← Chapters

အခြေတည် ဝိညာဥ် အဆင့်ကို သတ်ဖြတ်ခြင်း

Vol. 10 Ch. 971

အခြေတည် ဝိညာဥ် အဆင့်ကို သတ်ဖြတ်ခြင်း

Vol. 10 Ch. 971

“ယွမ်လောင်... မင်း အဲဒီ နတ်ဘုရား မီးတောက် ခုနစ်ခုကို ဘယ်လို ခုခံမလဲ”

ချန်းဖန်က မိစ္ဆာ စစ်ဦးစီး ယွမ်လောင်အား အမူအရာ ကင်းမဲ့စွာ ကြည့်ရင်း မေးလိုက်၏။

လီမီးတောက် ရွှေရောင် မျက်လုံးမှာ ချန်းဖန် ပထမဆုံး ရရှိခဲ့သည့် နတ်ဘုရား စွမ်းအား ဖြစ်သော်လည်း သာမန် နတ်ဘုရား စွမ်းအား တစ်ခုသာ ဖြစ်သည်။ သို့သော်လည်း ချီလင် မီးတောက်၊ ရွှမ်မိန် မီးတောက် စသည့် မီးတောက် တစ်ခုချင်းစီမှာမူ မြေအောက် မဟူရာ မီးတောက်ထက်ပင် ပို၍ အစွမ်းထက်သည့် မီးတောက်များ ဖြစ်သည်။ ချန်းဖန်သည် ထိုမီးတောက်များကို အစစ်အမှန် လီမီးတောက်နှင့် ပူးပေါင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အား...”

ယွမ်လောင်ကား ချန်းဖန်၏ မေးခွန်းကို ပြန်ပင် မဖြေနိုင်တော့ချေ။ သူသည် ခန္ဓာကိုယ်မှ အနက်ရောင် အခိုးအငွေ့များကို အထပ်ထပ်သော မဟူရာ ရေခဲ အလွှာများ အသွင် ပြောင်းလဲကာ  မီးတောက်များကို တားဆီးရန် ကြိုးစား၏။

သို့သော်လည်း မည်ကဲ့သို့ အသုံးဝင်မည်နည်း။

မီးတောက် ခုနစ်ခုကား အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ ၎င်းတို့သည် လျှင်မြန်စွာပင် မဟူရာ ‌ရေခဲအလွှာများကို အငွေ့ပျံသည် အထိ လောင်ကြွမ်းပစ်၏။ အဆုံး၌ ယွမ်လုံ၏ ခန္ဓာကိုယ်မှာ ‌ရေခဲ အလွှာများကို ထပ်မံ ထုတ်လွတ်နိုင်ခင်း မရှိတောာ့ပဲ မီးတောက်များ၏ ဝန်းရံခြင်းကို အပြည့်အဝ ခံလိုက်ရတော့သည်။

“ကြည့်ရတာ ယွမ်လောင်တော့ ဆက်ပြီး မခုခံနိုင်တော့ဘူး...”

အရှင်ကုမှာ မျက်မှောင်ကြုတ် သွား၏။

“အရှင်ကု... ခင်ဗျားက နတ်ဘုရား သားရဲဂိုဏ်းက မလား... ခင်ဗျားတို့ ဂိုဏ်းမှာ အစွမ်းထက် သားရဲတွေ အများကြီး ရှိတယ်လို့ ကျုပ် ကြားဖူးတယ်... အဲ့လို နတ်ဘုရား စွမ်းအားမျိုးကို ခင်ဗျား မြင်ဖူးလား”

လော့ချန်ရှန်းက မေးလိုက်သည်။

အရှင်ကုက အနည်းငယ် စဥ်းစားလိုက်၏။

“ငါသာ မမှားရင် အဲဒါက အလယ်ဆင့် နတ်ဘုရား စွမ်းအား တစ်ခုဖြစ်တဲ့ လီမီးတောက် ရွှေရောင် မျက်လုံးနဲ့တော့ ဆင်တယ်... ဒါပေမဲ့ သူ့ကို ဝန်းရံထားတဲ့ မီးတောက် ခြောက်ခုက အရမ်း အစွမ်းထက်လွန်းတယ်... ချန်းပေ့ရွှမ်းက မီးတောက် ခုနစ်ခုကိုတောင် ပေါင်းစပ်ပြီး တိုက်ခိုက်နိုင်တာပဲ... ထျန်းဟောင်ဂြိုဟ်ပေါ်မှာ ဒီလို နတ်ဘုရား ကျင့်စဥ်မျိုး ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး...”

“ထျန်းဟောင်ဂြိုဟ်ပေါ်မှာတော့ ဒီလို ကျင့်စဥ်မျိုး ကျိန်းသေ မရှိဘူး... ကျုပ်အထင် ဒီကောင်လေးက ကျုပ်တို့လိုမျိုး အခြားဂြိုဟ် တစ်ခုက ရောက်လာတာများလား... တကယ်လို့ မဟုတ်ဘူး ဆိုရင်တော့ သူ့ အစွမ်းထက် စီနီယာ တစ်ယောက်ရဲ့ အမွေအနှစ် တစ်ခုကို ရရှိထားတာ ဖြစ်ရမယ်”

လော့ချန်ရှန်းက ပြောလိုက်သည်။

“ဘုန်း...”

တစ်ချိန်တည်း၌ ယွမ်လောင်မှာ မီးတောက်များကို တိုက်စားမှုကို စတင် ခံနေရပြီ ဖြစ်လေသည်။ သို့သော်လည်း သူသည် လက်သည်းများကို ဆန့်ထုတ်ကာ မီးတောက်များကို ငြိမ်းသတ်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

“ဒီမီးတောက်တွေထဲမှာ ရှိတဲ့ စွမ်းအား တစ်မျိုးကို ငါ မြင်ဖူးတယ်...”

ယွမ်လောင်က အော်ဟစ် လိုက်၏။

“ငါ မင်းတို့ မိစ္ဆာ မျိုးနွယ်ရဲ့ ရှေးဟောင်း နတ်ဆိုး မင်းသားကို ကမ္ဘာနှစ်ခု ဆုံမှတ်မှာ သတ်ဖူးတယ်... ဒီအထဲက ရွှမ်မိန် မီးတောက်တစ်ဝက်က သူ ရွှေအမြုတေကို သုံးပြီး လေ့ကျင့်ထားတာ”

ချန်းဖန်က အေးဆေးစွာပင် အဖြေပေး လိုက်သည်။

“ဘာ... မင်း ရှေးဟောင်း နတ်ဆိုး မင်းသားကို သတ်ခဲ့တာလား”

ယခုတစ်ကြိမ်တွင်မူ လော့ချန်ရှန်းနှင့် အရှင်ကုတို့ပင် ဆွ့အ သွားကြသည်။

ရှေးဟောင်း နတ်ဆိုး မင်းသားမှာ သူတို့လောက် အစွမ်း မထက်သည့်တိုင် ရှေးဟောင်း မိစ္ဆာ နတ်ဆိုး ဘုရင်၏ တိုက်ရိုက် မျိုးဆက် ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးအား သူတို့ပင် မထိဝံ့ကြချေ။

“အတင့်ရဲလှချည်လားကွာ ချန်းပေ့ရွှမ်း... ငါက မင်းကို ငါတို့ဂိုဏ်းထဲ ဖိတ်ခေါ်ဖို့ စိတ်ကူးထားတာ... အခုတော့ မင်းလို ပြဿနာကောင်ကို ငါ လက်မခံနိုင်တော့ဘူး... ရှေးဟောင်း မိစ္ဆာ နတ်ဆိုး ဘုရင်က ငါတို့ရဲ့ နတ်ဘုရား သားရဲတောင်ကိုတောင် ဖျက်ဆီးပစ်နိုင်တယ်”

အရှင်ကုက ခေါင်းအား ခါယမ်း လိုက်သည်။

လော့ချန်ရှန်းမှာမူ ဖြူရော်စွာ ပြုံး၏။ သူသည် ချန်းဖန်၏ သတ္တိကို အမှန်ပင် အံ့အားသင့် နေမိသည်။

“အဲဒါက မင်းကိုး...”

ယွမ်‌လောင်၏ မျက်ဆံများက သွေးရောင်အဖြစ် ပြောင်းလဲ သွား၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်‌ပေါ်လာသော ဒေါသ အရှိန်အဝါက မိုင်ပေါင်း တစ်ထောင် အတွင်းရှိ ရှေးဟောင်း မိစ္ဆာများကို တုန်ရီ သွားစေသည်။

“ခရက်...”

တစ်ချိန်တည်း၌ သူ၏ မဟူရာ ‌ရေခဲမှာလည်း သွေးရေခဲ ဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်လေသည်။ ထိုမိစ္ဆာ စစ်ဦးစီးကား ခန္ဓာကို စတေးရသည့် “သွေးလောင်မြိုက်ခြင်း” နည်းစနစ်ကို အသုံးပြုနေခဲ့ပြီ ဖြစ်လေသည်။

သို့သော်လည်း ယွမ်လောင်သည် ထိုအရာကို အလျင်း ဂရုစိုက်ခြင်း မရှိချေ။ သူက ကောင်းကင်တွင် ရပ်ကာ ချန်းဖန်အား ကြည့်လိုက်၏။

“အဲဒါက မင်းကိုး... မင်းက မင်းသားကို သတ်တယ်... နောက်ပြီး မင်းသားရဲ့ ရတနာတွေကိုပါ ယူသွားတယ်... ဒီနေ့ အဲဒီ အကြွေးအားလုံးကို ငါ မင်းဆီကနေ ပြန်တောင်းမယ်”

သူ၏ စကားလုံး တစ်ခုချင်းစီသည် အဆုံးမဲ့သော မုန်းတီးမှုများကို သယ်ဆောင်ထား၏။

“စကားများတယ်...”

ချန်းဖန်က လိန်ဟူ ကောင်းကင် သားရဲ၏ စွမ်းအားကို သုံးကာ ပျောက်ပျက်ခြင်း ကောင်းကင်ဓားဖြင့် လွှဲခုတ် လိုက်သည်။ ဓားအလင်းသည် အနက်ရောင် မိုးကြိုးသွား အဖြစ် ပြောင်းလဲကာ ကောင်းကင်၌ အနက်ရောင် အက်ကြောင်း တစ်ခုကို ဖန်တီး၏။ ထိုဓားချက်က သွေးရောင် ‌ရေခဲအလွှာကို ဖောက်ထွက်ကာ ယွမ်လောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျသည်။

“ခရက်...”

ကြီးမားသော ဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်လာ၏။ သို့သော်လည်း ယွမ်လောင်မှာ ထိုဒဏ်ရာကို ဂရုစိုက်ခြင်း မရှိချေ။ သူ၏ ဆယ်ပေခန့် မြင့်မားသော မိစ္ဆာ ခန္ဓာကိုယ်သည် နတ်ဘုရား တစ်ပါး ကဲ့သို့ မတ်တပ်ရပ်နေ၏။

“သေစမ်း...”

ယွမ်လုံက သူ၏ လက်သည်းကို ဆန့်ထုတ်ကာ ချန်းဖန်အား လှမ်းကုတ်ဆွဲ လိုက်သည်။ ချန်းဖန်က ကိုယ်လုံးအား တစ်ပတ်လှည့်ကာ ဓားဖြင့် ဆီးခုတ်လိုက်သည်။ ယွမ်လောင်မှာ ချက်ချင်းပင် နောက်သို့ ခြေလှမ်း နှစ်ဆယ်ကျော် ဆုတ်လိုက်ရသည်။ သို့သော်လည်း သူက ချက်ချင်းပင် ချန်းဖန် အနီးသို့ နောက်တစ်ဖန် ပြန်လည် တိုးဝင်သွားသည်။

“ယွမ်လောင်တော့ တကယ့်ကို ရူးနေပြီ”

လော့ချန်ရှန်းမှာ မျက်မှောင်ကြုတ် သွား၏။

ရှေးဟောင်း မိစ္ဆာများ၏ ခန္ဓာကိုယ်သည် ပြိုင်ဘက်ကင်းရာ သူတို့သည် အနီးကပ် တိုက်ခိုက်မှုတွင် အလွန် စွမ်းရည် မြင့်မားသည်။ သူတို့၏ နတ်ဘုရား စွမ်းအား၊ ဓမ္မ စွမ်းအားများမှာမူ လူသားတို့ထက် ပို၍ အားနည်း၏။ သို့သော်လည်း ပြည့်စုံသော နတ်ဘုရား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် မိစ္ဆာ စစ်ဦးစီး တစ်ယောက်မှာ လူသား အခြေတည် ဝိညာဥ် အဆင့်ကို အနိုင်ယူနိုင်ပေသည်။

“ဘုန်း... ဘုန်း... ဘုန်း...”

လေထုသည် တုန်ရီနေရာ စီမာတိုင်တို့မှာ မားမားမတ်မတ် ရပ်တည်နိုင်စွမ်းပင် မရှိတော့ချေ။

များစွာသော အနက်ရောင် အရိပ်များသည် ကောင်းကင်တွင် ဖြစ်ပေါ်လာ၏။ ယွမ်လောင်သည် တစ်စက္ကန့်လျှင် ပေတစ်ထောင်နှုန်းဖြင့် ပျံသန်းလာကာ လက်သီးအား ထိုးနှက်လိုက်သည်။

“ရှေးဟောင်း မိစ္ဆာသတ် လက်သီး...”

ကောင်းကင်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာည်။ တစ်ချိန်တည်း၌ လက်သီး၏ စွမ်းအားများသည် ဓားအား ဖြတ်ကျော်ကာ ချန်းဖန်၏ ရင်ဘတ်ကို ထိ၏။

“ဘုန်း...”

ချန်းဖန်၏ အင်္ကျီများမှာ စုတ်ပြဲသွားကာ ရင်ဘတ်တွင် သုံးလက်မခန့် ရှိသော အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ရုတ်ချည်းပင် သွေးများမှာ ချန်းဖန်၏ တစ်ကိုယ်လုံး ရွှဲစို သွား၏။

သို့သော် ချန်းဖန်၏ ဓားခုတ်ချက်ကလည်း ယွမ်လောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျကာ ဓားဒဏ်ရာ တစ်ခုကပို ဖန်တီး၏။

“သတ်...”

သူတို့နှစ်ယောက်မှာ ချက်ချင်းပင် ရှေ့သို့ ပြန်လည် တိုးကာ တိုက်ခိုက်ကြပြန်၏။

“ဘုန်း... ဘုန်း... ဘုန်း...”

ချန်းဖန်သည် ပျောက်ပျက်ခြင်း ကောင်းကင်ဓားအား ပစ်ပယ်ကာ “မိစ္ဆာခြောက်ပါး” ကျင့်စဥ်ကို ပြန်လည် အသုံးပြုနေ၏။ ထိုအခိုက်အတန့်၌ သူကား သွေးပင်လယ်ထဲမှ စစ်သူရဲ တစ်ဦးနှင့်ပင် တူနေသေးသည်။

“ဘုန်း...”

ချန်းဖန်က အတင်းတိုးဝင်ကာ ယွမ်လောင်၏ ခန္ဓာကိုယ်မှ အပိုင်းအစ အချို့ကို လက်သည်းဖြင့် ဆွဲဖဲ့ ပစ်၏။  မိစ္ဆာ ခြောက်ကောင်က ချက်ချင်းပင် ထိုအပိုင်းအစများကို အငမ်းမရ ဝါးမျိုကြလေည်။ သူတို့သည် ဆာလောင်နေသော မျက်လုံးများဖြင့် ယွမ်လောင်အား ကြည့်နေကြသည်။

“အဲဒါက ဘယ်လို ကျင့်စဥ်မျိုးလဲ...”

ယွမ်လောင်၏ မျက်လုံးများကား ပေါက်ထွက် မတတ် ပြူးကျယ် နေခဲ့ပြီ ဖြစ်လေသည်။

တိုက်ပွဲသည် တစ်မိနစ်မျှသာ ကြာမြင့်သေးသော်လည်း ယွမ်လောင်သည် တစ်ခုခု လွဲချော်နေကြောင်း ခံစားနေရ၏။ ထိုတစ်ခဏလေး အတွင်းမှာပင် သူ၏ စွမ်းအားမှာ ဆယ်ရာခိုင်နှုန်း အထိ ကျဆင်းသွားကာ တစ်ချိန်တည်း၌ ချန်းဖန်၏ အရှိန်အဝါမှာမူ ပိုမို တိုးတက် လာနေခဲ့သည်။ အကယ်၍ ဤအတိုင်း ဆက်လက်တိုက်ခိုက်ပါက သူကား နောက်ထပ် တစ်မိနစ်ပင် ခံတော့မည် မဟုတ်ချေ။

“အဲဒါက ဘယ်လို ကျင့်စဥ်မျိုးလဲ... ငါ့ရဲ့ သွေးနဲ့ ခန္ဓာကိုယ်ကိုတောင် ဝါးမျိုနိုင်တယ်... ပုံရိပ် နတ်ဆိုး ဝါးမျိုကျင့်စဥ်တောင် အဲ့လောက် အစွမ်း မထက်ဘူး...”

ယွမ်လောင်ကား စတင် ကြောက်လန့် လာခဲ့ပြီ ဖြစ်သည်။

“ဒါကို မိစ္ဆာခြောက်ပါး ကျင့်စဥ်လို့ ခေါ်တယ်...”

ချန်းဖန်က အဖြေပေး လိုက်၏။

သို့သော်လည်း ကံဆိုးစွာပင် မည်သူမျှ ထိုနာမည်ကို မကြားဖူးကြချေ။ မိစ္ဆာခြောက်ပါး ကျင့်စဥ်ကား အစစ်အမှန် မိစ္ဆာ ကမ္ဘာ၏ ထိပ်တန်း ကျင့်စဥ် ဖြစ်သည်။ ထိုအရာက ကျင့်ကြံခြင်း စကြဝဠာ၏ သေးငယ်သော ဂိုဏ်းလေးများ အနေဖြင့် သိနိုင်သော အရာ မဟုတ်ချေ။

“သတ်...”

ချန်းဖန်က လက်သီးအား ထိုးလိုက်၏။ မိစ္ဆာခြောက်ကောင်သည် သူ၏ နောက်၌ စက်ဝိုင်း သဏ္ဌာန် လှည့်ပတ်ကာ ခန္ဓာကိုယ်အား အားဖြည့်သည်။ ထိုလက်သီးချက်ကား ကောင်းကင်အရှင်တစ်ပိုင်း ခုနစ်ယောက်၏ စုပေါင်း တိုက်ခိုက်မှုနှင့် ညီမျှ၏။

“ဘုန်း...”

ယွမ်လောင်မှာ နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရသည်။

ချန်းဖန်မှာ ရပ်တန့်ခြင်း မရှိချေ။ သူ၏ မိစ္ဆာ ကျင့်စဥ်မှာ ပို၍ သန်မာလာသလို မီးတောက် ခုနစ်ခုမှာလည်း နဂါးများအလား ယွမ်လောင်၏ ခန္ဓာကိုယ်ကို တိုက်စားရန် ကြိုးစားနေ၏။

“ဘုန်း... ဘုန်း... ဘုန်း...”

လေထဲ၌ ပေါက်ကွဲသံများမှာ ဒရမ်တီး သကဲ့သို့ အဆက်မပြတ် ထွက်ပေါ်နေသည်။ ၎င်းတို့၏ အရှိန်တွင် မြေပြင်နှင့် ရှေးဟောင်းမိစ္ဆာအင်း တစ်ခုလုံးမှာ တုန်ရီနေ၏။ များစွာသော ရွှေအမြုတေ အဆင့် ကျင့်ကြံသူများကား ဆက်လက် ရပ်တည်ရန် မစွမ်းနိုင်ကြတော့ကား နောက်သို့ ဆယ်မိုင်ခန့် ဆုတ်ခွာလိုက်ရတော့သည်။

“အရမ်း ကြောက်ဖို့ကောင်းတယ်... အဲဒါက အစစ်အမှန် ကောင်းကင်အရှင်တွေရဲ့ စွမ်းအားလား...”

သခင်မလေးကျိမှာ မျက်နှာ တစ်ခုလုံး ဖြူရော်နေ၏။

သူမသည် ရွှေအမြုတေ ထိပ်ဆုံး အဆင့် ဖြစ်သည့် အပြင် ကောင်းကင် ရတနာ တစ်ခုကိုလည်း ပိုင်ဆိုင် ထားသေးသည်။ သို့သော်လည်း ယခု တိုက်ခိုက်နေသည့် နှစ်ယောက်စလုံးမှာ သူမထက် အဆ ရာချီ ပိုမို အစွမ်းထက် ကြသည်။ အကယ်၍ သူမသာ ထိုတိုက်ပွဲအတွင်းကို ရောက်ရှိ သွားပါက စက္ကန့်ပိုင်း အတွင်းမှာပင် ပြာကျ သွားလိမ့်မည် ဖြစ်သည်။

“ဘုန်း... ဘုန်း...”

ချန်းဖန်ကား အရူးတစ်ယောက် အလားပင် ရှေ့သို့ အဆက်မပြတ်တိုးကာ တိုက်ခိုက်နေသည်။ “မိစ္ဆာ ခြောက်ပါး” ကျင့်စဥ်သည် ၎င်း၏ အမြင့်ဆုံး စွမ်းအားကို ထုတ်ဖော်ထား၏။ ရှေးဟောင်း မိစ္ဆာအင်းသည် ချန်းဖန်အား အဆုံးမဲ့ စွမ်းအား ရင်းမြစ်ကို ပေးကာ တစ်ချိန်တည်း၌ ယွမ်လုံမှာမူ ပို၍ အားနည်းလာ၏။

အဆုံး၌...

ချန်းဖန်က လက်ကို ဆန့်ထုတ်ကာ ယွမ်လောင်အား ဖမ်းလိုက်၏။

“မင်း ဘာလုပ်တာလဲ...”

ယွမ်လောင်က အော်ဟစ်ရင်း ရုန်းကန်ရန် ကြိုးစားသည်။ သို့သော်လည်း မည်ကဲ့သို့ အသုံးဝင်မမည်နည်း။

“လာစမ်း...”

ချန်းဖန်က အော်ဟစ်လိုက်၏။

ထိုအခါ အစစ်အမှန် သက်ရှိနှင့် မခြား သိပ်သည်းနေပြီ ဖြစ်သည့် မိစ္ဆာခြောက်ကောင်သည် သူ၏ နောက်၌ စုစည်းလာ၏။ သူတို့က ချန်းဖန်အား သူတို့၏ စွမ်းအား အလုံးစုံကို ပေးရာ ချန်းဖန်က မိစ္ဆာ ခန္ဓာကိုယ်အား အပိုင်းပိုင်း ဆွဲဖဲ့ ပစ်သည်။ မရေမတွက်နိုင်သော မိစ္ဆာ သွေးစက်များသည် မိုးတဖွဲဖွဲ ရွာသည့်အလား ကောင်းကင်မှ မြေပြင်သို့ စီးကျလေ၏။

“အဲဒါက...”

လူတိုင်းသည် လက်ဗလာဖြင့် ယွမ်လောင်အား အပိုင်းပိုင်း ဆွဲဖြတ်လိုက်သော ချန်းဖန်ကို ငေးကြောင်ကာ ကြည့်နေမိကြ၏။

တိုက်ပွဲစ၍ သုံးမိနစ် အတွင်းမှာပင် ရှေးဟောင်း မိစ္ဆာအင်း၏ စောင့်ရှောက်သူ မိစ္ဆာ စစ်ဦးစီး တစ်ဦးကား သေဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters