← Chapters

အပိုင်း (၅)

Vol. 1 Ch. 5

အပိုင်း (၅)

Vol. 1 Ch. 5

အပြင်ဘက်ဆီမှ ကျန်းကျင်း၏ အသံကို ရှမ့်လန် ထင်ထင်ရှားရှား ကြားနေရ၏။

ကျန်းကျင်းက ပြောလိုက်သည်။ “ကျုပ်တို့ မြန်မြန်လုပ်မှ ဖြစ်မယ်။ ကျိုးမိသားစုက ရွှမ်ဝူအိမ်တော်ကို သွားပြီးတော့ လက်ထပ်ပွဲ မြန်းတော့မယ်။ ကျိုးဟုန်ရွဲ့နဲ့ ကျင်းမူလန်တို့သာ အရင်ဆုံး လက်ထပ်သွားမယ်ဆိုရင် ကျုပ်တို့ရဲ့ မင်္ဂလာဆောင်က သူတို့ရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါကြောင့် ထင်ရှားတော့မှာ မဟုတ်ဘူး။ သူတို့အောက် မြုပ်သွားလိမ့်မယ်”

“ရွှမ်ဝူအိမ်တော်က ကျင်းမူလန် လား” ရှစ်ချင်းချင်း၏ လေသံသည် အနည်းငယ် ဇဝေဇဝါနှင့် ဖြစ်လို့နေ၏။

“ဟုတ်တယ်”

ကျန်းကျင်းက ပြောလိုက်သည်။ “သူမကို ရွှမ်ဝူမြို့ရဲ့ မင်းသမီးလို့လည်း ခေါ်တယ်လေ။ မင်း.. သူ့ကို မြင်ဖူးတယ် မဟုတ်လား။ တကယ့် မိန်းမလှ တစ်ယောက်ပဲ။ သူမရဲ့ သိုင်းပညာကလည်း မြင့်မားလွန်းတယ်။”

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ရွှမ်ဝူအိမ်တော်ရဲ့ မင်းသမီးက မောက်မာလွန်းအားကြီးတယ်။ ကျွန်မတို့ရဲ့ တွေ့ဆုံပွဲကို တက်လေ့တက်ထ မရှိဘူး။ အုပ်ချုပ်ရေးရာရဲ့ သမီးတော်တွေက သူမကို ပင့်ဖိတ်ခဲ့တယ်။ ဒါပေမဲ့ လာမယ်၊ မလာဘူးတောင် တုံ့ပြန်တာ မဟုတ်ဘူး။”

“အင်း... ဟုတ်တယ်။ သူမက ချမ်းသာပြီးတော့ အရမ်းအားကောင်းတယ် မဟုတ်လား။ နှစ်ပေါင်းတစ်ရာအတွင်း တော်ဝင်မျိုးနွယ်တွေအဖြစ် နေထိုင်ခဲ့တာလေ။ မောက်မာရမှာပေါ့”

ကျန်းကျင်းက သတိပေးလိုက်သည်။ “ဒီကိစ္စက ဘယ်သူမှ သိလို့မရဘူးနော်။ ဘယ်သူ့ကိုမှ မပြောနဲ့”

ရှစ်ချင်းချင်းသည် အသာပြောလိုက်၏။ “အင်း.. အခြေအနေ အားလုံးကို ကျွန်မ နားလည်ပါတယ်”

........

ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့ ထွက်ခွာသွားပြီးသည့်နောက် ရှမ့်လန်သည် မှန်ရှေ့တွင် သွားရောက်လိုက်သည် ၎င်း၏ နှုတ်ခမ်းပါးထက်တွင် လှောင်ပြောင်သည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ရှမ့်လန်သည် အနည်းဆုံး အနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ရခြင်းနှင့်ပတ်သက်၍ အံ့အားသင့်မှု မရှိခဲ့ချေ။ ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များကို ပြန်လည်ကာ ဖတ်ရှုပြီးသည့်နောက် လွန်ခဲ့သည့် နှစ်လတုန်းက အကြောင်းအရာများကို သူက သေသေချာချာ သိရှိခဲ့သည်။

ရှစ်ချင်းချင်းသည် သူ့ကို အရိပ်အမြွတ်ပေါင်းများစွာကို ပေးအပ်ခဲ့ပြီးသားဖြစ်၏။ ဥပမာအားဖြင့် သူတို့သည် အတူတကွ နေထိုင်ရန် ကံကြမ္မာပါလာသည့်လူများ မဟုတ်ကြောင်း ခဏခဏ ပြောဆိုခဲ့၏။ ပြီးနောက် ရှမ့်လန်၏ မိဘများနှင့်ပတ်သက်၍ အလွန်တရာ စိုးရိမ်ပူပန်သောကြောင့် ရှမ့်လန်အား မိဘများနှင့် ပြန်လည်နေထိုင်ရန် နေ့စဉ်နေ့တိုင်း အရိပ်အမြွက်ပြကာ ပြောဆိုခဲ့၏။ သို့ပေမဲ့ ယခင်က ရှမ့်လန်သည် အသိဉာဏ် နည်းပါးလွန်းခဲ့၏။ ထို့ကြောင့် ဤကဲ့သို့သော သဲလွန်စ အရိပ်အယောင်များကို မည်ကဲ့သို့ နားလည်နိုင်မည်နည်း။

ထို့ကြောင့်ပင်လျှင် ၎င်းသည် ဘာမှန်းမသိစွာဖြင့် ဤရှစ်မိသားစုထဲတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် နေထိုင်ခဲ့၏။ ရှစ်ချင်းချင်း၏ သဲလွန်စပေးမှုများသည် မအောင်မြင်ခဲ့ချေ။ သို့နှင့် လွန်ခဲ့သည့် နှစ်လတုန်းက ရှမ့်လန်သည် ရုတ်တရက် အပြင်းအထန် နေမကောင်းဖြစ်ခဲ့၏။

အကြောင်းအရာမှာ အားလုံးသိသည့် အကြောင်းပင် ဖြစ်လေ၏။ မိစ္ဆာစွမ်းအင်များသည် ရှမ့်လန်၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးခြင်း ခံရသောကြောင့်ပင်။ ဟုတ်ပေ၏။ ရှမ့်လန်သည် ချက်ချင်း မသေဆုံးသေးချေ။ ရှစ်မိသားစုသည် သူ့အတွက် သမားတော် တစ်ယောက်ပြီး တစ်ယောက်ကို ရှာဖွေပေးခဲ့၏။ ဟုတ်ပေသည်။ သူ့ကို ကယ်တင်၍ မရနိုင်ခဲ့ချေ။ လွန်ခဲ့သည့် နှစ်နာရီတုန်းက ဆိုလျှင် ပို၍ ဆိုးရွားခဲ့၏။

ဤလောကကြီး၏ ရှမ့်လန်သည် လွန်ခဲ့သည့် နှစ်နာရီတုန်းက သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ မည်သူက ထင်မည်နည်း။ အမိကမ္ဘာမြေ၏ ရှမ့်လန်သည် ဤတည်နေရာဆီသို့ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာခဲ့၏။ ရှမ့်လန်၏ ပြန်လည်ရှင်သန်လာခြင်းသည် ကံကြမ္မာ အလှည့်အပြောင်းများကို ပြုလုပ်နိုင်မည့် အခြေအနေဆီသို့ တွန်းပို့လိမ့်မည်လား။

မည်သို့ပင် ဆိုစေကာမူ ရှစ်မိသားစုသည် မည်သူ့ကိုမှ တိုက်ရိုက်ဆိုသလို သတ်ဖြတ်ရဲသည့် မိသားစုမျိုး မဟုတ်ချေ။ ကျန်းကျင်းသည် အခွင့်အာဏာ ပိုင်စိုးသည့် မိသားစုတစ်ခု၏ နောက်ခံကို ပိုင်ဆိုင်သောကြောင့် တိုက်ရိုက်ဆိုသလိုပဲ အခန်းတံခါးကို ချိုးဖြတ်ကာဖြင့် ရှစ်ချင်းချင်း၏ အယောင်ဆောင် မျက်နှာဖုံးကို ဆွဲခွာချခဲ့၏။

ရှစ်ချင်းချင်းသည် ရည်မှန်းချက် ကြီးမားလွန်းသည့် မိန်းကလေး တစ်ယောက်ဖြစ်သည်။ ရှစ်မိသားစုသည် သူမအတွက် လုံလောက်သည့် အကြောင်းအရာများကို ဖန်တီးပေးခြင်း မရှိပေ။ ထို့ကြောင့် သူမသည် ကြီးမားသော ဂုဏ်ရှိန်ဂုဏ်ဝါကို ပိုင်ဆိုင်ရန်အတွက် ကျန်းကျင်းကို လက်ထပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ကျန်းကျင်းသည် တိုက်ရိုက်ဆိုသလိုပဲ ရှမ့်လန်၏ရှေ့တွင် ရှစ်ချင်းချင်းကို ဆွဲဖက်ကာဖြင့် ရှစ်မိသားစုဆီမှ ထွက်ခွာသွားရန် အတိအလင်း မောင်းထုတ်ခဲ့၏။ လင်နှင့်မယား ဆက်ဆံရေးကို ဖျက်ဆီးပစ်ရန် တစ်ခါတည်း ပြောဆိုခဲ့၏။ မည်မျှ အလျင်လိုလိုက်သနည်း။

လောကထဲသို့ ဝိညာဉ်ကူးပြောင်းပြီးသည့်နောက် သူသည် ဇိမ်ကျသည့် သမက်တော် တစ်ယောက်၏ ဂုဏ်ရှိန်ဂုဏ်ဝါမျိုး ကို နှစ်နာရီပင် မခံစားခဲ့ရချေ။

X-Ray အမြင်ကို ပိုင်ဆိုင်ပြီး ဆရာဝန်တစ်ယောက် ဖြစ်ခဲ့ဖူးသူမို့ သူသည် သူနှင့် သူ့မိသားစုကို ကောင်းကောင်း ထောက်ပံ့ကျွေးမွေးထားနိုင်၏။ အနည်းဆုံးအနေနှင့် ဆေးကုသရေး အခန်းတစ်ခုကို ဖွင့်ကာ လူနာများအား ကုသပေးရုံပင်။

သို့ပေမဲ့ သူသည် ယခင်တုန်းက လူနာပေါင်းမြောက်များစွာကို ကုသပေးခဲ့ပြီး နေ့စဉ်နေ့တိုင်း ဆိုသလို ခွဲစိတ်မှုများကို ပြုလုပ်ခဲ့၏။ ထို့ကြောင့်ပင်လျှင် ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာက မောပန်းခဲ့ပြီ ဖြစ်သည်။ ဤဘဝတွင် ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းသာသာဖြင့် သက်တောင့်သက်သာ နေထိုင်သွားရန်သာ မျှော်လင့်မိ၏။

ဝိညာဉ်ကူးပြောင်းရောက်ရှိလာခြင်း ဆိုသည်မှာ လွယ်ကူသည့် အရာမျိုး မဟုတ်ချေ။ သူ့အနေနှင့် အဘယ်ကြောင့် သမားတော်တစ်ယောက် ပြုလုပ်ရမည်နည်း။ ချောမောသည့် မျက်နှာသွင်ပြင်ကို ရရှိဖို့ ဆိုသည်မှာ လွယ်ကူသည့်အရာလား။ မဟုတ်နိုင်ပေ။ ထိုအရာကို သူဖြုန်းတီး၍ မဖြစ်နိုင်ချေ။ ပိုမိုကာ အားကောင်းလသည့် မိသားစု တစ်ခုကို ရှာဖွေမှ ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ ထိုအရာများကို မလုပ်ခင် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန် အရာအားလုံးကို ပြန်လည်ကာ ပြင်ဆင်ရပေလိမ့်မည်။ သုံးစားမရသည့် ကလေကချေ တစ်ယောက်အား ချမ်းသာပြီး လှပလွန်းသည့် မိန်းကလေး တစ်ယောက်က မည်သို့ လိုချင်မည်နည်း။

မည်သို့ပင် ဆိုစေကာမူ မိုင်ရာနှင့်ချီသည့် ပတ်ဝန်းကျင်တွင် ချမ်းသာပြီး အားကောင်းလွန်းသည့် မိန်းကလေး မည်မျှရှိသနည်း။ လက်မထပ်ရသေးသူ မည်မျှ ရှိသနည်း။

ရွှမ်ဝူအိမ်တော်၏ သမီးတော် ကျင်းမူလန်၊ ဟုတ်ပေ၏။ သူမပင်ဖြစ်၏။ စောဏတုန်းက ရှစ်ချင်းချင်းသည် ကျင်းမူလန်မှာ တကယ့်ကို ချမ်းသာသည့် တော်ဝင်မိသားစုဆီမှ မွေးဖွားလာခဲ့သည့် သမီးတော်ဖြစ်ပြီး ရွှမ်ဝူမြို့၏ မင်းသမီး တစ်ယောက်ဟုလည်း ပြောဆိုခဲ့၏။

..........

ရှမ့်လန်သည် မည်သည့်ပစ္စည်းကိုမှ ထုတ်ပိုးစရာ မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် ရှစ်မိသားစုထဲတွင် သူ၏ ပိုင်ဆိုင်ဟူ၍ သူတစ်ယောက်တည်းသာလျှင်ရှိ၏။ ထို့ကြောင့် တိုက်ရိုက်ဆိုသလိုပဲ ထွက်ခွာသွားရန် ပြင်ဆင်လိုက်၏။ အချိန်သည် လူကို မစောင့်ချေ။ ထို့ကြောင့် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ဤနေရာမှ ထွက်ခွာကာဖြင့် လှပသည့် အမျိုးသမီးတစ်ယောက်ကို ရှာဖွေရန် စဉ်းစားထားသည်။

ဘန်း

တံခါးသည် ပွင့်လာသည်။ ဤတစ်ကြိမ်မှာတော့ တံခါးသည် ကြမ်းကြမ်းတမ်းတမ်း ပွင့်သွားခဲ့ခြင်းဖြစ်၏။ အိမ်စေကြီးရှစ်သည် သိုင်းပညာကို လေ့ကျင့်ထားခဲ့သည့် အစေခံလေးယောက်ကို ခေါ်ဆောင်ကာဖြင့် အလျင်အမြန် လှမ်းဝင်လာခဲ့၏။ ပြီးနောက် ရှမ့်လန်ကို လက်ညှိုးထိုးကာဖြင့် တင်းမာခက်ထန်စွာ ပြောလိုက်၏။

“မင်း ဘယ်လိုလုပ်ရဲတာလဲ ရှမ့်လန်။ ပြီးတော့ မင်း တောရွာမှာနေတဲ့ သနားစရာ လူဆင်းရဲတစ်ယောက်က ငါတို့ ရှစ်မိသားစုရဲ့ သခင်မလေးကို လက်ထပ်ပြီး ရောက်လာခဲ့တယ်။ ဒါပေမဲ့ ငါတို့ မိသားစုမှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူရုံတင် မကဘူး။ ငါတို့မိသားစုထဲမှာရှိတဲ့ အမျိုးသမီး အစေခံ တစ်ယောက်ကိုပါ ဗလက္ကာရ ပြုကျင့်ခဲ့တယ် ဟုတ်လား။ ဒီလို အပြုအမူမျိုးက သေတောင် သေသင့်တယ်။ ဒါပေမဲ့ ငါတို့ ရှစ်မိသားစုက ကြင်နာတတ်တဲ့ မိသားစုပဲ။ ဒါကြောင့် မင်းရဲ့ ခွေးကျင့်ခွေးကြံ အကျင့်ကို ခဏလောက် ခွင့်လွှတ်ပေးထားမယ်။ သခင်ကြီးက မှာကြားလိုက်တယ်။ မင်းနဲ့ သခင်မလေးတို့ကြားမှာရှိတဲ့ လင်မယားဖြစ်မှုကို ဖျက်သိမ်းလိုက်ပြီတဲ့။ ဒါကြောင့် မင်း ချက်ချင်း ရှစ်မိသားစုထဲကနေ ထွက်သွားစမ်း”

ရှမ့်လန်သည် နှလုံးသားထဲ၌ ကြိတ်ကာ ပြုံးလိုက်၏။ မှန်ပေသည်။ တစ်ဖက်လူများသည် သူ့အား မောင်းထုတ်ပစ်ရန်အတွက် အကြောင်းပြချက်တစ်ခု လိုအပ်နေ၏။ ထို့ကြောင့် သူသည် ကျိန်းသေပေါက် အပြစ်တင် ခံရပေလိမ့်မည်။

လွန်ခဲ့သည့် လအနည်းငယ်တုန်းက ရှစ်ချင်းချင်းနှင့် လက်ထပ်ပြီး ရှစ်မိသားစုထဲသို့ သူ ရောက်ရှိခဲ့၏။ သို့ပေမဲ့ ကြေးပြား တစ်ခုကိုပင် ကိုင်ဆောင်ခဲ့ခြင်း မရှိချေ။ ပိုက်ဆံခိုးဖို့ဆိုလျှင် ဝေးလာဝေးပင်။ အစေခံ မိန်းကလေး တစ်ယောက်ကို ဗလက္ကာရ ပြုလုပ်ဖို့ဆိုသည်မှာတော့ ပိုမိုကာ ဆိုးရွားလွန်း၏။ သူ့နား မည်သူမှ ကပ်သည်မဟုတ်ပေ။

“အင်း.. မင်းရဲ့ သေးငယ်တဲ့ ဘဝလေးထဲမှာ မင်းရဲ့မိဘ၊ မင်းရဲ့ညီလေးနဲ့အတူ ကောင်းကောင်းမွန်မွန် နေထိုင်လို့ ရတယ်။ မင်း ဘယ်အချိန် ထွက်သွားရမယ်ဆိုတာသိရင် အကောင်းဆုံးပဲ”

အိမ်စေကြီးရှစ်သည် အေးစက်စက်ဖြင့် ပြောဆိုလိုက်၏။ “မင်းက အရူးတစ်ယောက်ဆိုတာ ငါမေ့တော့မလို့ဘဲ။ သေသေချာချာ မှတ်ထား။ မင်းအခု အပြင်ကို ထွက်သွားပြီးရင် မင်းက ရှစ်မိသားစုရဲ့ ပိုက်ဆံတွေကို ခိုးပြီး ရှစ်မိသားစုထဲမှာရှိတဲ့ အစေခံတစ်ယောက်ကို ဗလက္ကာရ ပြုလုပ်လို့ နှင်ထုတ်ခံရတယ်လို့ပြော။ ပေါက်ကရတွေ လျှောက်ပြောရင် မင်းရဲ့မိသားစု တစ်ခုလုံး ဒုက္ခရောက်လိမ့်မယ်။ အဲတာကို နားလည်လား”

“နားလည်ပါပြီ” ရှမ့်လန်က ပြောလိုက်သည်။

“သွားစမ်း” အိမ်စေကြီးရှစ်က ပြောဆိုလိုက်၏။

“ကျုပ်အခု ထွက်သွားပါတော့မယ်” ရှမ့်လန်က အသာလျှောက်ထွက်သွားလိုက်သည်။

“နေအုံး”

အိမ်စေကြီးရှစ်သည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ “သူ့ရဲ့ ခန္ဓာကိုယ်ကို ရှာစမ်း။ ဒီညစ်ပတ်တဲ့ ခြေထောက်တွေ၊ လက်တွေက ငါတို့ရဲ့ ပိုက်ဆံတွေကို ခိုးသွားတာလည်း ဖြစ်နိုင်သေးတယ်။ တစ်ခုမှ မယူသွားစေနဲ့”

အစေခံပေါင်းများစွာတို့ ရောက်ရှိလာခဲ့ပြီး ရှမ့်လန်၏ ခန္ဓာကိုယ်ကို သေသေချာချာ ရှာဖွေကြ၏။ ရှမ့်လန်၏ ခန္ဓာကိုယ်တွင် မည်သည့်အရာတစ်ခုမှ မရှိချေ။

“ဝတ်ထားတဲ့ ဝတ်စုံတွေက ပိုးထည်တွေ ဆိုပေမဲ့ ငွေပြားအနည်းငယ်ပဲ တန်တာ။ မင်းလို ဆင်းရဲတဲ့ လူတစ်ယောက်က ဘဝတစ်သက်တာလုံးမှာ ဒါမျိုးဝတ်ဖို့ဆိုတဲ့ အခွင့်အရေး ထပ်ရမှာ မဟုတ်တော့ဘူး။ ဒီလို ဝတ်ခွင့်ရတယ်ဆိုတာ မင်းအတွက် ကံကောင်းလို့ပဲ”

အိမ်စေကြီးရှစ်သည် လက်ကို ယမ်းခါကာ ပြောလိုက်သည်။ “လာစမ်း။ ရှမ့်လန်ကို မောင်းထုတ်လိုက်တော့”

ဤသို့နှင့်ပဲ ရှမ့်လန်သည် ရှစ်မိသားစု၏ အိမ်တော်ဆီမှ အစေခံပေါင်း မြောက်များစွာတို့၏ ကန်ကျောက် တွန်းထုတ်ခြင်းကို ခံခဲ့ရလေသည်။

.........

ရှစ်မိသားစုမှ မောင်းထုတ်ခံနေရစဉ်မှာလည်း အစေခံတစ်ယောက်သည် သူ့ကို လက်ညှိုးထိုးကာ တောက်လျောက် အော်ဟစ်လျက်ရှိ၏။ “ဒီအမှိုက်ကို နောက်ဆုံးတော့ ထုတ်နိုင်ခဲ့ပြီပဲ။ သူက သနားစရာ ဆင်းရဲသား တစ်ယောက်ပဲ။ ရှစ်မိသားစုထဲမှာ လအနည်းငယ်လာပြီး စားသောက်သွားခဲ့တာ။ စားကောင်းသောက်ကောင်းတွေ စားရတာနဲ့တင် ကံကောင်းနေပြီ”

“သခင်မလေးက ဘယ်လိုလူမျိုးပါလိမ့်။ ဒီလိုလူမျိုးကို အမည်ခံအနေနဲ့ လက်ထပ်တာတောင် သခင်မလေးအတွက် သိက္ခာကျတယ်”

“ဒါပေမဲ့ ဒီအကောင်က ချောတယ်နော်”

“ချောတော့ကော ဘာလုပ်လို့ ရလို့လဲ။ ဦးနှောက်က သုံးလို့မရတာ”

ရှစ်မိသားစုအိမ်တော်သည် ကြီးမားလွန်းလှ၏။ ဆယ်ဧကပတ်လည်လောက်ရှိ၏။ ခြံဝန်းတစ်ခုလုံး ရှမ့်လန်၏ မကောင်းကြောင်းများနှင့် ပြည့်နှက်နေလေသည်။

“ထွက်သွားစမ်း။ ထွက်သွားစမ်း။ တောရွာမှာရှိတဲ့ မင်းရဲ့ခွေးအိမ်ကိုသာ ပြန်သွားစမ်း” အစေခံတစ်ယောက်သည် ရှမ့်လန်အား အရှေ့ဆီသို့ အတင်းတွန်းထုတ်၏။ ရှမ့်လန်သည် ယိုင်တိုင်တိုင်နှင့် ရှစ်မိသားစု၏ ဂိတ်တံခါး အဝင်ဝဆီသို့ ရောက်ရှိသွားခဲ့၏။

ဘုန်း

နောက်ဘက်တွင် ရှိနေသော ဂိတ်တံခါးသည် ကျယ်လောင်စွာဖြင့် ပိတ်သွားခဲ့၏။ ကောင်းကင်ယံကို မော့ကြည့်လိုက်သည့် အချိန်မှာတော့ ကောင်းကင်ယံထက်တွင် တောက်ပသည့် လတစ်စင်းက တွဲခိုလျက် ရှိနေ၏။ ညသို့ပင် ရောက်ရှိနေလေပြီ။

ရှမ့်လန်သည် သူ၏မှတ်ဉာဏ်ထဲတွင် ရှိနေသည့် အိမ်ရှိရာ တည်နေရာအား ပြန်လည်ကာ စဉ်းစားလိုက်၏။ ပြီးနောက် အနောက်မြောက် တည်နေရာဆီသို့ အသာပင် လှမ်းလျှောက်သွားခဲ့၏။ ဤနေရာသည် သူ၏အိမ်နှင့် မိုင်လေးဆယ်ကျော် ကွာဝေး၏။ သွားရန် အဝေးကြီး လိုအပ်နေသေးသည်။ ထို့အပြင် ညသို့လည်း ရောက်ရှိနေ၏။ ခပ်မှန်မှန် လမ်းလျှောက်သွားရန်သာ ရှိလေသည်။

မီတာတစ်ရာလောက် လှမ်းလျှောက်ပြီးနောက် ရှမ့်လန်သည် မည်သို့မှ မနေနိုင်ဘဲ ရှစ်မိသားစု၏ ခြံဝန်းဆီသို့ လှည့်ကာ ကြည့်ရှုလိုက်မိ၏။ သူ့အနေနှင့် ကျိန်းသေပေါက် လက်စားချေရပေလိမ့်မည်။ မကြာခင်ဖြစ်၏။ အနည်းဆုံး သုံးရက်အတွင်း ဖြစ်ရပေလိမ့်မည်။ ထို့အပြင် သူ၏ လက်စားချေမှု ဆိုသည်မှာ အဆုံးအစ ကင်းမဲ့၏။ လူကြီးလူကောင်းတစ်ယောက်၏ လက်စားချေမှုသည် ခမ်းနားထည်ဝါရပေလိမ့်မည်။

..........

ရှစ်ချင်းချင်းသည် နန်းဆောင်တစ်ခု၏ တည်နေရာထက်တွင် မတ်မတ်ရပ်လျက် ရှိနေပြီး ရှမ့်လန်၏ နောက်ကျောကို ကြည့်ရှုနေ၏။

“ဒီကောင်လေးက တကယ့်ကို ကံကောင်းတယ်” သက်လတ်ပိုင်းလူ၏ အသံသည် နောက်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ ထိုလူသည် ရှစ်မိသားစု၏ တည်ထောင်သူ ရှစ်ကွမ်းယွမ်ပင် ဖြစ်သည်။

“အဖေ.. ဒီနေ့ ကျွန်မတို့ လုပ်ခဲ့တာ အဆင်ပြေရဲ့လား”

ရှစ်ချင်းချင်းသည် မျက်မှောင်ကုတ်ကာဖြင့် ပြောဆိုလိုက်၏။ “ဒါက ကျွန်မရဲ့ ဂုဏ်သိက္ခာကို ကျစေမယ်နဲ့ တူတယ်”

“အင်း.. တခြားနည်းလမ်းမှ မရှိတာ”

ရှစ်ကွမ်းယွမ်က ပြောလိုက်သည်။ “သခင်လေး ကျန်းကျင်းက မြန်မြန် ဖြစ်စေချင်နေတယ် မဟုတ်လား။ ငါတို့ ရှစ်မိသားစုက အခြေအနေ တစ်ခုအထိ တိုးတက်ခဲ့ပြီးသား ဆိုပေမဲ့ နောက်ခံကြီးကြီးကို လိုအပ်နေသေးတယ်။ သခင်လေး ကျန်းကျင်းက ငါတို့မိသားစု မျှော်လင့်ထားနိုင်တဲ့ အကောင်းဆုံးသော သမက်တစ်ယောက်ပဲ။ သူ့ကို ပျော်ရွှင်အောင် လုပ်ဖို့ဆိုတာ ပိုပြီး အရေးကြီးတယ်။ ဒါမှ ငါတို့မိသားစုရဲ့ ဂုဏ်က ပိုတိုးလာမှာ”

“အင်း” ရှစ်ချင်းချင်းက ပြန်လည်ကာ ပြောဆိုလိုက်၏။

“ပြီးတော့ အရိုးသားဆုံး ပြောဆိုရမယ်ဆိုရင် ရှမ့်လန်က ဘာမှ မဟုတ်ဘူးလေ။”

ရှစ်ကွမ်းယွမ်က ပြောဆိုလိုက်သည်။ “ဟုတ်တယ်။ သူသာ လျှောက်ပြောရဲမယ်ဆိုရင် သူရဲ့ မိဘနဲ့ မိသားစုဝင်အားလုံး ခံစားသွားစေရမယ်”

ရှစ်ချင်းချင်းသည် မျက်မှောင်ကုတ်လိုက်၏။ သူမ၏ အဖေသည် တချို့သော စကားများသည် အပြင်ဘက်သို့ ထုတ်မပြောသင့်ကြောင်း သူမ ခံစားနေမိ၏။

........

ညသည် တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ လ၏အရောင်သည် တောက်ပလျက် ရှိနေ၏။ ရှမ့်လန်သည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ အိမ်ဆီသို့ ပြန်လျက် ရှိနေပြီး လမ်းတလျှောက်၌လည်း သားရဲတိရစ္ဆာန်များ၏ အော်ဟစ်သံများကို တလျှောက်လုံး ကြားနေ၏။ မိုင်ဒါဇင်နှင့်ချီ လှမ်းလျှောက်ပြီးနောက် ရုတ်တရက် လူအနည်းငယ်တို့သည် သူ၏လမ်းကို တားဆီးထားကြောင်း မြင်လိုက်ရသည်။

လက်နက်အပြည့် ကိုင်ဆောင်ထားခဲ့သည့် လူငါးယောက်တို့သည် သူ့ကို ဝိုင်းရံထား၏။ အရှေ့တွင် သုံးယောက်၊ အနောက်တွင် နှစ်ယောက်ဖြစ်၏။ ဤတည်နေရာသည် တောနက်ထဲတွင်ဖြစ်၏။ မကောင်းသည့်အရာကို ပြုလုပ်တော့မှာ သေချာ၏။

“သခင်လေးရှမ့်... ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လိုက်ခဲ့”

အဝတ်အပိုင်းအစ တစ်ခုဖြင့် သူ၏ပါးစပ်ကို စည်းနှောင်လိုက်၏။ မည်သည့်အသံမှ မထွက်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ ပြီးနောက် နောက်ထပ် အဝတ်ပိုင်း တစ်ခုနှင့် သူ၏မျက်လုံးများကို ဖုံးအုပ်ခဲ့သည်။

လူငါးယောက်တို့သည် တောနက်ထဲမှတဆင့် ရှမ့်လန်အား နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့၏။ ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ပြီးသည့်နောက် တစ်စုံတစ်ယောက်သည် ရှမ့်လန်၏ မျက်လုံးများပေါ်ရှိ အဝတ်များကို ပြန်ဖယ်ပေးလိုက်သည်။ ဤတည်နေရာသည် သင်္ချိုင်း တည်နေရာတစ်ခု ဖြစ်၏။ စုစုပေါင်း ဤတည်နေရာတွင် လူပေါင်းရှစ်ယောက်ရှိနေပြီး ထက်မြနေသည့်ဓားများကို ကိုင်ဆောင်ထားကြ၏။

လူလေးယောက်တို့သည် တွင်းနက်ကြီးတစ်ခုကို စိမ်ပြေနပြေ တူးလျက်ရှိသည်။

“ဂိုဏ်းချုပ်ထျန်း.. တွင်းတူးပြီးသွားပြီ”

“ဒါဆိုရင် လုပ်တော့”

ခြောက်ကပ်ကပ်အသံတစ်ခု ပေါ်လာ၏။ “ရှမ့်လန်ကို တွင်းထဲထည့်လိုက်။ ပြီးရင် သူ့ကို မြေမြှုပ်ပြီးတော့ သတ်ကွာ။ မှတ်ထား။ ပြီးရင် သူ့အတွက် ဖယောင်းတိုင်၊ အမွှေးတိုင်လေး ထွန်းပေးလိုက်ကြရအောင်။ အနည်းဆုံး ရှမ့်လန်အနေနဲ့ ဆိုးဆိုးရွားရွား သေခဲ့တယ် ဆိုပေမဲ့ တမလွန်ကို စိတ်ဖြောင့်ဖြောင့် သွားနိုင်တာပေါ့”

သူတို့သည် ရှမ့်လန်ကို အသက်ရှင်လျက် မြေမြှုပ်ရန် ကြိုးစားနေခြင်းဖြစ်၏။ တကယ့်ပင် ဆိုးရွားသည့် သတ်ဖြတ်မှုဖြစ်သည်။

“နေအုံး”

ရှမ့်လန်က ပြောလိုက်၏။ “ဂိုဏ်းချုပ်ထျန်း.. ကျုပ် အသက်မသေချင်သေးဘူး”

All Chapters