားကိုးနေလို့ မဟုတ်ဘူးဗျ"

စုချန်းက လျန်ရှန်ချန်းကို စိုက်ကြည့်ရင်း စကားဆက်လိုက်ပြန်သည်။

"ခု ဒီအိမ်တော်မှာ ခင်ဗျား အပါအဝင် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင် ၅ယောက်၊ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင် ၂၁ယောက်၊ ချီစုဆောင်းခြင်းနယ်ပယ်ပညာရှင် ၄၆ယောက်နဲ့ သာမာန်သိုင်းသမား အယောက် ၃၀၀ ရှိတယ် ဒီအင်အားလောက်ဆိုရင် ကျုပ်ကိုသတ်ဖို့ လုံလောက်ပြီလို့ ခင်ဗျား ထင်နေတယ်ပေါ့လေ ဒါပေမဲ့ တောင်ပိုင်းတောအုပ်တိုက်ပွဲမှာ ဒီထက်များတဲ့ လူတွေလက်ကတောင် ကျုပ် လွတ်အောင် ထွက်ပြေးနိုင်ခဲ့တာ ခင်ဗျား မေ့နေပြီနဲ့ တူတယ်"

ထိုစကားကြောင့် လျန်ရှန်းချန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

"ခင်ဗျားတို့ အရင်ကထက် တိုးတက်လာတယ်ဆိုတာ ဟုတ်လိမ့်မယ် ကျုပ်ဟာလဲ အရင်စုချန်း မဟုတ်တော့ဘူးဆိုတာ ခင်ဗျားတို့ မမေ့သင့်ဘူး"

စုချန်းက တောင်ခွဲဓားကို ဖြေးညှင်းစွာ ဆွဲထုတ်ရင်း ပြောလိုက်၏။

"ခင်ဗျားတို့ သိထားဖို့က လက်ရှိမှာ ကျုပ်ဟာ အရင်ကထက် အများကြီး ပိုပြီး ပြင်ဆင်ထားတယ် ဆိုတာပဲ ကျုပ်အတွက် လိုအပ်တဲ့ တခုတည်းသော အကြောင်းပြချက်ဆိုလို့.......ဟဲ ဟဲ ကျုပ်တယောက်တည်းနဲ့ ခင်ဗျားတို့ အကုန်လုံးကို ရှင်းပစ်ဖို့လုံလောက်တယ်ဆိုတာ ခနနေရင် ခင်ဗျားတို့ သိလာလိမ့်မယ်"

All Chapters