← Chapters

ကောင်းကင် အရှင်ချန်း

Vol. 10 Ch. 967

ကောင်းကင် အရှင်ချန်း

Vol. 10 Ch. 967

“အဲဒါက မိစ္ဆာတွေရဲ့ လှည့်စားချက် တစ်ခုခုများလား...”

ရှုယုံက သံသယ ဖြစ်စွာ မေးလိုက်၏။

ထိုမြင်ကွင်းကား အလွန် ခမ်းနားလွန်းသည်။ ရှေးဟောင်း မိစ္ဆာတို့၏ အသက်မဲ့သော နယ်မြေထဲ၌ ကောင်းကင်ဘုံ ကဲ့သို့ ကုန်းမြေတစ်ခုမှာ မည်ကဲ့သို့ ရှိနေရသနည်း။

လူတိုင်းမှာ လှပသည့် ထိုကုန်းမြေကို ကြည့်ကာ မိန်းမော သွားကြ၏။

အဖြူရောင် ကြိုးကြာငှက်များမှာ ကောင်းကင်တွင် ပျံသန်းနေကြကာ အမျိုးမျိုးသော ဝိညာဥ်သားရဲများမှာလည်း မြေပြတွင် ကျက်စားနေကြ၏။ မရေမတွက်နိုင်သော နတ်ဘုရား တောင်တန်းများမှာလည်း ထိုကုန်းမြေ တစ်ခုလုံးကို ဖြန့်ကျက်ကာ ထားသည်။ အချို့ တောင်တန်းများတွင် ဆိုလျှင် ငွေရောင် ရေတံခွန်များမှာ တောင်ထိပ်မှ တောင်ခြေ အထိ ညင်သာစွာ စီးဆင်း တည်ရှိနေ၏။ ထိုတောင်ထိပ်များ အားလုံး၌ ဝိညာဥ် ဆေးပင်များမှာ ပေါက်ရောက် နေကြသည်။ ရုတ်တရက် အနက်ရောင်ငှက်ကြီး တစ်ကောင်သည် ကောင်းကင်မှ ထိုးဆင်းကာ ဝိညာဥ် သားရဲ တစ်ကောင်ကို သုတ်ချီ လိုက်သည်အား သူတို့ တွေ့မြင် လိုက်ရသည်။

“ဒီနေရာက ဗဟို အထွတ်အမြတ်နယ် ထက်တောင် ပိုပြီး ခမ်းနားနေသေးတယ်... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”

ကျိုးကျူရှင်းမှာ ဆွံ့အနေ၏။

ရွှေအမြုတေ အဆင့်များက ထိုကုန်းမြေကို လောဘတကြီး ကြည့်ကာ အော်ဟစ်လိုက်၏။

“အဲဒါက ကျိမိသားစု ဘိုးဘေး ပြောတဲ့ ရတနာသိုက်ပဲ ဖြစ်ရမ်... အဲဒါဆိုရင် အဲဒီ ကုန်းမြေမှာ မရေမတွက်နိုင်တဲ့ ရဝနာဆေးပင်တွေ၊ ဝိညာဥ် ရတနာတွေ ရှိနေတာပေါ့... ငါတို့ ချမ်းသာပြီဟေ့”

စီမာချန်းလျှင် အကျိုးအမြတ်ကို စဥ်းစားကာ ရင်တဒိန်းဒိန်း ခုန်နေခဲ့သည်။ ထိုကုန်းမြေကား အမှန်တကယ်ပင် ရတနာသိုက် ဖြစ်ပါက သူတို့ ဘဝ၌ နှစ်ခါပြန် မရနိုင်သည့် အခွင့်အရေး ဖြစ်သည်။ ကျိမိသားစု နဂါး သင်္ချိုင်းနယ်၌ လွှမ်းမိုးနိုင်သည့် မိသားစု တစ်ခု အလျှင်အမြန် ဖြစ်လာခဲ့ခြင်းမှာ သူတို့ ဘိုးဘေး ထိုရတနာသိုက်ကို ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

“ဒါပေမဲ့ ဒီရတနာတွေကို အားလုံး ခွဲယူရမယ် ဆိုရင် တစ်ယောက်ကို ဘယ်လောက်မှ ရမှာ မဟုတ်ဘူး... တစ်ချိန်တုန်းက ကျိမိသားစုရဲ့ ဘိုးဘေးကလည်း ဒီရတနာသိုက်ကို တစ်ယောက်တည်း တွေ့ခဲ့တာ မဖြစ်နိုင်ဘူး”

ရုတ်တရက် ‌ရွှေအမြုတေ အဆင့်များက ချန်းဖန်အား စူးရဲစွာ ကြည့်လိုက်ကြ၏။ သူတို့သည် အန္တရာယ် ကြုံရစဥ်က ချန်းဖန်အား ဒူးဖက် မတတ် အားကိုး ခဲ့ကြသည်။ သို့သော်လည်း ယခုတွင်မူ သူတို့သည် ချန်းဖန်အား သူတို့၏ အောင်မြင်မှု လမ်းကြောင်း၌ အကြီးမားဆုံး အတားအဆီး အဖြစ် မြင်လာကြပြီ ဖြစ်သည်။

“ဟူး... ဟူး...”

ချက်ချင်းပင် လေထုမှာ ဖိအားများ၊ လောဘ အငွေ့အသက်များဖြင့် ပြည့်နှက် သွား၏။

ရှောင်မန် ပင်လျှင် ထိုတင်းမာမှုကို သတိ ထားမိသည်။ သူမသည် ထိုလူများ၏ အပြောင်းအလဲမြန်မှုကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့၏။

သို့သော်လည်း ချန်းဖန်မှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် နှစ်ပေါင်းငါးရာကျော် ရှင်သန် နေထိုင်ခဲ့ပြီး ဖြစ်ရာ ထိုအရာက ပထမဆုံး အကြိမ် သစ္စာဖောက် ခံရခြင်း မဟုတ်ချေ။

‌ရွှေအမြုတေ အဆင့်များ အနက် ရွှေရောင် ဝတ်စုံဝတ် အကြီးအကဲ တစ်ယောက်က ရှေ့သို့ တိုးကာ ချန်းဖန်အား တစ်စုံတစ်ခုကို ပြောရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှုပင် ရင်းနှီးနေသော အသံတစ်ခုကို သူတို့ ကြားလိုက်ရ၏။

“မင်းတို့ကောင်တွေ အသက်ရှင်နေသေးတာလား....”

လူတိုင်းက လှည့်ကြည့်လိုက်ရာ ကျိမသားစု၏ လက်ရွေးစင် တိုက်ခိုက်ရေး သမား အချို့နှင့် ကောင်းကင် ဗိုလ်ချုပ်ဟူ တို့ကို တွေ့လိုက်ရသည်။ သူတို့ အဖွဲ့ထဲ၌ ကျင့်ကြံသူ နှစ်ဆယ်သာ ကျန်ရှိတော့၏။ သူတို့ အားလုံးက ချန်းဖန်အား သတိထားကာ ကြည့်နေကြသည်။

ထိုအဆင့်နိမ့် ကျင့်ကြံသူ အုပ်စုက မည်ကဲ့သို့ ကြောက်မက်ဖွယ် သတ်ကွင်းအတွင်းမှ လွတ်မြောက် လာခဲ့သနည်း။

ကောင်းကင် ဗိုလ်ချုပ်ဟူက အပြုံးတု တစ်ခုကို ဆင်မြန်းကာ နှုတ်ဆက် လိုက်၏။

“ကျင့်ကြံသူချန်း... ကြည့်ရတာ မင်းက တိုက်ခိုက်ရေးသမားကောင်း တစ်ယောက်ပါလား...”

“ကျင့်ကြံသူချန်း... ကျုပ်...”

ကပ္ပတိန် ရွှယ်မှာမူ အနည်းငယ် ရှက်နေပုံ ရ၏။

အဆင့်နိမ့် ကျင့်ကြံသူများကို စတေးရန်က သူတို့၏ အကြံအစည် ဖြစ်သည်။ ထို့ကြောင့်ပင် ကပ္ပတိန်ရွှယ်မှာ ချန်းဖန်တို့ကို မျက်နှာချင်း မဆိုင်ရဲ လောက်အောင် ဖြစ်နေခြင်း ဖြစ်သည်။

တစ်ချိန်တည်း၌ သခင်မလေးကျိ၏ မျက်နှာမှာမူ အနည်းငဠ်ပင် ဖော်ရွေခြင်း မရှိတော့ပဲ အေးစက်နေ၏။ သူမသည် ချန်းဖန်အား ဂရုမစိုက်ချေ။ ထိုအဆင့်နိမ့် ကျင့်ကြံသူများမှာ သူမ အတွက် စတေးခံရုံ သက်သက်သာလျှင် ဖြစ်သည်။ သူမသည် သူမ၏ လမ်းကြောင်းကို လာပိတ်ပါက မည်သူ့ကို မဆို ရှင်းပစ်မညာ် ဖြစ်သည်။

“မင်းတို့က မင်းတို့ စရိုက်အတိုင်း လုပ်ခဲ့ကြတာပဲ...”

ချန်းဖန်က ပြောလိုက်၏။

သူသည် ကျိမိသားစု သူတို့အား စွန့်ပစ်ခဲ့ခြင်း အတွက် မည်သို့မျှ သဘောမထားခဲ့သော်လည်း ကျိမိသားစု ရတနာသိုက်အား ယူဆောင်မည်ကိုမူ ခွင့်မပြုနိုင်ချေ။

“သခင်မလေးကျိ... ဟိုကုန်းမြေက ရဝနာသိုက် တည်ရှိတဲ့‌ နေရာပါ... ကျုပ်တို့ အားလုံးက ခင်ဗျား အပေါ် သစ္စာရှိပြီး ဒီနေရာ အထိ ‌ရောက်အောင် လိုက်လာခဲ့ ပြီးပြီ... ကျေးဇူးပြုပြီး ကျုပ်တို့ကို ဝေစု တစ်ခု ခွဲပေးဖို့ မမေ့ပါနဲ့”

ရွှေရောင် ဝတ်စုံဝတ် အကြီးအကဲက ပြောလိုက်၏။

“ဟုတ်တယ်...”

အခြား ရွှေအမြုတေ အဆင့် ကျင့်ကြံသူ အချို့ကလည်း ထောက်ခံ လိုက်ကြသည်။ ချန်းဖန်နှင့် ယှဥ်ပါက ကောင်းကင် ဗိုလ်ချုပ်ဟူနှင့် ကျိမိသားစုမှာ ပိုမို အင်အားကြီးပြီး မှီခိုထိုက်သော အင်အားစု ဖြစ်သည်။

“နင်တို့...”

ရှောင်မန်မှာ ဘာပြောရမှန်း မသိ ဖြစ်သွား၏။

ချန်းဖန်သည် သူတို့၏ အသက်အား ကယ်တင်ခဲ့သည်။ သို့သော်လည်း သူတို့သည် အန္တရာယ်မှ လွတ်မြောက်သည်နှင့် သူ့အား ချက်ချင်း ပြန်လည သစ္စာဖောက် ခဲ့သည်။

“အရမ်းကောင်းတယ်...”

ကောင်းကင် ဗိုလ်ချုပ်ဟူက ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူက သခင်မလေးကျိ ဘက်သို့ လှည့်လိုက်၏။

“သခင်မလေး... ငါးဆယ် ငါးဆယ်ပဲနော်”

“အင်း...”

သခင်မလေးကျိက တုန့်ဆိုင်းခြင်း မရှိပဲ ခေါင်းညိတ် လိုက်သည်။

ကောင်းကင် ဗိုလ်ချုပ်ဟူသည် သူတို့ အထဲ၌ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်သလို အတွေ့အကြုံ အများဆုံးလူလည်း ဖြစ်သည်။ သူ၏ အကူအညီကြောင့်သာ မဟုတ်ပါက သူမတို့ ဤနေရာ အထိပင် ရောက်လိမ့်မည် မဟုတ်ချေ။

“တစ်သက်မှာ တစ်ခါ အခွင့်အရေးမျိုး လိုချင်ရင် ငါ့နောက်သာ လိုက်ခဲ့ကြတော့...”

ကောင်းကင် ဗိုလ်ချုပ်ဟူက အော်ဟစ်ကာ နတ်ဘုရား ကုန်းမြေသို့ ဦးတည်လိုက်၏။ အခြားသော ကျင့်ကြံသူများမှာလည်း သူ၏ နောက်မှ ကောက်ကောက်ပါအောင် လိုက်သွားကြသည်။

နောက်ဆုံး၌ စီမာတိုင်၊ စီနီယာ ကျင့်ကြံသူနှင့် ရှုညီအမ နှစ်ယောက်သာ ချန်းဖန်တို့ နံဘေး၌ ကျန်ရစ်ခဲ့တော့၏။

“ကျုပ်ကြံသူချန်း... ကျုပ်...”

စီမာတိုင်မှာ ဝေခွဲမရ ဖြစ်နေဟန် ရ၏။

“မင်းအတွက် ရခဲတဲ့ အခွင့်အရေးပဲ... သွားပါ... ဂရုစိုက်ဦး...”

ချန်းဖန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ကျုပ်... ကျုပ် တောင်းပန်ပါတယ်ဗျာ...”

စီမာတိုင်က သက်ပြင်း တစ်ချက်ချကာ ချန်းဖန်အား ခွဲခွာ သွားသည်။

ရှုနမှာလည်း လိုက်သွားရန် ပြင်လိုက်၏။ သို့သော်လည်း ရှုယုံကမူ သူမနှင့် အတူ သွားရန် ငြင်းဆန်သည်။

“မမ... ဘာလုပ်နေတာလဲ... အခွင့်အရေးက ကိုယ့်ရှေ့ ရောက်နေပြီလေ”

ရှုနက ပြောလိုက်သည်။

ကောင်းကင် ဗိုလ်ချုပ်ဟူသည် ထုတ်ဖော် မပြောသော်လည်း သူ ချန်းဖန်အား သဘော မကျကြောင်းမှာ လူတိုင်းသိသော အရာ ဖြစ်သည်။

ထို့ကြောင့်ပင် ကျင့်ကြံသူ အများစုမှာ ချန်းဖန်အား ပစ်ပယ်ကာ ဗိုလ်ချုပ်ဟူ၏ နောက်သို့ လိုက်သွားခြင်း ဖြစ်သည်။ ချန်းဖန်သည် သူတို့၏ အသက်ကို ကယ်တင်ခဲ့သော်လည်း အသက် ဆက်လက် ရှင်သန်လိုပါက သူတို့ အနေဖြင့် ကောင်းကင် ဗိုလ်ချုပ်ဟူ၏ နောက်သို့ လိုက်ရမည် ဖြစ်သည်။

ရှုယုံက ရှုနအား လျစ်လျူလိုက်ရင်း ချန်းဖန် ဘက်သို့ လှည့်ကာ ဦးညွှတ် လိုက်၏။

“ဂါရဝ ပြုပါတယ်... ကောင်းကင်အရှင်...”

“ဘာ... ကောင်းကင်အရှင်...”

ရှုနမှာ နားမလည်နိုင်အောင် ဖြစ်သွား၏။ သူမသည် ချန်းဖန်အား ခြေအစ၊ ခေါင်းအဆုံး အကြိမ်ကြိမ် အကဲခတ်ပြီးပြီ ဖြစ်သည်။ ထိုကောင်လေး၏ စွမ်းအားသည် ရွှေအမြုတေ အဆင့်များနှင့် ယှဥ်၍ တိုက်ခိုက်နိုင်သည့်တိုင် သူ၏ အရှိန်အဝါမှာမူ မူလ အဆင့်ထက်ပင် မပိုချေ။ သို့ဖြစ်ရာ မည်ကဲ့သို့ ကောင်းကင်အရှင် ဖြစ်နိုင်မည်နည်း။

“နင် ငါ့ကို မှတ်မိတာလား...”

ချန်းဖန်က အံ့အားသင့် သွား၏။

သူ၏ နာမည်မှာ ထျန်းဟောင်ဂြိုဟ် တစ်ခုလုံး ဖြန့်ကျက်၍ ကျော်ကြားနေပြီ ဖြစ်သော်လည်း သူ၏ မျက်နှာအား တွေ့ဖူးသူမှာမူ သိပ်မရှိချေ။

“ကျွန်မ ကောင်းကင်အရှင်ကို တစ်ခါမှ မမြင်ဖူးပါဘူး... ဒါပေမဲ့ နဂါး နတ်မိမယ်လေးကိုတော့ ကောင်းကောင်း သိပါတယ်... သူ ငယ်ငယ်တုန်းက ကျွန်မ သူ့ကို အကြိမ် အနည်းငယ်လောက် မြင်ဖူးပါတယ်”

ရှုယုံက ပြောလိုက်သည်။

“အဲ့လိုလား...”

ချန်းဖန်က ခေါင်းညိတ်လိုက်၏။

“ဒီညီမလေးက ပြန်လည် မွေးဖွားခြင်းဂိုဏ်းရဲ့ နတ်မိမယ်လေး ဆိုတော့... ရှင်က...”

ရှုနက ချန်းဖန်၏ နာမည်ကို အံ့ဩတကြီး ပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ရှုယုံက သူမ၏ ပါးစပ်ကို ပိတ်လိုက်၏။

“အရူးမလေး... ကောင်းကင်အရှင်ရဲ့ နာမည်ကို အော်ကြီးဟစ်ကျယ် ပြောလို့ မရဘူး...”

ရှုန၏ မျက်နှာမှာ ဖြူရော်သွားကာ ချန်းဖန်၏ ရှေ့၌ ဒူးထောက်ကာ တောင်းပန် လိုက်၏။

“ကောင်းပြီလေ... နင်တို့က ငါ့ကို မှတ်မိသွားပြီ ဆိုမှတော့ ငါ့နောက်ကသာ လိုက်ခဲ့ကြတော့...”

ချန်းဖန်က အင်္ကျီလက်အား ခါယမ်းကာ နတ်ဘုရား ကုန်းမြေသို့ ဦးတည် လိုက်တော့၏။

“ဟူး... ဟူး...”

နတ်ဘုရား ကုန်းမြေသည် နီးသည်ဟု ထင်ရသည့်တိုင် ချန်းဖန်တို့သည် ရောက်ရှိရန် တစ်နာရီခန့် ပျံသန်းလိုက်ရ၏။ တဖြည်းဖြည်း နီးကပ်လာသော အခါ၌ သူတို့သည် ကောင်းကင် ဗိုလ်ချုပ်ဟူတို့ အဖွဲ့ကို မှီလာခဲ့သည်။ သူတို့ကား အခြား အဖွဲ့ တစ်ခု၏ တားဆီးခြင်းကို ခံနေရပုံ ပေါ်၏။

ထိုသုံးယောက်ထဲမှ လူတစ်ယောက်က ချန်းဖန်ထံသို့ တန်းတန်းမတ်မတ်မတ် ပျံသန်းလာကာ နှုတ်ဆက် လိုက်သည်။

“ကျင့်ကြံသူချန်း... ကမ္ဘာက တကယ် ကျဥ်းတာပဲ...”

သူကား လော့ချန်ရှန်းပင် ဖြစ်လေသည်။

***

All Chapters