← Chapters

မိစ္ဆာခြောက်ပါး ကျင့်စဥ် အောင်မြင်ခြင်း

Vol. 10 Ch. 972

မိစ္ဆာခြောက်ပါး ကျင့်စဥ် အောင်မြင်ခြင်း

Vol. 10 Ch. 972

“ဘုန်း...”

လောကသည် သွေးမိုးများဖြင့် ပြည့်နှက်နေကာ မိုးကြိုးများက ထစ်ချုန်းနေ၏။ ရှေးဟောင်း မိစ္ဆာအင်း အတွင်းရှိ ဘီလျံချီသော မိစ္ဆာများ၏ နှလုံးသားများမှာ တဒုန်းဒုန်း ခုန်လာကြသည်။

အခြေတည် ဝိညာဥ်များကို လောက၏ ဥပဒေသများဖြင့် ဖွဲ့စည်းထား၏။ ထို့ကြောင့်ပင် အခြေတည် ဝိညာဥ် အဆင့်များသည် ဂြိုဟ်တစ်ခု၌ စွဲထင်စေသော ကိုယ်ပိုင် ဥပဒေသများကို ပိုင်ဆိုင်ကြသည်။ သို့ဖြစ်ရာ သူတို့ သေဆုံးသော အခါ၌ ကမ္ဘာများမှာ ရင်သွေးတစ်ဦး သေသည့်အလား ပူဆွေးကြသည်။

ဘိုးဘေး ဟုန်ယန် သေစဥ်က ထိုသို့သော ဖြစ်စဥ်မျိုး မဖြစ်ပေါ်ခဲ့ခြင်းမှာ သူ ကျင့်ကြံခဲ့သည့် နတ်ဘုရား ကျင့်စဥ်မှာ မပြည့်စုံသောကြောင့်သာ ဖြစ်သည်။

ယွမ်လောင်မှာ သန့်စင်သော မျိုးဆက်ကို ပိုင်ဆိုင်ထားသည့် မိစ္ဆာ စစ်ဦးစီး တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် သူ သေဆုံးသော အချိန်၌ ရှေးဟောင်း မိစ္ဆာအင်း တစ်ခုလုံးမှာ ၎င်း၏ ပူဆွေးမှုကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်း၌ ရှေးဟောင်းမိစ္ဆာအင်း အနက်ပိုင်းရှိ ရှေးဟောင်း မိစ္ဆာများ၏ မျက်လုံးများမှာ ပွင့်လာကြ၏။

“ဘာဖြစ်နေတာလဲ... ဒီစွမ်းအင်က... ယွမ်လောင် သေသွားတာလား...”

“မဖြစ်နိုင်ဘူး... ယွမ်လုံက နံပါတ် ၇၉ စစ်သူကြီးပဲ... သူက ထျန်းဟောင်ဂြိုဟ်ရဲ့ အခြေတည် ဝိညာဥ် အဆင့် တစ်ယောက်ကို အလွယ်လေး သတ်နိုင်ပါတယ်”

“ဘာပဲဖြစ်ဖြစ်... တစ်ယောက်က ရှေးဟောင်း မိစ္ဆာအင်းထဲကို ကျူးကျော်ပြီး ငါတို့လူ တစ်ယောက်ကို သတ်ပစ်လိုက်ပြီ... ငါတို့ ပြန်ပြီး လက်စားချေ ရမယ်”

များစွာသော နတ်ဘုရား စိတ်အာရုံများမှာ လေထဲ၌ တစ်ခုနှင့် တစ်ခု ပွတ်တိုက် သွားကြ၏။

“ဘုန်း... ဘုန်း...”

ရှေးဟောင်း မိစ္ဆာအင်း အတွင်း ရောက်ရှိနေသည့် လူသားများသည် ရုတ်တရက်ပင် ရှေးဟောင်း မိစ္ဆာများမှာ ရူးသွပ်သွားကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့သည် မျက်လုံးများ ရဲရဲနီကာ တွေ့မြင်ရသမျှ လူတိုင်းကို အရူးအမူး စတင် တိုက်ခိုက်တော့သည်။

“ဘာဖြစ်တာလဲ... ရှေးဟောင်း မိစ္ဆာတွေက စိတ်လွတ်သွားတာလား...”

များစွာသော လူသား ကျင့်ကြံသူများမှာ လျှင်မြန်စွာပင် ရှေးဟောင်း မိစ္ဆာအင်း အတွင်းမှ ထွက်ခွာရန် ကြိုးစားကြတော့သည်။ မိစ္ဆာနှိမ် ကောင်းကင်ဂိုဏ်း၏ ကောင်းကင်အရှင် သုံးဦးကလည်း ရောက်ရှိလာကာ သူတို့အား ကူညီပေး၏။

တစ်ချိန်တည်း၌ ချန်းဖန်ကမူ ထိုအကြောင်းအရာများကို မသိချေ။ သူက ယွမ်လောင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ သွေးများကို မိစ္ဆာခြောက်ကောင်ထံ ပစ်ပေးလိုက်၏။

“ဟီး.. ဟီး...”

မိစ္ဆာခြောက်ကောင်က ပျော်ရွှင်စွာဖြင့် မြူးထူးကြရင်း ယွမ်လောင်၏ သွေးများ၊ အသားစများနှင့် မိစ္ဆာ အမြုတေ အားလုံးကို ဝါးမျိုကြလေသည်။ သူတို့သည် မိစ္ဆာ စွမ်းအားများကို ပို၍ ဝါးမျိုလေလေ ပို၍ အစွမ်းထက်လေလေ ဖြစ်လာခဲ့သည်။ တစ်ချိန်တည်း၌ မိစ္ဆာ အမြုတေမှာလည်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိရန် ပို၍ နီးကပ်လာနေခဲ့ပြီ ဖြစ်လေသည်။

“ကြောက်ဖို့ကောင်းလိုက်တဲ့ မိစ္ဆာ ကျင့်စဥ်... မိစ္ဆာ စစ်ဦးစီး တစ်ယောက်ကိုတောင် ဒီလို ဝါးမျိုပစ်နိုင်တယ်...”

အရှင်ကုက လက်တစ်ဖက်ကို ဝှေ့ယမ်း၍ သူ့ မြေးမ၏ အမြင် အာရုံကို တားဆီးလိုက်သည်။ ထိုကဲ့သို့ အလွန် ရက်စက်သော သွေးထွက်သံယို မြင်ကွင်းမျိုးကား ကလေးများ ကြည့်ရှု့ရန် မသင့်တော်ချေ။

“ကြည့်ရတာ ငါတို့ သူ့ကို လျှော့တွက်မိပြီ ထင်တယ်... သူက ငါတို့နဲ့ အတူ နတ်ဘုရား ကုန်းမြေကို လိုက်ဖို့ အဆင့် မှီတယ် ဆိုရမယ်”

လော့ချန်ရှန်းက ရေရွတ်လိုက်သည်။

“ဟွန့်...”

အရှင်ကုမှာမူ အနည်းငယ် မကျေမနပ် ဖြစ်နေပုံ ရ၏။

“ကောင်းပြီလေ... ဒါက ထျန်းဟောင်ဂြိုဟ် ဖြစ်နေတာ မင်းတို့ ကံကောင်းသွားတယ်... ရှေးဟောင်း သူတော်စင်တွေ ထားခဲ့တဲ့ အစီအရင်တွေက ဒီနေရာမှာ ငါ့ ခွန်အားကို ၃၀ ရာခိုင်နှုန်းပဲ သုံးနိုင်အောင် ကန့်သတ်ထားလို့ပေါ့... မဟုတ်ရင် မင်းရော အဲ့ကောင်စုတ်လေးရော အခွင့်အရေးတောင် ရှိမှာ မဟုတ်ဘူး...”

“ဟုတ်တာပေါ့...”

လော့ချန်ရှန်းက ပြုံးလိုက်သည်။

ထိုအဘိုးကြီးကား ထျန်းဟောင်ဂြိုဟ်နှင့် အိမ်နီးနားချင်း ဂြိုဟ်တစ်ခုပေါ်ရှိ နတ်ဘုရားဂိုဏ်း တစ်ခု၏ ထင်ရှားသော အခြေတည် ဝိညာဥ် အဆင့် တစ်ယောက် ဖြစ်သည်။ သူသည် အနှစ် နှစ်သောင်းကျော် အသက်ရှင်ခဲ့ပြီး ဖြစ်ကာ ဝိညာဥ် ဖြစ်တည်ခြင်း အဆင့်ကိုပင် တက်လှမ်းရန် အခွင့်အရေး ရှိသူ တစ်ဦး ဖြစ်သည်။

“ဝှစ်...”

တစ်ချိန်တည်း၌ ချန်းဖန်က လက်အား ဆန့်ထုတ်ကာ တစ်လက်မခန့် အရွယ်အစဟား ရှိသော မိစ္ဆာ ပုံရိပ် တစ်ခုကို ဖမ်းဆုပ်လိုက်၏။ ထိုပုံရိပ်ကား မိစ္ဆာ စစ်ဦးစီး ယွမ်လောင်၏ မိစ္ဆာ သန္ဓေပင် ဖြစ်လေသည်။ လူသား ကောင်းကင်အရှင်များ နတ်ဘုရား ခန္ဓာနှင့် အခြေတည် ဝိညာဥ် နှစ်မျိုးကို ပိုင်ဆိုင် သကဲ့သို့ မိစ္ဆာနတ်ဆိုးများသည်လည်း မိစ္ဆာ ခန္ဓာနှင့် မိစ္ဆာ အမြုတေကို ပိုင်ဆိုင်ကြသည်။

“ကျေးဇူးပြုပြီး ချမ်းသာပေးပါ...”

ယွမ်လောင်က တုန်ရီစွာဖြင့် တောင်းပန်လိုက်သည်။

သူသည် ရှေးဟောင်း မိစ္ဆာအင်း၏ မိစ္ဆာ စစ်ဦးစီး တစ်ယောက် ဖြစ်သည့်တိုင် သေရမည်ကို ကြောက်တတ်သူ တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့်ပင် ခန္ဓာကိုယ်ကိုပင် စတေးကာ ချန်းဖန်အား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ တောင်းပန်ခြင်းမှ လွဲ၍ သူ့၌ အခြား ရွေးချယ်စရာ တစ်ခု မရှိတော့ချေ။

“ကျင့်ကြံသူချန်း... သိပ်မလွန်နဲ့... ရှေးဟောင်း မိစ္ဆာတွေက အရမ်း အစွမ်းထက်ကြတယ်... နောက်ပြီး ရှေးဟောင်း မိစ္ဆာနတ်ဆိုး ဘုရင်ကလည်း ကြယ်ပင်လယ်မှာတောင် ကျော်ကြားတဲ့ မဟာ ကျင့်ကြံသူ တစ်ဦးပဲ... မင်း ယွမ်လောင်ကို သတ်လိုက်မယ် ဆိုရင် ရှေးဟောင်း မိစ္ဆာ မျိုးနွယ် တစ်ခုလုံးရဲ့ ရန်သူ ဖြစ်သွားလိမ့်မယ်”

လော့ချန်ရှန်းက ပြောလိုက်သည်။

“ဟုတ်တယ်... ရန်သူများတာ မကောင်းဘူးနော်”

အရှင်ကုကလည်း ဆို၏။

သူတို့သည် ထိုစကားကို ချန်းဖန်အတွက် စိုးရိမ်သောကြောင့် ဆိုခြင်း မဟုတ်ချေ။ မိစ္ဆာ စစ်ဦးစီးကား ကာကွယ် မပေးပါက ရှေးဟောင်း မိစ္ဆာနတ်ဆိုး ဘုရင်၏ ဒေါသ သူတို့ အပေါ်ပါ ကျလာမည်ကို ကြောက်ရွံ့သောကြောင့်သာ ဝင်ရောက် တားဆီးခြင်း ဖြစ်သည်။

“ဟဟ...”

ချန်းဖန်က အေးစက်စက် ရယ်မောကာ ထိုနှစ်ယောက်အား လျစ်လျူလိုက်၏။

သူသည် ရှေးဟောင်း နတ်ဆိုး မင်းသားကို သတ်ဖြတ်စဥ်ကတည်းကပင် ရှေးဟောင်း မိစ္ဆာ မျိုးနွယ်၏ ရန်သူ ဖြစ်ခဲ့ပြီး ဖြစ်သည်။ ယွမ်လောင်အား သတ်ဖြတ်ခြင်းက တိုး၍ ထူးခြား လာတော့မည် မဟုတ်ချေ။ ထို့အပြင် သူ၏ မိစ္ဆာခြောက်ပါး ကျင့်စဥ်မှာလည်း ရွှေအမြုတေ အဆင့်သို့ ရောက်လုရောက်ခင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူ့အနေဖြင့် ထိုအခွင့်အရေးကို လက်မလွှတ်နိုင်ချေ။

“ဝါးမျိုကြစမ်း...”

ချန်းဖန်က အမိန့်ပေးလိုက်၏။

“ဘုန်း...”

အားလုံး၏ အကြည့်များ‌ အောက်တွင်ပင် မိစ္ဆာ ခြောက်ကောင်က ယွမ်လောင်၏ အခြေတည် ဝိညာဥ်ကို ဝိုင်းဝန်း ဝါးမျိုကြလေ၏။

“မလုပ်နဲ့... ငါတောင်းပန်ပါတယ်”

“ခွေးကောင်... တစ်‌နေ့ မင်းသေရမယ်... မင်းကြီးက ငါ့အတွက် မင်းကို  ကျိန်းသေ လက်စားချေလိမ့်မယ်...”

“အဲဒါ... မိစ္ဆာ ဘိုးဘေး ကျင့်စဥ်...”

ယွမ်လောင်၏ အော်ဟစ်သံများမှာ တဖြည်းဖြည်း တိုးကာ ပျောက်ကွယ်သွား၏။ သူကား မိစ္ဆာ ခြောက်ကောင်၏ ဝါးမျိုခြင်းကို လုံးဝ ခံလိုက်ရပြီ ဖြစ်သည်။

“ဘုန်း...”

ဝါးမျိုခြင်း ဖြစ်စဥ် အဆုံးသတ်သည်နှင့် မိစ္ဆာ ခြောက်ကောင်၏ အရှိန်အဝါမှာ တဟုန်ထိုး တိုးတက်လာ၏။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာလည်း ပို၍ ကြီးမားလာသည်။

ပေတစ်ထောင်...

ပေနှစ်ထောင်...

ပေသုံးထောင်...

ကမ္ဘာပျက် မတတ် ရှေးဟောင်း စွမ်းအင်များမှာ ရှေးဟောင်း မိစ္ဆာအင်း အတွင်း ပြည့်နှက်နေ၏။ မရေမတွက်နိုင်သော ရှေးဟောင်း မိစ္ဆာများမှာ ကောင်းကင်သို့ မော့ကြည့်ကာ တုန်လှုပ်မှုကို ခံစားလာကြရသည်။

“အဲဒီ မိစ္ဆာ ကျင့်စဥ်က ကျုပ်တို့ တွေ့ဖူးတဲ့ မိစ္ဆာ ကျင့်စဥ်တွေနဲ့ မတူဘူး... ခုနက ယွမ်လောင် မသေခင် ပြောသွားတာ မိစ္ဆာဘိုးဘေး ကျင့်စဥ် ဆိုလား... ခင်ဗျား ကြားဖူလား”

လော့ချန်ရှန်းက အရှင်ကုအား ကြည့်ကာ မေးလိုက်သည်။

အရှင်ကုက မျက်မှောင်ကြုတ် လိုက်၏။

“မိစ္ဆာ ဘိုးဘေး ကျင့်စဥ်... မိစ္ဆာ ဘိုးဘေး ဆိုတဲ့ နာမည်ကိုတော့ ငါ ကြားဖူးတယ်... အဲဒါက မိစ္ဆာ မျိုးနွယ် အတွက်တော့ တော်တော်လေး အဓိပ္ပာယ် ရှိတဲ့ နာမည် တစ်ခုပဲကွ... လောကကြီး စတင်တဲ့ အချိန်မှာ မွေးဖွားလာတဲ့ မိစ္ဆာကြီးတွေကို မိစ္ဆာ ဘိုးဘေးတွေလို့ ‌ရေးထားတဲ့ ရှေးဟောင်း မှတ်တမ်း အချို့ ငါ ဖတ်ဖူးတယ်... အဲဒီ မိစ္ဆာကြီးတွေက ထိပ်တန်း ကောင်းကင် သားရဲတွေ ဖြစ်တဲ့  နဂါး ကောင်းကင် ဖီးနစ် ရွှမ်ဝူ တို့နဲ့ တန်းတူ အစွမ်းထက်ကြတယ် တဲ့”

“ယွမ်လောင်က မိစ္ဆာ ဘိုးဘေး ကျင့်စဥ်လို့ ပြောခဲ့တာ ဆိုတောာ့ တစ်ခုခုတော့ တစ်ခုခုပဲ... အဲဒီ ကျင့်စဥ်က ထျန်းဟောင်ဂြိုဟ်သား တစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားတာလား”

အရှင်ကုက ခေါင်းအား ခါယမ်းလိုက်၏။ သူ၏ မျက်လုံးများကမူ လောဘ အငွေ့အသက်များဖြင့် ပြည့်နှက် နေတော့သည်။

“ဘုန်း...”

ကျင့်စဥ်အား အောင်မြင်သွားသည်နှင့် ကောင်းကင်တွင် ကြီးမားသော အနက်ရောင် လေပွေကြီး တစ်ခု ဖြစ်ပေါ်လာ၏။ အနက်ရောင် မိုးကြိုးများက ထိုလေပွေထဲ၌ ကခုန်ကာ မြေပြင်သို့ ဆင်းသက်ရန် မြူးထူး ကြကုန်သည်။

“ဘုရားရေ...”

စီမာတိုင်နှင့် အခြားလူများမှာ ကောင်းကင်ကို ကြည့်ကာ ထိတ်လန့် သွားကြ၏။

“အဲဒါက အခြေတည် ဝိညာဥ် အဆင့် မိုးကြိုး ကပ်ဘေးလား...”

တစ်ယောက်က ကောင်းကင်သို့ မော့ကြည့်ကာ ရေရွတ်လိုက်သည်။

အခြေတည် ဝိညာဥ် အဆင့် ကပ်ဘေးနှင့် ရွှေအမြုတေ အဆင့် ကပ်ဘေးတို့မှာ လုံးဝ ခြားနားသည်။ ရွှေအမြုတေ အဆင့် ကပ်ဘေးသည် မိုးကြိုးများကို အသုံးပြုကာ ခန္ဓာကိုယ်နှင့် ရွှေအမြုတေကို ပိုမို အစွမ်းထက် လာရန် မွမ်းမံပေးသည့် ကပ်ဘေး ဖြစ်သည်။ သို့သော်လည်း အခြေတည် ဝိညာဥ် အဆင့် ကပ်ဘေးမှာမူ လောက၏ ဥပဒေဿများကို အတည်ပြုပေးသည့် ကပ်ဘေးမျိုး ဖြစ်သည်။ သူတို့သည် အခြေတည် ဝိညာဥ် အဆင့် မိုးကြိုး ကပ်ဘေးကို မမြင်ဖူးသော်လည်း သူတို့၏ အထက်၌ ဖြစ်ပေါ်နေသည့် ကပ်ဘေးမှာ ‌ရွှေအမြုတေ အဆင့် ကပ်ဘေးနှင့် လားလားမျှ မတူညီချေ။

“ဘုန်း...”

အဆုံး၌ မိစ္ဆာခြောက်ကောင်မှာ ပေ‌ပေါင်း တစ်သောင်းသုံးထောင် အထိ ကြီးမားလာ၏။ ၎င်းတို့အားလုံးကား နတ်ဘုရားများ အလားပင် ကောင်းကင်ရှိ အနက်ရောင် မဟူရာ မိုးကြိုးများကို ခုခံရန် အဆင်သင့် ဖြစ်နေကြပြီ ဖြစ်သည်။

ဘုန်း... ဘုန်း... ဘုန်း...”

မိုးကြိုးခြောက်ခုသည် တစ်ခုပြီး တစ်ခု ကျဆင်းလာသည်။ ၎င်းတို့သည် ရိုးရှင်းဟန် ရသော်လည်း ထိမှန်ခံရသော မိစ္ဆာများမှာမူ ပေ‌ပေါင်း တစ်သောင်းသုံးထောင်မှ ပေ တစ်သောင်း၊ ပေ ကိုးထောင်၊ ပေရှစ်ထောင် စသည်ဖြင့် ပြန်လည် ‌သေးငယ် သွား၏။

“ဘုန်း...”

နောက်ဆုံး မိုးကြိုးချက် အပြီး၌ ၎င်းတို့ကား တစ်လက်မ ခန့်သာ ရှိကြတော့သည်။ သို့သော်လည်း သူတို့သည် ပျော်ရွှင်စွာ ဟိန်းဟောက်နေကာ သူတို့၏ မျက်လုံးများကလည်း ကြည်လင်နေကြသည်။ ထိုမိစ္ဆာများကား ယခုမှ စ၍ ကိုယ်ပိုင် ဝိညာဥ်နှင့် ကိုယ်ပိုင် အသိစိတ်ကို ပိုင်ဆိုင်သွားကြပြီ ဖြစ်သည်။

“မိစ္ဆာ ခြောက်ပါး ကျင့်စဥ် အောင်မြင်သွားပြီ...”

ချန်းဖန်က သက်ပြင်းတစ်ချက် ချကာ ကောင်းကင်သို့ မော့ကြည့် လိုက်သည်။ အနက်ရောင် မိုးကြိုး လေပွေကား တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။

ထိုအရာကား ချန်းဖန် အောင်မြင်ခဲ့သည့် အသွင်ပြောင်းခြင်း ငါးခုအနက် အခက်ခဲဆုံး ဖြစ်သည်။ အကယ်၍ ရှေးဟောင်း မိစ္ဆာအင်းသို့သာ မဝင်ခဲ့ပါက သူ့အနေဖြင့် ထိုကျင့်စဥ် အောင်မြင်ရန် နှစ်ဆယ်ချီအောင် ကျင့်ကြံရ ပေလိမ့်မည် ဖြစ်သည်။

“ဟူး... ဟူး...”

နတ်ဘုရား စက်ဝန်းသည် အဆက်မပြတ် လည်ပတ်ကာ တောက်ပသော အရောင်များကို ထုတ်လွှတ်နေ၏။ မိစ္ဆာ ခြောက်ပါးသည် နတ်ဘုရား စက်ဝန်း၏ ပဥ္စမမြောက် အကန့်၌ နေရာယူနေကြသည်။ အခြား သက်ရှိ လေးခု ဖြစ်သည့် ခွန်ပန်၊ ရွှမ်ဝူ၊ လိန်ဟူနှင့် ကမ္ဘာသစ်ပင်တို့သည် သူတို့၏ နေရာများ၌ ပျံသန်းရင်း အသစ် ရောက်ရှိလာသည့် မိစ္ဆာများကို စူးစမ်း နေကြသည်။

နတ်ဘုရား စက်ဝန်း၏ ပဥ္စမမြောက် အသွင်ပြောင်းခြင်းကား အောင်မြင် သွားခဲ့ပြီ ဖြစ်သည်။

ကျင့်စဥ် ပြီးမြောက်သည်နှင့် ချန်းဖန်က အရှင်ကု၏ ဘက်သို့ လှည့်လိုက်၏။ သူ၏ မျက်ဝန်းများမှာမူ ဒေါသ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

“ငါ့ညီမကို အစေခံ အဖြစ် လိုချင်တယ်လို့ မင်း ပြောလိုက်တာလား...”

***

All Chapters