← Chapters

ဟန်ရှုံး သတ်မှတ်ချက် နံပါတ် တစ်

Vol. 10 Ch. 961

ဟန်ရှုံး သတ်မှတ်ချက် နံပါတ် တစ်

Vol. 10 Ch. 961

ထိုအချိန်၌ ချန်းဖန်မှာမူ ပြန်လည် မွေးဖွားခြင်းတောင်၌ ရှိနေဆဲ ဖြစ်သည်။

သူသည် ဘိုးဘေး ဟုန်ယန်ကို သတ်ဖြတ်ပြီးနောက် ခရမ်းရောင် တူကို ယူဆောင်ကာ အဆောင် တစ်ခု အဖြစ် ပြောင်းလဲလိုက်၏။ ထို့နောက် သူက အနောက်ဘက်ခြမ်းရှိ တောင်ကို ကြည့်လိုက်သည်။

“မင်းတို့ ထွက်မလာတော့ဘူးလား…”

တောင်ကား ခြောက်ကပ်ကာ ဆိတ်ငြိမ်နေဆဲ ဖြစ်သည်။ မည်သူကမှ သူ၏ စကားကို မတုန့်ပြန်ကြချေ။ တစ်ခဏ ကြာပြီးနောက် ချန်းဖန်က ဓားအား ကျူးကျူရှင်းထံ ပစ်ပေးကာ ကောင်းကင်ထက်မှ ဆင်းသက် လိုက်သည်။

ထို့နောက် သူက လူတိုင်းအား တစ်ချက် ဝှေ့ကြည့်လိုက်၏။

“ကောင်းကင်အရှင်…”

ဂိုဏ်းချုပ်များ၊ အကြီးအကဲများ အပါအဝင် လူတိုင်းက သူတို့၏ ခေါင်းများကို ငုံ့ကာ နှုတ်ဆက်လိုက်သည်။

ချန်းဖန်သည် ယခုအထိ အခြေတည် ဝိညာဥ် အဆင့် မဖြစ်သေးချေ။ သို့သော်လည်း သူသည် ကောင်းကင် အရှင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်သည် အထိ အစွမ်းထက် နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ ကောင်းကင်အရှင် ဟူသော ဂုဏ်ပုဒ်နှင့် မထိုက်တန်လျှင် ကမ္ဘာပေါ်၌ မည်သူက ကောင်းကင် အရှင်ဘွဲ့ကို ခံယူနိုင်တော့မည်နည်း။

မဟာ အကြီးအကဲ လင်းရှန်း အပါအဝင် လူတိုင်းမှာ တုန်ရီ နေကြ၏။ ဟွာနွန်ယင်မှာ ထောင့်တစ်နေရာတွင် တိတ်တဆိတ် ရပ်ကာ ချန်းဖန်အား ငေးကြည့်နေမိသည်။

ယနေ့ မတိုင်ခင် အထိ ထိုကောင်လေးမှာ မူလ အဆင့် တစ်ယောက်သာ ဖြစ်ခဲ့သည်။ လင်းရှောင်နှင့် ဝူရှန်းတို့က ပင်လျှင် သူ့အား အလေးအနက် မထားခဲ့ကြချေ။ သို့သော်လည်း ယခုတွင်မူ ထိုကောင်လေးမှာ ထျန်းဟောင်ဂြိုဟ်၏ အသက် အငယ်ဆုံး ကောင်းကင် အရှင် တစ်ပါး ဖြစ်သွားခဲ့သည်။ သူသည် အခြေတည် ဝိညာဥ် အဆင့် တစ်ယောာက်နှင့် ကောင်းကင် မင်းသားတို့ကိုပင် သတ်ဖြတ်ပစ်ခဲ့သည်။ ထိုအရာက မည်မျှ ခမ်းနားလိုက်သနည်း။

“ဘုန်း…”

ချန်းဖန်က အင်္ကျီလက်အား တစ်ချက် ဝှေ့ယမ်းလိုက်၏။ ရုတ်တရက် လေထုသည် ကောင်းကင်ဓားများဖြင့် ပြည့်နှက်သွားကာ ဝူရှန်း၊ လင်းရှောင်နှင့် လီတနီတို့ထံ တိုးဝင်သွားသည်။

“ဖူး…”

မြေပြင်သည် ချက်ချင်းပင် ရွှေရောင် သွေးများဖြင့် ဖုံးလွှမ်းသွား၏။ ထိုကျင့်ကြံသူများကား သူတို့၏ ရတနာများနှင့် အတူ ထက်ပိုင်းပြတ်ကာ အသတ်ခံလိုက်ရပြီ ဖြစ်လေသည်။

လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ ကြောက်လန့် သွားကြသည်။ မြေအောာက် သရဲဂိုဏ်းချုပ်သည် ချက်ချင်းပင် ဒူးထောက်ကာ အသက် ချမ်းသာ ပေးပါရန် တောင်းပန်၏။

“သူတို့က ငါတို့ ဒုက္ခပေးဖို့ ကြိုးစားလို့ ငါ သူတို့ကို သတ်လိုက်တယ်… မှန်တယ်မလား”

ချန်းဖန်က အားလုံးကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။

“မှန်ပါတယ်… သူတို့က ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့ကြတာပါ”

လင်းရှန်းက ခေါင်းကို ငုံရင်း ပြောလိုက်သည်။ သူ၏ အနှစ်သက်ဆုံး မျိုးဆက် ဖြစ်သည့် လင်းရှောင်သည် သူ၏ ‌ေရှ့တွင်ပင် အသတ်ခံလိုက်ရသည့်တိုင် သူသည် မကျေနပ်မှုကို အနည်းငယ်ပင် မဖော်ပြရဲချေ။ သူ့တွင် သားမြေးပေါင်း ထောင်ချီ ရှိသည့်တိုင် အသက်မှာမူ အပို ပါမလာချေ။

“ကောင်းတယ်…”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။

“ဒီနေ့ ပြန်လည် မွေးဖွားခြင်း ဂိုဏ်းက ငါ့ကို စော်ကားခဲ့တဲ့ အတွက် ငါက မင်းတို့ရဲ့ အခြေတည် ဝိညာဥ် အဆင့်ကို ပြန်သတ်ခံတဆယ်… အားလုံးက ဘဲစား ဘဲချေပဲ… ဘယ်သူက ဘယ်သူ့ အပေါ်မှာမှ အကြွေး မရှိတော့ဘူး… ဒါပေမဲ့ နောက်တစ်ကြိမ် မင်းတို့ဘက်က ငါ့ကို ရန်စတာနဲ့ ငါက မင်းတို့ တစ်ဂိုဏ်းလုံးကို ရှင်းပစ်မယ်”

“နားလည်ပါပြီ…”

လင်းရှန်းက လေးစားစွာ ခေါင်းညိတ် လိုက်သည်။

ထို့နောက် ချန်းဖန်က မြေအောက် သရဲဂိုဏ်းချုပ်ဘက်သို့ လှည့်လိုက်၏။

“မြေအောက် သရဲဂိုဏ်းက ငါ့ကို တစ်ခါမက စော်ကားခဲ့တယ်… အဲဒီ အတွက် ငါ့ကို အဆင့်မြင့် ကောင်းကင်ဆေးမြစ် သုံးခုနဲ့ ဝိညာဥ် ကျောက်တုံး သန်းသုံးရာ ပေးရမယ်… သဘောမတူရင် ငါကိုယ်တိုင် မြေအောက် သရဲဂိုဏ်းကို လာပြီး ဓားနဲ့ စကားပြောမယ်”

မြေအောက် သရဲဂိုဏ်းချုပ်၏ မျက်နှာမှာ ချက်ချင်းပင် အိုစာ သွား၏။ ဝိညာဥ် ကျောက်တုံး သန်းသုံးရာက ကိစ္စ မရှိချေ။ သို့သော်လည်း အဆင့်မြင့် ဝိညာဥ် ဆေးမြစ် သုံးခုကို ရှာဖွေရန်မှာမူ မလွယ်ကူလှချေ။ မြေအောက် သရဲဂိုဏ်း၌ အဆင့်မြင့် ဝိညာဥ် ဆေးမြစ် မဆိုထားနှင့်၊  ရိုးရိုး ကောင်းကင်ဆေးမြစ်များပင် များများစားစား မရှိချေ။ သို့သော်လည်း ချန်းဖန်၏ အေးစက်စက် မျက်လုံးများကို ကြည့်ကာ ဂိုဏ်းချုပ်ဖူမှာ ကြိတ်မှိတ် ခေါင်းညိတ်လိုက်ရ၏။

“ကျွန်တော် ဆယ်ရက် အတွင်း စုစည်းပြီး လာပို့ပေးပါ့မယ်”

ထို့နောက် ချန်းဖန်က ဆက်လက်၍ ကောင်းကင် ကျောက်စိမ်း နန်းတော်၊ အနီရောင် မီးတောက်နယ်နှင့် မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်းတို့ ထံမှပါ သူ အလိုရှိသည့် အရာများအား တောင်းလိုက်သည်။

ကျေနပ်လောက်သော ကတိစကားများ ရရှိသော အချိန်တွင်မှ သူက ကျိုးကျူရှင်း၊ ရှောင်မန်နှင့် လင်းဝူဟွာတို့ အဖွဲ့အား ခေါ်ဆောင်ကာ ပြန်လည် မွေးဖွားခြင်းဂိုဏ်းမှ ထွက်ခွာ သွားတော့၏။

ဤနေရာသို့ စတင် ရောက်ရှိစဥ် အခါက ရှောင်မန် တစ်ယောက်သာလျှင် သူ့အား ကြိုဆိုခဲ့သည်။ ယခု ပြန်လည် ထွက်ခွာသည့် အချိန်တွင်မူ မဟာ အကြီးအကဲ အပါအဝင် လူတိုင်းမှာ ဒူးထောက် နေခဲ့ကြရပြီ ဖြစ်လေသည်။ သူတို့သည် ချန်းဖန်၏ နောက်ကျောကိုပင် မမြင်တွေ့ရတော့သည့် အကွာအဝေး ရောက်မှ မတ်တပ် ထရဲကြတော့၏။

“သူက တကယ့်ကို အစစ်အမှန် ပါရမီရှင်ပဲ…”

လူအိုကြီး တစ်ယောက်က ရေရွတ် လိုက်သည်။

များစွာသော လူငယ် ကျင့်ကြံသူတို့၏ မျက်ဝန်းတွင်မူ၊ ကြောက်ရွံ့မှု လေးစားမှုတို့က ပြည့်နှက် နေခဲ့၏။ ချန်းပေ့ရွှမ်းကား အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို သတ်ဖြတ်ကာ ဂိုဏ်းတစ်ခုလုံးကို အနိုင်ယူ ပြခဲ့သည်။ ထိုအရာက မည်မျှ ကြီးကျယ် ခမ်းနားလိုက်သနည်း။

အကြီးအကဲ ယွီလုံမှာမူ ငြိမ်သက်စွာ မတ်တပ်ရပ် နေခဲ့၏။ သူမသည် ခရမ်းလ တောင်ထိပ်သို့ ချန်းဖန်အား ဆင့်ခေါ်၍ တရားဟောခဲ့သည့် အချိန်ကို မှတ်မိနေသေးသည်။ သို့သော်လည်း ယခုတွင်မူ ထိုကောင်လေးသည် သူမ၏ အရှေ့တွင်ပင် အခြေတည် ဝိညာဥ် အဆင့်ကိုပင် သတ်ဖြတ်နိုင်ပစ်ခဲ့သည်။ တစ်ချိန်တည်း၌ သူမမှာမူ အခြေတည် ဝိညာဥ် အဆင့်ကို ဝင်ရန်ပင် အလှမ်း ကွာဝေးနေဆဲ ဖြစ်၏။

“လူငယ်တွေက လူကြီးတွေကို ကျော်တက် သွားကြပြီ…”

အကြီးအကဲ ယွီလုံက ဖြူရော်စွာ ပြုံးကာ ခေါင်းအား ခါယမ်း လိုက်၏။

…

ခုနစ်ရက် ကြာပြီးနောက် ဟန်ရှုံး သတ်မှတ်ချက်သည် အသစ် ထွက်ပေါ်လာ၏။ ထိုသတ်မှတ်ချက်၌ ချန်းဖန်သည် လီဟိုင်ရှင်း၏ နေရာကို အစားထိုးကာ ထျန်းဟောင်ဂြိုဟ်၏ နံပါတ်တစ် လူငယ် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။

“သူက ကျူးဝမ်မျိုးနွယ်… နောက်ပြီး အသက်တောင် တစ်ရာ မပြည့်သေးဘူးတဲ့… ဒါပေမဲ့ အခြေတည် ဝိညာဥ် အဆင့်ကိုတောင် သတ်ပစ် နေနိုင်ပြီ…”

ပေ့ဟန်နယ်ရှိ ကျူးဝမ်မျိုးနွယ်များပင် ထိုသတင်းကို လက်ခံ ရရှိကြ၏။ သူတို့သည် သုံးရက်တိုင်တိုင် ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပကာ အောင်ပွဲခံ ခဲ့ကြသည်။ အခြား မြေရိုင်းနယ်များ၊ ကောင်းကင်နယ်များပင် သူတို့ထံသို့ လာရောက်ကာ ဂုဏ်ပြုကြ၏။

ခဏ အတွင်းမှာပင် ကျူးဝမ်မျိုးနွယ်ကား ထျန်းဟောင်ဂြိုဟ်၏ ထိပ်တန်း မျိုးနွယ် တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။ ထိုကြီးကျယ်သော ပြောင်းလဲမှုကြီး တစ်ခုလုံးကို ချန်းဖန် ဆိုသော လူငယ် တစ်ယောက်တည်းက တစ်ကိုယ်တော် စွမ်းရည်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပေသည်။

***

All Chapters